စာရင်း

စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို နောက်တစ်ကြိမ် အသုံးပြုသည့်အခါတွင် လူသားတို့၏ ရာသီများ၊ နေ့များ၊ နှစ်များ ပေါ်ပေါက်လာသည်

ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်တို့ကို ပြီးပြည့်စုံစေရန် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။ ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို ဖြတ်သန်းခဲ့သည်။ ဤသုံးရက်အတွင်းတွင် ဘုရားသခင်သည် အလုပ်ရှုပ်သည့်ပုံ၊ မောပန်းသည့်ပုံမရှိဘဲ သူ့အစီအစဉ်၏ အံ့သြဖွယ်ပထမသုံးရက်ကို ဖြတ်သန်းခဲ့ပြီး ကမ္ဘာ၏ အခြေခံကျသော ပြောင်းလဲခြင်းဖြစ်သည့် ကြီးမားသည့် ဆောင်ရွက်မှုကြီးကို ပြီးမြောက်ခဲ့သည်။ အသစ်စက်စက် ကမ္ဘာသည် သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး သူ၏အတွေးထဲတွင် ပိတ်ဖုံးထားသည့် လှပသည့် ရုပ်ပုံကားချပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် အစိတ်အပိုင်းတစ်ခုချင်းစီ ပေါ်ထွက်လာခဲ့သည်။ အရာဝတ္ထု အသစ်များ ပေါ်ထွက်လာသည့်ပုံစံမှာ မွေးကင်းစကလေးတစ်ဦး မွေးဖွားလာသကဲ့သို့ဖြစ်ပြီး ဖန်ဆင်းရှင်သည် တစ်ချိန်က သူ့အတွေးထဲတွင်သာရှိခဲ့ပြီး ယခု သက်ဝင်လှုပ်ရှားလာသည့် ပုံစံအပေါ်တွင် ကျေနပ်အားရလေသည်။ ဤအချိန်တွင် သူ့နှလုံးသားသည် ကျေနပ်မှု အနည်းငယ်ကို ရခဲ့သည်။ သို့ရာတွင် သူ၏အစီအစဉ်သည် အစပြုစသာရှိခဲ့သေးသည်။ မျက်စိတမှိတ် အတွင်းတွင် နေ့သစ်တစ်ခု ရောက်ရှိလာခဲ့သည်— ဖန်ဆင်းရှင်၏ အစီအစဉ်တွင် နောက်စာမျက်နှာက အဘယ်အရာဖြစ်သနည်း။ သူအဘယ်အရာကို ပြောခဲ့သနည်း။ သူ၏သြဇာအာဏာကို မည်သို့ အသုံးပြုခဲ့သနည်း။ တစ်ချိန်တည်းတွင်ပင် မည်သည့်အရာဝတ္ထု အသစ်များက ဤကမ္ဘာသစ်ဆီသို့ ရောက်ရှိလာခဲ့သနည်း။ ဖန်ဆင်းရှင်၏ လမ်းညွှန်မှုနောက်တွင် အရာအားလုံးအပေါ် ဘုရားသခင်၏ ဖန်ဆင်းခြင်း လေးရက်မြောက်နေ့အပေါ်ကို အာရုံစူးစိုက်လာပါပြီ။ နောက်ထပ် အသစ်စတင်သည့် နေ့တစ်နေ့ ဖြစ်သည်။ ဖန်ဆင်းရှင်အတွက်မူ နောက်ထပ် အံ့သြဖွယ် နေ့တစ်နေ့ဖြစ်ပြီး ယနေ့ လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည့် နောက်ထပ်နေ့တစ်နေ့ပင်ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ အဖိုးမဖြတ်နိုင်သည့် နေ့တစ်နေ့ပင် အမှန်ဖြစ်သည်။ ယင်းနေ့သည် မည်ကဲ့သို့ အံ့သြစရာကောင်း သနည်း။ မည်ကဲ့သို့ အလွန် အရေးကြီးသနည်း။ မည်ကဲ့သို့ တန်ဖိုးဖြတ်၍မရသနည်း။ ဖန်ဆင်းရှင် မိန့်ကြားသည့် နှုတ်ကပတ်တော်တို့ကို ဦးစွာကြားနာကြစို့။

“တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌ တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော် ရှိသည့်အတိုင်းဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၁၄-၁၅) ဤသည်မှာ ကမ္ဘာပေါ်တွင် ခြောက်သွေ့သည့်ကုန်းမြေနှင့် အပင်များကို ဖန်ဆင်းပြီးနောက်တွင် ဖန်ဆင်းခံများ ထင်ရှားပြသခဲ့သည့် ဘုရားသခင်၏သြဇာအာဏာကို နောက်တစ်ခါ အသုံးပြုခြင်း ဖြစ်သည်။ ဘုရားသခင်အတွက် ဤကဲ့သို့သောအပြုအမူမျိုးက အလားတူပင် လွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်တွင် ဤကဲ့သို့သော တန်ခိုးရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်သည်။ သူ၏နှုတ်ကပတ်တော်သည် ပြီးပြည့်စုံလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်တွင် အလင်းအိမ်ဖြစ်ပေါ်စေရန် အမိန့်ပေးခဲ့ပြီး ဤအလင်းအိမ်သည် ကောင်းကင်နှင့်မြေကြီးတွင် ထွန်းလင်းခဲ့ ရုံမက နေ့နှင့်ည၊ ရာသီဥတု၊ နေ့ရက်များ၊ နှစ်များ၏ သင်္ကေတ အနေနှင့်လည်း အစေခံခဲ့သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို မိန့်ကြားလိုက် သည့်အခါတွင် ဘုရားသခင်ပြီးမြောက်လိုသည့် လုပ်ဆောင်ချက် တိုင်းသည် ဘုရားသခင်ချမှတ်ခဲ့သည့်ပုံစံနှင့် ဘုရားသခင်၏ ဆိုလိုချက်အတိုင်း ပြည့်စုံခဲ့သည်။

ကောင်းကင်တွင်ရှိသည့် အလင်းအိမ်သည် အလင်း ထုတ်လွှတ်နိုင်သည့် အရာဝတ္ထုဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ကို ထွန်းလင်းစေနိုင်သည်။ မြေကြီးနှင့် ပင်လယ်ကို ထွန်းလင်းစေနိုင်သည်။ ဘုရားသခင်အမိန့်ပေးသည့် စည်းချက်နှင့် ကြိမ်နှုန်းအရ လည်ပတ်ကြပြီး ကုန်းမြေပေါ်၌ မတူညီသည့် အချိန်ကာလများတွင် အလင်းပေးပြီး ဤနည်းလမ်းအားဖြင့် အလင်း၏ လည်ပတ်ခြင်းစက်ဝိုင်းက ကုန်းမြေ၏အရှေ့နှင့် အနောက်တွင် နေ့နှင့် ညကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့သည် နေ့နှင့်ညအတွက် သင်္ကေတအနေနှင့်သာ မဟုတ်ဘဲ ဤမတူညီသည့် စက်ဝန်းများမှတစ်ဆင့် လူသားမျိုးနွယ်၏ ပွဲတော်များ၊ အမျိုးမျိုးသော အထူးနေ့ရက်များကိုလည်း မှတ်သားပေးသည်။ ၎င်းတို့သည် ဘုရားသခင်ပြုလုပ်ခဲ့သည့် လေးရာသီဖြစ်သော— နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီတို့အတွက်— ပြီးပြည့်စုံသည့် ဖြည့်စွက်မှုနှင့် လိုက်ဖက်မှုဖြစ်ပြီး လူသားမျိုးနွယ်တို့၏ လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များအတွက် ပုံမှန်ဖြစ်ပြီး