စာရင်း

ကြိုးတန်းပေါ် လမ်းလျှောက်ခြင်း

၂၀၀၅ ခုနှစ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံပြီး သိပ်မကြာသေးခင်မှာ ကျွန်တော့်ရဲ့ အရင် အသင်းတော်က အစ်ကိုတစ်ယောက်နဲ့ ကျွန်တော် ဧဝံဂေလိ ဝေမျှခဲ့တယ်။ နောက်တော့ တစ်နေ့လည်မှာ သင်းအုပ်ဆရာလီနဲ့ တွဲဖက်အမှုတော်ဆောင်က ကျွန်တော့်အိမ်ကို ရောက်လာတယ်။ ကျွန်တော် ရင်တွေ ခုန်နေတယ်။ စိတ်ထဲမှာတော့ “ဘာအတွက် လာကြတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ငါ လက်ခံလိုက်တာကို သူတို့ သိသွားတာလား။ တခြား အသင်းသားတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံတဲ့အချိန်မှာ သူတို့က ကောလာဟလတွေ စဖြန့်တယ်။ အသင်းသားတွေကို ခြိမ်းခြောက်တယ်။ အသင်းသားတွေရဲ့ ယုံကြည်မှုကို ဆန့်ကျင်ဖို့ သူတို့မိသားစုတွေကို ခိုင်းတယ်။ ငါ့အပေါ်ကို သူတို့ ဘယ်လို လှည့်ကွက်မျိုးတွေ သုံးကြမှာလဲ။” ဆိုပြီး စဉ်းစားမိတယ်။ ကျွန်တော့်သားနဲ့သမီးက သိပ်မကြာခင်မှာ ရောက်လာတယ်။ ကျွန်တော် ခေါင်းရှုပ်သွားတယ်။ ကျွန်တော့် ကလေးတွေက သူတို့တွေ တော်တော်အလုပ်ရှုပ်နေတယ်လို့ ပြောထားတာ။ ဒါဆို ဒီနေ့ ဘာလို့ သူတို့ နှစ်ယောက်လုံး လာကြတာလဲ။ သင်းအုပ်ဆရာလီက စီစဉ်လိုက်တာလား။ သူတို့ ဒါကို ကြိုပြီး စီစဉ်ခဲ့မှန်း ကျွန်တော် သဘောပေါက်သွားတယ်။ ဘုရားသခင်ကို ကျွန်တော် ချက်ချင်းပဲ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သူတို့ ကျွန်တော့်ကို ဘယ်လိုစမ်းကြည့်ကြမယ်ဆိုတာကို ကျွန်တော်မသိပါဘူး။ ဒါကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ သိဖို့အတွက် ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းနည်းပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြပြီး၊ စစ်မှန်တဲ့လမ်းပေါ်မှာ ခိုင်ခိုင်မာမာနေဖို့အတွက် ကူညီတော်မူပါ။” ဆုတောင်းပြီးတော့ ကျွန်တော် ပိုပြီး စိတ်ငြိမ်သွားတယ်။

အဲဒီနောက်မှာပဲ သင်းအုပ်ဆရာလီက ပြုံးလိုက်ပြီး ပြောတယ်။ “အစ်ကိုကျန်း ခင်ဗျားက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံလိုက်ပြီလို့ ကြားတယ်။ အဲဒါ မှန်လားဗျ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းမှာ သမ္မာတရား ဘယ်လောက်ပဲရှိရှိ ကျွန်တော်တို့ လက်ခံလို့မရဘူး။ ကျွန်တော်တို့အားလုံးက သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး သူ့အတွက် တရားဟောခဲ့ကြတယ်။ သခင်ယေရှုဟာ ကားစင်တင်ခံရပြီး ကျွန်တော်တို့ကို အပြစ်ကနေ ရွေးနုတ်တဲ့ အပြစ်ဖြေရာယဇ်ဖြစ်လာခဲ့တာကို ကျွန်တော်တို့ အားလုံးသိကြပါတယ်။ သခင်ရဲ့ နာမတော်နဲ့ လမ်းခရီးကို ကျွန်တော်တို့ အချိန်တိုင်း ထိန်းသိမ်းရမယ်။ တခြားဘုရားကို ကျွန်တော်တို့ ယုံကြည်လို့မရဘူး။ သခင်ယေရှုကို စွန့်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တာဟာ ခင်ဗျားက သခင့်ကို သစ္စာဖောက်နေတာမဟုတ်လား” ဆိုပြီး ပြောတယ်။

