စာရင်း

ရုတ်တရက်ဖျားနာမှုကျရောက်ခြင်းက ကျွန်ုပ်အားဘုရားသခင်၏ကယ်တင်ခြင်းကို ကြိုဆိုနိုင်စေခဲ့သည်

ဒူဂျွမ်၊ ဂျပန်

ကျွန်မသည် တရုတ်နိုင်ငံ ကျေးလက်တောနယ်ရှိ ရွာလေးတစ်ရွာထဲက ဆင်းရဲသော မိသားစုတစ်စုတွင် မွေးဖွားခဲ့ပါသည်။ ကျွန်မ မိသားစု၏ စီးပွားရေး အခက်အခဲများကြောင့် ကျွန်မသည် မုန့်နှင့် အရုပ်များ မပြောနှင့်၊ တစ်ခါတစ်ရံ ထမင်းမစားရဘဲ နေခဲ့ရသည်။ ထို့အပြင် ကျွန်မ၏ အဝတ်အစားများအားလုံးမှာ ကျွန်မ၏ အစ်မထံမှ အကျများဖြစ်သည်။ သူ့အဝတ်အစားများက ပုံမှန်အားဖြင့် ကျွန်မအတွက် အလွန်ကြီးပြီး ကျွန်မ၏ အတန်းဖော်များက ကျွန်မကို ရယ်ကြကာ ကျွန်မနှင့် ကစားဖို့ ငြင်းကြလေသည်။ ကျွန်မ၏ ကလေးဘဝတစ်လျှောက်လုံးတွင် ကျွန်မ အလွန်ဆင်းရဲဒုက္ခခံခဲ့ရသည်။ ထိုအချိန်မှစ၍ ကျွန်မ မိမိကိုယ်ကိုယ် သန္နိဌာန်တစ်ခု ချမှတ်ခဲ့သည်- ကျွန်မ ကြီးလာသည့်အခါ ငွေအမြောက်အများရှာပြီး ကျွန်မ၏ သက်တူရွယ်သူများထက် သာရမည်။ အခြားသူများက ကျွန်မကို အထင်သေးခွင့် နောက်ထပ်ပြုမည်မဟုတ်ပါ။ ကျွန်မ၏ မိသားစုသည် ငွေမရှိသည့်အတွက် ဂျူနီယာအထက်တန်းမှ ကျောင်းမပြီးမီ ကျွန်မထွက်ခဲ့ရပြီး ကောင်တီမြို့ထဲက ဆေးစက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့ရသည်။ ပို၍ပင် ငွေရဖို့ရန်အတွက် မကြာခဏ ည ၉ နာရီ ၁၀ နာရီထိ ကျွန်မအချိန်ပိုလုပ်ခဲ့သည်၊ သို့သော် ကျွန်မ အားထုတ်ကြိုးပမ်းစေကာမူ ကျွန်မသည် မဖြစ်စလောက်သော တစ်ပဲခြောက်ပြားမျှသာ ရရှိခဲ့သည်။ တစ်ချိန်တွင် ကျွန်မ တစ်လ ရှာရသည့်အရာကို ကျွန်မ၏အစ်မက ဟင်းသီးဟင်းရွက်များရောင်းကာ ငါးရက်အတွင်း ရှာနိုင်သည်ကို ကျွန်မ ကြားခဲ့ရသည်၊ ထို့ကြောင့် ကျွန်မသည် ဆေးဝါးစက်ရုံက အလုပ်ကို ထွက်လိုက်ပြီး ဟင်းသီးဟင်းရွက်များ သွားရောင်းခဲ့သည်။ တစ်ခဏကြာပြီးနောက် သစ်သီးဝလံများ ရောင်းချခြင်းဖြင့် ကျွန်မ ပို၍ပင် ငွေရှာနိုင်သည်ကို တွေ့ရှိခဲ့သောကြောင့် သစ်သီးဝလံ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ ကျွန်မဆုံးဖြတ်ခဲ့သည်။ ကျွန်မယောက်ျားနှင့် အိမ်ထောင်ပြုပြီးနောက် ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်ကို ကျွန်မတို့ ဖွင့်ခဲ့ကြသည်။ ယခု ကျွန်မ စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ပြီဖြစ်ပြီး ပို၍ပင် ငွေရှာနိုင်မည်ဟု ကျွန်မထင်ခဲ့သည်။ အတော်များသည့် ငွေကြေးပမာဏတစ်ခု ကျွန်မရှာနိုင်သည့်အခါ ကျွန်မ၏ သက်တူရွယ်တူများ၏ လေးစားမှုနှင့် အရေးထားမှုတို့ကို အလိုအလျောက် ရရှိလိမ့်မည်၊ တစ်ချိန်တည်းတွင် အဆင့်အတန်းမြင့်သောသူတစ်ဦး၏ ဘဝပုံစံကိုလည်း နေထိုင်နိုင်လိမ့်မည်ဖြစ်သည်။ သို့သော် စီးပွားရေးလုပ်ငန်းကို တစ်ခဏကြာ လုပ်ကိုင်ပြီးနောက်တွင် ထိုမျှလောက်သော ငွေများကို ကျွန်မတို့ မရှာနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ကျွန်မ စတင်၍ စိုးရိမ်ကြောင့်ကြပြီး ပူပန်လာခဲ့သည်။ အခြားသူများလေးစားရသည့် ဘဝတစ်ခုကို မည်သည့်အချိန်များမှ ကျွန်မ နေထိုင်နိုင်မည်နည်း။

