စာရင်း

တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလကြောင့် ကျွန်တော် မိသားစုအတွင်း ဝိညာဉ်ရေးရာ စစ်ပွဲတစ်ခုကို ကျွန်တော်တွေ့ကြုံခံစားခဲ့ရသည်

ကျွန်တော်သည် ချက်ခြင်းချက် ချက်ခြင်းစား အမြန်အစားအစာ စားသောက်ဆိုင် တစ်ခုတွင် အလုပ်လုပ်သည့်အပြင်၊ ထိုဆိုင်မှ ဝန်ထမ်းများထဲက တစ်ယောက်သည် ခရစ်ယာန်တစ်ယောက် ဖြစ်သည်။ ကျွန်တော်က ခရစ်ယာန်ဓမ္မသီချင်းများကို နားထောင် ရသည်ကို နှစ်သက် ကြောင်း တွေ့မြင်ရင်းဖြင့်၊ သူမက နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အမှုတော်အကြောင်း ကျွန်တော်ကို သက်သေခံရန်နှင့် ဘုရားသခင့်နှုတ်ကပတ်တော် များ၏ ကျမ်းပိုဒ်များစွာကို ဖတ်ရှုပြရန် အမျိုးသမီးကြီး တစ်ဦးကို ခေါ်ဆောင်လာ ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာပေါ်မှ အရာအားလုံးသည် ဘုရားသခင်ထံမှ ဖြစ်ပြီး၊ ဘုရားသခင်သည် လူသားအသက်တာ၏ အရင်းအမြစ် ဖြစ်ကြောင်း နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့် စသည်တို့ကို ကျွန်တော် သိလာခဲ့သည်။ထို့အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် များသည် သြဇာအာဏာကို သယ်ဆောင်ကြောင်း ကျွန်တော် ခံစားရပြီး၊ ၎င်းတို့သည် ကျွန်တော်နှလုံးသားတွင် မွှေနှောက် နေပြီး နက်နဲမှုများစွာကို လည်း ထုတ်ဖော်ခဲ့ကြောင်း တွေ့ရှိ ခဲ့သောကြောင့် ကျွန်တော်သည် နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ပါသည်။ ကျွန်တော် ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင်၊ ကျွန်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး၊ ညီအစ်ကိုမောင်နှမများနှင့် အစည်းအဝေးများ တက်ရောက်ခဲ့ကာ၊ နေ့စဉ်နှင့်အမျှ ကျွန်တော်သည် အသိဉာဏ်ကြွယ်ဝလာသည်ဟု ခံစားရသည့်အပြင်၊ အသက်တာသည် ပျင်းရိငြီးငွေ့ဖွယ် ကောင်းပြီး အနှစ်သာရ ကင်းမဲ့သည်ဟု လုံးဝမခံစားရ တော့သည်မှာ ယခင်က ကျွန်တော်ခံစားခဲ့ရသကဲ့သို့ မဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် တည်ငြိမ်နေသည့် ကျွန်တော်၏ အသက်တာသည် တရုတ်ကွန်မြူနစ်အစိုးရ ဖြန့်ဝေသည့် ကောလာဟလများကြောင့် ပြိုကွဲခဲ့ရမည်ဟု ကျွန်တော် မည်သည့်အခါမျှ စိတ်မကူးခဲ့ပါ။...

တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများအားဖြင့် လှည့်စားခြင်းခံရပြီးနောက် စိတ်ရှုပ်ထွေးမှုများ ပေါ်ထွက်လာ ခြင်း

တစ်နေ့တွင် ကျွန်တော် အစ်မ နှင့် သူ့ခင်ပွန်းတို့ ပိုင်ဆိုင်သည့် စက်ရုံသို့ (ကျွန်တော်အဖေနှင့် အမေလည်း ထိုနေရာတွင် ရှိနေသည်) သူတို့ကို ဧဝံဂေလိတရားတော် ဟောကြားလို သောကြောင့် သွားခဲ့သည်။ ပထမတွင် ကျွန်တော့်အမေကို ကျွန်တော်၏ ဘုရားသခင်ကို ယုံကြည်မှုအကြောင်း ပြောပြခဲ့ပြီး၊ သူမက ၎င်းသည် ကောင်းမွန်သည်ဟု တွေးခဲ့သည်။ ထို့နောက် ကျွန်တော်က ကျွန်တော်အဖေကို ထိုအကြောင်း အနည်းငယ် ပြောပြပြီး၊ သူက မယုံကြည်ခဲ့သော်လည်း၊ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်ခြင်းကိုမူ မကန့်ကွက်ခဲ့ပါ။ နောက်တစ်နေ့တွင် ကျွန်တော်သည် စက်ရုံနံဘေးတွင် လမ်းလျှောက်နေစဉ်၊ ကျွန်တော်အဖေက အပြေးအလွှား ရောက်လာပြီး၊ ကျွန်တော်ကို အထဲသို့ပြန်ဝင်ရန် ခေါ်ဆောင် သွားခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်က မည်သည့်အရာကိုမျှ မတွေးသော်လည်း၊ ကျွန်တော်အဖေသည် မည်မျှ စိုးရိမ်ကြောင့်ကျနေသည်ကို မြင်ကာ၊ မည်သည့်အရာများ ဖြစ်နိုင်သနည်းဟု တွေးဆမိခဲ့သည်။ ကျွန်တော်အခန်းထဲသို့ ဝင်သည်နှင့်၊ ကျွန်တော်သည် တင်းမာနေသည့် အငွေ့အသက်လာ ထိသည်ကို ခံရပြီး၊ ကျွန်တော်အဖေက ကျွန်တော်ကို ခက်ထန်စွာဖြင့် “သားက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တာလား” ဟု ပြောခဲ့သည်။ ပြီးနောက် ကျွန်တော်က “ဟုတ်တယ်။ သားက ပြန်ကြွလာတဲ့ သခင်ယေရှု၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တယ်” ဟု ပြောလိုက်သည်။ ကျွန်တော် စကားပြော သည်ကို ဆုံးအောင်မစောင့်ပဲနှင့် ကျွန်တော် အဖေက ကျွန်တော်ကို ကျွန်တော်အစ်မ၏ ကွန်ပြူတာသို့ ဆွဲခေါ်သွားခဲ့ သည်။ သူတို့အားလုံး ၏ ထိုသို့မျက်နှာထားတည် ကြီးများကို ကြည့်ရင်း၊ ကျွန်တော်က ကွန်ပြူတာဖန်သားပြင်ကို လှည့်ကြည့်လိုက်ကာ၊ ၎င်းပေါ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်း အဖျက်သဘောဆောင်သည့် သတင်းကြီးမှု များစွာကို ဖော်ပြထားပါသည်။ ကျွန်တော်အစ်မက “နင်ဟာ နင့်အလုပ်ကိုနင် ကောင်းကင်းမကြိုးစားတဲ့အပြင်၊ နင်က ဒါကိုယုံရင်ယုံ ဒါမှမဟုတ် ဟိုဟာကို ယုံကြည်တာမျိုးပဲရှိတယ်။ အွန်လိုင်းမှာ ပြောထားတာတွေ နင်မမြင်ဘူးလား။ နင်ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အသင်းသားတစ်ယောက် တရုတ်အစိုးရရဲ့ ဖမ်းဆီးတာခံရတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ နင်က အဲဒါကို ဘယ်လိုလုပ်ပြီး ယုံကြည်နေနိုင်သေးတာလဲ” ဟု အလွန်လေးအနက်စွာဖြင့် ပြောခဲ့သည်။ ထို့နောက် ကျွန်တော် အဖေက “သားဒီလူတွေနဲ့ လုံးဝကို မသတ်သက်ရတော့ဘူး။ သားတို့ကြားထဲမှာ နည်းနည်း ခပ်ခွာခွာနေလိုက်ကြ၊ သူတို့ဆီပြန်သွားပြီး သားက အဲဒါကို လုံးဝမယုံကြည်တော့ဘူးလို့ ပြောလိုက်” ဟု ပြောပါသည်။ ကျွန်တော်မိသားစုက ကျွန်တော်ကို အလှည့်ကျသတိပေးနေသည်ကို ကြားပြီး၊ အွန်လိုင်းမှ ကောလာဟလများကို မြင်ရင်းဖြင့်၊ ကျွန်တော်မှာ ခိုင်လုံကြောင်းသက်သေပြရန်မရှိခဲ့သည့်အပြင်၊ ကျွန်တော်က “ဒါဘယ်လိုဖြစ်ရတာလဲ။ ငါပဲ မှားနေတဲ့ဟာကို ယုံကြည် နေမိတာလား။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က တကယ်ပဲ အွန်လိုင်းမှာပြောထားသလိုများ ဖြစ်နေနိုင်သ လား”ဟု မိမိဘာသာ တွေးမိပါသည်။ ကျွန်တော် အလုပ်ကို ဘတ်စကားစီးပြီးပြန်ရင်းဖြင့်၊ ဤအကြောင်းနှင့် ပတ်သက်ပြီး လည်း သေချာလိုသောကြောင့် ကျွန်တော် လက်ကိုင်ဖုန်းတွင် “အနန္တတန်ခိုးရှင်ဘုရား” ဆိုသည့် စကားလုံးများကို ရှာဖွေခဲ့ သည်။ အပျက်သဘောဆောင်သည့် သတင်းကြီးမှုများစွာ ပေါ်ထွက်လာပြီး၊ ကျွန်တော်သည် အနန္တတန်ခိုးရှင် ဘုရားသခင် ၏ အမှုတော်အကြောင်းနှင့် ပတ်သက်ပြီး ကျွန်တော်ထံတွင် သံသယများ စရှိလာခဲ့ပါတော့သည်။

ကျွန်တော်က ကောလာဟလများ၏ နောက်ကွယ်တွင် တည်ရှိသည့်အရာကို တွေ့မြင်ပြီး၊ ဘုရားသခင်ကို နောက်ဆက်လိုက်ခဲ့သည်

