စာရင်း

ဘုရားသခင်၌ ယုံကြည်မှုလမ်းကြောင်းတွင် အသက် ၆၅နှစ်အရွယ် ခရစ်ယာန်တစ်ယောက်သည် သူမမိသားစု၏ ဟန့်တားပိတ်ပင်မှုများကို မည်သို့ကျော်ဖြတ်ခဲ့သနည်း (၁)

တောင်ကိုးရီးယားမှ ဖန်ဇီယာ ရေးသားသည်

သခင်နှင့် ပြန်လည်မိတ်သဟာယပြုရခြင်းကြောင့် အလွန်ပျော်ရွှင်ရခြင်း

ဇူလိုင်လ ၂၀၁၆ ခုနှစ်၌ ဆိုးလ်မြို့တွင် အလွန်အိုက်စပ်ခဲ့ပါသည်။ တစ်ညနေတွင် ကျွန်မခင်ပွန်းနှင့် ကျွန်မတို့သည် ပန်းခြံတစ်ခုတွင် အနည်းငယ် လမ်းလျှောက်နေခဲ့ချိန်တွင် အသင်းတော် ညီအစ်မ နှစ်ဦးဖြင့် ဆုံစည်းခဲ့ရပါသည်။ အံ့သြစရာဖြစ်သော်လည်း အလွန်ကောင်းမွန်သည့် သတင်းကောင်းဖြစ်သည့် သခင်ယေရှု ပြန်ကြွလာပြီ ဖြစ်ကြောင်း ၎င်းတို့က ကျွန်မကို ပြောပြခဲ့ကြသည်။

နောက်ပိုင်းတွင် ထိုညီအစ်မနှစ်ယောက်သည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြခဲ့သည့် နှုတ်ကပတ်တော် များ အကြောင်းကို ကျွန်မအား မိတ်သဟာယပြု၍ ပြောပြရန် ကျွန်မအိမ်သို့ မကြာခဏ လာရောက်ခဲ့ကြသည်။ ဖြည်းဖြည်းချင်းဖြင့် သခင့်အား ကျွန်မယုံကြည်ခဲ့သည့်အချိန်က စိတ်ရှုပ်ထွေးစေခဲ့သည့် မေးခွန်းများသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့် ဖြေရှင်းပြီးသားဖြစ်ခဲ့ပါသည်။ ထို့အပြင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ဧဝံဂေလိတရား ရုပ်ရှင်များကို ကြည့်ခြင်းဖြင့် နောက်ဆုံးကာလ၌ ဘုရားသခင်၏ စီရင်ချက်အမှုတော်နှင့် ပတ်သက်ပြီး နားလည်သဘောပေါက်မှု အချို့ကိုပါ ရရှိခဲ့ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်းကိုလည်း ကျွန်မ၏ နှလုံးသားမှ အတည်ပြုခဲ့ပါသည်။ ထို့နောက် မကြာမီတွင် ကျွန်မအတွက် ညီအစ်ကိုမောင်နှမများသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ဖုန်းသုံးဆော့ဖ်ဝဲလ်တစ်ခု ကူညီကူးယူပေးခဲ့ပြီးနောက်၊ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဓမ္မသီချင်းများကို ရွတ်ဆိုနိုင်ရန် နားထောင်ဖို့အတွက် ကျွန်မဖုန်းကို နေရာတိုင်းသို့ မိမိနှင့်အတူ ယူဆောင်သွားခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အထောက်အပံ့ကို နှစ်ခြိုက်ရင်းဖြင့် ကျွန်မသည် နှိုင်းယှဉ်မရနိုင်အောင်ပင် ပျော်ရွှင်ခဲ့ပါသည်။ ထိုအရာကို မြင်တွေ့ရသည့် ကျွန်မမိသားစုသည်လည်း ကျွန်မအတွက် ပျော်ရွှင်ခဲ့ကြပါသည်။

