စာရင်း

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်မအား စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်နိုင်ရန် လမ်းပြတော်မူခဲ့သည်

ကျွန်မသည် ကျွန်မညီမဖွင့်ထားသည့် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင် ခဲ့သည်။ ကျွန်မသည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးနောက် ကျွန်မ၏ ညီမငယ်နှင့် ကျန်သည့် ကျွန်မ၏ မိသားစု ဝင်များသည် အလွန်ထောက်ပံ့ခဲ့ကြသည်။ ဘုရားသခင်ကို စတင် ယုံကြည် ပြီးနောက် စာတန်သည် ကျွန်မတို့ ဘုရားသခင်ထံသို့ ပြောင်းလဲ ကြသည်ကို ခွင့်ပြုရန် မကျေနပ်မရောင့်ရဲနိုင်သောကြောင့် ကျွန်မတို့ ဘုရားသခင် နောက်ကို လိုက်လျှောက်ခြင်းအား တားဆီးရန် ကျွန်မတို့အား လှည့်စားမည့် နည်းလမ်းများကို တွေးတောသည်ဟု အစည်းအဝေးများတွင် ကျွန်မ၏ ညီအစ်ကိုမောင်နှမများက မကြာခဏ မိတ်သဟာယပြုသည်ကို ကြားခဲ့ရ ပါသည်။ အစတွင် ကျွန်မသည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို လုံးဝ သတိပြုမိခြင်းမရှိသော်လည်း၊ ဘုရားသခင်ကို ယုံကြည်စွာဖြင့် စတင် လိုက်လျှောက်သည့် အချိန်တွင် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများ ကျွန်မထံသို့ ရောက်ရှိလာခဲ့ပါသည်...

ကောလာဟလများသည် စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခြင်း

ထိုနေ့တွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှု နေချိန်တွင် ကျွန်မ ညီမသည် ကျွန်မကို စကားပြောရန် လာလေသည်။ ကျွန်မဆီသို့ လျှောက်လာရင်းဖြင့် သူမ၏ ပုံမှန်ပြုံးနေသည့် ပျော်ရွှင်သော မျက်နှာလေးသည် ဒေါသအမျက်ချောင်းချောင်း ထွက်နေသည်ကို ကျွန်မ သတိပြုမိခဲ့သည်။ သူမက တည်ကြည်စွာဖြင့် “ဘုရားသခင်ကို ယုံကြည် တာရပ်ပါ။ အစ်မယုံကြည်တဲ့ ဘုရားသခင်ကို အစိုးရက တားမြစ်ထားတယ်။ သူတို့က အစ်မကို ဖမ်းလိမ့်မယ်” ဟု ပြောခဲ့သည်။ တရုတ်ကွန်မြူနစ်အစိုးရ သည် လူများက ဘုရားသခင်ကို ယုံကြည်ခြင်းအား ဆန့်ကျင်တိုက်ခိုက်သည့် ဘုရားမဲ့သောနိုင်ငံရေး ပါတီတစ်ခုဖြစ်ပြီး၊ ၎င်းသည် ခရစ်ယာန်များကို အမြဲတမ်း ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ခဲ့သည်။ ထိုသည်မှာ ကျွန်မအတွက် အသစ်အဆန်း မဟုတ်ပါ။ ကျွန်မကို အံ့အားသင့်စေသည့် အရာမှာ ကျွန်မ ညီမသည် အစပိုင်းက ကျွန်မ၏ ဘုရားသခင်ကို ယုံကြည်ခြင်းကို ပံ့ပိုးခဲ့ခြင်း ဖြစ်သည်။ သူမက ဘာဖြစ်လို့ဒါကို ရုတ်တရက်ကြီး ပြောလာခဲ့လဲ။ ကျွန်မက သူမကို အကြောင်းအရင်း မေးခဲ့သည်။ သူမက လေးနက်သည့်လေသံဖြင့် ကျွန်မကို “မေလ ၂၈ ရက်နေ့က ဇာအိုရွမ်း အမှုဟာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ ဆက်စပ်နေတယ်လို့ ညီမ အွန်လိုင်းမှာ ဖတ်ရ တယ်။ ဒါ့ကြောင့် အစ်မ လုံးဝ ထပ်ပြီး မယုံတော့ဖို့ အကြံပေးတာ” သူမ၏ စကားများက ကျွန်မကို ဘာပြောရမှန်းမသိဖြစ်ကျန်စေခဲ့သည်။ ထိုအမှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နှင့် မည်သို့ပတ်သက်နိုင် မည် နည်း။ သူမမှားပြီးပြောခြင်းများ ဖြစ်နိုင်မလား။ ကျွန်မက လျင်မြန်စွာဖြင့် “အဲဒါက မဖြစ်နိုင်ဘူး။ ဘုရားသခင်ကို ယုံကြည်သူတွေက အမြဲတမ်း ကြင်နာပြီး အကျင့်သိက္ခာဖြောင့်မတ်တဲ့ သူတွေပါ။ သူတို့က ဒီလိုဟာမျိုး ဘယ်လိုလုပ်နိုင်မှာလဲ” ဟု ပြန်ဖြေခဲ့သည်။ ကျွန်မညီမက ကျွန်မကို တစ်ချက်လှမ်းကြည့်ပြီးနောက် “ညီမကို မယုံပါနဲ့။ ရုပ်မြင်သံကြားပဲ ကြည့် လိုက်၊ ပြီးတော့ အစ်မသိလိမ့်မယ်” ဟုပြောလိုက်သည်။ သူမပြောပြီး သည့် အချိန်၊ ထွက်သွားလေသည်။

