စာရင်း

ကျွန်မတို့၏ မတူညီသော ယုံကြည်မှုများကြောင့် ကျွန်မ မိသားစုက ကျွန်မကို ဆန့်ကျင်ခဲ့သည်

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုနေခဲ့ကြောင်း ကျွန်မခင်ပွန်း သိရှိခဲ့သည့် အချိန်တွင်၊ သူက “နင် အဲဒီစာအုပ်ကို မဖတ်ရဘူး။ အဲဒါကို ငါအဝေးမှာသိမ်းထားတာ၊ ပြီးတော့ နင်ဒီစာအုပ်ကို ထပ်ကြည့်ရင် နင်ဒီအိမ်ကထွက်သွားရမယ်” ဟု ဒေါသတကြီးဖြင့် ပြောခဲ့ပါသည်။

နောက်ဆုံးကာလ၌ ဘုရားသခင်ထုတ်ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များကို စတင်ဖတ်ရှုခဲ့စဉ် ကတည်းက၊ ကျွန်မ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့က ကျွန်မကို အမြဲတမ်း တားဆီးရန် ကြိုးစားနေခဲ့ကြပြီး၊ ဤသို့တားဆီးရန် ကြိုးစားခြင်းက ကျွန်မကို ကြီးမားစွာ နာကျင်စေခဲ့ပါသည်။ သို့သော်လည်း ယခုစာအုပ်တွင် ရေးသားထားသည်များမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ဖွင့်ဆိုချက်များဖြစ်သည်ကို ကျွန်မသေချာစွာ သိမြင်လာခဲ့ရပြီး ဖြစ်သည့်အပြင်၊ ဤစာအုပ်ကို ကျွန်မ မဖတ်ပဲ မနေနိုင်ခဲ့ပါ။ သို့သော်လည်း ကျွန်မ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့သည် ထိုတူညီသောအမြင် မရှိခဲ့ကြသောကြောင့်၊ ကျွန်မ မိသားစုတွင်းတွင် ယုံကြည်မှုနှင့်ဆိုင်သော ပဋိပက္ခတစ်ခု ပွင့်ထွက်လာခဲ့သည်။

ကျွန်မ၏ ဆွေမျိုးများထံသို့ အလည်သွားရန် တရုတ်ပြည်သို့ ပြန်သည့်အချိန်တွင်၊ ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်မှ အသင်းတော်ကို ပြောသည့် နှုတ်ကပတ်တော်များကို ရရှိခဲ့ပါသည်

ထိုအရာများအားလုံးသည် ကျွန်မ၏ ဆွေမျိုးများကို သွားရောက်လည်ပတ်ရန် တရုတ်ပြည်သို့ ပြန်သွားခဲ့ချိန်တွင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မ၏ ဆွေမျိုးများကို တွေ့ဆုံရန်အတွက် စပိန်နိုင်ငံမှ ပြန်လည်ခရီးနှင်ချိန်တွင်၊ ကျွန်မ ယောက်မဖြစ်သူသည် နောက်ဆုံးကာလမှ ဘုရားသခင်၏ အမှုတော် အကြောင်း ကျွန်မကို တရားဟောခဲ့ပြီး၊ စာအုပ်နှစ်အုပ် ပေးခဲ့ပါသည်။ တစ်အုပ်သည် နောက်ဆုံးကာလ၌ ထုတ်ဖော်ခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ “သိုးသငယ် ဖွင့်သည့် စာစောင်” ဖြစ်ပြီးလျှင်၊ နောက်တစ်အုပ်မှာ နိုင်ငံတော်၏ ဧဝံဂလိတရားအကြောင်း သက်သေခံချက်နှင့်သက်ဆိုင်သော အမေးအဖြေများ ဖြစ်ပါသည်။

