စာရင်း

ကက်သလစ်ဝါဒ- ကောင်းကင်နိုင်ငံနှင့်ဆိုင်သော ကျွန်မ၏ အိပ်မက် အကောင်အထည်ဖော်ခြင်းအတွက် နောက်ဆုံးတွင် မျှော်လင့်ချက်ရှိပြီ (၁)

အမြန်လမ်းညွှန်
အပြစ်၏ ချည်နှောင်မှုမှ မလွတ်မြောက်နိုင်လျှင် ကျွန်မ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်ပါသလား
ဖေ့စ်ဘုတ်ပိုစ့်တစ်ခုက ကျွန်မကို တွေးစရာပေးသည်
ကြိုးစားလုပ်ဆောင်ခြင်းနှင့် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခြင်းတို့ကြား ဆက်နွယ်မှုကို အဖြေရှာခြင်း

ရှေလာ၊ ကင်ညာနိုင်ငံ

ကောင်းကင်နိုင်ငံအိပ်မက်နှင့်ဆိုင်သော မျိုးစေ့ကို စိုက်ခြင်း

ကျွန်မသည် ကက်သလစ် မိသားစုတွင် မွေးဖွားခဲ့ပါသည်၊ ငယ်စဉ်မှစ၍ ကျွန်မ၏ အဘွားက ဆုတောင်းရမည့်ပုံနှင့် ကက်သလစ် ဘာသာဓလေ့များကို လိုက်နာရမည့်ပုံတို့ကို သွန်သင်ခဲ့သည်။ ကျွန်မ ၁၅ နှစ်ရောက်သောအခါ၊ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း နှင့် အခြားသူများကို မေတ္တာထားခြင်းကဲ့သို့သော ကက်သလစ် ယုံကြည်မှုဆိုင်ရာ အယူဝါဒများကို စတင်ဆောင်ရွက်ခဲ့ပြီး အသင်းတော်ထဲက ဘာသာဓလေ့မျိုးစုံတို့တွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ဘုန်းတော်ကြီးက ဤအယူဝါဒများကို ကျင့်သုံးခြင်းအားဖြင့်သာ ကျွန်မတို့ ဘုရားသခင်ကို ယုံကြည်သူ အစစ်အမှန်များဖြစ်နိုင်သည်၊ ပြီးလျှင် ဘုရားသခင် ပြန်ကြွလာသည့်အခါတွင် ကောင်းကင်နိုင်ငံထဲကို ကျွန်မတို့ ဆောင်ယူခံရလိမ့်မည်ဟု မကြာခဏပြောတတ်လေသည်။ ထို့ကြောင့် ကျွန်မအနေဖြင့် ဘုရားသခင် ချစ်သောသူတစ်ဦးဖြစ်လာနိုင်ဖို့၊ သူ၏ ကောင်းကြီးမင်္ဂလာများ ရရှိဖို့ နှင့် ကောင်းကင်နိုင်ငံထဲသို့ ချီဆောင်ခံရဖို့ အသင်းတော်၏ ဘာသာရေးထုံးတမ်းဓလေ့များကို လိုက်နာပြီး အသင်းတော်၏ လှုပ်ရှားမှုများတွင် လုံးဝ တက်တက်ကြွကြွပါဝင်ရမည်ဟု မိမိကိုယ်ကို မကြာခဏ ပြောခဲ့သည်။

အပြစ်၏ ချည်နှောင်မှုမှ မလွတ်မြောက်နိုင်လျှင် ကျွန်မ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်ပါသလား

ကျွန်မ ကောလိပ်တက်ချိန်တွင်၊ ကျွန်မ အသင်းတော်မှ သူငယ်ချင်းများသည် ဝတ်ပြုပွဲကို တက်ရောက်သောအခါ အလွန် ဘုရားတရားကိုင်းရှိုင်းသည်ဟု အမြဲထင်ရသော်လည်း သူတို့၏ ပုံမှန်ဘဝတွင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း နှင့် စည်းကမ်းမဲ့သော ပါတီများလုပ်ခြင်းကဲ့သို့သော ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့်အရာများကို မကြာခဏပြုတတ်ကြသည်ကို ကျွန်မ သတိထားမိခဲ့သည်။ ကျွန်မမှာ၊ “သခင်ယေရှုက ဘုရားသခင်ကို ငါတို့ရဲ့ စိတ်၊နှလုံး၊ ကိုယ်ခန္ဓာ အလုံးစုံတို့နဲ့ ချစ်ရမယ်၊ ပြီးတော့ လောကရဲ့ ပျော်မွေ့မှုတွေ၊ စမ်းသပ်မှုတွေနဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွေကနေ အဝေးမှာ နေသင့်တယ်လို့ သွန်သင်ခဲ့တယ်လေ။ ငါ့ သူငယ်ချင်းတွေက အပြင်ပန်းမှာ ဘုရားကို ယုံကြည်ပုံပေါ်ပေမယ့်၊ တကယ်တော့ သူ့အတွက် အလုပ်လုပ်ဖို့ လုံးဝ အာရုံမစိုက်ကြဘူးပဲ။ သူတို့က လောကီ အမှုအရာတွေကိုတောင် မက်မောကြပြီး လောကီကာမဂုဏ်တွေကို ရှာဖွေကြတယ်- အဲဒါက သခင့်ရဲ့ သွန်သင်မှုတွေကို ချိုးဖောက်နေတာပဲ မဟုတ်လား။ သူတို့လို ငါ မဖြစ်ရဘူး။ ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးတော်ခံတာနဲ့ အလုပ်လုပ်တာတွေအပေါ် အာရုံစိုက်ရမယ်” ဟု တွေးရင်း တုန်လှုပ်ခြင်းနှင့် ဒေါသထွက်ခြင်း နှစ်ခုလုံးကို ကျွန်မ ခံစားခဲ့ရသည်။ ထိုအကြောင်းကြောင့် ကျွန်မသည် ဘုရားသခင်ကို ကျွန်မ၏ အသင်းတော်ရှိ သူငယ်ချင်းများကချစ်သည်ထက်ပို၍ ချစ်သည်ဟု ခံစားခဲ့ရသည်။