ထိုညတွင် ကျွန်မသည် ရုပ်မြင်သံကြားဖွင့်ပြီး သတင်းကြည့်ပြီးနောက်တွင် စိတ်ရှုပ်ထွေးခဲ့ရသည်။ ဤသို့ကိစ္စမျိုး မည်သို့ဖြစ်ရသနည်း။ ကျွန်မသည် ထိုကိစ္စကို ကျွန်မစိတ်ထဲတွင် အကြိမ်ကြိမ်အဖန်ဖန် တွေးတောသော်လည်း မိမိကိုယ်ကို တည်ငြိမ်အောင် လုပ်နိုင်ခြင်းမရှိသောကြောင့် ဘုရားသခင် မျက်မှောက်တော်သို့ လာရောက်ကာ “ဘုရားသခင်၊ ဒီနေ့ ကျွန်မ မေလ ၂၈ ရက်နေ့ ဇာအိုယွမ်အမှုအကြောင်း သတင်းကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ ကျွန်မ အဲဒီကိစ္စကို နားမလည်ပေမဲ့လည်း ကျွန်မစကားတွေနဲ့ အပြစ်မလုပ် ချင်လို့ ဒီကိစ္စရဲ့သမ္မာတရားကို နားလည်သဘောပေါက်အောင် အလင်းပေး ခြင်းနဲ့ လမ်းပြခြင်းတို့ ပေးဖို့တောင်းလျှောက်ပါတယ်” ဟု ဆုတောင်းခဲ့ ပါသည်။ ကျွန်မ ဆုတောင်းပြီးနောက် ပိုမိုတည်ငြိမ်လာသည်ကို ခံစားခဲ့ရ သည်။ ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများနှင့် ကျွန်မ၏ ဆက်သွယ်မှုများအားလုံး မည်သို့ရှိသည်ကို တွေးမိသည်။ သူတို့ ကျွန်မနှင့် မိတ်သဟာယပြုခဲ့ကြသည်မှာ ဘုရားသခင် ၏ နှုတ်ကပတ်တော်များဖြစ်သည့်အပြင် မည်သို့ရိုးသားသည့်လူ တစ်ယောက် ဖြစ်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားရင်းဖြင့် သူတို့ရရှိသည့် နားလည်သဘောပေါက်မှု တို့သာ ဖြစ်ပါသည်။ သူတို့ အားလုံးသည် အကျင့်သိက္ခာဖြောင့်မတ်သော၊ ကြင်နာသော၊ ငြိမ်းချမ်းသော လူများဖြစ်ပြီး ရုပ်မြင်သံကြားတွင် ဖော်ပြထားသည့် လူများနှင့် လုံးဝ မတူပါ။ သတင်းများသည် ကျွန်မတွေ့မြင်ရသကဲ့သို့ အဘယ့်ကြောင့် သတင်းပို့ရသည်ကို ကျွန်မမှာ နားမလည်နိုင်သည့်အပြင်၊ မည်သည့် အရာများဖြစ်နေသည်ကိုလည်း ကျွန်မ မသိတော့ပါ။

သမ္မာတရားသည် ကျွန်မ၏ သံသယများကို ဖြေလျော့ပေးသည်

နောက်တစ်နေ့ အစည်းအဝေးတွင် ကျွန်မ၏ စိတ်ရှုပ်ထွေးမှုအကြောင်း ပြောပြပြီး၊ ထို့နောက် ညီမတစ်ယောက်က “အစ်မလျူ ကောလာဟလတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အဲဒါတွေကို ဆင်ကန်းတောတိုး ယုံကြည်တာထက် သမ္မာတရားကို ရှာဖွေတဲ့ စိတ်နေသဘောထားတစ်ခုနဲ့ ချဉ်းကပ်နိုင်တာက အရမ်းကို ချီးကျူးထိုက်ပါတယ်။ အရေးကိစ္စတွေရဲ့နောက်က သမ္မာတရားကို ကျွန်မတို့ နားမလည်ရင်၊ ကျွန်မတို့အတွက် တရုတ်ကွန်မြူနစ်အစိုးရရဲ့ ကောလာဟလတွေရဲ့ လှည့်စားခြင်းခံရဖို့ လွယ်တာကြောင့် စာတန်ရဲ့ အကြံအစည်တွေထဲကို ကျရောက်ပြီး နောက်ဆုံးသောကာလက ဘုရားသခင် ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရတာပေါ့။ ပထမအနေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော် က ဧဝံဂေလိတရားတော်ကို ဟောကြားတဲ့ပုံစံ အခြေခံမူတွေကို မိတ်သဟာယပြုကြ ရအောင်” ဟု ကျွန်မကို ပြောပါ သည်။ ထို့နောက်တွင် ထိုညီမက ကျွန်မကို ဒေသနာများ၏ ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြသည်၊ “ပထမအနေနဲ့ ဘုရားသခင်တစ်ပါး ရှိကြောင်း အမှန်တကယ် ယုံကြည်ပြီး သူတို့ရဲ့ နှလုံးသားတွေနဲ့ စစ်မှန်တဲ့ လမ်းခရီးကို ရှာဖွေလိုတဲ့ လူ့သဘာဝကောင်း ရှိတဲ့လူတွေကိုသာ တရားဟောပါ။ ဒုတိယအနေနဲ့ လူတစ်ယောက်ရဲ့ အလုပ်အကိုင်အမျိုးအစား၊ သူတို့ရဲ့ ပညာရေးအဆင့် ဒါမှမဟုတ် သူတို့ရဲ့ လိင် နဲ့ အသက်အရွယ်တို့ကို ပမာမထားဘဲ သူတို့မှာ လူ့သဘာဝကောင်း ရှိပြီး၊ သမ္မာတရားကို လက်ခံနိုင်သမျှ ကာလပတ်လုံး သူတို့ကို တရားဟောကြားနိုင်တယ်။...အစွန်းရောက်အောင်လူ့သဘာဝ ဆိုးတဲ့လူတွေ ကို ဘယ်တော့မှ တရားမဟောပါနဲ့။ သူတို့ဟာ ညံ့ဖျင်း တဲ့ဂုဏ်သတင်း ရှိပြီး၊ ဆိုးတဲ့ အရာအားလုံးကို လုပ်ဆောင်နိုင်တယ် ဒါမှမဟုတ် ဆိုးယုတ်တဲ့ လူတွေဖြစ်တယ်လို့ ဆင်ခြင်သုံးသပ်ခံရတဲ့ သူတွေဖြစ်တယ်” ဟု ဖြစ်သည်။

