စာရင်း

အချက်အလက်များနှင့် သမ္မာတရားတို့က ကျွန်မအား တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများကို ခွဲခြားသိမြင်စေသည်

“အမေ၊ ဘုရားသခင်ကို လုံးဝမယုံကြည်ရတော့ဘူး။ အွန်လိုင်းမှာ ပြောထားတာတွေပဲ ကြည့်ပါဦး”

“တရုတ်အစိုးရပြောတာတွေကို သမီးမယုံသင့်ဘူး။ အဲဒါတွေအားလုံး က ကောလာဟလတွေ နဲ့ မုသားတွေချည်းပဲ...”

“ဒီဟာတွေကို သတင်းက ဒီလောက် ကြေငြာနေတာတောင်မှ အမေက အဲဒါကို ယုံချင်နေတုန်းပဲလား”

လွန်ခဲ့သည့်နှစ်အနည်းငယ်မှ ကျွန်မက တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများကို ယုံကြည်ပြီး၊ ကျွန်မအမေက ဘုရားသခင်ကို ယုံကြည်ခြင်းအား ရပ်တန့်ရန် ကြိုးစား သည့်အချိန်၊ ညီအစ်ကို မောင်နှမများကို ဆန့်ကျင်ပြီး မိမိကိုယ်ကို သတိပြုကာကွယ်ကာ၊ သူတို့၏ ထင်မြင်ယူဆချက်များကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားခဲ့ သည့်အချိန်၊ ထိုအချိန်များကို သတိရမိတိုင်း ကျွန်မသည် အလွန်အမင်း နောင်တရပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်မကို မည်သည့်အခါမျှ မပစ်သွားသည့်၊ ကောလာဟလများကို ထိုးဖောက် မြင်စေပြီး၊ ဘုရားသခင် ထံသို့ ပြန်လာစေသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ကျွန်မမှာ ကျေးဇူးတင်ရှိမှု အပြည့်ရှိ နေပါသည်၊ ယခုအချိန် ထိုအကြောင်းကို ပြန်တွေးမိသည့်အခါတွင်၊ ထိုအတိတ်မှ အဖြစ်အပျက်များ၏ မြင်ကွင်းတိုင်းသည် ကျွန်မ စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာပါသည်...

အမေနှင့်သမီး၊ သို့သော်လည်း အချင်းချင်း သူစိမ်းပြင်ပြင်

ကျွန်မ ရှစ်နှစ်သမီးအရွယ်က၊ ကျွန်မ အဖေသည် နာမကျန်းဖြစ်ပြီး၊ သေဆုံးသွားခဲ့သည်၊ ထို့နောက် ကျွန်မ အမေနှင့် ကျွန်မတို့ အတူတကွ ပေါင်းသင်းပြီး၊ အချင်းချင်း မှီခိုအားကိုးခဲ့ကြသည်။ ထိုအချိန်က ကျွန်မအမေသည် အလွန်နာကျင်ခံစားရပြီး၊ အမြဲတမ်း ဝမ်းနည်းသည့် အသွင်ပေါက်နေခဲ့သည်။ သူမသည် နေ့တိုင်း တစ်နေ့တာလုံး အလုပ်လုပ်ခဲ့ရပြီး၊ ကျွန်မကို မည်သည့်အကြောင်းမျှ လုံးဝမပြောခဲ့ပါ။ သူမသည် ကျွန်မဘဝ သို့မဟုတ် ကျွန်မ၏ သင်ယူလေ့လာမှုများနှင့် ပတ်သက်ပြီး သိပ်ဂရုမစိုက်သည့်အပြင်၊ သူမစိတ်မကြည်လင်သည့် အချိန်တွင်၊ ကျွန်မကို မကြာမကြာ ဒေါသထွက်လေ့ရှိခဲ့သည်။ ထို့ကြောင့် ကျွန်မသည် မိမိအမေကို မိမိမနှစ်သက်ခြင်းကို ခံစားရပြီး၊ ကျွန်မတွေ့ကြုံခဲ့ရသည့် မည်သည့်အခက်အခဲကိုမျှ သူ့ကို မပြောပြ လိုခဲ့ပါ။ အချိန်ကြာလာသည်နှင့်အမျှ ကျွန်မတို့၏ ဖလှယ်မှုသည် မကြာမကြာ နည်းသည်ထက်နည်းလာကာ၊ ကျွန်မတို့မှာ တစ်မိုး အောက်တွင် နေသော်လည်း၊ အရင်းနှီးဆုံး သူစိမ်းများ ဖြစ်လာ သည့်အပြင်၊ ကျွန်မသည်လည်း အထီးကျန်သထက် အထီးကျန် သည်ဟု ခံစားခဲ့ရပါသည်...

ကောလာဟလများဖြင့် လှည့်စားခြင်းခံရပြီး၊ ကျွန်မအမေ ဘုရားသခင်ကို ယုံကြည်ခြင်းအား ကျွန်မတားဆီးရန် ကြိုးစားသည်

၂၀၁၂ ခုနှစ် နိုဝင်ဘာလတစ်ရက်တွင် ကျွန်မတို့အိမ်ကို လူနှစ်ယောက် ရောက်ရှိလာပြီး၊ သူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ကျွန်မအမေကို ပြောခဲ့ကြသည်။ ထို့နောက်တွင် ကျွန်မအမေက သူမ အလုပ်မှ အိမ်သို့ပြန်ရောက်ပြီး ညနေတိုင်း သိုးသငယ်ဖွင့်သည့် စာစောင် စာအုပ်ကို ဖတ်ရှုခဲ့သည်။သိလိုစိတ်ဖြင့် ကျွန်မက သူမကို “အမေ၊ အခုနောက်ပိုင်း ဘာစာအုပ်ကို ဖတ်နေတာလဲ” ဟု မေးခဲ့သည်။ သူမကပြုံးလိုက်ပြီး၊ “ဒါတွေက အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေလေ။ နှုတ်ကပတ်တော် တိုင်းမှာ သမ္မာတရားတွေပဲ။ ဒီမှာရော့၊ ဖတ်ကြည့်”ဟု ပြောခဲ့သည်။ ကျွန်မသည် ကျောင်းတက်နေစဉ် လတ်တလောနှစ်များအတွင်း စာအုပ်များစွာကို ဖတ်ရှုခဲ့ပြီးဖြစ်သည်ဟု တွေးမိသောကြောင့် ငြင်းဆန်ခဲ့သည်။