၂၀၀၈ ခုနှစ်တွင် မမျှော်လင့်ထားသော အခွင့်အရေးတစ်ခု ပေါ်လာခဲ့သည်။ ဂျပန်နိုင်ငံတွင် တစ်နေ့လုပ်အားခမှာ တရုတ်နိုင်ငံတွင် ဆယ်ရက်လုပ်အားခနှင့် အကြမ်းဖျင်း ညီမျှသည်ကို မိတ်ဆွေတစ်ဦးထံမှ ကျွန်မသိခဲ့ရသည်။ ဤအရာကို ကျွန်မ ကြားသည့်အချိန်တွင် အလွန့်အလွန် ဝမ်းမြောက်ခဲ့သည်။ ငွေရှာဖို့ အခွင့်ကောင်းတစ်ခု နောက်ဆုံးတွင် ကျွန်မတွေ့ပြီဟု ထင်ခဲ့သည်။ ဂျပန်နိုင်ငံသွားဖို့ အေးဂျင့်ခစျေးကြီးသော်လည်း ကျွန်မ မိမိဘာသာ တွေးခဲ့သည်- “မစွန့်စားဘဲ ဘာမှမရဘူး။ အေးဂျင့်ခတွေ ဘယ်လောက်ပဲ များပါစေ၊ ဂျပန်မှာ ငါတို့ အလုပ်တွေရသရွေ့၊ ငွေကို မြန်မြန် ပြန်ထေမိမှာပဲ။” ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို ဦးတည်သည့် ကျွန်မတို့၏ အိပ်မက်များကို အကောင်အထည်ဖော်ဖို့ရန်အလို့ငှာ၊ ကျွန်မနှင့် ကျွန်မ၏ယောက်ျားတို့ ဂျပန်သို့ သွားရန် ချက်ချင်းဆုံးဖြတ်ခဲ့ကြသည်။ ဂျပန်သို့ ကျွန်မတို့ ရောက်ရှိပြီးနောက် အလွန်ပင် မြန်မြန်ဆန်ဆန် ကျွန်မတို့ အလုပ်ရှာတွေနိုင်ခဲ့ကြသည်။ နေ့တိုင်း ကျွန်မယောက်ျားနှင့် ကျွန်မတို့ ဆယ်နာရီကျော် အလုပ်လုပ်ခဲ့ကြသည်။ အလုပ်ဖိစီးမှုက သိသာခဲ့ပြီး တစ်နေ့လုံး ကျွန်မ လုံးဝ ခြေကုန်လက်ပန်းကျခဲ့သည်။ အလုပ်ပြီးလျှင် ကျွန်မ အလုပ်ချင်ဆုံးအရာမှာ လဲလျောင်းပြီး အနားရန်ဖြစ်သည်၊ စားသောက်ခြင်းပင်လျှင် ငြီးငွေ့ဖွယ်ကောင်းသော အလုပ်တစ်ခုလို ဖြစ်ခဲ့သည်။ ထိုမျှမြန်ဆန်သော ဘဝပုံစံတစ်ခုကို ကြံ့ကြံ့ခံဖို့ ခဲယဉ်းသည်ကို ကျွန်မတွေ့ခဲ့ရသည်။ သို့သော် နှစ်အနည်းငယ်ကြာ ရုန်းကန်ပြီးနောက် ကျွန်မတွင်ရှိမည့် ငွေများအားလုံးနှင့်ပတ်သက်၍ ကျွန်မတွေးသည့်အခါ၊ ကျွန်မသည်၊ “ခုချိန်မှာ အလုပ်ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့် အနာဂတ်မှာ သိပ်ကောင်းတဲ့ ဘဝတစ်ခုကို မင်းနေထိုင်ရမယ်။ ဒါကြောင့် ဆက်လုပ်ပြီး လက်မလျော့နဲ့” ဟု တွေးကာ ကျွန်မ မိမိကိုယ်ကိုယ် ခွန်အားပေးခဲ့သည်။ ထို့ကြောင့် ငွေထုတ်စက်တစ်ခုကဲ့သို့ မရပ်မနား အလုပ်ဖိလုပ်ရင်း နေ့စဉ်နေ့တိုင်း အရိုးကြေကြ အရေခန်းခန်း ကျွန်မအလုပ်လုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် နောက်ဆုံး၌ လေးလံသော အလုပ်ဝန်အောက်တွင် ကျွန်မမေ့လဲလေသည်။ ဆေးစစ်ဖို့အတွက် ဆေးရုံသို့ ကျွန်မသွားခဲ့ပြီး ဆရာဝန်က ကျွန်မတွင် ခါးဆစ်ရိုးကြား အရိုးနုအပြား နေရာလွဲထွက်လာခြင်းကို ခံစားရပြီး ယင်းက အာရုံကြောကို ဖိအားပေးနေသည်ဟု ပြောခဲ့သည်။ ကျွန်မ အလုပ်လုပ်နေခဲ့သည့်အတိုင်း ဆက်လုပ်လျှင် နောက်ဆုံးတွင် ကျွန်မ အိပ်ရာထဲလဲရမည်ဖြစ်ကာ မိမိကိုယ်ကိုယ် ဂရုစိုက်နိုင်လိမ့်မည်မဟုတ်ပါ။ ဤသတင်းက ကျွန်မကို မိုးကြိုးသွားတစ်ခုကဲ့သို့ ဆိုင်းမဆင့် ဗုံမဆင့် ထိုးနှက်ခဲ့သည်။ ချက်ချင်းပင် ကျွန်မ အလွန့်အလွန် အားနည်းလာခဲ့သည်။ ကျွန်မ၏ဘဝက တိုးတက်ရုံသာ ရှိသေးပြီး ကျွန်မ၏ အိပ်မက်ဆီ နီးသထက် နီးနေခဲ့လေသည်။ ကျွန်မ နာမကျန်းဖြစ်လိမ့်မည်ဟု လုံးဝမတွေးမိခဲ့ပါ။ လက်လျော့လိုက်ဖို့ ကျွန်မငြင်းခဲ့သည်။ ကျွန်မ တွေးမိခဲ့ပါသည်- “ငါက ငယ်သေးတယ်။ ငါ အံကြိတ်ပြီး ဒါကို ကျော်ဖြတ်နိုင်ပါတယ်လေ။ အခု ငါ ငွေပိုမရှာဘဲ အဲဒီလို မစို့မပို့ဝင်ငွေလေးနဲ့ တရုတ်နိုင်ငံကို ပြန်သွားရင် မျက်နှာ ပိုပြီး ပျက်ရမှာပဲမဟုတ်လား။” ထို့ကြောင့် ငွေပိုရှာဖို့ အလုပ်သို့ ကျွန်မ၏ မကျန်းမာသည့် ခန္ဓာကိုယ်ကို ဆက်၍ အတင်းဆွဲခေါ်နေခဲ့သည်။ သို့သော် ရက်အနည်းငယ်ကြာပြီးနောက် ကျွန်မ အလွန်နာမကျန်းဖြစ်ခဲ့သည်မှာ အိပ်ရာမှ တကယ်ကို မထနိုင်ခဲ့ပါ။