သို့သော်၊ ကျွန်မ၏ ကိုယ်ပိုင် ဝိညာဉ်ရေးရာအခြေအနေမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းပေးနိုင်ခဲ့သည်ကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့ရသည်။ အသင်းတော်တွင် လှုပ်ရှားမှုများအားလုံး၌ ကျွန်မ တက်ကြွစွာ ပါဝင်ပြီး စိတ်အားထက်သန်စွာ အလုပ်လုပ်ခဲ့သော်လည်း၊ ကျွန်မ၏ ပုံမှန်ဘဝတွင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မစောင့်ထိန်းနိုင်ခဲ့ပါ။ ဥပမာအားဖြင့်၊ ကျွန်မက အခက်အခဲမျိုးစုံနှင့် အတိုက်အခံမျိုးစုံ ကြုံနေရစဉ်တွင် ဇာတိပကတိ၏ ပျော်မွေ့မှုများကို လိုက်စားခဲ့သည့် အသင်းတော် မိတ်ဆွေတစ်ဦးက ပျော်ရွှင်ပြီး လွတ်လပ်ပုံပေါ်သည်ကို ကျွန်မ မြင်သောအခါတိုင်းတွင် သခင့်ကို အပြစ်မတင်ပဲ မနေနိုင်ခဲ့ပါ။ ကျွန်မ အမှားလုပ်မိပြီး ကျွန်မ မိသားစု၏ ဆူပူကြိမ်းမောင်းမှုကိုခံရသည့်အခါ၊ ကျွန်မသည် ဆင်ခြေများပေးပြီး မိမိကိုယ်ကို ကိုယ်စားပြုကာ အငြင်းပွား လေ့ရှိသလို၊ ပြစ်တင်မောင်းမဲ ခံရခြင်းအဖြစ်နှင့် ပတ်သက်၍ စိတ်ဆိုးတတ်လေသည်။ တစ်ခါတစ်ရံတွင် ကျွန်မ မိခင်က၊ “ဘုရားသခင်က အမေတို့ကို နှိမ့်ချပြီး ခွင့်လွတ်တတ်ဖို့ သွန်သင်ခဲ့တယ်၊ ဒါပေမယ့် သမီးက သူ့နှုတ်ကပတ်တော်တွေကို လိုက်နာမနေဘူးပဲ” ဟု ဆိုရင်း ကျွန်မကို အပြစ်တင်တတ်သည်။ သူမ၏ စကားများက ကျွန်မကို ထိုးနှက်လိုက်သလို ဖြစ်ခဲ့သည်၊ ကျွန်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် မစောင့်ထိန်းခဲ့သည်ကို နားလည်ခဲ့ရပြီး ကျွန်မမှာ အမည်ခံ ယုံကြည်သူတစ်ဦး ဖြစ်သည်ဟု မိမိကိုယ်ကို အပြစ်တင်မှု များစွာခံစားခဲ့ရသည်။ “အပြစ်ကို ငါ ဘာလို့ မအောင်နိုင်ရတာလဲ။ အပြစ်လုပ်ပြီးတဲ့အခါ ဘုန်းတော်ကြီးကို ငါ အမြဲ ဝန်ချပြီး ဒီအပြစ်ကိုဖာထေးဖို့အတွက် ကောင်းမှုကုသိုလ်တွေအများကြီး လုပ်ပေမယ့် အဲဒါပြီးတော့ ငါဲဒီအပြစ်ကိုပဲ ကျူးလွန်မိတယ်။ ဒီလိုနည်းနဲ့ ယုံကြည်ခြင်းရှိတာက၊ သခင့်ရဲ့ ကောင်းကြီးမင်္ဂလာတွေကို ငါ တကယ်ပဲ ရနိုင်သလား” ဟု ကျွန်မ စပြီး မဆင်ခြင်ပဲ မနေနိုင်ခဲ့ပါ။ သို့သော်၊ ထို့နောက်တွင် ဘုန်းတော်ကြီးက ကျွန်မတို့ကို မည်သို့ သွန်သင်ခဲ့သည်ကို တွေးမိခဲ့သည်- “အပြစ်ပြုပြီးတဲ့နောက် ဘုန်းတော်ကြီးကို ဝန်ချရင် ငါတို့ အပြစ်တွေ ခွင့်လွတ်ခံရမယ်။ ငါတို့က ဘုရားအတွက် အသုံးတော်ခံသရွေ့၊ အလုပ်လုပ်ပြီး ကောင်းမှုကုသိုလ်တွေအများကြီး လုပ်သရွေ့၊ သူ့ရဲ့ ကရုဏာတော်နဲ့ ကောင်းကြီးမင်္ဂလာတွေကို ငါတို့ နောက်တစ်ခါ ပြန်ရနိုင်တယ်။ ‘ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏…’ (၂ တိမောသေ ၄:၇-၈) လို့ ကျမ်းစာထဲမှာ ပြောထားသလိုပေါ့။” ထို့နောက်တွင် ကျွန်မ အနည်းငယ် စိတ်သက်သာရာရခဲ့သည်- ကျွန်မ အနေဖြင့် မကြာခဏ အပြစ်ဝန်ချခြင်းကို ပြုပြီး ဘုရားသခင်အတွက် ဆက်လက်အလုပ်လုပ်ပြီး ကိုယ့်ကိုယ်ကို အသုံးခံသမျှကာလပတ်လုံး ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ဖို့ မျှော်လင့်ချက် ရှိပါသေးသည်။ ထို့ကြောင့် ကျွန်မသည် ကောင်းသောအမှုအရာများကို မအားမလပ် ဆောင်ရွက်ခြင်း၊ ကြိုးစားလုပ်ဆောင်ခြင်းနှင့် စွန့်လွတ်အနစ်နာခံခြင်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ဖေ့စ်ဘုတ်ပိုစ့်တစ်ခုက ကျွန်မကို တွေးစရာပေးသည်

