စာရင်း

သူ၏စမ်းသပ်မှုများပြီးသည့်နောက် ယောဘ

ယောဘသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးပြီး ကောင်းချီးမင်္ဂလာများ သို့မဟုတ် ဘေးဒုက္ခ အကြောင်း မတွေးပေ

ယောဘ ၄၂:၇-၉ ထိုသို့ ယေဟောဝါက ယောဘကို ဤစကားများ မိန့်တော်မူပြီးလျှင်၊ တေမန်လူမျိုး ဧလိဖတ်အား ယေဟောဝါက၊ သင်နှင့် သင်၏ မိတ်ဆွေနှစ်ဦးတို့တဘက်၌ ငါသည် အမျက်ထွက်၏၊ အဘယ်ကြောင့်ဆိုသော် ငါ့ကျွန်ယောဘကဲ့သို့ သင်တို့သည် ငါ့အကြောင်းကို မှန်ကန်စွာ ပြောဆိုခြင်းမရှိကြ၊ သို့ဖြစ်၍ ယခု သင်တို့နှင့်အတူ နွားထီးခုနှစ်ကောင်နှင့် သိုးခုနှစ်ကောင်ကို ယူ၍ ငါ့ကျွန်ယောဘထံသို့ သွားပြီးလျှင် ကိုယ်အဘို့ မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ၏ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းပတ္ထနာပြုရလိမ့်မည်၊ ငါသည် သူ့အတွက်ကြောင့် လက်ခံမည်။ သင်တို့သည် ငါ့ကျွန်ယောဘကဲ့သို့ ငါ့အကြောင်း မှန်သောအရာကို မပြောကြသည့် အကြောင်းကြောင့် ငါသည် သင်တို့၏ မိုက်မဲခြင်းနှင့် ပတ်သက်၍ ရိုက်နှက်ဆုံးမမည်ကို စိုးရိမ်စရာရှိ၏ဟု မိန့်တော်မူ၏။ ထို့ကြောင့် တေမန်လူမျိုး ဧလိဖတ်နှင့် ရှုအာလူမျိုး ဗိလဒဒ်၊ နေမတ်လူမျိုး ဇောဖာတို့သည် ထွက်သွား၍ သူတို့အား ယေဟောဝါ မှာထားတော်မူသည်နှင့်အညီ လုပ်ဆောင်ကြ၏။ ယေဟောဝါသည်လည်း ယောဘကို လက်ခံတော်မူ၏။

ယောဘ ၄၂:၁၀ ယောဘသည် မိမိအဆွေတို့အဘို့ ဆုတောင်းပတ္ထနာပြုသောအခါ ယေဟောဝါသည် သူခံရသော ဒုက္ခကို လွတ်ငြိမ်းစေခဲ့ပြီး ယခင်က သူပိုင်ဆိုင်ခဲ့သမျှ ဥစ္စာ၏ နှစ်ဆကို ယေဟောဝါ ပေးတော်မူ၏။

ယောဘ ၄၂:၁၂ ထိုသို့ ယေဟောဝါသည် ယောဘ၏ နောက်ပိုင်းအဆုံးသတ်ကို သူ၏အစပိုင်းထက်သာ၍ ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်၊ နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့လေသည်။

ယောဘ ၄၂:၁၇ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။

ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှု ရှောင်ကြဉ်သောသူများကို ဘုရားသခင်သည် ချစ်ခင်မြတ်နိုးမှုဖြင့် ကြည့်ရှုသော်လည်း၊ မိုက်မဲသောသူများကို အရေးမပါသူများအဖြစ် ဘုရားသခင် မြင်၏

