စာရင်း

နောက်လာမည့်အရာ

Gospel Movie | လူ့ဇာတိ၌ ဘုရားသခင်ကို အသိအမှတ်ပြုပုံ (အသားပေးပြသချက်များ)

2,807 25/02/2020

ပြီးခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ကြာအထိ၊ သခင်အား ယုံကြည်သူတို့သည် သခင်ယေရှုသည် ခရစ်တော်ဖြစ်သည်၊ ကိုယ်တော်သည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်ဖြစ်သည်ဟု သိပြီးဖြစ်သော်လည်း ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် အမှန်တကယ်တွင် မည်သို့ဖြစ်သည်၊ လူ့ဇာတိခံယူသည့် ဘုရားသခင်အား ကျွန်ုပ်တို့ မည်သို့သိရှိသင့်သည်ဆိုသည်တို့နှင့် ပတ်သက်သည့် သမ္မာတရားတို့၏ နက်နဲမှုကို မည်သူမျှ နားမလည်နိုင်ကြပါ။ ထို့ကြောင့်ပင် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကိုယ်တော်၏ တရားစီရင်ခြင်းအမှုကို လာရောက်လုပ်ဆောင်ရန် လူ့ဇာတိခံယူသည့်အခါ အချို့လူတို့သည် ကိုယ်တော်အား သာမန်လူကဲ့သို့ ဆက်ဆံပြီး နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုကို လက်ခံရန် ငြင်းဆန်ကြသည်။ လူတို့သည် ဤသို့ဖြင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးရနိုင်ခြေ အလွန်များသည်။ လူ့ဇာတိခံယူခြင်း၏ သမ္မာတရားကို နားလည်ခြင်းသည် သခင်ပြန်လည်ကြွလာခြင်းအား ကြိုဆိုရန်အတွက် အလွန်အရေးကြီးသည်မှာ သိသာထင်ရှားသည်။

အမှာစကား ချန်ခဲ့မည်