စာရင်း

မည်သူသည် ကောင်းကင်နိုင်ငံလမ်းခရီး၏ ဆူးခလုတ် အမှန်ပင်ဖြစ်သနည်း

ဘုရားဖူးတစ်ယောက်၏ လမ်းကြောင်းသည် အန္တရာယ်များလှသည်။ ခရစ်ယာန်တစ်ယောက်၏ မှန်ကန်သောလမ်းကြောင်းပေါ်တွင် ဘုရားသခင်နောက် လိုက်လျှောက်ခြင်းဆိုင်ရာ လမ်းသည် အခက်အခဲများနှင့် အဟန့်အတားများဖြင့် ပြည့်နှက်နေသည်၊ စာတန်၏ စစ်ဆေးခြင်းမျိုးစုံသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအပြင် ခရစ်ယာန်များသည် ထိုးထွင်းသိမြင်ခြင်းကိုလည်း သင်ယူရမည်။ ဤသည်မှာ စာတန်၏လိမ်လည်မှုကို ထိုးဖောက်မြင်နိုင်ပြီး၊ သင့်ပေါ်သို့ စာတန်၏ စုံစမ်းခြင်းကျရောက်သည့်အချိန်တွင် သက်သေရပ်တည်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။ ယခုအခါတွင် ကျွန်မ၏ ကိုယ်ပိုင်ဇာတ်ကြောင်းကို လူတိုင်းနှင့် ဝေငှလိုပါသည်။

အံ့သြဖွယ်ရာ သတင်း— သခင်ပြန်ကြွလာခဲ့ပြီ

၂၀၁၇ ခုနှစ် စက်တင်ဘာလ အစောပိုင်းတွင် ကျွန်မ၏ ဖေ့စဘုတ် မိတ်ဆွေများထဲမှ တစ်ယောက်က နောက်ဆုံးသော ကာလမှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ကျွန်မကို သက်သေခံခဲ့ပါသည်။ သူမက ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့်၊ ကိုယ်တော်၏နာမတော်များ၏ အဓိပ္ပာယ်၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် သမ္မာကျမ်းစာ၏ နက်နဲမှုများ စသည်တို့ကို ပြောဆိုခဲ့သည်။ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်တို့တွင် ဘုရားသခင် ပြုတော်မူသည့် အမှုတော်၌ ယေဟောဝါ၊ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင်ဘုရားသခင် တို့၏ နာမတော်များနှင့် အမှုတော်တို့သည် အားလုံးကွဲပြားသည့်တိုင်အောင်၊ ၎င်းတို့အားလုံးသည် တူညီသော အရင်းအမြစ်မှ လာကြောင်းကို ဤအချက်က ကျွန်မကို နားလည်သဘောပေါက်စေရန် အထောက်အကူပြုသည်။ ထိုအရာများအားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏ အမှုပြုခြင်း၊ စကားပြောဆိုခြင်း နှင့် ကျွန်မတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် နောက်ဆုံးသောကာလတွင်ပေါ်ထွန်းခြင်းနှင့် အမှုပြုခြင်းများသည် သခင်ယေရှုက “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) “ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သော သူရှိသေး၏။ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) ဟု ပရောဖက်ပြုတော်မူခဲ့သည်ကို ပြည့်စုံစေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ထို့နောက်တွင် ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံပွဲများကို တက်ရောက်ခဲ့ပြီး၊ တွေ့ဆုံပွဲများနှင့် မိတ်သဟာယပြုခြင်းတို့မှ တစ်ဆင့် ကျွန်မသည် သမ္မာတရားများကို ပို၍ပို၍ နားလည်လာသည်။ နေ့စဉ်နေ့တိုင်း ကျွန်မသည် ပြီးခဲ့သည့် ရက်ကထက် ပိုမိုပျော်ရွှင်လာခဲ့သည်၊ ကျွန်မသည် မိမိဝိညာဉ်အတွင်း၌ စိတ်ကျေနပ်မှု ခံစားခဲ့ရသည်။

အချိန်အနည်းငယ် ကြာပြီးနောက် ကျွန်မယခင်အသင်းတော်မှ အစ်ကိုတစ်ယောက်က ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အသင်းသားများနှင့် အဆက်အသွယ်ရှိခဲ့သည်ကို သိခဲ့ရပြီး၊ ကျွန်မကို “နင်က ဘာဖြစ်လို့သူတို့နဲ့ အဆက်အသွယ်ရှိနေတာလဲ” ဟု စိတ်ဆိုးစွာ မေးခွန်းထုတ်ခဲ့သည်။ ကျွန်မက သူတို့ကို ကျောခိုင်းသင့်ကြောင်းလည်း သူက ပြောခဲ့သည်။ ကျွန်မက “သူတို့အားလုံးက ယုံကြည်သူတွေဖြစ်တယ်၊ ကျွန်မတို့အားလုံးက တစ်မိသားစုတည်းပဲ။ ကျွန်မက သူတို့ကို ဘာဖြစ်လို့ကျောခိုင်းရမှာလဲ။ ပြီးတော့ တစ်ဖက်မှာလည်း ကျွန်မ ဘုရားသခင်ကို ပိုမိုနားလည်သဘောပေါက်မှု ရှိလာအောင် သူတို့က ကျွန်မနဲ့ သမ္မာတရားတွေ အများကြီးကို မိတ်သဟာယပြုရင်း ဝေငှခဲ့ကြတယ်။” ထိုအချိန်တွင် ကျွန်မက “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ ဒီညီအစ်ကိုမောင်နှမမတွေနဲ့ တွေ့ဆုံပွဲတွေ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အပေါ်ကို ဆွေးနွေးခြင်းတွေကတစ်ဆင့် အရင် သမ္မာကျမ်းစာကို ဖတ်တဲ့အချိန်က နားမလည်ဖူးခဲ့တဲ့ သမ္မာတရားအချို့ကို နားလည်လာခဲ့တယ်။ ကျွန်မတို့ ကယ်တင်ခြင်းရရှိပြီး၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်ရေးအတွက် ကျွန်မတို့ကို တရားစီရင်ဖို့နဲ့သန့်စင်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင် သမ္မာတရားကို ဖော်ပြကြောင်းကို ကျွန်မနားလည်သဘောပေါက်ခဲ့တယ်။ အစ်ကိုတို့က သတိထားပြီးလေ့လာဖို့ ဒုက္ခမခံခဲ့တဲ့အပြင်၊ စိတ်ကူးပေါက်သလို အပြစ်တင်ရှုတ်ချခြင်း နဲ့ ငြင်းပယ်ခြင်း တို့ကိုသာ လုပ်ခဲ့တယ်။ အဲဒါက တကယ်ကို မာနထောင်လွှားတာပဲ” ဟု မိမိဘာသာ တွေးနေခဲ့သည်။ ထို့ကြောင့် ကျွန်မက သူ့ကို နားမထောင်ဘဲနှင့် အွန်လိုင်းမှ ညီအစ်ကိုမောင်နှမများကို ဆက်ပြီး အဆက်အသွယ်လုပ်ခဲ့သည်။

နေ့စဉ် ဝတ်ပြုခြင်းများ

သင်းအုပ်ဆရာသည် မုသားများကို ဖြန့်ဝေပြီး၊ ကျွန်မက ၎င်းတို့နောက်မှ သမ္မာတရားကို တွေ့မြင်သည်

တစ်နေ့တွင် ကျွန်မသည် ဝတ်ပြုကိုးကွယ်ရန် အသင်းတော်ကိုသွားရောက်သည့် အချိန်တွင်၊ သင်းအုပ်ဆရာလီက စင်ပေါ်မှနေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ပြစ်မှားခြင်း မျိုးစုံကို ပြောဆိုနေလျက်ရှိခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေနေသူများသည် သူတို့မိသားစုကို ဂရုမစိုက်သူများဖြစ်ကြောင်း ပြောထားသည့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် ကို ပြစ်တင်ရှုတ်ချထားသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ဗီဒီယိုကိုပင် ပြခဲ့သေးသည်။ သူတို့ထိုသို့ပြောသည်ကို ကြားသောအခါ ကျွန်မသည် အတော်အတန် စိုးရိမ်လာကာ “သူတို့က သူတို့မိသားစုတွေကို ဂရုမစိုက်ဘူးတဲ့လား။ သူတို့က ဧဝံဂေလိတရားတော် ဖြန့်ဝေနေလို့ အိမ်မပြန်နိုင်ခဲ့ရင် သူတို့ ဘာလုပ်နိုင်မှာလဲတဲ့” ဟု တွေးမိသည်။ ကျွန်မဤမေးခွန်းကို ကျွန်မဦးခေါင်းထဲတွင် အကြိမ်ကြိမ် အဖန်ဖန် တွေးတောနေခဲ့ပြီး၊ စိတ်ဓါတ်ကျဆင်းလာခဲ့ရသည်။

အိမ်သို့ ပြန်ပြီးနောက် ကျွန်မ၏ ပူပင်သောကများနှင့် စိုးရိမ်ကြောင့်ကျမှုများအကြောင်း ပြောရန် အစ်မတစ်ယောက်ကို ရှာဖွေခဲ့သည်။ ဤသည်မှာ သူမက ကျွန်မကို ဆွေးနွေး၍ပြောသည့် စကားဖြစ်သည်၊ “အစ်မရေ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့်သာ မဟုတ်ဘူးဆိုရင်၊ ကျွန်မတို့ ညီအစ်ကိုမောင်နှမတွေက ပြန်စရာအိမ်မရှိဘဲ ဘယ်လိုဖြစ်လာနိုင်ရမှာလဲ။ တရုတ်ကွန်မြူနစ်ပါတီက သူ့လူတွေ ဘုရားသခင်ကို ယုံကြည်တာ ဒါမှမဟုတ် ဘုရားသခင်နောက် လိုက်လျှောက်တာကို ခွင့်မပြုတဲ့ ဘုရားမဲ့အစိုးရတစ်ခု ဖြစ်တယ်။ သူက အထူးသဖြင့် လူတွေ ဧဝံဂေလိတရားတော် ဖြန့်ဝေဖို့ ဒါမှမဟုတ် ဘုရားသခင်ကို သက်သေခံဖို့ ခွင့်မပြုဘူး။ ယုံကြည်သူတွေကို ဖမ်းဆီးပြီး၊ ညှဉ်းပန်းနှိပ်စက်ဖို့ သူတို့က အားလုံးလုပ်ကြတယ်။ ဒါ့ကြောင့် ညီအစ်ကိုမောင်နှမတွေ အများကြီးက တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တာကို ခံရတယ်၊ တစ်ချို့ဆိုရင် ထောင်ဒဏ် ချခံရပြီး၊ ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်မှုကို ခံစားခဲ့ရတယ်၊ တစ်ချို့ဆိုရင် သေတဲ့အထိကိုတောင် အန္တရာယ်ပေးခံရတယ်။ သူတို့အိမ်ကို မပြန်နိုင်တဲ့အထိ အကြမ်းဖက်တာကို ခံရတဲ့ လူတော်တော်များများလည်း ရှိကြတယ်။ ဒါတွေအားလုံးက မြင်သာနေတဲ့ အချက်တွေပဲ။ ဒါပေမဲ့ တရုတ်ကွန်မြူနစ်ပါတီက ဒီခရစ်ယာန်တွေက သူတို့ မိသားစုတွေကို ဂရုမစိုက်ဘူးလို့ ကောလာဟလတွေနဲ့ သွားပုပ်လေလွင့်ပြောခြင်းတွေ လုပ်ကြံပြောဆိုကြတယ်။ ဒါက အချက်အလက်တွေကို တလွဲဖြစ်သွားအောင် လုပ်ပြီး၊ အမှန်နဲ့ အမှားကို ကပြောင်းကပြန်ဖြစ်အောင် လုပ်တာပဲ မဟုတ်ဘူးလား”