ကျွန်တော်က မတုန်လှုပ်ဘဲနဲ့ တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ်။ “ဆရာလီ ကျွန်တော်တို့တွေက သင့်တင့်မျှတမှုရှိပြီး လက်တွေ့ကျရပါမယ်။ သက်သေအထောက်အထားအရ ကျွန်တော်တို့ လုပ်သင့်ပြီး ကိုယ်ထင်သလို မရှုပ်ချသင့်ပါဘူး။ ဆရာက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ လမ်း ကို မလေ့လာရသေးဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ရသေးဘူး။ ဒီတော့ ကျွန်တော်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံလို့ သခင့်ကို သစ္စာဖောက်နေတာဆိုပြီး ဆရာက ဘယ်လို ကောက်ချက်ချနိုင်ရတာလဲ။ သမ္မာတရားက ဘယ်ကလာတယ်ဆိုတာ ဆရာ သိလား။ သမ္မာတရားကို ဘယ်သူ ဖော်ပြသလဲဆိုတာ ဆရာသိလား။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) ဘုရားသခင်က သမ္မာတရားရဲ့ အရင်းအမြစ်ပါ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းမှာ သမ္မာတရား ဘယ်လောက်ပဲရှိရှိ ကျွန်တော်တို့ လက်ခံလို့မရဘူး လို့ ဆရာ ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ။ အဲဒါက သမ္မာတရားကို တမင်တကာ ဆန့်ကျင်ပြီး ဘုရားကို အာခံနေတာမဟုတ်ဘူးလား။ ကျွန်တော်တို့ဟာ သခင့်ကို ယုံကြည်သူတွေလို့တောင် သတ်မှတ်လို့ရရဲ့လား။ အခုနောက်ပိုင်းမှာ ကျွန်တော် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီး ဖတ်ခဲ့တယ်။ အဲဒါတွေအားလုံးက သမ္မာတရားဖြစ်တယ်၊ သမ္မာတရားနဲ့ နက်နဲမှုတွေအများကြီး ထုတ်ဖော်ပြမှန်းကို ကျွန်တော် မြင်ခဲ့ရတယ်။ ယုံကြည်လာတဲ့ နှစ်တွေ တစ်လျှောက်လုံးက ကျွန်တော့်ရဲ့ အခက်အခဲတွေအားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကြောင့် ပြေလည်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ကို လိုက်ခြင်းက သခင်ကြွလာတာကို ကြိုဆိုခြင်းပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းက သခင်ယေရှုကို သစ္စာဖောက်တာလို့ ဆရာ ပြောတယ်။ အဲဒါက သမ္မာတရားနဲ့ ကိုက်ညီလား။ အမှုပြုဖို့ သခင်ယေရှု ကြွလာတဲ့အခါမှာ လူတွေအများကြီးက သူ့နောက်လိုက်ဖို့ ဗိမာန်တော်ကို စွန့်ခွာခဲ့ကြတယ်။ အဲဒါက ယေဟောဝါဘုရားသခင်ကို သူတို့ သစ္စာဖောက်တယ်လို့ အဓိပ္ပာယ်ရတာလား။ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုက ယေဟောဝါ ဘုရားသခင် လုပ်ဆောင်ခဲ့တဲ့ ပညတ်တော်ကို ကြေညာခြင်းအမှုနဲ့ မတူဘူး၊ ဘုရားရဲ့ အမည်နာမလည်း ပြောင်းသွားတယ်ဆိုပေမဲ့ သခင်ယေရှုနဲ့ ယေဟောဝါက တစ်ပါးတည်းသော ဘုရားသခင်ပါပဲ။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် သူတို့က ယေဟောဝါဘုရားသခင်ကို သစ္စာဖောက်နေတာမဟုတ်ပါဘူး။ သူတို့က သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်ကိုလိုက်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိနေတာပါ။ တကယ်တော့ ယေဟောဝါဘုရားသခင်ကို လက်ခံပြီး သခင်ယေရှုကို လက်မခံတဲ့သူတွေကသာ ဘုရားကို စွန့်ပစ်ပြီး သစ္စာဖောက်တဲ့ သူတွေဖြစ်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်က သခင်ယေရှုရဲ့ အမှုတော်နဲ့ မတူဘူး။ ဘုရားရဲ့အမည်နာမလည်း ပြောင်းသွားတယ်။ ဒါပေမဲ့ သူတို့က တစ်ပါးတည်းသော ဘုရားသခင်ပါပဲ။ ဘုရားသခင်က မတူညီတဲ့ အမှုတွေကို မတူညီတဲ့ ခေတ်တွေမှာ လုပ်တာပါ။ သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်။ အဲဒါက ကျွန်တော်တို့ အပြစ်တွေကို ခွင့်လွှတ်ခြင်းသက်သက်ပါပဲ။ သူက လူသားမျိုးနွယ်ရဲ့ အပြစ်ပြုတဲ့ သဘာဝကို မဖြေရှင်းခဲ့ပါဘူး။ ဒါကြောင့် သူက တရားစီရင်ခြင်းအမှုကို ပြုဖို့ နောက်တစ်ဖန်ကြွလာမယ်လို့ ကတိပေးခဲ့တာ။ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ အပြစ်ပြုတဲ့ သဘာဝကို ဖြေရှင်းဖို့ သခင်ရဲ့ ရွေးနုတ်ခြင်းအမှုကို အခြေခံပြီး ကျွန်တော်တို့ကို တရားစီရင်ဖို့ သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်ရဲ့ ရယူခြင်းကို ကျွန်တော်တို့ ခံရဖို့အတွက် အပြစ်တရားကနေ ကျွန်တော်တို့ကို အပြည့်အဝ ကယ်တင်ဖို့ နောက်ဆုံးသောကာလမှာ ကြွလာပြီဖြစ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေဟာ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ကျွန်တော် ယုံကြည်ခြင်းက သခင်ယေရှုကို သစ္စာဖောက်တာမဟုတ်ပါဘူး။ သိုးသငယ်ရဲ့ ခြေလှမ်းနောက်ကို လိုက်ခြင်းပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခြင်းမရှိဘဲ သခင်ယေရှုကို ယုံကြည်တာက ယေဟောဝါဘုရားသခင်ကိုပဲ ယုံကြည်ပြီး သခင်ယေရှုကို ငြင်းပယ်ခဲ့တဲ့ ဖာရိရှဲတွေလို ကျွန်တော်တို့ကို ဖြစ်စေတယ် မဟုတ်ဘူးလား။ သခင့်ကို အာခံပြီး သစ္စာဖောက်တာက ဒီလို လူမျိုးတွေပါ။” ဆိုပြီး ပြောလိုက်တယ်။ “ခင်ဗျားတို့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သေသေချာချာ စုံစမ်းပြီး သူ့နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ အသံတော်လားဆိုတာ ကိုယ့်ဘာသာ ကြည့်ကြည့်သင့်တယ်။ ကိုယ်ထင်သလို ဝေဖန်ပြီး မရှုတ်ချပါနဲ့။ မဟုတ်ရင် သခင့်ကို ဆန့်ကျင်တဲ့အတွက် ရှုတ်ချစီရင်ခံရနိုင်ပါတယ်။” ဆိုပြီးပေါ့။

