စာရင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၄ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၄
00:00/ 00:00

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၄

00:00
00:00

“ယေဟောဝါ” ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုစဉ်အတွင်း ခံယူခဲ့သောနာမဖြစ်ပြီး လူသားအပေါ် သနားညှာတာ၊ ပြစ်တင်ကျိန်ဆဲ၍ လူသား၏ ဘဝကို လမ်းပြပေးနိုင်မည့် ဣသရေလ အမျိုးသားတို့၏ (ဘုရားသခင် ရွေးချယ်ထားသော လူမျိုး) ဘုရားသခင်ဟု အဓိပ္ပါယ်ရသည်။ ယင်းက ကြီးမြတ်လှသော တန်ခိုးရှင် ဘုရားသခင်သည် ဉာဏ်ပညာနှင့် ပြည့်ဝသည်ဟု အဓိပ္ပါယ်ရသည်။ “ယေရှု” သည် ဧမာနွေလဖြစ်ပြီး လူသားတို့ကို ရွေးနှုတ်ကယ်တင်ပေး၍ ချစ်ခြင်း မေတ္တာ၊ သနား ကရုဏာစိတ်များဖြင့် ပြည့်ဝသည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို ထမ်းဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ပုံဆောင်ခဲ့ပြီး၊ သူသည် စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါသည်သာ ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြံဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိခေတ်ကာလတွင် ယုဒမျိုးနွယ်စုမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့ ယေဟောဝါကို ကိုးကွယ်ကြသည်။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ဘုရားသခင်ထံ ယဇ်ပူဇော်ခြင်းများ ပြု၍ ဗိမာန်တော်ထဲတွင် ယဇ်ပုရောဟိတ်ဝတ်ရုံကို ဝတ်ဆင်ကာ ဘုရားသခင်အား အလုပ်အကျွေး ပြုကြသည်။ ထိုသူတို့ မျှော်လင့်သောအရာမှာ ယေဟောဝါ ပြန်လည်ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ကယ်တင်ရှင် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်တို့ကို အပြစ်မှကယ်တင်ပေးသည့် အပြစ်ဖြေရာယဇ်ဖြစ်သည်။ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်တွင် ဖြစ်တည်ခဲ့ပြီး ကျေးဇူးတော်ခေတ်က ပြုခဲ့သော ရွေးနှုတ်ခြင်းကြောင့်သာ တည်ရှိခဲ့သည်ဟု ဆိုလိုသည်။ ကျေးဇူးတော်ခေတ်မှ လူများအား ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခွင့် ပြုရန်အတွက် ယေရှုခရစ်တော်၏ အမည်နာမ ရှိနေခဲ့ခြင်းဖြစ်ကာ ထိုနာမသည် လူသားမျိုးနွယ် တစ်ခုလုံးအား ရွေးနှုတ်ခြင်းအတွက် အထူးနာမတစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် ယေရှု၏ အမည်နာမသည် ရွေးနှုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို သင်္ကေတပြုသည်။ ယေဟောဝါဟူသော အမည်နာမက ပညတ်တရားအောက်တွင် နေထိုင်ခဲ့သော ဣသရေလလူမျိုးတို့အတွက် အထူးအမည်နာမ ဖြစ်သည်။ ခေတ်တစ်ခေတ်စီ တိုင်းတွင်နှင့် လုပ်ငန်း၏အဆင့် တစ်ခုစီတိုင်းတွင် ငါ၏နာမသည် အခြေအမြစ် ကင်းမဲ့ခြင်းမရှိဘဲ ကိုယ်စားပြု အဓိပ္ပာယ် သက်ရောက်သည်၊ အမည်နာမ တစ်ခုစီက ခေတ်ကာလတစ်ခုကို ကိုယ်စားပြုသည်။ “ယေဟောဝါ” က ပညတ်တော်ခေတ်ကို ကိုယ်စားပြု၍ ဣသရေလ အမျိုးသားတို့ ကိုးကွယ်ကြသော ဘုရားသခင်ကို ရိုသေသမှုပြုကာ သုံးခြင်းဖြစ်သည်။ “ယေရှု” သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်အတွင်းက ရွေးနှုတ်ခံခဲ့ရသူ အားလုံး၏ ဘုရားသခင်နာမဖြစ်သည်။ ကယ်တင်ရှင်ယေရှု နောက်ဆုံးသောကာလအတွင်း ကြွလာရန်အတွက် လူသားတို့ တောင့်တနေဆဲဖြစ်ပြီး ယုဒပြည်တွင်ရှိခဲ့သော ရုပ်သွင်အတိုင်း ကြွလာရန် မျှော်မှန်းနေဆဲဖြစ်ပါက ရွေးနုတ်ရာခေတ်တွင် နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး ရပ်တန့်သွားမည် ဖြစ်ကာ ရှေ့ဆက်တိုးတက်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသောကာလသည် မည်သည့်အခါမှ ရောက်လာလိမ့်မည် မဟုတ်တော့ဘဲ ခေတ်ကာလလည်း မည်သည့်အခါမှ အဆုံးသတ်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင် ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်မှ အပြစ်သားအားလုံး၏ အကျိုးအတွက် ယေရှု၏ နာမကို ငါယူခဲ့ခြင်းဖြစ်ကာ လူသားမျိုးနွယ် တစ်ခုလုံးကို အဆုံးသတ်ရန်အတွက် ဆောင်ကျဉ်းမည့် နာမမဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးက ငါ၏ဝိညာဉ်ကို ကိုယ်စားပြုသော်လည်း ထိုအမည် နာမများသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲရှိ ကွဲပြား