ကျွန်မ စပိန်နိုင်ငံသို့ ပြန်ရောက်ပြီးနောက်ပိုင်းတွင်၊ ကျွန်မ၏ ခင်ပွန်း၊ သားဖြစ်သူတို့ နှင့် ကျွန်မတို့က ပုံမှန်အားဖြင့် အလွန်အလုပ်ရှုပ်လေ့ရှိသည့် ဘားဆိုင်ကို ဆက်လက်စီမံခန့်ခွဲခဲ့ကြသော်လည်း၊ ကျွန်မ အချိန်ရခဲ့သည့်အခါတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကမ္ဘာကို ဖန်ဆင်းခဲ့ချိန်ကတည်းက ဘုရားသခင် ပြုတော်မူခဲ့သမျှ အမှုတော်အားလုံး၏ အတွင်းကျကျ အသေးစိတ်များကို ဖော်ပြထားကြောင်း ကျွန်မ မြင်တွေ့ခဲ့ရုံသာမက၊ ၎င်းတို့သည် ကျွန်မတို့၏ မာနထောင်လွှားမှု နှင့် တစ်ကိုယ်ကောင်းဆန်မှု တို့ကဲ့သို့သော ကျွန်မတို့ ကိုယ်တွင်းမှ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကိုပါ မြင်သာစေသည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်ပြီး ကျွန်မတို့တွေးထင်ထားသည့် ကျွန်မတို့၏ မှားယွင်းသည့် အယူအဆများ နှင့် စိတ်ကူးများ ကိုပါ ဖော်ထုတ်ထားကြောင်းလည်း မြင်တွေ့ခဲ့ရပါသည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အပြစ်များကို ဖယ်ရှားရန် နှင့် ဘုရားသခင်၌ ကျွန်မတို့၏ ယုံကြည်မှုအားဖြင့် ကယ်တင်ခြင်းရရှိရန် စသည်တို့အတွက် လမ်းခရီးကို ကျွန်မတို့အား ဖော်ပြပါသည်။ ကျွန်မအနေဖြင့် ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်ထံမှလာသည်ဟု လည်းကောင်း၊ ဘုရားသခင်တစ်ပါးတည်းသာလျှင် ထိုသို့သော သြဇာအာဏာ နှင့် တန်ခိုးတော်တို့ဖြင့် နှုတ်ကပတ်တော်များကို ပြောကြားနိုင်မည်ဖြစ်သည်ဟု လည်းကောင်း ခံစားခဲ့ရပါသည်။ ကျွန်မသည် အလွန်တရာ တန်ဖိုးရှိသည့် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ခံစားရပြီးလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပို၍ ပို၍ စတင် ဆာငတ်လာခဲ့ပါသည်။ အချိန်ရဲ့တိုင်း ဘုရားသခင့်နှုတ်ကပတ်တော်များ ပါဝင်သည့် ကျွန်မ၏ စာအုပ်ကို ဖွင့်ကာ စတင်ဖတ်ရှုသည့်အပြင်၊ ကျွန်မ ထိုစာအုပ်ကို လုံးဝလက်ကမချလိုခဲ့ပါ။ အချိန်အတော်ကြာလာပြီးနောက်ပိုင်းတွင်၊ ကျွန်မ ဖြည်းဖြည်းချင်း နားလည်လာသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပေါ်ထွန်းလာခဲ့ပြီး ဖြစ်သည့်အပြင်၊ “လူသား”၏ ပုံသဏ္ဍာန်ဖြင့် သူ၏ နောက်ဆုံးကာလ အမှုတော်များကို ပြုနေခဲ့ကြောင်း၊ လူသားများကို စီရင်ရန်နှင့် သန့်စင်ရန် အတွက် သူ၏ အမှုတော်များကို ပြုနေခဲ့ကြောင်း စသည်တို့ဖြစ်ပါသည်။ ၎င်းသည် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များဖြစ်သော “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ယောဟန် ၅:၂၃) ဟူသည်တို့ကို ပြည့်စုံစေခဲ့ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု အမှန်ဧကန်ပင် ဖြစ်သည်ဟု ကျွန်မက သေချာလာခဲ့ပါသည်။ သခင်၌ ယုံကြည်လာသည်မှာ ၁၀နှစ်ကျော်ခဲ့ပြီဖြစ်သည့် အားလျော်စွာ၊ သခင် ၏ ပြန်ကြွတော်မူခြင်းကို ကျွန်မအမြဲတမ်း မျှော်လင့်ခဲ့ပါသည်။ ယခုအခါတွင် နောက်ဆုံး၌ ကျွန်မသည် သခင်ယေရှု၏ ပြန်ကြွတော်မူခြင်းကို ကြိုဆိုနေခဲ့ပြီ ဖြစ်ပြီး ကျွန်မသည် စိတ်လှုပ်ရှားမှု နှင့် ဝမ်းမြောက်ခြင်း နှစ်ခုလုံးကို ခံစားခဲ့ရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာအလွန်တရာ ရရှိသည်ဟု ခံစားခဲ့ရပါသည်။

ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် သမ္မာကျမ်းစာကို မည်သို့ချဉ်းကပ်မည်နည်း။

တစ်နေ့တွင် ကျွန်မသည် ဘားဆိုင်အတွင်း၌ ကျွန်မ၏ စာအုပ်ဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေခဲ့ပြီးလျှင်၊ စားသုံးသူများ ဝင်လာသည်ကို မြင်သည့်အချိန်တွင်၊ ကျွန်မသည် ်ကောင်တာပေါ်တွင် စာအုပ်ကို ချထားလိုက်ပြီး၊ ၎င်းတို့ကို ဆီးကြိုနှုတ်ဆက်ရန် သွားခဲ့ပါသည်။ စားသုံးသူများ ပြန်ထွက်သွားပြီးနောက်တွင်၊ ကျွန်မ နောက်သို့လှည့်လိုက်ကာ၊ ကျွန်မ၏သားက ထိုစာအုပ်ကို ဖတ်ရှုနေသည်ကို တွေ့မြင်ခဲ့ရပါသည်။ ကျွန်မသားကို နောက်ဆုံးကာလ ဘုရားသခင်၏ အမှုတော်များအကြောင်း အမှန်တကယ် သက်သေခံလိုသည့်အားလျော်စွာ ၎င်းကို မြင်ရသည်မှာ ကျွန်မ အလွန်ပင် ပျော်ရွှင်ခဲ့ပါသည်။ သို့သော်လည်း သမ္မာတရားနှင့် ပတ်သက်သည့် ကျွန်မ၏ နားလည်သဘောပေါက်မှု အလွန်နည်းပါးခဲ့သောကြောင့်၊ သူ့ကို မည်သို့ ရှင်းပြရမည်ကို ကျွန်မ မသိခဲ့ပါ၊ ထို့ကြောင့် သူ့အနေဖြင့် ဖတ်ရှုပြီး၊ မိမိဖာသာ ၎င်းကို နားလည်သဘောပေါက်နိုင်ပါက ပိုကောင်းမည်ဟု ကျွန်မထင်မြင်ခဲ့ပါသည်။ ကျွန်မ၏ သားဖြစ်သူထံသို့ ရွှင်လန်းစွာဖြင့် ကျွန်မ လျှောက်သွားခဲ့သော်လည်း၊ ကျွန်မ စကားတစ်လုံးမျှ မပြောနိုင်မီ၊ ကျွန်မသားက ကျွန်မကို ရုပ်တည်ဖြင့်ကြည့်ကာ “အမေ ဘာဖြစ်လို့ ဒီစာအုပ်ကို ဖတ်ရတာလဲ။ ဒီစာအုပ်ထဲက စကားတွေက ဘုရားသခင်က ထုတ်ဖော်ပြတာလို့ ဒီစာအုပ်က ပြောထားတယ်။ ဒါပေမယ့် ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သမ္မာကျမ်းစာထဲက စာတွေပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်တယ်လေ” ဟု ပြောခဲ့ပါသည်။

ကျွန်မသားကို ကျွန်မက “သခင်ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင်၊ နောက်ဆုံးကာလရဲ့ ခရစ်တော်အဖြစ်နဲ့ ပြန်ကြွလာခဲ့ပြီ။ သားလက်ထဲက ကိုင်ထားတဲ့ စာအုပ်ထဲမှာ နောက်ဆုံးကာလမှာ ဘုရားသခင် ကိုယ်တော်တိုင် ဖော်ပြခဲ့တဲ့ နှုတ်ကပတ်တော်တွေ ပါတယ်။ ပြီးတော့ အဲဒါက ဗျာဒိတ်ကျမ်းထဲမှာ ပရောဖက်ပြုထားခဲ့တဲ့အတိုင်း သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်တွေကို ပြောခဲ့တဲ့ နှုတ်ကပတ်တော် တွေ ဖြစ်တယ်” ဟု စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြခဲ့ပါသည်။