ကျွန်မ၏ ချွေးမနှင့် ယောက်မတို့သည် ကျွန်မစိတ်ကို ပြောင်းရန် ကြိုးစားကြသည်

အစတွင် ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၌ စတင်ယုံကြည်ပြီးနောက် ကျွန်မ၏ စိတ်အခြေအနေ အတော်အသင့်ကောင်းမွန်ခဲ့သည်ကို မြင်တွေ့ခြင်းဖြင့် ကျွန်မမိသားစုအားလုံးသည် ကျွန်မ၏ ယုံကြည်မှုကို ပံ့ပိုးပေးခဲ့ကြသည်။ သို့သော်လည်း တစ်ခါက ကျွန်မအိမ်တွင်ညီအစ်မအချို့နှင့် ကျွန်မသည် အစည်းအဝေးတစ်ခု ကို ပြုလုပ်ပြီး၊ ညီအစ်မတစ်ဦးက ဖုန်းဖြေဆိုချိန်တွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် အကြောင်း ပြောခဲ့သည်။ ကျွန်မချွေးမ သည် ထိုစကားကို ကြားခဲ့ပြီးလျှင်၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် အကြောင်း သတင်းအချက်အလက်များကို အင်တာနက်တွင် စတင်ရှာဖွေခဲ့သည်။ ထိုညီအစ်မများ ပြန်သွားပြီးနောက်၊ သူမသည် သူမ၏ စိတ်နေသဘောထားကို လုံးဝ ပြောင်းလဲလိုက်ပြီး၊ ကျွန်မကို ဒေါသသံဖြင့် “အမေ၊ အခုချိန်ကစပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် ကို မသွားနဲ့တော့။ အင်တာနက် ပေါ်မှာ ပြောထားတာကတော့ တရုတ်ကွန်မြူနစ်အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် ကို အတိုက်အခံလုပ်တယ်ဆိုပဲ။ တရုတ်ပြည် ကုန်းတွင်းပိုင်းမှာ တစ်ယောက်ယောက်က အနန္တတန်ခိုးရှင်ဘုရားသခင် ကို ယုံကြည်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို သိရတာနဲ့၊ အဲဒီလူတွေက အဖမ်းခံရပြီးတော့၊ ထောင်ထဲအသွင်းခံရတာပဲ…” ဟု ပြောခဲ့သည်။ ဤအကြောင်းကြားရသည်မှာ ကျွန်မသည် မိမိနားကိုပင် အနည်းငယ်မျှ မယုံကြည်နိုင်ပါ။ အနန္တတန်ခိုးရှင်ဘုရားသည် သမ္မာတရားများစွာကို ထုတ်ဖော်ပြခဲ့ပြီးလျှင်၊ ကျွန်မတို့ လူသားမျိုးနွယ်တစ်ရပ်လုံးကို သန့်စင်ခြင်းနှင့် ကယ်တင်ခြင်း လမ်းကြောင်းအား ပြသခဲ့ပြီးဖြစ် သောကြောင့် သူသည် အတိုက်အခံဖြင့် မည်သို့တွေ့ကြုံရသနည်း။ ထို့နောက် ကျွန်မသည် ထိုအကြောင်းကို အနည်းငယ်ပိုမိုတွေးတောသည်မှာ တရုတ်ပြည်သည် ဘုရားမဲ့သည့်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အပြင်၊ ဘုရားသခင်ကို အာခံသည့်နိုင်ငံလည်း ဖြစ်ပြီးလျှင်၊ အစိုးရသည် ဘာသာရေးအားလုံးကို တောက်လျှောက် ဖိနှိပ်နေခဲ့ပါသည်။ ထို့ကြောင့် ကျွန်မအနေဖြင့် တရုတ်ကွန်မြူနစ်အစိုးရ၏ ဝါဒဖြန့်ခြင်း ကို မယုံကြည်သင့်ပါ။ ၎င်း၏အကျိုးဆက်အဖြစ်နှင့် ကျွန်မက ကျွန်မ၏ ချွေးမကို “ဘုရားသခင်ကို ငါ့ရဲ့ ယုံကြည်မှုက ငါ့ကိစ္စဖြစ်တယ်။ နင့်ကိစ္စမဟုတ်ဘူး။” ဟု ပြောခဲ့ပါသည်။ ကျွန်မစိတ်နေသဘောထားသည် မည်မျှ ခိုင်မာသည်ကို တွေ့မြင်ပြီးနောက်တွင် သူမက ကျွန်မယောက်မကို အနန္တတန်ခိုးရှင်ဘုရားသခင်၌ ကျွန်မ ယုံကြည်မှုအကြောင်းကို ပြောပြခဲ့ပါသည်။

