စာရင်း

ကျွန်မ၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းလမ်းကြောင်းတွင် ဆွေမျိုးများ၏ ဖိနှိပ်ခြင်း တားဆီးခြင်းတို့ကိုခံခဲ့ရပြီး ကျွန်မသည် ယုံကြည်ခြင်းအား သက်သေခံရန်အတွက် ဘုရားသခင်အပေါ် အမှီပြုခဲ့သည်

ရှင်ယွမ်၊ သြစတေးလျ

ကျွန်မ၏ အစ်မနှင့် သူမ၏ အမျိုးသားတို့၏ တားဆီးမှုအား ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း

၂၀၁၈ခုနှစ် မေလတွင် ကျွန်မသည် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အား အချိန်ကာလတစ်ခုအထိ ဖတ်ပြီးနောက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် အမှန်တကယ်ပင် ပြန်လည်ကြွရောက်လာသည့် သခင်ယေရှုပင်ဖြစ်သည်ဆိုသည်ကို ကျွန်မ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ ကျွန်မသည် ကျွန်မ၏ အစ်မအား ဧဝံဂေလိတရားကို ပျော်ရွှင်စွာ ဝေမျှခဲ့သည်။

ဇူလိုင်လ ၂၀ ရက်နေ့ မနက်တွင် ကျွန်မ၏ အစ်မသည် ကျွန်မနှင့် စကားစမြည်ပြောဆိုရန်အတွက် တွေ့လိုသည်ဆိုသည့် စာတစ်စောင် ပို့ခဲ့သည်။ ကျွန်မသည် အစ်မက နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်အား လက်ခံလိမ့်မည်ဟု ယုံကြည်လျှက် စိတ်လှုပ်ရှားမိခဲ့သည်။ သို့သော် အခြေအနေက ကျွန်မ စိတ်ကူးထင်မြင်သလို ဖြစ်မလာခဲ့ပေ။ ကျွန်မတို့ တွေ့ဆုံသည့်အခါတွင် သူမသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား အထင်အမြင်သေးသည့် လေသံဖြင့်ဖတ်သည်ကို ကြားရပြီး သူမသည် နှုတ်ကပတ်တော်များတွင် အမှားကိုသာ ဆက်တိုက်ရှာနေသည်။ သူမသည် သမ္မာတရားကို ရှာဖွေရန် စိတ်ဆန္ဒမရှိခြင်းပင် ဖြစ်သည်။ ကျွန်မတို့ အပြန်အလှန်စကားပြောဆိုကြရာတွင် သူမသည် သူမ၏ ကိုယ်ပိုင် အယူအဆလွဲများကို စွဲကိုင်ထားပြီး ကျွန်မအား ဆက်၍ မယုံကြည်တော့ရန် အကြံပြုသည်။ ကျွန်မသည် သူမအား မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ သူမသည် နားထောင်မည်မဟုတ်ပေ။ သူမသည် ဤကဲ့သို့ သဘောထားကို ခံယူထားသည်ကို ကျွန်မ သိရသည့်အတွက် အလွန်ပင် ဝမ်းနည်းမိပြီး ကျွန်မတို့၏ ပြောဆိုမှုသည် အဆုံးတွင် မည်သည့်အကျိုးမျှ မရရှိခဲ့ပေ။

ထို့နေ့ ညစာ စားပြီးနောက်တွင် ကျွန်မသည် စားပွဲကို သန်ရှင်းနေစဉ်တွင် ကျယ်လောင်သော တံခါးခေါက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ကျွန်မ၏ အမျိုးသားသည် တံခါးဖွင့်ရန် သွားခဲ့ပြီး ကျွန်မသည် အလွန် အံ့အားသင့်ခဲ့ရသည်။ ကျွန်မ၏ အစ်မနှင့် သူမ၏ အမျိုးသားတို့ဖြစ်သည်။

ကျွန်မ၏ ခဲအိုသည် မီးဖိုချောင်တံခါးဝသို့ ရောက်လာပြီး ကျွန်မကို ပြောသည်။ “ညီမက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတယ်လို့ ညီမရဲ့ အစ်မကပြောတယ်။ အဲဒါ ဟုတ်လား။”

“ဟုတ်ပါတယ်။” ဟု ကျွန်မ ပြောလိုက်သည်။

သူ ဆက်ပြောသည်။ “ညီမရဲ့ ယုံကြည်မှု အခြေခံအုတ်မြစ်က တော်တော် သေးပါတယ်။ ညီမက နည်းနည်းလေးပဲ နားလည်တာပါ။ အစ်ကိုက သီအိုလိုဂျီပိုင်းကို လေ့လာခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းအသုံးချနေပြီး သခင့်အတွက် အလုပ်လုပ်နေတာပါ။ နောက်ပြီး အစ်ကိုက သမ္မာကျမ်းစာကို ညီမထက်ပိုပြီး နားလည်ပါတယ်။ တမန်တော်ဝတ္ထု ၄:၁၁-၁၂ မှာ ‘ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။’ လို့ ပြောထားပါတယ်။ အစ်ကိုတို့ ဘုရားသခင်အပေါ် ယုံကြည်တာမှာ သခင်ယေရှုကိုသာ ယုံကြည်နိုင်တာပါ။ သူကလွဲပြီး အစ်ကိုတို့ကို ကယ်တင်နိုင်ဖို့အတွက် အမှီပြုနိုင်တဲ့ တခြားဘုရားမရှိပါဘူး။ ဘာကြောင့် ညီမက တခြားဘုရားကို သွားပြီး လက်ခံချင်ရတာလဲ။” သူ၏ မေးခွန်းသည် ကျွန်မအား အလွန်ပင် အနေရအထိုင်ရ ခက်စေပြီး ထိုအချိန်အခါက ကျွန်မသည် မည်သို့တုံ့ပြန်ရမည်ကို မသိခဲ့ပေ။ ကျွန်မသည် ကျွန်မ၏ အမျိုးသားကို တချက်ကြည့်လိုက်သည့်အခါ သူသည် ကျွန်မအား စိတ်တည်တည်ငြိမ်ငြိမ်ထားရန် ကိုယ်ဟန်အမူအရာဖြင့် ပြောသည်။ ကျွန်မသည် အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အောင်ထားလိုက်သည်။ ထို့နောက်တွင် ကျွန်မသည် ညီအစ်ကိုမောင်နှမတို့က ကျွန်မအား အရင်တုန်းက မိတ်သဟာယဖွဲ့ခဲ့သည့် သမ္မာတရား၏ အချက်အလက်တစ်ခုကို ကျွန်မ စဉ်းစားခဲ့သည်။

