စာရင်း

စာတန်က ယောဘကို ပထမဆုံးအကြိမ် စုံစမ်းသည် (သူ၏ ခြံမွေးတိရစ္ဆာန်များ အခိုးယူခံရပြီး သူ၏ သားသမီးများအပေါ် ဘေးဒုက္ခဆိုက်သည်)

က။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ

ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။

ယောဘ ၁:၁၂ ယေဟောဝါက စာတန်ကို၊ ကြည့်လော့၊ သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်၊ ဟု မိန့်တော်မူ၏။ သို့နှင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ ထွက်သွားလေသည်။

ခ။ စာတန်၏ ပြန်လည်ဖြေကြားချက်

ယောဘ ၁:၉-၁၁ စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ယောဘ၏ ယုံကြည်ခြင်းကို စုံလင်စေဖို့အလို့ငှာ ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးသည်

ယောဘ ၁:၈ သည် သမ္မာကျမ်းစာထဲတွင် ငါတို့ မြင်ရသည့် ယေဟောဝါဘုရားသခင်နှင့် စာတန်တို့ကြား အပြန်အလှန် စကားပြောဆိုခြင်း၏ ပထမဆုံးမှတ်တမ်းဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် မည်သည့်အရာကို ပြောခဲ့သနည်း။ မူရင်းစာသားသည် အောက်ပါဖြစ်စဉ်ကို ဖော်ပြပေးထားသည်- “ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။” ဤသည်မှာ စာတန်ရှေ့တွင် ယောဘနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အကဲဖြတ်ခြင်း ဖြစ်ခဲ့သည်။ ဘုရားသခင်က သူသည် စုံလင်၍ ဖြောင့်မတ်သော လူတစ်ဦးဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သူတစ်ဦးဖြစ်သည်ဟု ဆိုခဲ့သည်။ ဘုရားသခင်နှင့် စာတန်အကြား ဤစကားများမတိုင်မီတွင်၊ ဘုရားသခင်က သူသည် ယောဘကို စုံစမ်းဖို့ စာတန်ကို အသုံးပြုမည်- ယောဘကို စာတန်လက်သို့ အပ်မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အချက်တစ်ချက်နှင့် စပ်လျဉ်း၍၊ ဤအရာက ယောဘနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ လေ့လာစောင့်ကြည့်ခြင်းနှင့် သုံးသပ်ခြင်းတို့သည် တိကျမှန်ကန်ခဲ့ပြီး အမှားအယွင်း မရှိခဲ့သကဲ့သို့၊ ယောဘ၏ သက်သေခံချက်မှတစ်ဆင့် စာတန်ကို အရှက်ရစေမည် ဖြစ်သည်ကို သက်သေပြပေမည်။ အခြားအချက်အနေဖြင့်၊ ယင်းသည် ဘုရားသခင်အား ယောဘ၏ ယုံကြည်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို စုံလင်စေမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ရှေ့သို့ စာတန်လာသည့်အခါတွင်၊ ဘုရားသခင်သည် မရေမရာ မပြောခဲ့ပေ။ သူသည် လိုရင်းတိုရှင်း ဖြတ်၍ စာတန်အား၊ “ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်။” ဟု မေးခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ မေးခွန်းထဲတွင် အောက်ဖော်ပြပါ အဓိပ္ပာယ်ရှိလေသည်- စာတန်သည် အရပ်တကာသို့ လှည့်လည် သွားလာခဲ့ပြီး ဘုရားသခင်၏ အစေခံဖြစ်သော ယောဘအပေါ် မကြာခဏ လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့ပြီးဖြစ်သည်ကို ဘုရားသခင် သိသည်။ ၎င်းသည် ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းသည် မခိုင်မြဲနိုင်သည်ကို သက်သေပြရန်အလို့ငှာ ယောဘအပေါ် ပျက်စီးခြင်း ကျရောက်စေမည့် နည်းလမ်းတစ်ခုကို ရှာတွေ့ရန် ကြိုးစားရင်း၊ သူ့ကို မကြာခဏ စုံစမ်းနှောင့်ယှက်ကာ တိုက်ခိုက်ခဲ့လေသည်။ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ပြီး ဘုရားသခင်၏လက်ထဲမှ သူ့ကို ဖမ်းဆီးနိုင်ရန်အလို့ငှာ စာတန်သည် ယောဘကို ယူကျုံးမရဖြစ်စေဖို့ အခွင့်အရေးများကိုလည်း လိုလိုလားလား ရှာခဲ့သည်။ သို့သော် ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးအတွင်းသို့ကြည့်ခဲ့ပြီး၊ သူသည် စုံလင်ကာ ဖြောင့်မတ်သည်၊ ပြီးလျှင် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်ကို မြင်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် စုံလင်ပြီး ဖြောင့်မတ်သော လူတစ်ဦးဖြစ်ကြောင်း၊ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ကာ စာတန်နောက် မည်သည့်အခါမျှ လိုက်မည် မဟုတ်ကြောင်းကို စာတန်အား ပြောပြရန် ဘုရားသခင်သည် မေးခွန်းတစ်ခုကို အသုံးပြုခဲ့သည်။ ယောဘနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ သုံးသပ်ချက်ကို ကြားရခြင်းဖြင့်၊ စာတန်က တစ်စုံတစ်ဦးသည် စုံလင်၍ ဖြောင့်မတ်နိုင်ကြောင်း၊ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ကြောင်းကို မည်သည့်အခါမျှ မယုံကြည်ခဲ့သည့်အတွက်၊ စာတန်၏အထဲတွင် အရှက်ကွဲခြင်းမှ ဖြစ်ပေါ်သည့် ဒေါသူပုန်ထခြင်းတစ်ခု ဖြစ်လာပြီး စာတန်သည် သာ၍ စိတ်ဆိုးလာကာ ယောဘကို ဆတ်ခနဲအလစ်သုတ်ရန် သာ၍ ဆန္ဒစောလာခဲ့သည်။ တစ်ချိန်တည်းတွင် စာတန်သည် လူအထဲရှိ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကိုလည်း စက်ဆုပ်ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်သော လူများကို မုန်းတီးခဲ့သည်။ ထို့ကြောင့် ယောဘ ၁:၉-၁၁ ထဲ၌ “စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။” ဟု ရေးသားထားပေသည်။ ဘုရားသခင်သည် စာတန်၏ မလိုမုန်းထားသော သဘာဝကို အတွင်းကျကျ သိကျွမ်းပြီး စာတန်သည် ယောဘအပေါ်သို့ ပျက်စီးခြင်း