ယောဘ ၄၂:၇-၉ တွင် ဘုရားသခင်က ယောဘသည် သူ၏ အစေခံဖြစ်သည်ဟု ဆိုထားသည်။ ယောဘကို ရည်ညွှန်းဖို့ “အစေခံ” ဟူသော ဝေါဟာရကို သူ၏အသုံးပြုခြင်းသည် သူ၏ စိတ်နှလုံးထဲ၌ ယောဘ၏ အရေးပါမှုကို ထင်ရှားစေသည်။ ဘုရားသခင်သည် ယောဘအား သာ၍ တန်ဖိုးထားသော အရာတစ်ခုအဖြစ် မခေါ်ခဲ့သော်လည်း၊ ဤအမည်နာမသည် ဘုရားသခင်၏ စိတ်နှလုံးအတွင်းရှိ ယောဘ၏ အရေးပါခြင်းနှင့် ဆက်စပ်မှု မရှိခဲ့ပေ။ ဤနေရာတွင် “အစေခံ” ဟူသည်မှာ ယောဘအတွက် ဘုရားသခင်ပေးသည့် ချစ်စနိုးအမည် ဖြစ်သည်။ “ငါ့ကျွန်ယောဘ” ဟူ၍ ဘုရားသခင်၏ ကြိမ်ဖန်များစွာ ရည်ညွှန်းချက်များက ဘုရားသခင်သည် ယောဘနှင့်ပတ်သက်၍ မည်မျှ ကျေနပ် အားရခဲ့သည်ကို ပြသပြီး၊ “အစေခံ” ဟူသော စကားလုံး နောက်ကွယ်မှ အဓိပ္ပာယ်ကို ဘုရားသခင် မပြောခဲ့သော်လည်း၊ “အစေခံ” ဟူသော စကားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သမ္မာကျမ်း၏ ဤကျမ်းပိုဒ်ထဲရှိ သူ၏ နှုတ်ကပတ်တော်များမှ မြင်နိုင်ပေသည်။ တေမန်အမျိုးသား ဧလိဖတ်အား ဘုရားသခင်က၊ “သင်နှင့် သင်၏ မိတ်ဆွေနှစ်ဦးတို့တဘက်၌ ငါသည် အမျက်ထွက်၏၊ အဘယ်ကြောင့်ဆိုသော် ငါ့ကျွန်ယောဘကဲ့သို့ သင်တို့သည် ငါ့အကြောင်းကို မှန်ကန်စွာ ပြောဆိုခြင်းမရှိကြ။” ဟူ၍ ဦးစွာ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များမှာ ယောနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စမ်းသပ်မှုများပြီးသည့်နောက် ယောဘ ပြောခဲ့သမျှနှင့် ပြုခဲ့သမျှအားလုံးကို ဘုရားသခင်က သူလက်ခံကြောင်း ပထမဆုံးအကြိမ် လူတို့အား ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်းဖြစ်ပြီး၊ ယောဘ ပြုခဲ့ပြီးသမျှနှင့် ပြောခဲ့ပြီးသမျှ၏ တိကျမှုနှင့် မှန်ကန်မှုကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း သူအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဧလိဖတ်နှင့် အခြားသူများအား ၎င်းတို့၏ မဟုတ်မှန်သော၊ အဓိပ္ပာယ်မရှိသော အပြောကြောင့်၊ ၎င်းတို့သည် ယောဘကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မမြင်နိုင်ခဲ့ကြသောကြောင့် သို့မဟုတ် ၎င်းတို့၏ အသက်တာများထဲ၌ သူပြောခဲ့သော နှုတ်ကပတ်တော်များကို မကြားနိုင်ခဲ့ကြကြောင့် အမျက် ထွက်ခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အင်မတန် တိကျမှန်ကန်သော အသိတစ်ခု ရှိခဲ့သည်၊ ၎င်းတို့မှာမူ ဘုရားသခင်၏အလိုကို စော်ကားကာ ၎င်းတို့ပြုခဲ့သမျှအားလုံး ဘုရားသခင်၏ စိတ်ရှည်ခြင်းကို စမ်းသပ်ရင်း၊ ဘုရားသခင် အကြောင်းကို ကျိုးကြောင်းမမြင်ဘဲ မှန်းဆရုံ မှန်းဆနိုင်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ ယောဘပြုခဲ့သမျှနှင့် ပြောခဲ့သမျှအားလုံးကို