ဖတ်ပြီးနောက်တွင် သူမက “အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က လူ့သဘာဝကောင်းရှိပြီး၊ ဘုရားသခင်တစ်ပါးရှိတာကို အမှန်တကယ် ယုံကြည်သူတွေ၊ သူတို့နှလုံးသားထဲမှ စစ်မှန်တဲ့ လမ်းခရီးကို လိုလို လားလား ရှာဖွေလိုသူတွေ နဲ့ သမ္မာတရားကို လက်ခံနိုင်သူတွေကိုသာ ဧဝံဂေလိတရားတော် ဟောကြားပြီး၊ လူ့သဘာဝဆိုးရှိတဲ့သူတွေ ဒါမှမဟုတ် မကောင်းတဲ့အကျင့်ကျင့်သူတွေကို ဘယ်တော့မှ တရားမဟောပါဘူး။ ဇာအိုယွမ်အမှုထဲက ဒုစရိုက်ကျူးလွန်တဲ့လူ့သဘာဝရှိတဲ့ လူသတ်သမား တွေလိုလူတွေက မကောင်းတဲ့အကျင့်ကိုကျင့်သူတွေ ဖြစ်ပြီး ကျွန်မတို့ ဘယ်တော့မှ တရားမဟောမဲ့ လူတွေသာ ဖြစ်ပါတယ်။အသင်းတော်က သူတို့ကို ဘယ်တော့မှ လက်ခံမှာ မှာမဟုတ်တဲ့အပြင်၊ သူတို့က အနန္တ တန်ခိုးရှင်ဘုရားသခင်ရဲ့ အသင်းသားတွေ ဘယ်နည်းနဲ့မှ မဟုတ်ပါဘူး။ ပြီးတော့ “နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်” ထဲမှာလည်း အနန္တတန်ခိုးရှင်ဘုရားသခင်က ရှင်းရှင်း လင်းလင်း စည်းကမ်းချက်အဖြစ် သတ်မှတ်ထားတာက “(သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအမများ သို့မဟုတ် မိဘများ စသည်ဖြင့်) ယုံကြည်ခြင်း မရှိသည့် ဆွေမျိုးသားချင်းများကို အသင်းတော်ထဲသို့ အတင်းအကျပ် မသွင်းသင့်ပေ။ ဘုရားသခင်၏အိမ်ထောင်စုသည် အသင်းသားများ နည်းပါးနေခြင်း မရှိသကဲ့သို့၊ အသုံးမဝင်သည့် လူများဖြင့် ယင်း၏ အရေအတွက်ကို ဖန်တီးဖို့မလိုအပ်ပေ။ မယုံကြည်သောသူအားလုံးကို အသင်းတော်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းကို ရည်ရွယ်ပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့သည် အချင်းချင်း စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်သင့်သည်။ မည်သူတစ်ဦးမျှ ယင်းကို ချိုးဖောက်ခွင့်မရှိ။...မကောင်းဆိုးဝါးများ၏ ကျူးကျော်ဝင်ရောက်မှုကြောင့်၊ အသင်းတော်အပေါ် ဒုက္ခကျရောက်သည်ရှိသော်၊ သင်ကိုယ်တိုင်သည် ထုတ်ပယ်ခြင်း ခံရလိမ့်မည် သို့မဟုတ် သင့်အပေါ် ကန့်သတ်ချက်များ ထားရှိခံရလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤကိစ္စရပ်၌ အယောက်တိုင်းတွင် တာဝန်ရှိသည်၊ သို့သော် သင်သည် မဆင်မခြင် မပြုသင့်သကဲ့သို့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို ပြန်ချေပခြင်းများအတွက်လည်း ယင်းကို အသုံးမပြုသင့်ပေ။” ဆိုပြီးတော့ ဖြစ်တယ်။ ဘုရားသခင်က လူ့သဘာဝကောင်းရှိတဲ့သူတွေ၊ ဘုရားသခင်နဲ့ သမ္မာတရားကို ရိုးသားစွာ ချစ်တဲ့သူတွေ ကိုကယ်တင်ပြီးတော့၊ ဝမ်းမြောက် ဝမ်းသာနဲ့ ယုံကြည်ခြင်း မရှိတဲ့သူတွေ အားလုံးဆိုရင် ဆွေမျိုးတွေတောင်မှ အသင်းတော်ကို ဦးဆောင်ခေါ်ယူခြင်း မရှိပါဘူးဆိုပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ရှင်းရှင်းလင်းလင်း ပြောပြထားပါတယ်။ ဒါကတော့ ခရစ်ယာန်တိုင်း နာခံရမယ့် အခြေခံမူတစ်ခုဖြစ်ပြီး၊ နိုင်ငံတော်ခေတ်ရဲ့ စီမံအုပ်ချုပ်ရေး ဆိုင်ရာ အမိန့်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအမိန့်ကို ချိုးဖောက်ပြီး အသင်းတော်ထဲကို မကောင်းတဲ့အကျင့်ကျင့်တဲ့သူတွေ ခေါ်ဆောင်လာတဲ့သူ ဘယ်သူမဆို သူတို့ပါ အသင်းတော်ကနေ မောင်းထုတ် တာကို ခံရမှာပဲဖြစ်တယ်။ ဒီထက်ပိုပြီးပြောရရင် အသင်းတော်က ဘယ်သူ့ ကိုမှ ဧဝံဂေလိတရား တော်ကို လက်ခံဖို့ ဘယ်တော့မှ အတင်းအကျပ်ခိုင်းမှာ မဟုတ်တဲ့အပြင်၊ ဇာအိုယွမ်းအမှုမှာ ဖြစ်တယ်လို့ ပြောသွားသလိုမျိုး လူတွေက ယုံကြည်ဖို့ငြင်းဆန်လို့ လူတစ်ယောက်ကို သေတဲ့အထိ ရိုက်သတ်တယ် ဆိုတာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ဒါက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အသရေပျက်အောင် နဲ့ ထိခိုက်နစ်နာအောင် တရုတ်ကွန်မြူနစ်အစိုးရက လုပ်ကြံတင်ပြတဲ့ ကောလာဟလတစ်ခု ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ဒါက အမှန်တရားကို မသိတဲ့ လူတွေကို လှည့်စားဖို့ ကြိုးစားမှုတစ်ခုသာ ဖြစ်ပြီး ကျွန်မတို့က ဘုရားသခင်ကို သံသယဝင်အောင်၊ သစ္စာဖောက်အောင် ပြီးတော့ ခုခံအောင်၊ သူ့ထိန်းချုပ်မှုအောက်မှ အသက်ရှင်နေထိုင်အောင်၊ အဲဒီအပြင် နောက်ဆုံး မှာ သူနဲ့အတူ ဘုရားသခင်ရဲ့ ဖျက်ဆီးခြင်း ခံရအောင် လုပ်နေတာလေ။ တရုတ်ကွန်မြူနစ်အစိုးရရဲ့ ရည်ရွယ်ချက်က တကယ့်ကို ယုတ်မာတာပဲ။ သူက ဘုရားသခင်ကို ကြမ်းကြမ်းတမ်းတမ်း ခုခံပြီးတော့ သူ့ကိုယ်သူ ဘုရားသခင်ရဲ့ ရန်သူတစ်ယောက် ဖြစ်အောင် လုပ်တယ်၊ ပြီးတော့ သူက လူတွေရဲ့ ဝိညာဉ်တွေကို ဝါးမျိုးနေတဲ့ နတ်ဆိုးတစ်ကောင်ပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ ဖော်ပြထားတာနဲ့အညီ “စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ ဖြောင့်မတ်ခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့် စံနမူနာထားရမည့်သူတစ်ဦးအဖြစ် မကြာခဏ သက်သေထူသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်းဟူသော ဟန်ဆောင်မှုအောက်၌ စာတန်သည် လူတို့ကို အန္တရာယ်ပြုပြီး သူတို့၏ဝိညာဉ်များကို ဝါးမျိုကာ လူသားကို တွေဝေထိုင်းမှိုင်းစေရန်၊ လှည့်စားရန်နှင့် လှုံ့ဆော်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သူ၏ဆိုးယုတ်သည့် အပြုအမူကို လူသားက ထောက်ခံပြီး လိုက်လျောစေရန်၊ ဘုရားသခင်၏သြဇာအာဏာနှင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ရာ၌ လူသားကို သူနှင့်ပူးပေါင်းအောင်လုပ်ရန်မှာ သူ၏ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်က စာတန်၏လျှို့ဝှက်အကြံအစည်များနှင့် အကွက်ချခြင်းများကို ရိပ်စားမိပြီး သူ၏ဆိုးညစ်သည့် အင်္ဂါရပ်များကို ရိပ်စားမိသောအခါ၊ သူ၏နင်းချေခြင်းနှင့် အရူးလုပ်ခြင်းတို့ကို ဆက်မခံချင်တော့သည့်အခါ၊ သို့မဟုတ် သူ့အတွက် ပင်ပန်းကြီးစွာ ဆက်မလုပ်ပေးချင်တော့သည့်အခါ၊ သို့မဟုတ် သူနှင့်အတူ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို မခံချင်သည့်အခါ စာတန်သည် သူ၏ သူတော်စင်နှင့်တူသည့် ယခင်က အင်္ဂါရပ်များကို ပြောင်းပစ်လိုက်သည့်အပြင် ဆိုးယုတ်ပြီး ရက်စက်ကာ အကျည်းတန်၍ ရိုင်းစိုင်းကြမ်းကြုတ်သည့် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြရန်အတွက် သူ၏မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်တော့သည်။ သူ၏ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်လိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်သည်။” ဆိုပြီး တော့ဖြစ်တယ်။