ခဏနေပြီးလျှင် ကျွန်မက ဤသို့ပြောလိုက်သည်။ “‘ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ’ (တမန်တော် ၄:၁၁-၁၂) ဒါက မှန်ပါတယ်။ ဒါပေမဲ့ ဒီအချက်က ဘုရားသခင်ရဲ့ အမည်နာမဟာ ယေရှုသာဖြစ်နိုင်တယ်လို့ သက်သေမပြပါဘူး။ ဓမ္မဟောင်းကျမ်းမှာ မှတ်တမ်းတင်ထားပါတယ်။ ‘ငါတစ်ပါးသည်သာ ယေဟောဝါဖြစ်ပြီး ငါမှတစ်ပါး ကယ်တင်သောအရှင်မရှိ၊(ဟေရှာယ ၄၃:၁၁)ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။(ထွက်မြောက်ရာကျမ်း ၃:၁၅) ဒီအပိုဒ်တွေကို သူတို့ရဲ့ တိုက်ရိုက်အဓိပ္ပာယ်အရ ရှင်းပြမယ်ဆိုရင် ဘုရားသခင်ရဲ့ တစ်ခုတည်းသောနာမည်က ဘာလဲ။ ယေဟောဝါလား ဒါမှမဟုတ် ယေရှုလား။”

ကျွန်မရဲ့ ခဲအိုက စိတ်မရှည်စွာဖြင့် တုံ့ပြန်သည်။ “ညီမက အဆက်အစပ်မရှိ ကိုးကားပြီး သမ္မာကျမ်းစာကို တလွဲလုပ်နေတာပဲ။ ဘယ်အချိန်ပဲဖြစ်ပါစေ သခင်ယေရှုရဲ့ အမည်နာမက ဘယ်တော့မှမပြောင်းလဲဘူး။”

ကျွန်မ ဆက်ပြောသည်။ “ဘုရားသခင်က နဂိုမူလမှာ အမည်မရှိဘူး။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ဖို့အတွက်သာ အမည်နာမတွေကို ယူလိုက်တာပါ။ အမည်နာမတစ်ခုက လုပ်ဆောင်မှုအဆင့်တစ်ခုကို ကိုယ်စားပြုတယ်။ နောက်ပြီး လုပ်ဆောင်မှုအဆင့်တစ်ခုစီတိုင်းက ဘုရားသခင်ရဲ့ စိတ်သဘောထား အပိုင်းကို ဖော်ပြတယ်။ ဘုရားသခင်ရဲ့ အမည်နာမက ဘယ်လိုပဲ ပြောင်းလဲနိုင်ပါစေ သူ့ရဲ့ အနှစ်သာရက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ နောက်ပြီး လုပ်ဆောင်မှုအဆင့်သုံးဆင့်က ဘုရားသခင်တစ်ပါးတည်းအားဖြင့်ပဲ ပြီးမြောက်တယ်။ ဘုရားသခင်ရဲ့ အမည်က ထာဝရဖြစ်ခြင်းဆိုတာက သူ့ရဲ့အမည်နာမဟာ အဲဒီခေတ်ကာလအတွင်းမှာ မပြောင်းလဲဘူးလို့ ဆိုလိုပါတယ်။ ဒါက ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအလုပ်တလျှောက်လုံးမှာ ဘယ်တော့မှမပြောင်းလဲဘူးလို့ မဆိုလိုဘူး။ ခေတ်ပြောင်းတဲ့အခါမှာ ဘုရားသခင်ရဲ့ အမည်နာမဟာ လိုအပ်သလို ပြောင်းလဲလိမ့်မယ်။ ‘အနန္တတန်ခိုးရှင်ဘုရားသခင်’ ဆိုတဲ့ အမည်နာမက ဗျာဒိတ်ကျမ်းအခန်းကြီး ၁ အငယ်၈မှာ အတိအကျကို ပြည့်စုံစေပါတယ်။ ‘ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။’ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှုနောက်တဖန်ပြန်လည်ကြွလာခြင်း ဖြစ်ပါတယ်။”

ကျွန်မ၏ ခဲအိုသည် သူ၏အသံကို မြှင့်ပြီး ကျွန်မကို လက်ညှိုးထိုးကာ ပြောသည်။ “နင် ဘာပဲပြောပြော ငါက လက်ခံမှာမဟုတ်ဘူး။ ငါ သခင်ယေရှုရဲ့ အမည်နာမကိုပဲ ထိန်းသိမ်းထားမယ်။ နောက်ပြီး သခင်ယေရှုရဲ့ အမည်နာမ၌ ယုံကြည်မှသာ ငါတို့က ကယ်တင်ခြင်းခံရနိုင်တယ်။ နင် အခုချက်ချင်း နောင်တရဖို့ ငါ တိုက်တွန်းတယ်။”

