စာရင်း

ငွေအတွက် ဘဝကို အလဲအလှယ်ပြုလုပ်ခြင်းအား လမ်းခွဲနှုတ်ဆက်စကားဆိုခြင်း

အမြန်လမ်းညွှန်
ငွေအတွက် ဘဝကို အလဲအလှယ်လုပ်သည့် ကျွန်ုပ်၏ ယခင်က အသက်တာ
ဘဝသည် ဆင်းရဲဒုက္ခများဖြင့် ပြည့်နေရသည့် အကြောင်းအရင်း
ဤထောင်ချောက်ဟောင်းအထဲသို့ သက်ဆင်းပြီးနောက်မှသာ ဘဝ၏ အဓိပ္ပါယ်ကို ကျွန်ုပ် အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်
အတိတ်အား လမ်းခွဲနှုတ်ဆက်စကားဆိုပြီး ဘဝသစ်ထဲသို့ ရှေ့ဆက်ခြင်း

ကျောင်ကျန် အမေရိကန်ပြည်ထောင်စု

မကြာသေးမီက ယခုခေတ်အချိန်ကာလတွင် အလွန်လူသိများနေသော စကားတချို့ကို အွန်လိုင်းပေါ်တွင် ကျွန်ုပ်တွေ့ခဲ့သည်။ "ငွေအတွက် အသက်ရှင်တယ်။ ငွေအတွက် သေတယ်။ တစ်ဘဝလုံး ငွေနောက်လိုက်တယ်။ ငွေကြောင့် ဆုံးရှုံးတယ်။ ငွေကြောင့် လှည့်စားခံရတယ်။ ဘဝအတွက် အသက်ရှင်ပြီး ငွေအတွက် သေဆုံးတယ်။"ထို့အပြင် "အရာရာမှာ ငွေရှာဖို့ကြည့်ပြီး ဘဏ်မှတ်စုစာရွက်ကို ပိုထူအောင်လုပ်"။ ငွေကို အရေးပေးသည့် ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ဘဏ်မှတ်စုစာရွက်များပိုပြီး ရှိခြင်းသည် ယနေ့ခေတ်လူတို့ ကြိုးပမ်းသည့် ပန်းတိုင်ဖြစ်သည်။ "ငွေသာပထမ"၊ "ငွေက ကမ္ဘာကို လည်ပတ်စေတယ်။""အရာရာမှာ ငွေပဲတော့မဟုတ်ဘူး။ ဒါပေမဲ့ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး။"ဆိုသည့်စကားတို့သည် ကျွန်ုပ်တို့၏ ဘဝလမ်းကြောင်းတွင် လမ်းပြပေးသည့် အလင်းတို့ ဖြစ်လာခဲ့ကြသည်။ ဤအဆိုတို့ကို ကျွန်ုပ်တို့ မေးခွန်းမထုတ်သည့်အပြင် မစွန့်လွှတ်ပါ။ ပြီးလျှင် ကျွန်ုပ်သည်လည်း ချွင်းချက်တစ်ခုမဟုတ်ခဲ့ပါ။

