စာရင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၅ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၅
00:00/ 00:00

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၅

00:00
00:00

ယေရှုသည် လူငါးထောင်ကို အစာကျွေးမွေး၏

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၈-၁၃ ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက်များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း ဟုလျှောက်၏။ ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။ ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကိုလူများလိုချင်သမျှ ဝေငှကြ၏။ ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။

“မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်” ဆိုသည်မှာ မည်ကဲ့သို့ အယူအဆမျိုးနည်း။ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်က ပုံမှန်ဆိုလျှင် လူဘယ်နှစ်ယောက်အတွက် လုံလောက်သနည်း။ ပုံမှန်လူတစ်ယောက် စားသောအပေါ်မှာ အခြေခံပြီး သင်တို့ တိုင်းတာကြည့်လျှင် လူနှစ်ယောက်စာအတွက်ပင် လုံလောက်ပါလိမ့်မည်။ ၎င်းက မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်၏ အခြေခံအကျဆုံး အယူအဆဖြစ်သည်။ သို့သော်လည်း မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို လူဘယ်နှစ်ယောက်ကို ကျွေးသည်ဟု ဤစာပိုဒ်မှာ ရေးထားသနည်း။ ကျမ်းစာမှာ ဤကဲ့သို့ မှတ်တမ်းတင်ထား၏။ “ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။” မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်နှင့် ယှဉ်ကြည့်လျှင် လူငါးထောင်က များသလော။ အရေအတွက်က အလွန်များနေခြင်းက ဘာအဓိပ္ပာယ်နည်း။ လူသားရှုထောင့်မှကြည့်လျှင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို လူငါးထောင်ခွဲဝေရန် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ကွာခြားချက်က အလွန်များသည်။ လူတိုင်းက ခပ်သေးသေး တစ်ကိုက်သာကိုက်လျှင်ပင် လူငါးထောင်အတွက် လောက်မည်မဟုတ်ချေ။ သို့သော်လည်း ဤနေရာမှာ သခင်ယေရှုက အံ့ဖွယ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။ သူသည် လူငါးထောင်ကို ဗိုက်ပြည့်အောင် စားရရုံမက အပိုပါထွက်အောင် လုပ်ခဲ့သည်။ ကျမ်းစာမှာ ဤကဲ့သို့ဖော်ပြသည်။ “ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။” ဤအံ့သြဖွယ်ရာဆန်းကြယ်မှုသည် လူတို့ကို သခင်ယေရှု၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို မြင်စေပြီး ဘုရားသခင်အတွက် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဟုဆိုသည်ကိုလည်း မြင်စေခဲ့သည်။ ဘုရားသခင်၏ အဆုံးအစမရှိသော ဘုန်းတန်ခိုးကို သူတို့ မြင်ခဲ့သည်။ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်က လူငါးထောင်ကိုကျွေးရန် လုံလောက်ခဲ့သည်။ သို့သော်လည်း ဘာအစားအစာမှ မရှိခဲ့လျှင် ဘုရားသခင်က လူငါးထောင်ကို ကျွေးနိုင်ပါမည်လော။ ကျွေးနိုင်သည်။ ၎င်းသည် အံ့သြဆန်းကြယ်သော အရာတစ်ခုဖြစ်၏။ ထို့ကြောင့် သေချာပေါက် လူတို့သည် ဤသည်ကို ဉာဏ်မမီနိုင်ဘူးဟု ခံစားခဲ့ရပြီး အလွန်အံ့သြစရာကောင်းပြီး ထူးခြားဆန်းကြယ်သည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ဘုရားသခင်အတွက်က ဤကဲ့သို့အရာမျိုးကို လုပ်ဆောင်ခြင်းက ဘာမျှမဟုတ်သေးပေ။ ၎င်းက ဘုရားသခင်အတွက် သာမန်ပင်ဖြစ်သောကြောင့် ဘာကြောင့် ဤတစ်ခုကိုပင် အဓိပ္ပာယ်ဖွင့်ရန် ယူသနည်း။ အဘယ့်ကြောင့်ဆိုသော် ဤအံ့သြဖွယ်နောက်မှာ တည်ရှိသည်မှာ လူသားမျိုးနွယ်က တစ်ခါမျှ မတွေ့ရှိသေးသော သခင်ယေရှု၏ အလိုတော်ပါဝင်သည်။

ပထမဆုံး ဤ လူငါးထောင်က မည်ကဲ့သို့လူမျိုးများဖြစ်သနည်းဆိုသည်ကို နားလည်ရန် ကြိုးစားကြည့်ကြမည်။ သူတို့က သခင်ယေရှု၏ နောက်လိုက်တို့ ဟုတ်သလော။ ကျမ်းစာမှာ သူတို့သည် သူ၏နောက်လိုက်တို့မဟုတ်ဘူးဆိုသည်ကို ငါတို့သိကြသည်။ သခင်ယေရှု မည်သူဆိုသည်ကို သူတို့သိကြသလော။ လုံးဝ မသိပေ။ အနည်းဆုံး သူတို့ရှေ့မှာရပ်နေသော သူက ခရစ်တော်ဆိုသည်ကို သူတို့ မသိခဲ့ပေ၊ သို့မဟုတ် တချို့က သူ့နာမည်က ဘာဆိုသည်ကို သိချင်သိလိမ့်မည်။ သူလုပ်ခဲ့သမျှတချို့ကို သိမည်၊ သို့မဟုတ် ကြားဖူးလိမ့်မည်။ သူတို့က သတင်းများ၌ ကြားရသော သခင်ယေရှုအကြောင်းကို သိလိုရုံလောက်ပင်ရှိသည်။ သို့သော်လည်း သူတို့က သူ့နောက်ကို လိုက်သည်ဟု သင်တို့ သေချာပေါက် မပြောနိုင်ပေ။ သူ့ကိုနားလည်ရန်ဆိုသည်မှာ ပို၍ပင်မဖြစ်နိုင်ပေ။ သခင်ယေရှုက ဤလူငါးထောင်ကို မြင်သောအခါ သူတို့သည် ဆာလောင်ပြီး သူတို့ဗိုက်ပြည့်အောင် စားရန်ပင် စဉ်းစားနိုင်ကြသည်။ ဤအကြောင်းအရာကြောင့် သခင်ယေရှုသည် သူတို့၏ ဆန္ဒကို ဖြည့်ဆည်းခဲ့သည်။ သူတို့၏ ဆန္ဒကို ဖြည့်ဆည်းသောအခါ သူ့နှလုံးသားထဲ၌ မည်သည်တို့ ရှိနေခဲ့သနည်း။ ဗိုက်ပြည့်သွားအောင်သာ စားချင်နေသော ဤလူတို့အပေါ် သူ့သဘောထားက မည်ကဲ့သို့နည်း။ ဤအချိန်မှာ သခင်ယေရှု၏ အတွေးတို့နှင့် သူ့သဘောထားက ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်သည်။ အစားအစာ လုံလုံလောက်လောက်စားရရန်သာဖြစ်နေသော ဗိုက်ဟာလာဟင်းလင်းနှင့် ဤလူငါးထောင်ကို ရင်ဆိုင်ရသောအခါ၊ သူနှင့်ပတ်သက်ပြီး သိလိုစိတ်တို့၊ မျှော်လင့်ချက်တို့ပြည့်နေသော ဤလူတို့ကို ရင်ဆိုင်ရသောအခါ သခင်ယေရှုသည် သူတို့ကို ကျေးဇူးတော် ချပေးသနားရန် ဤအံ့သြဖွယ်ရာကို အသုံးချရန်သာ စဉ်းစားခဲ့သည်။ သို့သော်လည်း သူတို့ကို သူ၏နောက်လိုက်တို့ဖြစ်လာရန် သူမမျှော်လင့်ခဲ့ပေ။ သူတို့သည် ပျော်ချင်၍သက်သက်ဖြစ်ပြီး ဗိုက်ပြည့်အောင် စားချင်၍သက်သက်ပင် ဆိုသည်ကို သူသိသောအတွက်ဖြစ်သည်။ ထို့ကြောင့် သူ့မှာရှိသမျှနှင့် အကောင်းဆုံးလုပ်ခဲ့ပြီး လူငါးထောင်ကို ကျွေးရန် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို အသုံးပြုခဲ့သည်။ ဖြေဖျော်မှုကို နှစ်သက်သောလူတို့၊ အံ့သြဖွယ်ရာတို့ကို ကြည့်လိုသောသူတို့၏ မျက်လုံးကို သူဖွင့်ခဲ့ပြီး လူ့ဇာတိခံယူထားသော ဘုရားသခင် ပြီးမြောက်အောင်လုပ်နိုင်သော အရာတို့ကို သူတို့၏ မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရသည်။ သခင်ယေရှုက သူတို့၏ သိလိုစိတ်ကို ဖြည့်ဆည်းရန် သိသာမြင်သာသော အရာတစ်ခုကို အသုံးပြုခဲ့သော်လည်း ဤလူငါးထောင်က အစာကောင်းကောင်းစားလိုခြင်းသက်သက်ပင်ဆိုသည်ကို သူ့နှလုံးသားထဲ၌ သူသိနေခဲ့သည်။ ထို့ကြောင့် သူ ဘာမျှမပြောခဲ့ပေ၊ သို့မဟုတ် သူတို့ကို ဘာမျှ တရားမဟောခဲ့ပေ။ ဤအံ့သြဖွယ်ရာကိုသာ သူတို့ကို မြင်စေခဲ့သည်။ သူ့နောက်ကို အမှန်တကယ်လိုက်သော သူ၏တပည့်တော်တို့ကို သူဆက်ဆံသကဲ့သို့ ဤလူတို့ကို လုံးဝ ဆက်ဆံ၍မရပေ။ သို့သော်လည်း ဘုရားသခင်၏ နှလုံးသားမှာ ဖန်ဆင်းခံအားလုံးက သူ၏ စည်းမျဉ်းအောက်မှာဖြစ်ပြီး လိုအပ်သောအခါ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရစေရန် သူ့မြင်ကွင်းမှာရှိသော ဖန်ဆင်းခံအားလုံးကို သူခွင့်ပြုမည်ဖြစ်သည်။ ဤလူတို့က သူမည်သူဆိုသည်ကို မသိသော်လည်း၊ သို့မဟုတ် သူ့ကို နားမလည်သော်လည်း၊ သို့မဟုတ် သူ့ကို မည်ကဲ့သို့ သီးသန့် အမြင်တစ်ခုမျှ မရှိသော်လည်း၊ သို့မဟုတ် မုန့်တို့နှင့် ငါးကို သူတို့စားပြီးသည့်တိုင် သူ့ကို ကျေးဇူးတင်ခြင်း မရှိသော်လည်း၊ ၎င်းက ဘုရားသခင် အရေးစိုက်သော အရာမဟုတ်ပေ။ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရန် ဤလူတို့ကို အလွန်ကောင်းသော အခွင့်အလမ်းတစ်ခုကို သူပေးခဲ့သည်။ ဘုရားသခင်က သူလုပ်သောအရာတို့မှာ စည်းရှိပြီး မယုံကြည်သူတို့ကို ကြည့်ရှုခြင်း၊ သို့မဟုတ် ကာကွယ်ခြင်း မပြုလုပ်ပေ၊ အထူးသဖြင့် သူ၏ကျေးဇူးတော်ကို ခံစားရရန် သူတို့ကို