“သခင်ယေရှုက ‘သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။' (ရှင်မာကုခရစ်ဝင် ၁၆:၁၅) လို့ မိန့်တော်မူခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ကို ဧဝံဂေလိတရားတော် ဖြန့်ဝေဖို့နဲ့ ဘုရားသခင်ကို သက်သေခံဖို့အတွက် တာ၀န်ပေးတော်မူခဲ့တယ်။ ဒါက ခရစ်ယာန်အားလုံးရဲ့ ထမ်းဆောင်ရမဲ့ တာဝန်လည်း ဖြစ်တယ်။ မျိုးဆက်ပေါင်းများစွာမှာ သခင်ယေရှုရဲ့ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေဖို့ သူတို့မိသားစုတွေကို စွန့်လွှတ်ခဲ့ရတဲ့ သူတော်စင်တွေနဲ့ အမှုတော်ဆောင်တွေ အများကြီး ရှိခဲ့ပြီး သူတို့တွေဟာ ကမ္ဘာပေါ်က အရပ်မျက်နှာတိုင်းကို ဧဝံဂေလိတရားတော် ယူဆောင်သွားဖို့အတွက် သမုဒ္ဒရာတွေကို ကျော်ဖြတ်ခဲ့ကြတယ်။ ဒါကြောင့်ပဲ ကျွန်မတို့က သခင့်ကယ်တင်ခြင်းရဲ့ ကျေးဇူးတော်ကို လက်ခံရရှိခဲ့တာပါ။ ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းက မှားယွင်းတယ်လို့ ကျွန်မတို့တွေ တကယ်ပဲ ပြောနိုင်သလား။ ဘုရားသခင်ကိုယ်တော်တိုင် အခု ဇာတိပကတိဖြစ်လာပြီး၊ ကမ္ဘာကို ကြွလာခဲ့ပြီ၊ ကျွန်မတို့ကို စာတန်ရဲ့ စွမ်းအားကနေ လုံးလုံးလျားလျား ကယ်တင်ဖို့ လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်တို့ကို ပြုနေပြီ။ ကျွန်မတို့ ညီအစ်ကို မောင်နှမတွေက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အရေးပေါ် အလိုတော်ကို နားလည်သဘောပေါက်ပြီး၊ သူတို့က လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းဆိုင်ရာ ဧဝံဂေလိတရားတော်ကို ဘုရားသခင်ပေါ်ထွန်းဖို့အတွက် တောင့်တနေသူတွေနဲ့ ပိုပြီးတော့ ဝေငှနိုင်ဖို့ အရာအားလုံးကို စွန့်လွှတ်ဖို့ အပြည့်အဝ လိုလိုလားလား ရှိကြတယ်။ ဒါက သမာသမတ်ကျတဲ့ အရာဖြစ်တယ်။ ဒါပေမဲ့လည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဘုရားမဲ့တဲ့ အစိုးရက သမိုင်းကြောင်းရဲ့ မှားတဲ့ဘက်မှာ ရှိနေတယ်၊ သူက လူတွေ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေပြီး၊ ဘုရားသခင်ကို သက်သေခံတာကို ခွင့်ပြုမှာမဟုတ်ဘူး။ သူက ခရစ်ယာန်တွေကို ပြစ်တင်ရှုတ်ချဖို့နဲ့ ညှဉ်းပန်းနှိပ်စက်ဖို့ အစွမ်းကုန်လုပ်ဆောင်တယ်၊ ခရစ်ယာန်တွေက ဘုရားသခင်ကို ယုံကြည်ပေမဲ့ သူတို့မိသားစုတွေကိုတော့ ဂရုမစိုက်ဘူးလို့ပြောပြီး ကောလာဟာလနဲ့ သွားပုပ်လေလွင့်ပြောစကားတွေ လုပ်ကြံပြောဆိုတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အမှုတော်ကို နှောင့်ယှက်ဖို့ထက် မပိုတဲ့ စာတန်ရဲ့ လိမ်လည်မှုတွေပါ။။ ကျွန်မတို့က ထိုးထွင်းသိမြင်နိုင်စွမ်းရှိဖို့ သင်ယူရမယ်။ ပိုပြီးဂရုတစိုက်တွေးရမယ်၊ မလေးရှားနဲ့ အခြား ဒီမိုကရက်တစ်နိုင်ငံတွေမှာဆိုရင် ကျွန်မတို့အားလုံးမှာ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိပြီး၊ အဲဒီမှာ ယုံကြည်သူတွေ အများကြီးပဲ၊ ဒါပေမဲ့ ဘယ်သူကမှ သူတို့ယုံကြည်ခြင်းကြောင့် သူတို့မိသားစုတွေကို မစွန့်ခွာကြဘူး။ ကျွန်မတို့က တရုတ်ကွန်မြူနစ်ပါတီရဲ့ ကောလာဟလတွေနဲ့ မုသားတွေရဲ့ လှည့်စားမှုကို ခံလို့မရဘူး”

ဤအစ်မ၏ ပြောဆိုခြင်းမှတစ်ဆင့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရလက်အောက်တွင် ညီအစ်ကိုမောင်နှမများ အိမ်မပြန်ရခြင်း၏ စစ်မှန်သည့် အကြောင်းအရင်းမှာ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုကြောင့် ဖြစ်သော်လည်း၊ ၎င်းသည် အမှန်တရားကို ကပြောင်းကပြန်လှန်ပြီး၊ အခြားသူများအား လှည့်စားဖို့ ကောလာဟလများကို လုပ်ကြံပြောဆိုနေကြောင်းကို ကျွန်မ နားလည်ခဲ့ပါသည်။ ကျွန်မသည် သူ၏ လိမ်ညာမှုများကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ ထို့ထက်ပိုပြီးလျှင် ခရစ်ယာန်များအနေဖြင့် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့သည် ကျွန်မတို့၏ အထူးတာဝန်နှင့် ဝတ္တရား ဖြစ်သည်၊ ထို့ကြောင့် ညီအစ်ကိုမောင်နှမများသည် လူများ ကယ်တင်ခြင်း ရရှိနိုင်ဖို့ ဘုရားသခင်၏ သက်သေခံချက်များကို ဝေငှရန် နှင့် သခင်၏ပေါ်ထွန်းမှုကို တောင့်တသောသူမျာ ကို ဘုရားသခင် ရှေ့တော်မှောက သို့ခေါ်ဆောင်လာနိုင်ရန် အရာအားလုံးကို စွန့်လွှတ်နေကြခြင်းသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်တစ်ရပ် ဖြစ်သည်။ ထိုအချိန်ကျမှသာလျှင် ကျွန်မသည် နိုးထလာခဲ့ပြီး၊ ထိုလိမ်ညာမှုများနောက်မှ သမ္မာတရားကို မြင်တွေ့ခဲ့သည်၊ ၎င်းက ကျွန်မနှလုံးသားကို ငြိမ်းအေးစေခဲ့ပါသည်။

