စာရင်း

ဒုတိယဆုံမှတ်- အရွယ်ရောက်လာခြင်း

မည်သည့်မိသားစုမျိုးမှာ မွေးလာသည်ဆိုသည့်အပေါ် မူတည်ပြီး လူတို့သည် မတူညီသည့်အိမ် ပတ်ဝန်းကျင်များတွင် ကြီးပြင်းလာပြီး ၎င်းတို့မိဘများထံမှ မတူညီသည့် သင်ခန်းစာများကို သင်ယူကြသည်။ ဤအချက်များက လူတစ်ယောက် အသက်အရွယ်ရလာသည့် အခြေအနေများကို ဆုံးဖြတ်ပေးပြီး အရွယ်ရောက်ခြင်းက လူတစ်ယောက်ဘဝ၏ ဒုတိယအရေးပါသည့် ဆုံမှတ်ကို ကိုယ်စားပြုသည်။ လူတို့သည် ဤဆုံမှတ်တွင်လည်း ရွေးစရာမရှိသည်ကို ပြောပြစရာ မလိုပေ။ ယင်းသည်လည်း သတ်မှတ်ပြီးသား ကြိုတင်စီစဉ်ပြီးသားဖြစ်သည်။

၁။ လူအသီးသီး၏အသက်အရွယ်ရလာခြင်းအတွက် သတ်မှတ်ထားသည့် အခြေအနေများကို ဖန်ဆင်းရှင်က စီစဉ်သည်

လူတစ်ယောက်သည် မိမိကြီးပြင်းလာသည်နှင့်အမျှ မိမိကို စာရိတ္တမြှင့်တင်ပေးပြီး လွှမ်းမိုးသည့် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အမှုအရာများကို ရွေးချယ်၍မရပေ။ လူတစ်ယောက်သည် မည်သည့်အသိပညာ သို့မဟုတ် ကျွမ်းကျင်မှုကို သူရရှိမည်၊ မည်သို့အကျင့်မျိုး ဖြစ်မည်ကို မရွေးချယ်၍မရ။ သူ၏မိဘများနှင့် အမျိုးများက မည်သူ ဖြစ်မည်၊ မည်သည့်ပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းမည်ဆိုသည်ကို မရွေးချယ်၍မရပေ။ မိမိ ဝန်းကျင်များ၌ ရှိသည့် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ၎င်း၏ ဆက်နွှယ်မှုများနှင့် ထိုအရာများက ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့လွှမ်းမိုးသည်ဆိုသည့် အရာအားလုံးမှာ ၎င်းထိန်းချုပ် ရနိုင်သည့်အရာများ ဖြစ်သည်။ သို့ဆိုလျှင် ဤအရာတို့ကို မည်သူက ဆုံးဖြတ်သနည်း။ မည်သူက စီစဉ်သနည်း။ ကိစ္စရပ်တွင် လူက ရွေးချယ်စရာမရှိသည့်အတွက် ဤအရာများကို မိမိတို့ ကိုယ်တိုင်အတွက် မဆုံးဖြတ်နိုင်သည့်အတွက်၊ ပြီးလျှင် သူတို့သည် သိသာစွာ အလိုအလျောက် ပုံမဖော်ကြသည့်အတွက်၊ ဤလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံး၏ ဖြစ်ပေါ်မှုမှာ ဖန်ဆင်းရှင်၏ လက်ထဲ၌ရှိသည်ကို ပြောစရာမလိုတော့ပေ။ ဟုတ်ပေ၏၊ ဖန်ဆင်းရှင်သည် လူတိုင်း၏ မွေးဖွားမှုနှင့်ဆိုင်သော သီးသန့်အခြေအနေများကို စီစဉ်သကဲ့သို့ပင်၊ တစ်ဦးတစ်ယောက် ကြီးပြင်းသည့် တိကျသော အခြေအနေများကိုလည်း စီစဉ်လေသည်။ လူတစ်ယောက်၏ မွေးဖွားမှုက ၎င်း၏ အနီးဝန်းကျင်ရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာတို့ကို ပြောင်းလဲစေပါက၊ ထိုလူ၏ကြီးပြင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကလည်း ထိုအရာတို့ကို သေချာပေါက် သက်ရောက်လိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့်၊ လူအချို့က ဆင်းရဲသည့် မိသားစုများတွင် မွေးသော်လည်း ကြွယ်ဝမှုက ဝန်းရံလျက် ကြီးပြင်းသည်။ တစ်ချို့က ချမ်းသာသည့် မိသားစုတွင် မွေးသော်လည်း ၎င်းတို့မိသားစု၏ စည်းစိမ်ကို ကျဆင်းစေသည်၊ ထိုသို့ဖြင့် ၎င်းတို့သည် ဆင်းရဲသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းရလေသည်။ မည်သူ၏ မွေးဖွားခြင်းကမျှ သတ်မှတ်ထားသည့် စည်းမျဉ်းက အုပ်စိုးခြင်းမရှိသကဲ့သို့ ရှောင်လွှဲလို့မရသည့် သတ်မှတ်ထားသော အခြေအနေအောက်၌ မည်သူမျှ မကြီးပြင်းပေ။ ဤအရာများသည် လူတစ်ယောက် စိတ်ကူးနိုင်သည့် သို့မဟုတ် ထိန်းချုပ်နိုင်သည့် အရာများ မဟုတ်ပေ။ ၎င်းတို့သည် လူတစ်ယောက်၏ ကံကြမ္မာ ရလဒ်များ ဖြစ်ပြီး တစ်ဦးတစ်ယောက်၏ ကံကြမ္မာဖြင့် ဆုံးဖြတ်ထားသည့်အရာ ဖြစ်သည်။ ဟုတ်ပေ၏၊ အဓိကအားဖြင့်၊ ဤအရာများသည် ဖန်ဆင်းရှင်က လူအသီးအသီးအတွက် ကြိုတင်ပြဋ္ဌာန်းသည့် ကံကြမ္မာအားဖြင့် သတ်မှတ်ခံထားရပေသည်။ ဤအရာများကို လူ၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ယင်းအတွက် သူ၏ အစီအစဉ်များအားဖြင့် ပိုင်းခြားသတ်မှတ်ထား ပေသည်။

