စာရင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၃ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၃
00:00/ 00:00

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၃

00:00
00:00

ဘုရားသခင်သည် လူသားမိုက်မဲသည်ကို ဂရုမစိုက်ပေ၊ လူသားမှန်ကန်ဖို့သာ တောင်းဆိုသည်

ကမ္ဘာဦးကျမ်း ၂၂:၂ တွင် ဘုရားသခင်က အောက်ပါအမိန့်အား အာဗြဟံကို ပေးခဲ့သည်။ “သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသော သားဣဇာတ်ကို ယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။” ဘုရားသခင် ဆိုလိုချက်က ရှင်းသည်။ အာဗြဟံချစ်သော တစ်ဦးတည်းသောသား ဣဇာတ်ကို မီးရှို့ရာယဇ် ပူဇော်ရန် သူပြောနေခြင်းဖြစ်သည်။ ယင်းအရာကို ယနေ့ကြည့်ပါက ဘုရားသခင်၏ အမိန့်က လူသား၏ အယူအဆများနှင့် ကွဲပြားနေသလော။ ကွဲပြားသည်။ ထိုအချိန်က ဘုရားသခင် လုပ်ခဲ့သည့်အရာများအားလုံးက လူသားအယူအဆများနှင့် ဆန့်ကျင်နေပြီး လူသားအတွက် နားမလည်နိုင်ခဲ့ပေ။ သူတို့၏ အယူအဆများထဲ၌ လူများက အောက်ပါတို့ကို ယုံသည်။ လူသားက မယုံကြည်ဘဲ မဖြစ်နိုင်ဟု ထင်သောအခါ ဘုရားသခင်က သူ့ကို သားတစ်ဦး ပေးခဲ့သည်။ သူသားတစ်ယောက်ရပြီး သူ၏သားကို ဘုရားသခင်က ပူဇော်ဖို့တောင်းသည်။ မယုံကြည်နိုင်စရာ ကောင်းလေစွ။ ဘုရားသခင် အမှန်တကယ် အဘယ်အရာကိုလုပ်ရန် ရည်ရွယ်သနည်း။ ဘုရားသခင်၏ တကယ့်ရည်ရွယ်ချက်က မည်သည့်အရာနည်း။ သူက အာဗြဟံကို အခြေအနေနှင့် မဆိုင်ဘဲ သားပေးခဲ့သည်။ သို့တိုင် သူက အာဗြဟံကို အခြေအနေနှင့်မဆိုင် အလှူတောင်းပြန်သည်။ အင်မတန်လွန်ကဲနေသလော။ ဘေးလူတစ်ယောက်၏ အမြင်အရ ဤသည်မှာလွန်ကဲလွန်းသည့်အပြင် “ဘာမျှမရှိသည့်နေရာမှာ ပြဿနာရှာနေ” သကဲ့သို့ပင် ဖြစ်သည်။ သို့သော် အာဗြဟံကိုယ်တိုင်က ဘုရားသခင် အလွန်အကျူးတောင်းနေသည်ဟု မထင်ခဲ့ပေ။ အရေးမပါသည့် အတွေးများ ရှိခဲ့ပြီး၊ ဘုရားသခင်ကို အနည်းငယ် သံသယဝင်ခဲ့သော်လည်း ယဇ်ပူဇော်ဖို့ ပြင်ဆင်ခဲ့သည်။ ဤအချက်မှာ အာဗြဟံသည် သူ၏သားကို ပူဇော်လိုသည်ဆိုသည့် သက်သေတွေ့မိသလော။ ဤစာကြောင်းများ၌ ဘာပြောထားသနည်း။ မူရင်း စာသားထဲမှာ ဤကဲ့သို့ပြောထားသည်။ “အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသားဣဇာတ်နှင့် ငယ်သားနှစ်ယောက်ကို ခေါ်၍ ယဇ်ရှို့စရာထင်းကို ခွဲပြီးမှ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။” (ကမ္ဘာ ၂၂:၃) “ထိုသို့နှစ်ယောက်အတူသွား၍ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင် သားဣဇာတ်ကိုချည်နှောင်၍ ယဇ်ပလ္လင်၌ ထင်းကိုတင်ထား၏။ မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ ဓါးကို ကိုင်ယူလေ၏။” (ကမ္ဘာ ၂၂:၉-၁၀) အာဗြဟံက သူ၏လက်ကိုဆန့်ထုတ်ပြီး သူ၏သားကိုသတ်ဖို့ ဓါးကိုကိုင်သောအခါ သူ၏လုပ်ရပ်များကို ဘုရားသခင်မြင်သလော။ မြင်ခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ဣဇာတ်အား ပူဇော်ဖို့တောင်းချိန်မှ အာဗြဟံက သူ၏သားကို သတ်ဖို့ အမှန်တကယ် ဓါးမြှောက်ချိန်အထိ ဖြစ်စဉ်တစ်ခုလုံးသည် ဘုရားသခင်ကို အာဗြဟံ၏ နှလုံးသားအား ပြခဲ့သည်။ ယခင်က သူ၏မိုက်မဲမှု၊ မသိနားမလည်မှုနှင့် ဘုရားသခင်ကို နားလည်မှုလွဲမှုများ မည်ကဲ့သို့ရှိသည် ဖြစ်ပါစေ ထိုအချိန်က အာဗြဟံ၏နှလုံးသားသည် ဘုရားသခင်အတွက် မှန်ကန်သည်၊ ရိုးသားခဲ့သည်။ ဘုရားသခင်ပေးခဲ့သည့်သား ဣဇာတ်ကို ဘုရားသခင်ထံ သူအမှန်တကယ်ပြန်ပေးမည်ပြုခဲ့သည်။ သူ့ထံ၌ ဘုရားသခင် လိုချင်ခဲ့သည့် နာခံခြင်းအစစ်အမှန်ကို ဘုရားသခင် တွေ့ခဲ့ရသည်။