ကျရောက်စေရန် အချိန်ကြာမြင့်စွာက ကြံစည်ခဲ့ပြီးဖြစ်သည်ကို အပြည့်အ‌ဝ ကောင်းစွာ သိခဲ့သည်၊ ထို့ကြောင့် ဤအရာ၌ ယောဘသည် စုံလင်ကာ ဖြောင့်မတ်ပြီး၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်သည်ကို စာတန်အာ နောက်တဖန် ပြောပြခြင်းမှတစ်ဆင့် ဘုရားသခင်သည် စာတန်ကို လိုက်နာစေရန်၊ စာတန်အား သူ၏ စရိုက်မှန်ကို ထုတ်ဖော်ပြစေရန်နှင့် ယောဘကို တိုက်ခိုက်ကာ စုံစမ်းနှောင့်ယှက်စေရန် ဘုရားသခင် ဆန္ဒရှိခဲ့သည်။ တစ်နည်းအားဖြင့်၊ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ကြောင်းကို ဘုရားသခင်သည် တမင်တကာ အသားပေးခဲ့ပြီး ဤနည်းအားဖြင့် ဘုရားသခင်သည် စာတန်အား ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူတစ်ဦးဖြစ်ပုံ၊ ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သူဖြစ်ပုံအပေါ် ၎င်း၏ မုန်းတီးခြင်းနှင့် အမျက်ဒေါသကြောင့် ယောဘကို တိုက်ခိုက်စေခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ ယောဘသည် စုံလင်၍ ဖြောင့်မတ်သောသူ တစ်ဦးဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူဖြစ်သည်ဆိုသည့် အချက်မှတစ်ဆင့် ဘုရားသခင်သည် စာတန်အပေါ် အရှက်ရစေမည်ဖြစ်ပြီး စာတန်သည် လုံးလုံးလျားလျား အရှက်တကွဲဖြစ်ကာ ရှုံးနိမ့်သွားမည်ဖြစ်သည်။ ယင်းနောက်တွင်၊ စာတန်သည် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မကောင်းမှု ရှောင်ကြဉ်ခြင်းနှင့်ပတ်သက်၍ သံသယရှိတော့မည်မဟုတ် သို့မဟုတ် စွပ်စွဲချက်များ ပြုတော့မည် မဟုတ်ပေ။ ဤနည်းဖြင့်၊ ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းသည် ရှောင်လွှဲ၍ မရလုနီးပါး ဖြစ်ခဲ့သည်။ ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့သည့် တစ်ဦးတည်းသောသူမှာ ယောဘ ဖြစ်သည်။ ဤအပြန်အလှန် စကားပြောဆိုခြင်းနောက်တွင် စာတန်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် အခွင့်ရရှိခဲ့သည်။ ထိုသို့ဖြင့် စာတန်၏ ပထမအချီ တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ဤတိုက်ခိုက်မှုများ၏ ပစ်မှတ်မှာ ယောဘ၏ ဥစ္စာပစ္စည်း ဖြစ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် စာတန်က ယောဘအား အောက်ပါစွဲချက်ကို တင်ခဲ့သည့်အတွက် ဖြစ်သည်- “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။...သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။” အကျိုးဆက်တစ်ခုအနေဖြင့်၊ ဘုရားသခင်သည် ယောဘ၌ ရှိသမျှကို နုတ်ယူရန် စာတန်ကို အခွင့်ပေးခဲ့သည်- ဤသည်မှာ စာတန်အား ဘုရားသခင် စကားပြောခဲ့သည့်အကြောင်းရင်း၏ တကယ့် ရည်ရွယ်ချက် ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်သည် စာတန်ကို တောင်းဆိုချက်တစ်ခု ပြုခဲ့သည်- “သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်။” (ယောဘ ၁:၁၂) ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်အား ခွင့်ပြုခဲ့ပြီး ယောဘကို စာတန်၏ လက်ထဲသို့ ထားရှိပြီးသည့်နောက်တွင် ဘုရားသခင် ပြုသော သတ်မှတ်ချက် တစ်ခုဖြစ်ပြီး ဤသည်မှာ စာတန်အတွက် သူချမှတ်ထားသော ကန့်သတ်ချက် ဖြစ်သည်။ ယောဘကို အန္တရာယ်မပြုရန် စာတန်ကို သူအမိန့်ပေးခဲ့သည်။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သည်ကို ဘုရားသခင် အသိအမှတ်ပြုခဲ့သောကြောင့်၊ ပြီးလျှင် သူ၏ရှေ့၌ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းမှာ သံသယ ဖြစ်ဖွယ်မရှိသကဲ့သို့ စစ်ဆေးမှု ခံစေခြင်းကို ကြံ့ကြံ့ခံနိုင်မည် ဖြစ်သည်ကို ယောဘ၌ ယုံကြည်ခြင်း ရှိခဲ့သောကြောင့်၊ ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သော်လည်း၊ စာတန်အပေါ် ကန့်သတ်ချက် တစ်ခုကို ချမှတ်ခဲ့သည်- စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်း အားလုံးကို နုတ်ယူရန် အခွင့်ရခဲ့သော်လည်း၊ သူ့အပေါ် ကိုယ်ထိလက်ရောက် မလုပ်နိုင်ခဲ့ပေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ထိုအခိုက်အတန့်တွင် ဘုရားသခင်သည် ယောဘကို စာတန်ထံ လုံးလုံးလျားလျား မပေးအပ်ခဲ့သည်ကို ဆိုလိုပေသည်။ လူ၏ အရာရာတိုင်းကို ဘုရားသခင် ထိန်းချုပ်ထားပြီး လူ ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ဘုရားသခင်က ဆုံးဖြတ်သောကြောင့်၊ စာတန်သည် ယောဘကို ၎င်းအလိုရှိသည့် မည်သည့် နည်းလမ်းဖြင့်မဆို စုံစမ်းနှောင့်ယှက်နိုင်မည်ဖြစ်သော်လည်း၊ ယောဘကိုယ်တိုင်အား- သူ၏ ဦးခေါင်းပေါ်က ဆံခြည် တစ်မျှင်ကိုပင်- ထိခိုက်နာကျင်စေနိုင်မည် မဟုတ်ပေ။ စာတန်သည် ဤလုပ်ပိုင်ခွင့် မရှိပေ။ ဤစကားများကို စာတန်အား ဘုရားသခင် ဆိုခဲ့ပြီးနောက်တွင် စာတန်သည် အစပြုရန် အလွန် စိတ်အားထက်သန်ခဲ့သည်။ ၎င်းသည် ယောဘကို စုံစမ်းနှောင့်ယှက်ဖို့ နည်းလမ်းတိုင်းကို အသုံးပြုခဲ့ပြီး၊ များမကြာမီတွင် ယောဘသည် သူ့ကို ဘုရားသခင် ပေးထားခဲ့သည့် တောင်တစ်တောင်စာရှိသော သိုး နွားများနှင့် ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီးဖြစ်လေသည်...ထိုသို့ဖြင့် ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့သည်။

