စာရင်း

ဘုရားသခင်အပေါ် သင့်ယုံကြည်ခြင်းက မှန်ကန်သည်ဆိုလျှင် သူ၏ဂရုစိုက်မှုကို မကြာခဏ သင်ရရှိလိမ့်မည်

နိနေဝေသားတို့အပေါ် ဘုရားသခင်က သူ၏ရည်ရွယ်ချက်ကို ပြောင်းလဲခြင်းက တွန့်ဆုတ်ခြင်း သို့မဟုတ် မပြတ်သားခြင်းတို့ မပါဝင်ပေ။ အမှန်တကယ်တွင်မူ ဒေါသသက်သက်မှ သည်းခံခြင်းသက်သက်ကို ကူးပြောင်းသွားခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရ၏ မှန်ကန်သည့် ထုတ်ဖော်ခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် သူ့လုပ်ဆောင်ချက်တို့၌ မည်သည့်အခါမျှ မပြတ်သားခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိပေ။ သူ့လုပ်ရပ်များနောက်က သဘောတရားများနှင့် ရည်ရွယ်ချက်များက အားလုံးရှင်းလင်းပြီး ပွင့်လင်းမြင်သာသည်၊ သန့်စင်ပြီး အပြစ်အနာအဆာ ကင်းမဲ့သည်။ အတွင်း၌ လှည့်ကွက် သို့မဟုတ် အကြံအစည်တို့ ရောထွေးနေခြင်း လုံးဝမရှိပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏အနှစ်သာရမှာ မှောင်မိုက်ခြင်း သို့မဟုတ် ဆိုးယုတ်ခြင်းတို့ မပါဝင်ပေ။ နိနေဝေမြို့သားများ၏ ဆိုးယုတ်သည့် အပြုအမူများက သူ့ရှေ့ကို ရောက်လာသည့် အတွက်ကြောင့် ဘုရားသခင်က ဒေါသထွက်ခဲ့သည်။ ထိုအချိန်တုန်းက သူ၏ဒေါသသည် သူ၏အနှစ်သာရမှ ဆင်းသက်သည်။ သို့သော်လည်း ဘုရားသခင်၏ ဒေါသသည် ပျောက်ကွယ်သွားပြီး သူ၏သည်းခံခြင်းကို နိနေဝေသားတို့အပေါ် နောက်တစ်ကြိမ် ချပေးသနားသည့်အခါ သူဖွင့်ပြသည့်အရာ အားလုံးက သူ၏ကိုယ်ပိုင်အနှစ်သာရပဲ ဖြစ်နေပါသေးသည်။ ဤပြောင်းလဲမှုတစ်ခုလုံးက ဘုရားသခင်အပေါ် လူသား၏ သဘောထား ပြောင်းလဲမှုကြောင့်ဖြစ်သည်။ ဤအချိန်ကာလ တစ်ခုလုံး အတွင်းမှာ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် စိတ်သဘောထားက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ သည်းခံသည့် အနှစ်သာရက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ ချစ်ခြင်းနှင့် သနားညှာတာခြင်း အနှစ်သာရက ပြောင်းလဲမသွားပေ။ လူတို့က ဆိုးယုတ်သည့် အပြုအမူများကို ကျူးလွန်ပြီး ဘုရားသခင်ကို ထိပါးစော်ကားသည့်အခါမှာ သူ့ဒေါသကို သူတို့အပေါ် ယူဆောင်လာလိမ့်မည်။ လူတို့က အမှန်တကယ် နောင်တရသည့်အခါ ဘုရားသခင်၏ နှလုံးသားသည် ပြောင်းလဲမည်ဖြစ်ပြီး သူ့ဒေါသသည် ရပ်တန့်သွားလိမ့်မည်။ လူတို့က ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆက်ပြီး ဆန့်ကျင်နေလျှင် သူ၏ဒေါသက ရပ်တန့်မည် မဟုတ်ပေ။ သူ၏အမျက်ဒေါသသည် သူတို့ဖျက်ဆီးခံရသည့်အထိ နည်းနည်းချင်း သူတို့အပေါ် ဖိအားပေးသွားမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်က အမျက်ဒေါသကို ဖော်ပြနေသည်ဖြစ်စေ သို့မဟုတ် သနားညှာတာမှုနှင့် မေတ္တာကို ဖော်ပြသည်ဖြစ်စေ လူသား၏နှလုံးသားအတွင်းမှာ ဘုရားသခင် အပေါ် သူ၏ အပြုအမူနှင့် သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို ထုတ်ဖော်ခြင်းမှတစ်ဆင့် ဖော်ပြသည့် အရာကို သတ်မှတ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို လူတစ်ယောက်အပေါ်မှာ အဆက်မပြတ် သက်ရောက်စေလျှင် ဤလူ၏နှလုံးသားသည် ဘုရားသခင်ကို ဆန့်ကျင်သည်မှာ သံသယဖြစ်စရာ မလိုပေ။ သူက တစ်ခါမျှ အမှန်တကယ် နောင်တရခြင်း မရှိသည့်အတွက်ကြောင့်၊ ဘုရားသခင်ရှေ့မှာ ဦးညွတ်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် မှန်ကန်သည့် ယုံကြည်မှု ပိုင်ဆိုင်ခြင်း မရှိသည့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းကို တစ်ခါမျှ မရရှိပေ။ လူတစ်ဦးသည် ဘုရားသခင်၏ ဂရုစိုက်မှုကို မကြာခဏလက်ခံရရှိပြီး သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းကို မကြာခဏလက်ခံရရှိလျှင် ဤလူသည် သူ့နှလုံးသားမှာ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ခြင်း ရှိပြီး သူ့နှလုံးသားသည် ဘုရားသခင်ကို မဆန့်ကျင်ပေဆိုသည်မှာ ယုံမှားဖွယ်ရာမရှိပေ။ သူသည် ဘုရားသခင်ရှေ့မှာ မကြာခဏ အမှန်တကယ် နောင်တရသည်။ ထို့ကြောင့် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းက ဤလူအပေါ်မှာ မကြာခဏ ဆင်းသက်သော်လည်း သူ၏အမျက်ဒေါသ ကျရောက်မည် မဟုတ်ပေ။

