စာရင်း

နောက်လာမည့်အရာ

“အမှုပြီးပြီ”ဟု ဆိုခဲ့ချိန်တွင် သခင်ယေရှုက အမှန်တကယ် မည်သည့်အရာကို ဆိုလိုခဲ့သနည်း

2,102 09/12/2021

သခင့်ကို ယုံကြည်သူအားလုံးက ကားတိုင်ပေါ်တွင် “အမှုပြီးပြီ”ဟု သခင်ယေရှု ပြောခဲ့သည့်အချိန်တွင်၊ သူက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှုတော် လုံး‌ဝ ပြီးစီးသည်ကို ဆိုလိုခဲ့သည်ဟု ယုံကြည်ကြလေသည်။ ဤအရာကြောင့် သခင်က သူ ပြန်ကြွလာသည့်အခါ နောက်ထပ် မည်သည့်အမှုမှ ဆောင်ရွက်တော့မည်မဟုတ်ဘဲ၊ ယုံကြည်သူအားလုံးကို ကောင်းကင်နိုင်ငံတော်ထဲသို့ တိုက်ရိုက်ခေါ်ဆောင်သွားလိမ့်မည်ဟု ၎င်းတို့ သေချာကြလေသည်။ ဤသည်မှာ သခင့်ကို ယုံကြည်သူများက အလွန် စိတ်ချယုံကြည်ကြသည့် အရာတစ်ခုဖြစ်သည်၊ သို့သော် ယင်းအတွက် ကျမ်းဆိုင်ရာအခြေပြုချက် တစ်ခုခု ရှိပါသလား။ ဤအရာကို သန့်ရှင်းသော ဝိညာဉ်တော်က အတည်ပြုပါသလား။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နောက်ထပ် မည်သည့်အမှုကိုမျှ လုံးဝ ပြုလုပ်မည်မဟုတ်ဟု သခင်ယေရှုက တစ်ကြိမ်တစ်ခါမျှ ပြောခဲ့ပါသလား။ သံသယမရှိဘဲ— မပြောခဲ့ပါဟု ကျွန်ုပ်တို့ ပြောနိုင်သည်။ သို့ဆိုလျှင် သခင်ယေရှုက “အမှုပြီးပြီ”ဟု ပြောခဲ့ချိန်တွင်၊ မည်သည့်အရာကို သူ အမှန်တကယ် ဆိုလိုခဲ့ပါနည်း။ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်းနှင့်ဆိုင်သည့် ဤအပိုင်းတွင်၊ အကြောင်းအရာ၏ အမှန်တရားကို ကျွန်ုပ်တို့ အတူတကွ လေ့လာဖော်ထုတ်ကြမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုတော်ကို ပို၍ သိလာကြမည် ဖြစ်သည်။

အမှာစကား ချန်ခဲ့မည်