ကျွန်တော် အလုပ်ကို ပြန်ရောက်သည့်အချိန်တွင်၊ ထိုနေရာတွင် အလုပ်လုပ်သည့် ခရစ်ယာန် အစ်မက ကျွန်တော်ထံသို့ ရွှင်လန်းစွာ ပြေးလာပြီး “မောင်လေးအမေနဲ့ အဖေတို့နဲ့ ဘယ်လိုအခြေအနေရှိခဲ့လဲ။ မောင်လေးသူတို့ကို ဧဝံဂေလိ တရားတော် ဟောကြားခဲ့လား” ဟု မေးလိုက်သည်။ ကျွန်တော်က သူ့ကို ဒေါသတကြီးဖြင့် ကြည့်ပြီး၊ အသံကျယ်ကျယ်ဖြင့် “အစ်မက ကျွန်တော်ကို ဘုရားသခင်ကို ယုံကြည်နေသေးမယ်လို့ မျှော်လင့်တယ်ပေါ့။ အွန်လိုင်းမှာ အဲဒီအကြောင်း ဘာတွေရေးထားတယ်ဆိုတာကို ကြည့်ပါဦး” ဟု ပြောလိုက်သည်။ ကျွန်တော်က ပိုမိုများပြားသည့် အရာများကို ပြောလိုသော်လည်း ကျွန်တော်တို့ နံဘေးတွင် လူများရှိနေ သည်ကို မြင်တွေ့ရင်းဖြင့် သူမက ကျွန်တော်ကို စကား တိုးတိုးပြောဆိုခိုင်းလေသည်။ ကျွန်တော်သည် ယခုလေးတင်ပင် စိတ်ထိခိုက်နေပြီး နာကျည်းနေကာ၊ သူမနှင့်လည်း မပတ်သက်လို့ခဲ့သောကြောင့် ကျွန်တော်အလုပ်ကို ဆက်လုပ်နေခဲ့သည်။ အလုပ်အပြီးတွင် ကျွန်တော်ငှားရမ်း ထားသည့် အခန်းသို့ ပြန်ရောက်သည့်အချိန်တွင်၊ ယခင်က ကျွန်တော်အစည်းအဝေးတစ်ခုတွင် တွေ့ဖူးသည့် အစ်ကိုဝမ်းက ကျွန်တော်ကို လာရောက်တွေ့ဆုံခဲ့သည်။ သူက စိတ်ပူပြီး၊ ကျွန်တော်ကို “မင်းစိတ်ထဲမှာ တစ်ခုခုရှိနေလို့လား။ ငါ့ကိုပြော ပြပါ၊ ပြီးတော့ ငါတို့တွေ အဲဒီအကြောင်းကို ပြောလို့ရပါတယ်” ဟု မေးခဲ့သည်။ ကျွန်တော်က သင်္ကာမကင်းဖြင့် “ကျွန်တော်မိသားစုကို ကျွန်တော် ဧဝံဂေလိတရားတော် ဟောကြားခဲ့ပြီး၊ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ အကဲဖြတ်ချက်တွေအတွက် အွန်လိုင်းမှာ ရှာဖွေခဲ့ကြတယ်။ သူတို့က အဲဒါက အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ကျွန်တော်အနေနဲ့လည်း လုံးဝမယုံကြည်သင့်တော့ဘူးလို့ ပြောကြတယ်။ ကျွန်တော်က အရမ်း အားနည်းတယ်လို့ ခံစားရပြီး၊ သံသယအပြည့်ရှိတဲ့အပြင် ကျွန်တော် ဘာလုပ်ရမှန်းလဲ မသိတော့ဘူး”ဟု ပြောခဲ့သည်။

အစ်ကိုဝမ်းက ထို့နောက်တွင် ကျွန်တော်ကို စိတ်ရှည်စွာဖြင့် မိတ်သဟာယပြုပြီး၊ “အမှန်ကတော့ အွန်လိုင်းက အပျက်သဘောဆောင်တဲ့ သတင်းကြီးမှုတွေ အားလုံးက ကောလာဟလတွေ ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို တိုက်ခိုက်ပြီး၊ အသရေဖျက် ဖို့အတွက် တရုတ်ကွန်မြူနစ်အစိုးရက လုပ်ကြံပြောဆိုထား တာတွေ ဖြစ်တဲ့အပြင်၊ ကျွန်တော်တို့ကလည်း အဲဒါတွေကို ဆင်ကန်းတောတိုးသလို မယုံကြည်ရဘူး။ လူတွေ ဘုရားသခင် ကို ကိုးကွယ်တာကို တားမြစ်ထားပြီး၊ ဘုရားသခင်က လူတွေကို ကယ်တင်ဖို့ ကြွလာတာကို တားမြစ်တဲ့ တရုတ်ကွန်မြူနစ် အစိုးရက ဘုရားမဲ့တဲ့ ပါတီဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ နားလည်ရမယ်။ သူက အာဏာရလာပြီးကတည်းက ဘုရားသခင် ရဲ့ အမှုတော်ကို အရမ်းမုန်းပြီး ခုခံခဲ့တယ်။ သူက သမ္မာကျမ်းစာကို ဆိုးယုတ်တဲ့ ရိုးရာကိုးကွယ်မှုဆိုင်ရာ စာအုပ်တစ်အုပ်အနေဖြင့် နာမည်တပ်ခဲ့ပြီး၊ ကတ်သလစ်နဲ့ ခရစ်ယာန်ဘာသာစကားတို့ကိုလည်း ဆိုးယုတ်တဲ့ ရိုးရာကိုးကွယ်မှုတွေ အဖြစ် နဲ့ နာမည်တပ်ခဲ့တဲ့အပြင်၊ အတူတကွ စုဝေးတက်ရောက်ခဲ့ကြတဲ့ ခရစ်ယာန်တွေတောင်မှ လူထုငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်တဲ့အနေနဲ့ ရာဇဝတ်မှု ကျူးလွန်သူများ အဖြစ် အမှတ်တံဆိပ်တပ်ခဲ့ကြတယ်။ ဘာသာရေး ယုံကြည်မှုကို တားမြစ်ဖို့၊ တရုတ်ကွန်မြူနစ် အစိုးရက အမြဲမပြတ် ရည်ရွယ်ချက်ကင်းမဲ့စွာနဲ့ ခရစ်ယာန်တွေ ကို ဖမ်းဆီး၊ အကျဉ်းချ၊ နှိပ်စက် ပြီး၊ ညှင်းဆဲခဲ့ပါတယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းလာပြီး၊ တရုတ်ပြည်မှာ ကိုယ်တော့်အမှုတော်ကို စတင်ပြီးနောက်အချိန်မှာ တစ်ကမ္ဘာလုံးက ဘာသာရေးနဲ့ ဂိုဏ်းဂဏအားလုံးက လူတွေဟာ ပိုပိုပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ထံသို့ ပြန်လှည့်ကြတာကို တရုတ်ကွန်မြူနစ်အစိုးရက မြင်တွေ့နေရတယ်။ ဒီထက်ပိုဆိုးတာက အနန္တတန်ခိုးရှင်ဘုရားသခင်အားဖြင့် ဖော်ပြတဲ့ သမ္မာတရားတွေအပြင်၊ ဘုရားသခင်ကို သက်သေခံတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုအမျိုးအစားအားလုံးတို့ကလည်း အွန်လိုင်းပေါ်မှာ လူသိရှင်ကြား ထုတ်ပြန်ပြသခွင့်ပြုခဲ့ပြီး၊ အဲဒါတွေက ဘုရားသခင်ရဲ့ အမှုတော်ကို လူတွေပိုပြီး ရှာဖွေဖို့နဲ့ လေ့လာဖို့အတွက် ပိုမိုစွဲဆောင်ခဲ့ပါတယ်။ လူတွေက ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီး၊ သမ္မာတရားကို ယုံကြည်လာပြီးနောက်မှာ၊ သူတို့တွေက သူ့ရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်းတွေ့မြင်ပြီး၊ သူ့ကို ငြင်းပယ်ကြမှာကို တရုတ်ကွန်မြူနစ်အစိုးရက ကြောက်ရွံ့ခဲ့တယ်။ အဲဒါမျိုးဖြစ်လာခဲ့ရင်၊ လူတွေကို ထိန်းချုပ်ဖို့ဆိုတဲ့ သူ့ရူးသွပ်တဲ့ ရည်မှန်းချက်ကလည်း တစ်စစီဖြစ်သွားမယ်လေ။ ဘုရားသခင်ရဲ့ အမှုတော်ကို ဖျက်ဆီးပြီး နှောင့်ယှက်ဖို့အတွက် တရုတ်ကွန်မြူနစ်အစိုးရ က အွန်လိုင်းသတင်းဌာနကတစ်ဆင့် ထိန်းမနိုင်သိမ်းမရ ကောလာဟလ ဖြန့်ချီမှုတွေကို ပြုလုပ်ခဲ့တဲ့အပြင်၊ သူက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဂုဏ်ညှိုးနွမ်းစေပြီး၊ အသရေဖျက်ဖို့အတွက် အထောက်အထား အတုအယောင်တွေကို လိမ်လည်လှည့်ဖျား လုပ်ဆောင်တယ်။ ဒါတွေ လုပ်တဲ့ အခါမှာ သူ့ရည်ရွယ်ချက်က လူတွေကို လှည့်စားဖို့၊ သူတို့တွေ ဘုရားသခင်ရဲ့ အမှုတော်ကို မုန်းတီးလာစေဖို့ နဲ့ သူတို့တွေအနေနဲ့ သူ့ဘက်ကို ရွေးပြီး ဘုရားသခင်ကို ခုခံစေဖို့ တို့ဖြစ်တယ်။ တရုတ်ကွန်မြူနစ်အစိုးရက လူထုစိတ်ဝင်စားမှုကို ရယူတဲ့ အထောက်အကူတွေ အနေနဲ့ အသုံးပြုနိုင်အောင် လူသိများတဲ့ သတင်းဌာနတွေနဲ့ အွန်လိုင်းပလက်ဖောင်း တွေကို ဝယ်ယူဖို့ သူ့ရဲ့ မသမာနည်းနဲ့ ဆောင်ရွက်ချက်တွေကို ပြည်ပကိုပါ တိုးချဲ့ခဲ့တယ်။ ပြီးတော့ ဒါကြောင့်လည်း အွန်လိုင်း သတင်းအချက်အလက်က အလွယ်တကူကို ယုံကြည်လို့မရတာပါ။ ပြီးတော့လည်း အွန်လိုင်းက သတင်းအချက်အလက်တွေကို လူတွေက ပုံစံအသစ်နဲ့ ပြန်ရေးသားပြီး သတင်းအချက်အလက်တွေကိုပြုစုထားတာ ဖြစ်တဲ့အပြင်၊ အွန်လိုင်းပလက်ဖောင်းတွေကို လည်ပတ်လှုပ်ရှားနေတဲ့ သူတွေအားလုံးက ဆိုးယုတ်တဲ့ လူသားမျိုးနွယ်နဲ့ သက်ဆိုင်ကြပါတယ်။ သူတို့တွေက သမ္မာတရားမရှိတဲ့အပြင်၊ ဘုရားသခင်ကိုလည်း မကိုးကွယ်ကြပါဘူး။သူတို့လုပ်နိုင်သမျှ အရာက ဘာသာရေးလောကနဲ့ အုပ်ချုပ်ရေးအစိုးရ တို့ ပြောသမျှ အတိုင်း လိုက်ပြီး၊ တရုတ်ကွန်မြူနစ်အစိုးရရဲ့ အသစ်ပြင်ထားတဲ့ ကောလာဟလတွေနဲ့ ဗြောင်လိမ်တာတွေကို ဆင်ကန်းတောတိုး ယုံဖို့သာ ရှိပါတယ်- ဒါဆိုရင် ဘုရားသခင်ကို ယုံတဲ့အွန်လိုင်းကျတော့ ကောင်းတဲ့အရာလို့ သူတို့က ပြောမလား။ ဒါ့ကြောင့် ကျွန်တော်တို့ စစ်မှန်တဲ့လမ်းခရီးကို လေ့လာတဲ့အချိန်မှာ၊ ဒီလမ်းခရီးက သမ္မာတရားရှိမရှိ၊ ဘုရားသခင်ရဲ့ အသံတော် ဟုတ်မဟုတ်ကို သတ်မှတ်ပြီး၊ အွန်လိုင်းမှာ ရေးသားဖော်ပြနေတဲ့ အရာတွေနဲ့ မသတ်မှတ်ရပါဘူး”ဟု ပြောခဲ့သည်။