ငွေအတွက် ဘဝကို အလဲအလှယ်လုပ်သည့် ကျွန်ုပ်၏ ယခင်က အသက်တာ

၁၉ နှစ်အရွယ်ရှိပြီး စိတ်ဓါတ်တက်ကြွခြင်းတို့ဖြင့် ပြည့်နှက်နေမှုကို ကျွန်ုပ် ဝိုးတိုးဝါးတား မှတ်မိနေသေးသည်။ ငွေများစွာကို မြန်နိုင်သမျှမြန်အောင် ရှာဖွေနိုင်ရန် လျှပ်စစ်ပိုင်းဆိုင်ရာ တပ်ဆင်ရေးအဖွဲ့တစ်ခုနှင့် ကျွန်ုပ်၏ အလုပ်သင်ကာလတွင် အတတ်ပညာများကို သင်ယူဖို့ရန်အတွက် ကျွန်ုပ် ကြိုးစားခဲ့သည်။ ကျွန်ုပ်၏ မိသားစုကို စတင်တည်ထောင်ပြီးနောက်တွင် ကျွန်ုပ်သည် ကျွန်ုပ်၏ အလုပ်အထဲတွင် ပို၍်စွမ်းအားရှိသမျှ အားလုံး ထည့်သွင်း လုပ်ကိုင်ပြီး အလုပ်သင်များအားလုံးထက် အမြင့်ဆုံးလစာကို အိမ်သို့ လစဉ် ယူဆောင်လာသည်။ နောက်ပိုင်းတွင် တစ်ရက်လျှင် ၄၀ဝ ယွမ် လစာရရှိရန်အတွက် နေ့ရောညပါ အလုပ်လုပ်ခဲ့သည်။ မကြာခဏပင် ကျွန်ုပ်ထံသို့ ညပိုင်းတွင် ဖုန်းလာပြီးနောက်၌ ကျွန်ုပ်သည် ပူနွေးစရှိသည့် ကျွန်ုပ်၏ အိပ်ရာစွန့်ခွာရလေ့ရှိသည်။ ကျွန်ုပ် ဂျပန်တွင်အလုပ်လုပ်စဉ်က ကြုံတွေ့ခဲ့ရသည့် ဝမ်းနည်းစရာ အတွေ့အကြုံကို ဘယ်သောအခါမှ မေ့ပျောက်မည်မဟုတ်ပေ။ ကျွန်ုပ်သည် အားလပ်ရက် သို့မဟုတ် အနားယူချိန်မရှိဘဲ တစ်ရက်တွင် အနည်းဆုံး ၁၂ နာရီ အလုပ်လုပ်ခဲ့သည်။ အလုပ်မှာ အလွန်ခက်ခဲပြီး ကျွန်ုပ်သည် ကြီးမားသည့် ဖိစီးမှုအောက်တွင် ရှိခဲ့ရသည်။ ဤအချက်တို့ကြောင့် ကျွန်ုပ်သည် နှလုံးရောဂါရရှိခဲ့ပြီး ဆံပင်အများစု ကျွတ်သွားခဲ့သည်။ ကျွန်ုပ်သည် ပိုက်ဆံရရှိရန်အတွက် ဤဒုက္ခတို့ကို ခံယူလိုဆဲပင်ဖြစ်သည်။ နာရီစက်တစ်ခုကဲ့သို့ပင် ကျွန်ုပ်သည် ပိုက်ဆံရရှိရေးအတွက် ဆက်လက်ပြီး အရူးအမူး ကြိုးစားလုပ်ကိုင်ခဲ့သည်။ နှစ်နှစ်ကြာပြီးနောက်တွင် ကျွန်ုပ်သည် ပိုက်ဆံပိုမိုရရှိရန်အတွက် အမေရိကန် ပြည်ထောင်စု သို့ သွားရောက်ခဲ့သည်။ ကျွန်ုပ်သည် ထူးဆန်းသည့် အလုပ်မျိုးစုံမှနေ စားသောက်ဆိုင်တစ်ခုတွင် ချက်ပြုတ်သူအထိ နှစ်အနည်းငယ်ကြာ ကြိုးစားလုပ်ကိုင်ခဲ့သည်။ ထို့အပြင် ကျွန်ုပ်ဖြတ်သန်းခဲ့ရသည့် ဆင်းရဲဒုက္ခများအားလုံးကို သင့်အား ပြောဖို့လိုမည်မထင်ပါ။ သို့ရာတွင် ကျွန်ုပ်၏ လက်ထဲတွင် ဒေါ်လာပိုက်ဆံထုပ်များ တဖြည်းဖြည်းထူလာသည်ကို မြင်ရသည့်အခါ ဤငွေကိုရရှိရန်အတွက် ကျွန်ုပ် ကြိုးစားခဲ့ရမှုအားလုံးတို့မှာ ကျွန်ုပ်၏စိတ်တွင် အရေးမကြီးတော့ပါ။

နောက်ပိုင်းတွင် ကျွန်ုပ်သည် အချိန်ကြာမြှင့်စွာ အလွန်အမင်းကြိုးပမ်း လုပ်ကိုင်နေသည့်အတွက် ကျွန်ုပ်သည် ပြင်းထန်သော အစာအိမ်ဆိုင်ရာ ပြဿနာများ၊ လည်ပင်းရိုးဆိုင်ရာရောဂါများ၊ ခါးရိုးဆိုင်ရာရောဂါများနှင့် ကျွန်ုပ်၏ ပခုံးရိုးအဆစ်များတွင် အဆစ်ရောင်ရောဂါများဖြစ်ပေါ်လာခြင်းဖြင့် ကျွန်ုပ်၏ ခန္ဓာကိုယ်သည် သတိပေးသည့် အနီရောင်မီးကို ပြလာခဲ့သည်။ ကျွန်ုပ်၏ အစာအိမ် စပြီးနာလာသည့်အခါတွင် ကျွန်ုပ်သည် ကိုယ်ခန္ဓာတစ်ခုလုံးတွင် ဇောချွေးများပျံလာပြီး လုံးဝ နုံးချိသွားသည်။ ကျွန်ုပ်၏ လည်ပင်းရိုးဆိုင်ရာရောဂါများ ထလာသည့်အခါတွင် ဦးနှောက်သို့ သွေး လုံလောက်စွာ မရောက်သဖြင့် ကျွန်ုပ်သည် မကြာခဏ နေမကောင်းဖြစ်ပြီး မူးဝေမှုကို ခံစားရသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဆေးရုံသို့ မကြာခဏ အပြေးအလွှားသွားခဲ့ရသည်။ ကျွန်ုပ်၏ ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်နှင့် ကျွန်ုပ်ရရှိခဲ့သည့် ဒေါ်လာငွေများသည် အလဲအလှယ်ပင်ဖြစ်လာခဲ့သည်။ ကျွန်ုပ်သည် ရုတ်တရက် အလွန်ပင် ဝမ်းနည်းကြေကွဲဖြစ်သွားခဲ့သည်။ ခက်ခဲပင်ပန်းစွာလုပ်ကိုင်ခဲ့သည့် ၁၀ နှစ်ကျော်ကာလတွင် အလုပ်သာလုပ်ချင်၍ လုံးဝ အသက်ရှင်သန်ခြင်းမရှိခဲ့ဘဲ ကျွန်ုပ်၏ပိုက်ဆံအိတ်ထဲတွင် ထူထဲသောပိုက်ဆံများကိုသာ တိုးပွားလာစေခဲ့သော်လည်း ကျွန်ုပ်၏ ကျန်းမာရေး ပျက်စီးခဲ့ရသည်။ ကျွန်ုပ်သည် ဘာကြောင့်များ စိတ်အနှောက်အယှက်ခံနေခဲ့ရသနည်း။ ငွေအတွက် ကျွန်ုပ်၏ ဘဝကို အလဲအလှယ်ပြုလုပ်ရင်း ကျွန်ုပ်၏ဘဝတစ်ဝက်ကို ဖြုန်းတီးပစ်ခဲ့သည့်အပြင် အခုအခါတွင် ကျွန်ုပ်၏ ဘဝကို ပြန်လည်ဝယ်ယူရန်အတွက် ကျွန်ုပ်၏ ငွေကို အသုံးပြုနေခဲ့ရသည်။ ဤအရာအားလုံးတို့မှာ ထိုက်တန်ပါရဲ့လား။