ဤအတိုချုပ် အသေးစိတ်အချက်အလက်များက ဘုရားသခင်၏ နှလုံးသားကို လူတို့မြင်ဖို့၊ သူ၏အနှစ်သာရ၏ စစ်မှန်ခြင်းကို မြင်ဖို့၊ ဘုရားသခင်၏ ဒေါသနှင့် သူ၏နှလုံးသားပြောင်းလဲခြင်းသည် အကြောင်းမရှိဖြစ်ခြင်း မဟုတ်ဘူးဆိုသည်ကို မြင်ဖို့ အခွင့်ပေးပါသည်။ သူ၏ဒေါသနှင့် သူ၏သည်းခံခြင်းဖြစ်သည့် ဘုရားသခင်၏အနှစ်သာရ၏ ဤအချက်နှစ်ချက်ကြားမှာ တည်ရှိနေပုံရသည့် ကြီးမားသည့် ကွာဟမှု သို့မဟုတ် ကြီးမားသည့်ခြားနားမှု တည်ရှိနေပုံရသည်ဟု လူတို့ကို ယုံကြည်စေသည့် သူစိတ်ဆိုးသည့်အချိန်နှင့် သူ၏နှလုံးသား ပြောင်းလဲသည့်အချိန်မှာ ဘုရားသခင် ထုတ်ဖော်ပြသခဲ့သည့် သိသာသည့် ကွဲပြားမှုရှိသော်လည်း၊ နိနေဝေမြို့သားတို့၏ နောင်တရခြင်းအပေါ် ဘုရားသခင်၏ သဘောထားသည် ဘုရားသခင်၏ မှန်ကန်သည့် စိတ်သဘောထား၏ အခြားတစ်ဖက်ကို လူတို့ကို မြင်စေပါသည်။ ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် ချစ်ခင်ကြင်နာမှုကို နောက်တစ်ကြိမ်မြင်စေဖို့၊ ဘုရားသခင်၏ အနှစ်သာရ အမှန်တကယ် ထုတ်ဖော်ခြင်းကို မြင်စေဖို့ လူသားမျိုးနွယ်ကို အမှန်တကယ် အခွင့်ပေးပါသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏သနားညှာတာမှုနှင့် ချစ်ခင်ကြင်နာမှုသည် ဒဏ္ဍာရီများမဟုတ်သကဲ့သို့ လုပ်ကြံဖန်တီးထားခြင်းများ မဟုတ်ဘူးဆိုသည်ကို အသိအမှတ်ပြုရုံပဲရှိပါသည်။ ဤသည်မှာ ထိုအချိန်၌ ဘုရားသခင်၏ ခံစားချက်က မှန်ကန်သည့်အတွက်ကြောင့် ဖြစ်ပါသည်။ ဘုရားသခင်၏နှလုံးသားပြောင်းလဲခြင်းက မှန်ကန်ပါသည်။ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် သူ၏သနားညှာတာမှုနှင့် သည်းခံမှုကို အမှန်တကယ်ပင် နောက်တစ်ကြိမ် ချပေးသနားခဲ့ပါသည်။

နိနေဝေမြို့သားတို့၏ နှလုံးသားမှာရှိသည့် စစ်မှန်သည့်နောင်တသည် ဘုရားသခင်၏ သနားညှာတာမှုကို ရယူနိုင်ခဲ့ပြီး သူတို့၏အဆုံးသတ်ကို ပြောင်းလဲစေခဲ့သည်

ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းနှင့် သူ၏အမျက်ဒေါသကြားမှာ တစ်ခုနှင့်တစ်ခုမကိုက်ညီခြင်း ရှိသလော။ မည်သို့ရှိပါ့မည်နည်း။ ဤသည်မှာ အထူးသဖြင့် ထိုအချိန်၌ ဘုရားသခင်၏ သည်းခံခြင်းက အကြောင်းရင်း ရှိသည့်အတွက်ကြောင့်ဖြစ်သည်။ ဤအကြောင်းရင်းက မည်သို့ ဖြစ်နိုင်မည်နည်း။ သမ္မာကျမ်းစာမှာ ပြထားသည့် အရာတစ်ခု ဖြစ်ပါသည်။ “လူတိုင်းက သူ၏မကောင်းသည့်လမ်းခရီးများကို ထားခဲ့သည်” ဆိုခြင်းနှင့် “သူတို့လက်ထဲက ရက်စက် ကြမ်းကြုတ်မှုများကို စွန့်ပစ်သည်” ဆိုခြင်းတို့ဖြစ်ပါသည်။

ဤ “မကောင်းသည့် လမ်းခရီး” က မကောင်းသည့် လုပ်ရပ်တစ်ချို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ လူတို့၏ အပြုအမူနောက်က မကောင်းသည့်အရင်းအမြစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။“သူ၏ မကောင်းသည့်လမ်းခရီးကို ထားခဲ့ခြင်း” ဆိုသည်မှာ ထိုလူတို့သည် ဤလုပ်ရပ်တို့ကို ဘယ်တော့မှ နောက်ထပ် မကျူးလွန်တော့ဘူးဟု ဆိုလိုပါသည်။ တစ်နည်းပြောရလျှင် သူတို့သည် ဤမကောင်းသည့်နည်းလမ်းကို နောက်ထပ် ဘယ်တော့မှ မပြုလုပ်တော့ပေ။ သူတို့လုပ်ရပ်များ၏ နည်းလမ်း၊ အရင်းအမြစ်၊ ရည်ရွယ်ချက်၊ ကြံရွယ်ချက်နှင့် သဘောတရားများသည် အားလုံးပြောင်းလဲခဲ့သည်။ သူတို့နှလုံးသားမှာ သာယာကြည်နူးမှုနှင့် ပျော်ရွှင်မှုကိုရရှိဖို့ ဤနည်းလမ်းများနှင့် သဘောတရားများကို ဘယ်တော့မှ အသုံးပြုမှာမဟုတ်တော့ပေ။ “သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်သည်” မှာရှိသည့် “စွန့်လွှတ်” ဆိုခြင်းက လွတ်ချဖို့ သို့မဟုတ် ဘေးဖယ်လိုက်ဖို့၊ အတိတ်ကို လုံးဝ ဖြတ်တောက်လိုက်ပြီး ဘယ်တော့မှ နောက်ပြန်မကြည့်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ နိနေဝေ၏ လူတို့သည် သူတို့လက်ထဲက ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်ခဲ့သည့်အခါမှာ ဤအချက်သည် သူတို့၏ မှန်ကန်သည့် နောင်တကို သက်သေပြသကဲ့သို့ ကိုယ်စားလည်းပြုပါသည်။ ဘုရားသခင်သည် လူတို့၏ အပြင်ပန်းနှင့် သူတို့၏ နှလုံးသားကိုလည်း လေ့လာကြည့်ရှုပါသည်။ ဘုရားသခင်သည် နိနေဝေမြို့သားတို့၏ နှလုံးသားမှာရှိသည့် မှန်ကန်သည့် နောင်တကို မေးခွန်းမမေးဘဲနှင့် လေ့လာကြည့်ရှုပြီး သူတို့သည် သူတို့၏ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့၏လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ခဲ့ကြောင်းကိုလည်း ကြည့်ရှုသိမြင်ပြီးသည့်အခါ သူ့နှလုံးသားကို သူပြောင်းလဲခဲ့သည်။ ဆိုလိုသည်မှာ ဤလူတို့၏ အနေအထိုင်၊ အပြုအမူနှင့် အကြောင်းအရာများကို လုပ်ဆောင်သည့်နည်းလမ်းအမျိုးမျိုးနှင့် သူတို့ နှလုံးသားထဲမှာ ရှိသည့် မှန်ကန်သည့် ဝန်ခံခြင်းနှင့် နောင်တတို့သည် ဘုရားသခင်အား သူ့နှလုံးသားပြောင်းလဲစေဖို့၊ သူ၏ ရည်ရွယ်ချက်များကို ပြောင်းလဲစေဖို့၊ သူ၏ဆုံးဖြတ်ချက်ကို ရုတ်သိမ်းပြီး သူတို့ကို ပြစ်ဒဏ်မခတ်ဖို့ သို့မဟုတ် မဖျက်ဆီးဖို့ ဖြစ်စေခဲ့သည်။ ထို့ကြောင့် နိနေဝေမြို့၏ လူတို့သည် မတူညီသည့် အဆုံးသတ်ကို ရရှိခဲ့ပါသည်။ သူတို့၏ ကိုယ်ပိုင်အသက်ကို ပြန်လည် ရွေးနှုတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်က သူ၏ အမျက်ဒေါသကို ရုတ်သိမ်းခဲ့စေသည့် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုကို ရယူနိုင်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

အမှာစကား ချန်ခဲ့မည်