ဒုတိယမြောက်နေ့တွင် ကျွန်မယောက်မဖြစ်သူသည် ကျွန်မတို့ အိမ်သို့ရောက်လာကာ ကျွန်မချွေးမနှင့်အတူ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် သို့မသွားရောက်ရန် ဖျောင်းဖျတားမြစ်လေသည်။ ကျွန်မယောက်မက “နင်က အသင်းတော်တွေ အားလုံးထဲမှာမှ တရုတ်ကွန်မြူနစ်အစိုးရ အတိုက်အခံလုပ်တဲ့ အသင်းတော်ကို ဘာဖြစ်လို့ရွေးချယ်ခဲ့ရတာလဲ။ အကယ်၍များ နင်တရုတ်ပြည် ကုန်းတွင်းပိုင်းကို ပြန်သွားပြီး နောက်တစ်ရက်မှာ ရဲတွေက နင့်ကို ထောင်ချခဲ့ရင် ဘယ်လိုလုပ်မလဲ။ တရုတ်အစိုးရက အကျိုးအကြောင်း နားမထောင်ဘူးဆိုတာကို ငါတို့အားလုံး သိတာပဲ။ နင် အဲဒီအသင်းတော်ကိုသွားတာ မရပ်နိုင်ဘူးလား။” ဟု ကျွန်မကို ပြောခဲ့ပါသည်။ ကျွန်မက “ရှေးခေတ်အချိန်တွေကတည်းက စစ်မှန်တဲ့ လမ်းခရီးက ညှင်းပန်းနှိပ်စက်မှုလက်အောက်မှာ ရှိခဲ့ရတယ်။ မွေးဖွားလာကတည်းက သခင်ယေရှုက ဟေရုဒ်မင်းကြီးရဲ့ လိုက်လံဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ အခုရက်ပိုင်းတွေမှာ ဘုရားသခင်က သူ၏ အမှုတော်ကို ဆက်လက်ဆောင်ရွက်ရန် တရုတ်ပြည်၌ ပေါ်ပေါက်လာဖို့ရာ လူ့ဇာတိကို ထပ်ခံယူခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်အစိုးရကလည်း အသေအချာကို သူ့ကို အတိုက်အခံလုပ်ပြီး ညှင်းပန်းနှိပ်စက်မှာပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာပြီးဖြစ်တဲ့ သခင်ယေရှု ဖြစ်ပြီးတော့၊ ဒါက စစ်မှန်တဲ့ လမ်းခရီးဖြစ်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်မှာ ငါ့ရဲ့ယုံကြည်ချက်ကို နင့်ရဲ့ကန့်ကွက်ချက်က အကျိုးမရှိ ဖြစ်ရမှာပဲ။” ဟု တွေးခဲ့ပါသည်။ ဤအတွေး၌ ကျွန်မက ၎င်းတို့အား “ဘုရားသခင်ကို ငါ့ရဲ့ ယုံကြည်မှုက တရုတ်ကွန်မြူနစ်အစိုးရ သဘောတူခြင်းရှိမရှိ ဆိုတဲ့ ပေါ်မှာ အခြေခံထားတာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီလမ်းခရီးမှာ သမ္မာတရားရှိမရှိ ဆိုတာပေါ်မှာ အခြေခံထားတာ ဖြစ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် ထုတ်ဖော်ခဲ့တဲ့ နှုတ်ကပတ်တွေအားလုံးက သမ္မာတရားချည်းပဲဆိုတာကို ငါတွေ့ခဲ့ပြီးပြီ။ ပြီးတော့ ပြန်ကြွလာပြီးဖြစ်တဲ့ သခင်ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်တယ်ဆိုတာကို ငါ့အနေနဲ့ ယုံကြည်လက်ခံပြီးပြီ။ ငါသေခဲ့ရင်တောင်၊ ငါက သူ့ကို ယုံကြည်နေမှာပဲ။ ဘယ်သူမှ ငါ့ကို ဟန့်တားပိတ်ပင်လို့မရနိုင်ဘူး။” ဟု ပြောခဲ့ပါသည်။ ၎င်းကို ကြားကာ ၎င်းတို့အနေဖြင့် ကျွန်မသည် ကျွန်မယုံကြည်မှုမှ ယိမ်းယိုင်သွားမည် မဟုတ်သည်ကို တွေ့မြင်ခဲ့သောကြောင့် ၎င်းတို့သည် မည်သည့်အရာကိုမျှ ပြောဆိုခြင်း မရှိတော့ပါ။ ထို့နောက်ပိုင်းတွင် ကျွန်မမိသားစုသည် ကျွန်မအနေဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်၌ ယုံကြည်ခြင်းကို ပိတ်ပင်တော့မည် မဟုတ်ဟု တွေးမိခဲ့ပါသည်။ သို့သော်လည်း ဤသည်မှာ ကျွန်မကို ကျွန်မမိသားစုက ညှင်းပန်းနှိပ်စက်ခြင်း၏ နိဒါန်းပျိုးခြင်းမျှသာ ဖြစ်ကြောင်းကိုမူ ကျွန်မတစ်ခါမျှ မတွေးခဲ့မိပါ။