အသင်းတော် အသက်

ကျွန်မကိုစောင့်ရှောက်ဖို့ မည်သူမျှမရှိဘဲ ဆေးရုံရှိ ကုတင်တစ်ခုပေါ်တွင် လဲလျောင်းရင်း ကျွန်မ လုံးဝ စိတ်မသက်မသာ ဖြစ်ခဲ့သည်။ “ငါ ဘယ်လိုဖြစ်ပြီး ဒီအခြေအနေမှာ အဆုံးသတ်ရတာလဲ။ အိပ်ရာကမထနိုင်အောင် ငါ တကယ်ပဲ အဆုံးသတ်ရတော့မှာလား။” ထိုအခိုက်အတန့်တွင် ကျွန်မ၏ နံဘေးမှာထိုင်ဖို့ တစ်စုံတစ်ဦးကို ကျွန်မ ဘယ်လောက် မျှော်လင့်လိုက်ပါဘိ။ ကံဆိုးချင်တော့၊ ကျွန်မ၏ယောက်ျားက အလုပ်တွင်ရှိပြီး ကျွန်မ၏သားက ကျောင်းတွင်ရှိနေခဲ့သည်။ ကျွန်မ၏သူဌေးနှင့် လုပ်ဖော်ကိုင်ဖက်များက သူတို့ကိုယ်ပိုင် အကျိုးအမြတ်များကိုသာ အလေးထားခဲ့ကြသည်။ သူတို့ထဲမှ မည်သူကမျှ ဂရုစိုက်မှု နည်းနည်းမျှ မပြခဲ့ကြပါ။ ဖျားနာဆောင်တစ်ဝိုက်က အသီးသီး မိမိတို့၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခခံစားနေရသည့် လူနာအမျိုးမျိုးကို ကျွန်မကြည့်သည့်အချိန်တွင် ပြောမပြတတ်အောင် ဝမ်းနည်းမှုမျိုးကို တွေကြုံခဲ့ရပြီး မတွေးဆပဲ မနေနိုင်ခဲ့ပါ- ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ။ လူတစ်ဦးက အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုကို ဘယ်လို အသက်ရှင်နိုင်မှာလဲ။ ငွေက ပျော်ရွှင်မှုကို တကယ်ပဲ ဝယ်နိုင်လား။ အနှစ်သုံးဆယ်ကြာ ရုန်းကန်ရခြင်းအတွက် ကျွန်မပြစရာ မည်သည့်အရာရှိသည်ကို ကျွန်မသုံးသပ်ခဲ့သည်။ ဆေးဝါးစက်ရုံတစ်ခုတွင် ကျွန်မအလုပ်လုပ်ခဲ့သည်၊ သစ်သီးဝလံ ရောင်းခဲ့သည်၊ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ခဲ့ပြီး အလုပ်လုပ်ဖို့ ဂျပန်သို့ လာခဲ့ပြီးပြီဖြစ်သည်။ ဤနှစ်များအတောအတွင်းတွင် အမှန်ပင် ငွေကြေးအချို့ကို ကျွန်မရှာဖွေရရှိခဲ့သော်လည်း၊ ယင်းအား ကျွန်မ၏ ကိုယ်ပိုင်ပျော်ရွှင်မှုကို အဆုံးရှုံးအနစ်နာခံကာ ရလာခဲ့ခြင်း ဖြစ်ပြီး၊ ကျွန်မ၏ ဆင်းရဲဒုက္ခကို ကျွန်မ ပြန်ပြောပြနိုင်မည့်သူ မည်သူမျှမရှိခဲ့ပါ။ ကျွန်မ ဂျပန်နိုင်ငံကို ရောက်သည်နှင့်တစ်ပြိုင်နက် ကျွန်မ၏အိပ်မက်များကို အလျင်အမြန် အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ကျွန်မထင်ခဲ့သည်။ ဂျပန်တွင် နှစ်အနည်းငယ် ရှိပြီးနောက် တရုတ်နိုင်ငံသို့ ကျွန်မပြန်သွားသည့်အခါ၊ ချမ်းသာကြွယ်ဝမှုနှင့် ထည်ဝါမှုတို့ဖြင့် ဘဝကို အသစ်စတင်ကာ ကျွန်မ၏ သက်တူရွယ်တူများက အားကျလာကြသည်ကို ခံရလိမ့်မည်ဖြစ်သည်။ သို့သော် ယခု ကျွန်မမှာ ဆေးရုံအိပ်ရာတစ်ခုပေါ်တွင် လဲလျောင်းရင်းနှင့် လက်တွန်းလှည်းတစ်ခုတွင် ချုပ်လှောင်ခံရပြီး အတောမသတ် နာကျင်မှု၌ ကျွန်မဘဝ၏ ဒုတိယ ထက်ဝက်တစ်ခုလုံး ကုန်ဆုံးရမည့် အရေးနှင့်ပင် ရင်ဆိုင်နေရရင်း ဤနေရာတွင် ရှိလေသည်။...ဤအတွေးတွင် ငွေရဖို့သာ ကျွန်မဘဝကို စွန့်စားခဲ့ပြီး ဘဝမှာ ရှေ့ဆက်ခဲ့သည်ကို ကျွန်မ စတင်နောင်တရမိခဲ့သည်။ ဤအကြောင်းကို ကျွန်မ ပိုတွေးလေ၊ ခါးသီးသောမျက်ရည်များက ကျွန်မမျက်နှာတွင် ပိုမိုစီးကျလာလေ ဖြစ်ခဲ့သည်။ မချိတင်ကဲ ဝေဒနာဖြင့် ကျွန်မစိတ်နှလုံးထဲတွင် မအော်ဟစ်ဘဲ မနေနိုင်ခဲ့ပါ- “အို၊ ဘုရားသခင်။ ကျွန်မကို ကယ်ပါ။ ဘဝက ဘာလို့ အရမ်းရက်စက်ရတာလဲ။”