ဤသို့ပြောပြီးသည့်အချိန်တွင်၊ ကျွန်မသားသည် ကျွန်မနှင့် ပတ်သက်၍ ဒေါသထွက်လာပြီးလျှင် “အမေက သခင့်ကို ယုံကြည်တယ်ဆိုရင်၊ အမေသမ္မာကျမ်းစာကို ဖတ်ရမယ်လေ။ ဒါဆိုရင် အမေက ဘာဖြစ်လို့ သမ္မာကျမ်းစာကို မဖတ်ရတာလဲ” ဟု ပြောခဲ့သည်။

ကျွန်မခင်ပွန်းက ကျွန်မတို့ စကားစမြည်ပြောခြင်းကို ကြားသွားကာ၊ “နင် တစ်ခုခုကို ဖတ်ရမှဖြစ်မယ်ဆိုရင်၊ သမ္မာကျမ်းစာဖတ်ပါ။ သမ္မာကျမ်းစာက တကယ်ကို ကောင်းတဲ့စာအုပ်တစ်အုပ်ပါ။ ဒါကို နင်က မဖတ်ဘူးဆိုရင် တခြားဘယ်စာအုပ်တွေကို ဖတ်မှာလဲ” ဟု ပြောကာ အကြံပေးခဲ့ပါသည်။

ကျွန်မ၏ ခင်ပွန်းနှင့် သားဖြစ်သူ နှစ်ဦးလုံးတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကို ဆန့်ကျင်နေခဲ့ကြပြီးလျှင်၊ ၎င်းမှာ ကျွန်မ အမှန်တကယ်ပင် မမျှော်လင့်ခဲ့သည့် အရာဖြစ်ပါသည်။ ၎င်းတို့ ပြောဆိုနေသည့် အရာများသည် မှားယွင်းနေကြောင်းကို ကျွန်မသိရှိခဲ့ပြီး၊ ထိုအကြောင်းကို ၎င်းတို့နှင့် ကျွန်မ ဆွေးနွေးလိုခဲ့သော်လည်း၊ ကျွန်မသည် သမ္မာတရားအကြောင်း အင်မတန်နည်းပါးစွာသာ နားလည်ခဲ့ပြီးလျှင်၊ ကျွန်မအနေဖြင့် ရှင်းလင်းပြတ်သားစွာ ရှင်းပြနိုင်ခဲ့ခြင်း မရှိခဲ့သောကြောင့်၊ ကျွန်မသည် ရှောင်ထွက်သွားကာ၊ အခြားအရာများဖြင့် မိမိဖာသာ အလုပ်ရှုပ်နေခဲ့မိပါသည်။

