စာရင်း

စီစီပီ၏ ကောလဟလများက ကျွန်မ၏ မိသားစုကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့သည်

ချန်ကျင်း၊ သြစတေးလျ နိုင်ငံ

လူတို့အပေါ် ကောလဟလများ၏ အကျိုးဆက်များ နှင့် သက်ရောက်မှုများမှာ လုံးဝမကောင်းပါ၊ ခရစ်ယာန်မိသားစုများအပေါ် ယင်းတို့၏ သက်ရောက်မှုများမှာ ပို၍ပင် ဆိုးရွာလေသည်။ ခရစ်ယာန်တစ်ဦးအနေဖြင့်၊ သင်၏ ယုံကြည်ချက်များကို ကောလဟလများက တိုက်ခိုက်သည့်အခါတွင် သင်မည်သို့ ရင်ဆိုင်သင့်သနည်း။

သခင်၏ ပြန်ကြွလာခြင်းကို ပျော်ရွှင်စွာ ကြိုဆိုခြင်း

ကျွန်မသည် သခင့်ကို ကျွန်မ မိခင်နှင့်အတူ ကလေးဘဝမှ ယုံကြည်ခဲ့ပြီး၊ ကျွန်မ ဆယ်နှစ်အရွယ်တွင် ကျွန်မ မိဘများနှင့်အတူ သြစတေးလျသို့ ပြောင်းရွေ့ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် အစောပိုင်းတွင်၊ သခင်ယေရှု ပြန်ကြွလာနှင့်ပြီးပြီဟူသည့် သတင်းကို ကျွန်မ ကြားခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညီအစ်ကို မောင်နှမများ၏ မိတ်သဟာယပြုခြင်းမှတဆင့်၊ ကျမ်းစာ၏ နက်နဲမှုများနှင့်ဆိုင်သော အသိပညာများစွာနှင့် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် ဘုရားသခင့် အမှုတော်၏ အဆင့်သုံးဆင့်နှင့်ဆိုင်သော သိနားလည်မှုအချို့ကိုလည်း ကျွန်မ ရရှိခဲ့သည်။ပညတ်တော်ခေတ်တွင်၊ လူတို့၏ အသက်တာများကို ဦးဆောင်လမ်းပြရန် ပညတ်တရားများကို ကြေငြာခဲ့သည်။ နောက်ပိုင်းတွင်၊ လူတို့သည် ပညတ်တရားကို မစောင့်ထိန်းနိုင်ကြသောကြောင့် ပညတ်တရားအောက်တွင် ကွပ်မျက်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ကြရသည်။ လူသားမျိုးနွယ်ကို ရွေးနုတ်ရန်အလို့ငှာ၊ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၏ အမှုတော်ကို စတင်ခဲ့ပြီး၊ လူသားမျိုးနွယ်အတွက် ကားတိုင်ထက်တွင် သံမှိုရိုက်နှက်ခံခဲ့ရသည်။ နိုင်ငံတော်ခေတ်တွင်၊ သူ၏ ရွေးနုတ်ခြင်း အမှုတော်၏ အခြေခံအကြောင်းရင်းအပေါ်တွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြစ်တရား၏ ကျေးကျွန်ဘဝနှင့် အချုပ်အချယ်များမှာ လုံးလုံးလျားလျား ကယ်တင်ဖို့ရန်နှင့် လူသားမျိုးနွယ်ကို နှစ်သက်ဖွယ်ကောင်းသော ခရီးပန်းတိုင်တစ်ခုဆီ ခေါ်ဆောင်သွားရန်အလို့ငှာ လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်ရန် သမ္မာတရားကို ဖော်ပြခဲ့သည်။ ဘုရားသခင်သာလျှင် သမ္မာတရားများနှင့် နက်နဲမှုများကို ထုတ်ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ အမှုတော်အကြောင်းကို အလွန်ရှင်းလင်းစွာ ပြောဆိုနိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် “သိုးသငယ်ဖွင့်သည့် စာစောင်” သည် ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်း ကျွန်မ အတည်ပြုပါသည်။ သခင် အမှန်တကယ် ပြန်ကြွလာခဲ့သည်ကို ကျွန်မ အံ့အားသင့်မိပြီး ပျော်ရွှင်မိပါသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှန်တရားများဖြင့် ရင်ဆိုင်ရသောအခါ ကောလဟလများ ပြိုလဲသွားသည်

၂၀၁၈ ခုနှစ် မတ်လတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ တရားဝင် လက်ခံခဲ့ပါသည်။ ကျွန်မ အမျိုးသားက သိသွားသောအခါ၊ အနန္တတန်ခိုးရှင် ဘုရားသခင်အကြောင်း မေးမြန်းဖို့ ကိုရီးယား သင်းအုပ်ဆရာတစ်ပါးကို သူ ဖုန်းဆက်ခဲ့သည်။ ကျွန်မ အမျိုးသား မေးသည့်အရာကို ကိုရီးယား သင်းအုပ်ဆရာက ကြားသောအခါ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်းကို သူက ရှုတ်ချစွာနှင့် ပြစ်မှားစော်ကားစွာ ပြောဆိုလေသည်။ နောက်ပိုင်းတွင်၊ ကျွန်မ အမျိုးသားက အွန်လိုင်းဖွင့်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် ပတ်သက်သည့် သတင်းများကို ရှာဖွေခဲ့သည်၊ အချို့ ဘာသာရေး ဝဘ်ဆိုက်များကလည်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင် ရှုတ်ချနေပြီး ပြစ်မှားစော်ကားနေကြသည်ကို သူတွေ့ခဲ့ရသည်၊ ပြီးလျှင် အွန်လိုင်းပေါ်က ကောလဟလများစွာကိုလည်း သူ ဖတ်ခဲ့ရသည်။ ဤကောလဟလများဖြင့် ကျွန်မ အမျိုးသား လှည့်ဖြားခံခဲ့ရသောကြောင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ရာမှ ကျွန်မကို သူ တားဆီးဖို့ ကြိုးစားခဲ့ပြီး ကျွန်မ၏ ယုံကြည်မှုကို ဆန့်ကျင်ခဲ့သည်။ သူက စိတ်ဆိုးမာန်ဆိုးဖြင့် ကျွန်မကို “မင်းအရမ်း အတာပဲ။ အင်တာနက်မှာ ဘာပြောထားလဲ ကြည့်ဦး။ လူတွေကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ငွေလိမ်ယူတယ်တဲ့။ ဒီအသင်းတော်ကို မင်း မယုံကြည်ရဘူးကွ” ဟု ပြောခဲ့သည်။

ဤအရာကို ကျွန်မ အမျိုးသား ပြောသည်ကို ကြားရသည့်အခါ၊ သူ့ကို မည်သို့ ဖြေရမည်မှန်း ကျွန်မ မသိသောကြောင့် နှုတ်ဆိတ်နေလိုက်သည်။ ကျွန်မ ဘာမျှ မှတ်ချက်မပေးသည်ကို မြင်ရသောအခါ၊ ဝဘ်ဆိုက်စာမျက်နှာတစ်ခုကို သူဖွင့်ပြီး အသံဖမ်းထားသည့်အရာတစ်ခုကို ကျွန်မအတွက် ဖွင့်ပြခဲ့သည်။ အသံဖမ်းမှုထဲတွင် အမျိုးသမီးတစ်ဦးက ငွေနှင့် သူမ၏အိမ်တို့ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က မည်သို့ လိမ်ယူခဲ့ပုံကို ပြောနေသည်။ ဤအသံဖမ်းမှုကို ကျွန်မ နားထောင်သည်နှင့်အညီ၊ ကျွန်မ အနည်းငယ် တုန်လှုပ်မိပါသည်- အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်သည် အမှန်ပင် ဤကဲ့သို့ ဖြစ်ပါသလား။ သူတို့က လူတို့ကို ငွေလိမ်ယူပါသလား။ သို့သော်၊ ထို့နောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှများနှင့် စုဝေးပွဲများကို တက်ရောက်နေခဲ့သည့် လများကို ကျွန်မ တွေးမိခဲ့သည်။ သူတို့အားလုံးက ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော သူတို့၏ အတွေ့အကြုံများ နှင့် အသိပညာများအကြောင်း မိတ်သဟာယပြုနေခဲ့ကြပြီး တစ်ကြိမ်တစ်ခါမျှ ငွေကိစ္စအကြောင်း မပြောကြပါ- သူတို့က လူတို့ကို ငွေကို လိမ်ယူနေသလိုမျိုး မည်သို့ အဓိပ္ပါယ်ကောက်လွဲခံရသနည်း။ ထိုအရာကို စဉ်းစားသောအခါ၊ အွန်လိုင်းပေါ်တွင် ပြေားထားသည့်အရာများ ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက လူတို့က လူတို့ကို ငွေလိမ်ယူသည်ဟူသည့်အရာအားလုံးမှာ လုပ်ကြံပြောဆိုထားသည့် ကောလဟလများသာ ဖြစ်သည်ကို ကျွန်မ နားလည်မိသည်။ အသံသွင်းမှုမှာ တစ်စုံတစ်ဦးက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ကာ လုပ်ကြံပြောဆိုဖို့ တမင်တကာ ပြုလုပ်ထားသည့် စွတ်စွဲမှုတစ်ခု ဧကန်မုချ ဖြစ်ရမည်ဖြစ်ပြီး ကျွန်မ မယုံပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ကျွန်မ တွေ့နှင့်ပြီးဖြစ်ကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုခဲ့ပါသည်။