နာကျင်မှုနှင့် အကူအညီမဲ့ခြင်းတို့တွင် ကျွန်မအလွန်အမင်း နှစ်မြှုပ်နေချိန်မှာပင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်း ကျွန်မဆီသို့ ရောက်လာခဲ့ပြီး ကျွန်မ၏ နာမကျန်းဖြစ်ခြင်းက ကျွန်မ၏ ကောင်းချီးမင်္ဂလာ ဖြစ်လာခဲ့သည်။ အမှတ်တမဲ့ဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ညီအစ်မသုံးဦးနှင့် ကျွန်မသိကျွမ်းလာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့နှင့် အတူတကွ ဖတ်ရှုခြင်းမှတစ်ဆင့် ကောင်းကင်နှင့်မြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့သည် သဘာဝဖြစ်စဉ်များမှ ဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်ဘဲ ဘုရားသခင် ဖန်ဆင်းထားခြင်းဖြစ်ကြောင်း၊ ဘုရားသခင်မှာ စကြဝဠာတစ်ခုလုံး၏ အရှင်သခင်ဖြစ်ကြောင်း၊ လူ၏ကံကြမ္မာသည်လည်း ဘုရားသခင်၏ လက်တော်ထဲတွင်ရှိကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို တစ်လျှောက်လုံး လမ်းပြခဲ့ပြီး ထောက်ပံ့ပေးခဲ့ကြောင်းနှင့် လူသားမျိုးနွယ်ကို သူသည် စဉ်ဆက်မပြတ် စောင့်ရှောက်ကာ ကွယ်ကာလျက်ရှိကြောင်းတို့ကို ကျွန်မနားလည်ခဲ့သည်။ လူကို ဘုရားသခင် မည်မျှကြီးမားစွာ ချစ်သည်ကို ကျွန်မခံစားခဲ့ရသည်။ သို့သော် ကျွန်မ နားမလည်ခဲ့သေးသည့်အရာတစ်ခု ရှိပါသည်- ကျွန်မတို့၏ ကံကြမ္မာများအပေါ် ဘုရားသခင်က အုပ်စိုးပြီး၊ တာဝန်ယူသည်ဖြစ်၍ ကျွန်မတို့အနေဖြင့် ပျော်ရွှင်ပြီး ဝမ်းမြောက်သင့်သည်၊ သို့ဆိုလျှင် နာမကျန်းမှုနှင့် နာကျင်မှုတို့ကို ကျွန်မတို့ အဘယ်ကြောင့် ခံစားရသေးသနည်း။ ဘဝက အဘယ့်ကြောင့် ခက်ခဲလှပါသနည်း။ ဘဝ၏နာကျင်မှုက မည်သည့်နေရာမှ လာပါသနည်း။ တစ်နေ့တွင် ကျွန်မ၏ မရှင်းလင်းမှုကို ညီအစ်မများအား ကျွန်မပြောပြခဲ့သည်။ ညီအစ်မတစ်ဦးက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းတစ်ပိုဒ်ကို ကျွန်မအတွက် ဖတ်ရှုခဲ့သည်- “လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဘယ်အရာက လူတို့ကို ဤအရာများအား ရရှိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ထိုအရာများ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ထိုအရာများသည် လူသားများအနေဖြင့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာ ဆုတ်ယုတ်လာခဲ့သည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်၊ ယင်းက ၎င်းတို့ကို စတင် ညှဉ်းဆဲခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ လူသားမျိုးနွယ်၏ အနာရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး၊ သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ တိုး၍ တိုး၍၊ လူတို့သည် လူ့လောက၏ အနှစ်သာရကင်းမဲ့ခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်းအပြင်၊ ဆက်လက်ရှင်သန်နိုင်စွမ်းမရှိခြင်းတို့ကို ခံစားခဲ့ကြရပြီး၊ သူတို့သည် ကမ္ဘာလောကအတွက် မျှော်လင့်ချက် ပို၍ပို၍လျော့နည်းစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး၊ ထိုအရာသည် သူတို့အား စာတန်မှ ဖောက်ပြန်ပျက်စီးစေပြီးနောက်မှသာ ရောက်လာကာ သူတို့၏ ဇာတိပကတိမှာ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကီ ဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အရေးပါမှု”) ညီအစ်မက၊ “အစအဦးမှာ လူကို ဘုရားသခင် ဖန်ဆင်းခဲ့တဲ့အချိန်မှာ ဘုရားသခင်က သူတို့နဲ့အတူ ရှိခဲ့တယ်၊ ပြီးတော့ သူတို့ကို စောင့်ရှောက်ပြီး ကွယ်ကာခဲ့တယ်။ အဲဒီအချိန်တုန်းက မွေးဖွားခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ မကျန်းမာခြင်း ဒါမှမဟုတ် သေခြင်း မရှိခဲ့သလို၊ စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် အနှောင့်အယှက်တွေ မရှိခဲ့ဘူး။ လူတွေဟာ သူတို့အပေါ် ဘုရားသခင် ချပေးသနားခဲ့တဲ့ အရာခပ်သိမ်းမှာ ပျော်မွေ့ရင်း စိုးရိမ်သောကနဲ့ ကြောင့်ကြမှုမရှိဘဲ ဧဒင်ဥယျာဉ်ထဲမှာ နေထိုင်ခဲ့ကြတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုအောက်မှာ လူသားမျိုးနွယ်ဟာ ပျော်ရွှင်စွာနဲ့ ဝမ်းမြောက်စွာ နေထိုင်ခဲ့ကြတယ်။ ဒါပေမယ့် လူသားမျိုးနွယ်ဟာ စာတန်ရဲ့ သွေးဆောင်ဖြားယောင်းခြင်းနဲ့ ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရပြီးတဲ့နောက်မှာ ဘုရားသခင်ကို သူတို့ သစ္စာဖောက်ခဲ့ကြပြီး ဘုရားသခင်ရဲ့ စကားတွေထက် စာတန်ရဲ့ စကားတွေကို အရေးစိုက်ခဲ့ကြတယ်။ ဒီအကြောင်းရင်းကြောင့် လူသားမျိုးနွယ်ဟာ ဘုရားသခင်ရဲ့ စောင့်ရှောက်မှု၊ ကွယ်ကာမှုနဲ့ ကောင်းချီးမင်္ဂလာတို့ကို ဆုံးရှုံးခဲ့ရပြီး စာတန်ရဲ့ အုပ်စိုးမှုအောက်ကို ကျရောက်ခဲ့ရတယ်။ နှစ်ထောင်ပေါင်းများစွာ ရုပ်ဝတ္ထုဝါဒ၊ ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲပြောင်းလဲခြင်းဝါဒအပြင် လူတွေကို လှည့်ဖြားပြီး အန္တရာယ်ဖြစ်စေဖို့ ကြီးမြတ်တဲ့လူတွေနဲ့ ကျော်ကြားတဲ့သူတွေ ကြော်ငြာတဲ့ ယုတ္တိမဲ့တဲ့အရာတွေနဲ့ အလိမ်အညာတွေလို မိစ္ဆာအယူတွေနဲ့ လမ်းလွဲစေတဲ့လိမ်ဆင်တွေကို စာတန်က တစ်သမတ်တည်း အသုံးပြုခဲ့တယ်-‘တကယ်တော့ ဘုရားသခင်ဆိုတာ လုံးဝမရှိဘူး’ ‘ကယ်တင်ရှင် မည်သည့်အခါကမျှ မရှိခဲ့ပေ’ ‘လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏’ ‘ကျော်စောအောင်လုပ်ပြီး ဘိုးဘေးတွေကို ဂုဏ်ပြုပါ’ ‘မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏’ ‘လူသားသည် ချမ်းသာကြွယ်ဝရန် မည်သည့်အရာကိုမဆို လုပ်လိမ့်မည်’ ‘ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်’ နဲ့ ‘ငွေသာလျှင် ပထမ’ စတာတွေပေါ့။ ဒီယုတ္တိမဲ့တာတွေနဲ့ မိစ္ဆာအယူဝါဒတွေကို လူသားမျိုးနွယ်က လက်ခံခဲ့ပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ တည်ရှိခြင်းကို သူတို့ ငြင်းပယ်ခဲ့ကြတယ်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ငြင်းပယ်ခဲ့ကြပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြတယ်။ ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ဖန်တီးဖို့ မိမိရဲ့ကိုယ်ပိုင် လက်နှစ်ဖက်ကို သူတို့ အားကိုးဖို့ ဆန္ဒရှိခဲ့ကြတယ်။ လူသားရဲ့ စိတ်သဘောထားကလည်း ပိုပိုပြီး မာနထောင်လွှားလာပြီး စိတ်ကြီးဝင်လာခဲ့တယ်။ သူတို့က ပိုပြီးတောင် မိမိကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ ထင်လာကြတယ်၊ တစ်ကိုယ်ကောင်းဆန်လာကြတယ်၊ ကောက်ကျစ်လာကြပြီး ဆိုးယုတ်လာကြတယ်။ အဆင့်အတန်း၊ ချမ်းသာကြွယ်ဝမှုနဲ့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်တွေအတွက် သူတို့ရဲ့ ရုန်းကန်ကြိုးစားမှုမှာ မသိကျေးကျွန်ပြုတာ၊ လျှို့ဝှက်ကြံစည်တာနဲ့ ပြိုဆိုင်မှုတွေမျိုးစုံ လူတွေရဲ့ကြားမှာ ပေါ်ပေါက်ခဲ့တယ်။ သူတို့ဟာ ပိုပိုလို့ ပူပန်သောကရောက်လာပြီး ခြေကုန်လက်ပန်းကျလာတဲ့ အခိုက်မှာ အချင်းချင်း တိုက်ခိုက်ပြီး လိမ်လည်လှည့်စားခဲ့ကြတယ်။ နောက်ဆုံးမှာ ဒီအရာက သူတို့ကို နာမကျန်းဖြစ်စေတယ်၊ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခကို တွေ့ကြုံစေပြီး ဝိညာဉ်ရေးရာမှာ အနှစ်မဲ့လာစေခဲ့တယ်။ ဒီနာကျင်မှုတွေနဲ့ ပူပန်သောကတွေက ကျွန်မတို့ကို ဒီလောကထဲက လူ့ဘဝဟာ အရမ်းစိတ်ဆင်းရဲရတယ်၊ အရမ်းပင်ပန်းစရာဖြစ်ပြီး ဆင်းရဲဒုက္ခနဲ့ ပြည့်နက်လွန်းလှတယ်လို့ ခံစားရစေတယ်။ ဒီအရာအားလုံးဟာ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးတဲ့နောက်မှ ဖြစ်ပျက်တာဖြစ်တယ်၊ အဲဒါဟာ စာတန်က ကျွန်မတို့ကို အန္တရာယ်ပေးနေတာဖြစ်ပြီး၊ အဲဒါက ဘုရားသခင်ကို လူသားမျိုးနွယ်က ငြင်းပယ်ခြင်း၊ သူတို့ကိုယ်သူတို့ ဘုရားသခင်ဆီကနေ ဝေးကွာစေပြီး ဘုရားသခင်ကို သစ္စာဖောက်ခြင်းရဲ့ ခါးသီးတဲ့ အကျိုးဆက်လည်း ဖြစ်ခဲ့ပါတယ်” ဟု ပြောကာ ကျွန်မကို မိတ်သဟာယပြုပေးခဲ့သည်။

ရုတ်တရက်ဖျားနာမှုကျရောက်ခြင်းက ကျွန်ုပ်အားဘုရားသခင်၏ကယ်တင်ခြင်းကို ကြိုဆိုနိုင်စေခဲ့သည်။

ထိုညီအစ်မက၊ “လူသားမျိုးနွယ်ဟာ စာတန်ရဲ့ ဖောက်ပြန်ဖျက်ဆီးခြင်းနဲ့ အန္တရာယ်ပြုခြင်း ဆက်လက်ခံနေရတာကို ဘုရားသခင်က ကြည့်မနေနိုင်ဘူး၊ ဒါကြောင့် သူက ကျွန်မတို့ ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေကို ရွေးနုတ်ဖို့နဲ့ ကယ်တင်ဖို့ လူသားတွေကြားမှာ နှစ်ကြိမ်လူ့ဇာတိခံခဲ့တယ်။ အထူးသဖြင့် နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ ခရစ်တော်က နှုတ်ကပတ်တော် သန်းပေါင်းများစွာ ဖော်ပြပြီးပါပြီ။ အဲဒါတွေက စာတန်ရဲ့ ဖောက်ပြန်ဖျက်ဆီးခြင်းကနေ သူတို့ကိုယ်သူတို့ ဆွဲထုတ်ဖို့၊ သန့်စင်ခံရပြီး အပြည့်အဝ ကယ်တင်ခံရဖို့ လူသားမျိုးနွယ်ကို အခွင့်ပေးတဲ့ သမ္မာတရားဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်မတို့ နားထောင်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲက သမ္မာတရားကို နားလည်သရွေ့၊ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေတဲ့ နည်းစနစ်တွေနဲ့ နည်းလမ်းတွေအားလုံးကို ကျွန်မတို့ ခွဲခြားပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်မှာဖြစ်တယ်။ စာတန်ရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို ကျွန်မတို့ ရိပ်စားမိမှာဖြစ်ပြီး စာတန်ကိုစွန့်ပစ်ဖို့ ခွန်အား ရရှိကြမှာ ဖြစ်ပါတယ်၊ စာတန်ရဲ့ အန္တရာယ်ကနေ ထွက်ပြေးလွတ်မြောက်ကြမှာဖြစ်တယ်၊ ဘုရားသခင်ရှေ့မှောက် ပြန်လာကြမှာဖြစ်တယ်၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိပြီး နောက်ဆုံးမှာ နှစ်သက်ပျော်ရွှင်ဖွယ် အဆုံးသတ် ခရီးပန်းတိုင်တစ်ခုဆီ ဘုရားသခင်ရဲ့ ခေါ်ဆောင်သွားတာ ခံရမှာဖြစ်ပါတယ်” ဟု ပြောကာ ကျွန်မအား