ကျွန်မသမီးဖြစ်သူက ကျွန်မစိတ်ကို ပြောင်းလဲရန် ကြိုးစားသည်

ထို့နောက်များမကြာမီ၌ တရုတ်ပြည်ကုန်းတွင်းပိုင်းတွင် နေထိုင်သူ ကျွန်မ၏ ဒုတိယသမီးသည် ယခုအခါကျွန်မအနေဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်၌ ယုံကြည်ကြောင်းကို သိရှိခဲ့သည်။ ထို့နောက် သူမသည် ကျွန်မကို ချက်ခြင်းပင် ကျွန်မကို ဖုန်းခေါ်ဆိုကာ “အမေ၊ ကျွန်မရုပ်မြင်သံကြားမှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် နဲ့ ပတ်သက်ပြီး အဖျက်သဘောဆောင်တဲ့ သတင်းအချက်အလက်တွေကို တွေ့ရတယ်၊ ပြီးတော့ ခရစ်ယာန်တွေက အဖမ်းခံရပြီး ထောင်ထဲထည့်ခံရတဲ့ ဖြစ်ရပ်တွေလည်း တွေ့ရတယ်။ လူတိုင်းသိကြတဲ့အတိုင်းပဲ တရုတ်အစိုးရက ဘုရားသခင်ကို ယုံကြည်သူတွေကို နှိမ်နှင်းနေတာ။ အမေ၊ အမေ့အရွယ်နဲ့၊ အမေသာ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။ ဘုရားသခင်ကို အမေ့ယုံကြည်မှုကြောင့် ကျွန်မမှာတစ်နေ့လုံး အမေ့အတွက် စိုးရိမ်ကြောင့်ကျနေရတယ်။ အမေ ကျေးဇူးပြုပြီး ကျွန်မကို နားထောင်ပါ။ ဘုရားသခင်ကို ဆက်ပြီး ယုံကြည် မနေပါနဲ့တော့။” ဟု ပြောခဲ့သည်။ ၎င်းကို ကျွန်မကြားရင်းဖြင့် ကျွန်မသည် ပြင်းပြင်းထန်ထန် နာကျင် ခံစားခဲ့ရသည်။ ဒုတိယသမီးသည် ကျွန်မ၏ သားသမီး သုံးယောက်ထဲတွင် ကျွန်မ အချစ်ဆုံးသမီးဖြစ်ခဲ့ပြီးလျှင်၊ သူမသည် ကျွန်မကို အမြဲတမ်း နားလည်ကာ အရာအားလုံးတွင် ပံ့ပိုးပေးခဲ့ပါသည်။ သို့သော်လည်း သူမသည် တရုတ်ကွန်မြူနစ် အစိုးရထံမှ အဖျက်သဘောဆောင်သည့် ဝါဒဖြန့်ခြင်းကို တွေ့မြင်ပြီးနောက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းမှ ကျွန်မကို ဟန့်တားပိတ်ပင်မည်ဟု ကျွန်မ မည်သည့်အခါကမျှ မမျှော်လင့်ခဲ့ပါ။ ထို့နောက် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုသည် ကျွန်မ၏ သားသမီးများကို စိတ်ပူစေသောကြောင့် ကျွန်မသည် အနည်းငယ် အားနည်းလာခဲ့ပါသည်။ ဤအတွက်ကြောင့် ကျွန်မဖမ်းဆီးခံရပြီး၊ ကျွန်မမိသားစုလည်း ငြိစွန်းလာပါက မည်သို့ပြုကြမည်နည်း။ ဤအတွေးဖြင့်ပင်၊ ကျွန်မသည် အလွန်ပင် သက်တောင့်သက်သာမရှိဟု