လက်ခံသည်နှင့်အမျှ တစ်ချိန်တည်းတွင်၊ ဘုရားသခင်သည် အခြားသူများအပေါ် အမျက်ထွက်လာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သည့် လက်တွေ့အရှိတရား တစ်ခုတစ်လေမျှ မမြင်နိုင်ခဲ့ဘဲ၊ ၎င်းတို့ ပြောခဲ့သော အရာထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ မကြားခဲ့ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့အား ဆက်လက်၍ အောက်ပါ တောင်းဆိုချက်ကို ပြုခဲ့လေသည်- “သို့ဖြစ်၍ ယခု သင်တို့နှင့်အတူ နွားထီးခုနစ်ကောင်နှင့် သိုးခုနစ်ကောင်ကို ယူ၍ ငါ့ကျွန်ယောဘထံသို့ သွားပြီးလျှင် ကိုယ်အဘို့ မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ၏ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းပတ္ထနာပြုရလိမ့်မည်၊ ငါသည် သူ့အတွက်ကြောင့် လက်ခံမည်။...ငါသည် သင်တို့၏ မိုက်မဲခြင်းနှင့် ပတ်သက်၍ ရိုက်နှက်ဆုံးမမည်ကို စိုးရိမ်စရာရှိ၏။” ဤကျမ်းပိုဒ်တွင် ဘုရားသခင်သည် ဧလိဖတ်နှင့် အခြားသူတို့အား ၎င်းတို့၏ မိုက်မဲမှုသည် ယေဟောဝါဘုရားသခင်အား ဆန့်ကျင်ပြစ်မှားသည့် အပြစ်တစ်ခု ဖြစ်ခဲ့သည့်အတွက် ၎င်းတို့၏အပြစ်များမှ ရွေးနုတ်မည့် အရာတစ်စုံတစ်ခုကိုပြုရန် ပြောနေခြင်းဖြစ်ပြီး၊ ထိုသို့ဖြင့် ၎င်းတို့သည် ၎င်းတို့၏ အမှားများကို ကုစားရန်အလို့ငှာ မီးရှို့ရာယဇ်များကို ပူဇော်ခဲ့ကြရသည်။ မီးရှို့ရာယဇ်များကို မကြာခဏ ဘုရားသခင်ထံ ပူဇော်ရသော်လည်း၊ ဤမီးရှို့ရာယဇ်များနှင့်ပတ်သက်၍ တစ်မူထူးခြားသော အရာမှာ ထိုယဇ်များကို ယောဘအား ပူဇော်ခဲ့ခြင်းပင် ဖြစ်သည်။ ယောဘသည် သူ၏စမ်းသပ်မှုများ အတောအတွင်းတွင် ဘုရားသခင်ကို သက်သေခံခဲ့ခြင်းကြောင့် သူ့ကို ဘုရားသခင် လက်ခံခဲ့သည်။ ထိုစဉ်အတောအတွင်းတွင် ယောဘ၏ ဤမိတ်ဆွေများသည် သူစမ်းသပ်မှုများအတောအတွင်းတွင် ဖော်ထုတ် ခံခဲ့ကြရလေသည်။ ၎င်းတို့၏ မိုက်မဲမှုကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံခဲ့ရပြီး၊ ဘုရားသခင်၏ အမျက်ဒေါသကို ၎င်းတို့ နှိုးဆွခဲ့ကာ ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံသင့်ပေသည်- ယောဘ၏ ရှေ့တွင် မီးရှို့ရာယဇ်များကို ပြုလုပ်ခြင်းဖြင့် အပြစ်ပေးခံရသင့်သည်- ယင်းနောက် ယောဘသည် ၎င်းတို့အပေါ် ဘုရားသခင်၏ အပြစ်ပေးခြင်းနှင့် အမျက်ဒေါသကို ပပျောက်စေရန် ဆုတောင်းခဲ့လေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောလူများ မဟုတ်သကဲ့သို့၊ ယောဘ၏ တည်ကြည်မှုကို ၎င်းတို့ ပြစ်တင်ရှုတ်ချခဲ့ပြီး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို အရှက်ရစေရန် ဖြစ်သည်။ တစ်ဖက်တွင် ဘုရားသခင်သည် ၎င်းတို့၏ လုပ်ရပ်များကို လက်မခံသော်လည်း၊ ယောဘကို