အစ်ကိုက ဤနည်းလမ်းဖြင့် စကားပြောသည်ကို ကြားရင်းဖြင့် ကျွန်တော် နှလုံးသားသည် အနည်းငယ် တို့ထိခြင်းကို ခံရပါသည်၊ “ဟုတ်တယ်”ဟု ကျွန်တော်တွေးမိသည်။ “အွန်လိုင်းပေါ်မှာ ရေးထားတာ အမျိုးပေါင်းစုံရှိတယ်၊ ပြီးတော့ အဲဒါတွေရဲ့ ဘယ်လောက်က မှန်ပြီး၊ ဘယ်လောက်က မှားတယ်ဆိုတာ ဘယ်သူက သိမှာလဲ။ ငါက အဲဒါကို ဘာလို့ ဆင်ကန်းတောတိုး ယုံနိုင်တာလဲ။ အဲဒီအပြင် တရုတ်ကွန်မြူနစ်အစိုးရက ဘုရားသခင်ကို အမြဲတမ်း ဆန့်ကျင်နေတဲ့ ဘုရားမဲ့တဲ့ နိုင်ငံရေးပါတီဖြစ်တယ်။ အွန်လိုင်းပလက်ဖေါင်းက တစ်ဆင့် တင်နေကြတဲ့ အဖျက်သဘောဆောင်တဲ့ သတင်းကြီးခြင်း ကလည်း အမှန်တရား ပိုပြီးတော့တောင် နည်းပါးတယ်လို့ ယူဆလို့ရတယ်။ တစ်ဖက်ကိုပဲ နားထောင်ပြီး၊ နောက်တစ်ဖက်ကို နားမထောင်တာက အမှန်တကယ် အလုပ်မဖြစ်ပါဘူး- ငါ့အနေနဲ့ နောက်ဆုံးသော ကာလက ဘုရားသခင်ရဲ့ အမှုတော်ကို ဆက်ပြီး လေ့လာရမယ်”

အစ်ကိုဝမ်က သူ့မိတ်သဟာယပြုခြင်းကို ဆက်၍ “အွန်လိုင်းပေါ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ ပြောပေမဲ့ ဒါက တကယ်အမှန်ဖြစ်နိုင်လား။ ဘုရားသခင်က ‘ခေတ်တိုင်း၏အမှုကို ဘုရားသခင်ကိုယ်တိုင်က အစပြုခြင်း ဖြစ်သော်လည်း၊ ဘုရားသခင်သည် မည်သို့သောနည်းလမ်းဖြင့် အမှုပြုသည်ဖြစ်စေ၊ သူသည် လှုပ်ရှားမှုတစ်ခုကို စတင်ရန် သို့မဟုတ် အထူးဆွေးနွေးပွဲများကို ကျင်းပရန် သို့မဟုတ် သင်တို့ကိုယ်စား အဖွဲ့အစည်း အမျိုးအစားတစ်ခုတစ်လေကို တည်ထောင်ရန် ကြွလာခြင်းမဟုတ်သည်ကို သင်သိသင့်၏။ သူပြုသင့်သောအမှုကို ဆောင်ရွက်ရန် တစ်ခုတည်းဖြင့် သူကြွလာပေသည်။ သူ၏အမှုသည် မည်သည့်လူသား၏ အကန့်အသတ်ကိုမျှ ခံရခြင်းမရှိပေ။ သူသည် သူ၏အမှုကို သူ ဆန္ဒရှိသည့်အတိုင်း ပြု၏။ လူသားက ယင်းကို မည်သို့တွေးသည်ဖြစ်စေ၊ မည်သို့သိသည်ဖြစ်စေ၊ သူသည် သူ၏အမှု ဆောင်ရွက်ရန်ကိုသာ အလေးထားသည်။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ပစ္စုပ္ပန်ကာလအထိ၊ အမှု၏ အဆင့်သုံးဆင့် အမြဲ ရှိပြီးဖြစ်သည်။ ယေဟောဝါမှသည် ယေရှုအထိ၊ ပြီးလျှင် ပညတ်တော်ခေတ်မှသည် ကျေးဇူးတော်ခေတ်အထိ၊ ဘုရားသခင်သည် လူသားအတွက် အထူးဆွေးနွေးပွဲတစ်ခုကို မည်သည့်အခါမျှ မကျင်းပဖူးသကဲ့သို့၊ တစ်ကမ္ဘာလုံးဆိုင်ရာ အထူးအလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ကျင်းပပြီး၊ ထိုသို့ဖြင့် သူ၏အမှုနယ်ပယ်ကို ချဲ့ထွင်ရန်အလို့ငှာ လူသားမျိုးနွယ်အားလုံးကို အတူတကွ စုဝေးစေခြင်းလည်း မရှိဖူးပေ။ သူပြုသမျှမှာ သင့်လျော်သောအချိန်နှင့် သင့်လျော်သောနေရာတစ်ခုတွင် ခေတ်တစ်ခုလုံး၏ ကနဦးအမှုကို ဆောင်ရွက်ရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ခေတ်တစ်ခုကို ဖွင့်လှစ်ပေးကာ၊ လူသားမျိုးနွယ်အား ၎င်းတို့၏အသက်တာများကို မည်သို့ အသက်ရှင်ရမည်ဆိုသည့် အရာထဲသို့ ဦးဆောင်ခြင်း ဖြစ်သည်။’ လို့ မိန့်တော်မူတယ်။ ဘုရားသခင်က ကိုယ်တော့်အမှုတော်ကို စတင်ဖို့ ကြွတော်မူတဲ့အချိန်မှာ ကိုယ်တော်က ဘယ်လှုပ်ရှားမှုကိုမှ မစတင်ခဲ့သလို၊ ဘာအဖွဲ့အစည်းမှလည်း မတည်ထောင်ခဲ့တဲ့အပြင်၊ အထူးညီလာခံတွေလည်း မလုပ်ခဲ့ပေမဲ့ အဲဒီအစား ကိုယ်တော်က ကိုယ်တော်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်နဲ့ ကိုက်ညီတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဆိုင်ရာ အမှုတော်ကို ပြုခဲ့တယ် ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနေ ကျွန်တော်တို့ တွေ့မြင်နိုင်ပါတယ်။ ပညတ်တော်ခေတ်မှာ ဘုရားသခင်က ပညတ်တော်တွေကို ကြေငြာပြီး၊ လူ့အသက်တာကို လမ်းပြတော်မူခဲ့တယ်၊ ကျေးဇူးတော်ခေတ်မှာ လူသားတွေကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းဆိုင်ရာ ကိုယ်တော့်အမှုတော်ကို ပြုဖို့နဲ့ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ဖော်ပြဖို့အတွက် ကိုယ်တော်က လူ့ဇာတိပကတိ ဖြစ်လာပြီး လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်အနေနဲ့ ကားတိုင်တင်ခြင်း ခံရတယ်။ အခုနောက်ဆုံး နိုင်ငံတော်ခေတ်မှာ ဘုရားသခင်က ကိုယ်တော်နှုတ်ကပတ်တော်တွေကို ဖော်ပြဖို့နဲ့ လူကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းဆိုင်ရာ ကိုယ်တော့်အမှုတော်ကို ပြုဖို့ လူ့ဇာတိပကတိ တစ်ဖန်ဖြစ်လာခဲ့တယ်၊ အမှုတော်အဆင့် သုံးဆင့်လုံးက လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနဲ့ ဆက်နွယ်နေတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းတွေကတော့ သီးခြားလူတစ်ဦးချင်းစီ သို့မဟုတ် အုပ်စုလိုက် အကျိုးအမြတ် ရစေဖို့ တည်ထောင်ထားပြီး၊ ဘုရားသခင်ရဲ့ အမှုတော်နဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူး။ တရုတ်ကွန်မြူနစ်အစိုးရက အချက်အလက်တွေကို တလွဲတချော်ဖြစ်စေပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ပြောခဲ့တဲ့အပြင်၊ သူတို့က လူတွေရဲ့ အာရုံစိုက်မှုကို လမ်းကြောင်းလွဲချော်စေဖို့ နဲ့ နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တဲ့ ခရစ်တော်ရဲ့ ပေါ်ထွန်းမှု နဲ့ အမှုတော်ဆိုင်ရာ အချက်အလက်တွေကို တမင်တကာ ဖုံးကွယ်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ အဲဒါက ဘုရားသခင်ရဲ့ အသင်းတော်ကို ဖိနှိပ်ပြီး၊ ညှင်းပန်းနှိပ်စက်ဖို့အတွက် တရုတ်ကွန်မြူနစ်အစိုးရရဲ့ ဆင်ခြင်တစ်ခုလည်း ဖြစ်ပြီး၊ ကျွန်တော်တို့က တရုတ်ကွန်မြူနစ်အစိုးရရဲ့ လှည့်စားတဲ့ အကောက်ကြံမှုတွေကို ထိုးထွင်းမြင်နိုင်ရမှာဖြစ်တယ်။ အဲဒီထက်ပိုပြီးတော့ ညီလည်း ညီအစ်ကိုမောင်နှမတွေနဲ့ အဆက်အသွယ်ရလာခဲ့တာ အခုဆိုရင် ခြောက်လရှိပြီ။ သူတို့ကိုယ်သူတို့ စီမံခန့်ခွဲပုံတွေကို ညီဘယ်လိုထင်လဲ။ အွန်လိုင်းက ကောလာဟလတွေနဲ့ တူသလား။ ညီပဲ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်ပါတယ်”

