စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - သန့်စင်ခြင်းသို့ ဦးတည်ရာလမ်း

675 23/12/2020

အယ်လီသည် သခင့်အား ယုံကြည်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ရှိပြီး နေရာအနှံ့သို့ ခရီးသွားရောက်ကာ တရားဒေသနာများကို ဟောကြားသော အသင်းတော် တရားဟောဆရာမတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သခင်၏ လမ်းပြခြင်းကို သူမ မခံစားရတော့ဘဲ သူမ၏ တရားဒေသနာတို့သည် အလင်းသစ် ကင်းမဲ့နေခဲ့သည်။ သူမသည် အပြစ်ပြုလိုက်၊ ဝန်ချလိုက်ဖြစ်လျက်ရှိပြီး သခင်၏ သွန်သင်မှုကို မထိန်းသိမ်းနိုင်ပေ။ ဤအရာသည် သူမအား တကယ်ကို အားမလိုအားမရဖြစ်စေခဲ့သည်။ “သန့်ရှင်းခြင်းပါရမီ မရှိလျှင် အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) ဆိုသည့် ကျမ်းပိုဒ်ကို ဖတ်ပြီး သူမသည် အပြစ်ထဲ၌ ရှင်သန်နေပြီး သန့်ရှင်းခြင်းကို မရရှိသေးသောကြောင့် သခင် ကြွလာသည့်အခါ ကောင်းကင်နိုင်ငံတော်သို့ သူမ မဝင်ရောက်နိုင်တော့မည်ကို စိတ်ပူမိသည်။ ထို့ကြောင့်သူမသည် သမ္မာကျမ်းစာဖတ်ခြင်း၊ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို ပို၍ပင် စတင် ကြိုးစားလုပ်ဆောင်ခဲ့သည်။ သို့သော် အားလုံးက မထူးခြားခဲ့ပေ။ တစ်နေ့တွင် အယ်လီသည် မမျှော်လင့်ဘဲ ဝဘ်ဆိုဒ်တစ်ခုကိုတွေ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်မိသည်။ သူမသည် ချက်ချင်း စိတ်ဝင်စားသွားပြီး သူမ၏ ခြောက်သွေ့နေသော ဝိညာဉ်သည် ရေလောင်းခံခဲ့ရသည်။ ရှာဖွေခြင်း၊ စူးစမ်းလေ့လာခြင်းတို့မှ တစ်ဆင့် နောက်ဆုံးတွင် သူမသည် မလွတ်မြောက်နိုင်သည့် အပြစ်ထဲတွင် ရှင်သန်နေရခြင်း၏ အကြောင်းရင်းကို သင်သိရှိသွားပြီး သူမ၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ရန် လမ်းကြောင်းကို ရှာတွေ့သွားလေသည်။

အမှာစကား ချန်ခဲ့မည်