သို့သော်လည်း ကျွန်မအမေက ဤစာအုပ်ကို မည်မျှ စိတ်အားထက်သန်စွာ ဖတ်ရှုနေသည်ကို ကျွန်မမြင်ရသည့်အချိန်တွင်၊ သူမ လှည့်စားခံရနိုင်သည်ကို စတင်ပူပန်လာသောကြောင့် အွန်လိုင်း တက်ပြီး သက်ဆိုင်ရာ သတင်းအချက်အလက်များကို ရှာဖွေပါ တော့သည်။ ဝဘ်စာမျက်နှာတစ်ခုကို ဖွင့်ပြီး “ဘုရားသခင်ကို ယုံကြည်ပြီးနောက်ပိုင်း လူများသည် မူမမှန်ဖြစ်လာခြင်း” ဆိုသည့် သတင်းခေါင်းစီးတစ်ခုကို ဖတ်ပြီးနောက်၊ ကျွန်မနှလုံးသားသည် ပြင်းထန်စွာစတင်ခုန်လာပြီး၊ အလွန်ပင် ကြောက်ရွံ့ခဲ့သည်။ ကျွန်မအမေကို ဘုရားသခင်အား ဆက်ပြီးမယုံကြည်တော့ရန် ချက်ခြင်းပြောခဲ့သည်။ သူမက ကျွန်မကို နားမထောင်ခဲ့သော်လည်း၊ ထိုအစား သိုးသငယ်ဖွင့်သည့်စာစောင် စာအုပ်ကို ဆက်ဖတ် သောကြောင့် ကျွန်မက သတင်းတွင် ပြောထားသည့်အရာများကို သူမကို ပြောပြခဲ့သည်။အွန်လိုင်းမှ သတင်းကြေငြာချက်ကို ဖတ်ရှုပြီးနောက် ကျွန်မ အမေက စိုးရိမ်မှုကင်းမဲ့စွာဖြင့် “ဒီသတင်းက တရုတ်အစိုးရရဲ့ လုပ်ကြံမှုတွေချည်းပဲ၊ ပြီးတော့ အချက်အလက် တွေကိုလည်း လုံးဝ အစီရင်မခံထားဘူး”ဟု ပြောခဲ့သည်။ ကျွန်မက သူမကို စိုးရိမ်ကြောင့်ကျစွာဖြင့် “သတင်းအားလုံးက တစ်ခုတည်းကို ပြောနေတာ၊ ပြီးတော့ အမေက ဘုရားသခင်ကို ယုံနေတုန်းပဲ” ဟုပြောလိုက်သည်။ ကျွန်မအမေက မည်သည့်အရာကိုမျှ မပြောပဲနှင့်၊ သူမအခန်းထဲသို့ တိတ်ဆိတ်စွာ ပြန်ဝင်သွားခဲ့သည်။

ထိုအချိန်မှစတင်ပြီး၊ သူမထိုစာအုပ်ကို ကိုင်သည်ကို ကျွန်မမြင်သည့် အချိန်တိုင်း၊ သူမထံသို့ အလျင်စလိုသွားပြီး၊ ထိုစာအုပ်ကို မဖတ်ရန် သူမအား ပြောခဲ့သည်။ သို့သော်လည်း သူမက ကျွန်မကို နားမထောင်ပဲနှင့် စိတ်ရှည်လက်ရှည်ဖြင့် “အမေလှည့်စားခံရမှာကို သမီးစိတ်ပူ နေတယ်ဆိုတာ အမေသိတယ်၊ ဒါပေမဲ့ ဒီတစ်ချိန်လုံး၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမ တွေနဲ့ အမေရဲ့ ဆက်သွယ်မှုတစ်လျှောက်လုံးမှာ၊ သူတို့က တရုတ်ကွန်မြူနစ်အစိုးရက ပြောတဲ့ဟာတွေလိုမျိုး လုံးဝမဟုတ်တာကို အမေတွေ့ခဲ့ပြီးပြီ။ အမေတို့ အတူတကွ စုဝေးတဲ့အချိန်မှာ၊ အမေတို့က သမ္မာတရားအကြောင်း ကိုသာ မိတ်သဟာယပြုပြီး၊ အမေတို့ အတွေ့အကြုံတွေနဲ့ ဘုရားသခင့်နှုတ်ကပတ်တော်ဆိုင်ရာ အသိဉာဏ် တွေ အကြောင်းပြောကြတယ်။ အမေတို့ ဘာတစ်ခုမှ အမှားမလုပ်ဘူး”ဟု ပြောခဲ့လေသည်။ သူမထိုသို့ပြောသည်ကို ကြားရင်းဖြင့် ကျွန်မက “လူတွေက ဘုရားသခင်ကို စတင်ယုံကြည် ပြီးနောက် မူမမှန်ဖြစ်လာတယ်လို့ တရုတ်အစိုးရက အွန်လိုင်းမှာ ဝါဒဖြန့်ရေးသားထားပေမဲ့ ငါ့အမေက ဘုရားသခင်ကို စယုံကြည်ပြီး ကတည်းက သူ မူမမှန်ပြုမူတာလည်း လုံးဝမတွေ့ခဲ့ပါဘူး။ တရုတ်အစိုးရပြောတာတွေက အမှားများဖြစ်နိုင် မလား။ ငါဒါကို လေ့လာမှကောင်းပါမယ်လေ” ဟု မိမိဘာသာ တွေးမိလေသည်။ ထို့နောက်တွင် ကျွန်မသည် အမေမည်သို့ပြုမူသည်ကို စောင့်ကြည့်ခဲ့ပြီး၊ သူမသည် ယခင်ကကဲ့သို့ ဝမ်းနည်းနေခြင်းမျိုး လုံးဝမရှိတော့သည်ကို တွေ့ရှိခဲ့ရသည်။ သူမက မကြာခဏ ပြုံးနေခဲ့သည့်အပြင် သူမ စိတ်မကြည်သည့်အချိန်တွင်ပင်၊ ကျွန်မကို ဒေါသထွက်ခဲလာခဲ့သည်။ သူမက ကျွန်မကို မကြာခဏ စတင်ပြီး ယုံကြည်စွာဖွင့်ပြောကာ၊ ကျွန်မ၏ ဘဝနှင့် ကျွန်မပြဿနာများကို ဂရုစိုက်လာခဲ့သည့်အပြင် ထိုပြဿနာများကို ဖြေရှင်းရန် နည်းလမ်းအတွက် လမ်းပြဖို့ ကျွန်မကို ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မိတ်သဟာယပြုခဲ့ပါသည်။ ထို့အပြင် သူမအား ပျော်ရွှင်စေသည့် အရာဖြစ်စေ၊ သို့မဟုတ် စိတ်ပျက်စေသည့်အရာဖြစ်စေ ဖြစ်ပျက်သည့်အချိန်တိုင်း၊ ထိုအကြောင်းကို ကျွန်မကို ပြောပြခဲ့သည်။ ကျွန်မအမေ ပြောင်းလဲ သွားပုံကို မြင်ရင်းဖြင့် ကျွန်မက “အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့၊ ငါ့အမေက တရုတ်ကွန်မြူနစ် အစိုးရပြောသလို မူမမှန် မဖြစ်လာပါဘူး။ အဲဒီအစား သူ့ဝိညာဉ်တွေက တစ်ချိန်လုံး တိုးတက်နေတယ်၊ သူက ငါ့အတွက် အမြဲတမ်း စိုးရိမ်နေပြီး၊ ငါတို့လည်း ပိုပိုပြီးတော့ တည့်လာကြတယ်”ဟု မိမိဘာသာ တွေးမိပါသည်။ သူမဖတ်နေသည့် စာအုပ်သည် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်ဟု ကျွန်မနှလုံးသား နက်ရှိုင်းသော တစ်နေရာမှနေပြီးခံစား ခဲ့ရပါသည်။ သို့သော်လည်း ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က တစ်ယောက်ကိုမျှ မတွေးဖူးသေး ခဲ့သောကြောင့် မိမိကိုယ်ကိုကာကွယ်ရန် သတိဖြင့် နေပါက အကောင်းဆုံးသာဖြစ်သည်ဟု တွေးမိပါသည်။