တစ်နေ့တွင် ကျွန်မ၏ ဝိညာဉ်ရေးရာ ဝတ်ပြုဆုတောင်းခြင်း အချိန်အတွင်း ကျွန်မသည် နိုင်ငံတော်၏ ဧဝံဂလိတရားအကြောင်း သက်သေခံချက်နှင့်သက်ဆိုင်သော အမေးအဖြေများ ၌ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာကျမ်းစာကို မဖတ်ရခြင်း အကြောင်းအရင်းနှင့် ပတ်သက်သည့် မေးခွန်းတစ်ခုကို ဖြေဆိုထားသော အဖြေကို ဖတ်ရှုခဲ့ရပါသည်။ “နှစ်ပေါင်းများစွာအတွင်း၊ ယေရှုကို ယုံကြည်သည့် ညီအစ်ကိုမောင်နှမတိုင်းသည် သမ္မာကျမ်းစာကို ဖတ်ခဲ့ကြပြီးလျှင်၊ နှစ်များစွာ တရွေ့ရွေ့ကုန်လွန် လာသည့်အားလျော်စွာ- သမ္မာကျမ်းစာသည် ဘုရားသခင်၌ ယုံကြည်သူများအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ သင့်အနေဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုရမည်ဖြစ်ပြီးလျှင်၊ သင်သည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်း မရှိပါက၊ သင့်အနေဖြင့် ဘုရားသခင်ကို မယုံကြည်ခြင်း ဖြစ်ရမည်။ ဆိုသည့် ခံယူချက်သည် ၎င်းတို့၏နှလုံးသားများအားလုံးတွင် တည်ရှိလာခဲ့ပါသည်။ သို့သော်လည်း ထိုအမြင်သည် သမ္မာတရားနှင့် အမှန်တကယ်ပင် ကိုက်ညီမှု ရှိပါသလား။ စစ်မှန်သည့် အချက်အလက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် သူ၏ အမှုတော်အသစ်ကို မစတင်မီက၊ လူများသည် သမ္မာကျမ်းစာကို ဖတ်ရှုခဲ့ကြရပါသည်။ အကြောင်းမှာ သမ္မာကျမ်းစာတွင် အတိတ်မှ ဘုရားသခင်၏ အမှုတော် အဆင့်နှစ်ဆင့် နှင့် အတိတ်မှ ကမ္ဘာလောက၏ ခေတ်ကာလနှစ်ခုအတွင်း လူသားများအပေါ် ဘုရားသခင်၏ အလိုတော် နှင့် သတ်မှတ်ချက်များကိုလည်းကောင်း၊ နောက်ဆုံးကာလ၌ ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သည့် ပရောဖက်ပြုခြင်းများကိုလည်းကောင်း မှတ်တမ်းတင်ထားသောကြောင့်ပင် ဖြစ်ပါသည်။ သမ္မာကျမ်းစာကို မဖတ်ရှုပါက၊ ၎င်းတို့သည် တရားခေတ်နှင့် ကျေးဇူးတော်ခေတ်၌ လူသားများအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို သိရှိနိုင်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ အလိုတော်ကိုလည်း နားလည်နိုင်စွမ်းရှိမည် မဟုတ်ပါ။ ထို့ကြောင့် နောက်ဆုံးကာလတွင် ဘုရားသခင်သည် သူ၏ အမှုတော်အသစ်ကို မစတင်ခဲ့မီ၊ လူများသည်သမ္မာကျမ်းစာကို ဖတ်ရှုခဲ့ကြရသည့်အပြင်၊ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့ကြရပါသည်။ သို့သော်လည်း ယခုအခါတွင် ခေတ်များပြောင်းလဲလာခဲ့ပြီး၊ ဘုရားသခင်သည်လည်း သူ၏ အမှုတော်အသစ်ကို စတင်ခဲ့ပြီ ဖြစ်သောကြောင့်၊ လူများသည် ဘုရားသခင်၏ ယခုလက်ရှိ အမှုတော်ကို လိုက်နာရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခုလက်ရှိ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ဘုရားသခင်၏ ယခုလက်ရှိ အလိုတော် နှင့် သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ ဤနည်းအားဖြင့်သာလျှင် လူများသည် သိုးသငယ်၏ ခြေလှမ်းများနောက် လိုက်လျှောက်နိုင်မည်ဖြစ်သည်။အနန္တတန်ခိုးရှင် ဘုရားသခင်က- ‘ပိုမြင့်မားသည့် လမ်းခရီး ရှိနေသောကြောင့်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးကို အဘယ့်ကြောင့် လေ့လာနေသနည်း။ ပိုသစ်သည့် မိန့်မြွက်ချက်များနှင့် ပိုသစ်သည့်အမှု ရှိနေလျှင်၊ သမိုင်းမှတ်တမ်း အဟောင်းများအကြားတွင် အဘယ့်ကြောင့် နေထိုင်နေသေးသနည်း။ မိန့်ကြားချက် အသစ်များက သင့်ကို ပံ့ပိုးပေးနိုင်သည်၊ ဤအချက်က ယင်းသည် အမှုသစ် ဖြစ်ကြောင်းကို သက်သေပြနေသည်၊ မှတ်တမ်းအဟောင်းများက သင့်ကိုဆန္ဒ ပြည့်ဝစေနိုင်ခြင်း၊ သင်၏လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည့်းပေးနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် သမိုင်းဖြစ်ပြီး ယခုအချိန် ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေပြနေသည်။ အမြင့်ဆုံးလမ်းခရီးသည် အသစ်ဆုံးအမှုဖြစ်ပြီး၊ အမှုသစ်နှင့်ဆိုလျှင် အတိတ်က လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူတို့၏ ပြန်ပြောင်းဆင်ခြင် သုံးသပ်ချက်များ၏ သမိုင်းဖြစ်နေဆဲ ဖြစ်ပြီး၊ ရည်ညွှန်း ပြောဆိုချက်အဖြစ် ၎င်း၏တန်ဖိုးမှာ မည်သို့ပင်ရှိပါစေ၊ ယင်းသည် လမ်းခရီးဟောင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းခရီးဟောင်းသည် သမိုင်းဖြစ်သည်၊ “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေ၏။ ၎င်းလမ်းခရီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ သင့်ကို ကယ်တင်နိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲနိုင်သည်။...ယနေ့တွင် သင်သည် သမ္မာကျမ်းစာကို ဖတ်ရန် မလိုအပ်တော့ပေ၊ ၎င်းထဲတွင် အသစ်ဟူ၍ ဘာမျှ မရှိသောကြောင့် ဖြစ်သည်။ အားလုံးသည် အဟောင်းပင် ဖြစ်သည်။ သမ္မာကျမ်းစာသည် သမိုင်းအခြေခံသော စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်း ခေတ်က သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့ပါက၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏အမှု၌ ကျင့်သုံးခဲ့လျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန်အတွက် ပေါင်းစည်းကာ လက်တွေ့လုပ်ဆောင်မည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်၌ နောက်ကျနေခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်လျှင်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူ ဖြစ်သည်။’ ဟု မိန့်တော်မူခဲ့ပါသည်။ ကျွန်မတို့သည် ဘုရားသခင်၌ ယုံကြည်ပါက၊ ဘုရားသခင့် အမှုတော်၏ ခြေလှမ်းများနောက် လိုက်လျှောက်ရပါမည်။ ဘုရားသခင်သည် သူ၏ အမှုတော်အသစ်များကို ပြုခြင်းကိုလည်းကောင်း၊ နှုတ်ကပတ်တော် အသစ်များကို ထုတ်ဖော်ပြခြင်းကို လည်းကောင်း နှစ်ခုလုံးကို ပြုတော်မူပြီး ကျွန်မတို့သည်လည်း နှုတ်ကပတ်တော် အဟောင်းများကို လက်လွှတ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အသစ်များကို စားသောက်ပြီး မွေ့ပျော်သင့်ပါသည်။”

ဤအဖြေကို ဖတ်ရှုပြီးနောက်တွင်၊ သမ္မာကျမ်းစာသည် ဘုရားသခင် ဆောင်ရွက်တော်မူခဲ့သည့် ယခင် အမှုတော် အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ကြောင်း ပိုမိုနားလည်လာခဲ့ပါသည်။ ယခုအခါတွင် ကျွန်မတို့သည် နိုင်ငံတော်ခေတ်တွင် ရှိနေပြီးလျှင်၊ ဘုရားသခင်သည် ခေတ်ကာလအသစ်နှင့်ဆိုင်သော သူ့နှုတ်ကပတ်တော်များကို ထုတ်ဖော်ပြနေကာ၊ လူများကို စီရင်ရန်နှင့် သန့်စင်ရန်တို့အတွက် နောက်ဆုံးကာလ သူ၏ အမှုတော်ကို ပြုနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့သည်လည်း သမ္မာကျမ်းစာမှ ခွဲထွက်ပြီးလျှင်၊ ဘုရားသခင်၏ ယခုလက်ရှိအကျဆုံး နှုတ်ကပတ်တော်များကို ဖတ်ရှုရမည် ဖြစ်ကာ၊ ဤသို့ပြုလုပ်ခြင်းဖြင့်သာလျှင် ကျွန်မတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိနိုင်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် သခင်ယေရှုသည် သူ၏ အမှုတော်ကိုပြုရန်အတွက် လာရောက်ပြီးနောက်ပိုင်းတွင်၊ သူ့နောက်လိုက်သူများသည် သူ၏ ဒေသနာတော်များကို စတင်နားထောင်လာကြပြီး၊ သူ၏နှုတ်ကပတ်တော်များအတိုင်း စတင် ကျင့်ကြံအားထုတ်ခဲ့ကြပါသည်။ ဤသို့ပြုခြင်းဖြင့် ၎င်းတို့သည် သိုးသငယ်၏ ခြေလှမ်းများကို လိုက်လျှောက်နေခဲ့ကြခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်အတိုင်း လိုက်လျောညီထွေ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ကျွန်မ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့ထံမှ အတားအဆီး အနှောင့်အယှက်များကြောင့် ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား ရပ်တန့်ခဲ့ပါက၊ ကျွန်မသည် ကယ်တင်ခြင်း ရရှိရန် ကျွန်မ၏ အခွင့်အရေးကိုသာဆုံးရှုံးရမည် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းကို မစွန့်လွှတ်နိုင်သလို အနန္တတန်ခိုးရှင်ဘုရားသခင်ကို နောက်လိုက်ခြင်းကိုလည်း မစွန့်လွှတ်လိုက်နိုင်ခဲ့ပါ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းမှ ကျွန်မကို တားဆီးရန် ကျွန်မမိသားစု ကြိုးစားခြင်း၏ နောက်ကွယ်တွင် ရှသောအရာ