“တရုတ်ကွန်မြူနစ်အစိုးရက ပြောင်းလဲမှုကိုလိုလားတဲ့ ပါတီတစ်ခုဖြစ် တယ်ဆိုတာ ကျွန်မတို့ အားလုံး သိတာပဲ၊ ဆိုလိုတာကတော့ သူက တစ်ပါတီ အာဏာရှင်စနစ်ကို ကျင့်သုံးပြီးတော့ အစ်မက သူ့ကို နားမထောင်ဘူးဆိုရင်၊ အစ်မကို သူက သတ်လိမ့်မယ်။ တက္ကသိုလ်ကျောင်းသားတွေက အကျင့်ပျက် လာဘ်စားမှုကို ဆန့်ကျင်ပြီး တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု နဲ့ လူ့အခွင့် အရေးကာကွယ်မှု တို့ကို တိုးမြှင့်ဖို့အတွက် ချီတက်ဆန္ဒပြခဲ့တဲ့ အချိန် ၁၉၈၉ ခုနှစ် ဇွန်လ ၄ရက်နေ့ ကျောင်းသား လှုပ်ရှားမှုတုန်းကလိုပါပဲ။ ဒီတက္ကသိုလ် ကျောင်းသားတွေကို ဖိနှိပ်ပြီး အမြစ်ပြတ်သုတ်သင်ရှင်းလင်း ပစ်မယ်လို့ ဘယ်သူက သိနိုင်ခဲ့မှာလဲ၊ တရုတ်ကွန်မြူနစ်အစိုးရက အဖြစ်အပျက်တွေကို တမင်သက်သက် လုပ်ကြံတင်ပြဖို့၊ အကြမ်းဖက်မှု လုပ်ရပ်တွေကို လုပ်ဆောင်ဖို့နဲ့ ပဋိပက္ခတွေဖန်တီးဖို့အတွက် စစ်တပ်ကို ရန်စဖို့တို့အတွက် ရာဇဝတ်သားတွေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ငှားရမ်းပြီး တက္ကသိုလ် ကျောင်းသားတွေနဲ့ ရောနှောခိုင်းတဲ့အပြင် အဲဒီလူတွေကို အဓိကရုဏ်း မှာပါဝင်တဲ့ ကျောင်းသားတွေအဖြစ်နဲ့ လုပ်ကြံထောင်ချောက် ဆင်ပြီး စီစီတီဗီလိုမျိုး သတင်းဌာနကို လုပ်ကြံ သတင်းအမှားပို့တာ တွေလုပ် ခဲ့တယ်။ တရုတ်ကွန်မြူနစ်အစိုးရက ဒီတက္ကသိုလ်ကျောင်းသား တွေကို ဖိနှိပ်တာနဲ့ အမြစ်ကသုတ်သင် ရှင်းလင်း ခဲ့တဲ့ သူတို့လုပ်ရပ် မှန်ကန် ကြောင်း ပြနိုင်ပြီး သူတို့ရဲ့ အာဏာရှင်စနစ်ကို ဆက်နိုင်ဖို့အတွက် အထင်မှားစေတွေနဲ့ မုသားတွေကို အသုံးပြုပြီး တရုတ်လူမျိုးတွေရဲ့ မျက်လုံးတွေကို အမြင်ဖုံးစေဖို့ဟာ သူတို့ရဲ့ဆိုးညစ်တဲ့ ရည်ရွယ်ချက် ဖြစ်တယ်။ ဒီနေ့အချိန်မှာ ဘုရားသခင်က ကမ္ဘာပေါ်က သူ့အမှုတော်ကို လုပ်ဆောင်ဖို့ နဲ့ ဘုရားသခင်နဲ့ သက်ဆိုင်သူမှန်သမျှကို သူ့အိမ်တော်ထဲသို့ ခေါ်ဆောင်ဖို့တို့အတွက် လူ့ဇာတိကိုခံယူပြီး ပြန်ကြွလာခဲ့ပေမဲ့ ဘုရားမဲ့တဲ့ တရုတ်ကွန်မြူနစ်အစိုးရက ကျွန်မတို့တွေ ဘုရားသခင်ကို လိုက်လျှောက် ရင်၊ သူ့ကို ဘယ်သူမှ မနာခံတော့မှာကို ကြောက်တာကြောင့် အနန္တ တန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို သုတ်သင်ဖယ်ရှင်းပြီး တရုတ်ပြည် မှာ သူ့တစ်ပါတီတည်း အာဏာရှင်စနစ်ကို တောင့်တင်း ခိုင်မာ လာစေဖို့၊ ဘုရားသခင်ကို ယုံကြည်သူတွေကို စောင့်ကြည့်အကဲဖြတ်၊ ဖမ်းဆီပြီး ညှင်းပန်းနှိပ်စက်ဖို့ စက်ဆုပ်ဖွယ်ကောင်းတဲ့ နည်းလမ်းတွေ အများကြီး အသုံးပြုတယ်။ မေ ၂၈ ရက်နေ့ ဇာအိုယွမ်း အမှုကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို သုတ်သင်ဖယ်ရှင်းဖို့ တရုတ် ကွန်မြူနစ် အစိုးရက သေချာ ကလိမ်စေ့ဉာဏ်ဆင်ထားတာ ဖြစ်တယ်။ သူတို့က လူအုပ်ကြီးကို စိတ်ရှုပ်ထွေးအောင်လည်း အဲဒီအဖြစ်အပျက်ကို အသုံးပြုခဲ့ တဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်ခြင်းနှင့် နှိမ်နှင်းခြင်းအပေါ် ပြည်သူတွေဆီက ထောက်ပံ့မှု အခြေခံ တစ်ခုကို လုပ်ကြံတင်ပြခဲ့တယ်” ဟု ကျွန်မကို မိတ်သဟာယ ပြုခဲ့ပါသည်။