အစ်ကိုဝမ်း၏ စကားများက ကျွန်တော်အတွက် သတိပေးချက် တစ်ခု အနေဖြင့် အထောက်အကူပြုခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်တော်တွေးမိသည်။ “ညီအစ်ကိုမောင်နှမတွေနဲ့ ငါ့ဆက်သွယ်မှုက လက်တွေ့မှာ အွန်လိုင်းမှာပြောထားသလို လုံးဝမဟုတ်ပါဘူး။ အစည်းအဝေးတွေမှာ ညီအစ်ကိုမောင်နှမ တွေက သူတို့အတွေ့အကြုံတွေ နဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားလည်သဘောပေါက်ခြင်း အကြောင်း တွေကို မိတ်သဟာယပြုကြပြီးတော့၊ သူတို့တွေအားလုံးက သမ္မာတရားကို ရှာဖွေပြီး၊ ရိုးသားတဲ့သူတွေဖြစ်ဖို့ ကြိုးစား ကြတယ်။ အခြားသူတွေကို သူတို့ ဆက်ဆံတဲ့ပုံစံကလည်း အရမ်းကို ကရုဏာအပြည့်ရှိတယ်။ ဘုရားသခင်ကို ငါစတင် ယုံကြည်ခဲ့ချိန်ကများ၊ ငါနားမလည်တဲ့ သမ္မာတရား အများကြီးရှိခဲ့တယ်၊ ပြီးတော့ သူတို့အားလုံးက အဲဒါတွေကြောင်း စိတ်ရှည်လက်ရှည် မိတ်သဟာယပြုခဲ့ကြတယ်၊ ငါ့အတွက် အိမ်ပြန်ရတာ အရမ်းဝေးတာမြင်ရတော့၊ သူတို့တွေက ငါ့ကို ဆိုင်ကယ်တစ်စီးငှားကြတဲ့အပြင်၊ ဆီကိုလည်း အမြဲတမ်း ကြိုဖြည့်ပေးထားကြတယ်။ ငါ့ကျေးဇူးတင်ကြောင်းကို ပြဖို့၊ ငါက လက်ဆောင်တစ်ချို့ ဝယ်ပြီး၊ သူတို့ကို နိုင်ငံတော်ရုံးပိတ်ရက် တွေမှာ သွားတွေ့ခဲ့ပေမဲ့၊ သူတို့က ငါ့လက်ဆောင်တွေကို ဘယ်တော့မှ လက်မခံခဲ့ကြဘူး။ အဲဒီညီအစ်ကိုမောင်နှမတွေက တခြား မယုံကြည်သူတွေရဲ့ အသက်တာနဲ့ မတူတဲ့ အသက်တာတွေနဲ့ အသက်ရှင်နေထိုင်ကြပြီး၊ သူတို့က အွန်လိုင်းမှာပြောထားတဲ့ ကောလာဟလတွေလိုမျိုး သူတို့က ကိုယ်ကျင့်တရားပျက်ပြားတဲ့ အရာတွေကို လုပ်တယ်ဆိုတာက လုံးဝကို မဖြစ်နိုင်ဘူး။ အဲဒီထက်ပိုတာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ငါတို့ကို ငါတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပုံနဲ့ သာမာန်လူ့သဘာဝ နဲ့ အသက်ရှင်နေထိုင်ပုံတို့ကို သွန်သင်ခဲ့တယ်၊ ပြီးတော့ ဒါတွေအားလုံးက အပြုသဘောဆောင်တဲ့ အရာတွေချည်းပဲ။ အသင်းတော်တစ်ခုက အဖွဲ့အစည်းတစ်ခု ဘယ်လိုများ ဖြစ်နိုင်မှာလဲ” ဤအကြောင်းကို တွေးရင်းဖြင့်၊ ကျွန်တော်သည် အွန်လိုင်းတွင် သတင်းကြီးနေသည့် အပျက်သဘောဆောင်သည့် အရာများကို အရမ်းကာရော ယုံကြည်ခြင်း လုံးဝမရှိတော့ပဲနှင့် အစည်းအဝေးများကို ဆက်လက်တက်ရောက်ရန် ဆန္ဒရှိခဲ့ ပါသည်။

အချိန်ကာလတစ်ခုအတွင်း ဘုရားသခင်၏နှုတ်ကပတ်တော် များကို ဖတ်ရှုခြင်းနှင့် ညီအစ်ကိုမောင်နှမများအားဖြင့် မိတ်သဟာယပြုခြင်းတို့မှတစ်ဆင့် စာတန်သည် လူကို မည်သို့ ဖောက်ပြန်ပျက်စီးစေပုံ၊ ဘုရားသခင်ကို လူကို မည်သို့ကယ်တင်ပုံ နှင့် လူအနေဖြင့် လိုက်စားရန် ထိုက်တန်သည့်အရာမှာ မည်သည့်အရာဖြစ်ကြောင်း တို့ကဲ့သို့ သမ္မာတရားဆိုင်ရာ ရှုထောင့်များအကြောင်း နားလည်သဘောပေါက်မှု အချို့ကို ရရှိလာခဲ့ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော် သည် လူကို ကယ်တင်ရန် အမှုတော်ဖြစ်ခဲ့ကြောင်း ကျွန်တော်၏ နှလုံးသား နက်ရှိုင်းသောနေရာမှ သေချာလာခဲ့ပြီး၊ ကျွန်တော် သည် တရုတ်ကွန်မြူနစ်အစိုးရက လုပ်ကြံပြောဆိုသည့် အဖျက်သဘောဆောင်သည့် သတင်းကြီးမှုများအားဖြင့် လုံးဝလွှမ်းမိုးခြင်း မခံရတော့ပါ။

ကျွန်တော်မိသားစုက ကျွန်တော်ကို အိမ်တွင် အကျယ်ချုပ်ချုပ်ထားပြီး၊ ဘုရားသခင်က ကျွန်တော်အတွက် ထွက်ပေါက်ဖွင့်ပေးခဲ့သည်

အမှောင်ထဲတွင်သာ အသက်ရှင်နေထိုင်နေဆဲဖြစ်ပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံရသေးသည့် လူများအားလုံးအကြောင်း တွေးရင်းဖြင့် ကျွန်တော် အလုပ်မှ အားလပ်ချိန်များတွင်၊ ကျွန်တော်သည် ဧဝံဂေလိတရားတော်ကို နိုးကြားတက်ကြစွာဖြင့် ဟောကြားခဲ့ပါသည်။ တစ်ချိန်တွင် ကျွန်တော်၏ ဇာတိမြို့သို့ အလည်အပတ်ပြန်လာစဉ်၊ ကျွန်တော်ဦးလေးကို ဧဝံဂေလိတရားတော် ဟောကြားခဲ့သည်။ သူက မယုံကြည်ရုံသာမက၊ ကျွန်တော်မိဘများကိုပါ ကျွန်တော်ယုံကြည်မှု အကြောင်း ပြောခဲ့သည်။ ကျွန်တော့် အဖေက ကျွန်တော်ကို ဖုန်းထဲမှနေပြီး “မင်းဦးလေး ပြောတော့ မင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်နေတုန်းပဲဆို။ နင်အလုပ်ပဲ ကြိုးစားပြီး၊ နေရာတိုင်း အပြေးအလွှား လျှောက်သွားပြီး၊ လမ်းတွေ့သမျှ လူတွေကို ဧဝံဂေလိတရားတော် ဟောမနေနဲ့။ ငါတို့ ရက်အနည်းငယ်အတွင်း အိမ်ပြန်လာ မယ်”ဟု ပြောကာ ဆူပူခဲ့သည်။ ဤအခြေအနေနှင့် ရုတ်တရက်ရင်ဆိုင်ရင်းဖြင့် ကျွန်တော် ဘာလုပ်ရမှန်း မသိ အနည်းငယ် ဖြစ်သွားသည်။ ဖုန်းချလိုက်ပြီးနောက် ကျွန်တော်က မိမိနှလုံးသားထဲတွင် ဘုရားသခင်ကို “အိုဘုရားသခင်၊ ကျွန်တော်မိဘတွေ အိမ်ပြန်လာလာ မလာလာ၊ ကိုယ်တော့်ကို ကျွန်တော်ယုံကြည်တာကို တားတားမတားတား၊ အားလုံးက ကိုယ်တော့်လက်ထဲမှာပဲ ရှိပါတယ်။ သူတို့ ဒီကို တကယ်ပြန်လာခဲ့ရင်၊ ကျွန်တော်သူတို့ကို ရင်ဆိုင်ပါ့မယ်၊ ပြီးတော့ ကိုယ်တော်က ကျွန်တော်ကို ဉာဏ်ရည်နဲ့ ဉာဏ်ပညာတို့အပြင်၊ ပြောဖို့ သင့်တော်တဲ့ စကားတို့ကို ပေးပါလို့ တောင်းလျှောက်ပါတယ်” ဟု အရေးပေါ်ဆုတောင်းခဲ့သည်။ ဆုတောင်းပြီးနောက်၊ ကျွန်တော် နည်းနည်း ယုံကြည်မှုရှိသည်ဟု ခံစားလာရသည်။ ကျွန်တော်သည် နောက်ထပ် မည်သို့သော အခြေအနေကိုပင် ရင်ဆိုင်ရစေကာမူ၊ ထိုအခြေအနေကို ကျော်ဖြတ်နိုင်ရန် ဘုရားသခင်ကို နာခံဖို့နှင့် မှီခိုဖို့ ဆန္ဒရှိပါသည်။

