စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - ကျေးကျွန်ဘဝ၏ အချုပ်အနှောင်များမှ ထွက်ပြေးလွတ်မြောက်ခြင်း

624 19/06/2020

အဓိကဇာတ်ကောင်၏ ဖခင်သည် နှစ်များစွာကြာ ယုံကြည်သူတစ်ဦး ဖြစ်ခဲ့ပြီးဖြစ်သည်။ သူသည် ဧဝံဂေလိ ဝေမျှဖို့ သူ၏တာဝန်ကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပြီး ဆင်းရဲဒုက္ခခံကာ အဖိုးအခပေးဆပ်နိုင်ခဲ့သည်။ သို့သော်၊ သမ္မာတရားကို သူ မလိုက်စားခဲ့ဘဲ၊ ယင်းအစား ကျော်ကြားမှု၊ အကျိုးအမြတ် နဲ့ အဆင့်အတန်းတို့ကို လိုက်စားခဲ့သည်။ ညီအစ်ကို မောင်နှမများကြားတွင် သဘောထားကွဲလွဲမှုကို မျိုးစေ့ချခဲ့ပြီး၊ အခြားသူများကို ဖယ်ကြဉ်ကာ တိုက်ခိုက်သည်အထိ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အသင်းတော် အသက်တာနှင့် ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို ပြင်းထန်စွာ နှောင့်ယှက်နေခဲ့လေသည်။ သူ့ကို အကြိမ်များစွာ မိတ်သဟာယနှင့် အကူအညီ ပေးခဲ့ကြသော်လည်း သူ လုံးဝ နောင်တမရခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ အဓိကဇာတ်ကောင်သည် သူမ၏ ဖခင်မှာ သမ္မာတရားကို ငြီးငွေ့ပြီး မုန်းတီးသည့် ဆိုးယုတ်သော လူတစ်ဦးဖြစ်ကာ အသင်းတော်မှ ထုတ်ဖယ်ခံရသင့်သည်ကို သိမြင်လာခဲ့သည်။ သို့သော် သူမစိတ်ခံစားချက်များ၏ ထိန်းချုပ်ခြင်းခံခဲ့ရပြီး မိမိဖခင်ကို မဖော်ဝံ့ သို့မဟုတ် သတင်းမပို့ဝံ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတဆင့် သမ္မာတရားကို သူရှာဖွေခဲ့ပြီး စိတ်ခံစားချက်များအတိုင်း ပြုမူခြင်း၏ သဘာဝ၊ အန္တရာယ်နှင့် အကျိုးဆက်များကို မြင်တွေ့ခဲ့သည်။ သူမသည် သူမ၏ ပုဂ္ဂိုလ်ရေး ခံစားချက်များ၏ အချုပ်အနှောင်များမှ လွတ်မြောက်သွားပြီး ဘုရားသခင်ချစ်သည့်အရာကို ချစ်ခြင်းနှင့် ဘုရားသခင် မုန်းသည့်အရာကို မုန်းခြင်းအား လက်တွေ့လုပ်ဆောင်နိုင်လာကာ သူမ ဖခင်၏ ဆိုးယုတ်သော အပြုအမူကို သူမ ဖော်ထုတ်လေသည်။ သူမ ဖခင် ထုတ်ပယ်ခံရပြီးနောက်၊ အသင်းတော် အသက်တာသည် သာ၍ ကောင်းဖို့အတွက် အပြောင်းအလဲတစ်ခု ဖြစ်ကာ ဆိုးယုတ်သော လူတစ်ဦး၏ နှောင့်ယှက်မှုမှ လွတ်မြောက်သွားခဲ့လေသည်။

အမှာစကား ချန်ခဲ့မည်