ကျွန်မ၏ အစ်မသည် ဘေးတွင် ရပ်ပြီး သူမယောကျာ်းပြောခဲ့သည့်အတိုင်း ပြောသည်။ ကျွန်မက သဘောထားမပြောင်းသည်ကို သူ မြင်သည်။ ထို့ကြောင့် သူသည် အကြောင်းအရာ ပြောင်းလဲရန် စတင်ပြုလုပ်သည်။ သူသည် မေးခွန်းများတစ်ခုပြီးတစ်ခု မေးသည်။ သို့သော် သူတို့သည် ကျွန်မပြောသမျှကို နားမထောင်ပေ။ ထို့အပြင် ဘုရားနှင့်ပတ်သက်ပြီး ထိခိုက်စော်ကားသည့် အရာ အများအပြားကို ပြောဆိုသည်။ ကျွန်မ၏ ယောကျာ်းသည် ဤမြင်ကွင်းကို မြင်လျှက် သူတို့အား အိမ်သို့ ပြန်ကြရန် ပြောခဲ့သည်။ သူတို့ ပြန်သွားသည်မှာ သိပ်မကြာသေးခင်တွင် ကျွန်မ၏ ယောက္ခမသည် အနန္တတန်ခိုးရှင်ဘုရားသခင်အား ကျွန်မ ယုံကြည်ခြင်းနှင့်ပတ်သက်၍ မေးမြန်းရန် ကျွန်မ၏ အမျိုးသားအား ဖုန်းဆက်သည်။ ပြီးလျှင် သူမသည် ကျွန်မ အမျိုးသားအား “မင်းက အိမ်ထောင်ဦးစီးပဲ။ မင်းက နည်းနည်းပိုပြီး ထိန်းသင့်တယ်။” ဟု ပြော၍ တိုက်တွန်းလှုံဆော်သည်။

အခက်အခဲများနှင့် စမ်းသပ်ခြင်းများသည် ဘုရားသခင်၏ ကောင်းကြီးများဖြစ်သည်

သူတို့၏ ဖိနှိပ်မှုနှင့် တားဆီးမှုကို ရင်ဆိုင်ရပြီး ကျွန်မသည် အနည်းငယ် စိတ်ထိခိုက်ခဲ့ရသည်။ သူတို့ပြန်သွားပြီးနောက်တွင် ကျွန်မသည် ချက်ချင်းပင် ထိုင်ခုံပေါ်သို့ အားပျော့စွာ လဲကျသွားခဲ့ပြီး ကိုယ့်ဖာသာ စဉ်းစားမိသည်။ “ငါ သူတို့ကို သခင်ယေရှု ဒုတိယအကြိမ်ကြွလာခြင်းရဲ့ ဧဝံဂေလိတရားကို ဟောတုန်းက စေတနာနဲ့ပြောခဲ့တာပါ။ ဒါဆိုရင် သူတို့က ဘာလို့ မယုံကြည်ဘဲ ယုံကြည်မယ့်အစား ငါ့ကို တားဆီးဖို့ ကြိုးစားရတာလဲ။ ငါက ဘုရားသခင်ကို လေးလေးနက်နက် ယုံကြည်ချင်တာ သက်သက်ပါ။ ဒါဆို ဘာလို့ ဒီလောက် ခက်နေရတာလဲ။ ဒီ ဘုရားသခင်ရဲ့ယုံကြည်ခြင်းလမ်းကြောင်းက လျှောက်လှမ်းဖို့အတွက် တကယ်ကို လွယ်ကူတဲ့ လမ်းကြောင်းတစ်ခုမဟုတ်ဘူး။” ဤသို့စဉ်းစားပြီး ကျွန်မသည် အနည်းငယ် အားနည်းသလို ခံစားရပြီး စ၍ ငိုခဲ့သည်။ ကျွန်မသည် အစ်မဇန်ကို အလျင်အမြန် ဖုန်းခေါ်ဆိုပြီး ကျွန်မ၏ အခက်အခဲများကို သူမအား ပြောပြခဲ့သည်။ ကျွန်မပြောသည်တို့ကို နားထောင်ပြီးနောက်တွင် အစ်မဇန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ အပိုဒ်တစ်ပိုဒ်ကို ကျွန်မအား ဖတ်ပြသည်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။