လူ့အနေနှင့် ဘုရားသခင်သည် နားမလည်နိုင်သည့် မယုံကြည်န်ုင်လောက်အောင်ပင် ထူးခြားသည့်အရာကို ပြုသည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို စီစဉ်ညွှန်ကြားလိုသောအခါ ဤစီစဉ်ညွှန်ကြားချက်က လူသား၏ အယူအဆများနှင့် မကြာခဏ ဆန့်ကျင်ပြီး လူသားအတွက် နားမလည်နိုင်ပေ။ သို့တိုင် ဤသဘောကွဲလွဲမှုနှင့် နားမလည်နိုင်မှုတို့သည် ဘုရားသခင်၏ လူသားကို စစ်ဆေးမှုနှင့် စမ်းသပ်မှုတို့ပင် ဖြစ်သည်။ အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းဖို့ အခြေခံအကျဆုံးဖြစ်သည့် ဘုရားသခင်အား နာခံမှုကို သူ့အတွင်း၌ ပြနိုင်ခဲ့သည်။ ထို့နောက်မှ အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို နာခံသောအခါ၊ ဣဇာတ်ကို ပူဇော်သောအခါ ဘုရားသခင်သည် သူရွေးချယ်ထားသည့် အာဗြဟံဟူသော လူသားဆီက သေချာမှု၊ အတည်ပြုမှုကို ခံစားခဲ့ရသည်။ ထို့နောက်မှသာ ဘုရားသခင်သည် သူရွေးချယ်ထားသည့် ဤသူမှာ သူ၏ကတိတော်နှင့် နောက်ဆက်တွဲ စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်နိုင်မည့် မရှိမဖြစ် ခေါင်းဆောင်ဖြစ်သည်ဟု သေချာခဲ့သည်။ ၎င်းသည် စစ်ဆေးခြင်းနှင့် စမ်းသပ်မှုသာ ဖြစ်သော်လည်း ဘုရားသခင်က ကျေနပ်နှစ်သက်မှုကို ခံစားခဲ့ရသည်။ သူ၏အပေါ် လူသား၏ ချစ်မေတ္တာကို ခံစားခဲ့ရပြီး ယခင်က မရှိခဲ့ဘူးသော နှစ်သိမ့်မှုမျိုးကို လူသားထံမှ ရရှိခဲ့သည်။ အာဗြဟံက ဣဇာတ်ကို သတ်ဖို့ ဓားထုတ်သည့်အခိုက်တွင် ဘုရားသခင်က သူ့ကို တားခဲ့သလော။ ဘုရားသခင်က ဣဇာတ်အသက်ကို နှုတ်ယူဖို့ အကယ်ပင် မရည်ရွယ်ခဲ့သည့်အတွက် အာဗြဟံကို ဣဇာတ်အား ပူဇော်ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို အချိန်မီ တားခဲ့သည်။ ဘုရားသခင်အတွက် အာဗြဟံ၏ နာခံမှုက စမ်းသပ်မှုကို