ရက်သတ္တပတ် တစ်ပတ် ကြာပြီးနောက်မှာ ကျွန်တော်မိဘများ ကျွန်တော်တို့ ဇာတိမြို့ကို ရောက်ရှိလာခဲ့ပါသည်။ သူတို့က ကျွန်တော်ကို စားသောက်ဆိုင်တွင် ရှာဖွေကြပြီး၊ အခြား မည်သည့်အရာမျှ မပြောပဲနှင့် ကျွန်တော် သူတို့နှင့် အိမ်ပြန်ရ မည်ဖြစ်ကြောင်း နှင့် သူတို့က ကျွန်တော်ကို ထိုနေရာတွင် အလုပ်ပေးမလုပ်နိုင်တော့ကြောင်းသာ ချက်ခြင်း ပြောခဲ့ကြ ပါသည်။ ရွေးချယ်စရာလည်း မရှိပဲနှင့် ကျွန်တော်က စားသောက်ဆိုင် မန်နေဂျာကို ခွင့်ရက်အနည်းငယ်ပေးရန် တောင်းဆိုပြီး၊ ကျွန်တော့်ပစ္စည်းများကို ယူကာ၊ ကျွန်တော့် မိဘများ နှင့် အိမ်သို့ပြန်ခဲ့ပါသည်။ ကျွန်တော်တို့အိမ်ပြန်ရောက် ပြီးနောက်၊ ကျွန်တော်မိဘများသည် ကျွန်တော်ကို အလှည့်ကျ စောင့်ကြည့်ပြီး၊ ကျွန်တော်မှာ ဧဝံဂေလိတရားတော် ဟောကြား ရန် မဆိုထားနှင့် ကျွန်တော် ညီအစ်ကိုမောင်နှမ များဖြင့် ဆက်သွယ်ရန်ပင် ကျွန်တော်ကို အပြင်ထွက်ခွင့်ပင် မပေးခဲ့ပါ။ ကျွန်တော်သည် မိမိညီအစ်ကိုမောင်နှမများကို ဆက်သွယ်နိုင်ခြင်း မရှိသည့်အပြင်၊ ကျွန်တော်၏ ဘုရားသခင့်နှုတ်ကပတ်တော်များ စာအုပ်လည်း မရှိခဲ့ပါ၊ ကျွန်တော် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ထို့နောက် ကျွန်တော် ငှားထားသည့် အခန်းမှ ဤနေရာသို့ ယူလာခဲ့သည့် ကွန်ပြူတာထဲမှ ဒေတာသိမ်းသည့်ကဒ်ပြား တစ်ခုရှိကြောင်းနှင့် ထိုကဒ်ပြားထဲ တွင် ဘုရားသခင့်နှုတ်ကပတ်တော်များ စာအုပ်မိထ္ထူတစ်ခုနှင့် ဓမ္မသီချင်း အချို့ ရှိကြောင်း ရုတ်တရက်အမှတ်ရခဲ့သောကြောင့်၊ ဓမ္မသီချင်းများ နားထောင်ရန် ကျွန်တော်သည် ထိုကွန်ပြူတာကို အသုံးပြုခဲ့သည်။ တစ်မနက်တွင် ကျွန်တော်က ဓမ္မသီချင်းများ နားထောင်နေစဉ်ပင်၊ ကျွန်တော်အမေက ရုတ်တရက် အခန်းထဲသို့ ဗြုန်းခနဲ ဝင်ရောက်လာခဲ့သည်။ ကျွန်တော်က ၎င်းတို့ကို ဝှက်ဖို့အချိန်မရမီ၊ ကျွန်တော်အမေက ကွန်ပြူတာပေါ်မှ ဖိုင်များကို မြင်သွားပြီး၊ ကျွန်တော်ကို အထိတ်တလန့်ဖြင့် “အို၊ သားက ဘာဖြစ်လို့ ဘုရားသခင်ကို ဒီယုံကြည်ခြင်းအကြောင်းဟာတွေကို လိုချင်နေရသေးတာလဲ”ဟု ပြောပါသည်။ ကျွန်တော်က “အမေရယ်။ အွန်လိုင်းပေါ်မှာ ပြောတာတွေကို အမေ အလွယ်တကူ မယုံရဘူးလေ။ သားကိုယ်တိုင် ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံခဲ့ရပြီး သူတို့က နှစ်လိုဖွယ်ကောင်းတဲ့ လူတွေပါ။သူတို့က အွန်လိုင်းမှာပြောထား သလို မဟုတ်တဲ့အပြင်၊ အွန်လိုင်းမှာရေးထားတဲ့ ဟာတွေက လည်း မယုံရပါဘူး။ အဲဒါတွေအားလုံးက တရုတ်ကွန်မြူနစ် အစိုးရက လုပ်ကြံပြောထားတဲ့ ကောလာဟလတွေချည်းပါပဲ၊ ပြီးတော့ အမေ သားဘုရားသခင်ကို ယုံကြည်တာကနေပြီး တားဆီးဖို့ မကြိုးစားရဘူး” ဟု ပြောခဲ့ပါသည်။ ကျွန်တော်အမေ ကအနည်းငယ် မကျေမနပ်ဖြင့် “အွန်လိုင်းကဟာတွေက မယုံရဘူးဆိုတာ ဖြစ်နိုင်ပေမဲ့ ဘုရားသခင်ကို သားယုံကြည်မှုက သားကို အဖမ်းခံရအောင် လုပ်လိမ့်မယ်။ ဘုရားသခင်ကို သားယုံကြည်တဲ့အတွက် တစ်နေ့မှာ သားသာ အဖမ်းခံခဲ့ရရင် အမေတို့ ဘာလုပ်ကြမလဲ။ ဘုရားသခင်ကို ယုံကြည်တာရပ်ဖို့ သားကို တားဆီးရတာက သားကောင်းကျိုးအတွက်ပဲ။ သားအိမ်မှာပဲ နေ”ဟု ကျွန်တော်ကို ပြောခဲ့သည်။ ကျွန်တော်က ယုံကြည်စိတ်ချစွာဖြင့် “အမေ၊ အမေကျွန်တော်အတွက် စိတ်ပူစရာမလိုပါဘူး။ ကျွန်တော် အဖမ်းခံရ၏ မခံရ၏က ဘုရားသခင်ရဲ့ လက်တော်ထဲမှာပဲ ရှိတဲ့အပြင်၊ တရုတ်အစိုးရကလည်း ဘုရားသခင်ရဲ့ အုပ်စိုးမှုအောက်မှာပဲ ရှိတာပါ။ ဘုရားသခင်က အရာအားလုံးကို ဆုံးဖြတ်ပါတယ်” ဟု သူမကို ပြောခဲ့ပါသည်။ သို့သော် ကျွန်တော်က သူမကို မည်သည့်အရာပင် ဆိုစေကာမူ၊ ကျွန်တော်အမေသည် ကျွန်တော်ကိုလွှတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပါ။ ကျွန်တော်ကသည် စတင်စိတ်ပျက်လာပြီး၊ အိမ်တွင် မည်မျှ ကြာမြင့်အောင် နေရမည်ကိုလည်း မသိခဲ့ပါ။ ညီအစ်ကိုမောင်နှမများနှင့် ယခင်က အစည်းအဝေးများ၏ မြင်ကွင်းများသည် ကျွန်တော်စိတ်ထဲမှ တစ်ဆင့် အဆက်မပြတ် ပေါ်ပေါ်လာခဲ့သည်။ကျွန်တော်က အစည်းအဝေးတစ်ခုတွင် ပြဿနာတစ်ခုကို ပြောပြသည့် အချိန်တိုင်း၊ ညီအစ်ကိုမောင်နှမများသည် ကျွန်တော်နှင့် စိတ်ရှည်စွာ မိတ်သဟာယပြုပြီး၊ ကျွန်တော်ကို ကူညီခဲ့သည်၊ ကျွန်တော်အသက်တာတွင် ခက်ခဲမှုတစ်ခုကို တွေ့ကြုံရတိုင်း၊ သူတို့က ကျွန်တော်အတွက် အမြဲတမ်းစိုးရိမ်ပြီး၊ ကျွန်တော်ကို စောင့်ရှောက်ကြသည့်အပြင်၊ သူတို့က ကျွန်တော်စိတ်ထဲတွင် နွေးထွေးမှုကို ခံစားရစေသည်။ ကျွန်တော်သည် ကျွန်တော် ညီအစ်ကိုမောင်နှမများနှင့် အတူနေခဲ့ရသည့် ကျွန်တော်နေ့ရက် များကို အမှန်တကယ်ပင် လွမ်းဆွတ်မိပါသည်။ ယခုကဲ့သို့ ကျွန်တော်သည် အိမ်တွင် ပိတ်မိနေကာ၊ ကျွန်တော်ညီအစ်ကို မောင်နှမများဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယမပြုနိုင်သည့် အားလျော်စွာ၊ ကျွန်တော့်နှလုံးသား သည် အလုံးစုံ အနှစ်သာရမဲ့ကာ၊ ကျွန်တော့်နှလုံးသားတွင်းမှ ချည်နှောင်မှုခံစားချက်များကိုလည်း ယုံကြည်စွာဖွင့်ပြောရမည့်သူ မရှိသည့်အပြင်၊ ရှင်းပြမရနိုင်သည့် ခံစားချက်များဖြစ်သည့် အထီးကျန်ခြင်း နှင့် ကူညီရာမဲ့ခြင်း တို့က ကျွန်တော်စိတ်ထဲတွင် ပြည့်လျှံလာသည်- ယခုအချိန်ကစပြီး ကျွန်တော်ဘဝက မည်သို့ဖြစ်လာမည်နည်း။ သူတို့ကျွန်တော်ကို မည်သည့်အချိန် မှာများ အပြင်ထွက်ခွင့်ပေးမည်နည်း။ ထိုအချိန်တွင်ပင် ကျွန်တော်သည် ဘုရားသခင် ရှေ့တော်မှောက်သို့ အလျင်စလိုသွားပြီး၊ “အိုဘုရားသခင်၊ ကျွန်တော်မိဘတွေက ကျွန်တော်ကို လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိသေးတဲ့အပြင်၊ သူတို့ကျွန်တော်ကို ဘယ်အချိန်အထိ သော့ခတ်ပိတ်ထားမယ် ဆိုတာလဲ ကျွန်တော် မသိပါဘူး။ကျွန်တော်နှလုံးသားက အားနည်းစပြုလာပြီး၊ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ဘုရားသခင်ကို ယုံကြည်ရတာ အရမ်းကို ခက်ခဲတယ်လို့ ခံစားရပါတယ်။ ကျွန်တော်ဒါကို ဘယ်လိုကျော်ဖြတ်ရမလဲ။ ကိုယ်တော်ရဲ့ လမ်းပြမှုကို တောင်းလျှောက်ပါတယ်”ဟု ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးနောက်တွင် ကျွန်တော်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိပါသည်၊ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။” ကျွန်တော်မိသားစုက ကျွန်တော်ကို ဟန့်တားပိတ်ပင်ပြီး၊ အတင်းအကျပ်စေခိုင်းရန် ကြိုစားမှုသည် သူတို့ကိုယ်ပိုင် လုပ်ဆောင်ချက်များ မဟုတ်ပေမဲ့ ၎င်းမှာ ဝိညာဉ်လောကတွင် ဖြစ်ပွားနေသည့် စစ်ပွဲတစ်ခုဖြစ်ကြောင်း ဘုရားသခင် ၏ နှုတ်ကပတ်တော်များမှ ကျွန်တော်နားလည် သဘော​ပေါက်ခဲ့ပါသည်။ကျွန်တော်က ဘုရားသခင်ကို စတင် ယုံကြည်ခါစသာ ရှိသေးကြောင်းကို စာတန်က သိသော ကြောင့်၊ ကျွန်တော့်ကို ဘုရားသခင်ရှေ့တော်မှောက်သို့ လာရောက်ခြင်းမှ တားဆီးရန်အတွက်၊ သူက ဘုရားသခင်ကို ကျွန်တော်၏ ယုံကြည်မှုအား စွန့်လွှတ်စေဖို့ အတင်းအကျပ် တွန်းအားပေး လိုသည့် ရည်ရွယ်ချက်ဖြင့် ကျွန်တော်ကို ဝန်းရံကာ၊ အိမ်တွင် အကျယ်ချုပ်ချုပ်ထားရန် ကျွန်တော်မိသားစုကို အသုံးချခဲ့ ပါသည်။ သို့သော်လည်း ဘုရားသခင်၏ အလိုတော်မှာ ကျွန်တော်ကို စာတန်၏ လှည့်စားသော အကောက်ကြံမှုများကို ထိုးဖောက်မြင်စေပြီး၊ ကျွန်တော် သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်စေရန် ဖြစ်ပါသည်။ ထိုသည်မှာ စာတန်က ယောဘ၏ ဘုရားသခင်ကို ယုံကြည်မှုကို ချေမှုန်းရန် ကြိုးစားပြီး၊ ယောဘပိုင်ဆိုင်မှုနှင့် သူ့သားသမီးများကို ယူဆောင်သွား သည့်အပြင်၊ ယောဘထံတွင် နာကျင်ဖွယ် အနာစိမ်းများ ရုတ်တရက် ဖြစ်ပွားလာစေခဲ့သည့် အချိန်ကဲ့သို့ပင် ဖြစ်ပါသည်၊ ပြီးနောက်စာတန်သည် ယောဘ ဘုရားသခင်ကို သူ၏ ယုံကြည်မှုကို စွန့်လွှတ်လိုက်စေရန် အတွက် ယောဘ၏ မိတ်ဆွေများနှင့် သူ့ဇနီးတို့ကိုလည်း အသုံးပြုကာ ယောဘကို စုံစမ်းသွေးဆောင်ခဲ့ပါသည်။ ယောဘအပေါ်သို့ ကျရောက်လာ သည့် အရာများသည် အမှန်တကယ်တွင် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများသာ ဖြစ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများလည်း ဖြစ်ပါသည်။ သို့သော်လည်း ယောဘသည် သူ့ကြွယ်ဝမှုများနှင့် ပိုင်ဆိုင်မှုများအားလုံးကို ဆုံးရှုံးရသောကြောင့် ဘုရားသခင်ကို အပြစ်မတင်ခဲ့သည့်အပြင်၊ သူသည် သူ့မိတ်ဆွေများနှင့် သူ့မိသားစု၏ အမြဲတမ်း ဒုက္ခပေးနှောင့်ယှက်ခြင်းကို ခံရသောကြောင့် ဘုရားသခင် ကိုလည်း ပစ်ပယ်ခဲ့ခြင်း မရှိပဲနှင့်၊ ထိုအစား ဘုရားသခင်ကို သူ့ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး၊ သူ့သက်သေခံချက်တွင် ခိုင်မာစွာရပ်တည်ကာ၊ အဆုံးသတ်တွင် ဘုရားသခင်၏ ချီးမွမ်းခြင်းကို လက်ခံရရှိခဲ့ပါသည်။ ကျွန်တော်သည်လည်း ယောဘကို အတုယူကာ၊ စာတန်၏ လှည့်စားသော အကောက်ကြံမှုများအားဖြင့် မပိတ်မိနေစေပဲ ရှိရမည်။ ကျွန်တော်မိဘများ က ကျွန်တော်ကို တားဆီးရန် မည်သို့ပင် ကြိုးစားခဲ့ပါစေ၊ ကျွန်တော်၏ ယုံကြည်မှုကို ခိုင်မာစေပြီး၊ ဘုရားသခင် နောက်လိုက်ခဲ့ရပါသည်။ ထို့ကြောင့် ကျွန်တော်သည် အပြင်သို့ထွက်နိုင်ပြီး၊ ကျွန်တော်ညီအစ်ကို မောင်နှမများဖြင့် တွေ့နိုင်ရန် ကျွန်တော်အတွက် ထွက်ပေါက် ဖွင့်ပေးပါရန် ကျွန်တော်နှလုံးသားထဲမှ ဘုရားသခင်ကို တိတ်ဆိတ်သည့် ဆုတောင်းခဲ့သည်။