အစ်မဇန်သည် ဤသို့ပြောလျှက် မိတ်သဟာယဖွဲ့သည်။ “ဒီနေ့ ကျွန်မတို့အပေါ် ကျရောက်လာတဲ့ ဒီအခြေအနေက ဘုရားသခင်ရဲ့ ကောင်းကြီးဖြစ်ပါတယ်။ ဘုရားသခင်က ကျွန်မတို့ရဲ့ ယုံကြည်ခြင်းနဲ့ သူ့အပေါ် ချစ်ခြင်းကို စမ်းသပ်ဖို့ ဒီအခြေအနေကို အသုံးပြုနေတာပါ။ ဘုရားသခင်အပေါ် ကျွန်မတို့ရဲ့ ချစ်ခြင်းနဲ့ ယုံကြည်ခြင်းဟာ စစ်မှန်သလား မစစ်မှန်ဘူးလားဆိုတာ ခက်ခဲပြီး ကျဉ်းကြပ်တဲ့ပတ်ဝန်းကျင်ရောက်မှသာ ဖော်ထုတ်နိုင်မှာပါ။ အဆင်ပြေသက်သာတဲ့ ပတ်ဝန်းကျင်မှာဆိုရင် ကျွန်မတို့က ဘုရားသခင်ကို ချစ်ပြီး ဘုရားသခင်ကို ကျေနပ်စေတယ်လို့ ကျွန်မတို့ ပြောနိုင်တယ်။ ဒါပေမဲ့ ဒါက အစစ်အမှန်မဟုတ်ပါဘူး။ တကယ့်အခြေအနေမှန်တွေ ဖြစ်ပေါ်လာတဲ့အခါ၊ အခက်အခဲတွေ၊ စမ်းသပ်မှုတွေ ကြုံရတဲ့အချိန်မှာ ကျွန်မတို့ဟာ ဘုရားသခင်ကို အမှီပြုပြီး ကျေနပ်စေနိုင်မှ၊ ဘုရားသခင်အတွက် သက်သေခံခြင်းမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှသာ ဒါဟာ ဘုရားသခင်အတွက် စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းဖြစ်ပါတယ်။ နောက်ပြီး ဒီလိုမှသာ ကျွန်မတို့ဟာ ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်တဲ့လူတွေဖြစ်မှာပါ။ ကျွန်မတို့ရဲ့ မိသားစုတွေဆီက ဖိနှိပ်ခြင်းကို ကြုံတွေ့ရတဲ့အခါမှာ ဒါဟာ ဘုရားသခင်က သူ့အပေါ် ကျွန်မတို့ရဲ့ ချစ်ခြင်းကို စမ်းသပ်ဖို့အတွက် ချပေးလိုက်တဲ့ ပေါများလှတဲ့ စားပွဲတစ်ခုဖြစ်ပြီး ဒါဟာ ကောင်းမွန်တဲ့အရာပါ။”

ဟုတ်သည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ ဖတ်ရှုပြီး ဤအခက်အခဲများကို မတွေ့ကြုံရလျှင် ဘုရားသခင်အပေါ် ကျွန်မ၏ ယုံကြည်ခြင်းနှင့်ချစ်ခြင်းသည် စစ်မှန်ခြင်းရှိမရှိ စစ်ဆေးခြင်းရှိမည်မဟုတ်ပါ။ ကျွန်မသည် ဤသေးငယ်သည့် အခြေအနေများကြောင့် အားနည်းပျော့ညံ့လျှင် ဤအချက်က ကျွန်မသည် ဘုရားသခင်က ရိုးသားမှန်ကန်စွာ ယုံကြည်ခြင်းမရှိသည်ကို ပြလိမ့်မည်။ ယောဘသည် စမ်းသပ်မှုများကို ကြုံရသည့်အခါတွင် သူ၏ အမျိုးသမီးနှင့် မိတ်ဆွေသုံးဦးသည် သူ့အား ဘုရားသခင်အား ယုံကြည်မှုကို စွန့်လွှတ်ရန် အကြံပြုကြသည်။ သို့သော်လည်း ယောဘသည် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်အပ်နှံမှုကို ဆက်လက်စွဲကိုင်ခဲ့ပြီး ဘုရားသခင်အား မစွန့်ပစ်ခဲ့ပေ။ ယောဘသည် ဘုရားသခင်ကို ရိုးသားမှန်ကန်စွာ ယုံကြည်ခဲ့သူတစ်ယောက်ဖြစ်သည်။ သူနှင့်ယှဉ်လျှင် ကျွန်မ၏ မိသားစုမှ အနည်းငယ် ဖိနှိပ်ခြင်းကို ကြုံရသည့် ကျွန်မ၏ အတွေ့အကြုံသည် မည်မျှကြီးမားမည်နည်း။ မဖြစ်ဘူးဟု ကျွန်မ စဉ်းစားသည်။ ကျွန်မသည် ယောဘကို အတုယူရမည်။ ထို့အပြင် ကျွန်မ၏ မိသားစုသည် မည်သို့ပင် အတင်းအကျပ်စေခိုင်းပါစေ ဘုရားသခင်အတွက် ကျွန်မ၏ ယုံကြည်ခြင်းနှင့် ကျွန်မ၏ ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းရမည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျွန်မ၏ အမသည် ထိုနေ့ညနေတွင် ကျွန်မ၏အိမ်သို့ လာရောက်မည်ဆိုသည့် စာတစ်စောင်ကို ကျွန်မဆီသို့ပို့ခဲ့ပြီး ကျွန်မက သဘောတူခဲ့သည်။ ညနေ ၇ နာရီခန့်တွင် တံခါးခေါက်သံကြားရပြီး ကျွန်မ၏ အမျိုးသားက သွားဖွင့်လိုက်သည်။ မမျှော်လင့်ဘဲ ကျွန်မ၏ အမျိုးသား၏ အစ်ကိုဝမ်းကွဲလည်း ရောက်ရှိနေသည်။ ကျွန်မသည် ဤရုတ်တရက်မြှင့်တက်လာမှုအပေါ် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ ထို့နောက်တွင် ကျွန်မသည် စိတ်နှလုံးထဲတွင် ဘုရားသခင်အား တိတ်တဆိတ် ဆုတောင်းလိုက်သည်။ “အို အနန္တတန်ခိုးရှင်ဘုရားသခင်၊ မနေ့ညနေက အဲဒီသီအိုလိုဂျီကျောင်းသားနဲ့ ရင်ဆိုင်ရတဲ့အခါမှာ တုံ့ပြန်ပြောဆိုဖို့ အလွန်ပင် ခက်ခဲခဲ့ပါတယ်။ အခု ကျွန်မ အမျိုးသားရဲ့ အစ်ကိုဝမ်းကွဲလည်း ရုတ်တရက် ပေါ်လာပါတယ်။ ကျွန်မ လူတွေအများကြီး ရင်ဆိုင်ဖို့အတွက် ကြောက်ရွံ့မိပါတယ်။ အို ဘုရားသခင် ကျေးဇူးပြု၍ ကျွန်မအား ယုံကြည်ခြင်းနဲ့ အင်အားကို ပေးသနားတော်မူပါ။ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းမရှိဖို့အတွက် ဖြစ်စေပြီး ဒီအခြေအနေကို ရင်ဆိုင်နိုင်စေရန် ပြုလုပ်တော်မူပါ။” ဆုတောင်းပြီးနောက်တွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို တွေးတောမိသည်။ “မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” ဟုတ်သည်။ ကျွန်မ၏ ဒိုင်းအဖြစ် ဘုရားသခင်ရှိနေသည့်အခါ မည်ကဲ့သို့သောအရာကို ကြောက်နေရမည်နည်း။ ဘုရားသခင်သည် ဤအခြေအနေတွင် ကျွန်မအား သေချာပေါက် လမ်းညွှန်ပြသလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ထို့နောက်တွင် ကျွန်မ၏ စိတ်နှလုံးသည် ပိုပြီးငြိမ်းအေး သက်သာလာမှုကို ခံစားရသည်။