၂။ လူတို့ အရွယ်ရောက်သည့် အခြေအနေအမျိုးမျိုးတို့က မတူညီသည့် အခန်းကဏ္ဍများကို ဖြစ်ပေါ်စေသည်

လူတစ်ယောက် မွေးဖွားခြင်း၏ အခြေအနေများသည် ၎င်းတို့ကြီးပြင်းသည့် အခြေခံအဆင့် ပတ်ဝန်းကျင်တစ်ခုနှင့် အခြေအနေများ အပေါ်၌ တည်ဆောက်ထားသကဲ့သို့၊ လူတစ်ယောက်ကြီးပြင်းသည့် အခြေအနေများသည် အလားတူပင် ၎င်းတို့မွေးဖွားမှု အခြေအနေများ၏ ရလဒ်တစ်ခုဖြစ်ပါသည်။ ဤအချိန်အတောအတွင်းတွင် ဘာသာစကားကို စသင်ယူကာ သူအစဉ်တစိုက် ကြီးပြင်းနေသည့်အတောအတွင်း ဖြစ်စဉ်တစ်ခု ဖြစ်သည့် သူ့စိတ်က အကြောင်းအရာအသစ်များစွာကို စတင်ကြုံတွေ့ပြီး လက်သင့်ခံလေသည်။ လူတစ်ယောက်သည် သူ့နားနှင့် ကြားသည့်အရာများ၊ သူ့မျက်လုံးနှင့် မြင်သည့်အရာများ သူ့စိတ်ဖြင့် မှတ်သားသည့်အရာများက သူ၏အတွင်းကမ္ဘာကို တဖြည်းဖြည်း ဖြည့်ပြီး သက်ဝင်လှုပ်ရှားစေသည်။ သူ ထိတွေ့ ဆက်ဆံလာရသည့် လူများ၊ ဖြစ်ရပ်များ၊ အကြောင်းအရာများ၊ သူသင်ယူသည့် ဘုံအသိ၊ အသိပညာ၊ ကျွမ်းကျင်မှုနှင့် သူ့ကို လွှမ်းမိုးသည့်၊ စွဲမြဲအောင်သင်ယူ သို့မဟုတ် သင်ကြားခဲ့ရသည့် စဉ်းစားပုံများအားလုံးသည် ဘဝတွင် သူ့ကံကြမ္မာကို လမ်းပြကာ လွှမ်းမိုးပေလိမ့်မည်။ သူကြီးလာသည့် အလျောက် သင်ယူသည့် ဘာသာစကားနှင့် သူ၏စဉ်းစားပုံနည်းလမ်းတို့ကို ငယ်ဘဝတွင် သူအချိန်ကုန်ဆုံးခဲ့သည့် ပတ်ဝန်းကျင်နှင့် ခွဲခြား၍မရသကဲ့သို့ ထိုပတ်ဝန်းကျင်တွင် ၎င်းတို့အနီးတစ်ဝိုက်ရှိ မိဘများ၊ မွေးချင်းများ၊ တစ်ခြားလူများ၊ အဖြစ်အပျက်များ အမှုအရာများ ပါဝင်လေသည်။ ထို့ကြောင့် လူတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို သူကြီးပြင်းသည့် ပတ်ဝန်းကျင်က သတ်မှတ်ပေးပြီး ဤအချိန် အတောအတွင်း သူ ထိတွေ့ဆက်ဆံလာရသည့် လူများ၊ အဖြစ်အပျက်များ၊ အကြောင်းအရာများအပေါ်လည်း မူတည် ပေသည်။ လူတစ်ယောက် ကြီးပြင်းသည့် အခြေအနေများအား အချိန်ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီးဖြစ်သည့်အတွက် ဤဖြစ်စဉ်အတွင်း သူနေထိုင်သည့် ပတ်ဝန်းကျင်ကိုလည်း အလိုအလျောက် ကြိုတင်သတ်မှတ်ထားပြီး ဖြစ်သည်။ ယင်းသည် လူတစ်ယောက်၏ ရွေးချယ်မှုများနှင့် ကြိုက်နှစ်သက်မှုများအပေါ် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဖန်ဆင်းရှင်၏ အစီအစဉ်များနှင့်အရ ဆုံးဖြတ်ခြင်း ဖြစ်သည်၊ လူတစ်ဦး၏ ဘဝကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ ဂရုတစိုက် စီစဉ်မှုများနှင့် သူ၏ အချုပ်အခြာ အာဏာအားဖြင့် သတ်မှတ်လေသည်။ ထို့ကြောင့် ကြီးပြင်းမှု လမ်းကြောင်းတွင် မည်သူမဆို ကြုံတွေ့ရသည့် လူများ၊ ၎င်းတို့ ထိတွေ့ဆက်ဆံလာရသည့် အကြောင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များနှင့် အလိုအလျောက် ဆက်နွှယ်လေသည်။ လူတို့သည် ဤကဲ့သို့ ရှုပ်ထွေးသည့် အပြန်အလှန် ဆက်နွှယ်မှုမျိုးများကို ကြိုတင်မမြင်နိုင်သကဲ့သို့ မထိန်းချုပ်နိုင် သို့မဟုတ် နားလည် သဘောပေါက်ခြင်း မရှိနိုင်ပေ။ များပြားလှသည့် မတူညီသည့် အကြောင်းအရာများနှင့် လူတို့သည် လူတစ်ယောက် ကြီးပြင်းသည့် ပတ်ဝန်းကျင်အပေါ် ဆက်စပ်မှုရှိပြီး မည်သည့်လူသားမျှ ထိုသို့ကျယ်ပြန့်သည့် ဆက်နွှယ်မှုကွန်ယက်ကို စီစဉ်နိုင်၊ စီစဉ်ညွှန်ကြားနိုင်စွမ်းမရှိပေ။ လူများ၊ ဖြစ်ရပ်များနှင့် အကြောင်းအရာများအားလုံး၏ ဖြစ်ပေါ်မှုကို ဖန်ဆင်းရှင်မှလွဲပြီး မည်သည့်လူကမျှ သို့မဟုတ် မည်သည့်အရာကမျှ မထိန်းချုပ်နိုင် သကဲ့သို့ ၎င်းတို့၏ ကွယ်ပျောက်မှုကိုလည်း မထိန်းသိမ်း သို့မဟုတ် မထိန်းချုပ်နိုင်ချေ။ ယင်းသည် ဖန်ဆင်းရှင်မှ ကြိုတင်ပြဋ္ဌာန်း ထားသည့်အတိုင်း လူတစ်ယောက်၏ ဖွံ့ဖြိုး တိုးတက်မှုကို ပုံဖော်ပြီး လူတို့ကြီးပြင်းသည့် ပတ်ဝန်းကျင် အမျိုးမျိုးကို တည်ဆောက် ပေးသည့် အင်မတန် ကြီးမားသော ဆက်နွှယ်မှု ကွန်ယက်တစ်ခုသာ ဖြစ်သည်။ ယင်းမှာ လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို အောင်မြင်စွာ ဖြည့်ဆည်းဖို့ရန်အတွက် စိတ်ချရသည့် ခိုင်မာသော အခြေခံ အုတ်မြစ်ကို ချခင်းလျက် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲခြင်းအမှုအတွက်၊ လိုအပ်သည့် တာဝန်နေရာအမျိုးမျိုးကို ဖန်တီးသည့် အရာဖြစ် ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

အမှာစကား ချန်ခဲ့မည်