ထို့နောက်တွင် သူမက ဆက်ပြီး “သခင်ယေရှုက အမှုပြုဖို့ကြွလာတဲ့အချိန်မှာ အံ့ဖွယ်တွေအများကြီး ပြုတော်မူခဲ့တယ်။ လူတွေအများကြီးက သူ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေမှာ သြဇာအာဏာနဲ့ တန်ခိုးတို့ပါရှိတာကို တွေ့ကြပြီး၊ ပို၍ပို၍ များပြားတဲ့လူတွေက သူ့နောက်ကို လိုက်လျှောက်ခဲ့ကြတယ်။ ဒါကိုမြင်ပြီးတော့ ယဇ်ပုရောဟိတ်ကြီးတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေရဲ့ နှလုံးသားတွေမှာ အမုန်းတရားတွေပွားများလာတယ်၊ သူတို့က ဂျူးဘာသာကိုးကွယ်သူတွေ အားလုံးကပါ သခင်ယေရှုနောက်ကို လိုက်လျှောက်ကြမှာကို ကြောက်လာကြတယ်။ ဒါ့ကြောင့် သူတို့က သူတို့ ကိုယ်ပိုင်အဆင့်အတန်းနဲ့ သူတို့ရဲ့ အသက်ရှင်နေထိုင်မှုတွေကို ကာကွယ်ဖို့အတွက် သခင်ယေရှုကို သွားပုပ်လေလွင့်ပြောဖို့နဲ့ ပြစ်တင်ရှုတ်ချဖို့အတွက် လုပ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ခဲ့တယ်။ နောက်ဆုံးမှာ သူတို့က သခင်ယေရှုကို ကားတိုင်တင်ခြင်းမှာ ရောမအစိုးရနဲ့ မကောင်းမှုပြုဖို့ လျှို့ဝှက်ဆောင်ရွက်ခဲ့ကြတယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုတို့ကိုပြုဖို့ သမ္မာတရားတွေကို ဖော်ပြနေတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားအားလုံး ဖြစ်ပြီး၊ သူတို့က သြဇာအာဏာနဲ့ တန်ခိုးကို ဆုပ်ကိုင်ထားတယ်၊ သမ္မာတရားကို ချစ်သူတွေက အဲဒါတွေဟာ ဘုရားသခင်ရဲ့ အသံတော်တွေ ဖြစ်တယ်ဆိုတာကို သိပြီးတော့ တစ်ယောက်ပြီးတစ်ယောက် ဘုရားသခင်ဆီကို ပြောင်းလဲနေကြတယ်။ ဒါပေမဲ့ ပိုပိုပြီးများပြားလာတဲ့ ညီအစ်ကိုမောင်နှမတွေက နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံလာကြတာကို ဘာသာရေးလောကက သင်းအုပ်ဆရာတွေနဲ့ လူကြီးသူမတစ်ချို့က တွေ့မြင်ခဲ့တဲ့အပြင် သူတို့ နောက်ကိုလုံးဝ မလိုက်ကြတော့တာကို တွေ့ကြတဲ့အချိန်မှာ၊ သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်ရှင်နေထိုင်မှုကို ကာကွယ်ဖို့ ကြိုးစားအားထုတ်မှုတစ်ခုအနေနဲ့ သူတို့တွေက ဒီညီအစ်ကိုမောင်နှမတွေကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခွင့်မပေးကြဘူး။ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရက်ရက်စက်စက် ယုတ်ယုတ်မာမာ သွားပုပ်လေလွင့်ပြောတာ၊ တရားစီရင်တာ၊ ဆန့်ကျင်တာနဲ့ အပြစ်တင်ရှုတ်ချတာတို့မှာ ဘုရားမဲ့တဲ့ တရုတ်ကွန်မြူနစ်အစိုးရနဲ့ အတူလိုက်လျောခဲ့တယ်။ သူတို့က ခရစ်ယာန်တွေ စစ်မှန်တဲ့ လမ်းခရီးကို စုံစမ်းစစ်ဆေးခြင်းကနေ နှောင့်ယှက်ဖို့နဲ့ ပိတ်ပင်တားဆီးဖို့ အဆုံးစွန် လုပ်ဆောင်နေကြတယ်။ သခင်ယေရှုက ‘လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။' (ရှင်မဿဲခရစ်ဝင် ၂၃:၁၃) လို့ မိန့်တော်မူခဲ့သလိုပဲ ဖြစ်ပါတယ်။ ကျွန်မတို့တွေက ထိုးထွင်းသိမြင်နိုင်စွမ်း မရှိဘူးဆိုရင်၊ ကျွန်မတို့က သူတို့ရဲ့ လှည့်စားခြင်းနဲ့ ထိန်းချုပ်ခြင်းကို အလွယ်တကူ ခံရမယ်၊ ပြီးတော့ ကျွန်မတို့အတွက် သခင်ရဲံပြန်ကြွလာခြင်းကို ကြိုဆိုဖို့ အရမ်းကို ခက်ခဲမယ်” ဟု ပြောခဲ့သည်။

နေ့စဉ် ဝတ်ပြုခြင်းများ

ကျွန်မအစ်မရဲ့ ပြောဆိုခြင်းကို ကြားရသည်မှာ ကျွန်မအတွက် ကြီးမားသည့် နိုးထမှုကြီးတစ်ခုဖြစ်သည်။ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်သည် ကမ္ဘာတစ်ခုလုံးကို တိုးချဲ့နေခဲ့ပြီးဖြစ်သော်လည်း၊ သင်းအုပ်ဆရာလီက ထိုအကြောင်းကို ကြားသည့်အခါတွင် ယင်းကို လေ့လာခြင်းမရှိခဲ့ရုံမျှမက၊ အရူးအမူး ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချခဲ့သည်။ သူက ခရစ်ယာန်များကို လှည့်စားရန်နှင့် ကျွန်မတို့ကို စစ်မှန်သည့် လမ်းခရီးကို စုံစမ်းစစ်ဆေးခြင်းမှ ဟန့်တားဖို့အတွက် တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟာလများကိုပင် အသုံးပြုခဲ့သည်။ ၎င်းမှာ ဖာရိရှဲများ၏ သရုပ်သကန်နောက်တစ်မျိုး အမှန်ပင် ဖြစ်ပါသည်။ ကျွန်မ သင်းအုပ်ဆရာလီအားဖြင့် လုံးဝစိတ်မရှုပ်ထွေးစေဖို့ ဤအစ်မ၏ ပြောဆိုခြင်းမှတစ်ဆင့် ထိုးထွင်းသိမြင်ခြင်းရအောင် ကူညီပေးခဲ့ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

ချစ်သောသူများက နှောင့်ယှက်ကြသော်လည်း ကျွန်မက စာတန်၏လှည့်စားမှုများကို ထိုးဖောက်မြင်သည်

ကျွန်မအသင်းတော်မှ ထိုအစ်ကိုက ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ ညီအစ်မောင်နှမများနှင့် အွန်လိုင်းတွင် ဆက်သွယ်နေဆဲဖြစ်ကြောင်းကို တွေ့မြင်သည့်အချိန်တွင်၊ သူက ကျွန်မ ေဖေ့စဘုတ်အကောင့်ကို ဖျက်ဖို့အတွက် တွန်းအားပေးရန် ကြိုးစားခဲ့သည်။ ကျွန်မက သူ့ကို နားမထောင်သည့်အခါ သူက ကျွန်မကို ဖျောင်းဖျရန် ကြိုးစားဖို့အတွက် အသင်းတော်မှ အစ်မအချို့၊ ကျွန်မ အစ်မကြီး နှင့် ကျွန်မ တူတူမများအားလုံးကို အတူတကွ စုဝေးခဲ့သည်။ ကျွန်မအနေဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို မယုံကြည်တော့ရန်နှင့် အသင်းတော်ကို သူတို့နှင့် ပြန်သွားရန်အတွက် သူတို့အားလုံး ပူးပေါင်းပြီး သင်းအုပ်ဆရာ ဖြန့်ဝေထားသည့် မုသားများကို ထပ်ခါထပ်ခါ ပြောကြသည်။