သူမ၏ မိတ်သဟာယပြုခြင်းကို ကြားပြီးနောက်တွင် မေလ ၂၈ ရက်နေ့ ဇာအိုယွမ်းအမှုသည် တရုတ်ကွန်မြူနစ်အစိုးရက အနန္တတန်ခိုးရှင် ဘုရား သခင်ကို အပြစ်ရောက်အောင် ထောင်ချောက်ဆင်ဖို့နဲ့ ထိခိုက်နစ်နာ စေဖို့ အတွက် တမင်သက်သက်လုပ်ကြံတင်ပြတဲ့ လှည့်စားမှုနဲ့ ထောင်ချောက် တစ်ခုသာ ဖြစ်ကြောင်း ကျွန်မနားလည်ခဲ့ရသည်။ သူ၏ ရည်ရွယ်ချက်မှာ လူများက ဘုရားသခင်ကို သံသယဝင်ပြီး ရှောင်လာဖို့အတွက် ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်အစိုးရသည် အမှန်တကယ်ကို ဆိုးညစ်လှပါသည်။ စစ်မှန် သည့် အချက်အလက်များကို ကျွန်မနားလည်ပြီးနောက်တွင် ကျွန်မသည် တရုတ်ကွန်မြူနစ်အစိုးရ၏ ပူးပေါင်းကြံစည်မှုများနှင့် လှည့်စားမှုများကို ခွဲခြားသိမြင်နိုင်စွမ်း အချို့ရှိလာပြီး ၎င်းကို ပိုမိုမုန်းတီးလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျွန်မသည် စိတ်သက်သာရာ ရလာကာ၊ ကျွန်မတို့ အသင်းတော်က သတင်းများတွင် ကျွန်မညီမလေးမြင်တွေ့နေ ရသည့် ကောလာဟလများအတိုင်း လုံးဝမဟုတ်ကြောင်းကို မနက်ဖြန်တွင် သူမကို ရှင်းလင်းစွာပြောပြဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

ပြင်းထန်နေသည့် ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခု

နောက်တစ်နေ့နံနက်တွင် ကျွန်မက ညီမရုံးသို့သွားရောက်ခဲ့သည်။ ကျွန်မက “တရုတ်ကွန်မြူနစ်အစိုးရက ဘုရားမဲ့ဝါဒီဖြစ်ပြီး၊ လူတွေက ဘုရားသခင် ကို ယုံကြည်တာ ဒါမှမဟုတ် ကိုးကွယ်တာတွေ ခွင့်မပြုဘူး။ ဒါ့ကြောင့် ညီမလေးလည်း သူတို့ရဲ့ မုသားတွေကို မယုံသင့်ဘူး။ ဒါက စီစီပီအစိုးရရဲ့ ပူးပေါင်းကြံစည်မှုနဲ့ လှည့်စားမှုတွေပဲ” ဟု ပြောခဲ့သည်။ ကျွန်မ မည်သို့ပင် ဆိုစေကာမူ သူမသည် နားမထောင်သည့်အပြင်၊ ထိုသို့နားထောင်ရမည့် အစား ကျွန်မကို “အစ်မက အခုချိန်မှာ နှစ်ခုထဲက တစ်ခုကို ရွေးနိုင်တယ်။ အစ်မက ဘုရားသခင်ကို ယုံကြည်တာ ရပ်လိုက်ရင်၊ ဒီမှာ အလုပ် ဆက်လုပ်နိုင်တယ်။ အစ်မက ယုံကြည်ဖို့ဆုံးဖြတ်ထားတယ် ဆိုရင်တော့၊ တခြားနေရာသွားပြီး အစ်မရဲ့ ဘုရားသခင်ကို ယုံကြည်ပါ။ အဲဒါကို တွေးလိုက်ပါ” ဟု ဆိုကာ ခြိမ်းခြောက်ခဲ့သည်။ သူမစကားပြောအပြီးတွင်၊ သူမအိတ်ကို ဆွဲယူပြီး ထွက်သွားခဲ့သည်။ ကျွန်မညီမလေး ထွက်သွား သည် ကို ကြည့်ရင်းဖြင့်၊ ကျွန်မသည် အချိန်အတန်ကြာ မှင်သက်ပြီး ရပ်နေ ခဲ့ကာ၊ အလွန်ပင် စိတ်နှောင့်အယှက်ဖြစ်ခဲ့ရသည်။ ကျွန်မက “ငါတို့ ဆက်ဆံရေး က အမြဲတမ်း အလွန်ကောင်းမွန်ခဲ့ပြီး သူ့အနေနဲ့ အလုပ်နေရာကို နှစ်ပေါင်း များစွာ စီမံခန့်ခွဲဖို့အတွက် ငါအလုပ်အရမ်းကြိုးစားခဲ့တယ်။ ငါတစ်ခါမှ လည်း အမှားတစ်ခုမှ မလုပ်ဖူးခဲ့ပါဘူး။ ဒီနေ့ ငါ ဘုရားသခင်ကို ယုံကြည် တာကြောင့် သူက ငါ့ကို ပြောင်းလဲသွားပြီး၊ ငါ့ကို ထွက်သွားဖို့ ရက်ရက်စက်စက် ပြောခဲ့တယ်။ ဒါက လုံးဝအကြင်နာတရားမဲ့တာပဲ။ အခုငါ ဘာလုပ်ရ မလဲ။” ဟု တွေးမိသည်။ ကျွန်မညီမ၏ ကုမ္ပဏီမှ ထွက်ခွာလာပါက၊ ကျွန်မက တစ်စုံတစ်ခု အရှက်ရစရာ လုပ်သောကြောင့် ကျွန်မညီမက ကျွန်မကို အလုပ်မှထုတ်လိုက်သည်ဟု အခြားသူများက ပြောကြလေမလား ကျွန်မ စဉ်းစားမိခဲ့သည်။ ကျွန်မခင်ပွန်းနှင့် သားသမီး များ သိရှိသွားပါ ကလည်း၊ ကျွန်မကို သူတို့က ဘုရားသခင်ကို ယုံကြည် ခြင်းမှ ရပ်တန့်ပါရန် အသေအချာပင် တောင်းဆိုကြမည်။ သို့သော်လည်း လူများသည် ဘုရား သခင်၏ ဖန်ဆင်းခြင်းကို ခံရပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်း နှင့် ဝတ်ပြုကိုးကွယ်ခြင်းတို့မှာ မှန်ကန်ပြီး သဘာဝကျ ကြောင်းကို ကျွန်မ နှလုံးသားထဲတွင် သိရှိခဲ့သောကြောင့် ဤအရာများကို ကျွန်မ မည်သို့များ စွန့်လွှတ်နိုင်မည်နည်း။ ကျွန်မ ညီမငယ်၏ ဟန့်တားပိတ်ပင်ခြင်းကို ရင်ဆိုင် ခဲ့ပြီး၊ ကျွန်မအနေဖြင့် မည်သည့်အရာကို လုပ်ဆောင်ရမှန်း အမှန်တကယ် ပင် မသိရှိခဲ့ပါ။ ထိုအကြောင်းကို တွေးလေ၊ ကျွန်မ ပိုပြီး စိတ်ဓါတ်ကျ လာလေ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ခက်ခဲလှ သည်ဟု ကျွန်မခံစားခဲ့ရပါသည်...

