စာရင်း

နောက်လာမည့်အရာ

Myanmar Movie Trailer - တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု မှတ်တမ်းများ

3,663 06/04/2021

တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု မှတ်တမ်းများ မှတ်တမ်းရုပ်ရှင်ဟာ သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုအတွက် တရုတ်ကွန်မြူနစ်ပါတီအစိုးရ သတ်တာခံလိုက်ရတဲ့ ပြည်မကြီးကတရုတ်ခရစ်ယာန် ၂ ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ပြောပြပေးသွားမှာပါ။ ဒါဟာ တရုတ်ကွန်မြူနစ်ပါတီအစိုးရလက်အောက်မှာ နေခဲ့ရတဲ့ တရုတ်ခရစ်ယာန်တို့ရဲ့ အတွေ့အကြုံတွေကို တိတိကျကျနဲ့ မျှမျှတတတင်ပြထားတာဖြစ်ပြီး၊ ယခုလက်ရှိ တရုတ်ခရစ်ယာန်တို့အတွက် ကိုးကွယ်ယုံကြည်မှုလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးနင်းခြေခံရခြင်းတို့အပေါ် နက်နက်ရှိုင်းရှိုင်းပြန်လည်သုံးသပ်ဖို့ ကမ်းလှမ်းခြင်းလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ မရေတွက်နိုင်တဲ့ တရုတ်ခရစ်ယာန်တို့နဲ့ ခရစ်ယာန်တို့ရဲ့ ဆွေမျိုးတွေအပေါ် တရုတ်ကွန်မြူနစ်အစိုးရရဲ့ ဖိနှိပ်ညှဉ်းပန်းခဲ့ခြင်းများရဲ့ လျှပ်တစ်ပြက်မြင်ကွင်းတစ်ခုသာဖြစ်ပါတယ်။ ဒါဟာ တရုတ်ခရစ်ယာန်တို့နဲ့ သူတို့မိသားစုတွေ အသက်ရှင်သန်ရတဲ့ အဖြစ်မှန်အတွက် ပြတင်းပေါက်တစ်ချပ်ဆိုလည်းဟုတ်ပါတယ်။

ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။

Wow!視覺特效Show一手!影片素材上傳區! https://www.youtube.com/channel/UCo2WsnnMMdo4x9FqETfHJ3g

အမှာစကား ချန်ခဲ့မည်