သမ္မာကျမ်းစာက ငါတို့အား ယောဘ၏ စုံစမ်းနှောင့်ယှက်ခံရခြင်း၏ ဇာစ်မြစ်များကို ပြောပြသော်လည်း၊ ဤစုံစမ်းနှောင့်ယှက်ခြင်းများကို ခံရသည့် ယောဘကိုယ်တိုင်သည် မည်သည့်အရာများ ဖြစ်နေသည်ကို သိခဲ့သလော။ ယောဘသည် သေမျိုးဖြစ်သော လူသားတစ်ဦးသာ ဖြစ်သည်။ ဟုတ်ပေ၏၊ သူ၏အနီးတစ်ဝိုက်တွင် ထုတ်ဖော်ပြလျက်ရှိသည့် အဖြစ်အပျက်နှင့် သက်ဆိုင်၍ မည်သည့်အရာကိုမျှ သူမသိခဲ့ပေ။ သို့သော်ငြားလည်း သူ့အပေါ် ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခဲ့ပြီ ဖြစ်သည်ကို ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်း၊ သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က သူ့အား နားလည်စေခဲ့သည်။ ဝိညာဉ်ရေးရာ လောက၌ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို သူ မသိခဲ့သကဲ့သို့၊ ဤစမ်းသပ်မှုများ၏ နောက်ကွယ်တွင် ဘုရားသခင်၏ မည်သည့်ရည်ရွယ်ချက်များမှာ ရှိခဲ့သည်ဆိုသည်ကိုလည်း မသိခဲ့ပေ။ သို့သော် သူ့ထံ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို ပဓာနမထားဘဲ၊ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအတိုင်း သူ ထိန်းသိမ်းသင့်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းလမ်းခရီးအား လိုက်နာသင့်သည်ကို သူ သိခဲ့သည်။ ဤကိစ္စရပ်များအဖို့ ယောဘ၏ သဘောထားနှင့် တုန့်ပြန်ချက်များကို ဘုရားသခင် ရှင်းလင်းစွာ ရှုမြင်ခဲ့သည်။ ဘုရားသခင်သည် မည်သည့်အရာကို မြင်ခဲ့သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သည့် ယောဘ၏ စိတ်နှလုံးကို သူမြင်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် အစအဦးမှသည် ယောဘ စစ်ဆေးခံရသည့် အချိန်အထိ ယောဘ၏ စိတ်နှလုံးသည် ဘုရားသခင်အား ဖွင့်ဟမြဲဖွင့်ဟထားခဲ့သောကြောင့်၊ ယင်းသည် ဘုရားသခင် ရှေ့၌ ချထားခဲ့ပြီး၊ ယောဘသည် သူ၏ စုံလင်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းကို မစွန့်လွှတ်ခဲ့သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းကို မပစ်ပယ်ခဲ့သောကြောင့် သို့မဟုတ် ထိုလမ်းမှ လှည့်မသွား ခဲ့သောကြောင့်ဖြစ်သည်- ဤအရာထက် ဘုရားသခင်ကို သာ၍ စိတ်ကျေနပ်စေသောအရာ မရှိခဲ့ပေ။ ဆက်လက်၍ မည်သည့် စုံစမ်းနှောင့်ယှက်မှုများအား ယောဘ ကြုံခဲ့ရသည်ဆိုသည်နှင့် ဤစမ်းသပ်မှုများကို သူ မည်သို့ ကိုင်တွယ်ဖြေရှင်းခဲ့သည်ဆိုသည်ကို ကျွန်ုပ်တို့ ကြည့်ကြမည် ဖြစ်သည်။ ကျမ်းပိုဒ်များမှ ဖတ်ကြပါစို့။