ထို့နောက်တွင် ကျွန်တော့်အမေကို “ကျွန်တော် ဒီအိမ်မှာပဲ နေရတာ တစ်ပတ်ရှိခဲ့ပြီ။ ကျွန်တော့်ကို အပြင်ထွက်ခွင့် ပေးပါ။ ကျွန်တော် အလုပ်ကိုပဲ ပြန်သွားပါမယ်” ကျွန်တော်က ဟု ပြောခဲ့သည်။ သူမက ကျွန်တော့်ကို မယုံကြည်ခဲ့သော်လည်း ကျွန်တော်က ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး၊ ကျွန်တော့်ထံတွင် ရည်းစားရှိကြောင်း နှင့် သူမကို သွားမတွေ့ ပါက ကျွန်တော်တို့ လက်ထပ်ခြင်းဖြင့် အဆုံးသတ်ရန်မှာ မဖြစ်နိုင်တော့ကြောင်း ကျွန်တော့်အမေကို ပြောလိုက်သည်။ ကျွန်တော့်အမေက ကျွန်တော့်ကို အိမ်မှာ ထားရှိခြင်းသည် အိမ်ထောင်ရေးအတွက် ဤအခွင့်အရေးကို ပျက်စီးစေမည်ကို ကြောက်ရွံ့ကာ သူမက ကျွန်တော့်ကို ပေးသွားခဲ့သည်။ ဘုရားသခင်သည် ကျွန်တော့်နံဘေးတွင်ရှိနေပြီး၊ ကျွန်တော် မည်သည့်အခက်အခဲများ တွေ့ကြုံရပါစေ၊ ဘုရားသခင်ကို ဆုတောင်းခြင်းနှင့် မှီခိုခြင်းတို့အားဖြင့် မည်သည့်အခက်အခဲမဆို အလွယ်တကူ ဖြေရှင်းနိုင်ကြောင်းကို ကျွန်တော် နားလည် သဘောပေါက်လာခဲ့သည်၊ ဘုရားသခင်ကို ကျွန်တော့်ယုံကြည်မှု သည် ထို့နောက်ပိုင်းတွင် အနည်းငယ် ကြီးထွားလာခဲ့ပါသည်။ အိမ်ထဲမှ အပြင်သို့ထွက်ပြီးနောက် ကျွန်တော်ငှားထားသည့် အိမ်သို့ပြန်သွားပြီး၊ ကျွန်တော့်ပစ္စည်းများအားလုံးကို ကျွန်တော့် မိဘများက ယူဆောင်သွားပြီးဖြစ်ကြောင်းကို တွေ့မြင်ရသည်၊ ကျွန်တော် မည်သည့်နေရာတွင် နေထိုင်ရမည်နည်း။ ထို့နောက် ကျွန်တော်သည် အသင်းတော်မှ ကျွန်တော့် အစ်ကိုတစ်ယောက် ကို ဖုန်းခေါ်ပြီး၊ ကျွန်တော် အပြင်ထွက်လာပြီဖြစ်ကြောင်းကို သူ့ကို ပြောလိုက်သည်။ ကျွန်တော့် အံ့အားသင့်ရသည်မှာ ဤအစ်ကိုသည် ကျွန်တော်နေထိုင်ရန် နေရာကောင်းတစ်ခုကို ကူညီရှာဖွေပေးပြီး၊ အစည်းအဝေးများ တက်ရောက်ရန် ကျွန်တော့်အတွက် စီစဉ်ပေးခဲ့ပါသည်။

သို့သော်လည်း ကျွန်တော့်မိသားစုက ကျွန်တော့်ကို တားဆီးရန် ကြိုးစားအားထုတ်ခြင်းသည် ယခုအထိ မပြီးဆုံးသေးပါ...