သင်းအုပ်ဆရာလီက တော်တော် စိတ်မသက်မသာဖြစ်နေပုံရတယ်။ အဲဒါနဲ့ တွဲဖက် ဝမ် က ဖြန်ဖြေတဲ့အနေနဲ့ အမြန်ဝင်ပြောလိုက်တယ်။ “ကျွန်တော်တို့က အသင်းတော်ကို ကာကွယ်ဖို့၊ သိုးစုကို စောင့်ရှောက်ဖို့အတွက် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဆန့်ကျင်တယ်။ အသင်းသားတွေကို အဲဒီအဖွဲ့ထဲ မပါစေချင်ဘူး။ ဆရာလီက ခင်ဗျားဘဝအတွက် တာဝန်ရှိသလို ခံစားရတယ်။ ခင်ဗျားကို သူ လမ်းမှားမရောက်စေချင်ဘူး။ ခင်ဗျားက တွဲဖက်အမှုတော်ဆောင်လုပ်ခဲ့တယ်။ အသင်းတော်အတွက် အများကြီး လုပ်ခဲ့တယ်။ လူတိုင်းက ခင်ဗျားကို လေးစားပြီး ယုံကြည်တယ်။ ခင်ဗျားက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ပြီး ခွဲထွက်သွားရင် သူတို့အားလုံး အရမ်းစိတ်ပျက်ကြမှာပဲ။” တဲ့။ သင်းအုပ်ဆရာလီက အမြန် ဝင် ပြောတယ်။ “တွဲဖက် ဝမ် ပြောတာ မှန်တယ်။ ခင်ဗျားက ဒီနှစ်တွေ တစ်လျှောက်လုံးမှာ အရမ်း အလုပ်လုပ်ခဲ့တယ်။ ခင်ဗျားကိုယ်တိုင် တည်ဆောက်ထားတဲ့ နာမည်ကို ထားပြီးထွက်သွားဖို့ ဆိုတာ စိတ်မကောင်းစရာ ဖြစ်နေမှာပါ။ ပြန်လာပါ။ လူတိုင်းက ခင်ဗျားကို စောင့်နေကြပါတယ်။ ကျုပ်တို့ အသင်းတော်က အငြိမ်းစား အိမ်တစ်လုံး ပြင်ဆင်ထားတယ်။ နိုင်ငံခြားက ဘာသာရေးအဖွဲ့တွေနဲ့ ကျွန်တော်တို့ အဆက်အသွယ်လုပ်ထားပြီး သူတို့က ကျွန်တော်တို့ကို ငွေကြေးဆိုင်ရာ ထောက်ပံ့မှုပေးတယ်။ ခင်ဗျား ပြန်လာရင် ခင်ဗျားကို ကျုပ်တို့ ကားတစ်စီး ချက်ချင်း ပေးမယ်။ ခင်ဗျားက အငြိမ်းစားအိမ်ကို စီမံခန့်ခွဲချင်တယ် ဒါမှမဟုတ် အသင်းတော်ကို ဒါမှမဟုတ် အသင်းတော်ရဲ့ ဘဏ္ဍာရေးကို ဆက်ပြီး စီမံချင်တယ်ဆိုရင် အားလုံး ခင်ဗျားသဘောပဲ။” ဆိုပြီး ပြောတယ်။

သူတို့ပြောတာကို ကျွန်တော် နားထောင်လေလေ၊ တစ်ခုခုလွဲနေသလို ခံစားရလေပဲ ယုံကြည်သူတွေက ဒီလိုတွေ ဘာကြောင့်ပြောရတာလဲ။ သမ္မာကျမ်းစာထဲက သခင်ယေရှုအပေါ် နတ်ဆိုးရဲ့ သွေးဆောင်ခြင်းအကြောင်း စိတ်ထဲပေါ်လာတယ်။ “တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တော်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ စည်းစိမ်ကို၎င်း ပြညွှန်၍၊ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။” (ရှင်မဿဲခရစ်ဝင် ၄:၈-၉) သူတို့ပြောနေတဲ့ဟာတွေအားလုံးက အတူတူပဲ၊ စာတန်ပြောတာနဲ့ တစ်သံတည်းပဲလို့ မခံစားရဘူးလား။ “ဒါ စာတန်ရဲ့ လှည့်ကွက်ပဲ” ဆိုပြီး ကျွန်တော် တွေးလိုက်မိတယ်။ “သူတို့က ကျွန်တော့်ကို အနန္တတန်ခိုးရှင်ဘုရားသခင်ကို သစ္စာဖောက်ဖို့၊ လမ်းမှန်ကနေ အဝေးကို အဆင့်အတန်း၊ ငွေကြေးတွေနဲ့ သွေးဆောင်နေတာပဲ။ ကျွန်တော့်ကို ထောင်ချောက်ဆင်ဖို့ ကျရှုံးအောင်လုပ်ဖို့ ကြိုးစားနေကြတာပဲ။” ကျွန်တော် ယုံကြည်သူဖြစ်လာတာ ၁၀ နှစ်ကျော်ရှိပြီးတော့ သခင်ပြန်ကြွလာတာကို ကြိုဆိုရတာ သိပ် ကံကောင်းပါတယ်။ စာတန်ရဲ့ အယုံသွင်းတာကိုခံပြီး သခင့်ကို သစ္စာဖောက်လို့ မဖြစ်ဘူးဆိုတာ ကျွန်တော် သိခဲ့တယ်။ အဲဒါနဲ့ ကျွန်တော် ပြောလိုက်တယ်။ “ဘုရားသခင်ရဲ့ အသံတော်ကို ကျွန်တော်ကြားပြီးတော့ ထာဝရအသက်လမ်းကို ရှာတွေ့ခဲ့ပြီးပါပြီ။ ဘုရားသခင်နောက်ကိုလိုက်ဖို့ ကျွန်တော် ရွေးချယ်တာပါ။ ခင်ဗျားတို့ လေကုန်မခံပါနဲ့တော့။ ကျွန်တော် အနန္တတန်ခိုးရှင်ဘုရားသခင်ကို စွန့်ခွာမှာ မဟုတ်ပါဘူး။” ပေါ့။