ညီအစ်မတစ်ဦးက ကျွန်မကို ဖတ်ပြခဲ့သည့် ဤနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့ပါသည်- “လူတို့၏ အတွေးအခေါ်များ သို့မဟုတ် အယူအဆများကို ငါအလိုမရှိ၊ သင်၏ငွေ သို့မဟုတ် သင်၏ ပိုင်ဆိုင်မှုများကို သာ၍ပင် ငါ အလိုမရှိ။ ငါ အလိုရှိသည်မှာ သင်၏ နှလုံးသား ဖြစ်၏။ သင်နားလည်သလော။ ဤအရာသည် ငါ၏အလိုတော် ဖြစ်၏၊ ထို့အပြင် ၎င်းသည် ငါရရှိလိုသော အရာလည်း ဖြစ်သည်။” ထို့အပြင်၊ တရားဒေသနာများ နှင့် မိတ်သဟာယမှ ကျမ်းပိုဒ်တစ်ခု ကျွန်မ စိတ်ထဲတွင် ပေါ်လာသည်- “တရားဟောရာမှတဆင့် သို့မဟုတ် အခြားအကြောင်းပြချက်တစ်ခုခုမှတဆင့် အလှူငွေများပေးဖို့ အခြားသူများကို တောင်းဆိုရန် အသင်းတော်က မည်သူတစ်ဦးတစ်ယောက်ကိုမျှ အခွင့်မပေးပါ။ အလှူငွေများပေးဖို့အကြောင်း ပြောရန် စိတ်အားထက်သန်သူများသည် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များရှိသည်။ အလှူငွေထည့်ခြင်း ကိစ္စရပ်မှာ တစ်ဦးတစ်ယောက်ချင်း၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပြင် သမ္မာတရားနှင့်ဆိုင်သော သူတို့၏ သိနားလည်မှုအပေါ် မူတည်သည်။” အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်၊ တရားဒေသနာများနှင့် မိတ်သဟာယတို့မှ နှုတ်ကပတ်တော်များက ကျွန်မ၏ ယုံကြည်ခြင်းကို အားဖြည့်ပေးပြီး အွန်လိုင်းပေါ်တွင် ပြောထားသမျှအားလုံးက ကောလဟလများဖြစ်သည်ကို ကျွန်မ ပို၍ပင် သေချာလာခဲ့သည်။ ထို့အပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန်ရှင်းလင်းလှပါသည်- ဘုရားသခင်သည် သူ၏ အမှုတော်ကို လုပ်ဆောင်ရန်နှင့် လူကို ကယ်တင်ဖို့ ကြွလာပေပြီ။ လူတို့၏ ငွေများကို သူမလိုချင်ပါ၊ သူတို့၏ ရိုးသားမှန်ကန်မှုကို လိုချင်ပါသည်။ ထို့အပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် စုဝေးပွဲများတွင် လှူဒါန်းခြင်းများအကြောင်း မည်သည့်ဆွေးနွေးခြင်းကိုမဆို တားမြစ်ထားသည်၊ ထို့ကြောင့် သူတို့က တစ်ဦးတစ်ယောက်၏ အိမ် သို့မဟုတ် ငွေကို လိုချင်ရမည်နည်း။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများနှင့် နီးနီးကပ်ကပ် ဆက်သွယ်ရသည့် ဤအကြိမ်တွင်၊ သူတို့သည် လူသားသဘာဝနှင့် သနားကရုဏာတို့ရှိသည့် လူများအဖြစ် ကျွန်မ မြင်ခဲ့ရသည်။ သူတို့အားလုံးတွင် အလုပ်အကိုင်များနှင့် မိသားစုများရှိကြပြီး အပြန်အလှန်အားဖြင့် ဘာတစ်ခုမျှ သူတို့ မတောင်းဆိုပဲ ဘုရားသခင်၏ အမှုတော်ကို ကျွန်မဆီ သက်သေခံရင်း သူတို့၏ အချိန်ကို အသုံးပြုခဲ့ကြသည်။ ထို့အပြင်၊ ခရစ်ယာန်များကို အသင်းတော်က ဝေသည့် စာအုပ်များမှာ အခမဲ့ဖြစ်ပါသည်။ အွန်လိုင်းပေါ်က ကောလဟလများဖြစ်သည့် လူတို့ကို သူတို့၏ ငွေများနှင့် အိမ်များကို လိမ်ယူသည်ဟူသည်တို့မှာ အမှန်တရားများနှင့် တကယ့်ကို အံဝင်ခွင်မကျဖြစ်နေပါသည်။

နောက်ပိုင်းတွင်၊ ကျွန်မသည့် မတူကွဲပြားသော နိုင်ငံများအားလုံးမှ ညီအစ်ကို မောင်နှမများထံမှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခြင်းနှင့်ဆိုင်သော သူတို့၏ အတွေ့အကြုံများ နှင့် သက်သေခံချက်များဖြစ်သော ဧဝံဂေလိ ဝဘ်ဆိုက် ဆောင်းများများစွာကို ကျွန်မ ဖတ်ခဲ့သည်။ သူတို့အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်မှာ အမှန်ပင် သခင်ယေရှု၏ ဒုတိယအကြိမ်ကြွလာခြင်းဖြစ်သည်ကို နောက်ဆုံးတွင် သူတို့ သေချာလာသည်အထိ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော သူတို့၏ နားလည်မှုလွဲခြင်းတို့သည် တစ်စတစ်စ ဖြေရှင်းခံခဲ့ရသည်။ သူတို့၏ အတွေ့အကြုံအားလုံးကို ဖတ်ရသည်မှာ အလွန် စိတ်တို့ထိစရာဖြစ်သည်၊ သူတို့အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် လုံးဝ သိမ်းပိုက်ခံခဲ့ရကြပြီး ဘုရားသခင်၏ ခြေလှမ်းများကို သူတို့ အမီလိုက်နေကြသည်။ ညီအစ်ကို မောင်နှမများ ရေးထားသည့် ဘဝအတွေ့အကြုံများ၊ သက်သေခံချက်များနှင့်ဆိုင်သော ဤဆောင်းပါးများအတွင်းမှ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများအနေဖြင့် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို တွေ့ကြုံပြီးနောက်တွင်၊ သူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တဖြည်းဖြည်း ဖယ်ရှားကြလာကြသည်၊ ဘုရားသခင်ကို သူတို့ ပိုပိုပြီး သိလာကြကာ ဘုရားသခင်ကို ပိုပိုပြီး နာခံလာကြသည်၊ ပြီးလျှင် သူတို့၏ စိတ်သဘောထားများ စတင်ပြောင်းလဲကြလေသည်။ ကျွန်မ ပို၍ ဖတ်လေ၊ ပို၍ တို့ထိခံစားရလေဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ သြဇာအာဏာ နှင့် တန်ခိုးတို့ကို ကျွန်မ နားလည်ခဲ့ရသည်။ နောက်ဆုံးသော ကာလတွင် သူ၏ နှုတ်ကပတ်တော်မှတဆင့် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်မှာ လူတို့ကို ပြောင်းလဲစေခြင်းနှင့် သူတို့၏ စိတ်သဘောထားတို့ကို အသွင်ပြောင်းခြင်း အမှုတော်ဖြစ်သည်။ ဤသည်မှာ သံမဏိသက်သေဖြစ်သည်။ ဘုရားသခင်၏ အမှုတော်အားဖြင့် စွမ်းဆောင်ရရှိသော ရလဒ်များကို မည်သူမျှ မငြင်းနိုင်ပါ။ တနည်းအားဖြင့် ဆိုရလျှင်၊ စာတန်သည် ဘုရားသခင်၏ အမှုတော်ကို သွားပုပ်လေလွင့်ပြောဖို့ ကောလဟလများကို အသုံးပြုချင်ပြီး၊ ကျွန်မအနေဖြင့် သူ၏ ကောက်ကျစ်သော အကြံအစည်များအားဖြင့် အမိဖမ်းခံရမည်မဟုတ်သလို ကျွန်မ အမျိုးသားအားဖြင့် ကျွန်မကိုယ်ကျွန်မ လွှမ်းမိုးခံရမည်မဟုတ်ဟု ကျွန်မ နားလည်လိုက်သည်။ ညီအစ်ကို မောင်နှမများကို ကျွန်မ ဆက်လက်ဆက်သွယ်ရမည်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်တွင် စုဝေးပွဲများကို တက်ရောက်ရပါမည်။ ဤအရာများကို ကျွန်မ နားလည်လာပြီးနောက်တွင်၊ အလွန်လွတ်လပ်သွားသည်ကို ကျွန်မ ခံစားခဲ့ရသည်။