ကျွန်တော့်အဖေက ဘုရားသခင်ကို ကျွန်တော့်ယုံကြည်မှုအား စွန့်လွှတ်စေရန် ကျွန်တော်နှင့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်လိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်

တရုတ်နှစ်သစ်ကူး နီးကပ်လာသည်နှင့်အညီ၊ ကျွန်တော် အိမ်သို့ပြန်သွားခဲ့သည်။ ကျွန်တော့်မိဘများကလည်း ထိုနေရာသို့ ရောက်ခါစဖြစ်ပြီး၊ ကျွန်တော့် အဖေက ကျွန်တော့်ကို “မင်းဒါကို လုံးဝ မယုံရတော့ဘူး။ မင်းယုံကြည်မှုမှာ ဆက်ပြီးယုံကြည် နေမယ်ဆိုရင်၊ ငါကလည်း မင်းနဲ့ ထပ်ပြီးပတ်သက်နေဖို့ မရှိတော့ဘူး။ ဒီတစ်ခါတော့ မင်းငါနဲ့ လိုက်ခဲ့ပြီး ငါ့အလုပ်ကိုသွားကြမယ်” ဟု ရှင်းလင်းပြတ်သားစွာဖြင့် ပြောခဲ့ပါသည်။ သူက ထိုသို့ပြော ပြီးနောက် ကျွန်တော်က “ငါ့အဖေနဲ့သာ လိုက်သွားရင်၊ သူက ငါ့ကို တစ်ချိန်လုံးစောင့်ကြည့်နေတော့မှာပဲ၊ အဲဒါဆို ငါကဘယ်လိုလုပ် အပြင်ထွက်ပြီး၊ အစည်းအဝေး တွေတက်နိုင်မှာလဲ” ဟု မိမိဘာသာ တွေးမိသည်။ ထို့နောက်တွင်ပင် ကျွန်တော်သည် မည်သည့်အရာကို အကောင်းဆုံး လုပ်ဆောင်ရမည်ကို မသိတော့သောကြောင့် ကျွန်တော့်နှလုံးသားတွင် ဘုရားသခင်ကို “အို ဘုရားသခင်၊ ကျွန်တော့်အဖေက ကျွန်တော်သူနဲ့ သူ့အလုပ်ကို လိုက်သွားဖို့ တောင်းဆိုနေပါတယ်၊ ပြီးတော့ ကျွန်တော် မသွားချင်ပါဘူး။ ဒါပေမဲ့ သူ့ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်မှုပေးပါ” ဟု ဆက်လက် ဆုတောင်းနေခဲ့သည်။ ဆုတောင်းပြီးနောက်၊ ကျွန်တော် သူနှင့် လိုက်မသွားလိုကြောင်း ကျွန်တော့် အဖေကို ပြောခဲ့သည်။ မမျှော်လင့်စွာပင် ဤသို့ပြောဆိုခြင်းသည် ကျွန်တော့်အဖေကို အကြီးအကျယ်ဒေါသထွက်စေပြီး၊ သူက ကျွန်တော့်ကို ကောင်းစွာ ဆူပူပါတော့သည်။ ကျွန်တော် မရပ်သွားသေးသည်ကို မြင်ရင်းဖြင့် သူက ကျွန်တော့်ကို စတင်ကန်ကျောက်ရိုက်နှက် နေသည့်ကြားမှ ကျွန်တော်သူနှင့် သွားမသွားကိုလည်း သိရန် တောင်းဆိုနေခဲ့သည်။ ထို့နောက်တွင် ကျွန်တော့်အမေနှင့် ကျွန်တော့် အဖိုးအဖွားတို့က ကျွန်တော့်ကို အကြံပေးရန် ကြိုးစားကြပြီး၊ ကျွန်တော့်အမေက ငိုကာယိုကာဖြင့် “နင်ဘာဖြစ်လို့အရမ်း မာနကြီးနေရတာလဲ။ နင့်ဘုရားသခင်ကို ယုံကြည်မှုအတွက် နင်တစ်နေ့ အဖမ်းခံရရင် ငါတို့က ဘာလုပ်ရမလဲ”ဟု ပြောခဲ့သည်။ ကျွန်တော် မရပ်သည် ကိုမြင်ရင်းဖြင့် ကျွန်တော့်အဖေက အလွန်ဒေါသ ထွက်ကာ၊ မီးဖိုချောင်ထဲသို့ ဝုန်းဒိုင်းကြဲကာ ထွက်သွားပြီး၊ ဓါးတစ်ချောင်းဖြင့် ပြန်လည်ရောက်ရှိလာသည့်အပြင် ကျွန်တော့် လည်ပင်းကို ထိုဓါးဖြင့်ထောက်ပြီး၊ သူက “မင်းအခုရော အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သေးလား။ မင်းက ယုံတယ်လို့ပြောခဲ့ရင်၊ ငါ့မှာသားတစ်ယောက် လုံးဝမရှိတော့ဘူး” ဟု မေးခဲ့သည်။ ကျွန်တော့်မိသားစုက ကျွန်တော့်နံဘေးတွင် စုဝေးလာခဲ့သည်ကို မြင်ပြီး၊ သူတို့ ဝိုင်းရံမှုကို ရင်ဆိုင်ရင်းဖြင့်၊ ကျွန်တော်သည် မယုံနိုင်လောက်အောင် စိတ်ပျက်ကာ မျက်ရည်များသည် ကျွန်တော့်မျက်လုံးများမှ ထိန်းချုပ်မရအောင် ကျလာခဲ့သည်။ ကျွန်တော်က “ဘာဖြစ်လို့ ငါ့မိသားစုထဲမှာ တစ်ယောက်မှ ငါ့ကို နားမလည်ကြတာလဲ။ ငါက ဘုရားသခင်ကို ယုံကြည်တာနဲ့ပဲ၊ ငါ့အဖေက ငါ့ကို အဆက်အသွယ်တွေ အားလုံးဖြတ်မယ်တဲ့။ ဒီလူတွေဟာ ငါ့မိသားစုမှ ဟုတ်ကြသေး ရဲ့လား” ဟု မိမိဘာသာတွေးလိုက်သည်။

