စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - အရာရှိတစ်ဦး၏ နောင်တ

1,755 27/05/2020

အရာရှိတစ်ဦး၏ နောင်တ တွင် အဓိကဇာတ်ကောင်သည် တစ်ချိန်က ရိုးရှင်းသည့် လယ်သမားတစ်ဦး၏ သားတစ်ယောက် ဖြစ်ခဲ့သည်။ စစ်တပ်ထဲ ဝင်ပြီးနောက် သူ၏ တပ်ရင်း၌ ဂုဏ်အဆင့်အတန်း၊ ချီးမြှောက်မှုနှင့် ရာထူးတိုးခြင်းတို့ ရရှိရန် ကြိုးစားရင်း၊ သူသည် လူ့လောက၏ မသိမသာ လက်ခံထားသော စည်းမျဉ်းတို့ကို အလျင်အမြန်ပင် အသားကျလာသည်။ အထက်လူကြီးများအား မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ခြင်း၊ ကျွေးမွေးခြင်းနှင့် လာဘ်ထိုးခြင်းတို့ကို သူက လုပ်ဆောင်လာသည်။ သူသည် တပ်ရင်းမှူးအဖြစ် ရာထူးတိုးခြင်း ခံရပြီး၊ ဖောက်ပြန်ပျက်စီးခြင်းလမ်းကြောင်းပေါ် စတင် လျှောက်လှမ်းသည်။ ဘုရားသခင်အား ယုံကြည်မိပြီးနောက်တွင် သူသည် ဘဝသစ်တစ်ခုကို စတင်၍၊ စစ်တပ်မှ ထွက်လိုက်သော်လည်း၊ စာတန်၏ အတွေးအခေါ်များ၊ စည်းမျဉ်းများ၏ ချည်နှောင်ထားခြင်း ခံရဆဲဖြစ်သည်ကိုသာ တွေ့လိုက်ရသည်။ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ရန်အတွက် သူသည် မသမာသောနည်းလမ်းများကို နောက်တစ်ဖန် အသုံးပြုပြန်သည်။ သို့သော် ညီအစ်ကိုမောင်နှမများ၏ ဖော်ထုတ်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရခြင်းဖြင့် အဆုံးသတ်ရသည်။ ရာထူးအဆင့်အတန်းကို မရခြင်းကြောင့် သူသည် စိတ်ဆင်းရဲ၊ စိတ်သောက ရောက်ရပြန်သည်။ ဘုရားသခင်နှုတ်ကပတ်တော်တို့၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့မှတစ်ဆင့်၊ သူသည် ဂုဏ်အဆင့်အတန်းအား ရှာဖွေခြင်း၏ အနှစ်သာရနှင့် အကျိုးဆက်တို့ကို တဖြည်းဖြည်းချင်း နားလည်လာသည်။ ထို့နောက် သူသည် သမ္မာတရားကို စတင် အားထုတ်လာပြီး၊ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းတော့သည်။

အမှာစကား ချန်ခဲ့မည်