သင်းအုပ်ဆရာ၏ နှောင့်ယှက်မှုမှ ကျွန်မကို ဘုရားသခင် ကင်းဝေးစေသည်

တစ်နေ့တွင်၊ ကျွန်မ အမျိုးသားက သင်းအုပ်ဆရာ ဇန် နှင့် သူ၏ဇနီး၊ အခြားအသင်းတော်မှ အခြားသင်းအုပ်ဆရာအနည်းငယ်ကို ကျွန်မတို့ အိမ်ဆီ ခေါ်ဆောင်လာချိန်တွင် ကျွန်မက ကျွန်မကလေးကို စောင့်ရှောက်ရင်း အိမ်တွင် ရှိနေခဲ့သည်။ သူတို့ ရောက်လာသည်ကို ကျွန်မ မြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားမှုကို ခံစားခဲ့ရသည်။ သူတို့ ဘာပြောမည်ကို ကျွန်မ မသိခဲ့သလို၊ ကျွန်မ သမ္မာတရားမရှိပဲ ခိုင်မာစွာ မရပ်တည်နိုင်မည်ကို ကျွန်မ စိုးရိမ်မိခဲ့သည်။ ထို့ကြောင့်၊ ဘုရားသခင်ထံ ကျွန်မ၏ စိတ်နှလုံးကို ကာကွယ်ပေးဖို့ နှင့် သူတို့၏ စကားများအားဖြင့် ကျွန်မကို အလှည့်ဖြားခံခွင့်မပြုဖို့ တောင်းလျှောက်ရင်း တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။

ကျွန်မအမျိုးသားက ပြောသည်- “ဒါက သင်းအုပ်ဆရာတွေပါ၊ မင်းရဲ့ အတွေးကို ပြောင်းလဲတဲ့နေရာမှာ မင်းကို ကူညီဖို့ သူတို့ကို ငါ ဒီကို ဖိတ်လိုက်တာ၊ ဒါမှ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မင်း ယုံကြည်မှာ မဟုတ်တော့ဘူးလေ။”

သင်းအုပ်ဆရာ ဇန်၏ ဇနီးက၊ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က မိစ္ဆာဒိဋ္ဌိဖြစ်တယ်၊ ပြီးတော့ အယူလွဲသူတွေက လူတွေကို အမြဲ ငွေလိမ်ယူကြတယ်။ ရှင် သတိထားရမယ်။ ကျွန်မတို့ သင်းအုပ်တွေနဲ့ အကြီးအကဲတွေအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်ကြတယ်၊ ဒီတော့ အဲဒါကို ဘာကြောင့် ရှင် ယုံကြည်တာလဲ။ ကျွန်မတို့မှာ ကြီးမြတ်တဲ့ အသင်းတော်တစ်ခု ရှိတာပဲ၊ ဒီတော့ အရင်က ရှင့်ရဲ့ အသင်းတော်ကို ရှင် မကြိုက်ဘူးဆိုရင် ကျွန်မတို့ဆီက ဝတ်ပြုစည်းဝေးပွဲတွေကို လာလေ” ဟု ဆိုလေသည်။ ထို့နောက်၊ သူမက ရှုတ်ချစွာနှင့် ပြစ်မှားစော်ကားစွာ အနန္တတန်ခိုးရှင် ဘုရားသခင်အကြောင်းကို ပြောဆိုခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို နောက်ထပ် မယုံရန် ကျွန်မကို အကြံပေးခဲ့သည်။

သမ္မာတရား လုံလုံလောက်လောက် ကျွန်မ နားမလည်ပဲ သူတို့နှင့် စကားအချေအတင်ပြောဆိုရာတွင် မနိုင်မည်ကို ကျွန်မ စိုးရိမ်ပူပန်ခဲ့သည်၊ ထို့ကြောင့် တိတ်တဆိတ် ကျွန်မ ဆုတောင်းခဲ့ပါသည်။ ကျွန်မ ဘာတစ်ခုမျှ မပြောသည်ကို မြင်သောအခါ၊ ကျွန်မကို အကြံပေးနေသည်ကို သူတို့ ရပ်လိုက်ကြသည်။ သို့သော်၊ သူတို့ ပြန်သွားသောအခါ၊ ရက်သတ္တပတ်ပြီးနောက် တစ်ဖန်ပြန်လာဖို့ သူတို့ကို ကျွန်မ အမျိုးသားက ဖိတ်ကြားခဲ့ပြီး သင်းအုပ်ဆရာ ဇန်က သူလာမည်ဟု ဆိုခဲ့သည်။ ထို့နောက်တွင် ကျွန်မ အလွန် စိုးရိမ်ပူပန်မှုကို ခံစားခဲ့ရသည်- သူတို့ ပြန်လာသည့်အချိန်တွင် သူတို့၏ အတွေးမှားများကို သူတို့ ပြောပြီး၊ ယင်းတို့ကို ကျွန်မ မသိမြင်နိုင်ပဲ အလှည့့်ဖြားခံရလျှင် ကျွန်မ ဘာလုပ်ရမည်နည်း။ ကျွန်မ စိတ်နှလုံးထဲတွင် ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့ပါသည်- “အို ဘုရားရှင်၊ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်ပညာပေးပြီး သူတို့အားဖြင့် အကျဉ်းချခံရသည့်အဖြစ်မှ ကျွန်မနှလုံးသားကို ကွယ်ကာတော်မူပါ။” သို့သော်၊ နောက်ပိုင်းတွင် ကျွန်မ စိုးရိမ်ပူပန်မိနေဆဲဖြစ်ပြီး ဖြစ်လိုသည့်အတိုင်းသာ ဖြစ်ခွင့်ပြုရတော့သည်။ မမျှော်လင့်ဘဲ၊ အသင်းအုပ်ဆရာ ဇန်နှင့် ချိန်းချက်ထားသည့် တွေ့ဆုံပွဲမတိုင်မီရက်တွင်၊ သင်းအုပ်ဆရာ ဇန်တွင် ရေကျောက် (ပုံမှန်အားဖြင့် ကလေးများတွင် ဖြစ်တတ်သည့် အရေပြားရောဂါ) ဖြစ်ပြီး သူ မလာနိုင်ဟု ကျွန်မ အမျိုးသားက ဆိုလေသည်။ ဤသည်ကို ကျွန်မ ကြားသောအခါ၊ ကျွန်မ တွေးမိခဲ့သည်- အသက်လေးဆယ်၊ ငါးဆယ်အရွယ် ယောက်ျားတစ်ဦးက ရေကျောက်ဖြစ်တယ်လား။ ဤသည်မှာ သူ ပြန်မလာဖို့ ဘုရားသခင် တားဆီးခြင်းပဲဖြစ်ရပေမည်။ ဘုရားသခင်က ကျွန်မ ဝိညာဉ်ရေးအသက်တာ နုနယ်သည်၊ သင်းအုပ်ဆရာအားဖြင့် ဖြန့်ဖြူးမည့် အတွေးမှားများကို ကျွန်မ သိမြင်နိုင်လိမ့်မည်မဟုတ်ပဲ သူတို့အားဖြင့် အလှည့်ဖြားခံရလိမ့်မည်ကို သိခဲ့သည်၊ ထို့ကြောင့် သင်းအုပ် ဇန်ကို ကျွန်မ အိမ်လာခြင်းမှ သူ တားဆီးခဲ့သည့်အတွက်၊ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်- ဤသည်မှာ ကျွန်မကို ဘုရားသခင် ကွယ်ကာနေခြင်း ဖြစ်သည်။ ကျွန်မ စိတ်နှလုံးထဲတွင်၊ ကျွန်မ၏ ကျေးဇူးတင်ရှိမှုများကို ဘုရားသခင်ထံ တိတ်တဆိတ် ပူဇော်ခဲ့ပါသည်။ သို့တိုင်၊ ကျွန်မကို ဟန့်တားဖို့ ကျွန်မ အမျိုးသား၏ ကြိုးစားမှုများမှာ ရပ်တန့်မသွားခဲ့ပါ။

ကျွန်မ အမျိုးသားက ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်မကို တားဆီးဖို့ ကြိုးစားမှုများ၏ နောက်ခံအကြောင်းအရာ