ဂ။ ယောဘ၏ တုံ့ပြန်မှု

ယောဘ ၁:၂၀-၂၁ ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး၊ ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။

သူပိုင်ဆိုင်သမျှကို ပြန်ပေးဖို့ ယောဘ တာဝန်ယူဆုံးဖြတ်သည်မှာ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းမှ အရင်းခံသည်

ဘုရားသခင်က စာတန်အား “သူ၌ ရှိသမျှတို့သည် သင်၏ အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့် လက်မရောက်စေနှင့်။” ဟု ဆိုပြီးနောက်တွင် စာတန်သည် ထွက်သွားပြီး များမကြာမီတွင် ယောဘသည် ရုတ်တရက်နှင့် ပြင်းထန်သော တိုက်ခိုက်မှုများအောက် ရောက်လာခဲ့သည်။ ပထမဦးစွာ၊ သူ၏နွားများနှင့် မြည်းများ လုယက်ခြင်းကို ခံခဲ့ရပြီး သူ၏ အစေခံအချို့ အသတ်ခံခဲ့ရသည်။ ဆက်လက်၍၊ သူ၏သိုးများနှင့် နောက်ထပ်အစေခံအချို့သည် မီးဖြင့် လောင်ခြင်းခံခဲ့ရသည်။ ထို့နောက်တွင်၊ သူ၏ ကုလားအုတ်များ ယူဆောင်သွားခြင်း ခံခဲ့ရပြီး၊ သာ၍ပင်များသော သူ၏ အစေခံများ အသတ်ဖြတ်ခံခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ သားများနှင့် သမီးများ၏ အသက်များ နုတ်ယူခြင်း ခံခဲ့ရသည်။ တသီတတန်းဖြစ်သော ဤတိုက်ခိုက်မှုများမှာ ပထမ စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ ခံစားခဲ့ရသော ညှဉ်းဆဲခြင်း ဖြစ်သည်။ ဘုရားသခင် အမိန့်ပေးခဲ့သည်နှင့်အညီ ဤတိုက်ခိုက်မှုများအတောအတွင်းတွင်၊ စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်းနှင့် သူ၏ သားသမီးများကိုသာ ပစ်မှတ်ထားခဲ့ပြီး ယောဘ ကိုယ်တိုင်ကို အန္တရာယ်ပေးခဲ့ခြင်း မရှိပေ။ သို့သော်လည်း ယောဘသည် ကြီးစွာသော ကြွယ်ဝချမ်းသာခြင်းကို ပိုင်ဆိုင်ခဲ့သော သူဌေးတစ်ဦးအဖြစ်မှ မည်သည့်အရာမျှ မရှိသော သူတစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။ မျှော်လင့်မထားသော အလွန်အံ့အားသင့်ဖွယ် ဤထိုးနှက်မှုကို မည်သူမျှ ကြံ့ကြံ့ခံနိုင်မည် မဟုတ်၊ သို့မဟုတ် ယင်းကို မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ခဲ့မည် မဟုတ်ပေ၊ သို့သော်လည်း ယောဘသည် သူ၏ အံ့မခန်းသော သဘောထားကို ထင်ရှားစေခဲ့သည်။ သမ္မာကျမ်းက အောက်ပါ အဖြစ်အပျက်ကို ဖော်ပြပေး၏- “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး။” ဤသည်မှာ ယောဘသည် သူ၏သားသမီးများနှင့် သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီ ဖြစ်သည်ကို ကြားသိပြီးနောက် သူ၏ပထမဦးဆုံး တုံ့ပြန်မှု ဖြစ်ခဲ့သည်။ အရာအားလုံးအထက်တွင်၊ သူသည် ဒေါသ သို့မဟုတ် အမုန်းကို ဖော်ပြဖို့ မဆိုထားနှင့်၊ အံ့အားသင့်သည့်ပုံ သို့မဟုတ် အထိတ်တလန့် ဖြစ်သည့်ပုံပင် မပေါ်ခဲ့ပေ။ သူ၏စိတ်နှလုံးထဲတွင် ဤဘေးဒုက္ခများသည် ဝဋ်လည်ခြင်း သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်း ကျရောက်ခြင်း ဖြစ်ခဲ့ဖို့ မဆိုထားနှင့်၊ မတော်တဆဖြစ်မှုတစ်ခု မဟုတ်၊ သို့မဟုတ် လူ၏လက်မှ ဖြစ်ပွားခြင်း မဟုတ်ခဲ့သည်ကို သူက လက်ခံထားနှင့်ပြီး ဖြစ်သည်။ ယင်းအစား၊ ယေဟောဝါ၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့ပြီးဖြစ်သည်။ သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို နုတ်ယူရန် အလိုရှိခဲ့သူမှာ ယေဟောဝါ ဖြစ်သည်။ ယောဘသည် ထိုအခါက အလွန်တည်ငြိမ်ပြီး ယုတ္တိရှိရှိ တွေးခေါ်ခဲ့သည်။ သူ၏ စုံလင်ပြီး ဖြောင့်မတ်သော လူ့သဘာဝသည် သူ့အပေါ် ကျရောက်ခဲ့ပြီးသော ဘေးဒုက္ခများနှင့်ပတ်သက်၍ မှန်ကန်သော အကဲဖြတ်မှုများနှင့် ဆုံးဖြတ်ချက်များကို အကျိုးသင့်အကြောင်းသင့်နှင့် သဘာဝကျကျ ချမှတ်နိုင်စေခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး” ဟူ၍ သူသည် တစ်မူထူးခြားသော တည်ငြိမ်မှုဖြင့် ပြုမူခဲ့သည်။ “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်မှာ သူသည် အဝတ်မဝတ်ထားသကဲ့သို့ မည်သည့်အရာကိုမျှ မပိုင်ဆိုင်ခဲ့သည်ကို ဆိုလိုသည်။ “ဦးခေါင်းကိုရိတ်၍” ဆိုသည်မှာ သူသည် ဘုရားသခင် ရှေ့သို့ မွေးကင်းစကလေးတစ်ဦးသဖွယ် ပြန်လာခဲ့ပြီးဖြစ်သည်ကို ဆိုလိုသည်။ “မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး” ဆိုသည်မှာ သူသည် လောကထဲသို့ အဝတ်အချည်းစည်း လာခဲ့ပြီး ယနေ့တွင် မည်သည့်အရာမျှ မရှိသေးပေ၊ သူသည် ဘုရားသခင်ထံ မွေးကင်းစကလေးသူငယ်တစ်ဦးအလား ပြန်သွား ခဲ့ရသည်ကို ဆိုလိုသည်။ သူ့အပေါ်သို့ ကျရောက်သမျှအပေါ် ယောဘ၏ သဘောထားကို ဘုရားသခင်၏ မည်သည့် ဖန်ဆင်းခံ သတ္တဝါမျှ စွမ်းဆောင်ရရှိနိုင်မည် မဟုတ်ပေ။ ယေဟောဝါ၌ သူ၏ ယုံကြည်ခြင်းသည် ယုံကြည်မှု နယ်ပယ်ကို ကျော်လွန်သွားခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်အား သူ၏နာခံခြင်းဖြစ်ခဲ့သည်။ သူ့အား ပေးခြင်းအတွက် ဘုရားသခင်ကို သူ ကျေးဇူးတင် ရှိနိုင်သည်သာမက သူထံမှ နုတ်ယူခြင်းအတွက်လည်း ကျေးဇူးတင်ရှိနိုင်ခဲ့သည်။ ထို့အပြင်၊ သူသည် သူ၏အသက် အပါအဝင် သူ ပိုင်ဆိုင်သမျှအားလုံးကို ဘုရားသခင်ထံ ပြန်ပေးဖို့ တာဝန်ယူဆုံးဖြတ်နိုင်ခဲ့သည်။