ကျွန်မသည် အပျက်သဘောဆောင်ပြီး၊ အားနည်သည်ဟု ခံစားရသည့် အချိန်တွင်ပင် ကျွန်မ၏ ညီအစ်မများထဲမှ တစ်ဦးက ကျွန်မကို “ဒါက စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းနဲ့ ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဆိုင်ရာ ကျမ်းပိုဒ်နှစ်ပိုဒ်ကို ဖတ်ကြည့် ရအောင်၊ ပြီးတော့ အစ်မ ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာလိမ့်မယ်။ ဘုရားသခင်က ‘လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။’ ‘သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။...သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့် ရင်ဆိုင် လာရသည့်အခါတွင် သင်သည် ကိုယ်ကျင့်တရားများ ရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။'” လို့မိန့်တော်မူတယ်။ ဟု မိတ်သဟာယပြုခဲ့သည်။

သူမက ဆက်လက်ပြီး “အစ်မလျူ။ ဘုရားသခင်က လူတစ်ယောက်ကို ကယ်တင်တဲ့အချိန်မှာ စာတန်က မတ်တပ်ရပ်ကြည့်နေဖို့ မကျေနပ်ရောင့်ရဲ နိုင်တာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ တွေ့နိုင်ပါတယ်။ သူက ကျွန်မတို့ဘေးမှာရှိတဲ့ လူတွေ၊ အရေးကိစ္စတွေ၊ အရာတွေ နဲ့ ပတ်ဝန်းကျင်တွေ အမျိုးအစားအားလုံးကို အသုံးပြုပြီး ကျွန်မတို့ ဘုရားသခင်နောက်ကို လိုက်လျှောက်ခြင်းကနေ နှောင့်ယှက်ဟန့်တားတယ်။ အပြင်ပန်းကကြည့်ရင် ဒီလိုလုပ်တာတွေက လူတွေက ပြုလုပ် နေတာ ဒါမှမဟုတ် စီစဉ်ခဲ့တာလို့ သဘောရပေမဲ့ တကယ်တော့ ဒါက ဝိညာဉ်ရေးရာ နယ်ပယ်မှာ တိုက်ပွဲတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်မတို့က သမ္မာတရားကို နားမလည်ပဲနဲ့ ဒီကိစ္စတွေကိုလည်း ရှင်းရှင်းလင်းလင်း မတွေ့ဘူးဆိုရင်၊ ကျွန်မတို့တွေက မတုန်မလှုပ်နဲ့၊ အားနည်းပြီး၊ ဘုရားသခင် ကို သံသယဝင်မယ်၊ ငြင်းဆန်မယ် ပြီးတော့ သစ္စာတောင်ဖောက် လိုက်ဦးမယ်။ အစ်မ အခုတွေ့ကြုံခံစားနေရတာတွေက အမှန်ဆိုရင် စာတန်က အစ်မမိသားစုရဲ့ နှောင့်ယှက်မှုကို ဘုရားသခင်နဲ့ အလောင်းအစား တစ်ခုအဖြစ် အသုံးပြုနေတာ။ သူက အစ်မအလုပ်ကို ထိန်းသိမ်းနိုင်ပြီး၊ အစ်မမိသားစုနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်အောင် အစ်မရဲ့ ယုံကြည်မှုကို စွန့်လွှတ်ဖို့ တွန်းအားပေးလိုတယ်။ ဒီပတ်ဝန်းကျင်မျိုးကို ဘုရားသခင် ကသာ ခွင့်ပြုတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က ကျွန်မတို့ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းရှိမရှိ၊ ပြီးတော ဘုရားသခင် ဖက်မှာ ကျွန်မတို့ရှိမရှိကို စစ်ဆေးလိုတယ်။ အစ်မရဲ့ ညီမငယ်က ဟန့်တား ပိတ်ပင်တာကြောင့် အစ်မယုံကြည်မှုကို စွန့်လွှတ်လိုက်မယ်ဆိုရင်၊ ဒါဟာ စာတန်ရဲ့ ပူးပေါင်းကြံစည်မှုအတွက် အောင်မြင်ခွင့် ကိုပေးပြီး အစ်မရဲ့ သက်သေခံချက်ကို ဆုံးရှုံးစေတာပဲမဟုတ်ဘူးလား။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်မတို့အတွက် လမ်းကြောင်းကို ညွှန်ပြတယ်။ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းတွေ လာတဲ့အချိန်မှာ ကျွန်မတို့က သူ့စွမ်းအားတွေကို တစ်ခုမှ မအပ်နှံဖို့ငြင်းဆန်တဲ့အပြင်၊ ဘုရားသခင် မျက်မှောက်တော်ကို သွားပြီး ဆုတောင်း၊ ဘုရားသခင်ကို ရိုးသားစွာ မှီခို၊ ဘုရားသခင်က ကျွန်မတို့ကို ကာကွယ်စောင့်ရှောက်နေသူဖြစ်တာကို ယုံကြည်မယ်ဆိုရင်၊ ကျွန်မတို့ သက်သေရပ်တည်နိုင်ဖို့ ဘုရားသခင်ကလည်း ကျွန်မတို့ကို ဦးဆောင်မှာ ဖြစ်တယ်” ဟု ပြောပါသည်။