ကျွန်ုပ်သည် ရုတ်တရက် ပြန်လည်တွေးတောမိပြီး ကျွန်ုပ်သည် ခရီးလမ်းတလျှောက်တွင် ရှုခင်းများကို ကြည့်ရှုခံစားဖို့အချိန်မရှိခဲ့သည့် သဘောဖြစ် နေခဲ့ပြီးအပြင် ကျွန်ုပ်၏ ဘဝတဝက်သည် တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့သည်။ ငွေအတွက် ကျွန်ုပ်ခက်ခဲစွာလုပ်ကိုင်ရင်းကုန်ဆုံးခဲ့သည့် နေ့ရက်များအားလုံးကို ကျွန်ုပ် သေချာ ရေတွက်သည့်အခါတွင် ကျွန်ုပ်၏ စိတ်နှလုံးတွင် အကူအညီမဲ့သည့် ခံစားချက်တစ်ခု ပြည့်လာခဲ့သည်။ လူတစ်ယောက်၏ဘဝသည် ငွေရှာရန်အတွက် အသက်ရှင်ပြီး ငွေရှာရန်အတွက် သေဆုံးလျှက် သူ့အား စားသုံးသွားသည့် စက်တစ်ခုကဲ့သို့ သာလျှင်ဖြစ်သည်ဆိုသည်မှာ ဖြစ်နိုင်ပါသလား။ ဘဝသည် အဘယ်ကြောင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်နေပါသနည်း။

ဘဝသည် ဆင်းရဲဒုက္ခများဖြင့် ပြည့်နေရသည့် အကြောင်းအရင်း

တစ်နေ့တွင် ကျွန်တော်သည် ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ရှုခဲ့ရပြီး ကျွန်ုပ်ရှာဖွေနေသည့် အဖြေကို တွေ့ရှိခဲ့သည်။

ဘုရားသခင်က ဤသို့ မိန့်မြွက်သည်။ "'ငွေက ကမ္ဘာကို လည်ပတ်စေသည်' ဆိုသည်မှာ စာတန်၏ အယူအဆဖြစ်ပြီး၊ လူသားမျိုးနွယ်တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်း၏ အကြားတွင် အနှံ့အပြားတည်ရှိသည်။ ယင်းသည် လူတိုင်းကို ပညာဗဟုသုတ ပေးနေပြီး သူတို့၏ နှလုံးသားထဲတွင် ကပ်ငြိနေသည့်အတွက်၊ ၎င်းသည် ခေတ်ရေစီးကြောင်းတစ်ခုဟု သင်ပြောနိုင်ပါသည်။ … လူကို ဖျက်ဆီးရန် စာတန်သည် ဤခေတ်ရေစီးကြောင်းကို အသုံးပြုပြီးနောက်တွင် ၎င်းသည် သူတို့အတွင်း၌ အဘယ်သို့ ပေါ်လွင်သနည်း။ ဤကမ္ဘာထဲတွင် ငွေအနည်းငယ်မျှမရှိဘဲ အသက်ရှင်မနေနိုင်၊ တစ်ရက်တစ်လေမျှပင် မဖြစ်နိုင်ဟု သင်တို့မခံစားသလော။ (ခံစားရပါသည်။) လူတို့၏ အဆင့်အတန်းနှင့် ဂုဏ်သရေရှိမှုတို့သည် သူတို့တွင် ငွေမည်မျှရှိသည့်အပေါ်တွင် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် သူတို့၏ မြင့်မားသည့် အဆင့်အတန်းတွင် သာယာနေကြသည်။ သူတို့သည် ရဲရင့်ပြီး ဂုဏ်မောက်ကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မောက်မာစွာဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေရတတ်ခြင်းကို တန်ရာတန်ကြေး ကုန်ကျမှုတစ်စုံတစ်ရာအဖြစ် လူအများက မမြင်ကြသလော။… စာတန်သည် လူကို ခပ်သိမ်းသော အချိန်များနှင့် ခပ်သိမ်းသော နေရာများတွင် အကျင့်ပျက်စေသည်။ စာတန်သည် လူသားအား ဤဖောက်ပြန်ပျက်စီးမှုကို ဆန့်ကျင်ဖို့ မဖြစ်နိုင်ရန်လုပ်ဆောင်ပြီး ယင်းနှင့်ပတ်သက်၍ လူသားကို ကူရာကယ်ရာမဲ့ဖြစ်အောင် လုပ်ဆောင်သည်။ စာတန်သည် သင်အမှုမဲ့အမှတ်မဲ့ ဖြစ်နေသည့် အခြေအနေများနှင့် သင့်ထံတွင် အဘယ်အရာများဖြစ်နေသည်ကို သင်မမှတ်မိခိုက်တွင် ၎င်း၏အတွေးများ၊ ၎င်း၏အမြင်များနှင့် ၎င်းထံမှလာသည့် ဆိုးယုတ်သည့် အရာများကို သင်လက်ခံအောင် ပြုလုပ်သည်။ လူတို့သည် ဤအရာများကို အပြည့်အဝလက်ခံကြပြီး၊ ယင်းတို့ကို ပယ်ချကန့်ကွက်ခြင်း မပြုကြပေ။ သူတို့သည် ဤအရာများကို ရင်ဝယ်ပိုက်ထားပြီး ရတနာကဲ့သို့ တန်ဖိုးထားကြသည်၊ သူတို့သည် ဤအရာများ၏ ကြိုးကိုင်ညွှန်ကြားခြင်းကို ခွင့်ပြုကြပြီး ၎င်းတို့နှင့် ကစားကြသည်၊ ဤကား စာတန်၏ လူသားတို့ကို ဖျက်ဆီးခြင်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပုံ ဖြစ်ပေသည်။"