လွန်စွာ လက်ခံပြီး ကျေနပ်အားရသည်ကို ၎င်းတို့အား ပြောပြနေခဲ့ခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏လက်ခံခြင်းကို ခံရခြင်းသည် ဘုရားသခင်၏ရှေ့သို့ လူသားကို မြှင့်တင်ပေးကြောင်း၊ လူသားသည် သူ၏ မိုက်မဲမှုကြောင့် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရကြောင်း၊ ပြီးလျှင် မိုက်မဲမှုကြောင့် ဘုရားသခင်ကို ပြစ်မှားမိကာ ဘုရားသခင်၏ အမြင်တွင် အောက်တန်းကျပြီး ဆိုးညစ်ကြောင်း ပြောပြနေခဲ့ခြင်း ဖြစ်သည်။ ဤသည်တို့မှာ လူအမျိုးအစား နှစ်မျိုးနှင့် သက်ဆိုင်သည့် ဘုရားသခင် ပေးခဲ့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဖြစ်သည်၊ ယင်းတို့သည် ဤလူအမျိုးအစား နှစ်မျိုးအပေါ် ဘုရားသခင်၏ သဘောထားများဖြစ်ပြီး ယင်းတို့မှာ ဤလူအမျိုးအစား နှစ်မျိုး၏ တန်ဖိုးနှင့် အဆင့်အတန်းကို ဘုရားသခင်၏ ရှင်းလင်းစွာ ပြောဆိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယောဘအား သူ၏အစေခံဟု ခေါ်ခဲ့သော်လည်း၊ ဘုရားသခင်၏အမြင်တွင် ဤအစေခံမှာ ချစ်လှစွာသောသူဖြစ်ခဲ့ပြီး အခြားသူများအတွက် ဆုတောင်းပေးရန်နှင့် ၎င်းတို့၏ အမှားများကို ခွင့်လွှတ်ရန် ဩဇာအာဏာ ပေးအပ်ခံခဲ့ရသောသူ ဖြစ်သည်။ ဤအစေခံသည် ဘုရားသခင်ကို တိုက်ရိုက် စကားပြောနိုင်ပြီး ဘုရားသခင်ရှေ့သို့ တိုက်ရိုက် လာရောက်နိုင်ခဲ့သည်၊ ပြီးလျှင် သူ၏ အဆင့်အတန်းသည် အခြားသူများ၏ အဆင့်အတန်းထက် သာ၍မြင့်မားပြီး သာ၍ ဂုဏ်သရေရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင် ပြောခဲ့သော “အစေခံ” ဟူသည့် စကားလုံး၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ယောဘသည် ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကြောင့် ဤအထူးဂုဏ်သရေကို ပေးအပ်ခံခဲ့ရပြီး အခြားသူများကို ဘုရားသခင်က အစေခံများဟူ၍ မခေါ်ခဲ့သည့် အကြောင်းရင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ခဲ့သကဲ့သို့ မကောင်းမှုကို မရှောင်ကြဉ်ခဲ့သောကြောင့် ဖြစ်သည်။ သိသိသာသာ ကွဲပြားသော ဘုရားသခင်၏ ဤသဘောထား နှစ်ခုသည် လူအမျိုးအစား နှစ်မျိုးအပေါ် သူ၏သဘောထားများဖြစ်သည်- ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော သူများသည် ဘုရားသခင်၏ လက်ခံခြင်းခံရပြီး၊ သူ၏အမြင်တွင် အဖိုးတန်သကဲ့သို့ အမြင်ခံရသော်လည်း၊ မိုက်မဲသောသူတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ကြ၊ မကောင်းမှုကို ရှောင်နိုင်စွမ်း မရှိကြသကဲ့သို့၊ ဘုရားသခင်၏ မျက်နှာသာပေးမှုကို မရနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုနှင့် ရှုတ်ချခြင်းကို မကြာခဏခံရပြီး ဘုရားသခင်၏ အမြင်တွင် အရေးမပါကြပေ။

ဘုရားသခင် ယောဘအပေါ် ဩဇာအာဏာ အပ်နှင်းသည်

ယောဘသည် သူ၏မိတ်ဆွေများအတွက် ဆုတောင်ပေးခဲ့ပြီး၊ ထို့နောက် ယောဘ၏ ဆုတောင်းချက်များကြောင့် ဘုရားသခင်သည် ၎င်းတို့၏ မိုက်မဲမှုနှင့် သင့်လျော်သည့်အတိုင်း ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိပေ- သူသည် ၎င်းတို့အား အပြစ်မပေးခဲ့ပေ သို့မဟုတ် ၎င်းတို့အပေါ် ဒဏ်ခတ်ခြင်းတစ်ခုတစ်လေ မရောက်စေခဲ့ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွက် ပြုလုပ်သော ဘုရားသခင်၏ အစေခံ ယောဘ၏ ဆုတောင်းချက်များသည် ဘုရားသခင်၏နားသို့ ရောက်ရှိ ခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယောဘ၏ ဆုတောင်းချက်များကို လက်ခံခဲ့သောကြောင့်၊ ၎င်းတို့အား ခွင့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအရာ၌ မည်သည့်အရာကို ငါတို့ မြင်ရသနည်း။ ဘုရားသခင်သည် တစ်စုံတစ်ဦးကို ကောင်းချီးပေးသောအခါ၊ သူသည် ၎င်းတို့အား ဆုလာဘ် များစွာ ပေးပြီး၊ ရုပ်ဝတ္ထုပစ္စည်းများသာ မဟုတ်ခဲ့ပေ- ဘုရားသခင်သည် ၎င်းတို့အား သြဇာအာဏာကိုလည်းပေးပြီး အခြားသူများအတွက် ဆုတောင်းပေးရသည့်အခွင့်ကို ၎င်းတို့အား ပေးသည်၊ ပြီးလျှင် ဘုရားသခင်သည် ဤဆုတောင်းချက်များကို နားညောင်းသောကြောင့် ထိုလူတို့၏ ပြစ်မှားခြင်းများကို မအောက်မေ့ဘဲ လျစ်လျူရှုလေသည်။ ဤသည်မှာ ယောဘအား ဘုရားသခင် ပေးခဲ့သော တကယ့် ဩဇာအာဏာ ဖြစ်သည်။ ၎င်းတို့၏ ပြစ်ဒဏ်ကို ရပ်တန့်ရန်ဖြစ်သည့် ယောဘ၏ ဆုတောင်းချက်များ မှတစ်ဆင့်၊ ယေဟောဝါ ဘုရားသခင်သည် ထိုမိုက်မဲသော လူများကို အရှက်ရစေခဲ့သည်- ယင်းမှာ ဧလိဖတ်နှင့် အခြားသူများအတွက် သူ၏ အထူး အပြစ်ဒဏ်ပေးခြင်း အမှန်ဖြစ်ခဲ့ပေသည်။

ယောဘသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို နောက်တစ်ဖန် ခံစားရပြီး စာတန်၏ စွပ်စွဲခြင်းကို ဘယ်သောအခါမျှ တစ်ဖန် မခံရပေ။