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းသည် လူသားမျိုးနွယ်အဖို့ ပုံသက်သေတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသား ပိုင်ဆိုင်သင့်သည့် လူ့သဘာဝ၏ အထွတ်အထိပ် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း၊ ဘုရားသခင် အမှန်တကယ် တည်ရှိသည်ကို သူ နားလည်ခဲ့ပြီး၊ ဤနားလည်ခြင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းကြောင့် ဘုရားသခင်ကို သူနာခံနိုင်ခဲ့ပေသည်။ သူ၌ ရှိခဲ့သည့် မည်သည့်အရာကိုမဆို ယူဆောင်ရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့် သူပေးခဲ့သော်လည်း၊ သူသည် ညည်းညူခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် ရှေ့တွင် ပျပ်ဝပ်ကာ ဤအခိုက်အတန့်တွင်ပင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုပင် နုတ်ယူခဲ့လျှင်ပင်၊ သူသည် ညည်းညူ‌ခြင်းမရှိဘဲ၊ ဝမ်းမြောက်ဝမ်းသာ ထိုသို့ သူ့ကို လုပ်ခွင့်ပေးမည်ဟု ဘုရားသခင်အား ပြောခဲ့လေသည်။ သူ၏ အပြုအမူတစ်ခုလုံးသည် သူ၏ စုံလင်ကာ ဖြောင့်မတ်သော လူ့သဘာဝကြောင့် ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု အကျိုးဆက်တစ်ခုအနေဖြင့်၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် သက်ဆိုင်သည့် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့တွင် မဆုတ်မနှစ်ဖြစ်ခဲ့ပြီး၊ ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်မှုနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု အခြေခံသဘောတရားများကို သူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာခပ်သိမ်းအလယ် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံသတ်မှတ်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ၊ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေခဲ့ပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘက မြဲမြံစွာ ထိန်းသိမ်းခဲ့သည့် တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူသည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ ဘုရားသခင်အား နာခံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအပြင်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင်ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊” ဟူသော အသိပညာနှင့် သက်ဆိုင်သည့် တကယ့်အတွေ့အကြုံ ရှိခဲ့သည်။ ဤအရာများကြောင့်သာ သူသည် စာတန်၏ ထိုသို့သော ရက်စက်သည့် တိုက်ခိုက်မှုများကြားတွင် သူ၏ သက်သေခံချက်၌ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး၊ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ၊ ဘုရားသခင်အား စိတ်မပျက်စေနိုင်ခဲ့သကဲ့သို့ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ၏ အပြုအမူသည် အလွန် ရိုးရှင်းခဲ့သော်လည်း၊ နောက်မျိုးဆက်များသည် တစ်ဘဝလုံး ကြိုးပမ်းပြီးနောက်တွင်ပင် ထိုသို့သော ရိုးရှင်းမှုမျိုးကို ရယူနိုင်ခြင်းငှာ မသေချာခဲ့ကြသကဲ့သို့၊ ၎င်းတို့သည် အထက်တွင် ဖော်ပြခဲ့သော ယောဘ၏ အပြုအမူကို သေချာပေါက် ပိုင်ဆိုင်ကြမည် မဟုတ်ပေ။ ယနေ့တွင် ယောဘ၏ ရိုးရှင်းသော အပြုအမူကို ရင်ဆိုင်ခဲ့ရလျက်၊ ယင်းကို ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင် နောက်လိုက်သည်ဟု အခိုင်အမာ ဆိုကြသောသူများက ဘုရားသခင်ထံ ပြသခဲ့သည့် “အကြွင်းမဲ့ နာခံခြင်းနှင့် သေသည့်တိုင် သစ္စာရှိခြင်း” ဟူသော ကြွေးကြော်မှုများ၊ စိတ်ပိုင်းဖြတ်ချက်များနှင့် နှိုင်းယှဉ်ပါက၊ သင်တို့သည် အလွန်အမင်း ရှက်ကြသလော သို့မဟုတ် မရှက်ကြသလော။

