စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - ချည်နှောင်ထားသည့် သံယောဇဉ်များကို ဖြေလွှတ်ခြင်း

787 27/05/2020

Myanmar Christian Testimony Video (ချည်နှောင်ထားသည့် သံယောဇဉ်များကို ဖြေလွှတ်ခြင်း)

အစ်မလီသည် သူမ၏ တာဝန်တွင် အမြဲတစေ ပေါ့ဆနေသည်ကို အခြားညီအစ်ကိုမောင်နှမများ အစီရင်ခံသည့် အသင်းတော် စစ်တမ်းကောက်ချက်မှနေ၍ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် အဓိကဇာတ်ကောင်က သိရှိခဲ့သည်။ သူမက သမ္မာတရားကို လက်မခံဘဲ၊ လူများကို မောက်မာစွာ သြဝါဒခွေျပြီး၊ ၎င်းတို့ကို အနေအထိုင်ကျပ်စေသည်ဟု သူတို့က အစီရင်ခံခဲ့သည်။ အသင်းတော်ခေါင်းဆောင်က သမ္မာတရား၏ အခြေခံစည်းမျဉ်းအရ အစ်မလီကို အလုပ်ထုတ်သင့်သည်ကို ကောင်းကောင်းသိသော်လည်း၊ သူမသည် ဖောက်ပြန်ပျက်စီးပြီး “အရေးကြီးတော့ သွေးနီးသည်”၊ “လူသားသည် သက်မဲ့မဟုတ်ပါ။ သူသည် စိတ်ခံစားမှုများနှင့် မည်သို့ကင်းနိုင်မည်နည်း။” ဆိုသည့် ဆိုးယုတ်သည့် ဒဿနများ၏ သြဇာလွှမ်းမိုးမှုကို ခံခဲ့ရသည်။ ၎င်းတို့သည် ဇာတိမွေးရပ်တူညီပြီး၊ အမြဲတမ်း ရင်းနှီးခဲ့သည်ကို ထောက်လျက်၊ အစ်မလီအတွက် အကြိမ်ကြိမ် အဖန်ဖန် ဖုံးဖိ၊ ကာကွယ်ပေးရင်း သူမ၏ စိတ်ခံစားချက်အတိုင်း ပြုမူခဲ့သည်။ နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း နှင့် ထုတ်ဖော်ခြင်းတို့ကြောင့် သူမ၏ အပြုအမူများတွင် စိတ်ခံစားချက်များပေါ် မှီခိုခြင်း၏ သဘာဝနှင့် အကျိုးဆက်များအား သူမ မြင်နိုင်စွမ်း ရှိခဲ့လေသည်။ သူမသည် ဤဆိုးယုတ်သော ဒဿနများနှင့် ပတ်သက်ပြီး ချင့်ချိန်နိုင်စွမ်းတချို့ ရှိလာကာ၊ ပြဿနာများ ကြုံတွေ့သည့်အချိန်တွင် သူမ၏ ခံစားချက်များအပေါ် နောက်ထပ် မမှီခိုတော့ဘဲ၊ ထိုအစား သမ္မာတရား၏ အခြေခံစည်းမျဉ်းများအတိုင်း သတိရှိစွာ လက်တွေ့လုပ်ဆောင်ခဲ့လေသည်။

အမှာစကား ချန်ခဲ့မည်