စာရင်း

နောက်လာမည့်အရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ - မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသောလူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကိုအဘယ်သို့ လက်ခံရရှိနိုင်မည်နည်း (ကောက်နုတ်ချက် ၁)

145 22/06/2020

ဘုရားသခင်၏အမှုသည် ဆက်လက်တိုးတက်လျက်ရှိရာ ယင်းအမှု၏ ရည်ရွယ်ချက်မှာ မပြောင်းလဲဘဲ တည်ရှိနေသော်လည်း အမှုများကို ဆောင်ရွက်သည့် နည်းလမ်းများမှာမူ အစဉ်မပြတ် ပြောင်းလဲလျက်ရှိပြီး ထိုသို့အားဖြင့် ဘုရားသခင်နောက် လိုက်လျှောက်သူများသည်လည်း ပြောင်းလဲလျက်ရှိသည်။ ဘုရားသခင်၏အမှုမှာ များပြားလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်ကို နှံ့စပ်စွာ ပိုမိုသိမြင်လာရပြီး သူ၏ စိတ်သဘောထားသည်လည်း ဘုရားသခင်၏အမှုနှင့် လျော်ညီစွာ ပြောင်းလဲလာသည်။ သို့ရာတွင် ဘုရားသခင်၏အမှုမှာ ထာဝစဉ် ပြောင်းလဲနေတတ်သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မသိသူများနှင့် သမ္မာတရားကိုမသိသူ စိတ်ပျက်ဖွယ် လူသားတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်လာကြသည်။ ဘုရားသခင်၏ အမှုသည် မည်သည့်အခါမျှ ဟောင်းနွမ်းမသွားဘဲ အမြဲတမ်းအသစ်သာ ဖြစ်နေသောကြောင့် လူသားတို့၏ အယူအဆများနှင့် မည်သည့်အခါမျှ ကိုက်ညီခြင်းမရှိပါ။ ဘုရားသခင်သည် အမှုဟောင်းကို မည်သည့်အခါမျှ ထပ်မံလုပ်ဆောင်ခြင်း မပြုသည့်အပြင် တစ်ခါမျှ မလုပ်ဆောင်ဖူး သေးသည့် အမှုကိုလည်း တစ်ဟုန်ထိုး လုပ်ဆောင်သည်။ ဘုရားသခင်သည် သူ၏အမှုကို ထပ်ခါတလဲလဲ ပြန်လုပ်ဆောင်ခြင်း မရှိသော်လည်း လူသားက ဘုရားသခင်၏ ယနေ့လက်ရှိအမှုကို ဘုရားသခင်၏ အတိတ်ကအမှုကို အခြေခံလျက် အစဉ်သဖြင့် ဝေဖန်အကဲဖြတ်လေ့ရှိသောကြောင့် ခေတ်ကာလသစ်တစ်ခု၏ အမှုအဆင့်တစ်ဆင့်စီတိုင်းကို ဆောင်ရွက်နိုင်ရန် ဘုရားသခင် အတွက် အလွန့်အလွန်ပင် ခက်ခဲလာသည်။ လူသားက မြောက်မြားလှစွာသော အတားအဆီးများကို ဖြစ်ပေါ်စေလျက် ရှိသည်။ လူသား၏ စဉ်းစား တွေးခေါ်မှုများသည် အလွန်ပင် အမြင်ကျဉ်းမြောင်းလှသည်။ ဘုရားသခင်၏အမှုကို လူတစ်ဦး တစ်ယောက်ကမျှ မသိနားမလည်ဘဲနှင့် ထိုသူအားလုံးက ထိုအမှုကို အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ ဘုရားသခင်နှင့် ဝေးသည့်နေရာတွင် လူသားသည် အသက်၊ သမ္မာတရားနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးရသည်။ သို့တည်းတိုင် လူသားမှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားသည့် သာ၍ကြီးမားသော ကောင်းချီး မင်္ဂလာများကို လက်ခံရန် မဆိုထားနှင့်၊ အသက်နှင့် သမ္မာတရားကိုပင် လက်ခံခြင်းမရှိပေ။ လူသားအားလုံးသည် ဘုရားသခင်ကို ရယူလိုကြ သော်လည်း ဘုရားသခင်၏ အမှုအတွင်း အပြောင်းအလဲများရှိလျှင်မူ သည်းခံနိုင်ခြင်းမရှိကြချေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများက ဘုရားသခင်၏အမှုသည် အပြောင်းအလဲ ကင်းမဲ့၍ အစဉ်ထာဝရ လုံးဝဥဿုံရပ်နေသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်ထံမှ ထာဝရကယ်တင်ခြင်းကိုရရှိရန် လိုအပ်သမျှသော အရာအားလုံးမှာ ပညတ်တော်ကို ထိန်းသိမ်းခြင်းဖြစ်ပြီး၊ မိမိတို့၏ အပြစ်များကို နောင်တရပြီး ဝန်ခံနေသရွေ့၊ ဘုရားသခင်၏ အလိုတော်ကို ထာဝရကျေနပ်နှစ်သိမ့်မှု ပေးနိုင်လိမ့်မည်ဟု ၎င်းတို့က ယုံကြည်ထား ကြသည်။ ဘုရားသခင်သည် ပညတ်တော်အောက်၌ ရှိသော ဘုရားသခင်သာလျှင် ဖြစ်နိုင်ပြီး လူသားတို့အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုစွဲနှက်ခံခဲ့သော ဘုရားသခင်သာ ဖြစ်နိုင်သည်ဟု ၎င်းတို့က ထင်မြင်ကြကာ၊ ဘုရားသခင်သည် သမ္မာကျမ်းစာကို မကျော်လွန်နိုင်၊ မကျော်လွန်သင့် ဟူသည်မှာလည်း ၎င်းတို့၏ ထင်မြင်ချက်ပင်ဖြစ်သည်။ အဆိုပါထင်မြင်ချက်များကပင် ၎င်းတို့အား ဥပဒေသဟောင်းများသို့ ခိုင်မြဲစွာ ချုပ်နှောင်ထားစေလျက် တင်းကျပ်သော စည်းမျဉ်းများဖြင့် ချုပ်ချယ်ကန့်သတ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်၏ မည်ကဲ့သို့သော အမှုသစ်မဆို ထိုအမှုသည် ဗျာဒိတ်များအရ သက်သေခိုင်လုံစွာ ပြနိုင်ရမည်ဖြစ်ကာ အဆိုပါအမှု၏ အဆင့်တစ်ခုစီတိုင်းတွင် စစ်မှန်သော နှလုံးသားဖြင့် သူ့နောက်တော်သို့ လိုက်သောသူ အားလုံးတို့ကိုလည်း ဗျာဒိတ်များပြသရမည်၊ သို့မဟုတ်ပါက ထိုအမှုမှာ ဘုရားသခင်၏ အမှုမဟုတ်နိုင်ဟု ယုံကြည်ကြ၏။ လူသားတို့အတွက် ဘုရားသခင်ကို သိရှိနားလည် လာရန်မှာပင် လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပေ။ လူသား၏ စိတ်ပျက်ဖွယ် စိတ်နှလုံးနှင့် စိတ်ကြီးဝင်၍ မိမိသာအရေးပါသည်ဟု ထင်တတ်သော ပုန်ကန်တတ်သည့် သဘာဝဗီဇကိုပါ ထည့်ပေါင်းလိုက်ပါလျှင် ဘုရားသခင်၏အမှုသစ်ကို လက်ခံရန် လူသားအတွက် လုံးဝပို၍ပင်ခက်ခဲပေသည်။ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက် လေ့လာခြင်း မပြုသည့်အပြင် နှိမ့်ချအောက်ကျို့စွာဖြင့် လက်ခံခြင်းလည်း မပြုပေ၊ စင်စစ်အားဖြင့် ဗျာဒိတ်များနှင့် ဘုရားသခင်၏ လမ်းပြမှုကို စောင့်မျှော်လျက် မထီမဲ့မြင်သဘောထားကို သူခံယူ၏။ ဤသည်ကပင် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့် လူသားတစ်ဦး၏ အမူအကျင့်ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူသားတို့သည် ဘုရားသခင်၏ သဘောကျခြင်းကို အဘယ်သို့လျှင် ရရှိနိုင်မည်နည်း။