၂၀၁၇ ခုနှစ် တစ်နေ့တွင်၊ ထိုနေ့ရှိ အသစ်အဆန်းများကို ကြည့်ဖို့ ဖေ့ဘုတ်ကို ကျွန်မ ဖွင့်ဖြစ်ခဲ့ပြီး အမြဲပြုလုပ်နေကျအတိုင်း အထက်အောက်ရွေ့လိုက်သောအခါ ဘက်တီဟု ခေါ်သော ညီမတစ်ယောက်က ဤစာ ရေးထားသည်ကို တွေ့ခဲ့ရသည်- “များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့် ညီညွတ်ရန် ၎င်းတို့ မည်သည့်အရာ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။…‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် ကျမ်းဟောင်းတရားများ နှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကိုယ် မေးကြစို့- ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။” (ကျမ်းဦးစကား) ဤစကားလုံးများသည် အမှန်တကယ် ဆန်းသစ်ပြီး ထူးခြားကာ ကျွန်မ၏ စိတ်နှလုံးကို ချက်ချင်း လွှမ်းမိုးသွားသည်။ ဤကဲ့သို့သော အရာကို အရင်က ကျွန်မ လုံးဝ မကြားခဲ့ဖူးပါ၊ ပြီးလျှင် အထူးသဖြင့် နောက်ဆုံး စာကြောင်းအနည်းငယ်မှာ ကျွန်မ အရင်က လုံးဝ မစဉ်းစားခဲ့မိသော အရာများဖြစ်သည်။ ကျွန်မက၊ “ဒီစကားတွေက အံ့သြစရာပဲ၊ ဒါတွေကို ဘယ်သူ ပြောခဲ့တာလဲ။ ဒါတွေက ယုံကြည်ခြင်းရဲ့ အဓိပ္ပါယ်နဲ့ ဘုရားသခင်ကို ယုံကြည်ရာမှာ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေကို ဒီလို စာပိုဒ်တိုလေးထဲမှာ ထုတ်ဖော်ပြကြတယ်” ဟု တွေးမိခဲ့သည်။ ဤနှုတ်ကပတ်တော်များကို ကျွန်မ တွေးဆပြီး ပထမဆုံးအကြိမ် ကျွန်မ၏ စိတ်ကို ငြိမ်သက်စေကာ ကျွန်မ၏ ကိုယ်ပိုင် ယုံကြည်မှုကို ဆင်ခြင်သုံးသပ်ခဲ့သည်။ ကျွန်မသည် ကက်သလစ် တစ်ဦးဖြစ်ရသည့် ဤနှစ်များတစ်လျှောက်တွင် အသင်းတော်က စီစဉ်သည့် လုပ်ရှားမှုများနှင့် ဘာသာဓလေ့မျိုးစုံတို့တွင် မကြာခဏ ပါဝင်ခဲ့သော်လည်း၊ အသင်းတော်အတွက် ထက်ထက်သန်သန် လုပ်ဆောင်သော်လည်း၊ အဖွဲ့အစည်းထဲတွင် ကောင်းသောအမှုအရာများကို လုပ်ခဲ့သော်လည်း၊ အနည်းငယ် ဒုက္ခခံခဲ့ပြီး အဖိုးအခအနည်းငယ် ပေးခဲ့ရသော်လည်း၊ အမှန်တကယ်တွင် ထိုအရာအားလုံးကို ကျွန်မနှင့် ကျွန်မ၏ မိသားစုသည် ဘုရားသခင်အားဖြင့် ကောင်းကြီးပေးခံရပြီး ကွယ်ကာခံရဖို့အလို့ငှာ လုပ်ဆောင်ခဲ့ပုံကို တွေးတောမိခဲ့သည်။ ထို့ထက်ပင် ပို၍၊ ယင်းမှာ အနာဂတ်တွင် ကောင်းကင်နိုင်ငံထဲသို့ ကျွန်မ ဝင်နိုင်ဖို့ ဖြစ်ခဲ့လေသည်။ ထိုနည်းဖြင့် ရှာဖွေခြင်းသည် မှန်ကန်သည်၊ ထိုသို့သော ယုံကြည်ခြင်းမျိုးသည် ဘုရားသခင်အဖို့ လက်ခံနိုင်ဖွယ်ရာဖြစ်ပြီး သူ၏ ကောင်းကြီးမင်္ဂလာနှင့်လက်ခံမှုကို ရရှိလိမ့်မည်ဟု ကျွန်မ အမြဲတွေးခဲ့သည်။ သို့သော် ဤကျမ်းပိုဒ်ကို ဖတ်ရှုပြီးနောက်တွင်၊ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပါယ်မှာ အလွန်လေးနက်သည်၊ ပြီးလျှင် ကောင်းကင်နိုင်ငံတော်၏ ကောင်းကြီးမင်္ဂလာများအတွက် အပြန်အလှန်အားဖြင့် ကြိုးစားလုပ်ဆောင်ခြင်း၊ အမှုအရာများကို စွန့်လွှတ်ခြင်းနှင့် မိမိကိုယ်ကို အသုံးတော်ခံခြင်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်း မဟုတ်ခဲ့သည်ကို ခပ်ရေးရေးစတင်သိရှိလာခဲ့သည်။ ထိုသို့သော ယုံကြည်ခြင်းမျိုးသည် အဘယ်သို့ ဘုရားသခင်၏လက်ခံမှုကို ရရှိနိုင်မည်နည်း။ ဤသည်မှာ ကျွန်မ နှလုံးသားအတွက် နိုးကြားစေသည့်အရာတစ်ခုကဲ့သို့ ဖြစ်ခဲ့သည်၊ ကျွန်မ အနေဖြင့် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော ကျွန်မ၏ ကိုယ်ပိုင် အိပ်မက်နှင့် စပ်လျဉ်း၍ သံသယမပွားပဲ မနေနိုင်ခဲ့ပါ။ သို့သော် ထို့နောက်တွင်၊ ကျွန်မ ယုံကြည်သူတစ်ဦး ဖြစ်ခဲ့သည့် နှစ် ၂၀ ဝန်းကျင်ခန့်ကို ပြန်တွေးမိခဲ့သည်။ ကျွန်မသည် အသင်းတော်အတွက် အလုပ်လုပ်ရာတွင် မလျှော့တမ်းလုပ်ခဲ့သည်၊ ကျွန်မ၏ ဒုက္ခဆင်းရဲအားလုံးနှင့် ကျွန်မ ပေးခဲ့သည့် အဖိုးအခတို့သည် တကယ်ပင် အားလုံး အချည်းနှီးဖြစ်နိုင်ပါမည်လား။