သူ၏ မိတ်သဟာယပြုချက်ကို ဆက်ပြောခဲ့သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ကြွလာခဲ့ပြီဖြစ်သည်ကို ကြားရသည့်အချိန်တွင် ကျွန်မ အလွန် စိတ်လှုပ်ရှားလာခဲ့သည်။ ကျွန်မအား စာတန်က ဆက်လက်အန္တရာယ်ပေးသည်ကို ကျွန်မ တကယ်မလိုချင်ပါ၊ ထို့ကြောင့် ကျွန်မ၏ နာကျင်မှုနှင့် စိတ်ရှုပ်ထွေးခြင်းတို့ကို ကျွန်မ၏ ညီအစ်မများအား ပြောပြခဲ့သည်- “ကျွန်မသိပ်နားမလည်တဲ့ ကိစ္စရပ်တစ်ခုရှိတယ်။ ဆိုရိုးစကားတစ်ခုက ‘လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်- ရေသည်နိမ့်ရာသို့ စီးဆင်း၏’ လို့ပြောတယ်။ ထင်ပေါ်ပြီး သက်သောင့်သက်သာရှိတဲ့ ဘဝတစ်ခုကို နေထိုင်ရဖို့ ကျွန်မ အရမ်းကြိုးစား အလုပ်လုပ်ခဲ့ပြီး၊ လူမှုစံနှုန်းတွေအရ ဒါကို အတွေးအမြင်ဝါဒဆန်ပြီး ရည်မှန်းချက်ကြီးတယ်လို့ မြင်လို့ရတယ်။ ဒီလိုဘဝနည်းလမ်းကလည်း ကျွန်မတို့ကို စာတန် အန္တရာယ်ပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်မလား။”

ညီအစ်မက နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းနှစ်ပိုဒ်ကို ကျွန်မအား ဖတ်ပြခဲ့သည်- “လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း၊ စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊ သို့မဟုတ် လူတို့၏ ဆန္ဒများ သို့မဟုတ် ၎င်းတို့၏ ရည်မှန်းချက်များကို ဖြည့်ဆည်းခွင့် ပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံကို အသုံးပြု လေသည်။ စာတန်သည် သင့်ကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော စံအယူအဆများ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်- ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ တို့ ဖြစ်၏။ စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေလေသည်၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)”)ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)”)

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း ပြီးစီးသည့်နောက်တွင် ထိုညီအစ်မက လူကို ဖောက်ပြန်ပျက်စီးစေဖို့ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို စာတန်အသုံးပြုခြင်း၏ အမှန်တရားများနှင့် လက်တွေ့အရှိတရားတို့နှင့် စပ်လျဉ်း၍ ကျွန်မအား မိတ်သဟာယပြုပေးခဲ့သည်။ ထို့နောက်တွင်မှ ဤလောကထဲက အာဏာစွဲကိုင်ထားသောသူနှင့် လူသားမျိုးနွယ်ကို ထိန်းချုပ်ထားသူ အားလုံးတို့သည် စာတန်၏ ဆိုးယုတ်သော အင်အားစုများဖြစ်ကြောင်း၊ ကျော်ကြားပြီး ကြည်ညိုခံရသည့် လူတို့သည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့် မကောင်းဆိုးဝါး ရှင်ဘုရင်များဖြစ်ကြောင်းနှင့် မာတ်စ်၏ ဘုရားမဲ့ဝါဒနှင့် ဒါဝင်တင်ပြခဲ့သည့် ဆင့်ကဲပြောင်းလဲခြင်း သဘောတရားတို့က လူသားမျိုးနွယ်ကို အဆုံးစွန်ထိ လှည့်ဖြားပြီး ဖောက်ပြန်ပျက်စီးစေခဲ့ကာ၊ ဘုရားသခင်ကို ရှောင်ဖယ်ပြီး သစ္စာဖောက်ဖို့ လူသားမျိုးနွယ်ကို သွေးဆောင်ခဲ့ကြောင်းတို့ကို ကျွန်မနားလည်ခဲ့သည်။ ထို့နောက်တွင်မှ ယခင်က ကျွန်မဖတ်ရှုခဲ့သည့် စာအုပ်များက စာတန်၏ အဆိပ်၊ စာတန်၏ အတွေးအခေါ်နှင့် စာတန်၏ ယုတ္တိသဘောတို့ဖြင့်သာ ပြည့်နေခဲ့သည်ကို