အချက်အလက်များက ကောလာဟလများကို တန်ပြန်တုံ့ပြန်ပြီး၊ ကျွန်မသည်လည်း ခွဲခြားသိမြင်မှုကို တဖြည်းဖြည်းချင် ရရှိလာခဲ့သည်

နောက်ပိုင်းတွင် အသင်းတော်မှ အစ်မအချို့က ကျွန်မအမေနှင့် အစည်းအဝေး တစ်ခုလုပ်ရန် ကျွန်မတို့အိမ်သို့ လာခဲ့ပါသည်။သူတို့က ကျွန်မကို မြင်သည့်အချိန်တွင်၊ အားလုံးက ပြုံးပြပြီး နှုတ်ဆက်ကြသည်။ သို့သော်လည်း သူတို့ကို ကျွန်မမြင်သည့် အခိုက်အတန့်တွင်၊ ကျွန်မ အွန်လိုင်းမှဖတ်ခဲ့သည့် ကောလာဟလ များအကြောင်းကို တွေးမိသောကြောင့် သူတို့ကို လျစ်လျူရှုနေ သည်ဆိုသည့် မျက်နှာအမူအရာမျိုးကိုသာ ပြခဲ့သော်လည်း အမှန်တကယ်မှာမူ ကျွန်မသည် သူတို့၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်းသာ ဖြစ်သည်။ သူတို့အစည်း အဝေးတွင် ကျွန်မသူတို့ကို ကြည့်နေချိန်တွင်၊ သူတို့အားလုံးက သူတို့ လတ်တလော တွေ့ကြုံခဲ့ရသည့် ပြဿနာများ သို့မဟုတ် အဖြစ်အပျက်များကြောင်း ပြောကြပြီး၊ ထို့နောက်သူတို့သည် ဤပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို မိတ်သဟာယပြုကြပါသည်။ ကျွန်မနားထောင် နေရင်းဖြင့် ကျွန်မသည် ပဟေဠိဖြစ်လာပြီး “ငါ့သူငယ်ချင်းတွေနဲ့ ဒီလောက် ဗြောင်ကျပြီး ပွင့်ပွင့်လင်းလင်း လုံးဝ မနေခဲ့ဖူးတဲ့အပြင်၊ ငါ့မှာ ကသိကအောက်ဖြစ်စရာ အကြောင်း ပြောဖို့ဆိုတာ ပိုတောင် ဝန်လေးသေးတယ်။ ဒီညီအစ်မတွေကတော့ အချင်းချင်း အရမ်း ဗြောင်ကျပြီး ပွင့်လင်းနိုင်တာပဲ။ သူတို့အချင်းချင်းလည်း ကူညီပြီး တော့၊ အချင်းချင်း ချိုးနှိမ်တာမျိုးလည်း မရှိဘူး။ ငါ့အမေက သူတို့နဲ့ ပျော်ပျော်ကြီး စကားတွေပြောနေလိုက်တာ၊ ပြီးတော့ သူအဲဒီလောက် ပျော်နေတာကို မြင်ခဲ့ရတာလည်း ကြာလှပါပြီ။ သူတို့က ငါ့အမေနဲ့ ငါတို့အိမ်ကို သယ်ဆောင်လာပေးတဲ့ အရာက ပျော်ရွှင်မှုဖြစ်ပြီးတော့၊ သူတို့က ဆိုးတဲ့ လူတွေ မဟုတ်ဘူးဆိုတာကို ငါအသိစိတ်ရလာခဲ့ပြီ။ ဒါ့ကြောင့် ဘာဖြစ်လို့ အွန်လိုင်းမှာ ဆိုးရွားလွန်းတဲ့ အစီရင်ခံစာတွေ တင်နေကြရတာလဲ။ ငါ့မှာဘာပြောရမှန်းတောင် မသိတော့ပါဘူး...” ဟု တွေးမိခဲ့သည်။