တစ်နေ့တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများနှင့် ဖေ့စ်ဘုတ်ပေါ်တွင် ကျွန်မ ဆက်သွယ်ခဲ့သည်ကို ကျွန်မ အမျိုးသားက ရှာတွေ့သွားသည်။ သူ အလွန် စိတ်ဆိုးခဲ့ပြီး ညီအစ်ကို မောင်နှမများအားလုံးကို ကျွန်မ ဖေ့ဘုတ်အကောင့်အပေါ်က မိတ်ဆွေစာရင်းမှ ပယ်ဖျက်ခဲ့သည်။ ပြီးလျှင် သူက၊ “မင်း ဘယ်လိုလုပ်ပြီး သူတို့နဲ့ ဆက်သွယ်နိုင်ရသေးတာလဲ။ မင်းလိုချင်တာက ဘုရားလား၊ ငါလား။ ဘုရားကို လိုချင်တယ်ဆိုရင်လည်း ကွာရှင်းလိုက်ကြတာပေါ့” ဟု ဆိုရင်း ကျွန်မကို ခြိမ်းခြောက်ခဲ့သည်။ ကျွန်မကို ကွာရှင်းချင်ကြောင်း ကျွန်မ အမျိုးသားပြောသည်ကို ကြားရခြင်းက ကျွန်မကို အလွန်စိတ်ပျက်စေခဲ့ပြီး ကျွန်မ ကိုယ့်ကိုယ်ကို စဉ်းစားခဲ့သည်- ကျွန်မတို့ ကလေးက ၁၈ လ မပြည့်သေးပါ၊ သူ အရမ်းငယ်လွန်းသေးသည်။ ကျွန်မတို့ ကွာရှင်းလျှင်၊ ကျွန်မ ကိုယ့်ဟာကိုယ်ဖြစ်မည်။ ကျွန်မ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ ထို့အပြင်၊ ခြောက်နှစ်ကြာ ကျွန်မတို့ အတူနေကြပြီးဖြစ်သလို သူ့ကို ကျွန်မ မဆုံးရှုံးချင်ပါ။ သို့သော်၊ သခင်ယေရှု ပြန်ကြွလာဖို့ ကျွန်မ အမြဲတောင့်တခဲ့သည်၊ ထို့ကြောင့် ယခုတွင် သူ ပြန်ကြွလာပြီ၊ သူ့ကို ကျွန်မ မည်သို့ မယုံကြည်ပဲ နေနိုင်မည်နည်း။ ကျွန်မ မဆုံးဖြတ်နိုင်ပါ၊ ကျွန်မ နှလုံးသားက ညှင်းဆဲခံရပြီး ညတွင် ကျွန်မ အိပ်ပင်မအိပ်နိုင်ပါ။ ထိုအချိန်မှစ၍၊ ကျွန်မ အမျိုးသား အိမ်တွင်ရှိသောအခါ ကျွန်မ အွန်လိုင်းတက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ဝံ့တော့ပါ၊ ယင်းအစား အလုပ်တွင် ကျွန်မ အားလပ်ချိန် အွန်လိုင်းတက်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမများကို ကျွန်မ အိမ်တွင် အစည်းအဝေများ နောက်ထပ် တက်ခွင့်မပြုဝံ့တော့ပါ။ သို့သော်၊ ထို့နောက်တွင် ယုံကြည်သူများအနေဖြင့် အစည်းအဝေးများ ဆက်လက်တက်ရောက်သင့်ပုံကို ကျွန်မ တွေးမိခဲ့သည်၊ ထို့ကြောင့် ကျွန်မ ကလေးကို ကစားဖို့ ပန်းခြံသို့ ခေါ်သွားခြင်းအားဖြင့် ရရှိသည့် အခွင့်အရေးကို ကောင်းစွာ အသုံးချပြီး အသင်းတော်မှ ညီအစ်မတစ်ဦးနှင့်အတူ ကျွန်မ အချိန်တစ်ခု စီစဉ်ကာ၊ ပန်းခြံထဲတွင် ကျွန်မတို့ စတင်တွေ့ဆုံခဲ့ပါသည်။

ကျွန်မတို့ ဆုံကြသောအခါ၊ ကျွန်မ စိတ်နှလုံးထဲရှိ အတွေးများအားလုံးကို အစ်မအား ကျွန်မ ပြောပြခဲ့သည်။ သူမက နားထောင်ပြီးနောက် ကျွန်မကို စိတ်အားမငယ်ရန် သို့မဟုတ် အားမလျော့ရန် အားပေးခဲ့သည်။ ဤသည်မှာ ဝိညာဉ်လောကထဲက စစ်ပွဲတစ်ခုဖြစ်ကာ၊ ယင်းမှာ ကျွန်မအပေါ် ကျရောက်သည့် စာတန်၏ နှောင့်ယှက်မှုဖြစ်သည်ကို သူမ ပြောခဲ့သည်။ ထို့နောက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ ဖတ်ရှုခဲ့သည်၊ “ဘုရားသခင်သည် သူ၏ အမှုကို ပြုသည်၊ ဘုရားသခင်သည် လူကို ပြုစုစောင့်ရှောက်သည်၊ ဤလူကို အလေးထားပြီး၊ စာတန်သည် တစ်ချိန်လုံး ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်သည်လည်း တစ်လျှောက်လုံး နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ ဤလူကို ဘုရားသခင် အလိုရှိပါက၊ စာတန်သည် အားလုံးကို ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို သွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ဖျက်ဆီးရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် လိုချင်သမျှအားလုံးကို ၎င်းက မိမိကိုယ်တိုင်အတွက် လိုချင်သည်၊ ထိုအရာများက ၎င်းကို ကိုးကွယ်ကြဖို့၊...၎င်းက ထိုအရာများကို သိမ်းပိုက်ချင်သည်၊ ထိန်းချုပ်ချင်သည်၊ ထိုအရာများကို စီမံကွပ်ကဲချင်လေသည်။” ထို့နောက် သူမက၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အဲဒါကို အရမ်းရှင်းလင်းစေတယ်။ ဝိညာဉ်လောကအတွင်းမှာ၊ လူတွေ ဘုရားသခင်ဆီ လှည့်ပြန်ဖို့ စာတန်က မလိုချင်ဘူး၊ ဒါပေမယ့် အဲဒီအစား လူသားမျိုးနွယ်အပေါ် ချိုးနှိမ်နိုင်မှုရှိဖို့ သူ လိုချင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မတို့ ယုံကြည့်တဲ့အခါ၊ စာတန်က ဒေါသအမျက်ခြောင်းခြောင်းထွက်လာပြီး မတိုက်ခိုက်ဘဲနဲ့ အဲဒါကို လက်ခံမှာမဟုတ်ဘူး။ ဒါကြောင့် သူက ကျွန်မတို့ကို တားဆီးဖို့ ဝှက်ထားတဲ့ ပုံစံနဲ့ နည်းလမ်းမျိုးစုံကို သုံးတယ်၊ ပြီးတော့ ကျွန်မတို့ကို နှောင့်ယှက်ဖို့ ကျွန်မတို့ရဲ့ အားနည်းချက်တွေကိုတောင် သုံးတယ်။ ကျွန်မတို့က သမ္မာတရားကို နားမလည်သလို ဝိညာဉ်လောကထဲက စစ်ပွဲကို လုံးလုံးလျားလျား သဘောမပေါက်နိုင်တဲ့အခါ၊ ကျွန်မတို့ အပျက်သဘောဆောင်လာပြီး အားနည်းလာနိုင်တယ်၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်ခြင်း ကျွန်မတို့ အလွယ်တကူ ဆုံးရှုံးနိုင်ပြီး သူ့ကို သစ္စာတောင် ဖောက်နိုင်တယ်။ ဥပမာအနေနဲ့၊ စာတန်က ရှင့်ကို နှောင့်ယှက်ဖို့ ကွာရှင်းခြင်းနဲ့ဆိုင်တဲ့ ရှင့်အမျိုးသားရဲ့ ခြိမ်းခြောက်မှု အသုံးပြုတာကို ကြည့်လေ။ ဒါကို လုပ်ခြင်းအားဖြင့် စာတန်ရဲ့ ရည်မှန်းချက်က ဘုရားသခင်နောက်လိုက်တာကို ရှင် လက်လျှော့လိုက်ဖို့ အကျပ်ကိုင်ဖို့ပဲဖြစ်တယ်။ ဒါက စာတန်ရဲ့ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်ဖြစ်ပြီး၊ ဝိညာဉ်လောကထဲက စစ်ပွဲတစ်ခုပဲဖြစ်ပါတယ်။ စာတန်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်ကို ရှင် ထွင်းဖောက်မမြင်နိုင်ရင်၊ ရှင့် အမျိုးသားက ကွာရှင်းဖို့ ခြိမ်းခြောက်နေတာကြောင့် ရှင့်အနေနဲ့ စိတ်အားငယ်လာနိုင်ပြီး အားနည်းလာနိုင်တယ်၊ ပြီးတော့ ဘုရားသခင်နောက်လိုက်ဖို့ ရှင့်ရဲ့ ယုံကြည်ခြင်းကို ဆုံးရှုံးသွားလိမ့်မယ်။ အဲဒါသာဖြစ်ရင်၊ ရှင်က ရှင့်ရဲ့ သက်သေခံချက်ကို ဆုံးရှုံးမှာဖြစ်ပြီး စာတန်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်က အောင်နိုင်မှာပဲ။ ဒါကြောင့်၊ ကျွန်မတို့အပေါ် စာတန်ရဲ့ နှောင့်ယှက်မှု ကျရောက်တဲ့အခါ၊ ဘုရားသခင်ကို မရှောင်ဖယ်ပဲ၊ ဘုရားသခင်ဆီ ကျွန်မတို့ ပိုပြီးတောင် ဆုတောင်းရမှာဖြစ်ပြီး သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ပိုဖတ်ရမှာပါ။ သမ္မာတရားကို ကျွန်မတို့ နားလည်တဲ့အခါ၊ ဘုရားရဲ့ အလိုတော်ကို ကျွန်မတို့ နားလည်တယ်၊ သူ့အမှုတော်ကို ကျွန်မတို့ တွေ့ကြုံဖို့ ယုံကြည်ခြင်းရှိပြီး၊ အဲဒီနောက်မှာ ဘုရားသခင်ကို ကျွန်မတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ကျွန်မတို့ ရပ်တည်နိုင်တာဖြစ်ပါတယ်၊” ဟု မိတ်သဟာယပြုလေသည်။