ညီမ ဘက်တီ တင်ထားသည့်အရာကို ကျွန်မ ပိုမို အချိန်ယူ စဉ်းစားလေ၊ ကျွန်မ နှလုံးသားထဲရှိ ဒွိဟများကို ဖြေရှင်းပေးဖို့ ဤသို့သော စကားလုံးများကို ထပ်ရေးလိမ့်မည်ဟု ပိုမိုမျှော်လင့်လေဖြစ်ခဲ့သည်။ ကျွန်မ သူ့ကို စကားပြောဖို့ တောင်းဆိုမှုတစ်ခု ပို့ရန် နှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ သူက အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ကျွန်မတို့ အွန်လိုင်း စုဝေးပွဲတစ်ခု လုပ်၍ရကြောင်း ဆိုရင်းဖြင့် အစ်မ လီလီနှင့်လည်း ကျွန်မကို မိတ်ဆက်ပေးခဲ့သည်။ အလွန်ပျော်ရွှင်စွာဖြင့် ကျွန်မ သဘောတူခဲ့ပါသည်။

ကြိုးစားလုပ်ဆောင်ခြင်းနှင့် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခြင်းတို့ကြား ဆက်နွယ်မှုကို အဖြေရှာခြင်း

ကျွန်မတို့ စုဝေးနေချိန်တွင်၊ ယုံကြည်ခြင်းနှင့်ဆိုင်သော ကျွန်မတို့၏ ကိုယ်ပိုင် အတွေ့အကြုံများကို ဦးစွာပထမ ကျွန်မတို့ ဝေမျှကြသည်၊ ပြီးနောက် ဘက်တီ ရေးတင်ခဲ့သည့် အရာကို ဖတ်ရှုခြင်းမှ ရရှိသည့် ကျွန်မ၏ ခံစားချက်ကို ကျွန်မ ဝေမျှခဲ့သည်။ ကျွန်မက၊ “အဲဒီစာပိုဒ်က တကယ်ကို ကောင်းကောင်းရေးထားတာပဲ၊ ပြီးတော့ အရမ်း လက်တွေ့ကျတယ်။ ဘုရားသခင်ကို ကျွန်မရဲ့ ယုံကြည်ခြင်းက ဘုရားသခင်အတွက် စစ်မှန်တဲ့ ချစ်ခြင်းကနေမဟုတ်ပဲ ကောင်းကြီးမင်္ဂလာတွေရဖို့ပဲဖြစ်ခဲ့တယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ဒါပေမယ့် ကျွန်မ သိပ်မရှင်းလင်းသေးဘူး၊ ဘာလို့လဲဆိုတော့ ကျမ်းစာမှာ၊ ‘ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏…’ လို့ ပြောလို့လေ၊ ပြီးတော့ ဘုန်းတော်ကြီးက ဘုရားသခင်အတွက် ကျွန်မတို့ ဆက်လက် အလုပ်လုပ်ပြီး ကိုယ်ကိုယ်ကို အသုံးတော်ခံနေသရွေ့၊ ကောင်းတဲ့အမှုအရာတွေအများကြီး လုပ်ဆောင်သရွေ့၊ အနာဂတ်မှာ ဘုရားသခင် ကောင်းကြီးပေးတာကို ကျွန်မတို့ ခံရမှာဖြစ်ပြီး ကောင်းကင်နိုင်ငံထဲကို ဝင်နိုင်မယ်လို့ ခဏခဏပြောတယ်။ ကျွန်မ ယုံကြည်သူဖြစ်ခဲ့တဲ့ ဒီနှစ်တွေအားလုံးမှာ၊ အလုပ်ကြိုးစားတာနဲ့ ကျွန်မရှိတာကို ပေးတာတွေ မလျှော့တမ်း ကျွန်မ လုပ်ခဲ့တယ်။ အဲဒါတွေ တစ်ခုမှ ဘုရားသခင်က ဂုဏ်ပြုမှာမဟုတ်ဘူးဆိုတာ ဖြစ်နိုင်မလား” ဟု ပြောလိုက်သည်။