တစ်နေ့တွင် ကျွန်မ အင်မတန်ချစ်ရသော တူတူမ နှစ်ယောက် အသင်းတော် လူငယ်အုပ်စု အစည်းအဝေးမှ ပြန်လာပြီး၊ ကျွန်မကို မနှစ်မြို့ သည့် အကြည့်ဖြင့် “ကျွန်မတို့ လူငယ်အုပ်စုက အန်တီ့ကို လေ့လာနေခဲ့ကြတယ်။ အန်တီက လူတွေကို လှည့်စားတဲ့ နည်းလမ်းအတုတစ်ခုကို ယုံကြည်နေတယ်လို့ သူတို့က ပြောတယ်။ အဲဒါတွေကို မယုံကြည်ပါနဲ့တော့” ဟု ပြောခဲ့သည်။ ထို့နောက်တွင် သူတို့က ကျွန်မကို လုံးဝ အဖက်မတန်သကဲ့သို့ ဉပက္ခာပြာကာ၊ မကြာခဏ စိတ်ဆိုးသည့် အကြည့်များ စဉ်ဆက်မပြတ် ပေးနေကြ၏်။ သူတို့က ကျွန်မကို ကြမ်းတမ်းစွာ ပြောဆိုကြပြီး၊ မကြာခဏ အပြစ်ရှာနေကြကာ၊ တမင်တကာပင် စိမ်းကားစွာဖြင့် ပယ်ထားကြသည်။ ဤအခြင်းအရာကြောင့် ကျွန်မသည် အလွန် စိတ်ထိခိုက်ခဲ့ရသည်၊ ကျွန်မသည် သူတို့ကို ကံကြမ္မာအနိမ့်အမြင့်ကြားထဲမှ မည်သို့ ထိန်းကျောင်းမွေးမြူလာခဲ့ပုံ၊ သူတို့အတွက် တိုင်းတာမရနိုင်သည့် ကြိုးစားအားထုတ်မှု နှင့် စွမ်းအားများကို ကျွန်မ မည်သို့ ထုတ်သုံးခဲ့ပုံ၊ သူတို့ကို ကျွန်မ သားသမီးအရင်းလေးများကဲ့သို့ စောင့်ရှောက်ရာတွင် ကျွန်မ စိတ်ရောကိုယ်ပါ ရင်းခဲ့ပုံ စသည်တို့ကို တွေးမိခဲ့ပါသည်။ သူတို့ကျွန်မကို အဘယ်ကြောင့် ထိုကဲ့သို့ ဆက်ဆံနိုင်သနည်း။ ကျွန်မသည် လွန်စွာ စိတ်ထိခိုက်သော်လည်း၊ တစ်ချိန်တည်းမှာပင် ကျွန်မက အသင်းတော်မှ ပို၍များပြားသော သူများ ရောက်လာပြီး ကျွန်မကို လာ၍ အနှောင့်အယှက်ပေးမည်ကို စိုးရိမ်ခဲ့သည်။ ထိုအကြောင်းကို ကျွန်မပိုတွေးလေလေ၊ ကျွန်မမှာ ပို၍ စိတ်ထိခိုက်ပြီး၊ အလွန် အမင်း စိတ် ဆင်းရဲ လေလေ ဖြစ်သည်။ ကျွန်မ၏ ဝိညာဉ်သည် အမှောင်ထဲရောက်နေခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်နိုင်သည့်အပြင်၊ ဆုတောင်းခြင်းတွင် မည်သည့်အရာမျှ ပြောဆိုရန် မရှိခဲ့ပါ။

ကျွန်မသည် တဖြည်းဖြည်း တိုး၍အားနည်းလာခဲ့ပြီး၊ တွေ့ဆုံပွဲများကို ရှောင်ရန် ဆင်ခြေမျိုးစုံ ရှာလာခဲ့သည်။ ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမများ ပို့သည့် သတင်းစကားများကို ပြန်ကြားခြင်းမပြုခဲ့သည့်အပြင်၊ ဖေ့စဘုတ်ကိုပင် ဖျက်လိုက်သည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်ပြီးနောက် ကျွန်မသည် မယုံနိုင်လောက်အောင် စိတ်မချမ်းမြေ့ခဲ့ရပါသည်— ကျွန်မသည် ဒုက္ခဆင်းရဲကို မခံစားရဘဲ မနေနိုင်ပါ။ သခင်ပြန်ကြွလာခဲ့ပြီ ဖြစ်ကြောင်းကို ကျွန်မက အပြည့်အဝ သတိပြုမိခဲ့ပြီး၊ ကျွန်မမိသားစုဝင်များက ကျွန်မကကို ဟန့်တားကြသည်မှာ စာတန်၏ နှောင့်ယှက်မှုဖြစ်ကြောင်းကို ကျွန်မသတိပြုမိခဲ့သော်လည်း၊ ကျွန်မသည် မိသားစု၏ စိတ်ခံစားချက်များဆိုင်ရာ ကန့်သတ်ချက်များကို ချိုးနှိမ်၍မရခဲ့ပါ။ ထိုချိန်တွင် အခက်အခဲများဆိုသည်မှာ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းတို့ဖြင့် ဘုရားသခင်ရှေ့တော်မှောက်သို့ ဆောင်ယူလာသင့်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သာလျှင် ကျွန်မတို့အား စာတန်၏ ဘေးအန္တရာယ်ပြုခြင်းမှ ကယ်တင်နိုင်ကြောင်း ထိုအစ်မ ကျွန်မကို ပြောခဲ့သည့် အရာတစ်ခုသည် ကျွန်မအတွေးတွင် ပေါ််လာခဲ့သည်။ ကျွန်မသည် ဖေ့စဘုတ်ကို ချက်ခြင်းပြန်လည်ထည့်သွင်းခဲ့သည်။