တစ်နေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော ကျွန်မ၏စာအုပ်ကို ရှာမတွေ့နိုင်ခဲ့ပါ။ ကျွန်မသည် အိမ်ထဲတွင် နေရာအနှံ့ရှာဖွေခဲ့သော်လည်း ၎င်းကို ရှာမတွေ့နိုင်ခဲ့ပြီးနောက်၊ ကျွန်မ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့က ထိုစာအုပ်ကို ယူထားခဲ့ကြောင်း သတိပြုမိလာခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မခင်ပွန်းအား ထိုစာအုပ်ကို တောင်းခဲ့သော်လည်း၊ ၎င်းက “နင် အဲဒီစာအုပ်ကို ဖတ်ရမှာမဟုတ်ဘူးလေ။ အဲဒါကို ငါ သိမ်းထားလိုက်ပြီ၊ ပြီးတော နင်ဒီစာအုပ်ကို ထပ်ကြည့်ရင်၊ ဒီအိမ်ကနေ ထွက်သွားရမယ်” ဟု ဒေါသတကြီးဖြင့် ဆိုခဲ့ပါသည်။ ကျွန်မခင်ပွန်းသည် ထိုသို့သော တင်းမာသော စိတ်နေသဘောထားမျိုး ရှိသည်ကို ကြည့်ကာ၊ ၎င်းကို စာအုပ်အတွက် ထပ်မံ မတောင်းဝံ့ခဲ့ပါ။ များမကြာမီတွင် ကျွန်မသားဖြစ်သူသည် ကျွန်မ ဝှက်ထားခဲ့သည့် တစ်ခုတည်းသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်ကို ရှာတွေ့ခဲ့ပြန်သည်။ ၎င်းသည် ကျွန်မအား ထိုစာအုပ်ကို ပေးဖတ်ရန် ငြင်းဆန်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားခဲ့သည့်အပြင်၊ ဒေါသထွက်လာခဲ့ပါသည်။ ကျွန်မခင်ပွန်း သိရှိပြီးနောက်တွင်၊ ဤအကြောင်းအား သူ့ကို မပြောပြသောကြောင့် ကျွန်မကို ဆူပူခဲ့ပြီးလျှင်၊ ကျွန်မတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်ကို ဒေါသဖြင့် ယူဆောင်သွားခဲ့ပါသည်။ ဤမိသားစုကို ပြုစုစောင့်ရှောက်ရန်အတွက် ကျွန်မ၏ ဘဝအများစုကို မည်သို့ကုန်ဆုံးခဲ့ရကြောင်း၊ ပြီးနောက် ယခုကျွန်မ၏ နောက်ပိုင်းနှစ်များတွင် ကျွန်မသည် သခင်ပြန်ကြွလာမည့်အရေးကို နောက်ဆုံး မည်သို့ ကြိုဆိုနေခဲ့ကြောင်းအပြင်၊ ဘုရားသခင်ကို စိတ်အားထက်သန်စွာဖြင့် လိုက်နာလိုခြင်းသာ ရှိသော်လည်း၊ ကျွန်မနှင့် အနီးကပ်ဆုံးလူများ၏ ထပ်ခါ ထပ်ခါ ဟန့်တားပိတ်ပင်ခြင်းကို ကြုံတွေ့ရကြောင်း စသည်တို့ကို တွေးတောနေရင်းဖြင့် ကျွန်မသည် အလွန်နာကျင်စွာ ခံစားရကာ၊ ထိုညတစ်ညလုံး ငိုယိုခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်မသည် မိမိခင်ပွန်းအား ကျွန်မ၏ ဘုရားသခင့်နှုတ်ကပတ်တော်များ စာအုပ်ကို ထပ်တောင်းခဲ့သော်လည်း၊ သူသည် တစ်စက်မျှပင် မပြောင်းလဲခဲ့သေးပါ။ ဖတ်ရှုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိပဲနှင့်၊ ကျွန်မနှလုံးသားသည် ဟောင်းလောင်းပေါက်ဖြစ်နေသလို ခံစားရပြီးလျှင်၊ လစ်ဟာနေခဲ့ကာ၊ ခြောက်ကပ်နေခဲ့သည့်အပြင်၊ အလုပ်လုပ်ရန်ပင် ကျွန်မ စိတ်မပါခဲ့ပါ။ ကျွန်မ၏ နာကျင်မှု၌ ကျွန်မသည် နေ့စဉ် ဘုရားသခင်ကို ဆုတောင်းရန်သာ တတ်နိုင်ပြီး၊ ကျွန်မခင်ပွန်းက ကျွန်မ၏ စာအုပ်များကို ပြန်ပေးရန် မျှော်လင့်မိသလို ဤစပိန်နိုင်ငံမှ ညီအစ်ကိုမောင်နှမများနှင့် ဆက်သွယ်မိရန်လည်း မျှော်လင့်နေမိပါသည်။