အစ်မ လီလီက၊ “ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်တာဟာ သူ့အတွက် အမှန်တကယ် ချစ်ခြင်းကနေ မဟုတ်ပဲ အဲဒီအစား ကောင်းကြီးမင်္ဂလာတွေရဖို့ဖြစ်တယ်ဆိုတာ သတိပြုမိဖို့ ကျွန်မတို့အတွက် တကယ် မလွယ်ပါဘူး။ ဒါက ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ ဦးဆောင်လမ်းပြမှုပါပဲ၊ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဘယ်လိုလူမျိုးက ကောင်းကင်နိုင်ငံထဲ ဝင်နိုင်တယ်ဆိုတာနဲ့ စပ်လျဉ်းတဲ့ သမ္မာတရားကို ကျွန်မတို့ အပြည့်အဝ နားမလည်ကြပါဘူး၊ အဲဒါက ဒီလို စိတရှုတ်ထွေးမှုမျိုးတွေ ပေါ်ပေါက်ရတဲ့ အကြောင်းရင်းပဲဖြစ်တယ်။ တကယ်တော့၊ ယုံကြည်သူအများကြီးက ကျွန်မတို့အနေနဲ့ မကြာခဏ အပြစ်လုပ်မိပြီး ဘုရားသခင်ရဲ့ သွန်သင်မှုတွေကို မစောင့်ထိန်းနိုင်ပေမယ့်လည်း ဘုန်းတော်ကြီးဆီ ကျွန်မတို့ ဝန်ချသရွေ့၊ ကောင်းတဲ့လုပ်ရပ်တွေအများကြီး လုပ်ပြီး အလုပ်ကို ဆက်လုပ်သရွေ့၊ အမှုအရာတွေကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် အသုံးတော်ခံသရွေ့ ဘုရားသခင်က ကျွန်မတို့ကို လက်ခံလိမ့်မယ်လို့ ထင်ကြတယ်။ အဲဒီနောက် သူ ကြွလာတဲ့အခါ၊ ကောင်းကင်နိုင်ငံထဲကို ကျွန်မတို့ ဝင်ရလိမ့်မယ်ပေါ့။ ဒါပေမယ့်၊ ဒီ ရှုထောင့်အမြင်က မှန်ရဲ့လား။ ဒီအတွက် ဘုရားနှုတ်ကပတ်တော်ထဲမှာ အခြေပြုချက်တစ်ခုခု ရှိလား။ ကျမ်းစာကို ကြည့်ခြင်းအားဖြင့်ယေဟောဝါပဲဖြစ်ဖြစ် သခင်ယေရှုပဲဖြစ်ဖြစ် အဲဒီလိုအရာမျိုးကို မပြောခဲ့သလို သန့်ရှင်းသော ဝိညာဉ်တော်ကလည်း မပြောခဲ့ဘူးဆိုတာ အဆင်သင့် ရှာတွေ့နိုင်တယ်။ အဲဒါတွေက တိမောသေရဲ့ စကားတွေပဲ၊ လူသားရဲ့ စကားတွေဖြစ်ပြီး အဒါတွေက ကိုယ်ရေးကိုယ်တာ အယူအဆတစ်ခုကိုပဲ ကိုယ်စားပြုပါတယ်။ ကျမ်းစာထဲက ဘုရားနှုတ်ကပတ်တော်ဖြစ်တဲ့၊ သမ္မတရားဖြစ်တဲ့ တစ်ခုတည်းသော အစိတ်အပိုင်းတွေက ယေဟာဝါအားဖြင့် ပြောတဲ့ စကားတွေ၊ ပရောဖက်ကနေတဆင့်ယေဟောဝါပြောတဲ့စကားတွေနဲ့ သခင်ယေရှုကနေ ပြောတဲ့စကားတွေဖြစ်တယ်။ တပည့်တော်တွေနဲ့ တမန်တော်တွေရဲ့ စကားတွေက သမ္မာတရားမဟုတ်ဘူး၊ ပြီးတော့ အဲဒါတွေက ကျမ်းစာထဲမှာ ရေးမှတ်ထားတယ်ဆိုတဲ့ အချက်ရှိပေမဲ့၊ဒါတွေက လူ့စကားတွေပဲဖြစ်ပြီး သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံတွေ၊ ဘုရားနှုတ်ကပတ်တော်တွေကို သိနားလည်မှုတွေနဲ့ သူတို့ ကိုယ်ပိုင်အမြင်တွေကိုပဲ ကိုယ်စားပြုပါတယ်။ အဲဒါတွေက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးတာ ပါရှိပေမယ့် ဘုရားရဲ့ နှုတ်ကပတ်တော်တွေအဖြစ် ရည်ညွှန်းလို့မရပါဘူး။ ဒါက ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းလို အရမ်းအရေးကြီးတဲ့ အရာတစ်ခုနဲ့ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကျွန်မတို့ သွားဖို့လိုတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ လူ့စကားတွေအတိုင်း ကျွန်မတို့ ပြုမူရင် သခင့်လမ်းကနေ ကျွန်မတို့ သွေဖည်ဖို့ အလားအလာအရမ်းများမှာဖြစ်ပါတယ်။