ပြီးတော့ ကျွန်တော့်သမီးက ငိုလာပြီးတော့ ပြောတယ်။ “အဖေ၊ သမီးပြောတာကို ခဏလောက်နားထောင်ပါ။ အမေက ဆုံးသွားတာ မကြာသေးဘူး။ သမီးတို့လည်း ဒုက္ခရောက်နေပြီ။ အဖေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်ပြီး အသင်းတော်ကနေ ထုတ်ပယ်ခံရရင် ညီအစ်ကိုမောင်နှမတွေကလည်း သမီးတို့ကို ရှောင်ဖယ်ကြမှာ။” တဲ့ ကျွန်တော့်သမီးက ဒီလိုငိုနေတာကို ကျွန်တော် မကြည့်ချင်ခဲ့ဘူး။ ပြင်းထန်တဲ့ အတွင်းပိုင်း ရုန်းကန်မှုတစ်ခု ကျွန်တော့်အထဲမှာ ပေါ်လာတယ်။ “အသင်းတော်နဲ့ ပြန်ပေါင်းဖို့ ငါ သဘောတူရင် ငါ ပစ်ပယ်ခံရမှာမဟုတ်ဘူး။ ငါ့နေရာလည်း ပျောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒါက သခင့်ကို တံခါးပိတ်ထားသလိုဖြစ်နေမှာ။ အဲဒါ ကြီးလေးတဲ့ သစ္စာဖောက်မှုဖြစ်မှာပဲ။” လွယ်ကူတဲ့လမ်း မရှိခဲ့ပါဘူး။ ဒီ နာကျင်မှုကြားကနေ ဘုရားသခင်ဆီကို ကျွန်တော် တိတ်တဆိတ် ငိုကြွေးမြည်တမ်းခဲ့ပါတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင် ကျွန်တော် ရွေးချယ်ရခက်ခဲတဲ့ အခြေအနေမှာရောက်နေပါတယ်။ ကျေးဇူးပြုပြီး အနှောင့်အယှက်ခံရခြင်းကို ရှောင်ကြဉ်နိုင်အောင်၊ ခိုင်မာစွာ ရပ်တည်ပြီး ကိုယ်တော့်နောက်ကို ပြတ်သားစွာ လိုက်နိုင်အောင် ယုံကြည်ခြင်းနဲ့ ခွန်အားကို ပေးသနားတော်မူပါ။” အရင် သုံးလေးရက်လောက်က ကျွန်တော်ဖတ်ခဲ့တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တချို့လည်း အဲဒီအချိန်မှာပဲ စိတ်ထဲမှာပေါ်လာတယ်။ “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ခွန်အားပေးပြီးတော့ ချင့်ချိန်နိုင်စွမ်းကို ကျွန်တော် လက်တွေ့လုပ်ဆောင်ဖို့ လိုတယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီနေ့မှာ ကျွန်တော် ရင်ဆိုင်ရတာတွေရဲ့ နောက်ကွယ်မှာ စာတန်ရဲ့ လှည့်ကွက်တွေရှိနေတယ်။ စာတန်က ကျွန်တော် ဘုရားကို သစ္စာဖောက်စေဖို့ ဦးတည်ချက်နဲ့ ကျွန်တော့်ကို သွေးဆောင်ပြီး တိုက်ခိုက်ဖို့၊ ကျွန်တော့်စိတ်ကို အနှောင့်အယှက်ပေးဖို့အတွက် ဂုဏ်အဆင့်အတန်းနဲ့ မိသားစု အနှောင်အဖွဲ့တွေကို အသုံးပြုနေတာပါ။ စာတန်ရဲ့ ထောင်ချောက်ထဲကို ကျွန်တော် သက်ဆင်းလို့မဖြစ်ဘူးလေ။ ကျွန်တော့် သားသမီးတွေကို ကျွန်တော် ပြောလိုက်တယ်။ “အဖေ လေ့လာပြီးသွားပြီ။ အားလုံးက ရှင်းပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က စစ်မှန်တဲ့ ဘုရားသခင်ပါ။ သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်က စစ်မှန်တဲ့ လမ်းခရီးဖြစ်တယ်။ ဒီနှစ်တွေ အားလုံးမှာ သခင်ကြွလာခြင်းကို အဖေတို့ တောင့်တခဲ့ကြတယ်။ အခု သူ ကြွလာခဲ့ပြီး သူ့ရဲ့ တရားစီရင်ခြင်းအမှုအတွက် သမ္မာတရားတွေကို ဖော်ပြနေတယ်။ အဖေတို့က သူ့ရဲ့အမှုတော်ကို အမီလိုက်ပြီး ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို လက်ခံရမယ်။ ဒါမှ ကပ်ဘေးကြီးတွေကနေ အဖေတို့ လွတ်မြောက်နိုင်ပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ရမှာပါ။ အဖေတို့က သူများတွေရဲ့ ငြင်းပယ်ခံရမှာကို ကြောက်မနေသင့်ဘူး။ သခင်ရဲ့ ဖယ်ရှားခြင်းခံရမှာ၊ ချီဆောင်ခံရဖို့ အခွင့်အရေးကို လွဲချော်ရမှာကို ကြောက်သင့်တာပါ။ မဟုတ်ရင် ကပ်ဘေးကြီးတွေထဲမှာ အဖေတို့ ငိုကြွေးပြီး အံသွားခဲကြိတ်နေရလိမ့်မယ်။ ခင်ဗျားတို့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြည့်သင့်တယ်။ အဲဒီနှုတ်ကပတ်တော်တွေထဲမှာ ဘုရားသခင်ရဲ့ အသံကို ခင်ဗျားတို့ ကြားလိမ့်မယ်။ ဒါဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ အတည်ပြုနိုင်မယ်။” ကျွန်တော့်ကလေးတွေက ဒီ ကိစ္စကို ဆက်ပြီး ဖိအားမပေးတော့ဘူး။ ဘုရားသခင်ရဲ့ လမ်းညွှန်ပြမှုအတွက် ကျွန်တော် တိတ်တဆိတ် ကျေးဇူးတင်မိတယ်။

သူတို့က စိတ်မပြောင်းဘဲ စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်သွားတယ်။ သုံးလေးရက်ကြာတော့ သူတို့ ပြန်လာပြီး အလားအလာရှိတဲ့ အိမ်ထောင်တစ်ခုနဲ့ ကျွန်တော့်ကို သွေးဆောင်တယ်။ သင်းအုပ်ဆရာလီက ပြောတယ်။ “ခင်ဗျား ဇနီး ဆုံးသွားတာ မကြာသေးဘူး။ ခင်ဗျားရဲ့ သမီးက အိမ်ထောင်ပြုသွားပြီ။ ခင်ဗျားသားကလည်း အနားမှာသိပ်မရှိဘူး။ ခင်ဗျားတစ်ယောက်တည်းနေရတာ တော်တော်ခက်ခဲမှာပဲ။ ခင်ဗျားအတွက် ချက်ပြုတ်ပေးဖို့ ဒီမှာ တစ်ယောက်ယောက်ရှိသင့်တယ်။ အသင်းတော်မှာရှိတဲ့ အစ်မ ဝမ် ကလည်း အိမ်ထောင်မရှိဘူး။ သူက ပိုက်ဆံရှိတယ်။ လူချစ်လူခင်များတယ်။ ယုံကြည်ခြင်းမှာလည်း စိတ်ထက်သန်တယ်။ ခင်ဗျားတို့နှစ်ယောက်က အတူတူ တစ်ယောက်အတွက်တစ်ယောက် ဖေးမပေးပြီး သခင့်ကို အတူ အစေခံကြရင် သိပ် ကောင်းမှာပဲ။” တဲ့။ အစ်မ ဝမ် က အဲဒီညနေမှာ ကျွန်တော့်ကို ဖုန်းခေါ်တယ်။ ပြီးတော့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဆက်မယုံကြည်တော့ဖို့ ဆက်တိုက် တိုက်တွန်းနေတယ်။ သူက ပြောသေးတယ်။ ကျွန်တော့်သား အိမ်ထောင်ပြုဖို့အတွက် ပိုက်ဆံလိုနေရင် လှမ်းသာပြောလိုက် တဲ့။ ဒါကို ကြားရတော့ ကျွန်တော့်ကို ဝေခွဲရခက်စေခဲ့တယ်။ ကျွန်တော့် ဇနီးက နာမကျန်းဖြစ်ပြီး အိပ်ရာပေါ် လဲနေခဲ့တုန်းမှာ ကျွန်တော့်သမီးက သူ့အတွက် ဆေးသွားဝင်နေရင်း ကားအက်စီးဒင့်ဖြစ်ပြီး ဆေးရုံရောက်သွားတယ်။ အစ်မ ဝမ် က ကျွန်တော့် ဇနီးနဲ့ သမီးနှစ်ယောက်လုံးကို စောင့်ရှောက်ဖို့ ရောက်လာခဲ့တယ်။ ကျွန်တော် သူ့ကို အမြဲတမ်းပဲ အရမ်းကျေးဇူးတင်ခဲ့တယ်။ သူ့အကြံကို ကျွန်တော် လက်မခံရင် အစ်မ ဝမ်ရဲ့ စိတ်ကို ကျွန်တော် ထိခိုက်စေမှာလား။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် သူပြောသလိုလုပ်ရင် သခင့်ကို သစ္စာဖောက်သလိုဖြစ်မယ်။ ကျွန်တော် တော်တော်ကို စိတ်ကယောက်ကယက်ဖြစ်ပြီး ဘုရားသခင်ကိုပဲ ထပ်ခါထပ်ခါ ဆုတောင်းခဲ့တယ်။ ကျွန်တော် ခဏလောက် အခက်အခဲဖြစ်နေပြီးနောက်မှာ သူ့ကို ငြင်ငြင်သာသာနဲ့ပဲ ငြင်းလိုက်ပါတယ်။