"ငွေဟာ ပထမ"၊ "ငွေသည် အဓိကမဟုတ်ပါ။ "အရာရာမှာ ငွေပဲတော့မဟုတ်ဘူး။ ဒါပေမဲ့ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး"၊ နှင့်"လူဟာ ငွေအတွက် သေတယ်။ ငှက်ဟာ အစာအတွက် သေတယ်။" ဆိုသည့် အတွေးအမြင်များနှင့် ထင်မြင်ချက်များသည် စာတန်ဆီမှ လာခြင်းဖြစ်သည်ကို ကျွန်ုပ်နားလည်စေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြုလုပ်ပေးခဲ့သည်။ စာတန်သည် ကျွန်ုပ်တို့ကို လှည့်စားပြီး ချည်နှောင်ရန်အတွက် ၎င်းတို့ကိုအသုံးပြုကာ၊ ငွေရှိခြင်းသည် အရာအားလုံးကိုပိုင်ဆိုင်ခြင်း၊ ငွေရှိခြင်းသည် အခြားလူများက မိမိကို အထင်ကြီးလေးစားခြင်း၊ ငွေရှိခြင်းသည် အထင်ကြီးစရာဖြစ်သော၊ နှစ်လိုဖွယ်ကောင်းသောဘဝဖြင့် ရှင်သန်ရခြင်းဖြစ်သည်ဟု ထင်မြင်စေရန်၊ ဤကဲ့သို့သောဘဝသည်သာလျှင် တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိသည့် ဘဝမျိုးဖြစ်သည်ဟု ထင်မြင်စေခဲ့သည်။ စာတန်၏ ဤအဓိပ္ပါယ်မရှိသည့် အတွေးအမြင်များသည် ကျွန်ုပ်တို့၏ အသက်တာဖြစ်လာပြီး ချမ်းသာကြွယ်ဝခြင်း နောက်သို့လိုက်ရာတွင် မည်ကဲ့သို့သော ပေးဆပ်မှုမျိုးကိုမဆို ပေးဆပ်ရန် တွန့်ဆုတ်မှုမရှိတော့ခြင်းဖြင့် အဆုံးသတ်ခဲ့ရပါသည်။ စာတန်၏ ဤအတွေးအမြင်များနှင့် အယူအဆများအားဖြင့် ကျွန်ုပ်လွှမ်းမိုးခံရခဲ့ပုံကို ပြန်စဉ်းစားကြည့်သောအခါ ကျွန်ုပ်သည် ငွေရှာရန်အတွက် နေ့ရောညပါ ကြိုးစားအလုပ်လုပ်ခဲ့သည်။ အစားအသောက်တို့ကို ပုံမှန်စားသောက်ခြင်း မရှိခဲ့ပေ။ ကျွန်ုပ်သည် ညတွင် ငြိမ်းချမ်းစွာအိပ်စက်ရန်အတွက် ခက်ခဲခဲ့ပြီး ကျွန်ုပ်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့သည် ပိုပို၍ အားနည်းလာခဲ့သည်။ သို့သော်လည်း ကျွန်ုပ်သည် နည်းနည်းမှ ဂရုမစိုက်ခဲ့ပေ။ နောက်ပိုင်းတွင် ငွေသည် ဘဝဖြစ်သည်ဟု တွေးထင်လျှက် ကျွန်ုပ်၏ မိသားစုကို ထားခဲ့ပြီး ပိုက်ဆံပိုပြီးရရှိရန်အတွက် ဂျပန်နှင့် အမေရိကန်သို့သွားကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခဲ့သည်။ ကျွန်ုပ်သည် ပိုက်ဆံပိုပြီး ရရှိခဲ့သော်လည်း နှလုံးရောဂါ၊ အစာအိမ်ရောဂါပြဿနာနှင့် ကျောရိုးဆိုင်ရာ ပြဿနာများကဲ့သို့သော ရောဂါများ တစ်ခုပြီးတစ်ခု ခံစားခဲ့ရသည်မှာ ကျွန်ုပ်၏ လက်များသည် အလွန်ပင်ပန်းပြီး ဖြောင့်မတ်စွာ ဆန့်မထုတ်နိုင်သည်အထိ ဖြစ်ခဲ့ရပြီး အလွန်ပင် နာကျင်စွာဖြင့် ရှင်သန်နေထိုင်ခဲ့ရသည်။ ကျွန်ုပ်သည် စာတန်၏ ဤမှားယွင်းသော အတွေးအမြင်များ၊ လွဲမှားသောအယူအဆများဖြင့် လှည့်စားခံလိုက်ရ ခြင်းဖြစ်ကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့်သာ နားလည်လာခဲ့ရ သည်။ ငွေကို လိုလားတောင့်တမှု၏ ထိန်းချုပ်မှုနှင့် လှည့်စားမှုကို မိမိဆန္ဒမပါဘဲနှင့် ခံလိုက်ရကာ၊ ၎င်းက ကျွန်ုပ်အား ငွေအတွက် ကျေးကျွန်နှင့် ပေးဆပ်မှုတစ်ခုအဖြစ်ပြီး ပြောင်းလဲစေခဲ့ပါသည်။ ဤကဲ့သို့ အမြင်မှန်ရပြီးသည့်နောက်တွင် ကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်မှောက်သို့ပြန်လာပြီး စာတန်၏ အတွေးအမြင်များနှင့် ထင်မြင်ချက်များဖြင့် ဆက်ပြီး အသက်မရှင်သင့်တော့သည့်အပြင်၊ ငွေအတွက် ကျွန်မဖြစ်သင့်တော့ဟု ခံစားမိသည်။ နောက်ပိုင်းတွင် ကျွန်ုပ်သည် ပုံမှန်အလုပ်ချိန်များဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး အဆုံးမရှိသည့်အချိန်ပိုများ မလုပ်တော့ပါ။