“ဒီတော့ ကောင်းကင်နိုင်ငံထဲကို ဘယ်လို လူမျိုးက အမှန်တကယ် ဝင်နိုင်သလဲ။ သခင်က ကျွန်မတို့ကို အရမ်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်၊ ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။’ (ရှင်မဿဲ ၇:၂၁) လူတွေက ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းအတွက် စံချိန်စံညွှန်းတွေကို ဖြည့်ဆည်းနိုင်၊ မဖြည့်ဆည်းနိုင် ဆိုတာကို ဘုရားသခင် ချိန်ဆတဲ့အခါမှာ၊ သူတို့က ဘယ်လောက်စွန့်လွှတ်နိုင်တယ် ဒါမှမဟုတ် မိမိတို့ကိုယ်ကိုယ် အသုံးခံနိုင်တယ် ဆိုတာအရမဟုတ်ပဲ၊ ကောင်းကင်ဘုံရှင် အဖရဲ့ အလိုတော်ကို သူတို့ လိုက်လျှောက်နိုင်၊ မလိုက်လျှောက်နိုင် ဆိုတာအရ ဖြစ်ကြောင်းကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မတို့ မြင်နိုင်တယ်။ ဆိုလိုတာက ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်တဲ့သူတွေဟာ အပြစ်ကို စွန့်ပစ်ပြီး သန့်စင်ခြင်းကို ရရှိတဲ့ လူတွေ၊ ဘုရားသခင်ရဲ့ လမ်းခရီးကို လိုက်နာစောင့်ထိန်းပြီး သူ့ကို နာခံနိုင်သူ၊ ချစ်နိုင်သူနဲ့ ကိုးကွယ်နိုင်သူများဖြစ်ရမှာပါ။ ကျွန်မတို့အနေနဲ့ ကြိုးစားလုပ်ဆောင်တယ်၊ အမှုအရာတွေကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကို အများကြီး အသုံးခံပေမယ့် ဘုရားသင်ရဲ့ နှုတ်ကပတ်တော်တွေကို မလိုက်နာရင်၊ အဲဒီအစား အပြစ်မကြာခဏ လုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ရင်၊ ကျွန်မတို့က မကောင်းမှုပြုသူတွေဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲကို မဝင်နိုင်ပါဘူး။ သခင့်ကို ဆန့်ကျင်ခဲ့တဲ့ ဂျူးဖာရိရှဲတွေလိုပေါ့- သူတို့က ဘုရားသခင်ကို အစေခံရင်းနဲ့ ဗိမာန်တော်မှာ အမြဲရှိကြတယ်၊ ပြီးတော့ ယေဟောဝါရဲ့ ဧဝံဂေလိတရားကို ဖြန့်ရင်း ကမ္ဘာမြေအဆုံးထိ ခရီးသွားကြတယ်။ လူတွေရဲ့ အမြင်မှာ၊ သူတို့က အလုပ် အရမ်းကြိုးစားကြတယ်၊ အများကြီး စွန့်လွှတ်ကြတယ်၊ ပြီးတော့ သူတို့မှာ ရှိသမျှတိုင်းကို ပေးဆပ်ကြပြီး သူတို့က ဘုရားသခင်ရဲ့ လက်ခံမှုနဲ့ အထိုက်တန်ဆုံး ဖြစ်သင့်ခဲ့ကြတယ်လေ။ ဒါပေမယ့်၊ ဘုရားသခင်က သူတို့ကို သူတော်ကောင်းအယောင်ဆောင်တွေအဖြစ် ရှုတ်ချခဲ့ပြီး သူတို့ဟာ အဆိပ်ရှိတဲ့ မြွေမျိုးတွေနဲ့ ငရဲသားတွေဖြစ်တယ်လို့ပြောရင်း ကျိန်ဆဲခဲ့တယ်။ ဖာရိရှဲတွေဟာ အဲဒီလိုမျိုး ရလဒ်ကို ရရှိခဲ့တာက အဓိကအားဖြင့် သူတို့ အလုပ်ကြိုးစားပေမယ့် အားလုံးနောက်ကွယ်မှာက သူတို့အပေါ်ကို ဘုရားသခင်က ကောင်းကြီးမင်္ဂလာတွေ ပေးသနားဖို့အတွက် အလဲအလှယ်အနေနဲ့ ဘုရားသခင်နဲ့ အပေးအယူတွေကို လုပ်နေခဲ့ကြတာကြောင့် ဖြစ်ပါတယ်။ ဒါဟာ အထူးသဖြင့် သူတို့ရဲ့ ကိုယ်ပိုင်အဆင့်အတန်း နဲ့ သူတို့ရဲ့ အသက်မွေးမှုကို ထိန်းသိမ်းဖို့ဖြစ်ခဲ့တယ်။ ဖာရိရှဲတွေဟာ သဘာဝအားဖြင့် မာနထောင်လွှားကြပြီး ဘုရားသခင်အပေါ် ကြောက်ရွံ့ကြည်ညိုမှု တစ်ခုတစ်လေမှ မရှိကြဘူး။ သူတို့ရဲ့ တရားဒေသနာတွေမှာ ဘုရားသခင်ကို သူတို့ မချီးမြောက်ဘူး ဒါမှမဟုတ် သက်သေမခံကြဘူး၊ ဒါပေမယ့် အဲဒီအစား သူတို့ကိုယ်သူတို့ အမြဲကြွားဝါကြပြီး ယုံကြည်သူတွေကို လှည့်စားဖို့ သူတို့ရဲ့ အပေါ်ယံကောင်းတဲ့ အမူအကျင့်တွေကို သုံးခဲ့ကြတယ်။ ဘုရားသခင်အစား သူတို့ကို ကိုးကွယ်ဖို့၊ ကြည်ညိုဖို့ နဲ့ သူတို့နောက်လိုက်ဖို့ သူတို့ကိုယ်သူတို့ရှေ့မှာ ယုံကြည်သူတွေကို ခေါ်ဆောင်ခဲ့ကြတယ်။ သခင်ယေရှု အမှုပြုနေခဲ့ချိန်မှာ၊ ဖာရိရှဲတွေဟာ သခင်ယေရှုကို အရူးအမူး ရှုတ်ချပြီး ပြစ်မှားစော်ကားရင်းနဲ့ သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးမှုကို ကာကွယ်ဖို့ သခင့်ရဲ့ ရန်သူစစ်စစ်တွေဖြစ်လာခဲ့ကြတယ်။ သခင့်နောက်ကို လိုက်ရာကနေ ယုံကြည်သူတွေကို တားဆီးဖို့ သူတို လုပ်နိုင်သမျှအရာရာကို သူတို့ လုပ်ခဲ့ကြတယ်၊ ပြီးတော့ နောက်ဆုံးမှာ သူ့ကို ကားတိုင်မှာ သံမှိုရိုက်နှက်ဖို့ ရောမအစိုးရနဲ့တောင် အချင်းချင်းပူးပေါင်းလိုက်ကြတယ်။ ဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို အပြင်းအထန် ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားသခင်ဆီက ပြစ်ဒဏ်ခတ်မှုကို ရရှိစေခဲ့တယ်။ ဒါက လူတွေဟာ ကြိုးစားလုပ်ဆောင်နိုင်ပြီး တစ်ခုခုကို စွန့်လွှတ်နိုင်ရင်တောင်မှ၊ သူတို့ဟာ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်လျှောက်သူတွေဖြစ်တယ်လို့ မဆိုလိုတာကို သက်သေပြပါတယ်။ သူတို့ရဲ့ အပြစ်တွေ သန့်စင်မခံရပဲနဲ့၊ သူတို့က စွန့်လွှတ်အနစ်နာခံမှုတွေ ပြုလုပ်ပြီး ကိုယ့်ကိုယ်ကို အသုံးတော်ခံကြရင်တောင် မကောင်းမှုကို သူတို့ လုပ်နိုင်ဦးမှာဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ဦးမှာဖြစ်တယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကို ဒီအထိ စောင့်ထိန်းရင်၊ အပြင်ပန်းမှာ ကျွန်မတို့ အလုပ်ကြိုးစားလုပ်ဆောင်ပုံရပြီး၊ ကျွန်မတို့ရဲ့ ညီအစ်ကို မောင်နှမတွေကို ကူညီရင်း ကောင်းသော ရှမာရိလူတွေဖြစ်ရတာ ပျော်ပေမယ့်လည်း ကျွန်မတို့ရဲ့ ရည်မှန်းချက်က ကောင်းကြီးခံစားရဖို့နဲ့ ကောင်းကင်နိုင်ငံထဲ ဝင်ဖို့ပဲ ဖြစ်တယ်ဆိုတာ မြင်ရတယ်။ ဘုရားသခင်က ကျွန်မတို့ကို ကောင်းကြီးပေးတဲ့အခါ သူ့ကို ကျွန်မတို့ ကျေးဇူးတင်ပြီး ချီးမွမ်းကြတယ်၊ ဒါပေမယ့် အခက်အခဲတွေနဲ့ ကပ်ဘေးဒုက္ခတွေ ကျွန်မတို့ ကြုံရတဲ့အခါ ဘုရားသခင်ကို ကျွန်မတို့ အထင်လွဲပြီး အပြစ်တင်ကြတယ်၊ ဒါမှမဟုတ် သူ့ကို သစ္စာတောင်ဖောက်ကြတယ်။ ကျွန်မတို့က တခြား ယုံကြည်သူတွေ ကျွန်မတို့ကို ထောက်ခံဖို့၊ လေးစားဖို့နဲ့ ကြည်ညိုဖို့အတွက် ကျွန်မတို့ ဘယ်လောက် ဒုက္ခဝေဒနာခံစားခဲ့တယ်၊ ပြီးတော့ ဘယ်လောက် အလုပ်လုပ်ပြီးခဲ့တယ်ဆိုတာတွေကို သက်သေခံရင်း ကျွန်မတို့ရဲ့ အလုပ်နဲ့ တရားဒေသနာတွေမှာ အရည်မရအဖတ်မရ လူအထင်ကြီးစရာတွေ ပြောကြတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ဒါမှမဟုတ် တခြားယုံကြည်သူတွေကို ဘုရားသခင်ရဲ့အလိုတော်နဲ့ သတ်မှတ်ချက်တွေ နားလည်ခွင့်ပေးဖို့ မဟုတ်ပဲ နာမည်နဲ့ အဆင့်အတန်းကို ရှာဖွေဖို့ ဖြစ်တယ်။ မလိုလားအပ်တဲ့ လူတွေ၊ အဖြစ်အပျက်တွေနဲ့ အမှုအရာတွေကို ကျွန်မတို့ ဘဝမှာ ကြုံရတဲ့အခါ၊ ကျွန်မတို့ ဒေါသထွက်ပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို မလိုက်နာနိုင်ကြဘူး။ ဒါမျိုးတွေပေါ့။ ဒါကနေ ကျွန်မတို့ရဲ့ ကြိုးစားလုပ်ဆောင်မှု၊ စွန့်လွှတ်စွန့်စားမှုတွေနဲ့ အားထုတ်မှုတွေဟာ ဘုရားသခင်ကို ချစ်ဖို့ ဒါမှမဟုတ် စိတ်ကျေနပ်စေဖို့ မဟုတ်ပဲ၊ အလှဲအလှယ်သဘောသာ ဖြစ်ပြီး ကျွန်မတိုရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေနဲ့ ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် ဘုရားသခင်ကို အမြတ်ထုတ်ဖို့နဲ့ လှည့်စားဖို့ပဲဖြစ်တယ်ဆိုတာ မြင်နိုင်တယ်။ အပြစ်ထဲမှာ စဉ်ဆက်မပြတ် အသက်ရှင်နေတဲ့ ကျွန်မတို့လို လူတွေကို ကောင်းကင်ဘုံရှင် အဖရဲ့ အလိုတော်ကို လိုက်လျှောက်သူတွေလို့ ဘယ်လို ယူဆလို့ရနိုင်မှာလဲ။ ဘုရားသခင်က သန့်ရှင်းပါတယ်၊ ပြီးတော့ သူက ကျွန်မတို့အနေနဲ့ အပြစ်ရဲ့ ချည်နှောင်မှုတွေကို လုံးလုံး စွန့်ပစ်ပြီး သန့်စင်မှုကို ရရှိဖို့ လိုလားတယ်၊ ဒါက သူ့ရဲ့ မျက်နှာတော်ကို ကျွန်မတို့ မြင်တွေ့နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ။ ဒါပေမယ့် လတ်တလောမှာ ကျွန်မတို့က ညစ်ညူးမှုနဲ့ ပြည့်နေတယ်၊ ဒီတော့ ဘယ်လိုလုပ်ပြီး ဘုရားသခင်အားဖြင့် ကောင်းကင်နိုင်ငံထဲကို ကျွန်မတို့ ဆောင်ယူခံရနိုင်မှာလဲ။ အပြစ်နဲ့ပြည့်ဝမှုကို စွန့်ပစ်ခြင်းနဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်နာတဲ့ လူတွေ ဖြစ်လာခြင်းအားဖြင့်ပဲ ဘုရားသခင်ရဲ့ ထောက်ခံချက်ကို ကျွန်မတို့ ရနိုင်မှာဖြစ်ပြီး ကောင်းကင်နိုင်ငံထဲ ဝင်ဖို့ ထိုက်တန်မှာဖြစ်ပါတယ်။”