ခံစားခဲ့ရပြီးလျှင်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ၌ ယုံကြည်ခြင်းကို စွန့်လွှတ်ရန်အကြောင်း တွေးတောခဲ့ပါသည်။ သို့သော်လည်း ဘုရားသခင်ကို စွန့်ခွာခြင်းအတွေး သည် ကျွန်မကို နာကျင်စေပါသည်။ ၎င်း၏အကျိုးဆက်အဖြစ် ကျွန်မသည် ဘုရားသခင်ရှေ့မှောက်သို့ လာခဲ့ကာ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ဟာ စစ်မှန်တဲ့ ဘုရားသခင် ဖြစ်တာကို ကျွန်မယုံကြည်ပါတယ်။ ဒါပေမယ့်လည်း အခု ကိုယ်တော့်အား ကျွန်မရဲ့ ယုံကြည်မှုကို ကျွန်မမိသားစုဝင် အားလုံးက အတိုက်အခံလုပ်နေကြပြီးတော့၊ ကျွန်မ နဲနဲအားနည်းလာတဲ့အပြင်၊ အဆိုးမြင်လာပါတယ်။ ဘုရားသခင် ကျွန်မနှလုံးသားက အရမ်းကို ဆင်းရဲဒုက္ခကို ခံစားနေရပါတယ်။ အခုအခြေအနေမှာ သက်သေရပ်တည်နိုင်အောင် ဘုရားသခင် ကျွန်မကို ယုံကြည်မှု နဲ့ ခွန်အားတို့ကို ပေးသနားတော်မူပါ။” ဟု ဆုတောင်းခဲ့ပါသည်။ ထို့နောက် ကျွန်မသည် ဘုရားသခင်ကို မကြာခဏ ဆုတောင်းခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကိုလည်း မကြာခဏ ဖတ်ရှုခဲ့ပါသည်။ “သင်တို့အကြားတွင် ဥပဒေ၏ အကာအကွယ်ပေးခြင်းခံရသည့် လူတစ်ဦးမျှမရှိပေ- ယင်းအစား၊ သင်တို့သည် ဥပဒေ၏ အပြစ်ပေးခြင်းကို ခံကြရ၏။ သာ၍ ခက်ခဲသည်မှာ လူတို့သည် သင်တို့ကို နားမလည်ကြပေ- သင်တို့၏ ဆွေမျိုးများ၊ သင်တို့၏ မိဘများ၊ သင်တို့၏ မိတ်ဆွေများ သို့မဟုတ် သင်တို့၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေ၊ ၎င်းတို့ထဲမှ မည်သူမျှ သင်တို့ကို နားမလည်ကြပေ။...ယနေ့ သင်တို့ အမွေခံပြီးဖြစ်သည့်အရာသည် ခေတ်ကာလများတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များ အမွေခံခဲ့ရသည့်အရာများထက် သာလွန်သကဲ့သို့၊ မောရှေနှင့် ပေတရုတို့ အမွေခံခဲ့ရသည့်အရာများထက်ပင် သာ၍ကြီးမားပေသည်။ ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို ကြီးမားသော စွန့်လွှတ်ခြင်းမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ခိုင်မြဲပြီး မလျှော့သော ချစ်ခြင်းမေတ္တာ ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်။

ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ ကျွန်မသည် ဘုရားသခင်ကို ယုံကြည်သမျှကာလပတ်လုံး ကျွန်မသည် စာတန်နတ်ဆိုး တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်မှု၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရရုံသာမက၊ တရုတ်ကွန်မြူနစ်ပါတီ၏ လှည့်စားခြင်းခံရသည့် ရလဒ်အနေဖြင့် မယုံကြည်သည့် ကျွန်မဆွေမျိုးများ အားလုံးကလည်း ကျွန်မကို ညှင်းပန်းနှိပ်စက်ကြမည် ဖြစ်ပါသည်။ ဤပတ်ဝန်းကျင်တွင် ဘုရားသခင် လိုလားတော်မူသည့်အရာမှာ ကျွန်မ၏ ယုံကြည်မှုဖြစ်ပါသည်။ ထို့ကြောင့် “ငါ့အနေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့ အမှုတော်က စစ်မှန်တဲ့ လမ်းခရီးဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့အလျောက်၊ ငါ ဖြောင့်မတ်ခြင်းအတွက် ရပ်တည်မယ်။ ငါ့သမီးက ငါ့ကို ဘယ်လိုပဲဟန့်တားပါစေ၊ ငါ့မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို နောက်လိုက်ဖို့ ယုံကြည်မှုရှိရမယ်။” ဟု မိမိကိုယ်ကို ပြောခဲ့ပါသည်။ ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်ကို နောက်လိုက်ရန် ဆုံးဖြတ်ချက်ချခဲ့ချိန်တွင်၊ ကျွန်မအံ့သြရသည်မှာ၊ ရက်နှစ်ဆယ်အကြာတွင် ကျွန်မဒုတိယသမီးသည် ကျွန်မကို ဖုန်းခေါ်ဆိုကာ “အမေ၊ အမေယုံကြည်ချင်တဲ့အရာ ကို ယုံကြည်ပါ။ ကျွန်မ အမေ့ကိုလည်း မဟန့်တားတော့ပါဘူး။ အမေ့ဘဝတစ်လျှောက်လုံးလည်း အမေ ဆင်းရဲဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်။ အမေ့ရဲ့ နောက်ပိုင်းနှစ်တွေမှာ အမေပျော်နေသရွေ့ အားလုံး အဆင်ပြေပါတယ်။” ဟု ဆိုခဲ့ပါသည်။ သူမပြောသည့် စကားကို ကြားပြီးနောက်ပိုင်းတွင် ကျွန်မသည် အလွန်ပင်ပျော်ရွှင်သည်ဟု ခံစားခဲ့ရပါသည်။ ၎င်းသည် ဘုရားသခင်က ကျွန်မ၏ အားနည်းချက်အတွက် ကရုဏာတော်ကို ပြသနေခဲ့ခြင်းဖြစ်ပြီးလျှင်၊ ကျွန်မအတွက် လမ်းခရီးကို ဖွင့်ပေးနေခဲ့ခြင်း ဖြစ်ကြောင်းကို ကျွန်မသိခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်အတွက် အပြည့်အဝ ကျေးဇူးတင်ရှိခဲ့ပါသည်။