ဤထောင်ချောက်ဟောင်းအထဲသို့ သက်ဆင်းပြီးနောက်မှသာ ဘဝ၏ အဓိပ္ပါယ်ကို ကျွန်ုပ် အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်

သို့ရာတွင် ကျွန်ုပ်သည် စာတန်အားဖြင့် နက်ရှိုင်းစွာ လှည့်စားခံခဲ့ရပြီး ငွေကြေး၊ ကျော်ကြားမှုနှင့် စည်းစိမ်တို့သည် ကျွန်ုပ်၏ နှလုံးသားတွင် အမြစ်တွယ်နှင့်ပြီးဖြစ်သည်။ ထိုအရာတို့ကို ဖယ်ရှားရန်မှာ လွယ်ကူမည်မဟုတ်ပေ။ ကျွန်ုပ်၏ သူဌေးမှ သူ့ကုမ္ပဏီသည် စီးပွားရေးလုပ်လာသည်မှာ ၁၅နှစ်ကြာရှိပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅ သန်း ရရှိခဲ့သည့်အပြင် မကြာမီက သူသည် အဆင့်မြင့်စံအိမ်တစ်လုံး ဝယ်ယူခဲ့သည်ဟုပြောသည်ကို ကျွန်ုပ်ကြားရသည့်အခါ အချိန်အတော်ကြာပြီးသည့် နောက်ပိုင်း ကျွန်ုပ်၏ နှလုံးသားသည် မရိုးမရွလာခဲ့သည်။ ဟုတ်သည်။ ဘဝသည် ရှင်သန်ရန်အတွက်ဖြစ်သည်ဟု ကျွန်ုပ်တွေးလိုက်သည်။ ကျွန်ုပ်သည် အမှန်တကယ်ပင် မည်သည့်အရာကိုမျှ ပြီးမြောက်အောင်မြင်မှုမရှိဘဲ ဘဝကို ရှင်သန်ရမည်လား။ ကျွန်ုပ်၏ ကိုယ်ပိုင် စားသောက်ဆိုင်ဖွင့်ရန်သည် ကျွန်ုပ်၏ အိပ်မက်ဖြစ်သည်။ ထို့အပြင် ကျွန်ုပ်သည် ကိုယ်ပိုင်စားသောက်ဆိုင်ရှိလျှင် မည်သူကမျှ ကျွန်ုပ်အား အထင်အမြင်သေးခြင်းကို ထပ်ခံရမည်မဟုတ်တော့ပေ။ သတိမမူမိလိုက်ဘဲ ကျွန်ုပ်သည် ငွေရှာရန်အတွက် အလုပ်ကြိုးစားရန် စတင်ပြုလုပ်ပြီး ငွေအတွက် ဘဝကို အလဲအလှယ်ပြုလုပ်သည့် ကျွန်ုပ်၏ ဘဝဟောင်းဖြင့် ပြန်လည်ရှင်သန်ရန် စတင်ခဲ့သည်။ အသင်းတော်စုဝေးပွဲများသို့ တက်ရောက်ခြင်းအစား ကျွန်ုပ်သည် အလုပ်တွင် အချိန်ပိုအလုပ်လုပ်လျှက်ရှိသည်။ သိပ်မကြာခင်အချိန်ကာလတွင် ကျွန်ုပ်သည် တုပ်ကွေးမိပြီး ကျွန်ုပ်၏ နှလုံးရောဂါသည် ပြန်လည်ထကြွလာကာ အလွန်ပင် နာကျင်လှသည်။

