စာရင်း

ယောဘအကြောင်း (အပိုင်း ၁)

ယောဘအကြောင်း (၁)

စမ်းသပ်မှုများကို ယောဘ မည်ကဲ့သို့ ဖြတ်ကျော်ခဲ့ပုံကို သိရခြင်းဖြင့်၊ သင်တို့ထဲမှ အများစုသည် ယောဘကိုယ်တိုင်နှင့် ပတ်သက်သည့်၊ အထူးသဖြင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို သူရခဲ့သည့် လျှို့ဝှက်ချက်နှင့်စပ်လျဉ်း၍ နောက်ထပ် အသေးစိတ်အချက်အလက်များကို သိလိုကြပေမည်။ ထို့ကြောင့် ယနေ့တွင် ယောဘအကြောင်း ပြောကြပါစို့။

ယောဘ၏ နေ့စဉ် အသက်တာတွင်၊ သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်းတို့ကို ငါတို့တွေ့ရသည်

အကယ်၍ ငါတို့သည် ယောဘအကြောင်းကို ဆွေးနွေးရမည် ဆိုပါက၊ “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်။” ဟူ၍ သူနှင့်သက်ဆိုင်သည့် ဘုရားသခင် ကိုယ်တိုင်၏နှုတ်မှ မြွက်ဆိုခဲ့သော အကဲဖြတ်ချက်ဖြင့် စတင်ကြရမည် ဖြစ်သည်။

ပထမဦးစွာ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို လေ့လာကြပါစို့။

“စုံလင်သည်” နှင့် “ဖြောင့်မတ်သည်” ဟူသော စကားလုံးများနှင့်သက်ဆိုင်သည့် သင်တို့၏ သိနားလည်မှုမှာ အဘယ်နည်း။ ယောဘသည် အပြစ်တင်စရာ မရှိသောသူ ဖြစ်သည်၊ သူသည် ဂုဏ်သရေရှိသောသူ ဖြစ်သည်ဟု သင်တို့ ယုံကြည်သလော။ ဟုတ်ပေ၏၊ ဤအရာသည် “စုံလင်သည်” နှင့် “ဖြောင့်မတ်သည်” ဟူသည့် စကားလုံးများနှင့် သက်ဆိုင်သည့် တိုက်ရိုက် အဓိပ္ပာယ်ကောက်ယူချက်နှင့် နားလည်မှုတစ်ခု ဖြစ်ပေမည်။ စစ်မှန်သော အသက်တာနှင့်သက်ဆိုင်သည့် ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာမှာ ယောဘနှင့်သက်ဆိုင်သည့် စစ်မှန်သော သိနားလည်ခြင်းနှင့် တစ်သားတည်းဖြစ်သော အရာဖြစ်သည်- နှုတ်ကပတ်တော်များ၊ စာအုပ်များနှင့် အယူအဆ ချည်းသက်သက်သည် မည်သည့်အဖြေကိုမျှ ပေးလိမ့်မည် မဟုတ်။ ယောဘ၏ အိမ်၌နေသော အသက်တာကို ကြည့်ခြင်းဖြင့်၊ သူ၏ အသက်တာတစ်လျှောက်လုံးတွင် သူ၏ ပုံမှန် အပြုအမူက မည်သည့်အရာနှင့်တူခဲ့သည်ကို ကြည့်ခြင်းဖြင့် ငါတို့အစပြုကြမည်။ ဤအရာက အသက်တာထဲတွင် သူ၏ နိယာမများနှင့် ရည်မှန်းချက်များအကြောင်းအပြင်၊ သူ၏ ပင်ကိုစရိုက်နှင့် လိုက်စားမှု အကြောင်းကို ငါတို့အား ပြောပြလိမ့်မည် ဖြစ်သည်။ ယခု ယောဘဝတ္ထု ၁:၃ ၏ နောက်ဆုံး စကားများကို ဖတ်ကြပါစို့- “ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။” ဤစကားများက ဆိုနေသောအရာမှာ ယောဘ၏ အဆင့်အတန်းနှင့် ရပ်တည်ချက်တို့သည် အလွန်မြင့်မားခဲ့ပြီး သူသည် အရှေ့အရပ်မှ လူသားအားလုံးထဲတွင် အကြီးမြတ်ဆုံးသောသူ ဖြစ်ခဲ့ရခြင်း အကြောင်းအရင်းမှာမှာ သူ၏ ပေါကြွယ်ဝသော ပိုင်ဆိုင်မှုများကြောင့် သို့မဟုတ် သူသည် စုံလင်ပြီး ဖြောင့်မတ်ကာ ဘုရားသခင်ကို ကြောက်ရွံ့စဉ်တွင် မကောင်းမှုကို ရှောင်ခြင်းကြောင့် ဖြစ်သည် မဖြစ်သည်ကို ငါတို့အား ပြောမပြထားသော်လည်း၊ ယေဘုယျအားဖြင့် ယောဘ၏ အဆင့်အတန်းနှင့် ရပ်တည်ချက်တို့သည် များစွာ တန်ဖိုးထားခြင်းကို ခံခဲ့ရသည်ကို ငါတို့သိပေသည်။ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယောဘနှင့် သက်ဆိုင်သည့် လူတို့၏ ပထမဆုံး ထင်မြင်ချက်များမှာ ယောဘသည် စုံလင်ခဲ့သည်၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့ကာ သူသည် ကြီးမားသော ကြွယ်ဝချမ်းသာနှင့် အလေးထားအပ်သော အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သည်ဟူ၍ဖြစ်သည်။ သာမန် လူပုဂ္ဂိုလ်တစ်ဦးအတွက်၊ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုထဲနှင့် ထိုသို့သော အခြေအနေများအောက်တွင် အသက်ရှင်ရခြင်း၊ ယောဘ၏ စားနေကျအစားအစာ၊ ဘဝအဆင့်အတန်းနှင့် သူ၏ ကိုယ်ပိုင် အသက်တာ၏ အမျိုးမျိုးသော ရှုထောင့်များသည် လူအများစု၏ အာရုံစူးစိုက်မှု ဖြစ်ခဲ့ပေမည်။ ထို့ကြောင့် သမ္မာကျမ်းကို ငါတို့ ဆက်လက်ဖတ်ရှုရမည်- “ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဖွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။” (ယောဘ ၁:၄-၅) ဤကျမ်းပိုဒ်သည် ငါတို့အား အချက် နှစ်ချက်ကို ပြောသည်- ပထမ အချက်မှာ ယောဘ၏ သားများနှင့် သမီးများသည် များစွာ စားသောက်ကြလျက်၊ ပုံမှန်ပွဲခံလေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အချက်မှာ ယောဘသည် ၎င်းတို့သည် အပြစ်ပြုနေကြမည်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်ကို စွန့်လွှတ်ခဲ့မိကြပြီးဖြစ်မည်ကို ကြောက်ရွံ့ရင်း၊ သူ၏ သားများနှင့် သမီးများအတွက် မကြာခဏ စိုးရိမ်ပူပန်ခဲ့သောကြောင့် မကြာမကြာ မီးရှို့သောယဇ်များကို ပူဇော်လေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဤအရာတွင် မတူညီသော လူအမျိုးအစား နှစ်မျိုး၏ အသက်တာများကို ဖော်ပြထားသည်။ ပထမမှာ ယောဘ၏ သားများနှင့် သမီးများသည် ၎င်းတို့၏ ကြွယ်ဝခြင်းကြောင့် မကြာခဏ ပွဲခံကြသည်၊ ကြီးကျယ်ခမ်းနားစွာ အသက်ရှင်ခဲ့ကြသည်၊ ၎င်းတို့ စိတ်နှလုံး အလိုပြည့်သည်အထိ အစားအသောက်နှင့် ဧည့်ခံခဲ့ကြပြီး၊ ရုပ်ဝတ္ထု ကြွယ်ဝချမ်းသာခြင်းက ယူဆောင်လာခဲ့သည့် မြင့်မားသော ဘဝ အဆင့်အတန်းကို ပျော်မွေ့ခဲ့ကြသည်။ ထိုသို့သော အသက်တာတစ်ခု၌ နေထိုင်ခြင်းဖြင့်၊ ၎င်းတို့သည် မကြာခဏ အပြစ်ပြုကာ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိခဲ့မည်မှာ မလွဲမသွေ ဖြစ်သည်- သို့သော် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်စေခြင်း သို့မဟုတ် မီးရှို့ရာယဇ်များကို ပူဇော်ခဲ့ကြခြင်း မရှိခဲ့ပေ။ ထိုအခါ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင် နေရာမရှိခဲ့ကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်များကို တွေးတောခဲ့ကြခြင်း မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို စွန့်လွှတ်မိမည်ကို ကြောက်ရွံ့ခြင်းငှာ မဆိုထားနှင့်၊ ဘုရားသခင်ကို