တိကျသည့် အမှတ်အသားအနေနှင့် လိုက်ဖက်ညီစွာ အတူတကွ အစေခံသည်။ လူသားတို့ လယ်ယာစိုက်ပျိုးရေး ဖြစ်ပေါ်ပြီးနောက် တွင်သာ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အလင်းအိမ်ကြောင့်ဖြစ်ပေါ် ခဲ့သည့် လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များ ခွဲခြားခြင်းကို လူသားတို့ ကြုံတွေ့ပြီး စတင်နားလည် လာခြင်းဖြစ်သော်လည်း၊ အမှန်တကယ်တွင် ယနေ့ လူတို့နားလည်သည့် လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များသည် အရာအားလုံးအပေါ် ဘုရားသခင်၏ဖန်ဆင်းခြင်း လေးရက်မြောက်နေ့တွင်ကတည်းက ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ပင် လူသားတို့ တွေ့ကြုံရသည့် နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့၏ ပြောင်းလဲခြင်း စက်ဝန်းများသည် အရာအားလုံးအပေါ် ဘုရားသခင်၏ ဖန်ဆင်းခြင်း လေးရက်မြောက်နေ့ကတည်းက ဖြစ်ပေါ်ခဲ့သည်မှာ ကြာလှပေပြီ။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အလင်းအိမ်သည် လူသားများ အတွက် နေ့နှင့်ညအကြား ပုံမှန်၊ တိကျစွာနှင့် ရှင်းရှင်းလင်းလင်း ခွဲခြားစေနိုင်ခဲ့ပြီး နေ့ရက်များကို ရေတွက်နိုင်စေခဲ့ကာ လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နှစ်များကို ရှင်းလင်းစွာ မှတ်သားနိုင်စေခဲ့သည်။ (လပြည့်နေ့သည် တစ်လပြည့်သည့်နေ့ ဖြစ်ပြီး ဤအချက်မှ အလင်းအိမ်၏တောက်ပခြင်းက စက်ဝန်းအသစ်တစ်ခုစပြီဆိုသည်ကို လူသားက သိရှိခဲ့သည်။ လနှင့်ပတ်သက်သည့်ကာလအသစ်စတင်ပြီဟု လူသားကို ပြောလိုက်သည့် လတစ်ဝက်ရှိသည့်နေ့သည် တစ်လ၏တစ်ဝက်ကို ရောက်သည့်နေ့ဖြစ်ပြီး ဤအချက်မှ လနှင့်ပတ်သက်သည့်ကာလ တစ်ခုတွင် ဘယ်နှစ်ရက် ဘယ်နှစ်ညရှိသည်၊ ရာသီတစ်ခုတွင် လနှင့်ပတ်သက်သည့်ကာလ ဘယ်နှစ်ခုရှိသည်၊ တစ်နှစ်တွင် ရာသီမည်မျှရှိသည်ဆိုသည်ကို သိရှိနိုင်ပြီး အားလုံးသည် ပုံမှန်ဖြစ်ပေါ်ပြသနေသည်။) ထို့ကြောင့် လူသားသည် အလင်း လှည့်ပတ်ခြင်းအားဖြင့် မှတ်သားထားသည့် လနှင့် သက်ဆိုင်သည့်အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များကို လွယ်လွယ်ကူကူနှင့် မှတ်သားသိရှိနိုင်ခဲ့သည်။ ဤအချိန်မှစပြီး လူသားမျိုးနွယ်နှင့် အရာအားလုံးသည် အလင်းလှည့်ပတ်ခြင်း အားဖြင့် ဖြစ်ပေါ်သည့် ရာသီဥတုပြောင်းလဲခြင်းများ၊ နေ့နှင့်ည ပုံမှန်ပြောင်းလဲခြင်းများကြားတွင် သတိမမူမိဘဲ အသက်ရှင်ခဲ့ ကြသည်။ ဤသည်မှာ လေးရက်မြောက်နေ့တွင် ဖန်ဆင်းရှင်၏ အလင်းအိမ်ကိုဖန်ဆင်းခြင်း၏ အရေးပါမှုဖြစ်သည်။ အလားတူပင် ဖန်ဆင်းရှင်၏ ဤလုပ်ဆောင်ချက်၏ ဦးတည်ချက်နှင့် အရေးပါမှုတို့သည် သူ၏သြဇာအာဏာနှင့် တန်ခိုးတို့နှင့် ခွဲခြား၍ မရပေ။ ထို့ကြောင့် ဘုရားသခင် ပြုလုပ်ခဲ့သည့် အလင်းအိမ်နှင့် ဤအလင်းအိမ်က လူသားအပေါ်ကို မကြာမီသယ်ဆောင်လာမည့် တန်ဖိုးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးချခြင်း၏ နောက်ထပ်ပိုင်နိုင်မှုတစ်ခုဖြစ်သည်။

ဤကမ္ဘာသစ်တွင် လူသားမျိုးနွယ်ပေါ်ထွက်လာရန် ကျန်ရှိသေးသည့်နေရာတွင် ဖန်ဆင်းရှင်သည် မကြာခင်တွင် သူဖန်ဆင်းမည့် သက်ရှိအသစ်အတွက် ညနေနှင့်မနက်၊ မိုးမျက်နှာကြက်၊ ကုန်းမြေနှင့်ပင်လယ်၊ မြက်ပင်၊ ဆေးပင်နှင့် အမျိုးမျိုးသော သစ်ပင်များ၊ အလင်းအိမ်၊ ရာသီဥတု၊ နေ့ရက်များ၊ နှစ်များကို ပြင်ဆင်ပြီးချေပြီ။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် သူဖန်ဆင်းခဲ့သည့် အရာဝတ္ထုအသစ် တစ်ခုစီတိုင်းတွင် ဖော်ပြနေသည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များနှင့် ပြီးမြောက်မှုများသည် အနည်းငယ်မျှပင် ရပ်တန့်ခြင်းမရှိ၊ အနည်းငယ်မျှပင် မကိုက်ညီမှုမရှိဘဲ တစ်ပြိုင်နက်ဖြစ်ပေါ်ခဲ့သည်။ ဤအရာဝတ္ထုအသစ်များအားလုံး ပေါ်ပေါက်လာခြင်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ သက်သေဖြစ်သည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်သည်။ သူ၏ နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ပြီးမြောက်မှုသည်လည်း ထာဝရတည်သည်။ ဤအချက်က မည်သည့်အခါမျှ မပြောင်းလဲပေ။ အတိတ်တွင် ထိုကဲ့သို့သာ ဖြစ်ခဲ့ပြီး ယနေ့တွင်လည်း ထိုကဲ့သို့သာဖြစ်ကာ ထာဝရကာလတိုင် ထိုကဲ့သို့သာ ဖြစ်လိမ့်မည်။ ဤကျမ်းစာ၏ နှုတ်ကပတ်တော်များကို တစ်ကြိမ်ထပ်ကြည့်လိုက်ပါက ဤနှုတ်ကပတ်တော်များသည် သင်တို့အတွက် လတ်ဆတ်သည်ဟု ထင်ရသလော။ အကြောင်းအရာအသစ်များကို တွေ့မြင်ခဲ့ပြီးပြီလော၊ ထို့ပြင် ရှာဖွေတွေ့ရှိမှုအသစ်များ ပြုခဲ့သလော။ ဤသည်မှာ ဖန်ဆင်းရှင်၏လုပ်ဆောင်ချက်များသည် သင်တို့၏နှလုံးသားကို ဝင်ရောက်မွှေနှောက်ခဲ့သည့်အတွက်ကြောင့်ဖြစ်ပြီး သူ၏သြဇာအာဏာနှင့် တန်ခိုးအပေါ် သင်တို့၏သိမြင်မှု ဦးတည်ချက်ကို လမ်းညွှန်ပေးခဲ့ပြီး သင်တို့ကို ဖန်ဆင်းရှင်အပေါ် နားလည်နိုင်စေခဲ့သည်။ ထို့ပြင် သူ၏လုပ်ဆောင်မှုများနှင့် သြဇာအာဏာတို့သည် ဤနှုတ်ကပတ်တော်တို့အပေါ်တွင် အသက်ကို