စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - ဘုရားသခင်ရှေ့မှောက် ကျွန်တော် ချီဆောင်ခံလိုက်ရပြီ

1,083 29/01/2021

ခရစ်ယာန်တစ်ယောက်ဖြစ်သော အဓိကဇာတ်ကောင်သည် သူ၏သင်းအုပ် ပြောလေ့ရှိသောအရာတစ်ခုကို မကြာမကြာ ကြားခဲ့ရသည်။ သခင် ပြန်လာသည့်အခါ ယုံကြည်သူများကို မိုးတိမ်များဆီ ချီဆောင်မည်ဖြစ်ပြီး၊ ၎င်းတို့သည် အာကာသကောင်းကင်၌ ကိုယ်တော်နှင့် ဆုံတွေ့ရလိမ့်မည်ဟူ၍ ဖြစ်သည်။ သူသည် မိတ်ဆွေတစ်ယောက်၏ သက်သေခံချက်တစ်ခုကိုလည်း အခွင့်ကြုံ၍ ကြားရပြန်သည်။ သခင်ယေရှုက သမ္မာတရားကို ဖော်ပြရန်၊ ဘုရားအိမ်တော်မှ စတင်သော တရားစီရင်ခြင်းအမှုကို ပြုရန်အတွက် ပြန်ကြွလာပြီဟူ၍ ဖြစ်၏။ သူလည်း အံ့သြမိကာ၊ “ငါတို့အားလုံးက ကမ္ဘာမြေကြီးပေါ်မှာ ရှိနေတုန်းပဲ။ ချီဆောင်မခံကြရသေးဘူး။ ဒါဆို သခင်ယေရှု ပြန်ကြွလာပြီဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ” ဟု တွေးတောမိသည်။ နောက်ပိုင်းတွင် သူ တွေ့မိသည်မှာ၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ကိုယ်တွေ့သက်သေခံချက်များအပြင် ရုပ်ရှင်ဗီဒီယိုအများအပြားကိုပါ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ယင်းတို့အားလုံးမှာ ဘုရားသခင်ကို သက်သေခံခြင်းဖြစ်၍၊ သူလည်း မစူးစမ်းဘဲမနေနိုင်အောင် ဖြစ်လာရသည်။ သူ့ကိုယ်သူလည်း စဉ်းစားကြည့်သည်၊ “ဘုရားသခင်ဆီက လာတဲ့အရာဟာ သေချာပေါက် တိုးတက်ရှင်သန်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က တော်တော် မြန်မြန်ဆန်ဆန် ကြီးထွားနေတာပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်နိုင်လား။” ရှာဖွေစူးစမ်းခြင်းများမှတစ်ဆင့် သူ တွေ့လာရသည်မှာ၊ ကျမ်းစာထဲ၌ ဘုရားသခင်၏ နိုင်ငံတော်သည် မြေကြီးပေါ် ဆင်းသက်လိမ့်မည်ဟု ပရောဖက်ပြုသော ကျမ်းပိုဒ်အများအပြား ရှိနေခြင်းဖြစ်သည်။ နောက်ဆုံးတွင်မူ သူသည် ချီဆောင်ခြင်း၏ အဓိပ္ပာယ်အစစ်အမှန်ကို နားလည်ကာ၊ သခင် ပြန်လာခြင်းကို ကြိုဆိုမိတော့သည်။

အမှာစကား ချန်ခဲ့မည်