စာရင်း

နောက်လာမည့်အရာ

Myanmar Christian Movie Trailer - အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ်

459 18/08/2021

တရုတ် ခရစ်ယာန်ဖြစ်သူ ကျင်းရီ နှင့် သူ၏ ညီမသည် သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကြောင့် စည်ပင်သာယာရေး လုပ်ငန်းဦးစီးဌာနတွင် ဝန်ကြီးတစ်ဦးဖြစ်သူ သူတို့ ဖခင်၏ ခိုင်မာသော တားဆီးပိတ်ပင်မှုနှင့် အကျပ်ကိုင်မှုတို့ကို ရင်ဆိုင်ကြရသည်။ ဤအရာက မိသားစုအတွင်း ပြင်းထန်သော ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုကို ဖြစ်ပေါ်စေလေသည်။ ကျင်းရီနှင့် သူ့ညီမတို့သည် စီစီပီ အစိုးရ၏ အလိမ်အညာများ နှင့် ကောလဟလများကို တစ်ခုပြီးတစ်ခု ချေပဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုကြသည်။ သို့သော် အရူးအမူး ဒေါသထွက်ပြီး သူတို့ ဖခင်သည် သူ၏ အရာရှိ ရာထူးကို ထိန်းသိမ်းဖို့ရန်အလို့ငှာ သူ၏ သား၊ သမီး နှင့် ဇနီးသည်တို့ကို အိမ်မှ သနားအကြင်နာမဲ့စွာ နှင်ထုတ်လေသည်...။ ဤမောင်နှမသည် ခရစ်တော်နောက်လိုက်ဖို့ ပြတ်သားစွာ ရွေးချယ်ကြသည်။ ဘုရားသခင်၏ ဧဝံဂေလိတရားကို သူတို့ ဆက်လက် ဖြန့်ဝေကြလေသည်။

အမှာစကား ချန်ခဲ့မည်