ကျွန်မအမျိုးသား၏ အစ်ကိုဝမ်းကွဲသည် ခပ်ကြမ်းကြမ်းအသံဖြင့် ပြောလိုက်သည်။ “သခင်က ပြန်ကြွလာခဲ့ပြီး လူ့ဇာတိခံယူခဲ့ပြီလို့ နင်ပြောတယ်နော်။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သမ္မာကျမ်းစာမှာ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။(ဗျာဒိတ်ကျမ်း ၁:၇) လို့ မှတ်တမ်းတင်ထားတယ်။ သခင်က တိမ်ပေါ်ကနေ ပြန်ကြွလာပြီး လူ့ဇာတိခံယူထားမှာမဟုတ်ဘူးဆိုတာ မေးခွန်းထုတ်စရာကိုမလိုတာ။”

ကျွန်မ အမျိုးသား၏ အစ်ကိုဝမ်းကွဲ၏ လေသံကို ကြားရသည့်အခါ ထိုအချိန်တွင် ကျွန်မသည် မည်သို့ တုံ့ပြန်ရမည်ကို မသိခဲ့ပေ။ သို့သော် ကျွန်မသည် အရင်တစ်ခေါက်ကဲ့သို့ ကြောက်လန့်သွားခြင်းမဖြစ်ပေ။ ဤသို့မဖြစ်ဘဲ ကျွန်မသည် ဘုရားသခင်ရှေ့တွင် တိတ်ဆိတ်လျှက်ရှိပြီး ကျွန်မ၏ စိတ်နှလုံးတွင် ဆုတောင်းပြီး ရှာဖွေခဲ့သည်။ ရုတ်တရက် အစည်းအဝေးတစ်ခုတွင် ညီအစ်ကိုမောင်နှမတို့သည် ကျွန်မနှင့် မိတ်သဟာယပြုခဲ့သည့် သမ္မာတရား၏ အချက်အလက်တစ်ခုကို စဉ်းစားမိခဲ့သည်။

စိတ်တည်ငြိမ်ပြီး အာရုံစုစည်းပြီးသည့်အခါတွင် ကျွန်မအမျိုးသား၏ အစ်ကိုဝမ်းကွဲကို ပြောလိုက်သည်။ “သခင်က တိမ်ပေါ်ကနေ ဆင်းသက်လာမယ်ဆိုတဲ့ ပရောဖက်ပြုချက်တစ်ခုထဲအရ သခင်ပြန်ကြွလာခြင်းကို ကျွန်မတို့ စောင့်လို့မဖြစ်ပါဘူး။ ဗျာဒိတ်ကျမ်း ၁၆: ၁၆ မှာ ‘ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။’ လို့ ပြောထားတယ်။ ဒီကျမ်းပိုဒ်မှာ သခင်က သူခိုးအဖြစ်လာမယ်လို့ပြောထားတာကြောင့် ဒါက သခင်ဟာ လျှို့ဝှက်တဲ့ပုံစံနဲ့လာပြီး ဘယ်သူမှသိမှာမဟုတ်ဘူးဆိုပြီး ရည်ညွှန်းတာဖြစ်ပါတယ်။ ရှင်လုကာခရစ်ဝင် ကျမ်းမှာ ၁၇:၂၄-၂၅ မှာ ‘ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ လို့ ပြောထားပါတယ်။ ဒါကို ကြည့်ရင် သူ့ကို လူသားဆိုပြီး ခေါ်ဆိုတယ်။ ဒါက လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ဆိုလိုတာပါ။ သူက ဝိညာဉ်ခန္ဓာနဲ့ဆိုရင် သူ့ကို လူသားလို့ မခေါ်နိုင်ဘူး။ ဒီကျမ်းပိုဒ်မှာ ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ လို့လည်း ပြောထားတယ်။ ဘုရားသခင်က သူ့ရဲ့ဝိညာဉ်ခန္ဓာနဲ့ ပေါ်ထွန်းခဲ့ရင် သူဟာ ဒုက္ခခံစားရမှာမဟုတ်ဘူး။ ဒီမျိုးဆက်ရဲ့ ငြင်းပယ်ခြင်းကိုလည်း ခံရမှာမဟုတ်ဘူးဆိုတာ ပြောစရာမလိုပါဘူး။”