နှစ်ရက်အကြာတွင် ကျွန်မ အစ်မများထဲမှ နှစ်ဦးက ကျွန်မကို သူတို့အစည်းအဝေး လာတက်ရန် ဖိတ်ခေါ်ခဲ့ပြီး၊ ကျွန်မက အနည်းငယ် တုံ့ဆိုင်းတွေဝေနေခဲ့သည်။ “သူတို့နဲ့သွားသာတွေ့ စမ်းပါ” ဟု ကျွန်မတွေးမိသည်။ သို့သော်လည်း ထို့နောက်တွင် ကျွန်မသည် တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများကို တွေးမိပြီး၊ ကြောက်ရွံ့လာခဲ့သည်။ သို့သော်လည်း သူတို့နှင့် မတွေ့ပါက၊ ကျွန်မစိတ်ထဲတွင် မအီမသာဖြစ်နေဦးမည်ပင်။ ထို့ကြောင့် ကျွန်မသည် တစ်နေရာတွင် ထိုင်ပြီး၊ သူတို့ ဓမ္မသီချင်းများ သီဆိုသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုသည်ကိုလည်းကောင်း နားထောင်နေခဲ့ကာ၊ သူတို့က သူတို့အစည်းအဝေးကို ဝမ်းမြောက်ခြင်း အငွေ့အသက်ဖြင့် အဆုံးသတ်ခဲ့ပါသည်။ ကျွန်မသည် သူတို့နှင့် ဤကဲ့သို့ တွေ့ဆုံရသည်ကို အမှန်တကယ်ပင် နှစ်သက်ပျော်မွေ့ပါသည်။

သူတို့နှင့် အချိန်ယူပေါင်းသင်းခြင်းအားဖြင့် ထိုညီအစ်မများသည် လူကောင်းများ ဖြစ်သည်ကို ကျွန်မပို၍ပို၍ ခံစားလာခဲ့ရသည်။ လူကြီးများသည် ကြင်နာပြီး၊ ဖော်ရွေကာ၊ လူငယ်များက အလွန်ပင် စိတ်ရင်းအတိုင်းဆက်ဆံကြသည်။ သူတို့နှင့်တွေ့ခြင်းနှင့် ဆက်သွယ်ရ ခြင်းတို့သည် ကျွန်မကို ပျော်ရွှင်ပြီး၊ လွတ်မြောက်သည်ဟု ခံစားရ စေသည်။ အချိန်ကြာလာသည်နှင့် အမျှ သူတို့ကို ကျွန်မ၏ ကျေးဇူးတင်ရှိမှုသည် ဖြေးညှင်းစွာ တိုးတက်လာခဲ့ပြီး၊ ကျွန်မသည် သူတို့နှင့် မကြာခဏ အစည်းအဝေးများ တက်ရောက်ခဲ့ပါသည်။ ယခင်က သူတို့နှင့် ပတ်သက်ပြီး ကျွန်မမည်သို့ရှိခဲ့သည့်အကြောင်း တွေးမိသည့်အချိန်တွင်၊ ကျွန်မသည် သူတို့ကို အကြွေးတင် ရှိနေသည်ဟု ခံစားခဲ့ရသည်။ ကျွန်မသူတို့ကို တောင်းပန်သော်လည်း သူတို့က ကျွန်မကို အပြစ်မတင်ပါ။ ထိုအစား သူတို့က နားလည်မှု နှင့် ခွင့်လွှတ်ခြင်းတို့ကို ကျွန်မကို ပြခဲ့သည့်အပြင်၊ သူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပို၍ ဖတ်ရှုရန် နှင့် အစည်းအဝေးများ ပိုတက်ရောက်ရန် ကျွန်မကို အားပေးခဲ့ကြသည်။ ကျွန်မသည် အလွန်ပင် တို့ထိခြင်း ခံခဲ့ရပါသည်။

အစ်မတစ်ယောက်၏ ထင်မြင်ယူဆချက်များကို ရှာဖွေတွေ့ရှိခြင်းဖြင့်၊ ကျွန်မသည် အရေးကိစ္စတစ်ခု၏ သမ္မာတရားကို တွေ့မြင်သည်

သို့သော် တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများသည် ကျွန်မ၏ နှလုံးသားတွင် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်နေလေသည်။ ကျွန်မသည် တရုတ်အစိုးရ၏ သတင်းကြေငြာချက်များဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူများသည် အခြားသူများကို လည်း ဘုရားသခင်ကို ယုံကြည်ရန် အတင်းအကျပ်စေခိုင်းသည် ဆိုသည့် အကြောင်း တွေးမိသည့်အချိန်တိုင်း၊ ကျွန်မသည် စတင်ပြီးစိတ်ပူလာပါသည်။ “အစ်မတွေကရော အွန်လိုင်းမှာပြော ထားသလိုဖြစ်ပြီးတော့ ဘုရားသခင်ကို ယုံကြည်အောင် ငါ့ကို အတင်းအကျပ်စေခိုင်းဖို ကြိုးစားမှာလား။ သူတို့ငါ့ကို အတင်း အကျပ်ခိုင်းဖို့ ကြိုးစားမလားဆိုတာ ကြည့်ရအောင် ငါဘုရားသခင်ကို မယုံကြည်ယောင်ဆောင်လိုက်မယ်” ထို့ကြောင့် ကျွန်မသည် ဘုရားသခင်ကို မယုံကြည်ကြောင်း အစ်မတစ်ယောက်ကို တမင်သက်သက် ပြောလိုက်သည်။ ကျွန်မဤသို့ပြောသည်ကို ကြားပြီးနောက် သူမက စိုးရိမ်ပြီး၊ ကျွန်မမှာ အခက်အခဲ တစ်စုံတစ်ရာကို ကြုံတွေ့နေရခြင်း ရှိမရှိကို မေးမြန်းကာ၊ ၎င်းတို့အား ကျွန်မတို့ အတူတကွ ဖြေရှင်းနိုင်ရန်၊ ထိုအကြောင်းများအား သူမကို ပြောပြခိုင်းလေသည်။ ကျွန်မက သိပ်မပြောသောကြောင့် အဆုံးသတ် တွင် ထိုအစ်မက “ညီမဆုံးဖြတ်ချက် ချပြီးပြီပဲ၊ ပြီးတော့ အစ်မတို့က ညီမကို အတင်းအကျပ်မခိုင်းပါဘူး။ အနာဂတ်မှာလည်း ညီမတက်ချင် တယ်ဆိုရင် အစ်မတို့ အစည်းအဝေးတွေကို လာတက်ဖို့ အမြဲတမ်း ဖိတ်ခေါ်ပါတယ်” ဟုပြောခဲ့ပါသည်။