အစ်မ၏ မိတ်သဟာယကို ကျွန်မ နားထောင်ပြီးနောက်တွင်၊ ကျွန်မ အမျိုးသားက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ရာမှ ကျွန်မကို တားဆီးဖို့ ကြိုးစားမှုများနောက်တွင် ဝိညာဉ်ရေးရာ စစ်ပွဲတစ်ခု ဖြစ်ပွားသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ စာတန်က ကျွန်မကို နှောင့်ယှက်ဖို့ နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်မ ဆုံးရှုံးရန်အလို့ငှာ မှန်သော လမ်းခရီးကို စွန့်ဖို့ ကျွန်မကို အကျပ်ကိုင်ဖို့ ကွာရှင်းခြင်းနှင့်ဆိုင်သော ကျွန်မ အမျိုးသား၏ ခြိမ်းခြောက်မှုကို အသုံးပြုချင်ခဲ့သည်။ စာတန် အဘယ်မျှ စက်ဆုပ်စရာကောင်းသည်ကို မြင်ရင်း၊ ကျွန်မ အမျိုးသားကို ကျွန်မ အရှုံးမပေးနိုင်ခဲ့သလို စာတန်၏ ကောက်ကျစ်သည့် အကြံအစည်ထဲတွင် ကျွန်မကိုယ်ကျွန်မ အမိခံခွင့်မပေးနိုင်ခဲ့ပါ။ ထို့အပြင်၊ ကျွန်မက၊ “ဘုရားသခင်က အနန္တတန်ခိုးရှင်ဖြစ်ပြီး ကျွန်မရဲ့ အိမ်ထောင်ရေးက သူ့လက်ထဲမှာ ရှိတယ်။ ကျွန်မ အမျိုးသားနဲ့ ကျွန်မ ကွာရှင်း၊ မရှင်းဆိုတာနဲ့ပတ်သက်ပြီး ဘုရားသခင်က ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ ပြီးတော့ ဖြစ်နိုင်ခြေရှိတာက ငါ့ကို ကန့်သတ်ချုပ်ချယ်တာ ငါမခံဘူး”၊ ဟု တွေးခဲ့သည်။ နောက်နေ့နံနက်တွင်၊ ကျွန်မ နိုးပြီး ချက်ချင်း ဘုရားသခင်ဆီ ကျွန်မ စိတ်နှလုံးထဲက ဆုတောင်းခဲ့သည်- “အို ဘုရားရှင်၊ ကျွန်မ အမျိုးသားက ကျွန်မကို ကွာရှင်း၊ မရှင်းဆိုတာ ကိုယ်တော့်လက်ထဲမှာ ရှိပါတယ်။ ကျွန်မ လေးလေးနက်နက် ကိုယ်တော့်နောက်လိုက်ဖို့နဲ့ ကျွန်မ အမျိုးသားအားဖြင့် ကန့်သတ်ချုပ်ချယ်မခံရဖို့ ကျွန်မ ဆန္ဒရှိပါတယ်။” ကျွန်မ ဆုတောင်းခြင်း ပြီးလိုက်သည့်အချိန်တွင် ကျွန်မ အမျိုးသားက၊ “ဘုရားသခင်ကို မင်း ယုံကြည်ပြီးတဲ့နောက် ကောင်းကင်ဘုံပဲဖြစ်ဖြစ်၊ ငရဲပဲဖြစ်ဖြစ် မင်းသွားတာ၊ မသွားတာ ငါ ဂရုမစိုက်ဘူး။ ငါ့ဘဝကို မင်းနဲ့အတူ ငါ အသက်ရှင်ချင်တယ်” ဟု ရုတ်တရက် ဆိုခဲ့သည်။ ဤသည်ကို ကျွန်မ အမျိုးသားက ပြောသည်ကို ကြားချိန်တွင်၊ သူက ကျွန်မကို အမှန်တကယ် ကွာရှင်းချင်သည်မဟုတ်ပဲ၊ ကောလဟလများအားလုံးဖြင့် လှည့်ဖြားခံရပြီးနောက်တွင် ဘုရားသခင်ကို ယုံကြည်ရာမှ ကျွန်မကို တားဆီးဖို့ အတင်းအဓမ္မလုပ်ရန် ကွာရှင်းခြင်းကို သူအသုံးပြုခြင်းသာဖြစ်သည်ကို ကျွန်မ နားလည်ခဲ့ရသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ အမျိုးသား၏ တားဆီးပိတ်ပင်ခြင်းကို နောက်တစ်ဖန် အနိုင်ယူဖို့ ဦးဆောင်သည်

ကျွန်မ အမျိုးသား၏ သဘောထားက အနည်းငယ်ပြောင်းလဲသည်ကို မြင်ရခြင်းဖြင့်၊ ဘုရားသခင်ကို ယုံကြည်ရာမှ ကျွန်မကို သူ နောက်ထပ် တားဆီးဖို့ ကြိုးစားလိမ့်မည်မဟုတ်ဟု ကျွန်မ ထင်ခဲ့သည်။ မမျှော်လင့်ပဲနှင့်၊ သူက ကျွန်မ၏ ယုံကြည်မှုကို ဆန့်ကျင်ဆဲဖြစ်သည်ကို ကျွန်မ တွေ့ခဲ့ရသည်။တစ်ကြိမ်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထံမှာ စာအုပ်များ အသံသွင်းချက်များပါရှိသည့် Flash Drive ကို ကျွန်မတို့၏ ကွန်ပြူတာထဲသို့ ကျွန်မ ထည့်သွင်းမိပြီး နောက်ပိုင်းတွင် ပြန်ထုတ်ဖို့ မေ့သွားခဲ့သည်။ ကျွန်မ မျိုးသားက အလုပ်ပြီးသောအခါ၊ Flash Drive ကို သူ ရှာတွေ့သွားပြီး အစိတ်စိတ်အမွှာမွှာ ခွဲလိုက်သည်၊ ပြီးလျှင် ကျွန်မကို သူ အရမ်း စိတ်ဆိုးသွားသည်။ သူက၊ ကျွန်မအနေဖြင့် သခင်ယေရှုကို ယုံကြည်လျှင် သူ အားပေးမည်၊ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လျှင် ကျွန်မကို စုဝေးပွဲများ တက်ရောက်ခွင့်ပြုမည်မဟုတ်ဟု ပြောလေသည်။ ကျွန်မတို့ ကလေးကိုလည်း နေ့ကလေးထိန်းကျောင်းတွင် ထားရန် နှင့် ချက်ချင်း အချိန်ပြည့်အလုပ်ကို လုပ်ဖို့ ကျွန်မကို ပြောခဲ့သည်(စင်စစ်အားဖြင့် ဒီ့မတိုင်ခင်က အချိန်ပိုင်းသာ ကျွန်မ အလုပ်လုပ်ခဲ့သည်)၊ ပြီးလျှင် သူက နေ့စဉ် ကျွန်မ၏ မိခင်အိမ်သို့ သွားရန် ကျွန်မကို ပြောခဲ့သည်။ ဤနည်းဖြင့်၊ စုဝေးပွဲများ တက်ဖို့ ကျွန်မ အချိန်ရှိလိမ့်မည်မဟုတ်ပေ။ ဤအခြေအနေ ဖြစ်ပျက်သည်ကို ကျွန်မကြည့်သည်နှင့်အညီ၊ ကျွန်မ နှလုံးသား မှောင်မိုက်လာပြီး ကျွန်မကိုယ်ကျွန်မ တွေးခဲ့သည်- ကျွန်မ အမျိုးသားက ကျွန်မကို တစ်ပတ်မှာ နှစ်ခါ စိတ်ဆိုးစေတယ်၊ပြီးတော့ အကြိမ်တိုင်း သူ ပိုပြီး ကြောက်စရာကောင်းလာတယ်။ အို၊ ကျွန်မ ဒီလို ဘယ်လို အသက်ရှင်နိုင်မလဲ။ငြိမ်းချမ်းတဲ့ ဘဝကို ကျွန်မ လိုချင်တာလား၊ ဒါမှမဟုတ် ဘုရားသခင်ကို ကျွန်မ ယုံကြည်ချင်တာလား။ ကျွန်မ ယုံကြည်မှုကို မရမကဆက်လုပ်လျှင်၊ သူ ကျွန်မနှင့် အငြင်းပွား၍သာ နေလိမ့်မည်။ ကျွန်မ အမျိုးသားကို ကျွန်နာခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်လျှင် သို့မဟုတ် စုဝေးပွဲများကို ကျွန်မ မသွားလျှင်၊ ယင်းက ဘုရားသခင်ကို သစ္စာဖောက်ခြင်းသဘော သက်ရောက်လိမ့်မည်ဖြစ်ပြီး ကျွန်မ အပြစ်ရှိသလို ခံစားရလိမ့်မည်။ သို့သော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်သောကြောင့် ကျွန်မ အမျိုးသားက ကျွန်မကို ချုပ်ထိန်းဖို့ အမြဲ ကြိုးလေသည်၊ ကျွန်မမှာ ထိုသို့သောဖိအားကို ကျွန်မ အပေါ် ခံစားရလေသည်။ မည်သည့်အချိန်တွင် ဤနာကျင်စရာဘဝက အဆုံးသတ်လိမ့်မည်နည်း။