ကျွန်မအမျိုးသား၏ အစ်ကိုတစ်ဝမ်းကွဲသည် ကျွန်မအား ကြားဖြတ်ပြီး သူ့လက်ဖြင့် စားပွဲကို ရိုက်လျှက် “ဒီနေရာမှာ ‘ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်’ ဆိုတာက သခင်ယေရှုရဲ့ခေတ်ကို ရည်ညွှန်းတယ်လို့ထင်တယ်” ဟု ပြောသည်။

ကျွန်မ ဆက်ပြောသည်။ “သခင်ယေရှု လာခဲ့တုန်းက ဆင်းရဲဒုက္ခများစွာ ကြုံခဲ့ရပြီး အဲဒီအချိန်တုန်းက မျိုးဆက်ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတယ်။ ဒီမှာက သခင်ပြန်ကြွလာတဲ့အချိန်မှာ သူဟာ လူ့ဇာတိခံယူပြီး ဒီမျိုးဆက်ရဲ့ ငြင်းပယ်ခြင်းကို ခံရမယ်လို့ ဆိုလိုတာပါ။ စဉ်းစားကြည့်ပါ။ ဘုရားသခင်က လူတွေအားလုံးရှေ့မှာ တိမ်တွေပေါ်ကနေ ပေါ်ထွန်းခဲ့ရင် ဒါဟာ တော်တော်ကို စွမ်းအားကြီးမှာဖြစ်ပြီး ကမ္ဘာကို တုန်လှုပ်သွားစေမှာပဲ။ လူတိုင်းက မြေပေါ်ဝပ်ပြီး ဘယ်သူကမှ ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ ဒီလိုဆိုရင် ပြန်လည်ကြွလာတဲ့ သခင်ယေရှုက ဆင်းရဲဒုက္ခတွေအများကြီးခံစားပြီး ဒီမျိုးဆက်ရဲ့ငြင်းပယ်ခြင်းကို ခံရဦးပါ့မလား။ ကျွန်မက သမ္မာတရားကို နည်းနည်းပါးပါး နားလည်ပါတယ်။ ဒီတော့ ငါ နင့်ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုပြရင် အကောင်းဆုံးဖြစ်လိမ့်မယ်။”

ကျွန်မအမျိုးသား၏ အစ်ကိုဝမ်းကွဲသည် “အပင်ပန်းခံမနေနဲ့။ နင် ဘာပြောပြော ငါတို့က လက်ခံမှာမဟုတ်ဘူး။ ငါတို့က သခင်ယေရှု တိမ်ပေါ်ကနေကြွလာပြီး ငါတို့ကို ယူဆောင်တာကိုပဲ စောင့်မယ်။ ငါနင့်ကို လမ်းကြောင်းကို အမြန်ပြောင်းဖို့ အကြံပေးနေတယ်နော်။” ဟု အော်လေသည်။ ကျွန်မ အစ်မနှင့် သူ၏အမျိုးသားတို့သည်လည်း ဝင်ရောက်ပြောဆိုကြသည်။ ထို့နောက်တွင် သူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်အား ကျွန်မ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ ဆက်လက် တိုက်တွန်းကြပြီး ကျွန်မ သဘောထားပြောင်းလဲမည်မဟုတ်သည်ကို မြင်သည့်အခါ သူတို့သည် ဆုတောင်းပြီး ပြန်သွားခဲ့ကြသည်။

အခက်အခဲများ၊ စမ်းသပ်မှုများပြီးနောက်တွင် ဘုရားသခင်၏ လုပ်ဆောင်မှုအား ကျွန်မ တွေ့မြင်ခဲ့ရသည်