ပြစ်မှား မိမည်ကိုလည်း ကြောက်ရွံ့ခြင်း မရှိခဲ့ကြသည်ကို သင်မြင်ရပေသည်။ ဟုတ်ပေ၏၊ ငါတို့၏ အာရုံပြုချက်မှာ ယောဘ၏ သားသမီးများအပေါ်၌ မဟုတ်ဘဲ၊ ထိုသို့သော အရာများနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် ယောဘပြုခဲ့သည့် အရာအပေါ် ဖြစ်သည်။ ဤသည်မှာ ယောဘ၏ နေ့စဉ်အသက်တာနှင့် သူ၏ လူ့သဘာဝ၏ အနှစ်သာရ ပါဝင်သည့် ကျမ်းပိုဒ်ထဲ၌ ဖော်ပြထားသော အခြားသော ကိစ္စရပ်ဖြစ်သည်။ ယောဘ၏သားများနှင့် သမီးများ ပွဲခံခြင်းကို သမ္မာကျမ်းစာက ဖော်ပြသည့်နေရာတွင် ယောဘအကြောင်းကို ဖော်ပြခြင်း မရှိပေ။ သူ၏သားများနှင့် သမီးများ မကြာခဏ အတူတကွ စားသောက်ခဲ့ကြသည်ဟုသာ ဆိုထားသည်။ တစ်နည်းအားဖြင့် သူသည် ပွဲခံခြင်းများကို မပြုခဲ့သကဲ့သို့၊ သူသည် သူ၏သားများနှင့် သမီးများ အလွန်အကျူး စားသောက်ရာ၌ ပါဝင်ခြင်း မရှိခဲ့ပေ။ ကြွယ်ဝပြီး ဥစ္စာပစ္စည်းများစွာနှင့် အစေခံများစွာကို ပိုင်ဆိုင်ခဲ့သော်လည်း၊ ယောဘ၏ အသက်တာမှာ စည်းစိမ်ဖြင့် ယစ်မူးသော အသက်တာတစ်ခု မဟုတ်ခဲ့ပေ။ သူသည် သူ၏အကောင်းဆုံး ရှင်သန်မှုပတ်ဝန်းကျင်အားဖြင့် အချိန်ကို ပျော်ပါးကုန်လွန်စေခဲ့ခြင်း မရှိဘဲ၊ ယင်းက သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တဖြည်းဖြည်း ရှောင်ရှားစေဖို့မဆိုထားနှင့်၊ သူ၏ ချမ်းသာကြွယ်ဝမှုကြောင့် ဇာတိပကတိ ပျော်မွေ့ဖွယ်ရာများအပေါ် လွန်ကျူးစွာ ခံစားခဲ့ခြင်း သို့မဟုတ် မီးရှို့သောယဇ်များကို ပူဇော်ရန် မေ့လျော့ခဲ့ခြင်း မရှိပေ။ ထိုအခါ ယောဘသည် သူ၏ နေပုံထိုင်ပုံ၌ သိသိသာသာပင် စည်းကမ်းရှိခဲ့သည်၊ သူ့ကို ပေးသည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ၏ အကျိုးဆက်အဖြစ် လောဘကြီးခြင်း သို့မဟုတ် အပျော်အပါးလိုက်စားခြင်းသည် ပဓာနကျသည်ဟူသော ခံယူချက် မရှိခဲ့သကဲ့သို့၊ သူ၏ ဘဝ အဆင့်အတန်းအပေါ် အစွဲအလန်းကြီးခဲ့ခြင်း မရှိပေ။ ယင်းအစား သူသည် နှိမ့်ချပြီး ရိုးရိုးကုပ်ကုပ်နေခဲ့သည်၊ ဝင့်ကြွားတတ်ခြင်းလည်း မရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သတိရှိပြီး ဂရုတစိုက်ရှိခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို မကြာခဏ သူဆင်ခြင်တွေးတောခဲ့ပြီး ဘုရားသခင်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့ခဲ့သည်။ သူ၏ နေ့စဉ်အသက်တာတွင်၊ ယောဘသည် မကြာခဏ စောစီးစွာ နိုးထကာ သူ၏ သားများနှင့် သမီးများအတွက် မီးရှို့ရာယဇ်များကို ပူဇော်ခဲ့သည်။ တစ်နည်းအားဖြင့် ယောဘသည် သူကိုယ်တိုင် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်သာမက သူ၏သားသမီးများသည်လည်း ထို့နည်းတူ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမည်မဟုတ်ဟုလည်း သူမျှော်လင့်ခဲ့သည်။ ယောဘ၏ ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝ ချမ်းသာမှုသည် သူ၏ စိတ်နှလုံးအတွင်း၌ နေရာမရှိခဲ့သကဲ့သို့၊ ယင်းသည် ဘုရားသခင်ထိန်းသိမ်းထားသော နေရာကို အစားထိုးခဲ့ခြင်း မရှိပေ။ သူကိုယ်တိုင်အတွက် ဖြစ်စေ သူ၏သားသမီးများအတွက် ဖြစ်စေ ယောဘ၏နေ့စဉ် လုပ်ဆောင်ချက် အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် ဆက်နွှယ်ခဲ့သည်။ ယေဟောဝါဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းသည် သူ၏နှုတ်၌ ရပ်တန့်ခဲ့ခြင်းမရှိဘဲ၊ သူ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပြီး သူ၏ နေ့စဉ်အသက်တာ၏ အစိတ်အပိုင်းတစ်ခုစီတွင် ထင်ဟပ်ခဲ့သည့်အရာ တစ်ခု ဖြစ်သည်။ ယောဘ၏ ဤတကယ့် အပြုအမူက ယောဘသည် ရိုးသားပြီး တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် အနှစ်သာရတစ်ခုကို ပိုင်ဆိုင်ခဲ့သည်ကို ငါတို့အား ပြသပေသည်။ ယောဘသည် သူ၏သားများနှင့် သမီးများကို မကြာခဏ စေလွှတ်ကာ သန့်ရှင်းစေခဲ့သည် ဟူသည်မှာ သူသည် သူ၏ သားသမီးများ၏ အပြုအမူကို ခွင့်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိခဲ့သည်ကို ဆိုလိုသည်။ ယင်းအစား သူ၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ အပြုအမူနှင့်ပတ်သက်၍ စိတ်ပျက်ခဲ့ပြီး၊ ၎င်းတို့အား ပြစ်တင်ဝေဖန်ခဲ့သည်။ သူ၏သားများနှင့် သမီးများ၏ အပြုအမူသည် ယေဟောဝါဘုရားသခင်ကို ကျေနပ်စေခဲ့ခြင်း မရှိဟု သူ ကောက်ချက်ချခဲ့ပြီး၊ ထို့ကြောင့် ယေဟောဝါဘုရားသခင်ရှေ့သို့ သွားကာ ၎င်းတို့၏အပြစ်များကို ဝန်ခံဖို့ ၎င်းတို့ကို သူမကြာခဏ ခေါ်ယူခဲ့သည်။ ယောဘ၏ လုပ်ဆောင်ချက်များက သူသည် မကြာခဏ အပြစ်ပြုပြီး ဘုရားသခင်ကို ပြစ်မှားသောသူများနှင့်အတူ မည်သည့်အခါတွင်မျှ ပေါင်းသင်းခြင်း မရှိခဲ့ဘဲ၊ ယင်းအစား ၎င်းတို့ကို ရှောင်ဖယ်ပြီး ရှောင်ရှားခဲ့သည့် သူ၏ လူ့သဘာဝ၏ အခြားတစ်ဖက်ကို ငါတို့အား ပြပေသည်။ ဤလူများသည် သူ၏ သားများနှင့် သမီးများ ဖြစ်သော်လည်း၊ ၎င်းတို့သည် သူ၏မိသားစုနှင့် ဆွေမျိုးသားချင်း ဖြစ်သောကြောင့် သူ၏ ကိုယ်ပိုင် ပြုမူနေထိုင်ခြင်း အခြေခံသဘောတရားများကို ပစ်ပယ်ခဲ့ခြင်း မရှိသကဲ့သို့၊ သူ၏ ကိုယ်ပိုင် ခံစားချက်များကြောင့် ၎င်းတို့၏ အပြစ်များ၌ လိုက်လျောခဲ့ခြင်း မရှိပေ။ ယင်းထက် ၎င်းတို့အား ဝန်ချကာ ယေဟောဝါဘုရားသခင်၏ သည်းခံခြင်းကို ရယူရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏ အလိုကြီးသော ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို မစွန့်ပယ်ရန် ၎င်းတို့အား သူသတိပေးခဲ့သည်။ အခြားသူများအား ယောဘ ဆက်ဆံခဲ့ပုံနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို ဘုရားသခင်အား သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း အခြေခံသဘောတရားများမှ ခွဲခြား၍ မရနိုင်ပေ။ ဘုရားသခင် လက်ခံခဲ့သော အရာကို သူနှစ်သက်ခဲ့ပြီး၊ ဘုရားသခင် ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သော အရာကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံး၌ ကြောက်ရွံ့သောသူများကို သူနှစ်သက်ခဲ့ပြီး မကောင်းမှုကို ကျူးလွန်သူများ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသောသူများကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ထိုသို့သော ချစ်ခင်နှစ်သက်မှုနှင့် စက်ဆုပ်ရွံရှာမှုတို့ကို သူ၏ နေ့စဉ် အသက်တာထဲ၌ လက်တွေ့ပြသခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ အမြင်ဖြင့် မြင်ခဲ့သော ယောဘ၏ ဖြောင့်မတ်ခြင်း ဖြစ်ခဲ့သည်။ သဘာဝအားဖြင့်၊ ဤသည်မှာ သူ၏ နေ့စဉ်အသက်တာထဲတွင် အခြားသူများနှင့် သူ၏ ဆက်ဆံရေးထဲက ယောဘ၏ စစ်မှန်သော လူ့သဘာဝကို ဖော်ပြခြင်းနှင့် အသက်ရှင်နေထိုင်ခြင်းလည်း ဖြစ်ပြီး၊ ငါတို့လေ့လာကြရမည့် အကြောင်းအရာ ဖြစ်သည်။

သူ၏ စမ်းသပ်မှုများအတောအတွင်း ယောဘ၏ လူ့သဘာဝ သရုပ်သကန်များ (သူ၏ စမ်းသပ်မှုများအတောအတွင်း ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်းတို့အား နားလည်ခြင်း)

အထက်တွင် ငါတို့ဝေငှခဲ့သော အရာများမှာ သူ၏စမ်းသပ်မှုများမတိုင်မီ ယောဘ၏ နေ့စဉ် အသက်တာ၌ ပြသခဲ့သော သူ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော ရှုထောင့်များ ဖြစ်သည်။ ဤအမျိုးမျိုးသော သရုပ်သကန်များသည် ယောဘ၏ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့နှင့်ပတ်သက်၍ ကနဦး အကျွမ်းဝင်မှုနှင့် သိနားလည်မှုကို ပေးပြီး ကနဦး အတည်ပြုချက်ကို အလိုအလျောက်ပေးသည်မှာ သေချာပေသည်။ “ကနဦး” ဟု ငါဆိုရသည့် အကြောင်းရင်းမှာ လူအများစုသည် ယောဘ၏ ပင်ကိုစရိုက်နှင့် ဘုရားသခင်အပေါ် နာခံခြင်းနှင့် ကြောက်ရွံ့ခြင်း လမ်းခရီးကို သူလိုက်စားခဲ့သည့် အတိုင်းအတာအပေါ် စစ်မှန်သော သိနားလည်မှုတစ်ခု မရှိကြသေးသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ယောဘနှင့်သက်ဆိုင်သည့် လူအများစု၏ သိနားလည်ခြင်းသည် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” နှင့် “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟူသည့် ယောဘ၏စကားများပါဝင်သော သမ္မာကျမ်းစာထဲရှိ ကျမ်းပိုဒ်နှစ်ပိုဒ်က ပေးထားသည့် အတော်အတန် ကောင်းသော သူ၏ထင်မြင်ချက်ထက် သာ၍နက်ရှိုင်းမှု မရှိပေ။ ထို့ကြောင့် ယောဘသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ရရှိခဲ့သည်နှင့်အမျှ၊ သူသည် သူ၏လူ့သဘာဝကို မည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့သည်ကို ငါတို့နားလည်ရန် အလွန်လိုအပ်သည်။ ဤနည်းဖြင့် ယောဘ၏ စစ်မှန်သော လူ့သဘာဝသည် အလုံးစုံဖြင့် အယောက်တိုင်းအဖို့ သိသာလိမ့်မည် ဖြစ်သည်။