ဖေ့စဘုတ်ကို ပြန်ထည့်သွင်းပြီး သော်လည်း ကျွန်မက လွွန်စွာနောင်တရကာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမများသည် ကျွန်မကို အလွန်ဂရုစိုက်ခဲ့သော်လည်း ကျွန်မက သူတို့ကို ထိုနည်းအတိုင်းဆက်ဆံခဲ့သောကြောင့် သူတို့သည် ကျွန်မကို ဧကန်မုချနှစ်သက်တော့မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်ကလည်း ကျွန်မကို လိုချင်စရာ အကြောင်းရှိတော့မည် မဟုတ်ကြောင်းကို တွေးမိခဲ့ပါသည်။ သို့သော်လည်း ကျွန်မ၏ မျှော်လင့်ထားသောအရာများနှင့် ဆန့်ကျင်ကာ ဘုရားသခင်က ကျွန်မကို မစွန့်ခွာခဲ့သည့်အပြင်၊ ကျွန်မကို ရှာဖွေရန် နှင့် ဖုန်းဆက်ရန် အတွက် အစ်မတစ်ယောက်ကို စီစဉ်တော်မူခဲ့သည်။ ထိုဖုန်းခေါ်ဆိုမှုကို ထူးရခြင်းသည် ကျွန်မအတွက် အလွန် စိတ်ထိခိုက်စေသည့် အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါသည်။ ကျွန်မသည် မိမိ၏ စိုးရိမ်ပူပန်ခြင်များနှင့် ပူပင်သောကများ အားလုံးကို သူမကို ပြောပြခဲ့သည်။ ထိုသို့သော ပတ်ဝန်းကျင်မျိုးကို ရင်ဆိုင်ရခြင်းသည် ကျွန်မတို့ မည်သည့်ဖက်တွင် ရပ်တည်သည်ကို ကြည့်ရန် ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုဖြစ်ကြောင်းကို သူမက ကျွန်မအား ပြောဆိုခဲ့သည်။ ကျွန်မတို့က ဘုရားသခင်၏ အလိုတော်ကို နားမလည်ပါက၊ ကျွန်မတို့သည် အထင်လွဲမှားခြင်းနှင့် ညည်းတွားခြင်းများအတွင်း၌ အသက်ရှင်နေထိုင်ကြကာ၊ အားနည်းပြီး၊ အဖျက်သဘောဆောင်ခြင်း သို့မဟုတ် ဘုရားသခင်ကိုပင် စွန့်ခွာခြင်း ပြုနိုင်ပါသည်။

ထို့နောက်တွင် ကောင်းကင်နိုင်ငံတော်သို့ လမ်းသည် အန္တရာယ်များသည် ဆိုသည့် ရုပ်ရှင်မှ ဘုရားသခင်က စာတန်ကို အဖြည့်ခံအနေဖြင့် မည်သို့ အသုံးပြုခဲ့သနည်း ဆိုသည့် နှစ်လိုဖွယ် ရုပ်ရှင်အပိုင်းတစ်ခုကို ညီအစ်ကိုမောင်နှမများက ကျွန်မကို ပြခဲ့သည်။ ထိုရုပ်ရှင်အပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤကျမ်းပိုဒ်တစ်ခုပါရှိသည်၊ “ငါ၏အစီအစဉ်တွင်၊ စာတန်သည် တစ်လျှောက်လုံး ခြေလှမ်းအသီးသီး နောက်ကွယ်တွင် ချောင်းမြောင်းနေခဲ့ပြီး၊ ငါ့ဉာဏ်ပညာ၏ အဖြည့်ခံအဖြစ်၊ ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများနှင့် နည်းစနစ်များ ရှာဖွေရန် အမြဲ ကြိုးစားနေပြီး ဖြစ်သည်။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားတတ်သော အစီအစဉ်များကို မလွန်ဆန်နိုင် ဖြစ်မည်လော။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ငါ့ကို အစေခံ၏။ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များသည် တစ်ခုတစ်လေ ကွဲပြားခြားနားနိုင်မည်လော။ ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဆုံသည့်နေရာ အတိအကျ ဖြစ်သည်။ ယင်းမှာ ငါ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အံ့ဖွယ်ဖြစ်သည့်အရာ အတိအကျ ဖြစ်ပြီး၊ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးအတွက် လည်ပတ်မှု၏ အခြေခံသဘောတရား ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ခြင်း ခေတ်အတွင်းတွင်၊ ငါသည် စာတန်၏ လှည့်ဖြားတတ်သည့် အကြံအစည်များကို မရှောင်ရှားသေးဘဲ၊ ငါ ပြုရမည့်အမှုကို ဆက်လက် လုပ်ဆောင်၏။ စကြဝဠာနှင့် အရာခပ်သိမ်း အလယ်တွင်၊ ငါသည် စာတန်၏ လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ရွေးချယ်ပြီးဖြစ်သည်။ ဤသည်မှာ ငါ၏ဉာဏ်ပညာ၏ သရုပ်သကန် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ငါ၏ အမှုနှင့် ပတ်သက်သည့် အံ့သြဖွယ်ဖြစ်သည့် အရာ အတိအကျ မဟုတ်လော။” အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညီအစ်ကိုမောင်နှမများ၏ ပြောဆိုခြင်းတို့မှတစ်ဆင့် စာတန်သည် ဘုရားသခင်၏ အမှုတော် အဆင့်သစ်တိုင်း နောက်သို့လိုက်ကာ၊ သူ၏ အမှုတော်ကို ဖျက်ဆီးရန်နှင့် သူ့ကို နောက်လိုက်သူများကို အမြဲတမ်းနှောင့်ယှက်ရန် ကြိုးစားသော်လည်း၊ ဘုရားသခင်၏ ဉာဏ်ပညာသည် စာတန်၏ လိမ်လည်မှုပေါ်တွင် အခြေခံကာ ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘုရားသခင်ကို လွန်ကဲစွာ ပြစ်တင်ရှုတ်ချ၊ ပြစ်မှားပြီး ခုခံကြသည့်အပြင်၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်အကြောင်း ကောလဟာလများနှင့် မုသားများကို လုပ်ကြံပြောဆိုကြသည်၊ ဤအရာများအားလုံးသည် ဘုရားသခင်၏ ရွေးကောက်ခံလူများအတွက် အစေခံခြင်းမျှသာ ဖြစ်ပါသည်။ ဘုရားသခင်သည် သူတို့၏ ဆန့်ကျင်မှုများကို အသုံးပြုတော်မူပြီး စာတန်၏ ဘုရားသခင်၏ ရန်သူဖြစ်ခြင်း၏ ဆိုးယုတ်သော အနှစ်သာရများကို ကျွန်မတို့ကို ထိုးဖောက်မြင်တွေ့စေခဲ့သည်မှာ ကျွန်မတို့အနေဖြင့် ၎င်းတို့ကို ထိုးထွင်းသိမြင်မှု ရရှိနိုင်ရန် အတွက်လည်း ဖြစ်သည်၊ ထို့အပြင် ဘုရားသခင်နောက် လိုက်လျှောက်ရာ၌ ကျွန်မတို့၏ ယုံကြည်မှုတိုးပွားစေရန်လည်း ဖြစ်ပါသည်။ ဤသည်မှာ ကျွန်မက ဘုရားသခင်၏ အမှုတော်အသစ်ကို လက်ခံသည့်အခါ စာတန်က လက်မခံနိုင်သကဲ့သို့ပင် ဖြစ်သည်၊ ၎င်းသည် ကျွန်မအနီးမှ ချစ်ရသူများမှတစ်ဆင့် ကျွန်မကို နှောင့်ယှက် ဟန့်တားရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ကျွန်မအစ်မ၊ ကျွန်မတူမ နှင့် ကျွန်မတူတို့သည် စာတန်၏ လက်များထဲတွင် အထောက်အကူများဖြစ်လာခဲ့သည်၊ သူတို့က ကျွန်မကို စစ်မှန်သည့် လမ်းခရီးကို စွန့်လွှတ်ရန် လှုံ့ဆော်ပြီး၊ အဖက်မတန်သကဲ့သို့ ဥပက္ခာ ပြုထားကြသည်၊ တမင်ရည်ရွယ်ကာ ကျွန်မကို မတွေ့လိုသော အမူအရာပြကြသည်။ ကျွန်မက စစ်မှန်သည့် လမ်းခရီကို စွန့်လွှတ်ရန်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးစေရန်တို့အတွက် ရည်ရွယ်ကာ ကျွန်မကို အကြိမ်ကြိမ်ပိတ်ပင်ကြသည်။ ထိုသို့သော ပတ်ဝန်းကျင်အမျိုးအစားကို ရင်ဆိုင်ရသည့်အချိန်တွင်၊ အပြင်ပန်းတွင် ဆိုးသည့်အရာတစ်ခုဟု သဘောရသော်လည်း၊ ထိုအထဲတွင် ဘုရားသခင်၏ စေတနာက ရှိနေပါသည်။ ဘုရားသခင်က စာတန်၏ဆိုးယုတ်သော အနှစ်သာရပေါ်တွင် ထိုးထွင်းသိမြင်မှုကို ရရှိစေရန်နှင့် ကျွန်မ ကိုယ်တိုင်၏ စစ်မှန်သည့် ဝိညာဉ်အသက်တာကို ရှင်းလင်းစွာ တွေ့မြင်ရန်၊ ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုက မည်မျှ သေးနုပ် ိပုံကို သိခွင့်ပေးလိုသည်၊ ကျွန်မသည် စာတန်၏ နှောင့်ယှက်မှုကို ခံရသည့် အခိုက်အတန့်တွင် ကျွန်မသည် အပျက်သဘောဆောင်လာပြီး၊ အားနည်းလာသည့်အပြင် ညီအစ်အကိုမောင်နှမများနှင့်ပင် အဆက်အသွယ် ဖြတ်တောက်ခဲ့ပါသည်။ ဤအချက်က ကျွန်မအနေဖြင့် သမ္မာတရားကို ပို၍ပင် ရှာဖွေရန် စိတ်ပိုင်းဖြတ်မှုကို ပိုမိုကြီးမားလာစေခဲ့ပြီး၊ အနာဂတ်တွင် ကျွန်မအနေဖြင့် သမ္မာတရားကို အမှန်တကယ် ရှာဖွေရန် နှင့် သက်သေခံရန် ပို၍ လိုလားစေခဲ့သည်။