ကျွန်မ၏ အစ်မသည် မပြန်ခင်လေးတွင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မ ယုံကြည်ခြင်းအကြောင်းကို ကျွန်မတို့၏ မိဘများကို ပြောမည်ဟု ပြောသွားခဲ့ပြီး ကျွန်မသည် စိတ်မပူဘဲ မနေနိုင်ဖြစ်ခဲ့ရသည်။ တရုတ်ပြည်မကြီးတွင် တရုတ်ကွန်မြူနစ်ပါတီသည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်နှင့်ပတ်သက်ပြီး ကောလဟာလများစွာကို ဖန်တီးပြုလုပ်သည်။ ကျွန်မ၏ မိဘများသည် ကျွန်မ ဘုရားသခင်ကို ယုံကြည်မှုအား တားဆီးဖို့အတွက် အလျင်အမြန် ရောက်လာမည်လား။ ကျွန်မ၏ မိဘများကို ကျွန်မ အလွန်ချစ်သည်။ ထို့ကြောင့် သူတို့ရောက်လာလျှင် သူတို့ကို မည်သို့ရင်ဆိုင်ရမည်ကို ကျွန်မ တကယ်ကို မသိပါ။ ကျွန်မသည် ပိုပို၍ အားလျှော့လာသလို ခံစားရပြီး တော်တော်ကိုစိတ်ပူပင်လာခဲ့သည်။ နာကျင်လျှက် ကျွန်မသည် ဆုတောင်းရန်အတွက် ဘုရားသခင်ရှေ့သို့ ရောက်လာခဲ့သည်။ “အို ဘုရားသခင် ကျွန်မဟာ အခုအချိန်မှာ အလွန်ပဲ အားလျော့သလိုခံစားရပြီး အလွန် ကြောက်နေပါတယ်။ ခိုင်မာစွာရပ်တည်နိုင်ရန်အတွက် ကျွန်မအား ကူညီပြီး ကိုယ်တော်အား အမှီပြုခွင့်ပေးဖို့ ကျွန်မ တောင်းဆိုပါသည်။ အာမင်။” ဆုတောင်းပြီးနောက်တွင် ဤသို့ပြောသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကျွန်မ စဉ်းစားမိသည်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့် ရင်ဆိုင် လာရသည့်အခါတွင် သင်သည် ကိုယ်ကျင့်တရားများ ရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။ အခြားသူတို့ရှေ့တွင် ပုံစံတစ်မျိုး ဖြစ်ဖို့ မကြိုးပမ်းနှင့်။ ငါ့ကို ကျေနပ်စေခြင်းသည် သာ၍တန်ဖိုးရှိပြီး အလေးသာသည် မဟုတ်လော။” ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ကျွန်မအား လမ်းပြခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှုပြန်လည်ကြွလာခြင်းဖြစ်သည်ကို ကျွန်မ သေချာပြီးဖြစ်သည့်အတွက် ဤလမ်းကို ကျွန်မ စွဲကိုင်သင့်ပြီး ဘုရားသခင်အပေါ် သစ္စာရှိသင့်သည်။ ကျွန်မ၏ မိဘများက ကျွန်မအား ဆန့်ကျင်လာသည့်တိုင်အောင် ဘုရားသခင်အား ကျွန်မ သစ္စာမဖောက်သင့်ပေ။ ဤအရာများကိုစဉ်းစားသည့်အခါတွင် ကျွန်မ၏ စိတ်နှလုံးသည် အလွန်ပင် လွတ်မြောက်သွားသကဲ့သို့ ခံစားရသည်။

နှစ်ရက်ကြာပြီးနောက်တွင် ကျွန်မအမျိုးသား၏ အစ်ကိုတစ်ဝမ်းကွဲနှင့် အဒေါ်တို့ နောက်တဖန် ရောက်လာသည်။ ကျွန်မအမျိုးသား၏ အဒေါ်သည်လည်း သီအိုလိုဂျီကျောင်းသူတစ်ယောက်ဖြစ်ပြီး အသင်းတော်များတွင် လှည့်ပတ်ပြီး တရားဟောနေသော်လည်း ဤအခေါက်တွင် သူတို့ကိုရင်ဆိုင်ရခြင်းတွင် ကျွန်မသည် မည်သည့်ကြောက်ရွံ့မှုမျှ မရှိပေ။ ဤအချက်နှင့် ဆန့်ကျင်လျှက် ကျွန်မသည် ယုံကြည်ခြင်း၊ ပျော်ရွှင်ခြင်းတို့နှင့် ပြည့်နေသလို ခံစားရသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်တွင် ကျွန်မ၏ အတွေ့အကြုံတို့သည် သမ္မာတရားသည် လွဲမှားသည့်အယူအားလုံးကို ကျော်လွှားနိုင်ပြီး ဘုရားသခင်အား ကျွန်မ အမှီပြုသရွေ့ ဤလူများအား သမ္မာတရားနှင့် ပြန်လည်ချေပဖို့အတွက် ဘုရားသခင်က ကျွန်မကို လမ်းညွှန်ပြသပြီး ဦးဆောင်လိမ့်မည်ဆိုသည်တို့ကို ကျွန်မအား အမှန်တကယ် သိမြင်စေခဲ့သည်။ သူတို့ အလွန်ပင် စိတ်ဓာတ်ကျဆင်းနေလိမ့်မည်ဆိုသည်ကို ကျွန် မျှော်လင့်မထားမိခဲ့ပေ။ ပြီးလျှင် သူတို့သည် ကျွန်မအား ခံစားချက်မဲ့စွာ ကြည့်ရှုပြီး ထိုင်ခုံများပေါ်တွင် ထိုင်လျှက် ပြောသည်။ “ဘာကြောင့်လဲမသိဘူး။ ဒီကိစ္စနဲ့ပတ်သက်ရင် ငါတို့ အကူအညီမဲ့သလို အမြဲတမ်း ခံစားရတယ်။ ဘာပြောရမယ်ဆိုတာ တကယ်ကို မသိတော့ဘူး။” ဤသို့ကြားပြီးနောက် ကျွန်မသည် စိတ်နှလုံးထဲ၌ ဘုရားသခင်အား တိတ်တဆိတ် ကျေးဇူးတင်မိခဲ့သည်။ ကျွန်မ၏ ယုံကြည်ခြင်းသည် ဤစမ်းသပ်မှုအား ကြုံရမည်ကို ကျွန်မ သိရှိသည့်အခါတွင် စာတန်သည် အကျပ်ရိုက်သွားခဲ့သည်။ ဤလူများသည် အမှန်တကယ်ပင် ဘာမှမပြောနိုင်သောကြောင့် ပြန်သွားခဲ့ကြသည်။ ထို့နောက်တွင် သူတို့သည် မိသားစုထဲမှ အခြားလူများမှ ကျွန်မဆီသို့ တစ်ယောက်ပြီးတစ်ယောက်လာ၍ နှောင့်ယှက်ကြစေရန် စည်းရုံးကြသည်။ သို့သော်လည်း ကျွန်မသည် နည်းနည်းမှ စိတ်သဘောထားမပြောင်းလဲပေ။