ကျွန်မခင်ပွန်းထံမှ ဟန့်တားပိတ်ပင်ခြင်း

ကျွန်မသမီးနှင့် အခက်အခဲအပြီးတွင် ကျွန်မအနေနှင့် ဟန့်တားပိတ်ပင်မှုကင်းစွာဖြင့် ဘုရားသခင်၌ ယုံကြည်သောလမ်းကို လျှောက်နိုင်ပြီဖြစ်သည်ဟု တွေးခဲ့ပါသည်။ မမျှော်လင့်စွာပင် တစ်လကြာပြီးနောက် စာတန်သည် ကျွန်မကို ထပ်မံနှောင့်ယှက်ခဲ့သည်။ တစ်နေ့တွင် ညီအစ်ကိုမောင်နှမအချို့နှင့် ကျွန်မ တို့သည် ကျွန်မ၏ မတ်ဖြစ်သူကို ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ဧဝံဂေလိသတင်းကောင်း ဝေငှခဲ့ကြပါသည်။ ကျွန်မတို့ တရားဟောခဲ့သည်ကို နားထောင်အပြီးတွင် သူက သူ့ခေါင်းကိုခါကာ “မရီးရယ် အခုတရုတ်အစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေကို သွေးရူးသွေးတန်းနဲ့ လိုက်လံဖမ်းဆီးနေတာ။ ကျွန်တော်တော့ မရီးနဲ့အတူ အနန္တတန်ခိုးရှင်ဘုရားသခင်ကို မယုံကြည်ပါဘူး။” ဟု ပြောခဲ့သည်။ ထိုသို့ပြောအပြီးတွင် သူက ကျွန်မခင်ပွန်းကို “အစ်ကို၊ အစ်ကို့ဇနီးက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ဖို့ ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်တာလဲ။ သူက သူ့အတွက် မတွေးချင်ရင်တောင်မှ၊ သူ့အနေနဲ့ တစ်မိသားစုလုံးအတွက်တော့ နဲနဲပါးပါး တွေးပေးသင့်ပါတယ်။...” ဟု ပြောခဲ့သည်။ ကျွန်မခင်ပွန်းက “စိတ်မပူပါနဲ့။ သူအဲဒါကိုစွန့်လွှတ်ဖို့ ငါသူ့ကို ဖျောင်းဖျပါ့မယ်။...” ဟု ပြန်ဖြေလေသည်။ ထို့နောက် ကျွန်မခင်ပွန်းသည် ကျွန်မ၏ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းအား စတင် ဟန့်တားလာခဲ့ပါသည်။ ကျွန်မအိမ်တွင် မရှိသည့်အချိန်တိုင်း သူသည် ကျွန်မကို အဆက်မပြတ် ဖုန်းခေါ်ဆိုခဲ့သည်၊ ကျွန်မရောက်နေသည့်နေရာကို မေးမြန်းခဲ့သည်။ တစ်ခါတစ်ရံတွင် ကျွန်မသည် အစည်းအဝေးများတွင် ရှိနေချိန်တွင် သူ့ဖုန်းခေါ်ဆိုမှုများ၏ နှောင့်ယှက်မှုကို ခံနေရသောကြောင့် ကျွန်မနှလုံးသားမှာ အနည်းငယ်မှပင် ဆိတ်ငြိမ်မှု မရှိခဲ့ပ။ ပြီးနောက် နေအိမ်သို့ ပြန်ရောက်ပြီးချိန်တွင်လည်း သူနှင့် ကျွန်မ စကားများနိုးဖြင့် အမြဲတမ်း စိုးရိမ်ပူပန်ခဲ့ရပါသည်။ ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုအား ကျွန်မခင်ပွန်းဖြစ်သူ၏ ကန့်ကွက်ချက်သည် ကျွန်မကို စိတ်ဆင်းရဲစေခဲ့ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မ စတင်ယုံကြည်စဉ်ကတည်းက ကျွန်မမိသားစုဝင်များသည် ကျွန်မကို တစ်ယောက်ပြီးတစ်ယောက် မည်သို့အတိုက်အခံ လုပ်ခဲ့သည်ကို တွေးတောရင်းဖြင့်၊ ကျွန်မသည် ဘုရားသခင် ကို ယုံကြည်ရန်မှာ အလွန်ခက်ခဲလှသည်ဟု ရုတ်ချည်း ခံစားခဲ့ရကာ၊ အနည်းငယ် မလှုပ်မယှက်ဖြစ်၍ အားမနည်းပဲလည်း မနေနိုင်တော့ပါ။ ကျွန်မက “ငါလည်း အိမ်မှာ တစ်ယောက်တည်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တာပဲ ကောင်းပါတော့တယ်။ အကယ်၍ အဲဒီလိုသာ လုပ်မယ်ဆိုရင်၊ ငါ့မိသားစုလည်း ငါ့ကို ညှင်းပန်းနှိပ်စက်တော့မှာ မဟုတ်ဘူး။” ဟု တွေးခဲ့ပါသည်။ ထိုနောက်ပိုင်းမှစတင်ကာ ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် သို့ မသွားရောက်တော့ပါ။