ကျွန်ုပ်နာကျင်နေရသည့်အခါတွင် ဘုရားသခင်သည် ကျွန်ုပ်ကို ကယ်တင်ရန် နောက်တဖန် လက်ကိုဆန့်တန်းပေးခဲ့သည်။ အသင်းတော်မှ အစ်မတစ်ယောက်က "ဒုက္ခလား၊ ကောင်းကြီးလား"ဆိုသည့် ဗီဒီယိုကို ကျွန်ုပ်ဆီသို့ ပို့ခဲ့သည်။ အဓိကဇာတ်ဆောင်သည် သူမ၏ကျန်းမာရေးကို ဂရုမစိုက်ခဲ့ပဲနှင့် ပိုက်ဆံရှာရန်အတွက် ဂျပန်သို့ အလုပ်လုပ်ရန် ခရီးထွက်ခဲ့ပြီးနောက်တွင် သူမသည် မည်သည့်ပိုက်ဆံမှ မရရှိဘဲ ဆေးရုံတက်ခဲ့ရခြင်းဖြင့် အဆုံးသတ်ခဲ့ရခြင်းကို ကျွန်ုပ် ကြည့်ရှုခဲ့ရသည်။ ကျွန်ုပ် သက်ပြင်းချလိုက်ပြီး ဤအကြောင်းအရာမှာ အမှန်တကယ်ပင် ကျွန်ုပ်ဘဝ၏ တကယ့်သရုပ်ဖော်ချက် ပင်ဖြစ်သည် ဟု တွေးမိပါသည်။ ဗီဒီယိုထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာပိုဒ်တစ်ပိုဒ်တွင် ပြောထားသကဲ့သို့ပင်ဖြစ်သည်။ "လူတို့သည် ပိုက်ဆံနှင့် ကျော်ကြားမှုနောက် လိုက်ရင်း သူတို့၏ဘဝကို ကုန်ဆုံးကြသည်။ သူတို့သည် ဤအရာတွေရှိ နေခြင်းကြောင့် သူတို့ဆက်ပြီးရှင်သန်နိုင်မလိုလို၊ သေခြင်းကနေ လွတ်ကင်းနိုင်သလိုလိုနှင့် ဤအရာများက သူတို့၏ အဓိက အထောက်အပံ့များပဲလို့ တွေးထင်ရင်းနှင့် ဤကောက်ရိုးမျှင်များကို ဆုပ်ကိုင် ကြသည်။ သို့သော်လည်း သူတို့သည် သေခြင်းနှင့် နီးကပ်လာသည့်အခါမှသာ ဤအရာများနှင့် သူတို့ မည်မျှဝေးကွာသနည်း၊ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူတို့မည်မျှ အားနည်းသနည်းသည်၊ သူတို့မည်မျှ လွယ်လွယ် ကျိုးပဲ့ကြေမွသနည်းဆိုတာ၊ ဘယ်ကိုမှ သွားစရာမရှိဘဲ သူတို့မည်မျှ အထီးကျန်ပြီး အကူအညီမဲ့ ဖြစ်နေသည်ကို သိမြင်ကြသည်။ ဘဝသည် ပိုက်ဆံ သို့မဟုတ် ကျော်ကြားမှုနှင့် ဝယ်၍မရနိုင်၊ လူတစ်ယောက်က မည်မျှချမ်းသာပါစေ၊ သူသို့မဟုတ် သူမ၏ အဆင့်နေရာက မည်မျှ မြင့်မြတ်ပါစေ၊ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ လူအားလုံးသည် ညီတူညီမျှ နိမ့်ကျပြီး အရေးမပါဘူးစသည်တို့ကို သူတို့ သိမြင်ကြသည်။ ပိုက်ဆံက ဘဝကို မဝယ်ယူနိုင်၊ ကျော်ကြားမှုက သေခြင်းကို မဖျက်ပစ်နိုင်၊ ပိုက်ဆံ သို့မဟုတ် ကျော်ကြားမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင် ကြောင်းကို သူတို့ သိမြင်ကြသည်။"