ယေဟောဝါဘုရား၏ မိန့်မြွက်ချက်များထဲမှ နှုတ်ကပတ်တော်များမှာ “အဘယ်ကြောင့်ဆိုသော် ငါ့ကျွန် ယောဘကဲ့သို့ သင်တို့သည် ငါ့အကြောင်းကို မှန်ကန်စွာ ပြောဆိုခြင်းမရှိကြ။” ဟူ၍ဖြစ်သည်။ ယောဘ ပြောခဲ့ပြီးသော အရာမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ ယခင်က ငါတို့ပြောခဲ့သော အရာအပြင်၊ ယောဘ ပြောခဲ့သည်ဟူ၍ မှတ်တမ်းတင်ထားသည့် ယောဘဝတ္ထုထဲမှ များစွာသော စာမျက်နှာများပေါ်ရှိ နှုတ်ကပတ်တော်များ ဖြစ်သည်။ များစွာသော ဤစာမျက်နှာပေါ်ရှိ နှုတ်ကပတ်တော်များအားလုံးတွင် ယောဘသည် ဘုရားသခင်နှင့် ပတ်သက်၍ မည်သည့်အခါတွင်မျှ ညည်းတွားခြင်း တစ်ခုတစ်လေ သို့မဟုတ် ဒွိဟဖြစ်ခြင်းများ မရှိခဲ့ပေ။ သူသည် ရလဒ်ကိုသာ စောင့်ဆိုင်းလေ၏။ သူ၏ နာခံသော သဘောထားမှာ ဤစောင့်ဆိုင်းခြင်းဖြစ်ပြီး ယင်း၏ အကျိုးဆက်အနေဖြင့်၊ ပြီးလျှင် ဘုရားသခင်အား သူပြောခဲ့သော စကားများ၏ အကျိုးဆက်အနေဖြင့်၊ ယောဘသည် ဘုရားသခင်၏ လက်ခံခြင်းကို ခံခဲ့ရလေသည်။ သူသည် စမ်းသပ်မှုများကို သည်းခံပြီး အခက်အခဲများကို ခံစားခဲ့ရချိန်တွင်၊ ဘုရားသခင်သည် သူ၏နံဘေး၌ ရှိခဲ့ပြီး၊ သူ၏ အခက်အခဲသည် ဘုရားသခင်၏ မျက်မှောက်ကြောင့် မလျော့ပါးခဲ့သော်လည်း၊ ဘုရားသခင်သည် သူမြင်လိုသော အရာကို မြင်ခဲ့ရပြီး သူကြားလိုသော အရာကို ကြားခဲ့ရသည်။ ယောဘ၏ လုပ်ဆောင်မှုများနှင့် စကား တစ်ခွန်းတိုင်းသည် ဘုရားသခင်၏ နားနှင့် မျက်စိရှေ့ ရောက်ရှိခဲ့သည်။ ဘုရားသခင် မြင်ခဲ့၊ ကြားခဲ့သည်- ဤသည်မှာ အမှန်တရား ဖြစ်သည်။ ဘုရားသခင်နှင့် သက်ဆိုင်သည့် ယောဘ၏ အသိနှင့် ထိုအချိန်က သူ၏ စိတ်နှလုံးထဲက ဘုရားသခင်နှင့်ပတ်သက်သည့် သူ၏အတွေးများမှာ ထိုကာလအတောအတွင်းတွင် ယနေ့ လူများ၏ အတွေးများလောက် အမှန်တကယ် အတိအကျ မဖြစ်ခဲ့ပေ၊ သို့သော် ခေတ်ကာလနှင့် ဆက်စပ်စဉ်းစားရာ၌၊ ယောဘ၏ အပြုအမူနှင့် သူ၏ စိတ်နှလုံးထဲမှ အတွေးများအပြင် သူဖော်ပြခဲ့ပြီး ထုတ်ဖော်ပြခဲ့ပြီးသည့် အရာတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များအတွက် လုံလောက်ခဲ့သောကြောင့် သူပြောခဲ့သမျှကို ဘုရားသခင် အသိအမှတ်ပြုဆဲ ဖြစ်ခဲ့လေသည်။ စမ်းသပ်မှုများကို ယောဘခံခဲ့ရသည့် အချိန်အတောအတွင်းတွင်၊ သူ၏ စိတ်နှလုံးထဲ၌ စဉ်းစားခဲ့ပြီး လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ခဲ့သည့် အရာက ဘုရားသခင်အတွက် ကျေနပ်ဖွယ်ဖြစ်ခဲ့သည့် ရလဒ်တစ်ခုကို ဘုရားသခင်အား ပြခဲ့ပြီး၊ ဤအရာပြီးသည့်နောက်တွင် ဘုရားသခင်သည် ယောဘ၏ စမ်းသပ်မှုများကို ရုပ်သိမ်းခဲ့သည်၊ ယောဘသည် သူ၏ဒုက္ခဆင်းရဲများမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ စမ်းသပ်မှုများ ကုန်လွန်ခဲ့ကာ သူ့အပေါ် မည်သည့်အခါတွင်မျှ တစ်ဖန် မကျေရောက်တော့ပေ။ ယောဘသည် စမ်းသပ်မှုများကို ခံခဲ့ရနှင့်ပြီး ဖြစ်ကာ ဤစမ်းသပ်မှုများအတွင်းတွင် မြဲမြံစွာ ရပ်တည်ခဲ့ပြီး စာတန်အပေါ် လုံးလုံးလျားလျား အောင်နိုင်ခဲ့ပြီးဖြစ်သောကြောင့်၊ ဘုရားသခင်သည် သူ အလွန် တရားသဖြင့် ရသင့်ရထိုက်သော ကောင်းချီးမင်္ဂလာများကို သူ့အား ပေးခဲ့သည်။ ယောဘ ၄၂:၁၀၊ ၁၂ တွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယောဘသည် နောက်ထပ်တစ်ဖန် ကောင်းချီးခံစားခဲ့ရပြီး ပထမ ဖြစ်စဉ်ထက် သာ၍ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရသည်။ ဤအချိန်တွင် စာတန်သည် နောက်ဆုတ်ခဲ့ပြီးဖြစ်ကာ မည်သည့်အရာကိုမျှ မပြောတော့ သို့မဟုတ် မပြုတော့သကဲ့သို့၊ ထိုအချိန်မှစ၍ ယောဘသည် စာတန်၏ နှောင့်ယှက်မှု သို့မဟုတ် တိုက်ခိုက်မှုကို မခံခဲ့ရတော့ပေ၊ ပြီးလျှင် စာတန်သည် ယောဘနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ဆန့်ကျင်၍ စွပ်စွဲချက်များကို မပြုခဲ့တော့ပေ။

ယောဘသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအလယ်တွင် သူ၏ အသက်တာ နှောင်းပိုင်းတစ်ဝက်ကို ကုန်လွန်သည်

ထိုအချိန်က ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများသည် သိုးများ၊ ကျွဲနွားတိရစ္ဆာန်၊ ကုလားအုပ်များ၊ ရုပ်ဝတ္ထုပိုင်ဆိုင်မှုများ၊ အစရှိသည်တို့အထိသာ ကန့်သတ်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲ၌ ယောဘအပေါ် အပ်နှင်းလိုသော ကောင်းချီးမင်္ဂလာများမှာ ဤအရာထက် လွန်စွာပိုခဲ့လေသည်။ ထိုအချိန်တွင် ယောဘအား မည်ကဲ့သို့သော ထာဝရကတိများကို ဘုရားသခင် ပေးလိုခဲ့သည်ကို မှတ်တမ်းတင်ထားခဲ့ပါသလော။ ယောဘနှင့်သက်ဆိုင်သည့် သူ၏ကောင်းချီးမင်္ဂလာများထဲတွင် ဘုရားသခင်သည် ယောဘ၏ အဆုံးသတ်ကို ဖော်ပြခြင်း သို့မဟုတ် ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ၊ ပြီးလျှင် ဘုရားသခင်၏ စိတ်နှလုံးအတွင်း၌ ယောဘသည် မည်သည့် အရေးပါမှု သို့မဟုတ် အနေအထား၌ ရှိသည်ကို ပဓာနမထားဘဲ၊ အချုပ်အားဖြင့် ဘုရားသခင်သည် သူ၏ကောင်းချီးမင်္ဂလာများတွင် အလွန် ချင့်ချင့်ချိန်ချိန် ရှိခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ အဆုံးသတ်ကို မကြေညာခဲ့ပေ။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ထိုအချိန်တွင် ဘုရားသခင်၏ အစီအစဉ်သည် လူသား၏ အဆုံးသတ်ကို ကြေညာသည့် အဆင့်အထိ မရောက်ခဲ့သေးချေ၊ ထိုအစီအစဉ်သည် ဘုရားသခင်၏ အမှု နောက်ဆုံးအဆင့်ထဲသို့ ဝင်ရောက်ခဲ့သေးပေ၊ ဘုရားသခင်သည် လူသားအပေါ် ရုပ်ဝတ္ထု ကောင်းချီးမင်္ဂလာများ ပေးအပ်ရုံမျှ ပေးအပ်ရင်း၊ အဆုံးသတ်ကို ဖော်ပြခဲ့ခြင်း မရှိပေ။ ဤအရာ ဆိုလိုသည်မှာ ယောဘ၏ အသက်တာ နှောင်းပိုင်းတစ်ဝက်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အလယ်၌ ကုန်လွန်ခဲ့ပြီး ယင်းက သူ့အား အခြားလူများနှင့် ကွဲပြားစေခဲ့သည်- သို့သော် ၎င်းတို့နည်းတူ သူသည် အသက်အိုမင်းခဲ့ပြီး အခြားပုံမှန်လူတစ်ဦး ကဲ့သို့ပင်၊ လောကကြီးအား နှုတ်ဆက်သည့် နေ့ရက်အချိန်အခါ ရောက်လာခဲ့လေသည်။ ထို့ကြောင့် “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။” (ယောဘ ၄၂:၁၇) ဟူ၍ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဤနေရာတွင် “နေ့ရက်ကာလနှင့် ကြွယ်ဝသော် အနိစ္စ ရောက်လေ၏။” ဟူသောအရာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့၏ အဆုံးသတ်ကို ဘုရားသခင် မကြေညာမီခေတ်တွင်၊ ဘုရားသခင်သည် ယောဘအတွက် သက်တမ်းတစ်ခုကို သတ်မှတ်ပေးခဲ့ပြီး အသက်အရွယ်စေ့သည့်အခါတွင်၊ သူသည် ယောဘအား ဤလောကထဲမှ သဘာဝအလျောက် ထွက်ခွာခွင့်ပေးခဲ့သည်။ ယောဘ၏ ဒုတိယအကြိမ် ကောင်းချီးမင်္ဂလာမှသည် သူ၏ သေဆုံးခြင်းအထိ၊ ဘုရားသခင်သည် နောက်ထပ် မည်သည့် အခက်အခဲကိုမျှ ထပ်မဖြည့်ခဲ့ပေ။ ဘုရားသခင်အဖို့၊ ယောဘ၏ သေခြင်းသည် သဘာဝအလျောက်ဖြစ်ပြီး လိုလည်းလိုအပ်ခဲ့သည်။ ယင်းမှာ အလွန် ပုံမှန် ဖြစ်သော အရာတစ်ခု ဖြစ်ပြီး၊ တရားစီရင်ခြင်း မဟုတ်သကဲ့သို့ ရှုတ်ချခြင်းတစ်ခုလည်း မဟုတ်ခဲ့ပေ။ ယောဘသည် သူအသက်ရှင်စဉ်တွင် ဘုရားသခင်ကို ကိုးကွယ်ပြီး ကြောက်ရွံ့ခဲ့သည်။ သူသေဆုံးပြီးနောက် မည်သည့် အဆုံးသတ်မျိုး သူ ရှိခဲ့သည်နှင့် စပ်လျဉ်း၍ ဘုရားသခင်သည် မည်သည့်အရာကိုမျှ မပြောခဲ့သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မျှလည်း မပြုခဲ့ပေ။ ဘုရားသခင်သည် သူပြောသောအရာနှင့် ပြုသောအရာတို့တွင် အားကောင်းသည့် သင့်တင့်လျောက်ပတ်သော အသိစိတ်တစ်ခုရှိပြီး သူ၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်များ၏ အကြောင်းအရာနှင့် နိယာမများသည် သူ့အမှု၏ အဆင့်နှင့် သူအမှုပြုနေသော အချိန်ကာလနှင့်အညီ ဖြစ်ပေသည်။ ယောဘကဲ့သို့ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် မည်ကဲ့သို့ အဆုံးသတ်မျိုး ရှိခဲ့ပါသနည်း။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် ဆုံးဖြတ်ချက် အမျိုးအစားတစ်ခုတစ်လေကို ချမှတ်ခဲ့ပြီး ဖြစ်သလော။ သူချမှတ်ခဲ့ပြီးသည်မှာ မှန်ပေ၏။ ယင်းမှာ လူသားသည် ဤအရာကို မသိခြင်းသာ ဖြစ်၏၊ ဘုရားသခင်သည် လူသားကို မပြောပြလိုသကဲ့သို့၊ လူသားကို ပြောပြခြင်းငှာ မည်သည့်ရည်ရွယ်ချက်မျှလည်း မရှိခဲ့ပေ။ ထို့ကြောင့် အပေါ်ယံအားဖြင့် ပြောရမည်ဆိုပါက၊ ယောဘသည် နေ့ရက်ကာလစေ့လျက် သေဆုံးခဲ့ပြီး ယင်းမှာ ယောဘ၏ အသက်တာ ဖြစ်ခဲ့ပေသည်။