ဤအရာကို နားထောင်နေစဉ်၊ ကျွန်မက၊ “အဲဒါ မှန်တယ်။ အလုပ်လုပ်ပြီး အများကြီး ဒုက္ခခံစားရတဲ့လူတွေက ကောင်းကင်နိုင်ငံထဲကို ဝင်ရောက်နိုင်မယ်လို့ ဘုရားသခင် လုံးဝ မပြောခဲ့ဘူး။ အဲဒီအစား သူက ကောင်းကင်ဘုံရှင် အဖရဲ့ အလိုတော်ကို ဆောင်တဲ့သူတွေပဲ ဝင်ရမယ်လို့ ပြောခဲ့တယ်။ လက်စသတ်တော့ တိမောသေရဲ့ စကားတွေကို ဆုပ်ကိုင်ခဲ့တဲ့ ဒီနှစ်တွေအားလုံးမှာ ငါတို့ မှားခဲ့ပြီပဲ၊ ပြီးတော့ ဲဒါက ဘုရားသခင် တောင်းဆိုတဲ့အရာနဲ့ လုံးဝဆန့်ကျင်နေတယ်။ ဒီပြီးခဲ့တဲ့ နှစ်တွေကို ငါ စဉ်းစားကြည့်တဲ့အခါ၊ အသင်းတော်ထဲမှာ ငါ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်နေခဲ့ပြီး ကောင်းတဲ့ လုပ်ရပ်တွေအများကြီး လုပ်နေခဲ့ပေမယ့် အဲဒါတွေအားလုံးက ငါ ကောင်းကြီးခံစားရဖို့နဲ့ ကောင်းကင်နိုင်ငံထဲကို ဝင်နိုင်ဖို့ဖြစ်ခဲ့တာပဲ- ဒါဟာ ဘုရားနဲ့ အလှဲအလှယ်လုပ်ဖို့သက်သက်ပဲ၊ သူ့ကို ချစ်ပြီး စိတ်ဖြည့်ဆည်းပေးဖို့အတွက် လုံးဝ မဟုတ်ခဲ့ဘူးပဲ။ ထပ်ဖြည့်ရရင်၊ အခက်အခဲ ကြုံရတဲ့အခါ ဘုရားသခင်ကို ငါ အပြစ်တင်တုန်းပဲ၊ ပြီးတော့ ငါ တစ်ခုခု အမှားကို လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အငြင်းပွားပြီး လိမ်ညာနေတုန်းပဲ။ ဝန်ခံပြီးတဲ့နောက်မှာတောင် ငါ မကြာခဏ အပြစ်ဆက်လုပ်တယ်။ ငါက ဘယ်လိုလုပ်ပြီး ဘုရားအလိုတော်ကို လိုက်လျှောက်တဲ့လူတစ်ယောက်လို့ ယူဆလို့ရနိုင်မှာလဲ” ဟု တွေးမိခဲ့သည်။ ဤအချိန်တွင်၊ အစ်မ လီလီကို ကျွန်မက၊ “အလုပ်ကြိုးစားလုပ်ဆောင်တာက ကောင်းကင်နိုင်ငံထဲကို သွားတဲ့ လက်မှတ်တစ်ခု ရစေမယ်လို့ ကျွန်မ အမြဲ ယုံကြည်လေ့ရှိခဲ့တယ်၊ ဒါပေမယ့် ဒီကျမ်းစာတွေအပေါ် ဒီနေ့ မိတ်သဟာယပြုခြင်းကနေတဆင့် ဒီလိုယုံကြည်ချက်မျိုးက ဘုရားသခင်ရဲ့ အလိုတော်နဲ့ မကိုက်ညီဘူးဆိုတာ ကျွန်မ နားလည်လိုက်ပြီ။ အပြစ်ကို စွန့်ပစ်ပြီး သန့်စင်ခံရတဲ့လူတွေနဲ့ ဘုရားရဲ့အလိုတော်ကို ထိန်းသိမ်းနိုင်တဲ့လူတွေပဲ ကောင်းကင်နိုင်ငံထဲ ဝင်နိုင်မယ်ဆိုတာကိုလည်း ကျွန်မ မြင်လာရပြီ။ ဒါပေမယ့်၊ အပြစ်အားဖြင့် ကျွန်မ ချည်နှောင်ခံရတုန်းပဲဖြစ်ပြီး ဒီကနေ ကျွန်မ ဘယ်လိုလွတ်မြောက်ပြီး သန့်စင်ခံရမလဲဆိုတာကို ကျွန်မ မသိဘူး။ ကျွန်မနဲ့ ထပ်ပြီး မိတ်သဟာယပြုပေးလို့ ရမလား” ဟု ပြောလိုက်သည်။

ဆက်ရန်…

အပိုင်း နှစ်- ကက်သလစ်ဝါဒ- ကောင်းကင်နိုင်ငံနှင့်ဆိုင်သော ကျွန်မ၏ အိပ်မက် အကောင်အထည်ဖော်ခြင်းအတွက် နောက်ဆုံးတွင် မျှော်လင့်ချက်ရှိပြီ (၂)

အမှာစကား ချန်ခဲ့မည်