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ပင်၊ နောက်ပိုင်းတွင် ကျွန်မသည် တရုတ်ပြည်မှ ကျွန်မ၏ ယောက်မဖြစ်သူကို ဖုန်းခေါ်ဆိုခဲ့ကာ၊ စပိန်နိုင်ငံမှ ညီအစ်ကိုမောင်နှမများဖြင့် ကျွန်မကို ကူညီဆက်သွယ်ပေးပါရန် တောင်းဆိုခဲ့ပြီး၊ မကြာမီပင် ၎င်းတို့သည် ကျွန်မကို ရှာတွေ့နိုင်ခဲ့ကြပါသည်။ အသင်းတော်မှ အစ်မတစ်ယောက်ကို မြင်ရသည်မှာ ကျွန်မသည် အလွန်ပျော်ရွှင် ခံစားခဲ့ရပြီး၊ မိသားစုဝင် တစ်ဦးကို ကျွန်မ တွေ့မြင်နေခဲ့ရသကဲ့သို့ပင် ဖြစ်ပါသည်။ ကျွန်မသည် သူမအား ကျွန်မ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့က ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကို မည်သို့ ဟန့်တားပိတ်ပင်နေခဲ့ကြကြောင်းကို ပြောပြပြီးလျှင်၊ ၎င်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ စာပိုဒ်နှစ်ပိုဒ်ကို ကျွန်မကို ဖတ်ပြခဲ့ပါသည်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။” “ယောဘသည် စာတန်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားခဲ့ရသော်လည်း၊ သူသည် ယေဟောဝါဘုရားသခင်၏ နာမကို မစွန့်ပစ်ခဲ့သေးပေ။ လူ၏ မျက်စိတွင် မြင်နိုင်သည့် ပုံစံဖြင့် စာတန်၏ အခန်းကဏ္ဍကို လုပ်ဆောင်ရင်း၊ ပထမဦးစွာ ထွက်လာပြီး တိုက်ခိုက်ခဲ့သူမှာ သူ၏ ဇနီး ဖြစ်ခဲ့သည်။ မူရင်းစာသားက ဤသို့ ဖော်ပြထားသည်- ‘ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။’ (ယောဘ ၂:၉) ဤအရာများသည် စာတန်သည် လူသားယောင်ဆောင်၍ ပြောခဲ့သော စကားများ ဖြစ်သည်။ ၎င်းတို့မှာ တိုက်ခိုက်မှု၊ စွပ်စွဲမှုအပြင် သိမ်းသွင်းမှု၊ စုံစမ်းနှောင့်ယှက်ခြင်းနှင့် အသရေဖျက်မှုတို့ ဖြစ်သည်။

ထိုအစ်မသည် ကျွန်မကို မိတ်သဟာယပြုပေးရင်းဖြင့် “ဘုရားသခင်က လူသားတွေကို ကယ်တင်ဖို့ လာတယ်၊ ပြီးတော့ စာတန်ကတော့ ငါတို့ကို တတ်နိုင်သမျှ ဒုက္ခပေးနှောင့်ယှက်ဖို့နဲ့ ငါတို့ ဘုရားသခင် ရှေ့ကို လာကြပြီး သူ့ကယ်တင်ခြင်း ရရှိတာကို တားဆီးဖို့တို့အတွက်ဆိုရင် ဘာကိုမဆို လုပ်ချင်တယ်။ အခုအချိန်မှာ နင့် ခင်ပွန်းနဲ့ သားတို့က နင့်အနေနဲ့ ဘုရားသခင်မှာ ယုံကြည်မှုရှိဖို့ ခွင့်မပေးလို့ ဒီအရာတွေက နင့်ဆီမှာ လာဖြစ်ပျက်နေတယ်လို့ အပြင်ပန်းကြည့်ရင် ထင်ရပေမယ့်လည်း၊ ဒီအဖြစ်အပျက်တွေ နောက်ကွယ်မှာက ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခု အမှန်တကယ် ဖြစ်ပျက်နေတယ်။ စာတန်က နင့်ကို နင့်မိသားစုရဲ့ ဟန့်တားပိတ်ပင်မှုတွေကို ဆန့်ကျင်ပြီး ဘုရားသခင်ကို သစ္စာစောင့်သိစွာနဲ့ဆက်ပြီး နောက်လိုက်နိုင် မလိုက်နိုင်ဆိုတာကို ကြည့်ဖို့အတွက် ဘုရားသခင်နဲ့ အလောင်းကစားတစ်ခု ပြုလုပ်နေတာဖြစ်တယ်။ ဒါက ဘာနဲ့တူလဲဆိုတော့ ယောဘအပေါ် စုံစမ်းနှောင့်ယှက်မှု ကျရောက်ပြီး၊ သူ့ဇနီးက စာတန်ရဲ့ အခန်းကဏ္ဍမှာ ဝင်ပါပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းကနေ ယောဘကို ရပ်တန့်သွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ယောဘကို တိုက်ခိုက်၊ ဖျားယောင်းသွေးဆောင်တဲ့အပြင် စုံစမ်းနှောင့်ယှက်တဲ့ အချိန်မျိုးနဲ့ တူနေတယ်လေ။ နင့်ခင်ပွန်းနဲ့ နင့်သားတို့က နင့်ကို ဒီစာအုပ်တွေကို ပေးမဖတ်ဘူး၊ ပြီးတော့ ဒီလိုလုပ်တဲ့အတွက်ကြောင့် သူတို့တွေက စာတန်ရဲ့ အခန်းကဏ္ဍကို ဝင်ကနေတာ ဖြစ်တယ်။ ဒီလို ဟန့်တားပိတ်ပင်တဲ့ နည်းလမ်းတွေနဲ့ စာတန်က နင့်ကို ဘုရားသခင့် နှုတ်ကပတ်တော်ရဲ့ အထောက်အပံ့ကို ဆုံးရှုံးသွားပြီး၊ နင့်ယုံကြည်မှု ဖြည်းဖြည်းချင်း လျော့ပါးသွားအောင်၊ နင်က ဘုရားသခင်ကို ရှောင်ကြဉ်လာအောင် နဲ့ နောက်ဆုံးမှာ နင့်အနေနဲ့ ရရှိမယ့် ကယ်တင်ခြင်းခံရခွင့်ကိုလည်း ဆုံးရှုံးစေလိုတာဖြစ်တယ်။ ငါတို့တွေက ဝိညာဉ်ရေးလောကထဲက တိုက်ပွဲအကြောင်း နှံ့စပ်နေအောင် နားလည်သဘောပေါက်ခြင်းရှိရမယ့်အပြင်၊ စာတန်ရဲ့ စဉ်းလဲတဲ့ အကြံအစည် တွေကို ထိုးဖောက်မြင်ရမယ်။ ငါတို့တွေ ဘုရားသခင်မှာ ယုံကြည်မှုလည်း ရှိရမယ့်အပြင်၊ ဘယ်လို ဘေးဖြစ်စေတဲ့ အခြေအနေတွေထဲမှာ ကိုယ့်ကိုကိုယ် တွေ့နေရပါစေ၊ ငါတို့အနေနဲ့ ဘုရားသခင်ကို အမြဲတမ်း သက်သေရပ်တည်ပြီး၊ ကျေနပ်စေရမှာဖြစ်တယ်။ ဒီနည်းနဲ့သာလျှင် စာတန်ကို အရှက်ရစေမှာ ဖြစ်တဲ့အတွက် ကြောင့်ပဲ” ဟု ပြောပါသည်။