သူမ မိတ်သဟာယပြုသည်ကို ကြားပြီးနောက်၊ ကျွန်မ ညီမငယ်၏ အလုပ်မှ ထုတ်ရန် ခြိမ်းခြောက်မှုနောက်ကွယ်တွင် ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခု ရှိကြောင်းကျွန်မ နားလည်ခဲ့ရသည်။ စာတန်က ကျွန်မ မိသားစု၏ ဟန့်တားပိတ်ပင်မှုကို စုံစမ်းသွေးဆောင်ခြင်းအနေဖြင့် အသုံးပြုပြီး၊ ကျွန်မ ကို နှောင့်ယှက်ရန် ကျွန်မ၏ အားနည်းသည့် ကဏ္ဍကိုလည်း အသုံးပြုကာ၊ ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုကို အတင်းအကျပ် စွန့်လွှတ်စေခဲ့ သည့်အပြင် ဘုရားသခင်ကို သစ္စာဖောက်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါ သည်။ စာတန်သည် အမှန်တကယ်ပင် အရှက်မဲ့ပြီး စက်ဆုပ်ဖွယ်ကောင်း လေသည်။ တစ်ချိန်တည်းမှာပင် ဤသည်မှာ ကျွန်မက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းရှိမရှိ၊ ကျွန်မ အလုပ်ကို ကာကွယ်ခြင်း ရှိမရှိ နှင့် ကျွန်မမိသားစုနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ယုံကြည်ခြင်းကို ရပ်တန့်လိုက်ခြင်း ရှိမရှိတို့ကို ကြည့်ရန် ကျွန်မအတွက် ဘုရားသခင်၏ စုံစမ်းခြင်းလည်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မှန်ကန်သည့် လမ်းခရီးဖြစ်ပြီးကြောင်း ကျွန်မ အသေအချာခဲ့ပြီးကြောင်းကို နားလည်သဘောပေါက်လာသည့်အပြင်၊ ဤသည်မှာ သဘာဝကျပြီး မှန်ကန်သည်ကိုလည်း ကျွန်မသိခဲ့သောကြောင့် ကျွန်မ၏ ကိုယ်ပိုင် အကျိုး စီးပွားကို ကာကွယ်ရန် ကျွန်မယုံကြည်မှုကို မည်သို့များ စွန့်လွှတ်နိုင် မည်နည်း။ ၎င်းမှာ မသင့်လျော်ခြင်းပင် မဟုတ်ပါသလား။ထိုအကြောင်းကို ကျွန်မတွေးမိသည့်အချိန်တွင်၊ ကျွန်မသည် သက်သေရပ်တည်ပြီး၊ စာတန်ကို မအပ်နှံရမည်ဖြစ်ကြောင်းကို သိရှိခဲ့ပါသည်။

ဘုရားသခင်၏ အံ့သြဖွယ်ကောင်းလှသည့် အမှုတော်များကို တွေ့မြင်ခြင်း

တစ်နေ့တွင် ကျွန်မ အစားစားနေရင်းဖြင့် ကျွန်မ မောင်က ကျွန်မအား “အစ်မ ဘုရားသခင်ကို ယုံကြည်သေးလား” ဟု ရုတ်တရက် မေးခဲ့သည်။ ကျွန်မက ခေါင်းညိတ်လိုက်သည်။ ထို့နောက်သူက “ဒါဆို ကျွန်တော်တို့ ညီမလေးက အစ်မကို သူ့ကုမ္ပဏီမှာ လုံးဝ အလုပ်ပေးမလုပ်တော့ရင် ဘယ်လိုလုပ်မလဲ။အစ်မ ဘာလုပ်မှာလဲ” မေးလေသည်။ ကျွန်မသည် ထိုအခိုက်အတန့်တွင် မည်သည့်အရာကို ဖြေရမှန်းမသိပဲနှင့် တုံ့ဆိုင်းကာ၊ စဉ်းစားရင်းဖြင့် “အဲဒီမှာ သူက ငါ့ကို အလုပ်ပေးမလုပ်ရင်လည်း၊ ငါ့မှာ အလုပ်မရှိရုံပေါ့။ ပြီးတော့ ငါ့မိသားစုက ငါ့ကို အပြစ်တင်မှာပေါ့။ အဲဒီတော့ ငါဘာလုပ်မလဲ” ထိုအရာကို ကျွန်မတွေးသည့်အချိန်တွင် ကျွန်မသည် မှားယွင်းသည့် အခြေအနေတွင် ရောက်နေကြောင်းကို ရုတ်တရက် နားလည်သဘောပေါက်ခဲ့သည်။ ကျွန်မတို့ကို အရေးကိစ္စများဖြစ်ပေါ်လာ သည့်အခါတွင်၊ ကျွန်မတို့က စာတန်ဖက်တွင် ရပ်၍မရပါ။ ထိုသို့ ရပ်မည့် အစား ကျွန်မတို့သည် ဘုရားသခင်ဖက်တွင် ရပ်ဖို့နှင့် ဘုရားသခင်ကို မငြင်းဆန်ဖို့ လိုအပ်ကြောင်း ထိုအစည်းအဝေးမှ ညီမတစ်ယောက်၏ မိတ်သဟာယပြုခြင်းကို အမှတ်ရပါသည်။ထိုအခိုက်အတန့်တွင် ကျွန်မသည် အလွန်စိတ်ပျက်နေခဲ့သော်လည်း ကျွန်မကို ဘုရားသခင်က စောင့်ကြည့်နေ ပြီး ကျွန်မ၏ အဖြေအတွက် စောင့်မျှော်နေသည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် ကျွန်မသည် သတ္တိမွေးပြီး၊ “သူက ငါ့ကို ဒီမှာအလုပ်ပေးမလုပ် တော့လည်း၊ ဒီအတိုင်းသာ ရှိပါစေတော့။ ငါကတော့ ဘုရားသခင်ကို ဆက်ပြီးယုံကြည်နေဦးမှာပဲ” ဟု ပြောခဲ့သည်။ထိုသို့ပြောပြီးနောက်တွင် ကျွန်မသည် အထူးသဖြင့် အလွန်သက်သာရာရသည်ဟု ခံစားခဲ့ရကာ၊ ကျွန်မနှလုံးသားသည် ယခင်ကကဲ့သို့ ဝန်ပိပြီး၊ စိုးရိမ်ကြောင့်ကျခြင်း ရှိမနေ တော့ပါ။