ယောဘသည် သူ၏ဥစ္စာပစ္စည်းများ အခိုးယူခံခဲ့ရပြီးဖြစ်ကြောင်း၊ သူ၏သားများနှင့် သမီးများ အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်းနှင့်၊ သူ၏အစေခံများ အသတ်ခံခဲ့ရပြီးဖြစ်ကြောင်းတို့ကို ကြားခဲ့ချိန်တွင်၊ အောက်ပါအတိုင်း သူတုံ့ပြန်ခဲ့သည်- “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး။” (ယောဘ ၁:၂၀) ဤစကားများသည် ငါတို့အား အချက်တစ်ချက်ကို ပြောပြသည်- ဤသတင်းကို ကြားပြီးနောက် ယောဘသည် ထိတ်ထိတ်ပျာပျာ မဖြစ်ခဲ့ပေ၊ သူသည် အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးပြီး မှန်ကန်ကြောင်း အတည်ပြုကာ မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ကို သိရဖို့ အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ဖို့ မဆိုထားနှင့်၊ သူသည် ငိုပင် မငိုကြွေးခဲ့ပေ သို့မဟုတ် သူ့အား သတင်းပေးသော အစေခံများကို အပြစ်မတင်ခဲ့ပေ။ သူ၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးရာတွင် မည်သည့်နာကျင်ခြင်း သို့မဟုတ် နောင်တရခြင်းကိုမျှ မပြသခဲ့သကဲ့သို့၊ သူသားသမီးများနှင့် ချစ်ရသူများကို ဆုံးရှုံးရခြင်းကြောင့်လည်း ရုတ်တရက် မျက်ရည်ကျငိုကြွေးခဲ့ခြင်း မရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့်၊ သူသည် သူ၏ ဝတ်လုံကို ဆုတ်ခဲ့ပြီး၊ သူ၏ ဦးခေါင်းကို ရိတ်ခဲ့သည်၊ မြေပေါ်တွင် ပျပ်ဝပ်ကာ ကိုးကွယ်ခဲ့လေသည်။ ယောဘ၏ လုပ်ဆောင်ချက်များသည် မည်သည့် သာမန် လူတစ်စုံတစ်ယောက်မျှ၏ လုပ်ဆောင်ချက်များနှင့် မတူညီပေ။ ထိုလုပ်ဆောင်ချက်များသည် လူများစွာကို စိတ်ရှုပ်ထွေးစေပြီး ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ယောဘအား သူ၏ “သွေးအေးမှု” အတွက် အပြစ်ဖော်ဆုံးမမိစေလေသည်။ မိမိတို့၏ ပိုင်ဆိုင်မှုများကို ရုတ်တရက် ဆုံးရှုံးရာတွင်၊ ပုံမှန်လူများသည် ဝမ်းနည်းပက်လက် ဖြစ်သည့်ပုံ သို့မဟုတ် မျှော်လင့်ချက်ကုန်သည့်ပုံ ပေါက်ကြပေမည်- သို့မဟုတ်၊ အချို့လူများ၏ အခြေအနေတွင် ၎င်းတို့သည် အလွန် စိတ်ဓာတ်ကျခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော်၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် လူတို့၏ ဥစ္စာပစ္စည်းသည် တစ်သက်တာ အားထုတ်မှုတစ်ခုကို ကိုယ်စားပြုသည်- ယင်းအပေါ်တွင် ၎င်းတို့၏ ရှင်သန်မှု မူတည်သည်၊ ယင်းသည် ၎င်းတို့အား ဆက်အသက်ရှင်စေသော မျှော်လင့်ချက် ဖြစ်သည်။ ၎င်းတို့၏ ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းသည် ၎င်းတို့၏ အားထုတ်မှုများ အချည်းနှီး ဖြစ်ရပြီးဖြစ်သည်၊ ၎င်းတို့သည် မျှော်လင့်ချက် မရှိသကဲ့သို့၊ အနာဂတ်ပင် မရှိသည်ကို ဆိုလိုပေသည်။ ဤသည်မှာ ၎င်းတို့၏ ဥစ္စာပစ္စည်းအပေါ် မည်သည့် ပုံမှန်လူမဆို၏ သဘောထားဖြစ်ပြီး ယင်းနှင့်အတူ ၎င်းတို့ထားရှိသည့် နီးကပ်သော ဆက်နွှယ်မှုဖြစ်ပြီး ဤသည်မှာ လူတို့၏ အမြင်တွင် ဥစ္စာပစ္စည်း၏ အရေးပါမှုလည်း ဖြစ်သည်။ ထိုသို့ဖြင့် လူအများစုသည် မိမိ၏ ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းအပေါ် ယောဘ၏ ဂရုမစိုက်သော သဘောထားဖြင့် စိတ်ရှုပ်သွားကြသည်။ ယနေ့တွင် ယောဘ၏ စိတ်နှလုံးအတွင်း မည်သည်အရာ ဖြစ်နေခဲ့သည်ကို ရှင်းပြခြင်းအားဖြင့် ဤလူအားလုံး၏ စိတ်ရှုပ်ထွေးမှုကို ငါတို့ ပပျောက်စေမည် ဖြစ်သည်။