တစ်ရက်မှာ ကျွန်တော် လယ်ကွင်းထဲမှာ အလုပ်လုပ်နေတုန်း သင်းအုပ်ဆရာလီရောက်လာပြီး ကျွန်တော့်ကို တွေ့သွားတယ်။ သူကပြောတယ်။ “အစ်ကို ကျန်း ခင်ဗျားအတွက် မဟုတ်ရင်လည်း ခင်ဗျား သားသမီးတွေအတွက် စဉ်းစားပါဦး။ ခင်ဗျားရဲ့သားက စေ့စပ်ထားတာ မကြာသေးဘူး။ သူ့ ကောင်မလေးရဲ့ တစ်မိသားစုလုံးက သခင့်ကို ယုံကြည်ကြတာ။ ခင်ဗျားက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တာကို သူတို့ သိသွားရင် သူတို့က သူတို့ သမီးကို ခင်ဗျားမိသားစုဝင်နဲ့ လက်ထပ်ခွင့်ပေးပါ့မလား။ အဲဒါဆိုရင် ခင်ဗျားသားရဲ့ အိမ်ထောင်အတွက် တော်တော်ထိခိုက်မှာ မဟုတ်ဘူးလား။ ခင်ဗျား နည်းနည်း ထပ်ပြီးတော့ စဉ်းစားသင့်တယ်။” တဲ့။ ဒီနေရာမှာ ကျွန်တော် စဉ်းစားမိလိုက်တယ်။ “ခင်ဗျားက ကျွန်တော့်ကို လမ်းမှန်ကနေ တားဆီးဖို့ ကျွန်တော့်သားရဲ့ မင်္ဂလာဆောင်နဲ့ ခြိမ်းခြောက်နေတာပဲ။ ဒါ တော်တော် ယုတ်မာတာပဲ” ပေါ့။ ကျွန်တော် ပြတ်ပြတ်သားသားပြောလိုက်တယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ကျွန်တော်ယုံကြည်တာက ကျွန်တော့် ကိစ္စပါ။ ကျွန်တော့်သား အိမ်ထောင်နဲ့ ဘာမှ မဆိုင်ဘူး။ နောက်ပြီး သူ့အိမ်ထောင်က အဆင်ပြေမလားဆိုတာ ဘုရားရဲ့လက်ထဲမှာရှိတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ ကျွန်တော် သတ်မှတ်ပြီး အဆုံးထိ သူ့နောက်ကို လိုက်မှာပါ။ ကျွန်တော့် သားသမီးတွေက နားမလည်ပေမဲ့ တစ်နေ့ သူတို့ နားလည်လာကြလိမ့်မယ်။” ဆိုပြီးပေါ့။ အစကတော့ သင်းအုပ်ဆရာလီဘက်က အပြောသက်သက်ပဲလို့ ကျွန်တော်ထင်ခဲ့တာ။ ဒါပေမဲ့ အံ့သြစရာပဲ။ သူက ကျွန်တော် အနန္တတန်ခိုးရှင်ဘုရားသခင်ကို သစ္စာဖောက်အောင် အဲဒီလို အရေးကြီးတဲ့ကိစ္စကို တကယ် အသုံးပြုနေတာ။