ထိုအချိန်တွင် ယေရှုက ယေဟောဝါ၏အမှုမှာ ကျေးဇူးတော်ခေတ် ထဲ၌ နောက်ကျကျန်ခဲ့သည်ဟု ပြောခဲ့သည်၊ ယနေ့အချိန်တွင် ယေရှု၏အမှုသည် နောက်ကျကျန်ခဲ့သည်ဟု ငါပြောသကဲ့သို့ပင်ဖြစ်၏။ အကယ်၍ ပညတ်တော်ခေတ်သာရှိခဲ့ပြီး ကျေးဇူးတော်ခေတ်မရှိခဲ့ပါလျှင် ယေရှုသည် လက်ဝါးကပ်တိုင် ပေါ်၌ ကွပ်မျက်ခံရနိုင်မည်မဟုတ်ဘဲ၊ လူသားမျိုးနွယ်အားလုံး ကိုလည်း ရွေးနှုတ်ပေးနိုင်လိမ့်မည် မဟုတ်ပေ၊ အကယ်၍ ပညတ်တော်ခေတ်တစ်ခုတည်းသာ ရှိခဲ့ပါလျှင် လူသားမျိုးနွယ်သည် ယနေ့တိုင်အောင် တိုးတက်ဖွံ့ဖြိုးမှု ရှိနိုင်ပါမည်လော။ သမိုင်းကြောင်းက ရှေ့သို့ တိုးတက်လျက် ရှိသည်၊ သမိုင်းသည်ပင် ဘုရားသခင့်အမှု၏ သဘာဝနိယာမ တရားပင် မဟုတ်ပေလော။ ဤသည်က စကြဝဠာတစ်ခုလုံး အတွင်းရှိ လူသားတို့အတွက် သူ့စီမံချက်၏ ပုံဖော်ချက်ပင် မဟုတ်ပေလော။ သမိုင်းကြောင်းက ရှေ့သို့ တိုးတက်လာခဲ့သည်၊ ထိုကဲ့သို့ပင် ဘုရားသခင်၏အမှုနှင့် ဘုရားသခင်၏ အလိုတော်သည်လည်း စဉ်ဆက် မပြတ်ပင် ပြောင်းလဲလျက် ရှိသည်။ ဘုရားသခင်အတွက် အမှု၏ အဆင့်တစ်ခုကို နှစ်ပေါင်းခြောက်ထောင်ခန့်ကြာမြင့်စွာ ထိန်းသိမ်းရန်မှာ လက်တွေ့ကျနိုင်မည်မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်မှာ ထာဝစဉ်အသစ်ဖြစ်နေပြီး မည်သည့်အခါမျှ ဟောင်းနွမ်းသွားခြင်း မရှိသည်ကို လူသားအားလုံး သိရှိသောကြောင့်ပင် ဖြစ်သည်။ လက်ဝါးကပ်တိုင်တွင် အသက်စွန့်ခြင်းကဲ့သို့ အလားတူအမှုမျိုးအတွက် လက်ဝါးကပ်တိုင် ပေါ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်ထက်ပို၍ သံမှိုစွဲနှက်ခံရရန် အမှန်တကယ် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။ ယင်းက ယုတ္တိမတန်သော လူသားတစ်ဦး၏ အတွေးအမြင်သာ ဖြစ်ပေသည်။ ဘုရားသခင်သည် တူညီသောအမှုကို တည်တံ့စေမည်မဟုတ်၊ ငါနေ့စဉ် သင်တို့အား ပြောသော နှုတ်ကပတ်တော်အသစ်များနှင့် အလုပ်အသစ်များ ကဲ့သို့ပင် သူ၏အမှုမှာ အစဉ်သဖြင့် ပြောင်းလဲနေပြီး ထာဝစဉ်သစ်လွင် နေ၏။ ယင်းက ငါလုပ်ဆောင်သော အမှုတာဝန်ဖြစ်သည်၊ ထိုအရာများ၏ သော့ချက်မှာ “အသစ်” နှင့် “အံ့သြဖွယ်ရာ” တို့၌ တည်ရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

အမှာစကား ချန်ခဲ့မည်