ကျွန်မသည် အစည်းအဝေးများကို တစ်လလုံး မတက်ရောက်ခဲ့ သည့်အပြင် အစ်မများကလည်း ကျွန်မကို မခေါ်ကြပါ။ ကျွန်မက “သူတို့က တရုတ်အစိုးရပြောသလိုကို မဟုတ်ပါဘူး။သူတို့က ငါ့ကို ဘုရားသခင်ကို ယုံကြည်အောင် အတင်းအကျပ်ခိုင်းဖို့ လုံးဝမကြိုးစားခဲ့ပါဘူး၊ တရုတ်ကွန်မြူနစ်အစိုးရပြောသမျှက အမှား တွေချည်းပဲ”ဟု မိမိဘာသာတွေးမိပါသည်။ ကျွန်မသည် ထိုအစ်မများ နှင့် အတူနေခဲ့ရသည့် ပျော်ရွှင်ဖွယ်အချိန်များ အကြောင်း တွေးခဲ့ပြီး၊ သူတို့နှင့် အစည်းအဝေးများ ကို အမှန်တကယ်ပင် ထပ်ပြီးပြန်လည် တက်ရောက်လိုပါသည်။ နောက်ပိုင်းတွင် ကျွန်မက အစ်မဝမ်းကို ယုံကြည်စွာဖွင့်ဟပြောပြသည့် အချိန်တွင်၊ ကျွန်မ အတွေးများနှင့် စိုးရိမ်စိတ်များအကြောင်း အားလုံးကို သူမကို ပြောပြီးနောက်၊ သူမက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မကို ဖတ်ပြခဲ့သည်၊ “(သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအမများ သို့မဟုတ် မိဘများ စသည်ဖြင့်) ယုံကြည်ခြင်း မရှိသည့် ဆွေမျိုးသားချင်းများကို အသင်းတော်ထဲသို့ အတင်းအကျပ် မသွင်းသင့်ပေ။ ဘုရားသခင်၏အိမ်ထောင်စုသည် အသင်းသားများ နည်းပါးနေခြင်း မရှိသကဲ့သို့၊ အသုံးမဝင်သည့် လူများဖြင့် ယင်း၏ အရေအတွက်ကို ဖန်တီးဖို့မလိုအပ်ပေ။ မယုံကြည်သောသူအားလုံးကို အသင်းတော်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းကို ရည်ရွယ်ပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့သည် အချင်းချင်း စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်သင့်သည်။ မည်သူတစ်ဦးမျှ ယင်းကို ချိုးဖောက်ခွင့်မရှိ။

အစ်မဝမ်းက “ဘုရားသခင်က အစ်မတို့ကို သူ့ရဲ့ စီမံအုပ်ချုပ်ရေး ဆိုင်ရာ အမိန့်တွေကို တင်းကျပ်စွာ လိုက်နာကျင့်သုံးဖို့ လိုအပ်တော်မူ တယ်။ အစ်မတို့က လူတွေကို သူတို့မလုပ်ချင်တာကို အတင်းကြီး အသင်းတော်ထဲ ဆွဲခေါ်ခွင့်မရှိပါဘူး။ ဒါဟာ ဘုရားသခင်ရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်လို့ပါပဲ။ အစ်မတို့က ဧဝံဂေလိတရား တော်ကိုလည်း ဘုရားသခင် ဖော်ပြထားတဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တွေနဲ့ အခြေခံမူတွေနဲ့အတိုင်း ဟောကြားတဲ့အပြင်၊ လူ့သဘာဝ ကောင်းရှိပြီး၊ ဘုရားသခင်ကို ယုံကြည်တဲ့ သူတွေကိုသာ တရားဟော ကြားပါတယ်။တစ်စုံတစ်ယောက်က ယုံကြည်လိုတဲ့ ဆန္ဒမရှိဘူး ဆိုရင်လည်း၊ အစ်မတို့က သူတို့ရဲ့ ရွေးချယ်မှုကို လေးစားပြီး၊ သူတို့ကို ဘယ်တော့မှ အတင်းအကျပ်စေခိုင်းမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ထိုအစ်မ၏ မိတ်သဟာယပြုခြင်းများကို နားထောင်ပြီးနောက်၊ ကျွန်မနှလုံးသား တွင် တေးထားသည့် သံသယများနှင့် သင်္ကာမကင်း ဖြစ်ခြင်းများ တို့သည် အဆုံးသတ်တွင် ပပျောက်သွားခဲ့ပါသည်၊ သို့ပါက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်တွင် ဤ စီမံအုပ်ချုပ်ရေး ဆိုင်ရာ အမိန့်များ စနစ်ရှိနေပါပေါ့လား။ သူတို့၏ လမ်းခရီးကို လေ့လာသူများသည်လည်း လွတ်လပ်စွာဖြင့် ရွေးချယ်ခွင့်ရှိပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမ များသည် ဘုရားသခင်ကို ယုံကြည်အောင် မည်သူတစ်ယောက်ကိုမျှ လုံးဝ အတင်းအကျပ်စေခိုင်းဖူးခြင်း မရှိခဲ့ပါ။ ကျွန်မအမေသည် ဘုရားသခင်ကို စတင်ယုံကြည်လာကတည်းက မည်သို့ဖြစ်လာ သည့်အကြောင်းကိုလည်း ကျွန်မတွေးမိသည်၊ သူမသည် ပို၍ စိတ်သဘောထားကြီးလာကာ၊ ကျွန်မကိုလည်း ဂရုစိုက်ပြီး၊ စာနာထောက်ထားလာခဲ့သည့်အပြင်၊ သူမသည် ဆွေမျိုးများနှင့် အိမ်နီးချင်းများဖြင့်လည်း ပိုမိုသင့်မြတ်လာခဲ့ပါသည်။ ညီအစ်မများ ကလည်း ကျွန်မတို့အားလုံး ကို တစ်မိသားစုတည်းအဖြစ် သဘောထားကာ၊ သူတို့သည် အမေ့အလုပ်များတွင် အမေ့ကို ကူညီရန် မကြာခဏ လာရောက်ကြသည်။ ညီအစ်မများကြားတွင် အချင်းချင်း အကောက်ကြံခြင်း သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ရန် သတိထား ခြင်းများလည်း မရှိပါ။ ကျွန်မအနေဖြင့်လည်း ယခုအခါ တရုတ်ကွန်မြူနစ်အစိုးက တင်ထားသည့် ထင်မြင်ယူဆချက်များသည် လူများကို လှည့်စားရန် ပေါ်ပေါ်ထင်ထင် လိမ်ညာဖြင့်များသာ ဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်ခဲ့သည့်အပြင်၊ ကျွန်မသည် သူတို့၏ လှည့်စားမှုကိုလည်း လုံးဝခံရတော့မည် မဟုတ်ပါ။