စီစီပီ၏ ကောလဟလများက ကျွန်မ၏ မိသားစုကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့သည်

ကျွန်မ၏ နာကျင်မှုဖြင့်၊ ဘုရားသခင်ရှေ့မှောက်သို့ ကျွန်မ လာပြီး၊ “အို ဘုရားရှင်၊ ကျွန်မ အမျိုးသား၏ တားဆီးမှုကို ရင်ဆိုင်ရပြီး၊ ကျွန်မ အနည်းငယ် အားနည်းသလို ခံစားရပါတယ်၊ ပြီးတော့ ကျွန်မ ဘာလုပ်ရမလဲ မသိပါဘူး။ အို ဘုရားရှင်၊ ကျွန်မကို ဉာဏ်အလင်းပေးပြီး ဦးဆောင်လမ်းပြတော်မူပါ” ဟု ဆုတောင်းခဲ့သည်။ ဆုတောင်းပြီးနောက်တွင်၊ ကျမ်းစာထဲတွင် ရေးမှတ်ထားသည့် ကျမ်းချက်အချို့ကို ကျွန်မ တွေးမိခဲ့သည်၊ “မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ဓါးကို စေလွှတ်အံ့သောငှါ ငါလာသတည်း။ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှါ ငါလာသတည်း။ ကိုယ့်အိမ်သူအိမ်သားတို့သည်လည်း ကိုယ့်ရန်သူ ဖြစ်ကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၄-၃၆) သခင့်နှုတ်ကပတ်တော်များက အမှန်ဖြစ်လာခဲ့သည်- နောက်ဆုံးသောကာလတွင် သူ၏ အမှုတော်ကို ပြုလုပ်ဖို့ သခင်သည် မြေကြီးပေါ်သို့ ကြွလာခဲ့ပြီး ယုံကြည်သူများနှင့် မယုံကြည်သူများသည် အချင်းချင်း ရှားစောင်းနှင့် မျက်ချေးဖြစ်ကြလိမ့်မည်။ ဤဝိညာဉ်တိုက်ပွဲက ရှောင်လွဲမရသကဲ့သို့ ထင်ရပြီး ဘုရားသခင်ကို ကျွန်မ သက်သေခံချက်ထဲတွင် ခိုင်ခိုင်မာမာ ရပ်တည်ရမည်ဟု ကျွန်မ ဆုံးဖြတ်ခဲ့ပါသည်။

နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုခဲ့ပါသည်၊ “သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် အဆင့်အသီးသီးတွင်၊ လူသား၏ သက်သေခံချက်လည်း လိုအပ်ပေသည်။ လုပ်ဆောင်ချက် အဆင့်အသီးသီးသည် ဘုရားသခင်နှင့် စာတန်အကြား တိုက်ပွဲတစ်ခုဖြစ်ပြီး၊ တိုက်ပွဲ၏ ပစ်မှတ်မှာ စာတန် ဖြစ်သော်လည်း၊ ဤအမှုအားဖြင့် စုံလင်စေခြင်းခံရမည်မှာ လူသား ဖြစ်သည်။ ဘုရားသခင်၏ အမှုက အကျိုးဖြစ်ထွန်းသည်၊ မဖြစ်ထွန်းသည်မှာ ဘုရားသခင်အဖို့ လူ၏ သက်သေခံချက် နည်းဟန်အပေါ် မူတည်သည်။ ဤသက်သေခံချက်သည် သူ့နောက်လိုက်သူများနှင့်သက်ဆိုင်သည့် ဘုရားသခင် တောင်းဆိုသော အရာဖြစ်သည်။ ယင်းသည် စာတန်ရှေ့မှောက်တွင် ပြုလုပ်သည့် သက်သေခံချက ဖြစ်ပြီး၊ သူ၏ အမှု အကျိုးတရားနှင့်ဆိုင်သည့် သက်သေလည်း ဖြစ်သည်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ ဝိညာဉ်ရေးရာ စစ်ပွဲအတွင်းတွင် ကျွန်မတို့အတွက် ဘုရားသခင်၏ အလိုတော်မှာ သူ့ကို ကျွန်မတို့ သက်သေခံချက်ထဲတွင် ကျွန်မတို့ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ဖြစ်သည်၊ယင်းနည်းလမ်းဖြင့်သာ စာတန်ကို ကျွန်မတို့ အရှက်ရစေနိုင်သည့်အတွက် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်မကို တားဆီးဖို့ ကျွန်မ အမျိုးသား၏ ထပ်တလဲလဲ ကြိုးစားမှုများနောက်တွင်ရှိသည်မှာ စာတန်နှင့် ဘုရားသခင်အကြား အလောင်းအစားဖြစ်ပြီး၊ ကျွန်မအနေဖြင့် ငြိမ်းချမ်းသော ဘဝကို ရှာဖွေခြင်းအလို့ငှာ သူရဲဘောနည်း၍မရနိုင်သလို၊ ရုတ်သိမ်း၍လည်းမရနိုင်သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ယောဘက စာတန်အားဖြင့် မည်သို့ စုံးစမ်းခြင်းခံခဲ့ရသည်ကို ကျွန်မ တွေးမိခဲ့သည်- သူ့မိသားစု ပစ္စည်းဥစ္စာများအားလုံးနှင့် သူ့သားသမီးများကို ဆုံးရှုံးခဲ့ရပြီး၊ သူ ခန္ဓာကိုယ်တစ်ခုလုံးက အနာစိမ်းများဖြင့် ဖုံးလွှမ်းကာ သူသည် မခံမရပ်နိုင်အောင် နာကျင်မှု၌ ရှိခဲ့သည်၊ သို့တိုင် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သူ၏ ယုံကြည်မှုအပေါ် သူ မှီခိုခဲ့ပြီး ဘုရားသခင်ကို သက်သေခံခဲ့သည်။ ယောဘသည် ဘုရားသခင်၏ စိတ်နှလုံးဆီ နှစ်သိမ့်မှုကို ဆောင်ကျဉ်းခဲ့သည်။ ထိုအချိန်တွင်၊ ကျွန်မ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ရရှိခဲ့ပြီး တွေးခဲ့သည်- ဘုရားသခင်အတွက် သက်သေရပ်တည်ရာတွင် ယောဘ၏ ပုံသက်သေကို ကျွန်မ လိုက်ရမည်။ ကျွန်မ အမျိုးသားက ဤကဲ့သို့ ဆက်လုပ်လျှင်၊ ယင်းမှာ သူ၏ ရွေးချယ်မှုဖြစ်သည်၊ သို့သော် ကျွန်မ အနေဖြင့် အဆုံးထိ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ လိုက်လျှောက်မည်။ ထို့နောက်တွင် ကျွန်မ အမျိုးသားထံ၊ “ချစ်ရတဲ့ ကျွန်မ ယောက်ျားရေ။ ကျွန်မတို့ အိမ်မှာ ရှင်က အရာရာကို စီမံအုပ်ချုပ်နိုင်ပါတယ်၊ ဒါပေမယ့် ဘုရားသခင်ကို ကျွန်မ ယုံကြည်တာက ရှင်နဲ့မဆိုင်ပါဘူး။ ရှင်ဘာပဲ ရွေးချယ်ပါစေ ရှင့်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မ လေးစားမှာပါ” ဟု ပြောရင်း စာတိုတစ်စောင် ပို့ခဲ့သည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်မ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်ချလိုက်ချိန်တွင် ကျွန်မ ယောက်ျား၏ သဘောထားပြောင်းသွားမည်ကို ကျွန်မ လုံးဝ မစဉ်းစားမိခဲ့ပါ၊ ပြီးလျှင် သူသည် ကျွန်မနှင့် အရင်လို စကားမများတော့ပါ။

ကောလဟလများကို ထွင်းဖောက်ရှုမြင်ခြင်းနှင့် ပြတ်ပြတ်သားသား ဘုရားသခင်နောက်လိုက်ခြင်း

နောက်ပိုင်းတွင်၊ ကျွန်မက ကျွန်မ အမျိုးသားကို၊ “ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်မ ဘာအမှားတစ်ခုတစ်လေမှ မလုပ်ခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်ရာကနေ ကျွန်မကို တားဆီးဖို့ ကျွန်မကို ကွာရှင်းချင်တဲ့အထိအောင် ရှင့်ကို ဘာက အဆက်မပြတ် ကြိုးစားစေခဲ့တာလဲ” ဟု မေးခဲ့သည်။