နေအိမ်တွင် ရက် ၂၀ ကျော်နေခဲ့သည့် ကာလအတွင်း၊ ကျွန်မသည် နေ့စဉ် စိုးရိမ်ကြောင့်ကြမှုဖြင့် စိတ်ဓါတ်ပျက်ပြားခဲ့ရပါသည်။ ကျွန်မသည် ဘုရားသခင်ကို စိတ်ပျက်စေခဲ့ပြီးလျှင်၊ ကျွန်မမှာလည်း ဘဝင်မကျဖြစ်နေရသည်ဟု အမြဲတမ်း ခံစားခဲ့ရပါသည်။ သို့သော်လည်း ကျွန်မမိသားစု၏ ညှင်းပန်းနှိပ်စက်ခြင်း နှင့် ဟန့်တားပိတ်ပင်ခြင်းတို့ကို ရင်ဆိုင်ခဲ့ရခြင်းဖြင့်၊ ကျွန်မသည် စွမ်းအားမရှိသကဲ့သို့ ခံစားခဲ့ရပါသည်။ ထိုအချိန်အတောအတွင်းတွင် ညီအစ်ကိုမောင်နှမများက ကျွန်မကို ယုံကြည်သူအစစ်အမှန်အဖြစ် သဘောမထား တော့သည့်အပြင်၊ ကျွန်မသည် အသင်းတော်သို့မသွားသည်မှာ အချိန်ကြာခဲ့ပြီ ဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်များကို သိမ်းဆည်းသွားမည်ကို ကျွန်မ ကြောက်ရွံ့ခဲ့ပါသည်။ ကျွန်မသည် “ဖြစ်နိုင်ရင် ငါ့ဖုန်းနံပါတ်ကိုပြောင်း ဒါမှမဟုတ် ဒီနေရာက အဝေးကိုထွက်သွား တာမျိုး လုပ်သင့်တယ်။ အဲဒီနောက် ညီအစ်ကိုမောင်နှမတွေလည်း ငါ့ကို ဆက်သွယ်နိုင်တော့မှာ မဟုတ်ဘူး။” ဟု တွေးခဲ့ပါသည်။ သို့သော် ၎င်းတို့အား တစ်ချိန်လုံး ရှောင်နေ၍ မကောင်းသည်ကိုလည်း ကျွန်မသိခဲ့ပါသည်။ ကျွန်မ၏ နာကျင်မှုနှင့် စိတ်ရှုပ်ခြင်းတို့၌ ကျွန်မသည် ဘုရားသခင် ရှေ့တော်မှောက်သို့ လာခဲ့ကာ “အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်မ ဘာလုပ်သင့်ပါသလဲ။ ကျွန်မ အသင်းတော်ကိုသွားပြီးတော့၊ ညီအစ်ကိုမောင်နှမတွေကို တွေ့ဖို့ လိုလားပေမယ့် ကျွန်မက အရမ်းအားနည်းပြီးတော့ ကျွန်မမိသားစုရဲ့ ဟန့်တားပိတ်ပင်မှုတွေကို ရင်ဆိုင်ရာမှာ ဘာမှ မလုပ်နိုင်ပါဘူး။ ဘုရားသခင်၊ ကျွန်မကို ရဲစွမ်းသတ္တိနဲ့ ခွန်အားတို့ပေးပြီး၊ ကျွန်မအတွက် လမ်းခရီးကို ဖွင့်ပေးတော်မူပါ။” ဟု ဆုတောင်းခဲ့ပါသည်။

ဆက်ရန် …

အပိုင်း ၂-

အမှာစကား ချန်ခဲ့မည်