ထို့ကြောင့် ကျွန်မ အစည်းအဝေးများ စတင်တက်ရောက်ခဲ့ပြီး၊ ကျွန်မ ညီအစ်ကိုမောင်နှမများသည် ကျွန်မထံတွင် အခက်အခဲများ ရှိမရှိ သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း တစ်စုံတစ်ရာ ခံစားရမရကို မကြာခဏ မေးလေ့ရှိသည်။ ကျွန်မအလုပ်တွင်ရှိသည့် ပြဿနာများအကြောင်း သူတို့ကို ပြောပြပြီးနောက်တွင်၊ သူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ အချို့ကို စုဆောင်းပြီး၊ ဤအခြေအနေကို မည်သို့ကျော်ဖြတ်သင့်ကြောင်း ကျွန်မကို မိတ်သဟာယပြု ပေးကြပါသည်။ ထို့နောက် ကျွန်မ၏ ပြဿနာသည် ပြေလည်သွားပြီး၊ ကျွန်မ နှလုံးသားသည်လည်း လွတ်မြောက်သည်ဟု ခံစားခဲ့ရသည်။ အချိန်ကြာလာသည်နှင့် အမျှက ကျွန်မသည် မိမိကိုယ်ကို သတိဖြင့် ကာကွယ်ခြင်းတွင် တဖြည်းဖြည်းချင်း ပြေလျော့လာသည်မှာ ကျွန်မသည် မိမိကိုယ်ကို သတိဖြင့် ကာကွယ်ခြင်း လုံးဝမရှိတောသည် အထိပင် ဖြစ်ပါသည်။ ကျွန်မသည် နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်များနှင့် ပတ်သက်ပြီး သေချာလာကာ၊ ကျွန်မသည် ပုံမှန်အသင်းတော် အသက်တာ တစ်ခုတွင် စတင်ကာ အသက်ရှင်နေထိုင်လာခဲ့သည်။

ကောလာဟလများ လုပ်ကြံပြောဆိုခြင်းတွင် တရုတ်ကွန်မြူနစ် အစိုးရ၏ ရည်ရွယ်ချက်ကို ကျွန်မနားလည်လာသည်