အပ်နှင်းပေးခဲ့သည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်တို့တွင် လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ စစ်မှန်ထင်ရှားသည့် ဖော်ပြချက်ကို တွေ့မြင်ခဲ့ပြီး ဖန်ဆင်းရှင်၏ ထူးမြတ်ခြင်းကို ဧကန်အမှန် မျက်မြင်တွေ့ခဲ့ကာ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ ထူးခြားဆန်းကြယ်မှုကို ရှုမြင်ခဲ့ရသည်။

ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အံ့သြဖွယ်ရာဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေသည်၊ သူသည် လူသား၏ အာရုံစိုက်မှုကို ဆွဲဆောင်ပြီး လူသားသည် ဘုရားသခင်က မိမိသြဇာအာဏာကို အသုံးချမှုမှ ပေါ်ပေါက်လာသည့် အံ့သြဖွယ် လုပ်ဆောင်ချက်များကို မှင်တက်ပြီး ငေးစိုက်မကြည့်ဘဲ မနေနိုင်ပေ။ သူ၏ ထူးခြားဆန်းပြားသည့် တန်ခိုးသည် ကျေနပ်ပျော်ရွှင်မှုများ တစ်ခုပြီးတစ်ခုဖြစ်စေပြီး လူသားသည် ဖမ်းစားခံရလျက် အလွန် ပျော်ရွှင်ကာ လေးစားကြည်ညိုမှုနှင့် ပင့်သက်ရှိက်မောလျက် အံ့သြမှင်တက်ပြီး ကောင်းချီးသြဘာပေး၏။ ထို့အပြင် လူသားသည် သိသိသာသာ စိတ်လှုပ်ရှားလျက် သူ့အထဲတွင် လေးစားမှု၊ ရိုသေလေးမြတ်မှုနှင့် တွယ်တာမှုတို့ ထွက်ပေါ် လာသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် လုပ်ဆောင်မှုတို့သည် လူသား၏ ဝိညာဉ်အပေါ်တွင် ကြီးမားသည့် သက်ရောက်မှုရှိပြီး လူသား၏ ဝိညာဉ်ကို သန့်ရှင်းစေသည့်အပြင် လူသား၏ ဝိညာဉ်ကို ကျေနပ်စေသည်။ သူ၏အတွေးတစ်ခုစီတိုင်း၊ သူ၏မိန့်မြွက်ချက် တစ်ခုစီတိုင်း၊ သူ၏သြဇာအာဏာကို ထုတ်ဖော်မှု တစ်ခုစီတိုင်းသည် အရာအားလုံးကြားတွင် အပြောင်မြောက်ဆုံး လက်ရာဖြစ်ပြီး ဖန်ဆင်းခံဖြစ်သည့် လူသားများ၏ လေးနက်သည့် နားလည်သိမြင်မှုနှင့် အထိုက်တန်ဆုံးဖြစ်သည့် ကြီးမြတ်သည့် ဆောင်ရွက်မှုတစ်ခုဖြစ်သည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်မှ ပေါ်ပေါက်လာသည့် ဖန်ဆင်းခံတိုင်းကို ရေတွက်သည့်အခါတွင် ငါတို့၏ဝိညာဉ်များသည် ဘုရားသခင် တန်ခိုး၏ အံ့သြဖွယ်ရာထံ ဆွဲဆောင်ခံရသည်။ အရာအားလုံးကို ဘုရားသခင်၏ဖန်ဆင်းခြင်း ငါးရက်မြောက်နေ့ဖြစ်သည့် နောက်တစ်နေ့တွင် ငါတို့သည် ဖန်ဆင်းရှင်၏ခြေရာများနောက်ကို လိုက်နေကြတော့သည်။

ဖန်ဆင်းရှင်၏ လုပ်ဆောင်မှုများကို ထပ်ကြည့်ရင်း သမ္မာကျမ်းစာ၏ ကျမ်းပိုဒ်များကို တစ်ပိုဒ်ချင်း ဆက်ဖတ်ကြစို့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

အမှာစကား ချန်ခဲ့မည်