ထိုညီအစ်၏ မိတ်သဟာယပြုခြင်းကြောင့် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကို ဟန့်တားပိတ်ပင်ရန် ကျွန်မ မိသားစု၏ ကြိုးစားမှု နောက်ကွယ်၌ ကျွန်မသည် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ ကျွန်မ ခင်ပွန်းနှင့် သားဖြစ်သူတို့အားဖြင့် ထိန်းချုပ်ခံရခြင်း ရှိမရှိကိုလည်းကောင်း၊ ပြီးလျှင် ဘုရားသခင်နောက်ဆက်လက် လိုက်လျှောက်ခြင်း ရှိမရှိကိုလည်းကောင်း စသည်တို့ကို ကြည့်ရန် ဝိညာဉ်လောကတွင် တိုက်ပွဲတစ်ခုဖြစ်ပေါ်နေကြောင်း နားလည်သဘောပေါက် စေခဲ့ပါသည်။ ဤသို့ သတိပြုမိလာခြင်းဖြင့်၊ ကျွန်မသည် တိတ်ဆိတ်စွာဖြင့် “ငါ့အနေနဲ့ စာတန်ရဲ့ စဉ်းလဲတဲ့ အကြံအစည်တွေကို ထိုးဖောက်တွေ့မြင်ပြီးတော့ ဘုရားသခင်အတွက် သက်သေရပ်တည်ရမယ်” ဟု ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါသည်။ ထို့နောက်တွင် ထိုအစ်မသည် ကျွန်မကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်တစ်အုပ်ကို ပေးခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်ကို တစ်ဖန်ဖတ်ရှုရန် ရရှိလာခဲ့သောကြောင့် အလွန်ပျော်ရွှင်ခဲ့ရသည့်အပြင်၊ ကျွန်မ၏ နှလုံးသားသည်လည်း ဘုရားသခင်ကို ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

ကျွန်မ၏ ဘုရားသခင့်နှုတ်ကပတ်တော်များ စာအုပ်သည် တစ်ဖန် သိမ်းဆည်းခံခဲ့ရခြင်း- ကျွန်မ လုပ်ဆောင်ခဲ့ရမည့် အရာ

ထိုအစ်မနှင့် တွေ့ဆုံမှုုပြုပြီးနောက်တွင်၊ ကျွန်မစာအုပ်ကို ဝှက်ထားရန် မေ့သွားခဲ့သည်။ ကျွန်မ သတိမပြုခဲ့မိသည်မှာ ကျွန်မစာအုပ်ကို ရှာဖွေတွေ့ရှိရာတွင်၊ ကျွန်မခင်ပွန်းကထိုစာအုပ်ကို တစ်ဖန်ပြန်လည်သိမ်းဆည်းသွားခြင်းပင် ဖြစ်ပါသည်။ ကျွန်မ ယောက်မဖြစ်သူပေးထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်ကို ကျွန်မခင်ပွန်း နောက်ဆုံးအကြိမ်က ယူဆောင်သွားပြီး ပြန်မပေးသည့်အကြောင်းကို တွေးတောရင်းဖြင့်၊ ယခုလည်း ကျွန်မခင်ပွန်းသည် ထိုစာအုပ်ကို ပြန်မပေးမည်ကို စိုးရွံ့ခဲ့ပါသည်။ ကျွန်မနှလုံးသားသည် ထိုအချိန်က အလွန်ပင် နာကျင်ခဲ့ရပြီး၊ ကျွန်မသည် ကျွန်မတို့ အိမ်အနီးမှ ရေကန်တစ်ကန် နံဘေးတစ်လျှောက် လမ်းလျှောက်ခဲ့ကာ၊ တိတ်တဆိတ် ငိုကြွေးခဲ့ရပါသည်။ နောက်ပိုင်းတွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း တွေးခဲ့ပါသည်။ “ငါသည် စကြဝဠာနှင့် အရာခပ်သိမ်းတို့ကို အုပ်စိုးသည့် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်ကို သိလော့။ ငါ့အတွက်၊ ဖြေရှင်းမရသည့် ပြဿနာများ မရှိသကဲ့သို့၊ မပြီးမြောက်နိုင်သည့်အရာ တစ်ခုခု သို့မဟုတ် မိန့်မြွက်မရသည့် နှုတ်ကပတ်တော် တစ်ခွန်းတစ်လေမျှ သာ၍မရှိပေ။” ကျွန်မသည် ဘုရားသခင်ထံသို့- “အို၊ အနန္တတန်ခိုးရှင်ဘုရားသခင်။ ကျွန်မရဲ့ ဘုရားသခင့်နှုတ်ကပတ်တော်များ စာအုပ်ကို ကျွန်မခင်ပွန်း ထပ်ယူသွားပြန်ပါပြီ။ ဖတ်စရာဆိုလို့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေ မရှိပဲနဲ့၊ ကျွန်မရဲ့ ဝိညာဉ်ရေးရာ အသက်တာလည်း ညှိုးနွမ်းခြောက်သွေ့သွားပါတော့မယ်။ အို ဘုရားသခင်။ ကျွန်မ စာအုပ်ကို ကျွန်မ ဘယ်လိုပြန်ရနိုင်မလဲ။ ဘုရားသခင် ကျွန်မကို ကူညီစောင်မပြီး၊ ဉာဏ်ပညာပေးပါရန် ကိုယ်တော်ကို တောင်းလျှောက်ပါတယ်”ဟု ဆုတောင်းခဲ့ပါသည်။ ဆုတောင်းအပြီးတွင်၊ ကျွန်မနှလုံးသားသည် အနည်းငယ် ပိုမိုငြိမ်သက်အေးချမ်းလာသည်ဟု ခံစားခဲ့ရပါသည်။

