စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - ကျမ်းစာကို ယုံကြည်ခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တူသလား

564 18/08/2021

အဓိကဇာတ်ကောင်သည် ဘာသာရေးကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦးဖြစ်ပြီး၊ သခင် ပြန်လာခြင်းကို တောင့်တသူ ဖြစ်သည်။ နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က သခင်ယေရှု ပြန်ကြွလာပြီဟု သက်သေခံနေသည်ကို သူမက ဖေ့စ်ဘွတ်(ခ်)တွင် တွေ့လာမိသည်။ သူမက ထိုအကြောင်းကို စူးစမ်းချင်သည်။ သို့သော် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ဟောပြောသော လမ်းစဉ်သည် သမ္မာကျမ်းကို ကျော်လွန်နေကြောင်း၊ ကျမ်းစာကို ပစ်ပယ်ခြင်းဟူသမျှသည် အယူမှားဖြစ်ကြောင်း သူမ၏သင်းအုပ်က ပြောဆိုသောကြောင့်၊ သူမလည်း ချီတုံချတုံဖြစ်ကာ မစူးစမ်းရဲတော့ပေ။ သခင် ကြွလာခြင်းသည် အသေးအဖွဲကိစ္စမဟုတ်၊ သူမအနေဖြင့် အများနောက် လိုက်၍မဖြစ်ဆိုသည်ကို ဆုတောင်းခြင်း ပြုမိသည့်အခါတွင်မှ သူမ သဘောပေါက်မိသည်။ ထို့နောက် ကိုယ်တိုင်သေချာ မြင်ရရန်အတွက်၊ သူမက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ဝဘ်ဆိုက်ကို ဝင်ကြည့်ရာ၊ ဘုရားသခင်ကို သက်သေခံထားသော ဗီဒီယိုမျိုးစုံကို တွေ့ရလေသည်။ သမ္မာတရားနှင့်ပတ်သက်၍ အသင်းတော်၏ မိတ်သဟာယမှာ လက်တွေ့ကျပြီး အသိဉာဏ်ပွင့်စေသလို၊ သူမတွင် နှစ်ပေါင်းများစွာ ရှိနေသည့် ရှုပ်ထွေးမှုများနှင့် အခက်အခဲများကိုလည်း ပြေလည်သွားစေသည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်း၏သခင် ဖြစ်ပြီး၊ သူ၏အမှုတော်အတွက် သမ္မာကျမ်းကို ကျော်လွန်ခွင့်ရှိသည်ကိုလည်း ထိုဗီဒီယိုများမှတစ်ဆင့် သူမ သိလိုက်ရသည်။ သမ္မာကျမ်းကို ယုံကြည်ခြင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်ကြောင်းလည်း နားလည်သွားသည်။ သူမသည် စူးစမ်းရင်းဖြင့်၊ အနန္တတန်ခိုးရှင်ဘုရားသခင်မှာ ပြန်ကြွလာသော သခင်ယေရှု ဖြစ်ကြောင်း သေချာလာမိသည်။ ထို့ကြောင့် သူမသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံမိကာ၊ သိုးသငယ်၏ ခြေလှမ်းများနောက် လိုက်ပါလေတော့သည်။

အမှာစကား ချန်ခဲ့မည်