စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - ဘုရားသခင်၏ ကွယ်ကာခြင်း

15,425 03/06/2020

ဘုရားသခင်၏ ကွယ်ကာခြင်း တွင် အဓိကဇာတ်ကောင်သည် အရည်အချင်းအချို့ကို ပိုင်ဆိုင်ပြီး၊ သူမ၏ တာဝန်တွင် ရလဒ်တချို့ကို တွေ့သည့်အတွက်၊ သူမသည် ယခင်ကထက် ပို၍ မာနထောင်လွှားပြီး၊ စိတ်ကြီးဝင်ကာ၊ လူတိုင်းကို လျစ်လျူရှုလျက်၊ မိမိကိုယ်ကိုယ် အထင်ကြီးစပြုလာတော့သည်။ သူမက မိမိစိတ်ကြိုက် လုပ်ဆောင်ပြီး၊ အသင်းတော်၏ အလုပ်ကို အနှောင့်အယှက်များ ဖြစ်စေသည်။ သူမ၏ စိတ်နှလုံးတွင် ဖျက်မရသော အမှတ်ရစရာတစ်ခု ကျန်ရစ်သည်အထိ နှစ်ကြိမ်တိုင်တိုင် ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်းခံရကာ၊ ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ခြင်းနှင့် တရားစီရင်ခြင်းတို့ မှတစ်ဆင့်၊ သူမ၏ ကိုယ်ပိုင် မာနထောင်လွှားသည့် သဘာဝနှင့် ပတ်သက်ပြီး နားလည်မှုတချို့ကို ရရှိကာ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် ပုန်ကန်ပြစ်မှားခြင်းကိုမျှ သည်းမခံသည်ကို အသိအမှတ်ပြုလာလေသည်။ ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေမှုတချို့ သူမတွင် ရှိလာပြီး၊ သမ္မာတရားကို ရှာဖွေခြင်းအပေါ် စတင် အာရုံစိုက်လာကာ၊ သူမ၏ တာဝန်တွင် အခြေခံစည်းမျဉ်းအတိုင်း ပြုမူလာလေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှ တစ်ဆင့်သာလျှင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုသည် သန့်စင်ခံရပြီး၊ ပြောင်းလဲနိုင်ကြောင်းနှင့် ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ စီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်းတို့သည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အကြီးမားဆုံး ချစ်ခြင်းမေတ္တာနှင့် ကွယ်ကာခြင်းတို့ဖြစ်ကြောင်း တို့ကို သူမ အမှန်တကယ်ပင် ခံစားလာရလေသည်။

အမှာစကား ချန်ခဲ့မည်