နှစ်ရက်အကြာတွင် ကျွန်မညီမက ကျွန်မ မည်သည့်အရာကို ဆုံးဖြတ် ခဲ့ကြောင်း မေးလာသည်။ ကျွန်မက “နင်ငါ့ကို ဒီမှာ အလုပ်မလုပ် စေချင် ဘူးဆိုရင်လည်း ရပါတယ်၊ ဒါပေမယ့် ငါကတော့ ဘုရားသခင်ကို ယုံကြည် တာ ရပ်မှာ မဟုတ်ဘူး” ဟု ပြောခဲ့ပါသည်။ သူမက ၎င်း၏မျက်ခုံးကို ခဏတာရှုံ့ထားပြီးနောက် ပြုံးကာ “အစ်မက ဘုရားသခင်ကို ယုံကြည်ဖို့ အရမ်းကို စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင်၊ ကျွန်မ အစ်မကို မတားပါဘူး။ အစ်မကြိုက်တာသာလုပ်ပါ” ဟု ပြောခဲ့ပါသည်။ ထို့နောက်တွင် သူမသည် ကျွန်မကို အလုပ်ထုတ်ဖို့ ထပ်ပြီး မပြောတော့ပါ။ ဤတွင် ကျွန်မသည် ဘုရားသခင်၏ အံ့သြဖွယ်အမှုတော်များကို တွေ့မြင်ခဲ့ရပါသည်။ အရာ အားလုံးနှင့် အရေးကိစ္စအားလုံးတို့ဖြစ်သည့် သက်ရှိသက်မဲ့၊ လှုပ်ရှားနေ သောအရာနှင့် မလှုပ်ရှားသည့်အရာ အားလုံးတို့သည် ဘုရားသခင်၏ လက်တော်တွင် ရှိပြီး ဘုရားသခင်အားဖြင့် စီစဉ်ညွှန်ကြားခြင်းကို ခံကြ ရပါသည်။ အတိတ်တွင် ကျွန်မညီမက ကျွန်မကို အလုပ်မှထုတ်နိုးဖြင့် ကျွန်မ၏ ပူပန်မှုက ကျွန်မကို စိုးရိမ်ကြောင့်ကျမှုဖြင့် လေးလံစေ ခဲ့သော်လည်း ကျွန်မသည် အရာအားလုံးကို အမှန်တကယ် စွန့်စားခဲ့ သည့်အချိန်တွင် စာတန်က နောက်ဆုတ်ကာ၊ ကျွန်မညီမကလည်း မည်သည့် အရာမျှ ထပ်မပြောတော့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ပြောထားသည့်အတိုင်းပင် ဖြစ်ပါသည်။ “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။

ထိုအတွေ့အကြုံသည် ကျွန်မအား အရာအားလုံးကို ဘုရားသခင် မည်သို့အုပ်စိုးကြောင်း နှင့် ကိုယ်တော်၏ အတိုင်းအဆမဲ့ကြီးမားသည့် ဉာဏ်ပညာ တို့ကို နားလည်သဘောပေါက်ခြင်း အနည်းငယ် ပေးခဲ့သည့် အပြင်၊ စာတန်၏ လှည့်စားမှုများကို ခွဲခြားသိမြင်နိုင်စွမ်း အချို့လည်း ပေးခဲ့ပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ထမင်းစားရေသောက် အလုပ်တစ်ခု မဟုတ်သည်ကို ကျွန်မကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပါသည်။ ဘုရားသခင်၏ အမှုတော်ကို နားလည်သဘောပေါက်ခြင်းတစ်ခု ပေးဖို့ အတွက် ဘုရားသခင်က စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများ နှင့် ဟန့်တားနှောင့်ယှက်ခြင်းများကို အသုံးပြုခဲ့သည်။ ၎င်းက ကျွန်မကို ဘုရားသခင်နောက်သို့ ပိုမိုယုံကြည် စိတ်ချစွာဖြင့် လိုက်လျှောက်ခွင့်ရ စေခဲ့သည်။ ကျွန်မသည် ဘုရားသခင်ကို စိတ်အားထက်သန်စွာ ဆုတောင်း နေသမျှ ကာလပတ်လုံး စာတန်၏ စုံစမ်းသွေးဆောင်ခြင်းလာသည့် အချိန်တွင်၊ ကျွန်မကို စာတန်၏ လှည့်စားမှုများအား ထိုးဖောက်တွေ့မြင် စေရန် နှင့် ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသည့် အမှုတော်များကို သက်သေခံစေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းပြတော် မူမည် ဖြစ်ကြောင်းကိုလည်း ကျွန်မ တွေ့ကြုံခံစားခဲ့ရပါသည်။ ဘုရားသခင်၏ ကျေးဇူးကြောင့် မည်သည့် စုံစမ်းသွေးဆောင်ခြင်း လာပါစေ၊ ကျွန်မသည် ဘုရားသခင်ကို မှီခိုမည်၊ ဘုရားသခင်ဖက်တွင် ရပ်တည်မည်၊ သက်သေရပ်တည်မည်၊ ပြီးနောက်တွင် စာတန်ကို အရှက်တကွဲဖြစ်စေ ပါမည်။

အမှာစကား ချန်ခဲ့မည်