စာရင်း

ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ကျော်လွှားအောင်မြင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ဦးဆောင်သည် (၂)

ချင်းချင်း၊ မလေးရှားနိုင်ငံ

နိုဝင်ဘာလ အစောပိုင်းတွင်၊ ကျွန်မတို့ အသင်းတော်မှ အကြီးအကဲ ချင်သည် တစ်ဖန် “အလည်” လာပါသည်။ သူမက မျက်နှာတည်တည်ဖြင့်၊ “ဒီတော့ လူတွေအများကြီးက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်တာကို ရှင့်ကို ဆန့်ကျင်သတိပေးကြပြီးပြီ၊ ဒါပေမယ့် ရှင်က နားမထောင်ချင်ဘူး။ ဒါ့အပြင် သူတို့ရဲ့ လမ်းစဉ်ကို ရှင်က ကျွန်မတို့ အသင်းတော်ထဲက ညီအစ်ကို မောင်နှမတွေကို ဟောနေတယ်။ အခု အသင်းတော်ထဲမှာ ရှင့်ရဲ့ အမှုတော်ဆောင်ခြင်းကို ပယ်ဖျက်လိုက်ပြီ။ ဒီနေ့ကစပြီး၊ ရှင့်ကို ပွဲတော် တက်ခွင့်မပြုတော့ဘူး၊ ပြီးတော့ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းရဲ့ လမ်းစဉ်ကို ကျွန်မတို့ အသင်းတော်ထဲက လူတွေဆီ ဟောပြောခွင့် လုံးဝ မပြုဘူး” ဟု ဆိုရင်း ကြမ်းတမ်းစွာ ပြောဆိုခဲ့သည်။

ကျွန်မက စိတ်ဆိုးမာန်ဆိုးဖြင့်၊ “ယေဟောဝါ၊ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အားလုံးက တူညီတဲ့ ဘုရားသခင်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ရာမှာ၊ ကျွန်မက သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက် လိုက်တယ်၊ ပြီးတော့ သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ကြီးမြတ်တဲ့ သတင်းကို ညီအစ်ကို မောင်နှမတွေကို ကျွန်မ ပြောတယ်။ အဲဒါ ဘယ်လိုများ မှားနေလို့လဲ။ ညီအစ်ကို မောင်နှမတွေက ဘုရားရဲ့ သိုးတွေဖြစ်ပြီး သူ့ရဲ့ သိုးတွေက သူ့ဆီ ပြန်သွားသင့်တယ်လေ။ အသင်းတော်မှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အစေခံတဲ့ ရှင်က ရှင့်ရဲ့ ကိုယ်ပိုင် ထိန်းချုပ်မှုအောက်မှာ ညီအစ်ကို မောင်နှမတွေကို ထိန်းသိမ်းပြီး ဘုရားရဲ့ အသံတော်ကို မကြားဖို့ သူတို့ကို ခွင့်မပြုနိုင်ရတာလဲ။ အဲဒါက ရှင့်ကို ဆိုးညစ်တဲ့ အစေခံ မဖြစ်စေဘူးလား” ဟု ပြောလိုက်သည်။ အကြီးအကဲ ချင်က ကျွန်မ ပြောသည့်အရာကို ပယ်ချလိုက်ပြီး၊ “ရှင့်ကို သတိပေးဖို့ ကျွန်မလာတာ။ ကျွန်မတို့ရဲ့ သတိပေးတာတွေကို ရှင် အလေးမထားပဲ ဆက်ပြီး ပြုမူရင် အသင်းတော်ကနေ ရှင် အထုတ်ခံရမယ်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေ အားလုံးကို ရှင်နဲ့ ဝေးဝေးမှာ နေခိုင်းပြီး ရှင့်ကို သူတို့သတိထားကြဖို့ ကျွန်မတို့ ပြောမယ်။ ဒါ့အပြင်၊ အနီးအနားက အသင်းတော်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို စယုံကြည်ပြီး တစ်မိသားစုလုံး သူတို့ရဲ့အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အမေနဲ့ သမီး နှစ်ယောက်ရှိတယ်လေ။ ရှင့်အနေနဲ့ ရှင့်ရဲ့ ယောက်ျားနဲ့ သားကို စဉ်းစားနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်” ဟု ကျွန်မကို မောက်မာစွာ ပြောဆိုခဲ့သည်။ ပြောပြီးသည်နှင့် သူမသည် ဖနှောင့်နှင့် တင်ပါးတစ်သားတည်းကျအောင် လှည့်ထွက်သွားခဲ့သည်။

အကြီးအကဲ ချင်၏ စကားများက ကျွန်မ စိတ်ထဲတွင် အခေါက်ခေါက် အခါခါ ပေါ်လာရင်းနှင့် ဧည့်ခန်းထဲတွင် တစ်ကိုယ်တည်း ကျွန်မ ထိုင်နေမိခဲ့သည်။ အဘယ့်ကြောင့် သူတို့ ကျွန်မကို ထိုသို့ ဆက်ဆံကြသနည်း။ အသင်းတော်တွင် ကျွန်မ အစေခံနေခဲ့သည်မှာ နှစ် ၂၀ ကျော်ရှိခဲ့ပြီဖြစ်သည်၊ အလွန်ကြာမြင့်ခဲ့သည်မှာ အသင်းတော်က ကျွန်မအဖို့ အိမ်ကဲ့သို့ ဖြစ်လာခဲ့သည်အထိ ဖြစ်သည်။ ယခုတွင်၊ တစ်ချိန်က အလွန်ရင်းနှီးခဲ့သည့် ညီအစ်ကို မောင်နှမများမှာ ကျွန်မအဖို့ သူစိမ်းများကဲ့သို့ ဖြစ်လာခဲ့ပြီး ကျွန်မသည် သူတို့၏ ပစ်ပယ်မှုနှင့် သွားပုပ်လေလွင့်ပြောဆိုခြင်းကိုလည်း ရင်ဆိုင်ရတော့မည်ဖြစ်သည်...။ ထိုအကြောင်းကို ကျွန်မ တွေးလေလေ၊ ပိုဝမ်းနည်းခံစားရလေလေဖြစ်ပြီး ကျွန်မ၏ နှလုံးသား အားနည်းခဲ့ရသည်။ ကျွန်မ၏ နာကျင်မှုထဲတွင်၊ ဘုရားသခင်ကို ကျွန်မ ချက်ချင်း ဆုတောင်းပြီး ကျွန်မကို ယုံကြည်ခြင်းနှင့် ခွန်အားပေးဖို့ သူ့ကို တောင်းလျှာက်ခဲ့ပါသည်။ နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရသည်၊ “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။...စာတန်၏ အမျိုးမျိုးသော အကျည်းတန်သည့် မျက်နှာပေါက်တို့ကို သင်တို့ရှေ့တွင် ချပြထား၏။ သင်တို့သည် ရပ်တန့်ကာ နောက်သို့ ပြန်ရွေ့သွားကြသလော၊ သို့မဟုတ် သင်တို့သည် ငါ့ကို အားထားရင်း မတ်တပ်ရပ်ပြီး ရှေ့ဆက်သွားကြသလော။ စာတန်၏ ဖောက်ပြန်ပျက်စီးပြီး အကျည်းတန်သော မျက်နှာပေါက်များကို စေ့စေ့စပ်စပ် ဖော်ထုတ်လော့၊ ၎င်း စိတ်မချမ်းသာဖြစ်မည်ကို လုံးဝ မစိုးရိမ်လေနှင့်၊ ပြီးလျှင် သက်ညှာခြင်းမရှိလေနှင့်။ စာတန်ကို သေသည့်တိုင်အောင် တိုက်ခိုက်လော့။” ထို့နောက်တွင်မှ၊ ဤအရာသည် စာတန်၏ နောက်ထပ် လှည့်ဖြားတတ်သည့် အကြံအစည်ဖြစ်နေသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ အသင်းတော်ထဲက ညီအစ်ကို မောင်နှများနှင့် ကျွန်မသည် နက်ရှိုင်းသည့် ခင်မင်ရင်းနှီးမှု ရှိပြီး မိသားစုကို ကျွန်မ နက်နက်ရှိုင်းရှိုင်း သံယောဇဉ်ရှိသည်ကို စာတန်က သိခဲ့သည်၊ ထို့ကြောင့် သူက ကျွန်မကို တိုက်ခိုက်ဖို့ အသင်းတော်က ကျွန်မကို နှင်ထုတ်ခြင်းနှင့် ညီအစ်ကို မောင်နှမများက ကျွန်မကို ပစ်ပယ်ခြင်းကဲ့သို့သော စက်ဆုပ်စရာ နည်းလမ်းများကို အသုံးပြုနေသလို၊ မှန်သောလမ်းကို စွန့်လွှတ်ဖို့ ကျွန်မကို အတင်းအကျပ်လုပ်ဆောင်ရန် မိသားစုတစ်စုလုံး အသင်းတော်မှ နှင်ထုတ်ခံရနိုင်သည့် အလားအလာကိုပင်လျင် သူ အသုံးပြုနေခဲ့သည်- စာတန်သည် အမှန်ပင် အလွန်အငြိုးကြီးပြီး စက်ဆုပ်စရာကောင်းလှပါသည်။ သခင်ယေရှု ပြောခဲ့သည်အရာကို ကျွန်မ တွေးမိခဲ့သည်၊ “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၁၀) ယခု ကျွန်မသည် သခင်ယေရှု၏ ခြေလှမ်းများနောက် လိုက်လျှောက်ခြင်းအတွက် ငြင်းပယ်မှုကို ခံစားရဖို့ ရှိပါသည်၊ သို့သော် ဤသည်မှာ ကျွန်မ ခံရဖို့ရှိသည့် ဒုက္ခဆင်းရဲတစ်ခုသာ မဟုတ်ပဲ၊ ကောင်းကြီးမင်္ဂလာတစ်ခုလည်း ဖြစ်ပါသည်။ ကျွန်မကို နှောင့်ယှက်ဖို့ စာတန် မည်မျှပင် ကြိုးစားပါစေ၊ ကျွန်မ၏ သက်သေခံချက်တွင် ကျွန်မ ခိုင်မာစွာ ရပ်တည်ရမည်ကို ကျွန်မ သိပါသည်။

ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ကျော်လွှားအောင်မြင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ဦးဆောင်သည် (၁)

နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပါသည်၊ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။” ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်းအုပ်ဆရာနှင့် အကြီးအကဲတို့၏ စရိုက်မှန်ကို ကျွန်မကို မြင်နိုင်စေခဲ့သည်။ သူတို့သည် ကျမ်းစာကို နှောကျေကြပြီး ဓမ္မပညာကို လေ့လာခဲ့ကြကာ ဝိညာဉ်ရေးရာ သီအိုရီများစွာ ပြောဆိုနိုင်ကြသော်လည်း၊ သခင့်အလိုတော်ကို သိရှိခြင်း တကယ်ကို မရှိကြသလို သူတို့ စိတ်နှလုံးများထဲတွင် သခင့်အတွက် သေးငယ်သော နေရာပင် မရှိခဲ့ပါ။ စစ်မှန်သော ကယ်တင်ခြင်းကို ရရှိဖို့ ယုံကြည်သူ၏ အရည်အချင်းနှင့် အလွန်နီးကပ်စွာ နှီးနွယ်သည့် သခင်ပြန်ကြွလာခြင်းနှင့်ဆိုင်သော အရေးကြီးသည့် ကိစ္စရပ်နှင့် ပတ်သက်လာလျှင်၊ သူတို့ စိတ်နှလုံးများထဲတွင် သခင့်အတွက် ကြည်ညိုမှုမရှိပါ။ ဂိုဏ်းဂဏအားလုံးမှ သခင့်ကို စစ်မှန်စွာ ယုံကြည်သော ညီအစ်ကို မောင်နှမများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံကြရခြင်း အဖြစ်မှန်ကို သူတို့ မျက်မြင်ကြုံနေခဲ့ကြရသော်လည်း သူတို့၏ ကိုယ်ပိုင်အယူအဆများကို သူတို့ ခေါင်းမာစွာ ဆက်လက် ဖက်တွယ်ထားကြပြီး လုံးဝ မရှာဖွေ သို့မဟုတ် မလေ့လာမဆန်းစစ်ကြပါ။ ယင်းအစား၊ အဓိပ္ပါယ်မဲ့သော ဝေဖန်မှုများနှင့် ရှုတ်ချမှုများကို သူတို့ ပြုလုပ်ခဲ့ကြသည်၊ မှန်သောလမ်းကို လေ့လာဆန်းစစ်ခြင်းမှ ညီအစ်ကို မောင်နှများကို နှောင့်ယှက်ဖို့နှင့် တားဆီးဖို့ပင် ကြိုးစားခဲ့ကြပြီး၊ သူတို့ အသင်းတော်မှ ညီအစ်ကို မောင်နှမများကို ဧဝံဂေလိတရားဟောဖို့ အခြားမည်သူ့ကိုမျှ ခွင့်မပြုကြပါ။ ထို့နောက် ကျွန်မသည် ယေရှု၏ ခေတ်ကာလအချိန်က ဖာရိရှဲတို့သည် သခင်ယေရှု၏ အမှုတော်နှင့် နှုတ်ကပတ်တော်များက သြဇာအာဏာနှင့် တန်ခိုးတို့ ပိုင်ဆိုင်သည်ကို အလွန်ကောင်းစွာ သိခဲ့ကြသော်လည်း ယင်းတို့ကို ရှာဖွေရန် ငြင်းပယ်ခဲ့ကြပုံကို တွေးမိခဲ့ပါသည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ သူတို့သည် ယုံကြည်ကိုင်းရှိုင်းသူများအားလုံးက သခင်ယေရှုနောက်လိုက်ကြခြင်းဖြင့် အဆုံးသတ်ပြီး သူတို့၏ ရာထူးများနှင့် အသက်မွေးမှုများ ဆုံးရှုံးမည်ကို စိုးရိမ်ခဲ့ကြသည်၊ ယုံကြည်ကိုင်းရှိုင်းသူများကို ကာကွယ်ပေးသယောင် ဟန်ဆောင်ခြင်းအားဖြင့်၊ သခင်ယေရှု၏ အမှုတော်ကို လက်ခံခြင်းမှ သူတို့ကို တားဆီးခဲ့ကြသည်။ ယနေ့ခေတ် သင်းအုပ်ဆရာနှင့် အကြီးအကဲများက အတိအကျပင် တူနေသည် မဟုတ်ပါလား။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးကို အွန်လိုင်းပေါ်တွင် ထုတ်ပြန်ကြေငြာထားပြီဖြစ်ကာ သမ္မာတရားကို ချစ်သောသူတို့သည် ယင်းတို့ကို ဖတ်သောအခါ ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို သတိပြုမိကြပြီး လက်ခံကာ နာခံကြပါသည်။ ထို့ကြောင့် သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့သည် အဘယ်ကြောင့် ၎င်းတို့ကို လက်မခံကြပါသနည်း။ သူတို့သည် မှန်သောလမ်းကို ယုံကြည်သူများ လေ့လာဆန်းစစ်ခြင်းမှ တားဆီးဖို့ တတ်နိုင်သမျှ လုပ်ဆောင်ကြသည်၊ ကိုယ်တော်၏ ပြန်ကြွလာခြင်းကို အလွန်တမ်းတသော ညီအစ်ကို မောင်နှမများကို ကြီးမြတ်သော သတင်းဖြန်ဝေခြင်းမှ ကျွန်မတို့ကို သူတို့ တားမြစ်ပိတ်ပင်ကြသည်၊ ပြီးလျှင် ဘုရားသခင်၏ အသံတော်ကို နားမထောင်ဖို့ ယုံကြည်သူများကို သူတို့ တားမြစ်ကြသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်၊ သူတို့သည် သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် သူတို့သဘာဝ၏ အနှစ်သာရကို ဖွင့်ချပြကြသည်၊ သူတို့သည် လွန်ခဲ့သည့် ထိုနှစ်များတစ်လျှောက်လုံး သခင်ယေရှုကို အာခံခဲ့ကြသည့် ဖာရိရှဲများနှင့် ခြားနားမှုမရှိပါ။ ဤနားလည်သဘောပေါက်မှုကို ရရှိလျက်ဖြင့်၊ ဘုရားသခင်နောက်လိုက်ဖို့ ကျွန်မ၏ ယုံကြည်ခြင်းသည် ပို၍ပင် အားကောင်းလာခဲ့ပြီး သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့၏ လှည့်စားမှု ခံခဲ့ရသည့် ညီအစ်ကို မောင်နှမများအားလုံးကို ဘုရားသခင်၏ အသံတော်ကို ကြားပြီး ဘုရားသခင်၏ ပလ္လင်တော်ရှေ့ကို ပြန်လာကြဖို့ရန် လုပ်ဆောင်ဖို့ စိတ်ဆုံးဖြတ်ချက်တစ်ခု ကျွန်မ ချခဲ့ပါသည်။