အခွင့်မပေးဘူးဟု လူတချို့တို့က ပြောကြသည်။ အမှန်တကယ်ပင် ဤကဲ့သို့လော။ ဘုရားသခင်၏ အမြင်မှာ သူကိုယ်တိုင်ဖန်ဆင်းခဲ့သော သက်ရှိ ဖန်ဆင်းခံတို့ဖြစ်နေသရွေ့ သူတို့ကို စီမံပြီး ဂရုစိုက်ပါလိမ့်မည်။ သူတို့ကို ကျွေးမွေးလိမ့်မည်။ သူတို့အတွက် စီစဉ်လိမ့်မည်။ သူတို့ကို မတူညီသော နည်းလမ်းတို့နှင့် အုပ်ချုပ်လိမ့်မည်။ ၎င်းတို့က အရာအားလုံးအပေါ်မှာ ဘုရားသခင်၏ အတွေးများနှင့် စိတ်သဘောထားဖြစ်သည်။

မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို စားခဲ့သော လူငါးထောင်သည် သခင်ယေရှုနောက်ကိုလိုက်ရန် မစီစဉ်ခဲ့သော်လည်း သခင်ယေရှုသည် သူတို့ကို မတင်းကြပ်ခဲ့ပေ။ သူတို့ ဗိုက်ပြည့်အောင်စားပြီးသည်နှင့် သခင်ယေရှု ဘာလုပ်ခဲ့သည်ဆိုသည်ကို သင်သိသလော။ သူတို့ကို တစ်ခုခု တရားဟောခဲ့သလော။ ဤသည်ကိုလုပ်ပြီးနောက် သူဘယ်ကိုသွားသနည်း။ သခင်ယေရှုက သူတို့ကို တစ်ခုခုပြောသည်ဟု ကျမ်းစာ၌ မှတ်တမ်းတင်မထားပေ။ သူ၏ အံ့သြဖွယ် ပြီးမြောက်သွားသောအခါ သူတိတ်တဆိတ် ထွက်ခွာသွားသည်။ သို့ဆိုလျှင် ဤလူတို့အတွက် သတ်မှတ်ချက်တို့ သူပြုလုပ်ခဲ့သလော။ မုန်းတီးခြင်းတစ်ခုခု ရှိသလော။ ၎င်းတို့ တစ်ခုမျှ မရှိပေ။ သူ့နောက်ကိုမလိုက်သူတို့ကို သူအာရုံမစိုက်လိုတော့ခြင်းသက်သက်ပင်ဖြစ်သည်။ တဖန် ဤအချိန်မှာ သူ့နှလုံးသားသည် နာကျင်နေသည်။ အဘယ့်ကြောင့်ဆိုသော် ပျက်ဆီးနေသော လူသားမျိုးနွယ်ကို သူမြင်ပြီးပြီ။ သူ့အပေါ် လူသား၏ ငြင်းပယ်မှုကို သူခံစားခဲ့ရပြီးပြီ။ ဤလူတို့ကို သူမြင်သောအခါ၊ သို့မဟုတ် သူတို့နှင့် အတူရှိနေသောအချိန်မှာ လူသား၏ တုံးအမှုနှင့် အသိမဲ့မှုတို့က သူ့ကို အလွန်ကို ဝမ်းနည်းစေပြီး သူ့နှလုံးသားကို နာကျင်စေသည်။ ထို့ကြောင့် ဤလူတို့ကို တတ်နိုင်သမျှ အမြန်ဆုံးပင် ထားခဲ့လိုသည်။ သခင်က သူ့နှလုံးသားထဲ၌ သူတို့အတွက် ဘာသတ်မှတ်ချက်မျှ မရှိခဲ့ပေ။ သူတို့ကို သူအာရုံမစိုက်လိုခဲ့ပေ။ အထူးသဖြင့် သူတို့အပေါ်မှာ သူ၏ စွမ်းအင်ကို အသုံးမချလိုပေ။ သူတို့က သူ့နောက်ကိုမလိုက်နိုင်ဘူးဆိုသည်ကို သူသိခဲ့သည်။ ဤကဲ့သို့ဖြစ်နေသော်လည်း သူတို့အပေါ်၌ ထားသော သူ့သဘောထားက အလွန်ရှင်းလင်းနေပါသေးသည်။ သူတို့ကို သူက ကျေးဇူးတော်ချပေးသနားရန် ကြင်နာစွာ ဆက်ဆံချင်ရုံသက်သက်ဖြစ်သည်။ ၎င်းက သူ့အုပ်စိုးမှုအောက်မှာရှိသော ဖန်ဆင်းခံတိုင်းအပေါ် ဘုရားသခင်၏ သဘောထားဖြစ်သည်။ ဖန်ဆင်းခံတိုင်းအတွက် သူတို့ကို ကြင်ကြင်နာနာဆက်ဆံသည်။ ထောက်ပံ့သည်။ ပြုစုစောင့်ရှောက်သည်။ သခင်ယေရှုက လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ခြင်းကြောင့် သူသည် ဘုရားသခင်ကိုယ်တိုင်၏ အနှစ်သာရကို အလွန်ပင် သဘာဝကျစွာဖြင့် ဖွင့်ပြပြီး ဤလူတို့ကို ကြင်ကြင်နာနာနှင့် ဆက်ဆံခဲ့သည်။ သူတို့ကို သနားကြင်နာသော နှလုံးသားနှင့် သည်းခံခြင်းနှင့် ကြင်ကြင်နာနာ ဆက်ဆံခဲ့သည်။ သခင်ယေရှုကို ဤလူတို့က မည်ကဲ့သို့ပင်မြင်ပါစေ၊ မည်ကဲ့သို့သောရလဒ်တို့ပင် ရလာပါစေ၊ ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင်အဖြစ် သူ၏နေရာကို အခြေခံပြီး ဖန်ဆင်းခံတိုင်းကို ဆက်ဆံခြင်းသက်သက်ပင်ဖြစ်သည်။ သူဖွင့်ပြသောအရာက ခြွင်းချက်မရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုက တိတ်တဆိတ်နှင့် တစ်ခုခုလုပ်ခဲ့သည်။ ထို့နောက် တိတ်တဆိတ်နှင့် ထွက်ခွာသွားခဲ့သည်။ ၎င်းက ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်လက္ခဏာသွင်ပြင်နည်း။ ၎င်းက ဘုရားသခင်၏ ချစ်ခင်ကြင်နာခြင်းဟု သင်တို့ ဆိုနိုင်သလော။ ဘုရားသခင်က တစ်ကိုယ်ကောင်းမဆန်ဘူးဟု သင်ဆိုနိုင်မည်လော။ သာမန်လူတစ်ယောက်က ဤသည်ကို လုပ်နိုင်သလော။ လုံးဝ မလုပ်နိုင်ပေ။ တကယ့်အနှစ်သာရမှာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်နှင့် သခင်ယေရှုကျွေးခဲ့သော ဤလူငါးထောင်က မည်သူတို့နည်း။ သူတို့သည် သခင်ယေရှုနှင့် ကိုက်ညီသောလူတို့ဟု သင်တို့ ဆိုနိုင်သလော။ သူတို့အားလုံးက ဘုရားသခင်ကို ဆန့်ကျင်သူတို့ဟု ဆိုနိုင်သလော။ သူတို့သည် သခင်နှင့် ကိုက်ညီမှု မရှိဘူးဟု သေချာပေါက် ပြောနိုင်၏။ တဖန် သူတို့၏ အနှစ်သာရသည် ဘုရားသခင်ကို လုံးဝဆန့်ကျင်သည်။ သို့သော်လည်း ဘုရားသခင်က သူတို့ကို မည်ကဲ့သို့ ဆက်ဆံခဲ့သနည်း။ ဘုရားသခင်အပေါ် လူတို့၏ ရန်လိုမှုကို ထိန်းရန် နည်းလမ်းတစ်ခုကို သူအသုံးပြုခဲ့သည်။ ထိုနည်းလမ်းကို “ကြင်နာခြင်း” ဟုခေါ်သည်။ ၎င်းသည် သခင်ယေရှုက သူတို့ကို အပြစ်သားတို့အဖြစ် မြင်သော်လည်း မည်ကဲ့သို့ပင်ဖြစ်ဖြစ် ဘုရားသခင်၏ အမြင်မှာ သူတို့သည် သူ၏ ဖန်ဆင်းခြင်းတို့ပင်ဖြစ်သည်။ ထို့ကြောင့် ဤအပြစ်သားတို့ကို ကြင်ကြင်နာနာနှင့် သူဆက်ဆံဆဲပင်ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏သည်းခံခြင်းဖြစ်ပြီး ဤသည်းခံခြင်းက ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာနှင့် အနှစ်သာရအားဖြင့် သတ်မှတ်သည်။ ထို့ကြောင့် ၎င်းသည် ဘုရားသခင်က ဖန်ဆင်းခဲ့သော မည်သည့်လူသားကမျှ လုပ်နိုင်သော အရာမဟုတ်ပေ။ ဘုရားသခင်သာလျှင် လုပ်နိုင်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

အမှာစကား ချန်ခဲ့မည်