နောက် သုံးလေးရက်နေတော့ ကျွန်တော့်သားရဲ့ ဝရိန်ဆိုင်ကို ကျွန်တော် သွားခဲ့တယ်။ သူက မျက်ခုံးတွန့်ပြီး ပြောတယ်။ “အဖေ ကျွန်တော့် ကောင်မလေးကပြောတယ်။ သင်းအုပ်ဆရာလီက သူ့မိသားစုဆီ သွားတွေ့ပြီး အဖေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်တယ်လို့ ပြောတယ်တဲ့။ အဖေက အဲဒါကို မစွန့်လွှတ်ရင် မင်္ဂလာပွဲ မလုပ်ဘူးလို့ ပြောတယ်။” တဲ့ ကျွန်တော် တော်တော်ကို လန့်ပြီး ဒေါသလည်း ထွက်မိခဲ့တယ်။ သင်းအုပ်ဆရာလီက ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ ကျွန်တော့်သားရဲ့ အိမ်ထောင်ကို တကယ်အသုံးချနေတာပဲ။ သခင့်ကို ယုံကြည်သူတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလို တော်တော် ယုတ်မာတဲ့လုပ်ရပ်ကို လုပ်ရတာလဲ။ ကျွန်တော့်သား ဝမ်းနည်းပက်လက်ဖြစ်နေတာကို မြင်ရတော့ စိတ်မကောင်းဘူး။ သူတို့ရဲ့ မင်္ဂလာပွဲနေ့ရောက်ဖို့က ၁၈ ရက်ပဲ လိုတော့တာလေ။ တကယ်ပဲ ဒီလို ဖြစ်သွားတော့မှာလား။ ကျွန်တော့်မျက်လုံးမှာ မျက်ရည်တွေ ပြည့်လာတယ်။ သူက ဆက်ပြောတယ်။ “အဖေ သူက ပြောသေးတယ်။ မင်္ဂလာဆောင်ဖို့အတွက် သူ့မှာ သတ်မှတ်ချက် သုံးခုရှိတယ် တဲ့။ ပထမက ကျွန်တော်တို့ရဲ့ သားအဖ ဆက်ဆံရေးကို အဆုံးသတ်ဖို့။ ဒုတိယက အဖေ အသက်ကြီးတဲ့အခါမှာ မစောင့်ရှောက်ဖို့။ တတိယက မိသားစု အဆက်အသွယ်တွေ အကုန် ဖြတ်ပစ်ဖို့။ ကျွန်တော်တို့အမေက ကျွန်တော်တို့နဲ့အတူ မရှိတော့ဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ မိသားစုအတွက် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဆက်ပြီး မယုံကြည်ပါနဲ့တော့” တဲ့။ ကျွန်တော့်သားရဲ့ စကားတွေကို ကြားပြီး သူ့မျက်နှာမှာ နာကျင်မှုတွေ ပြည့်နေတာကို မြင်ရတဲ့အခါ ကျွန်တော့် နှလုံးသားကို ဓားနဲ့ ထိုးဖောက်လိုက်သလိုပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်တော် ယုံကြည်တာနဲ့ ဒီ ခရစ်ယာန် ဘုန်းကြီးတွေက ကျွန်တော့်ကို ရန်သူတစ်ယောက်လို ဆက်ဆံပြီး ကျွန်တော့်သားကို ကျွန်တော်နဲ့ အဆက်အသွယ်ဖြတ်ဖို့ ဖိအားပေးခဲ့တယ်။ တော်တော် ရွံဖို့ ကောင်းပါတယ်။ ကျွန်တော်က ကျွန်တော့်သားကို “ငါ့သား မင်းက အခု လူကြီးဖြစ်နေပြီ။ မင်းကို စောင့်ရှောက်ဖို့အတွက် အဖေ့ကို မင်း မလိုအပ်တော့ပါဘူး။ အဖေက အသက်ကြီးပြီ။ ကျန်တဲ့ရက်တွေမှာ အဖေ့ ယုံကြည်မှုကို ကျင့်သုံးပြီး ဘုရားသခင်နောက်ကိုပဲ လိုက်ချင်တော့တယ်။ သား နားလည်မယ်လို့ အဖေ မျှော်လင့်ပါတယ်။” ဆိုပြီး ပြောလိုက်တယ်။ ပြီးတော့ ကျွန်တော် ဆိုင်ကနေ ပြန်လှည့်ထွက်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ ဘုရားသခင်ရှေ့ကိုလာပြီး ဆုတောင်းတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင် သင်းအုပ်ဆရာက ကျွန်တော့်ကို နှောင့်ယှက်ပြီး အကျပ်ကိုင်ဖို့အတွက် ရှိသမျှ နည်းလမ်းတိုင်းကို သုံးနေပါတယ်။ ကျွန်တော့်သားက ကျွန်တော့်ကို လုံးဝ အဆက်အသွယ်ဖြတ်ပါတော့မယ်။ ကျွန်တော် အခု အရမ်း အားနည်းနေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြပြီး ယုံကြည်ခြင်း ပေးသနားတော်မူပါ။”

အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အစ်ကိုလင်းက နောက်တစ်နေ့မှာ ကျွန်တော့် အိမ်ကို ရောက်လာတယ်။ ဖြစ်နေတဲ့ အကြောင်းအရာကို သူ့ကို ပြောပြလိုက်တယ်။ သူက ကျွန်တော့်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြတယ်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်ပါ အကြောင်းအရာနဲ့ပတ်သက်တဲ့ ဝိညာဉ်ရေးရာ တိုက်ပွဲတွေအကြောင်း သူပြောတဲ့အခါ ကျွန်တော်တို့တွေဟာ ဘုန်းကြီးတွေရဲ့ တားဆီးခြင်း၊ နှောင့်ယှက်ခြင်း၊ အကျပ်ကိုင်ခြင်း ခံရတဲ့အခါမှာ ဒါတွေကို လူက လုပ်တာလို့ ထင်ရပေမဲ့ တကယ်တော့ စာတန်က ကျွန်တော်တို့ကို နှောင့်ယှက်ဖို့ ကြိုးစားနေတာဆိုတာ ကျွန်တော် နားလည်ခဲ့ပါတယ်။ ဘုရားသခင် အလုပ်လုပ်တဲ့ ဘယ်နေရာမှာမဆို စာတန်က ဝင်နှောင့်ယှက်နေတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို စာတန်က မုန်းတယ်။ ဒါကြောင့် လူတွေ ဘုရားသခင်နောက်တော်ကို မလိုက်ဖို့၊ သူနဲ့အတူ ငရဲကို လူတွေ ကျအောင်လို့ နည်းလမ်း၊ လှည့်ကွက်မျိုးစုံကို အသုံးပြုတယ်။ သင်းအုပ်ဆရာလီနဲ့ တခြားလူတွေက ကျွန်တော့်ကို ကားပေးမယ်၊ အသင်းတော်ရဲ့ ဘဏ္ဍာ ဒါမှမဟုတ် အငြိမ်းစားအိမ်ကို စီမံစေမယ်ဆိုပြီး အကြိမ်ကြိမ် တကျည်ကျည်လုပ်ရင်းနဲ့ ကျွန်တော့်ကို လမ်းမှန်ကနေ တားဆီးဖို့ ကြိုးစားကြတယ်။ ကျွန်တော့်အတွက် ဇနီးတစ်ယောက်လည်း ရှာပေးဖို့ လုပ်ကြတယ်။ အဲဒါတွေ ဘာမှ အလုပ်မဖြစ်တော့ ကျွန်တော့်ကို ခြိမ်းခြောက်ဖို့အတွက် ကျွန်တော့်သားရဲ့ အိမ်ထောင်ကို အသုံးပြုကြတယ်။ မက်လုံးပေးလိုက် ခြောက်လိုက်နဲ့ နှစ်မျိုးလုံးကို သုံးကြတယ်။ တော်တော်ကို အန္တရာယ်ရှိပြီး အငြိုးထားကြတာပဲ။