ကျွန်မ၏ အသင်းတော်တွင် ကျွန်မ၏ အမှုတော်ဆောင်ခြင်းသည် ယခု ပယ်ဖျက်ခံရသော်လည်း၊ ကျွန်မ အလွန်ကံကောင်းသည်ဟု ခံစားရသည်။ အယောင်ဆောင် သိုးထိန်းများ၏ အာဏာစက်မှ လွတ်မြောက်ခဲ့ပြီး ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ချီမခံရဖို့မှာ ကံကောင်းပါသည်။ ယခု ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲတွင် ကျွန်မ၏ တာဝန်ကို ကျွန်မတတ်စွမ်းသမျှဖြင့် ထမ်းဆောင်နေပြီး ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်မ ဟောပြောနေပါသည်။ ညီအစ်ကို မောင်နှမများနှင့်အတူ အစည်းအဝေးများကို ကျွန်မ မကြာခဏ တက်ရောက်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော ကျွန်မတို့၏ သိနားလည်မှုအကြောင်းကို ဆွေးနွေးကြပါသည်။ သမ္မာတရားများစွာကို ကျွန်မ ယခု နားလည်ပြီဖြစ်ပြီး ကျွန်မ၏ ဝိညာဉ်သည် ကြွယ်ဝမှုနှင့် ဝမ်းမြောက်မှုကို ယခင်က ခံစားခဲ့ရသည်ထက်ပို၍ ခံစားရပါသည်။

အပိုင်း တစ်-

အမှာစကား ချန်ခဲ့မည်