စာရင်း

ဘုရားသခင်သည် ဣဇက်ကို ပူဇော်ရန် အာဗြဟံကို အမိန့်ပေးတော်မူသည်

ဣဇာက်ကိုအာဗြဟံယဇ်ပူဇော်ခြင်း

အာဗြဟံကို သားပေးလိုက်ခြင်းဖြင့်၊ အာဗြဟံထံ ဘုရားသခင် ပြောဆိုခဲ့ပြီးသော နှုတ်ကပတ်တော်များ ပြည့်စုံခဲ့လေသည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ် ဤတွင် ရပ်သည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားမျိုးနွယ်နှင့် သက်ဆိုင်သည့် စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ ခမ်းနားသော အစီအစဉ်သည် စတင်ခဲ့ပြီးရုံသာ ရှိသေးပြီး၊ အာဗြဟံကို သားတစ်ဦးပေးခြင်းနှင့် သက်ဆိုင်သည့် သူ၏ ကောင်းကြီးမင်္ဂလာမှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ နိဒါန်းတစ်ခုသာ ဖြစ်ခဲ့ပေသည်။ ထိုအခိုက်အတန့်တွင် အာဗြဟံက ဣဇာက်ကို ပေးပူဇော်သည့်အချိန် အခိုက်အတန့်တွင် ဘုရားသခင်၏ စာတန်နှင့် စစ်ပွဲသည် တိတ်တဆိတ် စတင်ခဲ့ပြီးဖြစ်သည်ကို မည်သူသိခဲ့သနည်း။

ဘုရားသခင်သည် လူသားမိုက်မဲသည်ကို ဂရုမစိုက်ပေ၊ လူသားမှန်ကန်ဖို့သာ တောင်းဆိုသည်

ဆက်လက်၍ ဘုရားသခင်က အာဗြဟံကို အဘယ်အရာပြုသည်ကို ကြည့်ကြစို့။ ကမ္ဘာဦးကျမ်း ၂၂:၂ တွင် ဘုရားသခင်က အောက်ပါအမိန့်အား အာဗြဟံကို ပေးခဲ့သည်။ “သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသော သားဣဇာက်ကို ယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့” ဘုရားသခင် ဆိုလိုချက်က ရှင်းသည်။ အာဗြဟံကို သူ ချစ်သော တစ်ဦးတည်းသောသား ဣဇာက်အား မီးရှို့ရာယဇ် ပူဇော်ရန် သူပြောနေခြင်းဖြစ်သည်။ ယင်းကို ယနေ့ကြည့်ပါက ဘုရားသခင်၏ အမိန့်သည် လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသေး သလော။ ကွဲလွဲပါသည်။ ထိုအချိန်က ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာများအားလုံးသည် လူသားအယူအဆများနှင့် အတော်ဆန့်ကျင်၏။ ယင်းသည် လူသားအဖို့ နားမလည်နိုင်စရာ ဖြစ်ခဲ့သည်။ ၎င်းတို့၏ အယူအဆများ၌ လူများက အောက်ပါအတိုင်း ယုံကြည်ကြသည်- လူသားက မယုံကြည်သကဲ့သို့ မဖြစ်နိုင်ဟု ထင်ခဲ့ချိန်တွင်၊ ဘုရားသခင်သည် သူ့ကို သားတစ်ဦး ပေးခဲ့ပြီး၊ သူသည် သားတစ်ယောက်ရခဲ့ပြီးသည့်နောက်တွင် သူ၏သားကို ယဇ်ပူဇော်ရန် ဘုရားသခင်က တောင်းဆိုခဲ့သည်။ မယုံကြည်နိုင်စရာ ကောင်းလေစွ။ ဘုရားသခင်သည် အမှန်တကယ် အဘယ်အရာကိုလုပ်ရန် ရည်ရွယ်သနည်း။ ဘုရားသခင်၏ တကယ့်ရည်ရွယ်ချက်မှာ မည်သည့်အရာနည်း။ သူသည် အာဗြဟံကို ခြွင်းချက်မရှိ သားတစ်ဦး ပေးခဲ့သော်လည်း၊ အာဗြဟံကို အကြွင်းမဲ့ ပူဇော်ဆက်သမှု တစ်ခုလည်း တောင်းဆိုခဲ့၏။ ဤသည်မှာ လွန်ကဲခဲ့ပါသလော။ ဘေးလူတစ်ဦး၏ အမြင်အရ ဤသည်မှာ လွန်ကဲလွန်းသည်သာမက၊ အတော်အတန် “အကြောင်းမရှိဘဲ ပြဿနာဖန်တီးခြင်း” ကိစ္စတစ်ခုလည်း ဖြစ်သည်။ သို့သော် အာဗြဟံကိုယ်တိုင်က ဘုရားသခင် အလွန်အကျူး တောင်းဆိုသည်ဟု မထင်ခဲ့ပေ။ ယင်းနှင့် ပတ်သက်သည့် နည်းပါးသည့်၊ အရေးမပါသော သူ၏ကိုယ်ပိုင် အတွေးများ ရှိခဲ့သော်လည်း၊ ဘုရားသခင်ကို အနည်းငယ် သူ သံသယဝင်ခဲ့သော်လည်း၊ ယဇ်ပူဇော်ဖို့ ပြင်ဆင်ဆဲ ဖြစ်ခဲ့သည်။ ဤအချိန်တွင် အာဗြဟံသည် သူ၏သားကို ပူဇော်ရန် လိုလားခြင်းရှိခဲ့သည်ဟု သက်သေပြသည့် မည်သည့်အရာကို သင် တွေ့မြင်ပါသနည်း။ ဤဝါကျများတွင် မည်သည့်အရာကို ပြောထားသနည်း။ မူရင်း စာသားက အောက်ပါဖြစ်စဉ်ကို ပေးထား၏- “အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသားဣဇာတ်နှင့် ငယ်သားနှစ်ယောက်ကို ခေါ်၍ ယဇ်ရှို့စရာထင်းကို ခွဲပြီးမှ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။” (ကမ္ဘာ ၂၂:၃) “ထိုသို့နှစ်ယောက် အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။ မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ ဓါးကို ကိုင်ယူလေ၏။” (ကမ္ဘာ ၂၂:၉-၁၀) အာဗြဟံက သူ၏လက်ကိုဆန့်ထုတ်ပြီး သူ၏သားကိုသတ်ဖို့ ဓါးကိုကိုင် လိုက်သောအခါ၊ သူ၏လုပ်ရပ်များကို ဘုရားသခင်မြင်သလော။ မြင်ခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ဣဇာက်အား ယဇ်ပူဇော်ဖို့တောင်းချိန်မှအစ အာဗြဟံက သူ၏သားကို သတ်ဖို့ အမှန်တကယ် ဓါးမြှောက်ချိန်အထိ- ဖြစ်စဉ်တစ်ခုလုံးသည် ဘုရားသခင်ကို အာဗြဟံ၏ နှလုံးသားအား ပြသခဲ့ပြီး၊ ယခင်က သူ၏မိုက်မဲမှု၊ မသိနားမလည်မှုနှင့် ဘုရားသခင်ကို နားလည်မှုလွဲမှုများကို ပဓာနမထားဘဲ၊ ထိုအချိန်တွင် အာဗြဟံ၏နှလုံးသားသည် ဘုရားသခင်အတွက် မှန်ကန်ခဲ့ပြီး၊ ရိုးသားခဲ့ကာ၊ ဘုရားသခင်ပေးခဲ့သည့်သား ဣဇာက်ကို ဘုရားသခင်ထံ သူအမှန်တကယ်ပြန်ပေးမည် ပြုခဲ့သည်။ သူ့ထံ၌ ဘုရားသခင်သည် သူ လိုချင်ခဲ့သည့် တကယ့်နာခံခြင်းကို တွေ့ရှိခဲ့သည်။