ကျွန်မသည် ဤစမ်းသပ်မှုမှတဆင့် ခွဲခြားသိမြင်နိုင်မှု မြှင့်တက်လာခဲ့သည်

တစ်နေ့တွင် ကျွန်မသည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကို တွေ့ရသည်။ “များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ‘အတည်ပြုရန်’ ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီးပြီး ငြင်းပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူကလေးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိပညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ ‘ပညာရေးလောက’ ကို ခွရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။” ကျွန်မ မိသားစု၏ ထပ်ခါထပ်ခါနှောင့်ယှက်မှု၊ ဘုရားသခင်၏ ဖွင့်ပြမှုတို့မှ တဆင့် ဤသီအိုလိုဂျီကျောင်းသားများ၊ တရားဟောဆရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဖွင့်ပြထားသကဲ့သို့ စိတ်ကြီးဝင်ပြီး မေ့လျော့သောသူများ၊ သန့်ရှင်းသောဝိညာ်တော်၏ လုပ်ဆောင်မှုကို အလေးမထားသောသူများဖြစ်သည်ကို ကျွန်မ ရှင်းလင်းစွာ တွေ့မြင်ခဲ့ရသည်။ သူတို့သည် ဘုရားသခင်အား ကြောက်ရွံ့သောနှလုံးသားမရှိဘဲ သူတို့ပိုင်ဆိုင်သည့် သေးငယ်လှသည့် သမ္မာကျမ်းဆိုင်ရာ အသိပညာဖြင့် ဘုရားသခင်၏ အမှုတော်အသစ်ကို တိုင်းတာခြင်းသာပြုကြပြီး ဘုရားသခင်၏ အမှုတော်ကို ရှုတ်ချကြသည်။ သူတို့နှင့် ဘုန်းတော်ကြီးများ၊ ကျမ်းပြုဆရာများ၊ ဖာရိရှဲများနှင့် မည်သို့ကွာခြားမှုရှိပါသနည်း။ ထိုအစောပိုင်းခေတ်ကာလများတွင် ဘုန်းတော်ကြီးများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့သည် ဓမ္မဟောင်းကျမ်းကို ကောင်းစွာပိုင်နိုင်ကြသော်လည်း သခင်က သူ၏အမှုတော်ကို လုပ်ဆောင်ရန် ကြွရောက်လာသည့်အခါတွင် သူတို့သည် သမ္မာကျမ်းစာ၏ တိုက်ရိုက်အဓိပ္ပါယ်အတိုင်းလုပ်ဆောင်ပြီး ဘုရားသခင်၏ အမှုတော်ကို ရှုတ်ချကြသည်။ ထို့အပြင် အဆုံးတွင် သူတို့သည် သခင်ယေရှုအား လက်ဝါးကပ်တိုင်တွင် သံနှင့်ရိုက်ခဲ့ကြသည်။ ကျွန်မ၏ မိသားစုသည် အတူတူပင်ဖြစ်သည်။ သူတို့သည် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ရသည့်အခါတွင် သမ္မာကျမ်းစာကို ရှာဖွေရန် မည်သို့မျှ ဆန္ဒမရှိကြပါ။ ဤသို့မဖြစ်ဘဲ သမ္မာကျမ်းစာရှိ တိုက်ရိုက်အဓိပ္ပါယ်များသို့ မျက်စိစုံမှိတ် ကိုင်စွဲထားကြပြီး ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ပြီး ရှုတ်ချကြသည်။ သူတို့သည် အလွန်ပင် စိတ်ကြီးဝင်ပြီး ဘဝင်မြင့်ကြသည်။ ဤအခြေအနေတွင် ကျွန်မအား ခွဲခြားသိမြင်နိုင်မှုကို ဖြစ်ပေါ်စေသည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်သည်။ ထို့အပြင် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်ပြီး ကျွန်မ အနည်းငယ်နားလည်လာခဲ့သည်။

ကျွန်မအား လူ့သသဘာဝ၏ အကန့်အသတ်မဲ့ ပင်လယ်ထဲမှ ရွေးနုတ်ပြီး ကိုယ်တော့်ဆီကို ပြန်လည် ခေါ်ဆောင်ပေးသည့်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ ဤစမ်းသပ်မှုတွင် အားနည်းခြင်း၊ အဖျက်သဘောဆောင်ခြင်းတို့ကို တွေ့ကြုံရသော်လည်း ဘုရားသခင်သည် ကျွန်မနှင့် အစဉ် အတူရှိနေပြီး ကျွန်မအား ထောက်ပံ့ရန်၊ ပံ့ပိုးရန်၊ လမ်းပြရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြုသောကြောင့် ကျွန်မအား ခိုင်မာစွာရပ်တည်နိုင်စေခဲ့ပါသည်။ ကျွန်မသည် အထီးကျန်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းတို့ မဖြစ်တော့ပါ။ ဘုရားသခင်သည် နိုင်ငံတော်သို့သွားရာလမ်းတွင် ကျွန်မ၏ဘေးတွင် အမြဲတမ်းရှိနေသည်ကို ကျွန်မ သိသောကြောင့်ဖြစ်သည်။ ကျွန်မသည် ဘုရားသခင်အားအမှီပြုပြီး ရှေ့သိုရဲရင့်စွာ လျှောက်လှမ်းသရွေ့ ကျွန်မသည် အတားအဆီးအားလုံးအား ပပျောက်စေပြီး ဘုရားသခင်၏နောက်တော်သို့ အဆုံးထိ လျှောက်လှမ်းနိုင်ပါသည်။

အမှာစကား ချန်ခဲ့မည်