အစ်ကိုလင်းက ဆက်ပြီး မိတ်သဟာယပြုတယ်။ “သခင်ယေရှု ပေါ်ထွန်းပြီး အလုပ်လုပ်တဲ့အချိန်မှာ ဂျူးဘာသာရေးခေါင်းဆောင်တွေက သမ္မာတရားနဲ့ ဘုရားသခင်ကို မုန်းတီးခဲ့ကြတယ်။ သခင်ယေရှုရဲ့ လမ်းခရီးက ခိုင်လုံတယ်ဆိုတာ သူတို့ ကောင်းကောင်း သတိပြုမိကြတယ်။ သူတို့က လေ့လာဖို့ ငြင်းရုံတင်မက၊ ကိုယ်တော့်ကို အရူးအမူး အာခံ၊ ရှုတ်ချပြီး စော်ကားခဲ့ကြတယ်။ လူတွေ သူ့နောက်မလိုက်အောင် သူတို့ အစွမ်းကုန် ကြိုးစားကြပြီး ကားစင်တင်ဖို့အတွက်လည်း ဝင်ပါခဲ့ကြတယ်။ လူတွေ သခင်ယေရှုနောက်ကိုလိုက်ရင် သူတို့ရဲ့ ဂုဏ်အဆင့်အတန်းနဲ့ စားဝတ်နေရေးကို ဆုံးရှုံးရမှာစိုးလို့ သူတို့ ဒီလိုလုပ်ကြတာ။ သမ္မာကျမ်းစာထဲမှာ ရေးထားသလိုပါပဲ။ ‘ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည်များစွာသော နိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့စေလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကို၎င်း၊ ငါတို့အမျိုးကို၎င်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။...ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၁၁:၄၇၊ ၄၈၊ ၅၃) ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် တရားစီရင်ခြင်းအမှုကိုပြုဖို့ နောက်ဆုံးသောကာလမှာ ကြွလာပြီဖြစ်တယ်။ ဘာသာရေးဘုန်းတော်ကြီးတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်ဆိုတာ သိပေမဲ့ မရှာဖွေ၊ မဆန်းစစ်ကြဘူး။ သူ့ကို အထိတ်တလန့်နဲ့တောင် အာခံပြီး ရှုတ်ချကြတယ်။ သူ့နောက်မလိုက်အောင် တခြားလူတွေကို တားဆီးကြတယ်။ သူတို့ရဲ့ အနှစ်သာရက သခင်ယေရှုကို ဆန့်ကျင်တဲ့ ဖာရိရှဲတွေနဲ့ ဘာထူးတော့မလဲ။ သခင်ယေရှုက ဟိုးအရင်က အဲဒီသူတော်ကောင်းယောင်ဆောင်သူတွေကို ရှုတ်ချပြီး ကျိန်ဆဲခဲ့တယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကလည်း ဘုရားသခင်အပေါ် ဘာသာရေးခေါင်းဆောင်တွေ ဆန့်ကျင်ခြင်းရဲ့ အနှစ်သာရနဲ့ အဓိက အကြောင်းအရင်းကို ထုတ်ဖော်ပြထားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- ‘ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို အာခံတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ နတ်ဆိုး သဘာဝကို ပိုပြီး နားလည်သွားတယ်။ သူတို့တွေက ဘုရားသခင်ရဲ့ သိုးတွေအပေါ် အာဏာကို ထာဝရ ထိန်းသိမ်းထားချင်တာကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြင်းပြင်းထန်ထန် အာခံပြီး ရှုတ်ချကြတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံတဲ့ ညီအစ်ကိုမောင်နှမတွေကို နှိပ်စက်တယ်။ သူတို့တွေက ဘုရားသခင်ရဲ့ သိုးတွေကို သူတို့ရဲ့ သိုးတွေဖြစ်စေချင်ကြတယ်။ သေချာ ထိန်းချုပ်ထားချင်ကြတယ်။ သူတို့မလုပ်နိုင်တဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ရာက်ခြင်းကို ယုံကြည်သူတွေ မလုပ်အောင် တားဆီးကြတယ်။ သူတို့က ငရဲကိုသွားနေပြီး တခြားလူတွေကို သူတို့နဲ့အတူ ဆွဲခေါ်နေကြတယ်။ သူတို့တွေက တကယ်ကို နတ်ဆိုးတစ်စုပါပဲ။ အဲဒီ ဘုန်းကြီးတွေက တားဆီးဖို့ လုပ်ကြတာတွေကို ကျွန်တော်ကိုယ်တိုင် မကြုံခဲ့ရရင်၊ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းပြီး အလုပ်လုပ်ရင်းနဲ့ အသင်းတော်တွေထဲမှာ ပုန်းကွယ်နေတဲ့ ဒီဆိုးယုတ်တဲ့ အစေခံတွေနဲ့ အန္တိခရစ်တွေကို ဖော်ထုတ်နေတဲ့ လူ့ဇာတိခံ ဘုရားသခင်ကြောင့်သာမဟုတ်ရင်၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ သူတို့ရဲ့ နတ်ဆိုး အနှစ်သာရကို ကျွန်တော် လုံးဝ မြင်ဖူးမှာမဟုတ်ဘူး။ ဘာမှ သိလိုက်မှာမဟုတ်ဘဲ သူတို့ရဲ့ လှည့်စားတာနဲ့ ဖျက်ဆီးတာကို ကျွန်တော် ခံလိုက်ရမှာပါ။ သူတို့ရဲ့ သူတော်ကောင်းအယောင်ဆောင်၊ အကျည်းတန်တဲ့ မျက်နှာတွေကို ကျွန်တော် မြင်ခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကိုလိုက်ဖို့ ကျွန်တော့်ရဲ့ ယုံကြည်မှုက ပိုကြီးလာပါတယ်။