ဘုရားသခင်က ထိုသို့သော အလျှံအပယ် ပိုင်ဆိုင်မှုများကို ပေးအပ် ထားသည်ကို ခံရခြင်းဖြင့်၊ သူသည် ၎င်းတို့အား စောင့်ရှောက်ခြင်း သို့မဟုတ် ဂရုစိုက်မှု မရှိခဲ့သည့်အတွက်၊ ဘုရားသခင် ပေးခဲ့သော ပိုင်ဆိုင်မှုများကို မထိန်းသိမ်းခဲ့သည့်အတွက်၊ ဤပိုင်ဆိုင်မှုများ ဆုံးရှုံးရခြင်းကြောင့် ယောဘသည် ဘုရားသခင်ရှေ့တွင် ရှက်သင့်သည်ဟု သာမန် လူပြိန်းအသိက ဆုံးဖြတ်ပေးသည်။ ထို့ကြောင့် သူ၏ ဥစ္စာပစ္စည်းများ အခိုးယူခံခဲ့ရပြီးဖြစ်သည်ကို သူကြားသည့်အခါ၊ သူ၏ ပထမဦးဆုံး တုံ့ပြန်မှုမှာ အခင်းဖြစ်သော နေရာသို့ သွားကာ ဆုံးရှုံးခဲ့ပြီးဖြစ်သည့် အရာတိုင်း၏ စာရင်းကိုယူရန်၊ ပြီးနောက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို နောက်ထပ်တစ်ဖန် ရကောင်းရရှိဖို့အလို့ငှာ ဘုရားသခင်ထံ ဝန်ချရန် ဖြစ်ခဲ့သင့်ပေသည်။ သို့သော် ယောဘသည် ဤသို့မလုပ်ဆောင်ခဲ့သကဲ့သို့၊ သူသည် ထိုသို့ မလုပ်ဆောင်ခြင်း အတွက် မိမိ၏ ကိုယ်ပိုင်အကြောင်းရင်း အလိုအလျောက် ရှိခဲ့ပေသည်။ ယောဘ၏ စိတ်နှလုံးထဲတွင်၊ သူပိုင်ဆိုင်သမျှသည် သူ့အပေါ် ဘုရားသခင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး သူ၏ ကိုယ်ပိုင် အားထုတ်မှု၏ ရလဒ် မဟုတ်ကြောင်းကို အလေးအနက် သူ ယုံကြည်ခဲ့ပေသည်။ ထို့ကြောင့် သူသည် ဤကောင်းချီးမင်္ဂလာများကို အရင်းအနှီးပြုရမည့် အရာတစ်ခုအဖြစ် သူမမြင်ခဲ့ပေ၊ သို့သော် ယင်းအစား သူ ထိန်းသိမ်းသင့်သော လမ်းခရီးကို သူ၏ အစွမ်းရှိသမျှဖြင့် ထိန်းသိမ်းရာတွင် သူ၏ ရှင်သန်မှု အခြေခံသဘောတရားများကို အခြေပြုထားခဲ့သည်။ သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မြတ်နိုးခဲ့ပြီး ယင်းတို့အတွက် ကျေးဇူးတော် ချီးမွမ်းခဲ့သည်၊ သို့သော် သူသည် ကောင်းချီးမင်္ဂလာများအပေါ် မစွဲမက်ခဲ့သကဲ့သို့၊ နောက်ထပ် ကောင်းချီမင်္ဂလာများကိုလည်း မရှာဖွေခဲ့ပေ။ ယင်းမှာ ဥစ္စာပစ္စည်းအပေါ် သူ၏ သဘောထား ဖြစ်ခဲ့သည်။ ကောင်းချီးမင်္ဂလာများ ရခြင်းအလို့ငှာ မည်သည့်အရာကိုမျှ သူမလုပ်ဆောင်ခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ကင်းမဲ့ခြင်း သို့မဟုတ် ဆုံးရှုံးခြင်းအားဖြင့် စိုးရိမ်ခြင်း သို့မဟုတ် စိတ်ထိခိုက်ခြင်း မရှိခဲ့ပေ။ သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကြောင့် လွန်လွန်ကဲကဲ၊ အရူးအမူး ပျော်ရွှင်ခဲ့ခြင်း မရှိသကဲ့သို့၊ သူမကြာခဏ မွေ့လျော်ခံစားခဲ့ရသော ကောင်းချီးမင်္ဂလာများကြောင့် ဘုရားသခင်၏ လမ်းခရီးကို လျစ်လျူရှုခြင်း မရှိခဲ့ပေ၊ သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ကို မေ့လျော့ခြင်း မရှိခဲ့ပေ။ သူ၏ဥစ္စာပစ္စည်းအပေါ် ယောဘ၏ သဘောထားသည် သူ၏ စစ်မှန်သော လူ့သဘာဝကို