ကျွန်မ အိမ်ပြန်ရောက်ပြီးနောက်တွင်၊ ကျွန်မသည် ကျွန်မခင်ပွန်းကို အလွန်အေးဆေးစွာဖြင့် “မနေ့က ကျွန်မ အလောတကြီးဖြစ်နေခဲ့တယ်။ ဒါ့ကြောင့် ရှင်က ကျွန်မ ဘေးအခန်းမှာ ကျန်ခဲ့တဲ့ စာအုပ်ကို ကူပြီး သိမ်းပေးလိုက်ခဲ့တယ်လို့ ထင်တာပဲ” ဟု ပြောခဲ့သည်။ ကျွန်မခင်ပွန်းက ကျွန်မကို ကြည့်ကာ “အထဲက ခြင်းတောင်းထဲမှာ အဲဒီစာအုပ်ရှိတယ်” ဟု ပြောခဲ့သည်။ ကျွန်မသံသယရှိခဲ့သော်လည်း ကျွန်မ သွားရောက် ကြည့်ရှုသည့်အချိန်တွင်၊ ကျွန်မ၏ ဘုရားသခင့်နှုတ်ကပတ်တော်များ စာအုပ်က် ထိုနေရာတွင် အမှန်တကယ် ရှိနေခဲ့ပြီး၊ ကျွန်မလည်း အလွန်ပျော်ရွှင်ကာ ကျွန်မနှလုံးသားထဲမှနေပြီး ဘုရားသခင်ကိုသာ အဆက်မပြတ် ကျေးဇူးတင်နေမိခဲ့ပါသည်။ ယခင်က ကျွန်မသည် ခင်ပွန်းဖြစ်သူအား ကျွန်မစာအုပ်ကို ငိုယိုကာ ပြန်တောင်းခဲ့ပြီး၊ သူက ကျွန်မကို စာအုပ်ပြန်မပေးရုံမျှသာမက၊ သူသည် ကျွန်မအား အနန္တတန်ခိုးရှင်ဘုရားသခင်၌ ယုံကြည်မှုကိုပါ ဟန့်တားရန် ကြိုးစားခဲ့သည်။ ယခုအခါတွင်မူ ကျွန်မ လုပ်ရန်ရှိသည်မှာ စကားအနည်းငယ်ပြောရုံမျှသာ ဖြစ်ပြီး၊ သူသည် ကျွန်မအား ထိုစာအုပ်ကို ပြန်ပေးခဲ့ပါသည်။ ဤသည်မှာ အမှန်တကယ်ပင် ဘုရားသခင်၏ လုပ်ဆောင်မှု ဖြစ်ခဲ့ပါသည်။ ဤအတွေ့အကြုံအပြီးတွင် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှု တိုးပွားလာပြီး၊ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းကို ကျွန်မ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့က တားဆီးကြမည်ကိုလည်း ကြောက်ရွံ့ခြင်း မရှိတော့ပါ။ ကျွန်မသည် မိမိစာအုပ်ကို ပုံမှန်အားဖြင့် ဝှက်ထားနေကျဖြစ်ပြီး၊ တတ်နိုင်သည့်အချိန်တွင် ဖတ်ရှုကာ၊ တတ်နိုင်သည့်အချိန်တွင် အစည်းအဝေးများ တက်ရောက်ခဲ့ပါသည်။ သို့သော်လည်း ကျွန်မသည် ဘုရားသခင်ကို မှီခိုအားကိုးခြင်းဖြင့် စတင် လက်တွေ့လုပ်ဆောင်လာခဲ့ချိန်တွင်၊ ကျွန်မသားနှင့် ခင်ပွန်းတို့သည် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကို ဟန့်တားပိတ်ပင်ခြင်း မရှိကြတော့ပါ။ ၎င်းသည် ကျွန်မအား ဘုရားသခင်၏ အံ့ဖွယ်ဆောင်ရွက်ချက်များကို တွေ့ခွင့်ပေးခဲ့ပါသည်။ ဘုရားသခင်သည် အမှန်တကယ်ပင် ကျွန်မကို တစ်ချိန်လုံး ကူညီနေသူတစ်ယောက် ဖြစ်ပါသည်။

နိဂုံး- ရီရှင်း၏ အတွေ့အကြုံများက ကျွန်ုပ်တို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် တန်ခိုးတော်တို့ကို တွေ့မြင်ခွင့်ပေးပါသည်။ သူမမိသားစု၏ တားဆီး နှောင့်ယှက်ခြင်းများကို ကျော်ဖြတ်ရန် နှင့် ဘုရားသခင်အတွက် သက်သေရပ်တည်ရန်အတွက် သူမကို ဦးဆောင်ခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များပင် ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သည် အမှန်တကယ်ပင် ကျွန်မတို့ လမ်းခရီးကို လမ်းညွှန်ပေးသည့် အလင်းရောင်ဖြစ်ပါသည်။ ဆာလံကျမ်း ၁၁၉:၁၀၅ တွင် ပြောထားသကဲ့သို့ “နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။” သခင်ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။(ယောဟန် ၁၄:၆) ဟု ပြောထားသကဲ့သို့ပင် ဖြစ်ပါသည်။ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါသည်။ အာမင်။

အမှာစကား ချန်ခဲ့မည်