စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - ရှုံးနိမ့်မှုနှင့် တွေ့ကြုံရာတွင် ရုန်းထခြင်း

1,001 30/04/2020

ရှုံးနိမ့်မှုနှင့် တွေ့ကြုံရာတွင် ရုန်းထခြင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရသည့် ခရစ်ယာန်တစ်ဦး၏ သက်သေခံချက် ဖြစ်သည်။ ဇာတ်ကောင်ဖြစ်သူမှာ တစ်ချိန်က ရှေ့နေတစ်ဦးဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးနောက်တွင်၊ သူမသည် မိမိကိုယ်ကိုယ် စိတ်အားထက်သန်စွာ စတင် အသုံးတော်ခံခဲ့ပြီး၊ အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ သူမသည် အရည်အချင်းများကြောင့် သူမ၏ အလုပ်တွင် အောင်မြင်မှုတချို့ ရယူနိုင်သော်လည်း၊ ပို၍ မာနထောင်လွှားလာကာ၊ မိမိကိုယ်ကိုယ် အရေးပါသည်ဟု ထင်လာပြီး၊ အခြားသူများကို အထင်သေးလာလေသည်။ အသင်းတော် အလုပ်တွင် မိမိသဘောအတိုင်း မရမက လုပ်ဆောင်ကာ၊ သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အမှုအရာများကို အလွန် ဆွေးနွေးခဲသည်ဖြစ်၍၊ နောက်ဆုံးတွင် အသင်းတော်၏အလုပ်ကို ဆုံးရှုံးမှု ဖြစ်စေတော့သည်။ သို့ရာတွင် ပြင်းထန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကြား၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့ကြားတွင်၊ သူမ၏ ကျရှုံးခြင်းနှင့် ပြိုလဲခြင်းတို့၏ အရင်းအမြစ်ကို နားလည်မိပြီး၊ ဘုရားသခင်၏ ရှေ့မှောက်တွင် စစ်မှန်သော နောင်တကို ရှာတွေ့ပါသည်။ အသင်းတော် အစည်းအ‌ဝေးတစ်ခုတွင်၊ သူမသည် ဤမေ့မရသည့် အတွေ့အကြုံအကြောင်းကို မိတ်သဟာယပြုလေသည် ...

အမှာစကား ချန်ခဲ့မည်