ထို့နောက် ကျွန်မ အမျိုးသားက၊ “သင်းအုပ်ဆရာက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဆိုးတယ်လို့ ပြောတယ်လေ၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့လူတွေက သူတို့ မိသားစုတွေကို စွန့်ပစ်ကြတယ်လို့ အွန်လိုင်းပေါ်မှာ တစ်ယောက်ယောက်က ပြောထားတယ်။ ဒီတော့ ငါ ကွာရှင်းဖို့ မခြိမ်းခြောက်ရင်တောင် မင်း ငါတို့ကို ထားခဲ့ဦးမှာပဲလို့ ငါ ထင်ခဲ့တယ်” ဟု ပြောခဲ့သည်။

ကျွန်မ အမျိုးသားကို နားထောင်ရင်း၊ ကျွန်မ စိတ်နှလုံးထဲတွင် အားလုံး ရှင်းလင်းလာခဲ့သည်။ ကျွန်မအမျိုးသားသည် စီစီပီနှင့် ဘာသာရေး လောကက ဖြန့်သော ကောလဟလများအားဖြင့် စဉ်ဆက်မပြတ် လှည့်စားခံခဲ့ရပြီး၊ ဤအရာက ဘုရားသခင်ကို သစ္စာဖောက်ရန် ကျွန်မကို အကျပ်ကိုင်ဖို့ ကွာရှင်းခြင်းကို သူ အသုံးပြုသည်အထိ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်မကို တားဆီးဖို့ သူ့ကို ဆက်လက် ကြိုးစားနေစေခဲ့လေသည်။ နောက်ပိုင်းတွင်၊ ကျွန်မတို့ အသင်းတော်က ညီအစ်မတစ်ဦးက၊ “Massimo Introvigne၊ အပိုင်း ၂- အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင့်သည့် စီစီပီ၏ ကောလဟလများကို စိစစ်ချက်” ဟူသော ဗွီဒီယိုကို ကျွန်မ ကြည့်ဖို့ ပေးပို့ခဲ့သည်။ ဗွီဒီယိုထဲက Massimo Introvigne က စီစီပီအားဖြင့် ဖန်တီးသော အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း ကောလဟလများကို ဖော်ထုတ်သည်။ ညီအစ်ကို မောင်နှမများအားလုံးက သူတို့၏ မိသားစုများကို စွန့်ပစ်သည်မှာ မမှန်ကန်ပါ။ တရုတ်ကွန်မြူနစ်ပါတီ (စီစီပီ)၏ ရက်စက်သော ဖိနှိပ်မှုနှင့် နှိပ်ကွပ်မှုများကြောင့်၊ မရေတွက်နိုင်သည့် ခရစ်ယာန်များသည် သူတို့ အိမ်များကို စွန့်ခွာဖို့ အတင်းအကျပ်လုပ်ဆောင်ခံရသည်။ ခရစ်ယာန်များကို နှိပ်ကွပ်သည်မှာ စီစီပီဖြစ်သည်၊ ယင်းက သူတို့များစွာ၏ အိမ်များကို ပြိုကွဲစေခဲ့ပြီး အချို့မှာ အိမ်များဆီ မပြန်နိုင်ကြတော့ပါ။ မရေတွက်နိုင်သည့် ခရစ်ယာန်များ၏ အိမ်များကို ဖျက်ဆီးရာတွင် စီစီပီသည် တကယ့် လက်သည်ဖြစ်သည်။ ဗွီဒီယိုကို ကြည့်ရှုပြီးနောက်တွင်၊ ကျွန်မသည် စီစီပီ၏ ကောလဟလများကို ပို၍ပင် ကောင်းမွန်စွာ သိမြင်နိုင်ခဲ့သည်။ အမည်းကို အဖြူအဖြစ် စီစီပီက ကြေငြာပုံနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သိက္ခာချဖို့ ကောလဟလများကို ဖြန့်ခြင်းအားဖြင့် သူတို့၏ အပြုအမူများ အရှက်မဲ့လှပုံတို့ကို ကျွန်မ မြင်တွေ့ခဲ့သည်။ ပြီးလျှင် သင်းအုပ်ဆရာများနှင့် ဘာသာရေးလောက၏ အကြီးအကဲများသည် ဘုရားသခင်၏ အမှုတော်ကို အကြောင်းမဲ့သက်သက် ရှုတ်ချသည်အထိ စီစီပီ၏ ကောလဟလများကို ဖြန့်ဖြူးရင်းနှင့် ညီအစ်ကို မောင်နှမများကို နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံခြင်းမှ တားဆီးရင်း စီစီပီဘက်တွင် ရှိခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ကို အာခံသောသူများလည်း ဖြစ်ခဲ့ပြီး အလားတူ မုန်းတီးခံရမည့်သူများ ဖြစ်သည်။ ကျွန်မ အမျိုးသားက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်မကို တားဆီးဖို့ စဉ်ဆက်မပြတ် ကြိုးစားနေခဲ့သည်မှာ ဤကောလဟလများကြောင့် အတိအကျဖြစ်ပါသည်၊ အလွန်ကြိုးစားသည်မှာ ကျွန်မကို ကွာရှင်းဖို့ပင် သူ လိုချင်ခဲ့သည်- ဤကောလဟလများက ကျွန်မ မိသားစုကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။

ထို့နောက် အစ်မက၊ “စီစီပီက ဘုရားမဲ့ပါတီတစ်ခု၊ အာဏာရှင်ဖြစ်ပြီး၊ တစ်ပါတီ အုပ်ချုပ်ရေးစနစ်အောက်မှာ ရှိတယ်။ အဲဒါက ဘယ်သူ့ကိုမှ ဘုရားသခင်ကို ယုံကြည်ဖို့ အခွင့်မပေးသလို မတူကွဲပြားတဲ့ နိုင်ငံရေးအမြင်ရှိတဲ့ ဘယ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် ဘယ်အဖွဲ့ကိုမှ တည်ရှိခွင့် ပေးမှာမဟုတ်ဘူး။ လူတွေ သူ့ကို ကိုးကွယ်ဖို့နဲ့ သူ့နောက်လိုက်ဖို့ပဲ ခွင့်ပြုပြီး၊ ဘယ်မျိူးနွယ်စုကိုမဆို၊ သူ့ကို နာခံဖို့ ငြင်းတဲ့ ဘာသာရေး ယုံကြည်မှုရှိတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမဆို ဒါမှမဟုတ် ဘယ်အဖွဲ့ကိုမဆို ဖိနှိပ်ပြီး နှိပ်စက်ညှင်းပန်းတယ်။ အထူးသဖြင့် ဘာသာရေး ယုံကြည်မှုအတွက်၊ စီစီပီ အာဏာရလာကတည်းက၊ ခရစ်ယာန်တွေကို နှိပ်စက်ညှင်းပန်းတာ လုံးဝ ရပ်မသွားခဲ့ဘူး။ အဲဒါက ပရိုတက်စ်တင့်အယူဝါဒနဲ့ ကက်သလစ်ဝါဒကို အစွန်းရောက်ဂိုဏ်းတွေအဖြစ် ရှုတ်ချတယ်၊ မရေတွက်နိုင်တဲ့ ကျမ်းစာအုပ် မိတ္ထူတွေကို အစွန်းရောက်ဂိုဏ်းစာအုပ်အဖြစ် ရှုတ်ချပြီးတဲ့နောက် မီးရှို့တယ်၊ ပြီးတော့ ခရစ်ယာန်တွေကိုလည်း ထိတ်ထိတ်ပြာပြာ ဖိနှိပ်ပြီး နှိပ်စက်ညှင်းပန်းကြတယ်။ နောက်ဆုံးသော ကာလမှာ ဘုရားသခင် လူ့ဇာတိဖြစ်လာခဲ့ပြီး တရုတ်ပြည်မှာ အမှုပြုခဲ့ကတည်းက၊ စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်တွေကို ဖမ်းဆီးပြီး နှိပ်စက်ညှင်းပန်းခဲ့တယ်။ အဲဒါက တရုတ်ပြည်ကို ဘုရားမဲ့တိုင်ပြည်အဖြစ် ပြောင်းပြီး တရုတ်လူမျိုးတွေကို ထိန်းချုပ်ချင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေနဲ့ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို သက်သေခံတဲ့ ဗွီဒီယိုတွေနဲ့ ရုပ်ရှင်မျိုးစုံတွေဟာ မတူညီတဲ့ ဝက်ဘ်ဆိုက်တွေမှာ တင်ထားပြီးဖြစ်တာကို စီစီပီက မြင်ပြီးပြီ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို နားထောင်ပြီးတဲ့နောက်မှာ ပိုပိုများတဲ့လူတွေဟာ သိမ်းပိုက်ခံရတယ်၊ ပြီးတဲ့နောက် သူတို့က နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံကြပြီးပြီ။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်၊ လူသားမျိုးနွယ်က သမ္မာတရားကို နားလည်မယ်၊ သူ့ရဲ့ အကျည်းတန်တဲ့ မျက်နှာကို ထွင်းဖောက်မြင်ပြီး ငြင်းပယ်မှာကို စီစီပီက အစိုးရိမ်ဆုံးပဲ။ ဒါကြောင့်၊ သူ့ရဲ့ အာဏာရှင်ဆန်တဲ့ အစိုးရစနစ်ကို ထိန်းသိမ်းဖို့၊ စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပိုပြီး ရူးရူးသွပ်သွပ် နှိမ်နှင်းတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ဖို့၊ တိုက်ခိုက်ဖို့နဲ့ သိက္ခာချဖို့ သူတို့က ရုပ်မြင်သံကြားတွေ၊ ရေဒီယိုနဲ့ အင်တာနက် မီဒီယာတွေကို အသုံးပြုကြပြီးပြီ။ ဒါက သူ အသုံးချတဲ့ ကောက်ကျစ်စဉ်းလဲတဲ့နည်းလမ်းများစွာထဲက တစ်ခုပဲဖြစ်တယ်။ သူ့ရဲ့ ရည်မှန်းချက်က ကမ္ဘာလောကရဲ့ လူတွေအားလုံးကို လှည့်ဖြားဖို့၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လူတွေ နားလည်မှုလွဲအောင် လုပ်ဖို့၊ သူ့ဖက်မှာ ရှိစေဖို့နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို အာခံစေဖို့၊ ပြီးတော့ နောက်ဆုံးမှာ သူနဲ့အတူ ငရဲထဲကို ဆင်းသွားဖို့ဖြစ်ပါတယ်” ဟု ကျွန်မနှင့်အတူ မိတ်သဟာယပြုပေးသည်။ အစ်မ၏ မိတ်သဟာယကို ကြားပြီးနောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း ကောလဟလများကို လုပ်ကြံပြောဆိုဖို့ စီစီပီ၏စက်ဆုပ်စရာ ရည်ရွယ်ချက်အကြောင်းကို သိမြင်မှုအချို့ နောက်ဆုံးတွင် ကျွန်မ ရခဲ့သည်။ ပြီးလျှင် စီစီပီမှာ ဘုရားသခင်ကို အာခံပြီး မိမိကိုယ်ကိုယ် ဘုရားသခင်ကို ဆန့်ကျင်ရာတနတွင် ထားသည့် နတ်ဆိုးအုပ်စုတစ်ခု ဖြစ်သည်ကို ကျွန်မ မြင်ခဲ့ရသည်။ စီစီပီနှင့် ဘာသာရေး လောကတို့၏ စစ်မှန်သော မျက်နှာကို ရှင်းလင်းစွာ မြင်သည်နှင့်တပြိုင်နက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ဖို့ ကျွန်မ၏ ဆုံးဖြတ်ချက်က ပို၍ပင် အားကောင်းလာခဲ့သည်။ နောက်ပိုင်းရက်များတွင်၊ စုဝေးပွဲတစ်ခုတစ်လေကိုမျှ ကျွန်မ မလွတ်ခဲ့ပါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများ၏ မိတ်သဟာယများမှတဆင့်၊ ကျွန်မ စိတ်ဝိညာဉ်သည် တဖြည်းဖြည်း သန်မာလာခဲ့ပြီး၊ ကျွန်မသည် ကျွန်မ အမျိုးသား၏ ကန့်သတ်ချုပ်ချယ်မှုများကို နောက်ထပ် မခံရတော့ပါ။