ခြားနားသော ခေတ်ကာလများကိုသာ အမှတ်သင်္ကေတ ဖော်ဆောင်ပြီး ငါ၏ အလုံးစုံသော ဖြစ်တည်မှုမှ ငါ့ကို ကိုယ်စားမပြုပါ။ ကမ္ဘာ မြေကြီးပေါ်ရှိ လူအများမှ ငါ့အားခေါ်ဝေါ်သော အမည်နာမများက ငါ၏ အလုံးစုံသော စိတ်သဘောထားနှင့် ငါ၏ဖြစ်တည်မှုအားလုံးကို ထုတ်ဖော် ပြောဆိုနိုင်ခြင်းမရှိပါ။ ၎င်းတို့မှာ ကွဲပြားသော ခေတ်ကာလများ အတွင်း၌ ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများသာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် အဆုံးသတ်ခေတ်၊ နောက်ဆုံးသောကာလ ရောက်လာသည့်အခါ ငါ၏အမည်နာမ ထပ်မံ ပြောင်းလဲပေဦးမည်။ မေရှိယမဆိုနှင့် ငါ့အား ယေဟောဝါဖြစ်စေ၊ ယေရှုဖြစ်စေဟု မခေါ်တွင်စေဘဲ ဘုန်းတန်ခိုးပြည့်စုံသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်တွင်စေလျက် ဤအမည် နာမအောက်တွင် ငါသည် ခေတ်ကာလကြီးတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ငါ့အားတစ်ခါက ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးသည့်အတွက် ကယ်တင်ရှင် ယေရှုဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ၊ ငါသည် နောက်ဆုံးသော ကာလတွင် တဖန်ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်မည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းတိုင်အောင် ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသော၊ အခွင့်အာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်။ လူအများသည် ငါနှင့် မည်သည့်အခါမှ ဆက်ဆံခြင်း၊ သိကျွမ်းဖူးခြင်း မရှိကြဘဲ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိရှိခဲ့ကြပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ ငါ့အား မြင်ဖူးခဲ့ခြင်း မရှိပေ။ ဤသည်မှာ နောက်ဆုံးသော ကာလအတွင်း လူသားတို့ကို ကိုယ်ထင်ပြခဲ့သော်လည်း လူသားတို့ အကြားတွင် ဖုံးကွယ်ထားသော ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးကဲ့သို့၊ စွမ်းအင်တန်ခိုး၊ အခွင့်အာဏာများဖြင့် ပြည့်နှက်လျက် လူသားတို့အကြားတွင် အမှန်တကယ် စစ်မှန်စွာ နေထိုင်လျက်ရှိသည်။ ငါ့နှုတ်ကပတ်တော်များအားဖြင့် စီရင်ခြင်းမခံရမည့် လူပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုတစ်ခုမျှမရှိပါ၊ မီး၏ လောင်ကျွမ်းခြင်းအားဖြင့် သန့်စင်ဆေးကြောခြင်း မခံရမည့် လူပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုတစ်ခုမျှလည်း မရှိပါ။ တိုင်းနိုင်ငံ အားလုံးသည် နောက်ဆုံးတွင် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည်ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်ပင် တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့် နောက်ဆုံးသောကာလ၌ ငါသည် လူအပေါင်းတို့၏ ပြန်ကြွလာသော ကယ်တင်ရှင်ဖြစ်သည်၊ လူသားမျိုးနွယ် အပေါင်းတို့ကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်၊ ထို့အပြင် ငါသည် တစ်ချိန်က လူသားတို့အတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသော ကာလတွင် ခပ်သိမ်းသော အရာကို လောင်ကျွမ်းစေသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသကဲ့သို့ ခပ်သိမ်းသော အရာကို ဖော်ထုတ်သည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို လူသားအားလုံး တွေ့ရလိမ့်မည်။ ယင်းက နောက်ဆုံးသောကာလရှိ ငါ့လုပ်ငန်း တာဝန်ပင်ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသောနေမင်း၊ တောက်လောင်နေသော မီးတောက်မီးလျှံ ဖြစ်သည်ကို လူအားလုံး တွေ့မြင်နိုင်ရန် အလို့ငှာ ဤအမည်နာမကို ငါခံယူခဲ့ပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ထားသည်။ လူအားလုံးငါ့အား စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်အဖြစ် ဝတ်ပြုကိုးကွယ်စေရန်နှင့် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်စေရန်အလို့ငှာ ဖြစ်သည်၊ ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အဖြစ်သာမဟုတ်၊ ရွေးနှုတ်ရှင်အဖြစ်သာ မဟုတ်ဘဲ ငါသည် ကောင်းကင်ဘုံ၊ ကမ္ဘာမြေကြီးနှင့် ပင်လယ်ပြင်တစ်ခွင်လုံးမှ အားလုံးသော သတ္တဝါများ၏ ဘုရားသခင် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

အမှာစကား ချန်ခဲ့မည်