အစည်းအဝေးတစ်ခုတွင် ကျွန်မက တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများအပေါ် အစ်မတစ်ယောက်၏ ထင်မြင်ယူဆချက်ကို မေးမြန်းခဲ့ပြီး၊ ကျွန်မတို့အသင်းတော်နှင့် ပတ်သက်ပြီး ၎င်းက အဘယ့်ကြောင့် ထိုသို့သော ကောလာဟလများကို လုပ်ကြံဖန်တီး လိုကြောင်း မေးခဲ့သည်။ ထိုအစ်မက ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ပြခဲ့ သည်၊ “စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ ဖြောင့်မတ်ခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့် စံနမူနာထားရမည့်သူတစ်ဦးအဖြစ် မကြာခဏ သက်သေထူသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်းဟူသော ဟန်ဆောင်မှုအောက်၌ စာတန်သည် လူတို့ကို အန္တရာယ်ပြုပြီး သူတို့၏ဝိညာဉ်များကို ဝါးမျိုကာ လူသားကို တွေဝေထိုင်းမှိုင်းစေရန်၊ လှည့်စားရန်နှင့် လှုံ့ဆော်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သူ၏ဆိုးယုတ်သည့် အပြုအမူကို လူသားက ထောက်ခံပြီး လိုက်လျောစေရန်၊ ဘုရားသခင်၏သြဇာအာဏာနှင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ရာ၌ လူသားကို သူနှင့်ပူးပေါင်းအောင်လုပ်ရန်မှာ သူ၏ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်က စာတန်၏လျှို့ဝှက်အကြံအစည်များနှင့် အကွက်ချခြင်းများကို ရိပ်စားမိပြီး သူ၏ဆိုးညစ်သည့် အင်္ဂါရပ်များကို ရိပ်စားမိသောအခါ၊ သူ၏နင်းချေခြင်းနှင့် အရူးလုပ်ခြင်းတို့ကို ဆက်မခံချင်တော့သည့်အခါ၊ သို့မဟုတ် သူ့အတွက် ပင်ပန်းကြီးစွာ ဆက်မလုပ်ပေးချင်တော့သည့်အခါ၊ သို့မဟုတ် သူနှင့်အတူ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို မခံချင်သည့်အခါ စာတန်သည် သူ၏ သူတော်စင်နှင့်တူသည့် ယခင်က အင်္ဂါရပ်များကို ပြောင်းပစ်လိုက်သည့်အပြင် ဆိုးယုတ်ပြီး ရက်စက်ကာ အကျည်းတန်၍ ရိုင်းစိုင်းကြမ်းကြုတ်သည့် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြရန်အတွက် သူ၏မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်တော့သည်။ သူ၏ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်လိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်သည်။ ဤအချိန်၌ စာတန်သည် ယုံကြည်စိတ်ချရသော၊ လူကြီးလူကောင်းဆန်သော အသွင်အပြင်ကို ပုံဖမ်း၍ မရတော့ပေ။ ထိုအစား သိုးရေခြုံအောက်မှ သူ၏ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်သည့် အင်္ဂါရပ်အမှန်များသည် ထုတ်ဖော်ခံရတော့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း နှင့် ထိုအစ်မ၏ မိတ်သဟာယပြုခြင်းများကို နားထောင်ခြင်းအားဖြင့်၊ တရုတ် ကွန်မြူနစ်အစိုးရသည် ဘုရားမဲ့ဝါဒီဖြစ်ပြီး၊ သူ့အာဏာရလာ ကတည်းက ခရစ်ယာန်ဘာသာကို ဆိုးယုတ်သည့် စွဲလမ်းကိုးကွယ်မှု တစ်ခု အဖြစ် အမည်တပ်ကာ၊ သမ္မာကျမ်းစာကိုလည်း ဆိုးယုတ်သည့် စွဲလမ်းကိုးကွယ်မှု တစ်ခု၏ ကျမ်းတစ်အုပ်အဖြစ် အမည်တပ်ခဲ့ကာ၊ ခရစ်ယာန်များကို ထိတ်ထိတ်ပျာပျာ ဖိနှိပ်ပြီး၊ ဖမ်းဆီးခဲ့ကြောင်းကို ကျွန်မက နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့ပါသည်။ အပြင်ပန်းတွင် သူက ဘာသာရေးလွတ်လပ်မှုဟု ဝါဒဖြန့်ထား သော်လည်း အမှန်မှာမူ ဤသည်မှာ သာမာန်လူများကို လှည့်စားရန် ပြုထားခြင်း သာ ဖြစ်ပါသည်။ လူများသည် သမ္မာတရားကို နားလည်သဘောပေါက်သည့် အချိန်တွင်၊ သူတို့သည် ထို့နောက်တွင် တရုတ်ကွန်မြူနစ်အစိုးရကို ခွဲခြားသိမြင်နိုင်စွမ်း ရှိလာ၍ သူတို့က ၎င်းအား ငြင်းပယ်ကြသောကြောင့် ၎င်းသည် သမ္မာတရားကို မုန်းတီးပြီး၊ ဘုရားသခင်ကို အများဆုံးမုန်းတီးကာ၊ လူများက ဘုရားသခင်ကို ယုံကြည်မည်ကို ကြောက်ရွံ့သည်။ ထို့ကြောင့် လူများက ဘုရားသခင်ကို ယုံကြည်သည်ကို တားဆီးရန်၊ သူ၏ ဆိုးယုတ်သည့် ပန်းတိုင်ဖြစ်သည့် လူများကို ထာဝရအုပ်ချုပ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို အောင်မြင်ရရှိရန် အပြင်၊ တရုတ်ပြည်ကို ဘုရားမဲ့သော နယ်မြေတစ်ခုအဖြစ် ပြောင်းလဲရန် တို့အတွက် တရုတ်ကွန်မြူနစ်အစိုးရသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် အကြောင်း ကောလာဟလများကို လုပ်ကြံပြောဆို ရန် နှင့် အသရေဖျက်ရန် အင်တာနက်၊ ရုပ်မြင်သံကြားနှင့် သတင်းစာ တို့ကဲ့သို့ သတင်းဌာနမျိုးစုံကို အသုံးချပြီး၊ ဘုရားသခင်၏ အမှုတော်ကိုလည်း အကျိုးမဲ့စွာ သွားပုပ်လေလွင့်ပြောခဲ့ပါသည်။ သမ္မာတရားမရှိပဲနှင့် လူများတွင် ခွဲခြားသိမြင်နိုင်စွမ်း မရှိသည့်သောကြောင့် သူတို့သည် တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများအားဖြင့် လှည့်စားခြင်းခံရဖို့ လွယ်ကူလာခဲ့ သည့်အပြင်၊ သူတို့သည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို မလေ့လာရဲတော့သကဲ့သို့၊ လက်လည်းမခံဝံ့တော့ပါ။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ အဆုံးသတ်ကယ်တင်ခြင်းကို ရရှိရန် သူတို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ခြင်းများ နှင့် ညီအစ်ကိုမောင်နှမများဖြင့် ကျွန်မ၏ ဆက်သွယ်မှုများမှတစ်ဆင့်၊ ကျွန်မသည် အဆုံးသတ်တွင် တရုတ်ကွန်မြူနစ်အစိုးရပြောသမျှသည် ကောလာဟလများနှင့် မုသားများဖြစ်ကြောင်းကို တွေ့မြင်လာခဲ့ သော်လည်း၊ အစိုးရသည် လူများကို မလှည့်စားနိုင်ကြောင်းနှင့် ၎င်းလုပ်သမျှသည် ကျွန်မတို့ကို ကာကွယ်ခြင်းအတွက်ဖြစ်ကြောင်း ကျွန်မက တုံးအစွာဖြင့် ယုံကြည်နေဆဲဖြစ်သည်။ သို့သော်လည်း အချက်အလက်များဖြင့် ရင်ဆိုင်ကာ ကျွန်မသည် တရုတ်ကွန်မြူနစ် အစိုးရ၏ ဘုရားသခင်ကို ခုခံခြင်းနှင့် ဆန့်ကျင်ခြင်း ဆိုင်ရာ တိုးတက်မှုကိုမလိုလားသည့် အနှစ်သာရကို အဆုံးသတ်တွင် ထိုးဖောက်မြင်တွေ့ခဲ့ရသည်။ ကျွန်မတို့လူသားများသည် ဘုရားသခင် ၏ ဖန်ဆင်းခြင်းခံရပြီး၊ ဘုရားသခင်ကို ယုံကြည်ရန် နှင့် ကိုးကွယ်ရန်တို့မှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ ပြောင်းလဲနိုင် ခြင်းမရှိသည့် ဥပဒေသ ဖြစ်ပါသည်။ သို့သော်လည်း ကျွန်မတို့သည် အဆုံးသတ်တွင် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရအောင်၊ ကျွန်မတို့က သူ၏ ကြံရာပါများဖြစ်လာပြီး၊ ဘုရားသခင်ကို ခုခံခြင်းတွင် သူ့ကို ပူးပေါင်းစေရန် တရုတ်အစိုးရသည် အကျိုးမဲ့သော မျှော်လင့်ချက်ဖြင့် ကျွန်မတို့ကို လှည့်စားရန် နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်မတို့ကို တားဆီးရန် ကောလာဟလမျိုးစုံကို လုပ်ကြံဖန်တီးခဲ့ပါသည်။ ထို့နောက်တွင်ပင် ကျွန်မသည် တရုတ် ကွန်မြူနစ်အစိုးရ၏ ကောလာဟလများအားဖြင့် မည်သို့လှည့်စားခံ ရကြောင်း နှင့် ကျွန်မအမေ ဘုရားသခင်ကို ယုံကြည်ခြင်းမှ တားဆီးရန် မည်သို့ ကြိုးစားခဲ့ကြောင်းတို့ကို တစ်ဖန်ပြန် တွေးခဲ့မိသည်။ ကျွန်မသည် သူမကို ဘုရားသခင်၏ နှုတ်ကပတ်တော် များအား ပေးမဖတ်သည့်အပြင်၊ ကျွန်မသည် သံသယရှိကာ ကျွန်မညီအစ်များမှ မိမိကိုယ်ကို သတိဖြင့် ကာကွယ်ပြီး၊ သူတို့၏ ထင်မြင်ယူဆချက်များကို ရှာဖွေဖော်ထုတ်ခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင် ပုန်ကန်လိုခြင်းကို အလွန်ပင် အရှက်ရသည်ဟု ခံစားခဲ့ရပြီး၊ ဘုရားသခင်ကို ခုခံသည့်အရာများ လုပ်မိခဲ့သည့်အတွက် ကျွန်မ နောင်တရမိပါသည်။