သမ္မာကျမ်းထဲတွင် ယောဘနှင့် သူ၏ မိသားစု ခံစားခဲ့ ရသမျှအားလုံးကို သင်ဖတ်ရှုသည့်အခါ၊ သင်၏တုံ့ပြန်မှုမှာ အဘယ်နည်း။ သင်၏ အတွေးများထဲတွင် နှစ်မျောလာမိသလော။ သင် အလွန် အံ့အားသင့်သလော။ ယောဘအပေါ် ကျရောက်သည့် စမ်းသပ်မှုများကို “ထိတ်လန့်တုန်လှုပ်ဖွယ်” အဖြစ် ဖော်ပြ၍ ရနိုင်မည်လော။ တစ်နည်းအားဖြင့်၊ တကယ့်ဘဝတွင် မည်သို့ဖြစ် ခဲ့မည်ကို ထည့်မတွက်နှင့်ဦးတော့၊ သမ္မာကျမ်းထဲတွင် ဖော်ပြထားသော ယောဘ၏ စမ်းသပ်မှုများကို ဖတ်ရှုခြင်းသည်ပင် စိတ်ပျက်ဖွယ်လိလိ ဖြစ်လောက်ပေသည်။ ထိုအခါ သင်သည် ယောဘအပေါ် ကျရောက်ခဲ့သည့် အရာများမှာ၊ “လက်တွေ့ လေ့ကျင့်ခန်း” တစ်ခု မဟုတ်ဘဲ၊ “သေနတ်အစစ်များ” နှင့် “ကျည်ဆန်အစစ်များ” ပါဝင်သော “တိုက်ပွဲ” အစစ်အမှန်တစ်ခု ဖြစ်ကြောင်း မြင်ရသည်။ သို့သော် သူသည် မည်သူ၏ လက်အားဖြင့် ဤစမ်းသပ်မှုများကို ခံခဲ့ရသနည်း။ ဟုတ်ပေ၏၊ ၎င်းတို့မှာ စာတန်၏ လုပ်ဆောင်ချက် ဖြစ်ခဲ့ပြီး၊ ဤအရာများကို စာတန်က မိမိလက်များဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြစ်စေကာမူ ဤအရာများကို ဘုရားသခင်က တရားဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ယောဘအား မည်သည့် နည်းလမ်းများဖြင့် စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ဘုရားသခင် ပြောပြခဲ့သလော။ သူမပြောခဲ့ပေ။ ဘုရားသခင်သည် စာတန် လိုက်နာရမည့် သတ်မှတ်ချက် တစ်ခုကို ပြုရုံမျှပြုခဲ့ပြီးနောက် ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း ရောက်လာခဲ့ပေသည်။ ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း ရောက်လာခဲ့ချိန်တွင်၊ ယင်းက လူတို့အား စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှု၊ လူအပေါ် ၎င်း၏ လူတို့အား ဆိုးယုတ်မှုနှင့် လူသားကို စက်ဆုပ်ရွံရှာမှုနှင့် ဘုရားသခင်အား ရန်လိုမှုတို့နှင့်သက်ဆိုင်သည့် အသိတစ်ခုကို ပေးခဲ့လေသည်။ ဤတွင် စကားလုံများက ဤစုံစမ်းနှောင့်ယှက်ခြင်း မည်မျှ ရက်စက်သည်ကို ဖော်ပြ၍ မရနိုင်မှန်း ငါတို့မြင်ရသည်။ စာတန်က လူကို နှိပ်စက်ညှဉ်းပန်းဖို့ အသုံးပြုသည့် အငြိုးထားသော သဘာဝနှင့် ၎င်း၏ အကျည်းတန်သော မျက်နှာသည် ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါ်ထွက်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ စာတန်သည် ယောဘအား ပျာယာခတ်စေပြီး အကြင်နာမဲ့သော ညှဉ်းပန်းနှိပ်စက်မှု၊ ယနေ့ခေတ် လူများ စိတ်ကူး၍မရနိုင်သကဲ့သို့ လုံးဝ ခံနိုင်ကြမည် မဟုတ်သည့် ရက်စက်ကြမ်းကြုတ်မှု နည်းစနစ်နှင့် အဆင့် နှစ်ခုလုံးကို ခံစေဖို့ ဘုရားသခင်၏ ခွင့်ပြုချက်အားဖြင့် ပေးခဲ့သော ဤအခွင့်အရေးကို အသုံးပြုခဲ့လေသည်။ ယောဘသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း ခံခဲ့ရပြီး ဤစုံစမ်းနှောင့်ယှက်မှု အတောအတွင်းတွင် သူ၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ခဲ့သည်ဟု ဆိုခြင်းထက်၊ သူ့အတွက် ဘုရားသခင် စီစဉ်ခဲ့သော စမ်းသပ်မှုများထဲတွင် ယောဘသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ကာကွယ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်း လမ်းခရီးကို ခုခံရန် စာတန်နှင့် ပြိုင်ပွဲတစ်ပွဲကို စတင်ခဲ့သည်ဟု ဆိုရန် သာ၍ကောင်းပေသည်။ ဤပြိုင်ပွဲတွင် ယောဘသည် တောင်တစ်တောင်စာရှိသော သိုးများနှင့် ကျွဲနွားတိရစ္ဆာန်များကို ဆုံးရှုံးခဲ့သည်၊ သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီး သူ၏သားများနှင့် သမီးများကို ဆုံးရှုံးခဲ့သည်။ သို့သော်၊ သူ၏စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကို သူ မစွန့်လွှတ်ခဲ့ချေ။ တစ်နည်းအားဖြင့်၊ စာတန်နှင့် ယှဉ်ပြိုင်သည့် ဤပြိုင်ပွဲတွင်၊ ယောဘသည် သူ၏စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းတို့ကို ဆုံးရှုံးခြင်းထက် ဥစ္စာပစ္စည်းနှင့် သားသမီးများ ချို့ငဲ့ရမည်ကို ပို၍ နှစ်သက်ခဲ့သည်။ လူသားတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ် အရင်းအမြစ်ကို ထိန်းသိမ်းရန် သူ သာ၍ နှစ်သက်ခဲ့သည်။ သမ္မာကျမ်းစာက သူ၏ ပိုင်ဆိုင်မှုများကို ယောဘ ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခုလုံး၏ ကျစ်လျစ်ပြည့်စုံသည့် မှတ်တမ်းတစ်ခု ပေးထားပြီး၊ ယောဘ၏ အပြုအမူနှင့် သဘောထားကိုလည်း မှတ်တမ်းတင်ထားသည်။ ဤတိုတောင်းပြီး လိုရင်းတိုရှင်းဖြစ်သော ဖြစ်ရပ်များက ယောဘသည် ဤစုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ရာတွင် စိုးရိမ်သောက ကင်းလုနီးပါး ဖြစ်ခဲ့သည်ကို သတိပြုမိစေသော်လည်း၊ အကယ်၍ စာတန်၏ အငြိုးထားသော သဘာဝကို ထည့်တွက်လျက် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်တို့ကို ပြန်လည်ဖန်တီးခဲ့မည်ဆိုပါက၊ အမှုအရာများသည် ဤစာကြောင်းများထဲ၌ ဖော်ပြထားသလောက် ရိုးရှင်းလိမ့်မည် သို့မဟုတ် လွယ်ကူလိမ့်မည် မဟုတ်ပေ။ လက်တွေ့အရှိတရားသည် များစွာ သာ၍ ရက်စက် ကြမ်းကြုတ် ခဲ့ပေသည်။ ယင်းမှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ လက်ခံသောသူ အားလုံးအပေါ် စာတန် ပြုမူသည့် ကြီးစွာသောပျက်စီးခြင်းနှင့် မုန်းတီးမှု၏ အဆင့်ဖြစ်သည်။ အကယ်၍ ယောဘကို မထိခိုက်ရန် စာတန်အား ဘုရားသခင် မတောင်းဆိုခဲ့ပါက၊ စာတန်သည် လိပ်ပြာမလုံခြင်း တစ်ခုတစ်လေမျှမရှိဘဲ သူ့ကို ဧကန်မုချ သတ်ဖြတ်ပြီးဖြစ်ပေမည်။ စာတန်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဘုရားသခင်အား မကိုးကွယ်စေချင်သကဲ့သို့၊ ၎င်းသည် ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်သောသူများနှင့် စုံလင်ကာ ဖြောင့်မတ်သောသူများက ဘုရားသခင်ကို ဆက်လက် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားနိုင်ကြမည်ကို အလိုမရှိပေ။ လူတို့အတွက် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ဆိုသည်မှာ ၎င်းတို့သည် စာတန်ကို ရှောင်ရှားကာ ကျောခိုင်းရမည်ကို ဆိုလိုပေသည်၊ ထို့ကြောင့် စာတန်သည် ၎င်း၏ အမျက်ဒေါသနှင့် အမုန်းအားလုံးကို သက်ညှာမှုမရှိဘဲ ယောဘအပေါ် စုပုံရန် ဘုရားသခင်၏ ခွင့်ပြုချက်ကို ကောင်းကောင်း အသုံးချခဲ့လေသည်။ ထိုအခါ စိတ်မှ ခန္ဓာအထိ၊ အပြင်မှ အတွင်းအထိ ယောဘ ခံစားခဲ့ရသည့် ညှဉ်းဆဲမှု မည်မျှကြီးမားခဲ့သည်ကို သင်မြင်ရသည်။ ယနေ့တွင် ထိုအချိန်က မည်ကဲ့သို့ ဖြစ်ခဲ့သည်ကို ငါတို့ မမြင်ရသကဲ့သို့၊ သမ္မာကျမ်းစာ ဖြစ်ရပ်များမှသာ ထိုအချိန်က ညှဉ်းဆဲမှုကို ယောဘ ခံခဲ့ရချိန် သူ၏ စိတ်ခံစားချက်များနှင့် သက်ဆိုင်သည့် အကျဉ်းချုပ် အရိပ်အမြွက် တစ်ခုကို ငါတို့ ရရှိနိုင်ပေသည်။

