စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကိုယ် သိရှိခြင်း

626 18/06/2020

အဓိကဇာတ်ကောင်သည် ယုံကြည်သူတစ်ဦး ဖြစ်မလာခင်က၊ သူမကိုယ်သူမ ကောင်းသော လူ့သဘာဝရှိသူ၊ တခြားသူများအပေါ် စိတ်ရှည်သည်းခံသူ၊ တစ်ဦးတစ်ယောက် အခက်အခဲ ကြုံနေသည်ကို မြင်သည်နှင့် တတ်နိုင်သမျှ ကူညီတတ်သူအဖြစ် အမြဲတမ်း ယုံကြည်ခဲ့သည်။ သူမကိုယ်သူမ လူကောင်းတစ်ယောက် ဖြစ်သည်ဟု ထင်ခဲ့သူဖြစ်သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးသည့်နောက်တွင်မူ၊ သူမသည် အပြင်ပန်း၌ ကောင်းမွန်စွာ ပြုမူနေထိုင်၍၊ သိသာထင်ရှားသော အပြစ်ပြုခြင်းကို ရှောင်ကြဉ်သည်ဟု ထင်ရသော်လည်း၊ အတွင်း၌မူ မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ အငြိုးထားခြင်းဆိုသော ဆိုးယုတ်သည့် စိတ်သဘောထားများ ရှိနေသည်ကို၊ ဘုရားနှုတ်ကပတ်တော်တို့၏ တရားစီရင်မှုနှင့် ထုတ်ဖော်ပြမှုတို့မှတစ်ဆင့် သူမ မြင်လေသည်။ တစ်ဦးတစ်ယောက်၏ စကားများ၊ လုပ်ရပ်များက သူမ၏ကိုယ်ကျိုးတို့ကို ထိခိုက်သည်နှင့်တစ်ပြိုင်နက်၊ သူမက ၎င်းတို့ကို မုန်းတီးကာ ဝေဖန်မိခြင်း ဖြစ်သည်။ နောက်ကွယ်တွင် ၎င်းတို့ ထိခိုက်အောင် ပြောဆိုမိခြင်း ဖြစ်ပြီး၊ သူမကြောင့် အသင်းတော်၏အလုပ်ကိုလည်း အနှောင့်အယှက်များ ဖြစ်ရလေသည်။ သူမ၏ အကျင့်ပျက်သော စိတ်သဘောထားနှင့် ဘုရားသခင်ကို ခုခံတတ်သော ဆိုးယုတ်သည့် သဘာဝအပေါ် သိနားလည်ခြင်း ရရှိသည့်အခါတွင်မူ၊ သူမသည် ဘုရားသခင်ထံ၌ စတင်၍ နောင်တရမိတော့သည်...။

အမှာစကား ချန်ခဲ့မည်