နောက်ပိုင်းတွင် ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခဲ့သည်၊ “အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။...သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် အဖ တစ်ဦးရ ခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် အိပ်ဖန်စောင့်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။” ဤဘုရားသခင် ၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ ကျွန်မသည် ဘုရားသခင် ၏ ချစ်ခြင်းမေတ္တာနှင့် လူသားကို ကယ်တင်ရန် ဘုရားသခင်၏ ဒုက္ခသုက္ခခံ၍ ကြိုးစားအားထုတ်မှုများ ကို လေ့လာခဲ့မိသည်။ ကျွန်မသည် ယခင်က ကောလာဟလများအားဖြင့် အကြီးအကျယ် လှည့်စားခြင်းကို ခံခဲ့ရပြီး၊ ဘုရားသခင်ကို ခုခံသည့်အရာများကို ပြုခဲ့မိသည်။ သို့သော်လည်း ဘုရားသခင်သည် ကျွန်မ၏ မိုက်မဲမှု နှင့် မာနထောင်လွှားမှုများအပေါ်တွင် သနားကရုဏာထားတော်မူ သည့်အပြင်၊ ကျွန်မ၏ ပြစ်မှားခြင်းများကိုလည်း ကိုယ်တော်တိုင် စိုးရိမ်ပူပန်ခဲ့ခြင်း မရှိပါ။ ထိုအစား ကိုယ်တော်သည် ကျွန်မနှင့် မိတ်သဟာယပြုရန် ညီအစ်ကိုမောင်နှမများကို များစွာသော အခက်အခဲများ ရင်ဆိုင်ရဖို့ စီစဉ်တော်မူခဲ့သည်။ ၎င်းက ကျွန်မသည် ထိုအရေးကိစ္စ၏ သမ္မာတရားကို တွေ့မြင်ခွင့်ရစေပြီး၊ တရုတ်အစိုးရ၏ ကောလာဟလ ဖြန့်ဝေမှုများနောက်ကွယ်မှ ဆိုးညစ်သော ရည်ရွယ်ချက်ကို ထိုးဖောက်မြင်နိုင်စေခဲ့ပါသည်။ မဟုတ်ပါက၊ ကျွန်မသည် ကောလာဟလ မြူနှင်းတောထဲမှ လုံးဝ ရုန်းထွက် လွတ်မြောက်နိုင်မည် မဟုတ်ပဲနှင့်၊ အမှားအမှန် အကြား ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်မည် မဟုတ်သည့်အပြင်၊ အစစ်နှင့်အတုအကြား ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်မည်လည်း မဟုတ်ပါ၊ ပြီးနောက် ကျွန်မသည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ ကယ်တင်ခြင်း ကိုလည်း ဆုံးရှုံးခြင်းဖြင့် အဆုံးသတ်ရမည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အမှန်တကယ်ပင် အလွန်ကြီးမားလှပါသည်။

ကျွန်မ၏ အတွေ့အကြုံတွင် တရုတ်အစိုးရသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ရန် ကောလာဟလမျိုးစုံကို လုပ်ကြံပြောဆိုပြီး၊ ၎င်း၏ အသင်းသားများကို ဖိနှိပ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်၏ အမှုတော်ကို ဖိနှိပ်ရန် အရေးနိမ့်ရုံသာမက၊ အပြန်အလှန်အားဖြင့်၊ ပိုမိုများပြားသည့် လူများသည် တရုတ် ကွန်မြူနစ်အစိုးရ၏ ဘုရားသခင်ကို ခုခံသည့် အနှစ်သာရကို မြင်တွေ့လာကြသည်။ သူတို့သည် ဘုရားသခင်ဖော်ပြသည့် နှုတ်ကပတ်တော်တိုင်းက သမ္မာတရားဖြစ်ကြောင်း၊ ၎င်းတို့သည် လူကို အမှန်တကယ် ကယ်တင်နိုင်ကြောင်း တို့ကိုလည်း တွေ့မြင်လာကာ၊ သူတို့သည် ဘုရားသခင် ရှေ့တော်မှောက်သို့ တစ်ယောက်ပြီး တစ်ယောက် ပြန်လာနေကြသည်။ ဘုရားသခင်သည် အမှန်တကယ်ပင် အလွန် အနန္တတန်ခိုးနှင့် ဉာဏ်ပညာရှိလေသည်။ ဤအချက်မှနေပြီး ဘုရားသခင်က အမှုတစ်ခုပေးရန် တရုတ်ကွန်မြူနစ် အစိုးရကို အသုံးချခြင်းသာဖြစ်ပြီး၊ ထိုအမှုကို ဘုရားသခင်က အဖြည့်ခံအနေဖြင့် အသုံးပြုတော် မူခဲ့ကြောင်းကို ကျွန်မတွေ့မြင်ခဲ့သည်။ စာတန်၏ လှည့်စားသော အကောက်ကြံမှု ပေါ်တွင် အခြေခံကာ ဘုရားသခင်၏ ဉာဏ်ပညာကို ထာဝရ ကျင့်သုံးသွား မည်သာ ဖြစ်ပါတော့သည်။

အမှာစကား ချန်ခဲ့မည်