လူသားအဖို့ ဘုရားသခင်သည် နားမလည်နိုင်ဖွယ်ဖြစ်သကဲ့သို့၊ မယုံကြည်နိုင်ဖွယ်ပင်ဖြစ်သည့် အရာများစွာ လုပ်ဆောင်သည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို စီစဉ်ညွှန်ကြားလိုသောအခါ၊ ဤစီစဉ်ညွှန်ကြားခြင်းသည် လူသား၏ အယူအဆများနှင့် မကြာခဏ သဘောကွဲလွဲပြီး၊ လူသားအဖို့ နားမလည်နိုင်ဖွယ် ဖြစ်သော်လည်း၊ လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စမ်းသပ်မှုနှင့် စစ်ဆေးခြင်းသည် ဤသဘောထား ကွဲလွဲမှုနှင့် နားမလည်နိုင်ဖွယ်ခြင်းတို့ အတိအကျ ဖြစ်ပေသည်။ ထိုအတောအတွင်းတွင် အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အခြေခံအကျဆုံး အခြေအနေဖြစ်သည့် ဘုရားသခင်အား နာခံမှုကို သူ့ကိုယ်တိုင်အတွင်း၌ ပြနိုင်ခဲ့သည်။ ထို့နောက်တွင်မှ အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို နာခံနိုင်သောအခါ၊ ဣဇာက်ကို ပူဇော်လိုက်သည့်အခါတွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ်- သူရွေးချယ်ထားသည့် အာဗြဟံအပေါ်- စိတ်ချမှုနှင့် လက်ခံမှုတို့ကို အမှန်တကယ် ခံစားခဲ့ရသည်။ ထို့နောက်မှသာ ဘုရားသခင်သည် သူရွေးချယ်ထားသည့် ဤလူမှာ သူ၏ကတိတော်နှင့် သူ၏နောက်ဆက်တွဲ စီမံခန့်ခွဲမှု အစီအစဉ်ကို လက်ခံဆောင်ရွက်နိုင်မည့် မရှိမဖြစ် ခေါင်းဆောင်ဖြစ်သည်ဟု သေချာခဲ့သည်။ ယင်းသည် စမ်းသပ်မှုတစ်ခုနှင့် စစ်ဆေးခြင်းတစ်ခု ဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်သည် ကျေနပ်နှစ်သက်မှုကို ခံစားခဲ့ရသည်၊ သူ့အတွက် လူသား၏ ချစ်မေတ္တာကို ခံစားခဲ့ရပြီး ယခင်က လုံးဝမရှိဖူးသကဲ့သို့သော နှစ်သိမ့်မှုကို လူသားအားဖြင့် သူ ခံစားခဲ့ရသည်။ အာဗြဟံက ဣဇာက်ကို သတ်ဖို့ ဓားထုတ်သည့်အခိုက်တွင်၊ ဘုရားသခင်က သူ့ကို တားခဲ့သလော။ ဘုရားသခင်က ဣဇာက်အသက်ကို နှုတ်ယူဖို့ တကယ်ကို မရည်ရွယ်ခဲ့သည့်အတွက်၊ အာဗြဟံကို ဣဇာက်အား ပူဇော်ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို အချိန်မီ တားခဲ့သည်။ ဘုရားသခင်အတွက် အာဗြဟံ၏ နာခံမှုက စမ်းသပ်မှုကို အောင်မြင်နှင့်ခဲ့ပြီ ဖြစ်သည်၊ သူလုပ်ခဲ့သည့်အရာမှာ လုံလောက်ပြီး ဘုရားသခင်က သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့်အရာ၏ ရလဒ်ကို မြင်နှင့်ပြီး ဖြစ်သည်။ ဤရလဒ်သည် ဘုရားသခင်ဖို့ ကျေနပ်ဖွယ်ဖြစ်ခဲ့ပါသလော။ ဤရလဒ်သည် ဘုရားသခင်ဖို့ ကျေနပ်ဖွယ်ဖြစ်သည်၊ ယင်းမှာ ဘုရားသခင် လိုချင်ခဲ့သည့်အရာဖြစ်ပြီး၊ ကြာမြင့်စွာက ဘုရားသခင် မြင်ချင်ခဲ့သည့်အရာ ဖြစ်သည်ဟု ပြော၍ရသည်။ မှန်ပါသလော။ အခြေအနေအမျိုးမျိုးတွင် ဘုရားသခင်သည် လူအသီးသီးကို မတူညီသည့် စစ်ဆေးခြင်း နည်းလမ်းများ အသုံးပြုသော်လည်း၊ အာဗြဟံ၌ သူအလိုရှိခဲ့သည့်အရာကို ဘုရားသခင် မြင်ခဲ့သည်၊ အာဗြဟံ၏ နှလုံးသားသည် မှန်ကန်ပြီး သူ၏နာခံမှုက အကြွင်းမဲ့ဖြစ်သည်ကို သူ တွေ့ခဲ့သည်။ ဘုရားသခင် လိုချင်ခဲ့သည်မှာ ဤ “အကြွင်းမဲ့” သောအရာ အတိအကျ ဖြစ်ပေသည်။ လူများက၊ “ဤအရာကို ကျွန်ုပ်ပေးလှူပြီးပြီ၊ ထိုအရာကို ကျွန်ုပ်စွန့်လွှတ်ပြီးပြီ- ဘုရားသခင် ကျွန်ုပ်ကို အဘယ်ကြောင့် စိတ်မကျေနပ်သနည်း။ စမ်းသပ်မှုများကို ကျွန်ုပ်အား အဘယ်ကြောင့် ခံမြဲခံစေရသေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို စစ်ဆေးမြဲ စစ်ဆေးနေသေးသနည်း။” ဟု မကြာခဏ ပြောတတ်ကြသည်။ ဤအရာက အချက်တစ်ချက်ကို ပြသည်- ဘုရားသခင်သည် သင့်နှလုံးသားကို မမြင်သေးသကဲ့သို့ သင့်နှလုံးသားကို မရယူသေးပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် အာဗြဟံက သူ၏သားကို သူ့လက်နှင့်သတ်ဖို့ ဓားကိုကိုင်မြှောက်ပြီး ဘုရားသခင်ကို ပူဇော်ဖို့လုပ်သောအချိန်ကကဲ့သို့၊ အင်မတန် ရိုးသားစစ်မှန်မှုကို သူမတွေ့သေးခြင်း ဖြစ်သည်။ သူသည် သင်၏အကြွင်းမဲ့နာခံမှုကို မတွေ့သေးသကဲ့သို့၊ သင့်အားဖြင့် နှစ်သိမ့်ခြင်းမခံရသေးပေ။ သို့ဆိုလျှင် ဘုရားသခင် သင့်ကို စမ်းသပ်မြဲစမ်းသပ်နေသည်မှာ သဘာဝကျပေသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အမှာစကား ချန်ခဲ့မည်