အွန်လိုင်း ကောလဟလများအားဖြင့် ကျွန်မ အမျိုးသား လှည့်ဖြားခံရပြီး ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်မကို တားဆီးဖို့ ကြိုးစားခြင်းအားလုံးသည် ဝိညာဉ်ရေးရာ စစ်ပွဲတစ်ခုဖြစ်ခဲ့သည်ကို ဤအခြေအနေကို ကြုံတွေ့ရခြင်းက ကျွန်မအား မြင်စေခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ဤအခြေအနေမှတဆင့် ဘုရားသခင်သည် ကျွန်မ၏ ယုံကြည်ခြင်းကို စစ်ဆေးနေခဲ့ပြီး၊ ဤအရာက ဘုရားသခင်ကို လူသားမျိုးနွယ်၏ ဆန့်ကျင်အာခံခြင်းနှင့်ဆိုင်သော အမှန်တရားကို ပို၍ပင် မြင်တွေ့စေခဲ့သည်။ ယဇ်ပရောဟိတ် အကြီးအကဲများက သခင်ယေရှု၏ အမှုတော်ကို ငြင်းပယ်ပြီး ရှုတ်ချခဲ့သည်သာမက၊ သခင်ယေရှု ပြန်လည်ရှင်ပြန်ထမြောက်သောအခါ၊ သခင်ယေရှုအကြောင်း ကောလဟလဖန်တီးပြီး ကိုယ်တော်သည် ရှင်ပြန်မထမြောက်ခဲ့ပဲ၊ သူ၏ တပည့်တော်များက ယူဆောင်သွားခြင်းဖြစ်သည်ဟု ပြောဖို့ရန် စစ်သားများကို ငွေပေးခဲ့ကြသည့် လွန်ခဲ့သည့် အနှစ် ၂ဝဝဝ ကာလကို ဤအရာက ကျွန်မကို တွေးမိစေပါသည်။ ထိုကောလဟလများ၏ လွမ်းမိုးမှုကြောင့်၊ ယနေ့တွင် ဂျူးများသည် သခင်ယေရှုကို မေရှိယအဖြစ် လက်မခံကြသေးပါ။ ယခုတွင်၊ အွန်လိုင်းပေါ်က ကောလဟလများသည် လွန်ခဲ့သည့် နှစ် ၂၀၀၀ က သခင်ယေရှုအကြောင်း ယဇ်ပရောဟိတ် အကြီးအကဲများက ဖြန့်ခဲ့သည့် ကောလဟလများနှင့် တစ်ထေရာတည်းဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဖျက်ဆီးဖို့ရန် ဘာသာရေး ခေါင်းဆောင် အမျိုးမျိုးနှင့် စီစီပီ အစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း ကောလဟလများစွာကို ဖန်တီးကြသည်။ ဤကောလဟလများအားလုံးသည် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို အာခံသည့် ထိုရန်သူအင်အားစုများထံမှ ဖြစ်ကြပြီး ထိုအရာများအားလုံးသည် စာတန်၏ လိမ်လည်လှည့်စားမှုမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ သူတို့ ကိုယ်တိုင်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်ကြပါ၊ ပြီးလျှင် ဘုရားသခင်၏ ကြွလာခြင်းကို ပို၍ပင်များပြားသော လူများက ငြင်ပယ်ကြဖို့အလို့ငှာ ကောလဟလများကို သူတို့ ဖန်တီးကြသည်။ သူတို့သည် အထူးသဖြင့် ဘုရားသခင်၏ အမှုတော်ကို ကြားဖြတ်ပြီး နှောင့်ယှက်ဖို့ လာကြသည့် စာတန်၏ လက်ပါးစေများ ဖြစ်ကြသည်။ တစ်ချိန်တည်းတွင်၊ ဤကောလဟလများသည် စာတန်၏ မုသားများဖြစ်ကြပြီး အဆုံးသတ်တွင် သူတို့ မခံရပ်နိုင်သည်ကိုလည်း ကျွန်မ မြင်ခဲ့သည်။ ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သောသူအားလုံးသည် ဤကောလဟလများ၏ အတားအဆီးနှင့် နှောင့်ယှက်မှုတို့ကို ထိုးဖောက်ထွက်ကြပါလိမ့်မည်၊ ဘုရားသခင်၏ ခြေလှမ်းများကို အမှီလိုက်ပြီး ခေတ်သစ်ထဲသို့ ဘုရားသခင်အားဖြင့် ဦးဆောင်ခံရလိမ့်မည်ဖြစ်သည်။ ဤကောလဟလများက လုပ်နိုင်သမျှအားလုံးမှာ မြက်ခြောက်များကို တင်းတင်း ချည်နှောင်ခြင်း ဖြစ်ပြီး၊ ဂျုံစပါးတစ်စေ့ကိုပင် သူတို့ မချည်နှောင်နိုင်ကြပါ။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်၊ သူ၏ ဦးဆောင်လမ်းပြမှုအောက်တွင် ကောလဟလများနှင့် ဆိုင်သော သိမြင်မှုအချို့ကို ကျွန်မ ယခု ရရှိပြီဖြစ်သည်၊ တည်ကြည်ခိုင်မာသော ယုံကြည်ခြင်းဖြင့် အဆုံးထိတိုင် ဘုရားသခင်နောက်ကို ကျွန်မ လိုက်ပါမည်။ နောက်ပိုင်းတွင်၊ ဘုရားသခင်နောက်လိုက်ဖို့ အရာရာကို ကျွန်မ စွန့်သောအခါ၊ ကျွန်မ အမျိုးသားသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်ခြင်းနှင့်ပတ်သက်၍ နောက်ထပ် စိတ်မဝင်စားတော့ပါ။ ခပ်သိမ်းသော ဘုန်းအသရေ ဘုရားသခင် ပိုင်ဆိုင်ပါစေ။

အမှာစကား ချန်ခဲ့မည်