အောင်မြင်နှင့်ပြီ ဖြစ်သည်။ သူလုပ်ခဲ့သည့်အရာမှာ လုံလောက်ပြီး ဘုရားသခင်က သူပြုလုပ်ဖို့ ရည်ရွယ်ထားသည့်အရာ၏ ရလဒ်ကို မြင်နှင့်ပြီး ဖြစ်သည်။ ဤရလဒ်က ဘုရားသခင်ကို ကျေနပ်စေသလော။ ဤရလဒ်က ဘုရားသခင်ကို ကျေနပ်စေသည်ဟု ပြော၍ရသည်။ ၎င်းက ဘုရားသခင် လိုလားသည့်အရာ၊ ကြာမြင့်စွာကတည်းက ဘုရားသခင် မြင်လိုသည့်အရာ ဖြစ်သည်ဟု ပြော၍ရသည်။ မှန်ပါသလော။ အခြေအနေအမျိုးမျိုးမှာ ဘုရားသခင်က လူတစ်ဦးချင်းစီအတွက် မတူညီသည့် စစ်ဆေးချက်များ သုံးပါသော်လည်း၊ အာဗြဟံထံ၌ ဘုရားသခင်က သူအလိုရှိသည့်အရာကို မြင်ခဲ့သည်။ အာဗြဟံ၏ နှလုံးသားက မှန်ကန်ပြီး သူ၏နာခံမှုက အကြွင်းမဲ့ဖြစ်သည်ကို တွေ့ခဲ့သည်။ ဤ “အကြွင်းမဲ့” မှာ ဘုရားသခင် လိုချင်သည့်အရာပင် ဖြစ်သည်။ လူများက ဤအရာကို ကျွန်ုပ်ပေးလှူပြီးပြီ၊ ထိုအရာကို ကျွန်ုပ်စွန့်လွှတ်ပြီးပြီ ဘုရားသခင် ကျွန်ုပ်ကို အဘယ်ကြောင့် မကျေနပ်သနည်းဟု မကြာမကြာပြောတတ်သည်။ စစ်ဆေးမှုများ အဘယ်ကြောင့် ကျွန်ုပ်ကို လုပ်နေသေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို စစ်ဆေးနေသေးသနည်းဟု မကြာမကြာပြောတတ်ကြသည်။ ဤအရာက အချက်တချက်ကို ပြသည်။ ဘုရားသခင်က သင့်နှလုံးသားကို မမြင်သေး။ သင့်နှလုံးသားကို သူမရသေး။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အာဗြဟံက သူ၏သားကို သူ့လက်နှင့်သတ်ဖို့ ဓားကိုကိုင်မြှောက်ပြီး ဘုရားသခင်ကို ပူဇော်ဖို့လုပ်သောအချိန်ကကဲ့သို့ ထိုရိုးသားမှုကို သူမတွေ့သေး။ သူက သင်၏အကြွင်းမဲ့နာခံမှုကို မတွေ့သေး။ သင့်အားဖြင့် နှစ်သိမ့်ခြင်းကို မခံရသေး။ ဤသို့ဆိုလျှင် ဘုရားသခင် သင့်ကို စမ်းသပ်နေသည်မှာ သဘာဝကျသည်။ ယင်းက မမှန်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

အမှာစကား ချန်ခဲ့မည်