လူတို့ထံ ထုတ်ဖော်ပြလေသည်- ပထမဦးစွာ ယောဘသည် လောဘကြီးသော လူတစ်ဦး မဟုတ်ခဲ့သကဲ့သို့၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာတွင် နားပူနားဆာ မလုပ်ခဲ့ပေ။ ဒုတိယအနေဖြင့် ယောဘသည် သူ၌ ရှိသမျှကို ဘုရားသခင် ယူဆောင်သွားမည်ကို စိုးရိမ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ၊ ယင်းမှာ သူ၏ စိတ်နှလုံးထဲက ဘုရားသခင်အပေါ် သူ၏ နာခံမှု သဘောထား ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ သူ့ထံမှ ဘုရားသခင်သည် မည်သည့် အချိန်တွင် ယူဆောင်သွားမည် သို့မဟုတ် ရုပ်သိမ်းခြင်း ပြုမည် မပြုမည်နှင့်ပတ်သက်၍ သူသည် တောင်းဆိုချက်များ သို့မဟုတ် ညည်းညူမှုများ မရှိခဲ့သကဲ့သို့ အကြောင်းရင်းကိုလည်း မမေးခဲ့ဘဲ၊ ဘုရားသခင်၏ အစီအစဉ်များကို နာခံရန်သာ ကြိုးစားခဲ့သည်။ တတိယအနေဖြင့် သူ၏ ပိုင်ဆိုင်မှုများသည် သူ၏ ကိုယ်ပိုင် အားထုတ်မှုများမှ ရလာသည်ဟု မည်သည့်အခါမျှ သူမယုံကြည်ခဲ့ဘဲ ထိုအရာများကို ဘုရားသခင်က သူ့အပေါ် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်း ဖြစ်ခဲ့ပြီး သူ၏ ခံယူချက်နှင့်သက်ဆိုင်သည့် အရိပ်အမြွက်တစ်ခု ဖြစ်သည်။ ယောဘ၏ လူ့သဘာဝနှင့် သူ၏ နေ့စဉ် စစ်မှန်သော လိုက်စားမှုတို့သည် သူနှင့်သက်ဆိုင်သည့် ဤအကျဉ်းချုပ် အချက်သုံးချက်တွင် ရှင်းလင်းသိသာပါသလော။ ယောဘ၏ လူ့သဘာဝနှင့် လိုက်စားမှုတို့သည် သူ၏ ဥစ္စာပစ္စည်းများ ဆုံးရှုံးခြင်းနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် သူ၏ အေးစက်သော အပြုအမူနှင့် တစ်သားတည်း ဖြစ်ခဲ့သည်။ ယောဘအနေဖြင့် ဘုရားသခင်၏ စမ်းသပ်မှုများအတောအတွင်းတွင်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု ပြောရန် ဝိညာဉ်ရင့်ကျက်မှုနှင့် ခံယူချက် ရှိခဲ့သည်မှာ သူ၏ နေ့စဉ် လိုက်စားမှုကြောင့် အတိအကျ ဖြစ်ပေသည်။ ဤစကားများကို ညတွင်းချင်း ရရှိခဲ့ခြင်း မဟုတ်သကဲ့သို့၊ ထိုစကားများသည် ယောဘ၏ခေါင်းထဲ၌ ထွက်ပေါ်ရုံထွက်ပေါ်ခဲ့သည် မဟုတ်ပေ။ ယင်းတို့သည် နှစ်ပေါင်းများစွာကြာ ဘဝ အတွေ့အကြုံ တစ်လျှောက် မြင်ခဲ့ပြီး ရရှိခဲ့ပြီးဖြစ်သော အရာများဖြစ်သည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး ၎င်းတို့ထံမှ ဘုရားသခင် ယူဆောင်သွားမည်ကို ကြောက်ရွံ့သောသူ၊ ပြီးလျှင် ယင်းကို မုန်းတီးပြီး ယင်းနှင့်ပတ်သက်၍ ညည်းညူသောသူ အားလုံးနှင့် နှိုင်းယှဉ်ပါက၊ ယောဘ၏ နာခံခြင်းသည် အလွန် စစ်မှန်သည် မဟုတ်လော။ ဘုရားသခင် တစ်ပါးရှိသည်ကို ယုံကြည်သော်လည်း၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသည်ကို မည်သည့်အခါမျှ မယုံကြည်ဖူးသော သူအားလုံးနှင့် နှိုင်းယှဉ်ပါက၊ ယောဘသည် ကြီးမားသော ရိုးသားမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ပိုင်ဆိုင်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အမှာစကား ချန်ခဲ့မည်