ယောဘ၏ ယိမ်းယိုင်မှုမရှိသော တည်ကြည်ခြင်းသည် စာတန်အား အရှက်ရစေပြီး ၎င်းအား အထိတ်တလန့် ထွက်ပြေးစေသည်

သို့ဆိုလျှင် ဤညှဉ်းဆဲမှုကို ယောဘ ခံခဲ့ရချိန်တွင် ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် လေ့လာ၊ စောင့်ကြည့်ခဲ့ပြီး ရလဒ်ကို စောင့်ဆိုင်းခဲ့သည်။ ဘုရားသခင် လေ့လာကာ စောင့်ကြည့်သည် နှင့်အမျှ၊ သူ မည်ကဲ့သို့ ခံစားခဲ့ရသနည်း။ သူသည် သောကရောက် နေခဲ့ရသည်မှာ အမှန် ဖြစ်၏။ သို့သော် သူ ခံစားခဲ့ရသည့် ပူဆွေးမှုကြောင့် ယောဘအား စာတန် စုံစမ်းနှောင့်ယှက်ရန် စာတန်ကို သူခွင့်ပြုခဲ့ခြင်းအား ဘုရားသခင် နောင်တရနိုင်ခဲ့မည်လော။ အဖြေမှာ မဟုတ်ပေ၊ သူသည် ထိုသို့သော နောင်တရနိုင်ခဲ့မည် မဟုတ်ပေ။ အကြောင်းမှာ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သည်၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်ကို သူအခိုင်အမာ ယုံကြည်ခဲ့သည့်အတွက် ဖြစ်သည်။ ဘုရားသခင်ရှေ့တွင် ယောဘ၏ ဖြောင့်မတ်ခြင်းအား မှန်ကန်ကြောင်းအတည်ပြုရန်နှင့် စာတန် ကိုယ်တိုင်၏ ဆိုးယုတ်မှုနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းကို ထုတ်ဖော်ပြရန် ဘုရားသခင်သည် စာတန်အား သက်သက် အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် ကမ္ဘာသူကမ္ဘာသားများ၊ စာတန်နှင့် ဘုရားသခင်နောက်သို့ လိုက်သောသူများ၏ ရှေ့တွင်ပင်လျှင် သူ၏ဖြောင့်မတ်ခြင်း၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်းတို့ကို သက်သေခံရန် ယောဘအတွက် အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့သည်။ နောက်ဆုံးရလဒ်က ယောဘနှင့်သက်ဆိုင်သည့် ဘုရားသခင်၏အကဲဖြတ်ခြင်းသည် မှန်ကန်ပြီး အမှားမရှိခဲ့သည်ကို သက်သေပြခဲ့သလော။ ယောဘသည် စာတန်ကို အမှန်တကယ် အောင်နိုင်ခဲ့သလော။ ဤနေရာတွင် ယောဘ ပြောခဲ့သော သမားရိုးကျ စကားများ၊ စာတန်ကို သူ အောင်နိုင်ခဲ့ပြီးဖြစ်သည့် သက်သေဖြစ်သော စကားများကို ငါတို့ ဖတ်ခဲ့ရသည်။ သူက၊ “ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။” ဟု ဆိုခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယောဘ၏ နာခံမှုရှိသော သဘောထား ဖြစ်သည်။ ဆက်လက်၍၊ သူက၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု ဆိုလေ၏။ ယောဘ ပြောခဲ့သော ဤစကားများက ဘုရားသခင်သည် လူသား၏ စိတ်နှလုံး အတိမ်အနက်တို့ကို လေ့လာကြောင်း၊ သူသည် လူသား၏ စိတ်ထဲကို မြင်နိုင်ကြောင်း သက်သေပြသကဲ့သို့၊ ယောဘနှင့်သက်ဆိုင်သည့် သူ၏ ထောက်ခံမှုမှာ အမှားအယွင်း မရှိကြောင်း၊ ဘုရားသခင်၏ ထောက်ခံခြင်း ခံခဲ့ရသော ဤလူသည် ဖြောင့်မတ်ခဲ့ကြောင်းကို သက်သေပြပေသည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဤစကားများမှာ ဘုရားသခင်အတွက် ယောဘ၏ သက်သေခံချက် ဖြစ်သည်။ စာတန်ကို ချိုးနှိမ်သည်မှာ၊ ၎င်းကို အရှက်ရစေခဲ့ပြီး ထိတ်လန့်မှုဖြင့် ထွက်ပြေးစေခဲ့သည့်အပြင်၊ စာတန်အား ချုပ်နှောင်ပြီး အားကိုးမရှိ ဖြစ်ကျန်ရစ်စေခဲ့သည်မှာ ဤသာမန်စကားများ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဤစကားများက စာတန်အား ယေဟောဝါဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ အံ့ဖွယ်ဖြစ်ခြင်းနှင့် တန်ခိုးကြီးမားမှုတို့ကို ခံစားစေပြီး၊ ဘုရားသခင်၏ လမ်းခရီးအားဖြင့် အုပ်စိုးခြင်းခံရသည့် စိတ်နှလုံးရှိသော သူတစ်ဦး၏ သာမန်ထက် လွန်ကဲသော သြဇာတိက္ကမနှင့် ပြည့်စုံခြင်းကို သိမြင်ခွင့်ပေးခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို စောင့်ထိန်းရာ၌ သေးနုပ်ပြီး အရေးမပါသော လူသားတစ်ဦးက ပြသခဲ့သည့် အားကောင်းသော အသက်ပါမှုကို စာတန်အား အထင်အရှားပြခဲ့သည်။ ထို့ကြောင့် ပထမအကြိမ် ပြိုင်ပွဲတွင် စာတန် အရေးနိမ့်ခဲ့ရသည်။ “ဤအရာမှ သင်ယူခြင်း” ရှိခဲ့သော်ငြားလည်း၊ စာတန်သည် ယောဘကို အလွတ်ပေးခြင်းငှာ ရည်ရွယ်ချက် မရှိခဲ့သကဲ့သို့၊ ၎င်း၏ မလိုမုန်းထားသော သဘာဝတွင် မည်သည့်အပြောင်းအလဲမျှ မရှိခဲ့ပေ။ စာတန်သည် ယောဘကို ဆက်လက် တိုက်ခိုက်ရန် ကြိုးစားခဲ့ပြီး၊ ထိုကြောင့် ဘုရားသခင် ရှေ့သို့ နောက်တဖန် လာရောက်ခဲ့သည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အမှာစကား ချန်ခဲ့မည်