အဓိကဇာတ်ဆောင်အား နားလည်ခြင်းသည် ကျွန်ုပ်အား နက်ရှိုင်းစွာ တို့ထိခဲ့သည်ဟု ခံစားရသည်မှာ ကျွန်ုပ်၏ ကိုယ်ပိုင်အတွေ့အကြုံကဲ့သို့ပင်ဖြစ်သည်။ "စာတန်ဟာ လူကို ချည်နှာင်ပြီး ထိန်းချုပ်ဖို့အတွက် ငွေနဲ့ ကျော်ကြားမှုကို အသုံးပြုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ စာတန်ရဲ့ စီမံချက်တွေကို မမြင်နိုင်ဘူး။ ပြီးတော့ ငွေနဲ့ ကျော်ကြားမှုဟာ လူတွေကို အန္တရာယ်ပြုဖို့အတွက် စာတန်ရဲ့နည်းလမ်းတွေဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ မမြင်နိုင်ဘူး။ ဒီအကြောင်းကြောင့် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်တဲ့ ဒီ ဝဲဂယက်ထဲကို ဆုပ်ယူခံရတာပါပဲ။ ကျွန်ုပ်တို့ ကိုယ်တိုင်သတိမထားမိလိုက်ဘဲ စာတန်ရဲ့ လှည့်စားခြင်းနဲ့ အန္တရာယ်ပြုခြင်းကို ခံလိုက်ရပါတယ်။"ဟုတ်သည်။ အလွန်မှန်ပါသည်။ ကျွန်ုပ်သည် စာတန်၏ ဉာဏ်နီဉာဏ်နက်များသော စီမံချက်များနှင့် စဉ်းလဲသော နည်းလမ်းများကို သေချာစွာ နားလည်နိုင်ခြင်းမရှိသောကြောင့် ကိုယ်တိုင်မသိလိုက်ဘဲ စာတန်၏ ဆော့ကစားခြင်းနှင့် အန္တရာယ်ပြုခြင်းကိုသာ ခံရဖို့ရှိခဲ့သည်ဟု စဉ်းစားမိသည်။ ကျွန်ုပ်သည် ဘဝ၏ တစ်ဝက်ကို စာတန်၏လှည့်စားခံရခြင်းဖြင့် ကုန်ဆုံးခဲ့ရပြီး ပိုက်ဆံနောက်ကိုသာ အားပါတရလိုက်ခဲ့ခြင်းကို သတိရမိသည်။ ထို့အပြင် ကျွန်ုပ်သည် ပိုက်ဆံကို ပိုမိုရရှိရန်အတွက် ကျွန်ုပ်၏ ကျန်းမာရေးကို စတေးရန် ဆန္ဒရှိခဲ့သည်။ သို့သော်လည်း ဘဝ၏ အကောင်းဆုံးအချိန်တွင် ရောက်ရှိနေသည့် ကျွန်ုပ်သည် ယခုအခါတွင် အစဉ်သဖြင့် ဖျားနာနေပြီး ဆေး အမြဲတမ်းသောက်နေရကာ နာကျင်မှုဖြင့် နေထိုင်နေရသည်။ ဤအရာအားလုံးတို့သည် မည်သည့်အရာကို ဆိုလိုနေသနည်း။ မည်သည့်အရာသည် ပို၍ အရေးကြီးသနည်း။ ငွေကြေးလော။ ပိုက်ဆံလော။ ကင်ဆာ နောက်ဆုံးအဆင့်ဖြင့် ဆေးကုသမှုမခံရမီတွင် အမေရိကန်၌ ရှစ်နှစ်ကြာ အလုပ်လုပ်ခဲ့သည့် မိတ်ဆွေဟောင်းတစ်ယောက်အကြောင်းကို ရုတ်တရက် စဉ်းစားမိသည်။ သူမသေဆုံးမီတွင် နောက်ထပ်သုံးလကြာသာ အသက်ရှင်ခဲ့သည်။ အမေရိကန်တွင် ဆယ်နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး ငွေများစွာ ရရှိခဲ့သူတစ်ယောက်သည်လည်း ကုသ၍မရနိုင်သည့် ရောဂါတစ်ခုကို ရရှိခဲ့သည်။ ထို့နောက် သူသည် သူ၏ မိသားစုတစ်ခုလုံးကို ထားခဲ့ပြီး သေဆုံးခဲ့ရသည်။ ဤ အလွန်ဆိုးဝါးလှသည့် ဖြစ်ရပ်များသည် အချက်တစ်ခုကို ဖော်ပြနေသည်။ လူတစ်ယောက်၏ အဆင့်အတန်းသည် မည်မျှပင် မြင့်မားနေပါစေ သို့မဟုတ် မည်မျှပင် ချမ်းသာနေပါစေ၊ ၎င်းတို့၏ အသက်တာကို ရှည်လျားစေရန် အခွင့်ကို ဝယ်ယူနိုင်ခြင်းမရှိပါ။ ထို့အပြင် သူတို့သေဆုံးသည့်အခါတွင် မည်သည့်အရာကိုမှ ယူဆောင်နိုင်ခြင်းမရှိပါ။ သခင်ယေရှုပြောသကဲ့သို့ပင်၊ "လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။" (ရှင်မာကုခရစ်ဝင်ကျမ်း ၈:၃၆-၃၇) ကျွန်ုပ်သည် စာတန်၏ ဉာဏ်နီဉာဏ်နက်များသော စီမံချက်များကို ထိုးဖောက်မမြင်နိုင်ဘဲ ငွေအတွက် မိမိဘဝကို အလဲအလှယ်ပြုလုပ်လျှက်၊ ပိုက်ဆံနောက်လိုက်ပြီးပိုမိုထူထပ်သည့် ဘဏ်မှတ်စုများရရှိရန် မျှော်လင့်လျှက် ဤလမ်းဟောင်းအတိုင်းသာဆက်လက်သွားပါက ဝမ်းနည်းစရာ ကောင်းသည့် အဆုံးသတ်ကိုသာ ကျွန်ုပ်ရောက်ရှိမည်ဖြစ်သည်။

အတိတ်အား လမ်းခွဲနှုတ်ဆက်စကားဆိုပြီး ဘဝသစ်ထဲသို့ ရှေ့ဆက်ခြင်း

ကျွန်ုပ်သည် နောက်ထပ် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို မြင်တွေ့ခဲ့ရသည်။ "ဤအခြေအနေမှ လွတ်မြောက်ဖို့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခု ရှိပါသည်။ ယခင်က အသက်ရှင်နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်ကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ အတွေးအခေါ်၊ အားထုတ်ချက် များ၊ အလိုဆန္ဒများ၊ စံသတ်မှတ်ချက်များကို အနှစ်ချုပ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်ပြီး ဘုရားသခင်၏ အလိုတော်နှင့် လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး မည်သည့်အရာများက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီသနည်း၊ မည်သည့်အရာများက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကိုပေးအပ်သနည်း၊ သမ္မာတရားကို ပိုပြီးနားလည်မှုဆီကို ဦးဆောင်သနည်း၊ လူသားမျိုးနွယ်နှင့် လူသားနှင့်ဆင်တူစွာနေထိုင်စေဖို့ မည်သည့်အရာများက အခွင့်ပေးသနည်းကို ကြည့်ဖို့ဖြစ်သည်။ … သင်ဒါကို သိမြင်ပြီးနောက်မှာ သင့် ဘဝအပေါ် အမြင်ဟောင်းကို ဘေးမှာထားပြီး၊ ထောင်ချောက် အမျိုးမျိုး၏ အဝေးတွင်နေပါ။ သင့်ဘဝကို ဘုရားသခင်အား ဦးဆောင်စေပြီး သင့်အတွက် အစီအစဉ်များ ပြုလုပ်စေပါ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် လမ်းညွှန်မှုကိုပဲ လိုက်လျှောက်ဖို့ ကြိုးစားပါ။ ရွေးချယ်စရာမရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာဖို့ပါ။"

ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ကျွန်ုပ်အား လက်တွေ့လုပ်ဆောင်ရန်အတွက် ရှင်းလင်းသည့် လမ်းအား ပြသခဲ့သည်။ ကျွန်ုပ်သည် စာတန်၏ ဆိုးယုတ်သော သွေးဆောင်မှုများအား ရှောင်ကြဉ်ပြီး ဘဝအတွက် ငွေဖြင့် အလဲအလှယ်ပြုလုပ်သည့် ကျွန်ုပ်၏ ဘဝဟောင်းကို နှုတ်ဆက်လိုလျှင် ကျွန်ုပ်၏ မှားယွင်းသော ဘဝ၏ ကြိုးပမ်းမှုများကို လွတ်ချပြီး စာတန်၏ လွဲမှားသောအယူများအားဖြင့် ဆက်လက်ရှင်သန်ခြင်း မပြုလုပ်တော့ဘဲ မိမိကိုယ်ကိုယ် လူတစ်ယောက်ကဲ့သို့ပြုမူလျှက် ဘုရားသခင်၏ နှုတ်ကပတ်တော်အလင်းတွင် ရှေ့သို့သွားရာလမ်းကို လျှောက်မှဖြစ်မည်။ ပိုက်ဆံကို ဘဝအဖြစ် သတ်မှတ်ခဲ့သည့် ကျွန်ုပ်၏ ယခင်ဘဝအပေါ် ရှုမြင်မှုတွင် စာတန်သည် အမှန်တကယ်ပင် ကျွန်ုပ်အား ဆော့ကစားနေပြီး အန္တရာယ်ပြုနေခြင်းဖြစ်သည်ကို ကျွန်ုပ်၏ ကိုယ်တွေ့ အတွေ့အကြုံများမှတစ်ဆင့် ကျွန်ုပ်မြင်တွေ့ခဲ့ရသည်။ ကျွန်ုပ်အပေါ် စာတန်ချည်နှောင်ထားသည့် သံကြိုးတစ်ခုပင်ဖြစ်သည်။ မျက်စိတမှိတ်အတွင်းတွင် ပျောက်ကွယ်သွားသည့် မည်သည့်အရာမျှမဟုတ်သည့်အရာသာဖြစ်သည်။ ကျွန်ုပ်တွင် ကျန်ရှိနေသော အချိန်တွင် စာတန်၏ ဉာဏ်နီဉာဏ်နက်များသော စီမံချက်များအတွင်းသို့ ကိုယ့်ကိုယ်ကိုယ် အကျမခံနိုင်တော့ ဟု ကျွန်ုပ် တွေးမိသည်။ ကျွန်ုပ်အား ဘုရားသခင်က ပြုလုပ်ခဲ့ပြီး ကျွန်ုပ်သည် ဘုရားသခင်အား ကိုးကွယ်ရန်၊ ဘုရားသခင်အား နာခံရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လမ်းညွှန်မှုအောက်တွင် အသက်ရှင်နေထိုင်ရန် စသည်တို့အတွက် အားထုတ်ကြိုးပမ်းသင့်သည်။ ထိုအရာကသာ စစ်မှန်သည့်အနာဂတ်နှင့် မှန်ကန်သည့် တန်ဖိုးရှိသည့် အသက်တာတစ်ခုဖြစ်သည်။

မကြာမီ နေ့တစ်နေ့၌ ကျွန်ုပ်၏ သူဌေး၏ ဇနီးသည် ကျွန်ုပ်အား ခေါ်ပြီး စားသောက်ဆိုင်သို့သွား၍ ကူညီရန် ပြောသည်။ သို့ရာတွင် ကျွန်ုပ်သည် အရင်က ပိုက်ဆံအတွက် အလွန်အမင်းအလုပ်လုပ်ခဲ့ရသည့် အချိန်များကို တွေးတောခဲ့ပြီး သူမ၏ တောင်းဆိုမှုကို ကျွန်ုပ်ငြင်းပယ်ခဲ့သည်။ ကျွန်ုပ်၏ ကျန်ဘဝတလျှောက်လုံးအတွက် အစီအစဉ်အသစ်တစ်ခု ပြုလုပ်ပြီးဖြစ်သောကြောင့်ဖြစ်သည်။ ပို၍ အနားယူပြီး ကျွန်ုပ်၏ ကျန်းမာရေးကို ဂရုစိုက်မည်။ အစည်းအဝေးများ သို့မဟုတ် ကျွန်ုပ်၏ တာဝန်ထမ်းဆောင်မှုများတွင် မည်သည့် နှောင့်နှေးမှုမှ မဖြစ်စေဘဲ ကျွန်ုပ်အကောင်းဆုံး လုပ်ဆောင်နိုင်သည့် အလုပ်တစ်ခုကို ရှာဖွေရန်သာဖြစ်သည်။ ကျွန်ုပ်၏ ကျန်ရှိသည့် ဘဝတစ်လျှောက်တွင် ဘုရားသခင်အား ကျွန်ုပ်၏ အုပ်စိုးသူဖြစ်စေမည်။

စာရေးသူသည် အောက်ပါအချက်များကို မျှဝေလိုပါသည်-

ကျွန်ုပ်သည် ငွေနောက်လိုက်ခြင်းအားစွန့်လွှတ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသည့်အတွက် ဝမ်းမြောက်သည်။

ကျွန်ုပ်သည် အသက်တာတွင် ကျန်ရှိသည့်အချိန်ကို တန်ဖိုးထားပြီး ဘုရားသခင်နောက်လိုက်ကာ ဘုရားသခင်အား ကိုးကွယ်လိုပါသည်။

အမှာစကား ချန်ခဲ့မည်