ကျွန်တော့်နာကျင်မှုနှင့် အားနည်းချက်တို့၌၊ ကျွန်တော်သည့် ဘုရားသခင်ကို ကျွန်တော့်နှလုံးသားထဲ၌ ခေါ်ခဲ့သည်၊ “အိုဘုရားသခင် ကျွန်တော်အခု တော်တော်ကို စိတ်ပျက်နေပြီး၊ ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာလည်း မသိ ပါဘူး။ကျေးဇူးပြုပြီး ကျွန်တော့်နှလုံးသားကို ကာကွယ် စောင့်ရှောက်တော်မူပါ။” ဆုတောင်းပြီးနောက်တွင် ဘုရားသခင် က ကျွန်တော့်ကို အသိဉာဏ်ပွင့်လင်းစေခဲ့ပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော်၏ ဓမ္မသီချင်း “ခံစားရဝေဒနာ မည်မျှ ကြီးမားပါစေ ဘုရားသခင်ကိုချစ်မြတ်နိုးရန် ကြိုးပမ်းပါ” သည် ကျွန်တော့်စိတ်ထဲသို့ ရောက်လာခဲ့သည်။ “ထို့ကြောင့် ဤနောက်ဆုံးသော နေ့ရက်ကာလအတွင်း သင်တို့သည် ဘုရားသခင်၏ စမ်းသပ်စစ်ဆေးမှုကို ခံနိုင်ရမည်။ သင်တို့၏ဒုက္ခဝေဒနာ ခံစားရခြင်းက မည်မျှပင် ကြီးမားပါစေ၊ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ သင်တို့၏နောက်ဆုံးထွက်သက်၌ပင် သင်တို့သည် ဘုရားသခင်နှင့် သူ၏သနားကြင်နာမှုကို သစ္စာစောင့်သိနေသေး သင့်သည်။ ဒီတစ်ခုတည်းက ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးခြင်းနှင့် ဒီတစ်ခုတည်းက ခိုင်မာပြီး ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” ဤဘုရားသခင်၏ နှုတ်ကပတ်တော် များကလည်း ကျွန်တော့်ထံသို့ ရောက်ရှိလာခဲ့သည်။ “မည်သူ ထွက်ပြေးသည် ဖြစ်စေ၊ သင်ထွက်ပြေး၍ မဖြစ်။ အခြားလူများ မယုံကြည်ကြ သော်လည်း၊ သင်ယုံကြည်ရမည်။ အခြားလူများ ဘုရားသခင်ကို စွန့်ပစ်ကြသော်လည်း၊ သင်သည် ဘုရားသခင်ကို ထောက်ခံကာ သူ့ကို သက်သေခံရမည်။ အခြားသူများက ဘုရားသခင်ကို အသရေဖျက်ကြသော်လည်း၊ သင် အသရေဖျက်၍ မဖြစ်။” ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်တော့်ကို ယုံကြည်မှုနှင့် ခွန်အားများပေးခဲ့ပြီး၊ ယနေ့ ဤအခြေအနေ ကျွန်တော့်အပေါ်သို့ ကျရောက်လာသည်မှာ ဘုရားသခင်က ကျွန်တော့်ကို သက်သေခံစေလိုသောကြောင့် ဖြစ်ကြောင်း ကျွန်တော်နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်တော့်မိသားစုက ဘုရားသခင်ကို မယုံကြည်ခဲ့ကြပါ၊ သူတို့သည် တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများ၏ ပြုစားမှုကို ခံရကာ၊ လူကိုကယ်တင်ရန် ဘုရားသခင်၏ အလိုတော်ကိုလည်း သူတို့နားမလည်ကြသောကြောင့် သူတို့က ကျွန်တော့်ကို ဘုရားသခင်ကို ယုံကြည်ခြင်းမှ ရပ်တန့်စေရန် ကြိုးစားနေခဲ့ကြသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် ဤသည်မှာ စစ်မှန်သည့် လမ်းခရီးဖြစ်ကြောင်း ကျွန်တော်သိရှိခဲ့ပြီး၊ သူတို့ မည်သည့်အရာကို ပြောပါစေ၊ ကျွန်တော်သည် သူတို့နောက် မလိုက်သကဲ့သို့၊ ဘုရားသခင်ကို သစ္စာဖောက်သည့် အရာတစ်ခု မျှလည်း လုပ်ဆောင်မည် မဟုတ်ပါ။ထို့ကြောင့် ကျွန်တော့် လည်ပင်းကို ဓါးဖြင့်ထောက်ထားဆဲဖြစ်သည့် ကျွန်တော့်အဖေကို တည်ကြည်ခိုင်မာစွာဖြင့် ကျွန်တော်က “လုပ်လိုက်ပါ။ ကျွန်တော် သေသေ ရှင်ရှင်၊ ကျွန်တော် အဖေနဲ့သွားမှာမဟုတ်ဘူး” ဟု ပြောခဲ့ပါသည်။ ကျွန်တော်ပြောသည်ကို ကြားရင်းဖြင့် ကျွန်တော့် အဖေသည် လုံးဝပေါက်ကွဲသွားခဲ့သော်လည်း ကျွန်တော့် မတွန့်မဆုတ်သော အမူအရာသည် မည်သို့ရှိသည်ကို တွေ့မြင်ပြီး၊ အဆုံးသတ်တွင် သူလုပ်နိုင်သမျှသည် ဓါးကို အောက်ချ လိုက်ရုံသာ ရှိပါသည်။ သူထွက်မသွားမီလေးတင်၊ ကျွန်တော်က သူနှင့် လိုက်သွားလိုခြင်းရှိမရှိကို တစ်ကြိမ်ထပ်မံမေးမြန်းခဲ့ပြီး၊ ကျွန်တော်ကလည်း လိုက်မည်မဟုတ်ကြောင်းကို ပြတ်သားစွာ ပြောခဲ့သည်။ ထို့နောက်သူက ကျွန်တော့်ကို ဒေါသတကြီးဖြင့် ကန်၍ ကျွန်တော်လုပ်နိုင်သမျှမှာလည်း သည်းခံရုံသာ ရှိပါသည်။ ကျွန်တော့်နှလုံးသားတွင် ကျွန်တော်က ဘုရားသခင်ကို ကျွန်တော့်နှလုံးသားကို ကာကွယ်ပါရန် တောင်းလျှောက်ခြင်းဖြင့် တိတ်ဆိတ်စွာဆုတောင်းခဲ့ပါသည်။ အဆုံးသတ်တွင် ကျွန်တော့် အဖေက ကူညီရာမဲ့စွာဖြင့် “မင်းကြိုက်တာသာ လုပ်ပါတော့ ကွာ။ ငါတော့ဒီကိစ္စကို မကိုင်တွယ်နိုင်တော့ပါဘူး” ဟု ပြောခဲ့ပါသည်။ ဤအရာကိုကြားပြီး၊ ဤသည်မှာ ဘုရားသခင်က ကျွန်တော့်အတွက် ထွက်ပေါက်ကို ဖွင့်ပေးခြင်းဖြစ်ကြောင်း သိရှိသောကြောင့် ကျွန်တော်က ဘုရားသခင်ကို ကျေးဇူးတင် ရှိခဲ့သည်။ ထို့နောက်တွင် ကျွန်တော်သည် ကျွန်တော့် ညီအစ်ကိုမောင်နှမများဖြင့် အစည်းအဝေးများကို တက်ရောက် နိုင်ခဲ့ပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ကျွန်တော် စိတ်ပိုင်းဖြတ်ထားသည်ကို တွေ့ရင်းဖြင့် ကျွန်တော့် မိဘများသည် ယခင်ကကဲ့သို့ ကျွန်တော်ကို တားဆီးရန် မကြိုးစားကြတော့ပါ။

ဤအဖြစ်အပျက်များကို ပြန်ကြည့်ခြင်းဖြင့် ကျွန်တော့်အား ဘုရားသခင်၏ နက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာကို ခံစားစေသည်

ကျွန်တော့်မိသားစုက ကျွန်တော့်အား ဘုရားသခင်ကို ယုံကြည်ခြင်းမှ တားဆီးရန် ကြိုးစားခဲ့သည့် အချိန်ကာလ အတွင်း ကျွန်တော့် အတွေ့အကြုံများကို ပြန်တွေးရင်းဖြင့်၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို တိုက်ခိုက်ရန် နှင့် အသရေဖျက်ရန် တရုတ်ကွန်မြူနစ်အစိုးရ လုပ်ကြံပြောဆိုသည့် ကောလာဟလများသည် မည်မျှမုန်းတီးဖွယ်ကောင်းသည်ကို ကျွန်တော် တွေ့မြင်ခဲ့ရသည်။ ပထမတွင် ကျွန်တော့်မိသားစုက ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းသည့်အရာ တစ်ခုဖြစ်သည်ဟု အသိအမှတ်ပြုပြီး၊ သူတို့က ကျွန်တော် ဘုရားသခင်ကို ယုံကြည်ခြင်းကို မဆန့်ကျင်ကြပါ။ သို့သော်လည်း သူတို့သည် တရုတ်ကွန်မြူနစ်အစိုးရအားဖြင့် ဖြန့်ဝေထားသည့် ကောလာဟလများ၏ လှည့်စားခြင်းကို ခံရသောကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် အကြောင်း နှင့် ပတ်သက်ပြီး အထင်လွဲမှားမှုများ သူတို့ထံမှ ပေါ်ပေါက်လာခဲ့သည့်အပြင် သူတို့သည် တရုတ်ကွန်မြူနစ် အစိုးရ၏ ဆိုးယုတ်သော အင်အားစုများကို ကြောက်ရွံ့လာကာ၊ ကျွန်တော်အဖမ်းခံရမည်ကို စိတ်ပူသောကြောင့် ကျွန်တော် ဘုရားသခင်ကို ယုံကြည်ခြင်းမှ တားဆီးရန် ကြိုးစားကာ၊ ကျွန်တော် ထိုယုံကြည်ခြင်းအား စွန့်လွှတ်စေရန် တွန်းအားပေး ခဲ့ကြသည်။ ကျွန်တော်ကိုယ်တိုင်လည်း တရုတ်ကွန်မြူနစ် အစိုးရ၏လှည့်စားခြင်းကို ခံခဲ့ရပြီး၊ ကတိကဝတ်ကို ဖျက်လိုကာ၊ ဘုရားသခင်ကို လုံးဝ ယုံကြည်လိုခြင်းမရှိတော့သည့်အပြင်၊ ကျွန်တော်မိသားစုက ကျွန်တော့်ကို ချည်နှောင်ရန် ကြိုးစား သောကြောင့် နာကျင်မှုဖြင့် နွမ်းလျလာခဲ့ပါသည်၊ တရုတ်ကွန်မြူနစ် အစိုးရပါတီသည် ဤနာကျင်မှုများအားလုံး၏ အရင်းအမြစ်ဖြစ်သည်။ သို့သော်လည်း လမ်းခရီးတစ်လျှောက် လုံးတွင် ဘုရားသခင်သည် တိတ်ဆိတ်စွာဖြင့် ကျွန်တော်ကို လမ်းပြပြီး ကူညီနေပါသည်၊ ကျွန်တော်သည် တရုတ်ကွန်မြူနစ် အစိုးရ၏ ကောလာဟလများကြောင့် လှည့်စားခံရချိန်တွင်၊ ကျွန်တော့်အနေဖြင့် အမှားအမှန်ကို ခွဲခြားနိုင်ရန် နှင့် ဘုရားသခင်ကို ဆက်လက်နောက်လိုက်ရန် တို့အတွက် အားဖြည့်ပေးဖို့ ကျွန်တော့်ညီအစ်ကိုမောင်နှမများ၏ မိတ်သဟာယပြုခြင်းကို အသုံးပြုခဲ့သူမှာ ဘုရားသခင် ဖြစ်ပါသည်။ ကျွန်တော်မိသားစုက ကျွန်တော့်ကို အကျယ်ချုပ် ချုပ်ထားပြီး၊ ဆူပူကာ ခြိမ်းခြောက်ချိန်တွင် ကျွန်တော့်ကို ယုံကြည်မှုပေးသူ နှင့် ကျွန်တော့် အပျက်သဘောဆောင်ပြီး အားနည်းသည့် အခြေအနေမှ ဦးဆောင်ခေါ်ထုတ်ခဲ့သူမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်၊ ကျွန်တော်က အရာအားလုံးကို စွန့်လွှတ်ပြီး၊ ဘုရားသခင်နောက်လိုက်ချိန်တွင်၊ ဘုရားသခင်က ကျွန်တော့်အတွက် ထွက်ပေါက်ဖွင့်ပေးခဲ့ကာ၊ ကျွန်တော် ဘုရားသင်ကို ယုံကြည်ခြင်းအား ကျွန်တော့် မိသားစုသည် လုံးဝတားဆီးခြင်း မရှိတော့ပါ။ ကျွန်တော့် မိသားစုဝင်တိုင်း၏ ကိုယ်တော်ကို ယုံကြည်ခြင်းမှ တားဆီးရန် ထပ်ခါထပ်ခါ ကြိုးစားအားထုတ်မှုမှတစ်ဆင့် လမ်းပြခဲ့သူမှာ ဘုရားသခင်ဖြစ်ပြီး၊ ကျွန်တော့်ကို တစ်ခါမျှ မစွန့်ပစ်ခဲ့သည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်တော် ကျေးဇူးတင် ပါသည်။ ခပ်သိမ်းသောအမှုတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဘုန်းတော်ထင်ရှားပါစေ။

အမှာစကား ချန်ခဲ့မည်