သူ၏ တစ်သက်တာအတောအတွင်းတွင် ယောဘ အသက်ရှင် နေထိုင်ခဲ့သည့် တန်ဖိုး

ယောဘသည် တန်ဖိုးရှိသော အသက်တာတစ်ခုကို အသက်ရှင်ခဲ့သလော။ ယင်းတန်ဖိုးသည် အဘယ်မှာ ရှိခဲ့သနည်း။ သူသည် တန်ဖိုးရှိသော အသက်တာတစ်ခုဖြင့် အသက်ရှင်ခဲ့သည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ လူသားအဖို့ မည်သည့်အရာသည် သူ၏တန်ဖိုးမှာ ဖြစ်ခဲ့သနည်း။ လူသား၏ ရှုထောင့်မှ ကြည့်ပါက၊ စာတန်နှင့် လောက လူများ၏ရှေ့တွင် ဘုရားသခင်အား ထူးကဲသော သက်သေခံချက်တစ်ခုကို သက်သေခံရာ၌ သူသည် ဘုရားသခင် ကယ်တင်ရန် အလိုရှိသော လူသားမျိုးနွယ်ကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ကို ဖြည့်ဆည်းခဲ့ပြီး ဘုရားသခင်ကို အမှီပြုခြင်းအားဖြင့် စာတန်ကို အောင်နိုင်ရန် လုံးဝ ဖြစ်နိုင်သည်ကို လူတို့အား မြင်ခွင့်ပေးရင်း၊ ဘုရားသခင် ကယ်တင်လိုသော သော သူအားလုံးအတွက် စံတစ်ခု ချမှတ်ကာ နမူနာတစ်ခုအဖြစ် အသက်ရှင်ခဲ့သည်။ ဘုရားသခင်အဖို့ သူ၏တန်ဖိုးမှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ဘုရားသခင်အဖို့ ယောဘ အသက်တာ၏ တန်ဖိုးမှာ ဘုရားသခင်အား ကိုယ်စိတ်ချမ်းသာမှုနှင့် မွေ့လျော်စရာ တစ်စုံတစ်ခုကို ဆောင်ယူလာရင်း၊ ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း၊ ကိုးကွယ်နိုင်စွမ်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံနိုင်စွမ်းနှင့် ချီးမွမ်းနိုင်စွမ်းတို့၌ တည်ရှိလေသည်။ ဘုရားသခင်အဖို့ ယောဘ အသက်တာ၏ တန်ဖိုးမှာ လူသားမျိုးနွယ်အလယ်၌ ဘုရားသခင်ကို ဘုန်းထင်ရှားစေရင်း၊ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်စေကာ ဘုရားသခင်၏ စိတ်အားထက်သန်သော စိတ်နှလုံးကို ရလဒ်တစ်ခုအား ရှုမြင်စေပြီး မျှော်လင့်ချက်ကို မြင်စေရင်း၊ ယောဘသည် သူမသေဆုံးမီတွင် စမ်းသပ်မှုများကို မည်သို့ တွေ့ကြုံခံစားခဲ့ပြီး စာတန်အပေါ် အောင်နိုင်ခဲ့ကာ စာတန်နှင့် လောက လူတို့၏ ရှေ့၌ ဘုရားသခင်အား ထူးကဲသော သက်သေခံချက်ကို မည်သို့ သက်သေခံခဲ့သည် ဆိုသည့်အရာ၌လည်း တည်ရှိခဲ့သည်။ သူ၏သက်သေခံချက်သည် ဘုရားသခင်အဖို့ တစ်ဦးတစ်ယောက်၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်စွမ်းနှင့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၌ ဘုရားသခင်၏ ကိုယ်စား စာတန်အား အရှက်ရစေနိုင်ခြင်း အတွက် အစဉ်အလာတစ်ခုကို သတ်မှတ်ပေးခဲ့သည်။ ဤသည်မှာ ယောဘ အသက်တာ၏ တန်ဖိုး ဖြစ်သည် မဟုတ်လော။ ယောဘသည် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်မှု ယူဆောင်ပေးခဲ့သည်၊ သူသည် ဘုရားသခင်အား ဘုန်းထင်ရှားခြင်းနှင့်သက်ဆိုင်သည့် ဝမ်းမြောက်ခြင်း အမြည်းတစ်ခုကို ပေးခဲ့ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဝမ်းမြောက်ဖွယ်ကောင်းသော အစပြုခြင်းတစ်ခုကို ပေးခဲ့သည်။ ဤအချိန်မှစ၍ ရှေ့လျှောက်၊ ယောဘ၏အမည်သည် ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်းအတွက် သင်္ကေတတစ်ခုနှင့် စာတန်အပေါ် လူသားမျိုးနွယ်၏ အောင်နိုင်မှု အမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်။ သူ၏ ဘဝတစ်လျှောက်လုံး ယောဘ အသက်ရှင်နေထိုင်ခဲ့သည့် အရာအပြင် စာတန်အပေါ် သူ၏ ထူးခြားသော အောင်နိုင်မှုတို့သည် အစဉ်ထာဝရ ဘုရားသခင်၏ မြတ်နိုးခြင်းခံရမည်ဖြစ်ပြီး၊ သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် နောင်လာမည့် မျိုးဆက်များအားဖြင့် အမွန်အမြတ်ထားခံရကာ အတုယူခံရလိမ့်မည် ဖြစ်သည်။ သူသည် အပြစ်အနာအဆာကင်းပြီး တောက်ပသော ပုလဲလုံး တစ်လုံးကဲ့သို့ ဘုရားသခင်၏ အစဉ်ချစ်ခင်မြတ်နိုးခြင်းကို ထာဝရ ခံရမည်ဖြစ်ပြီး၊ သူသည် လူ၏ တန်ဖိုးထားခံရခြင်းငှာလည်း ထိုက်တန်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အမှာစကား ချန်ခဲ့မည်