ထိုအစ်မက ကျွန်မအတွက် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြခဲ့သည်၊ “ဘုရားသခင် မြင်ချင်သောအရာမှာ လူသား၏ နှလုံးသား ပြန်လည်နိုးထနိုင်ဖို့ ဖြစ်သည်။ လူသားအပေါ် အမှုပြုရန် သူအသုံးပြုသည့် ဤနည်းလမ်းများသည် လူသား၏ နှလုံးသားနှင့် လူသား၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် နိုးထစေရန်ဖြစ်ကာ၊ လူသားအနေဖြင့် မည်သည့်နေရာက မိမိလာခဲ့သည်၊ မည်သူက မိမိကို လမ်းပြနေသည်၊ ထောက်ပံ့နေပြီး ပံ့ပိုးနေသည်၊ ပြီးလျှင် မည်သူက မိမိကို ယခုထိတိုင်အောင် ရှင်သန် ခွင့်ပြုထားသည် ဆိုသည်ကို သိနိုင်စေဖို့ဖြစ်သည်။ ထိုနည်းလမ်းများသည် လူအား မည်သူက ဖန်ဆင်းရှင် ဖြစ်သည်၊ မည်သူကို သူကိုးကွယ်သင့်သည်၊ မည်သို့သောလမ်းမျိုးကို လျှောက်သင့်သည်ဆိုသည်နှင့် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်နည်းလမ်းဖြင့် လာသင့်သည်ဆိုသည်တို့ကို နားလည်နိုင်စေသည့် နည်းလမ်းများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို သိစေရန်၊ နားလည်စေရန် နှင့် လူသားကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ အမှုတော်နောက်ကွယ်က ကြီးစွာသောဂရုစိုက်မှုနှင့် အတွေးကို သဘောပေါက်စေရန်အလို့ငှာ၊ လူသား၏ နှလုံးသား တဖြည်းဖြည်း ပြန်၍အားပြည့်လာစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။” ထို့နောက်တွင် သူမက “အမှန်ကတော့ ဘုရားသခင်က ကျွန်မတို့ဘေးမှာ အမြဲတမ်း ရှိပေမဲ့လည်း ဒီလိုမျိုးပတ်ဝန်းကျင်ကနေပြီး၊ သူက ကျွန်မတို့ရဲ့ ခံစားချက်မဲ့နေတဲ့ နှလုံးသားတွေကို နိုးထစေတော်မူခဲ့တယ်။ သင်းအုပ်ဆရာတွေ၊ အခြားသော ယုံကြည်သူတွေနဲ့ ကျွန်မတို့ရဲ့ မိသားစုတွေရဲ့ နှောင့်ယှက်ခြင်းနဲ့ ဟန့်တားခြင်းတို့က တစ်ဆင့် အပြုသဘောဆောင်တဲ့အရာနဲ့ အဖျက်သဘောဆောင်တဲ့ အရာတွေ၊ ဖြောင့်မတ်တဲ့အရာနှင့် ဆိုးယုတ်တဲ့အရာအပြင်၊ ဘုရားသခင် နောက်ကို ဘယ်လိုလိုက်လျှောက်ပြီး၊ သက်သေခံရမယ် ဆိုတာတွေကိုပါ ကျွန်မတို့ သတိပြုမိလာခဲ့တယ်။ ဒီနည်းနဲ့ ကျွန်မတို့က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်ကို နားလည်ခဲ့တာဖြစ်တယ်။ ဒီနည်းတစ်ခုတည်းနဲ့သာလျှင် ကျွန်မတို့နှလုံးသားတွေက အမြန်ဆုံး နိုးထလာပြီးတော့၊ ကျွန်မတို့ဟာလည်း စာတန်ရဲ့ ဆော့ကစားတာကို လုံးဝခံရတော့မှာ မဟုတ်ဘူး” ဟု မိတ်သဟာယပြုခြင်းတွင် ပြောဆိုခဲ့ပါသည်။

ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဤအစ်မ၏ ပြောဆိုမှုတို့မှတစ်ဆင့် ကျွန်မတို့နှလုံးသားများကို နိုးထစေရန် ဤပတ်ဝန်းကျင်များကို ဘုရားသခင် အသုံးပြုတော်မူကြောင်း ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ အသင်းတော်မှ ညီအစ်ကိုမောင်နှမများ အပြင် ကျွန်မတူတူမများက ကျွန်မကို ဟန့်တားပိတ်ပင်နေခဲ့သော်လည်း စာတန်၏ လိမ်လည်မှုများကို ထိုးဖောက်မြင်စေရန် နှင့် ဘုရားသခင်၏ ကြိုးစားပမ်းစား အမှုတော်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် ကြင်နာမှုတို့ကို နားလည်သဘောပေါက်စေခဲ့သည်။ ဘုရားသခင်ကို လိုက်လျှောက်ရန် ကျွန်မ၏ ယုံကြည်မှုကိုလည်း များစွာနှိုးဆော်ခဲ့သည်။

ကျွန်မတို့၏ နွေးထွေးမှုဟောင်းနှင့် သဟဇာတဖြစ်ခြင်းတို့ကို နဂိုမူလအတိုင်း ပြန်လည်ရရှိစေခြင်း

ထို့နောက်တွင် ကျွန်မသည် မိမိ၏ တူတူမများ၏ ကန့်သတ်ခြင်းကို လုံးဝမခံစားရတော့ပါ။ ကျွန်မက ဘုရားသခင်၏ အိမ်တော်သို့ ပြန်သွားပြီး၊ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံပွဲများကိုလည်း ပြန်သွားခဲ့ပြီး၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ရေလောင်းခြင်းနှင့် အဟာရဓာတ်ပြည့်ဝ စေခြင်းတို့ကို မွေ့လျော်ခဲ့ပါသည်။ ပထမတွင် ကျွန်မသည် မည်သည့် လူ၊ အရေးကိစ္စ သို့မဟုတ် အဖြစ်အပျက်များ၏ နှောင့်ယှက်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ မခံရစေရန် တွေ့ဆုံပွဲတစ်ခုကို တက်ရောက်တိုင်း ဘုရားသခင်ထံသို့ ဆုတောင်းကာ၊ အရာအားလုံးကို ကိုယ်တော့်လက်တော်ထဲသို့ ထည့်ပြီး၊ ကိုယ်တော့်ရှေ့တွင် ကျွန်မ၏ နှလုံးသားကို ငြိမ်သက်စေသည်။ မယုံနိုင်လောက်အောင်ပင်၊ ကျွန်မ တူတူမတို့က ထိုသင်းအုပ်ဆရာ၏ ဒေသနာများသည် အလင်းပေးခြင်းကင်းမဲ့ကြောင်းကို စတင်ခံစားလာကြသည်၊ သူတို့က အသင်းတော်ကို သွားဖို့ကို လိုလားမှုနည်းပါးလာပြီး၊ ကျွန်မ၏ ယုံကြည်ခြင်းကိုလည်း ဆန့်ကျင်ခြင်း မပြုတော့ပါ။ ကျွန်မတို့ နေ့စဉ်အသက်တာများတွင်လည်း ကျွန်မသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သူတို့အား မကြာခဏ သက်သေခံခဲ့ပြီး၊ ကျွန်မသည် မိသားစုအတွက် အဆုံးစွန် ထောက်ထားညှာတာစိတ် ရှိသေးကြောင်း၊ သူတို့ကို ကျွန်မအမြဲတမ်း ဂရုစိုက်ခဲ့သကဲ့သို့ ဂရုစိုက်သေးကြောင်း၊ ကျွန်မသည် ကောလဟာလများက ပြောသကဲ့သို့ မဟုတ်ကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ခဲ့ကြသည်။ ထို့နောက်တွင် ကျွန်မ တွေ့ဆုံပွဲတွင် ရှိနေကြောင်းသူတို့ မြင်သည့်အချိန်တွင် ကျွန်မကို မနှောင့်ယှက်တော့သည့်အပြင်၊ ကျွန်မတို့တွင် ရှိခဲ့သည့် နွေးထွေးမှုနှင့် သဟဇာတဖြစ်ခြင်းများသည် ကျွန်မတို့နေအိမ်တွင် နဂိုအတိုင်း ပြန်ဖြစ်လာခဲ့သည်။

နှောင့်ယှက်ခြင်း တစ်ခုပြီးတစ်ခုကို တွေ့ကြုံခံစားခြင်းသည် ကျွန်မကို သမ္မာတရားအချိုကို နားလည်စေရန်၊ ထိုးထွင်းသိမြင်မှုတစ်ချို့ကို ရရှိစေရန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဆိုင်ရာ ဘုရားသခင်၏ ကြင်နာသော ရည်ရွယ်ချက်များကို တွေ့မြင်စေရန် ခွင့်ပေးခဲ့သည်။ ကျွန်မသည်လည်း လူသားမျိုးနွယ်အပေါ် စာတန်၏ အန္တရာယ်ပေးခြင်းကို နက်ရှိုင်းစွာ တွေ့ကြုံခံစားခဲ့ရသည်။ အနာဂတ်တွင် စာတန်သည် ကျွန်မကို မည်မျှပင် နှောင့်ယှက်သည်ဖြစ်စေ၊ ဟန့်တားသည်ဖြစ်စေ၊ ကျွန်မသည် ဧကန်မုချ သက်သေရပ်တည်မည်သာ ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ခပ်သိမ်းသောအမှုကိစ္စတွင် ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။

အမှာစကား ချန်ခဲ့မည်