ကျွန်တော့်ရဲ့ အရင်အသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော် ဆက်ပြီး ဧဝံဂေလိ ဖြန့်ဝေပါတယ်။ တစ်မနက်မှာ ကျွန်တော်တို့ ဝတ်ပြုအစည်းအဝေးလုပ်နေတုန်း သင်းအုပ်ဆရာလီနဲ့ သူ့အဖွဲ့က ကျွန်တော့်အိမ်ကို ထပ်ရောက်လာပြီး ပြောတယ်။ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို စွန့်လွှတ်ဖို့ ကျုပ်တို့ ခင်ဗျားကို ခဏခဏပြောခဲ့တယ်။ ခင်ဗျားက နားမထောင်ရုံတင်မကဘူး။ ကျုပ်ရဲ့ သိုးတွေကို ခိုးယူပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်းကို သူတို့ကို ဟောနေတယ်။ ခင်ဗျားက တကယ်ကို ကျုပ်နဲ့ ဆန့်ကျင်ချင်နေတာလား။” တဲ့။ ကျွန်တော်က “ဆရာလီ အဲဒီလိုပြောတာ မမှန်ဘူးလေ။ အသင်းတော်က ဘုရားရဲ့ အသင်းတော်၊ သိုးစုကလည်း သူ့ရဲ့သိုးစုပဲလေ။ ခင်ဗျားက သင်းအုပ်ဆရာ သက်သက်ပဲ။ သိုးတွေက ခင်ဗျားရဲ့သိုးလို့ ဘယ်လိုလုပ်ပြောနိုင်တာလဲ။ ဆိုပြီး ပြောလိုက်တယ်။ ကျွန်တော်က ညီအစ်ကိုမောင်နှမတွေ ဘုရားသခင်ရဲ့ အသံတော်ကို ကြားပြီး သူ့ပလ္လင်တော်ရှေ့ကို ပြန်လာဖို့အတွက် သူတို့နဲ့ ဧဝံဂေလိ မျှဝေနေတာပါ။ ဒါက မှန်ကန်ပြီး သင့်လျော်ပါတယ်။ ခင်ဗျားက ဘာကြောင့် တားဆီးချင်ရတာလဲ။ လူတိုင်းက အားလျော့ပြီး အပျက်သဘောဆောင်နေကြတာ။ သူတို့က ဝိညာဉ်ရေးရာမှာ ခြောက်ကပ်ပြီး မှောင်မိုက်နေကြတာပါ။ အသက် အာဟာရ တစ်ခုမှ သူတို့ မရကြဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်က နှုတ်ကပတ်တော်တွေကို မိန့်မြွက်ခဲ့ပြီး ထာဝရအသက်ကို ကျွန်တော်တို့ကို ပေးပါတယ်။ လူတွေကို ဘာလို့ ဒီနှုတ်ကပတ်တော်တွေကို မဖတ်စေချင်တာလဲ။ စစ်မှန်တဲ့လမ်းကို စုံစမ်းဖို့ လူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ဘာကြောင့် ဖယ်ရှားပစ်ချင်တာလဲ။ သူတို့ကို ဒါတွေမလုပ်ဖို့ တားဆီးတာဟာ သူတို့ကို ငတ်မွတ်ပြီး သေစေတာ၊ ဘာသာတရားမှာတင် သောင်တင်နေစေတာ မဟုတ်ဘူးလား။ ဒါက အစေခံကောင်းတစ်ယောက် ဖြစ်တာလား၊ ဆိုးယုတ်တဲ့ အစေခံဖြစ်တာလား။” သင်းအုပ်ဆရာလီရဲ့ မျက်နှာက ချက်ချင်းပြောင်းသွားပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်တယ်။ “ခင်ဗျားက ကူညီလို့ မရတော့တဲ့ အခြေအနေ ရောက်နေပြီပဲ။ ခင်ဗျားက ယုံကြည်ခြင်းမှာ ကျွန်တော်တို့နောက်မလိုက်ဘူးဆိုရင် စောင့်သာကြည့်ပါ။ ငရဲမှာ ခင်ဗျား အပြစ်ဒဏ်ခံရလိမ့်မယ်။” ကျွန်တော်က “ကျွန်တော် ငရဲကို သွားမသွားဆိုတဲ့ အပေါ် ခင်ဗျား ပြောခွင့်မရှိပါဘူး။ သခင့် အသံတော်ကို ဘယ်လို သတိပြုမိရမယ်၊ သူ့ကို ဘယ်လို ကြိုဆိုရမယ်ဆိုတာတောင် ခင်ဗျား မသိဘူး။ တခြားလူတွေကို သူ့နိုင်ငံတော်ဆီကို ခင်ဗျား ဘယ်လို ဦးဆောင်နိုင်မှာလဲ။ ဆိုပြီး ပြောလိုက်တယ်။ နောက်ဆုံးသောကာလ ခရစ်တော်ကသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ဖို့ ကျွန်တော်တို့ရဲ့ တံခါးပေါက်ပါ။ သူကနေ တစ်ဆင့် ထာဝရအသက်လမ်းကို ကျွန်တော်တွေ့ခဲ့တယ်။ ကျွန်တော့် အသက်အတွက် တာဝန်ခံမှုက ဘုရားသခင်ဆီမှာရှိတယ်။ ခင်ဗျားဆီမှာမဟုတ်ပါဘူး။” လို့ ပြောလိုက်တယ်။ ကျွန်တော် အဲဒါပြောပြီးတဲ့နောက်မှာ သူတို့ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားတယ်။ ကျွန်တော့်ကို ဘယ်သူမှ နောက်ထပ် လာ မနှောင့်ယှက်တော့ဘူး။

ဒီ ဝိညာဉ်ရေးရာတိုက်ပွဲကို ဖြတ်သန်းပြီးတဲ့နောက်မှာ စာတန်ရဲ့ လှည့်ကွက်တွေအပေါ် ကျွန်တော် နည်းနည်း ပိုင်းခြားသိမြင်လာခဲ့တယ်။ ဘာသာတရားမှာရှိတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေဟာ သူတော်ကောင်း အယောင်ဆောင် ဖာရိရှဲတွေပဲဆိုတာ၊ ခရစ်တော်ကို ငြင်းဆိုပြီး အာခံတဲ့ အန္တိခရစ်တွေဆိုတာ ကျွန်တော် သိလိုက်ရတယ်။ သူတို့ရဲ့ ချုပ်ချယ်မှုကနေ ကျွန်တော် လုံးဝ လွတ်မြောက်သွားခဲ့တယ်။ စာတန်ကို အောင်နိုင်ပြီး စစ်မှန်တဲ့ လမ်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ဦးဆောင်ပေးခဲ့တယ်။ ကျွန်တော် ဘုရားသခင်ကို တကယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အရာအားလုံးကို ပြန်စဉ်းစားကြည့်တော့ ဒါတွေအားလုံးက စမ်းသပ်မှုကြီးတစ်ခုပါပဲ။ ကျွန်တော်က သေခြင်းနဲ့ ရှင်ခြင်း အစွန်းနှစ်ဖက်မှာ လျှောက်နေခဲ့ရတာပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် လမ်းပြမှု မပါဘဲနဲ့ စာတန်ရဲ့ ပရိယာယ်ကို ကျွန်တော် လုံးဝ ရိပ်မိမှာမဟုတ်ဘူး။ ကျွန်တော်က ဇာတိပကတိနောက်ကိုလိုက်ပြီး စာတန်ကို ဦးညွတ်ရင်၊ မှန်ကန်တဲ့လမ်းကြောင်းကို မလျှောက်ရင် ဘုရားသခင်အပေါ် တော်တော်ကို သစ္စာဖောက်လိုက်သလိုဖြစ်မှာပဲ။ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ကျွန်တော် ပုန်ကန်ပြစ်မှားပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေး လုံးဝ ဆုံးရှုံးရမှာပါ။ ကျွန်တော်က တကယ်ကို ကြိုးတန်းပေါ် လမ်းလျှောက်နေခဲ့ရတာပါ။ ဘုရားသခင်ရဲ့ ကွယ်ကာမှုနဲ့ ကယ်တင်ခြင်းအတွက် ကျွန်တော် တကယ်ကို ကျေးဇူးတင်မိပါတယ်။

အမှာစကား ချန်ခဲ့မည်