ကျွန်မနားလည်လိုက်ရသည်။ လူသားမျိုးနွယ်ကို စာတန်က မည်သို့ ဖောက်ပြန်ပျက်စီးစေခဲ့သည်ကို ကျွန်မအား ထုတ်ဖော်ပြခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ မဟုတ်လျှင် အမှောင်ထဲတွင် အစွမ်းကုန်ရုန်းကန်ရင်း ကျွန်မသည် စာတန်၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေရဦးမည်ဖြစ်သည်။ လူအနေဖြင့် စံနှုန်းနှင့် ပြင်းပြသောဆန္ဒများ ရှိခြင်းသက်သက်သည် ဘာမျှမမှားပါ၊ သို့သော် လူ့အနေဖြင့် သူ၏စိတ်ကူးများကို လိုက်စားခြင်းဖြစ်စဉ်တွင် စာတန်က လူကို ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက်သာ အသက်ရှင်ဖို့ သွေးဆောင်ဖြားယောင်းရင်း သူ၏ နည်းစနစ်များနှင့် ရှင်သန်မှု အခြေခံသဘောတရားများဖြင့် လူကိုပြည့်စေဖို့ နည်းစနစ်မျိုးစုံကို အသုံးပြုလေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် အသုံးတော်ခံပြီး ကြိုးပမ်းကြသည့်အခါ ကျွန်မတို့အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ ဆွဲဆောင်မှုက အလွန်ကြီးမားသောကြောင့် သူတို့သည် အလင်းဖြစ်သည့်အရာနှင့် အဓိပ္ပါယ်ရှိသောဘဝကို မည်သို့ အသက်ရှင်ရမည်ကို မရှာဖွေကြတော့သလို၊ ထိုအရာကို ကျွန်မတို့ အလွန်စွဲလမ်းလာခဲ့သည်မှာ ကျွန်မတို့ မိမိကိုယ်ကိုယ် လွတ်မြောက်စေဖို့ နည်းလမ်းမရှိတော့အောင် ဖြစ်လေသည်။ ဤသည်တို့မှာ ကျွန်မတို့၏ ခန္ဓာကိုယ်များကို ချုည်နှောင်ရာတွင် စာတန်အသုံးပြုသည့် အချုပ်အနှာင်များ၊ လူတို့ကို စာတန် ဖောက်ပြန်ပျက်စီးစေရာတွင် အသုံးပြုသည့် ဒုက္ခပေးသော လျှို့ဝှက်အကြံအစည်များ ဖြစ်လေသည်။ ပြန်လည်သုံးသပ်ဆင်ခြင်ရသော် ကျွန်မ၏ သက်တူရွယ်တူများအထက်တွင် ထူးချွန်ခြင်းနှင့် အခြားသူများ၏ လေးစားခြင်းကို ရရှိဖို့ ငွေရရှိခြင်းတို့ကို လိုက်စားရာတွင် ကျွန်မ၌ မိမိကိုယ်ကိုယ်သိသော အသိစိတ် ပျောက်ဆုံးခဲ့ရသည်၊ လူမဆန်သည့်၊ ငွေလုပ်စက်တစ်ခု ဖြစ်လာခဲ့ပြီး ဒွိဟစိုးစဥ်းမျှမရှိဘဲ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကျွန်မ၏ ကျန်းမာရေးကိုပင် စတေးခဲ့သည်။ ကျွန်မသည် ငွေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကျေးကျွန်တစ်ဦး အမှန်တကယ် ဖြစ်လာခဲ့သည်။ ကျွန်မသည် “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ဟူသည့် ဆိုရိုးစကားတွင် ဖော်ပြထားသည့် မှားယွင်းသော ဘဝအမြင်တစ်ခု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သောကြောင့် ပိုအဆင်ပြေဖို့ အမြဲလိုချင်လျက် ဆက်လက်ကြိုးစားရုန်းကန်ရန် ကြီးမားသော ကြိုးစားအားထုတ်မှုများ ကျွန်မလုပ်ဆောင်ခဲ့သည်။ ကျွန်မသည် မည်သည့်အခါမျှ စိတ်ကျေနပ်မှုမရှိခဲ့ဘဲ ကျွန်မ၏ခန္ဓာကိုယ် ပြိုလဲလုသည်အထိ အလုပ်လုပ်ခဲ့ပြီး ကျွန်မတွင် ရွေးချယ်စရာမရှိခဲ့သောကြောင့်သာ ကျွန်မရပ်တန့်ခဲ့ခြင်းဖြစ်သည်။ ကျော်ကြားမှုနှင့် အကျိူးအမြတ်တို့ကို လိုက်စားခြင်းက ကျွန်မ၏ဘဝကို အမှန်တကယ် အလွန်ခက်ခဲစေပြီး ပင်ပန်းစေခဲ့ပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြမှုများကြောင့် မဟုတ်ခဲ့လျှင် လူကို ဖောက်ပြန်ပျက်စီးစေရာတွင် စာတန်အသုံးပြုသည့် အန္တရာယ်ပြုမည့် လက္ခဏာရှိသော ရည်ရွယ်ချက်များနှင့် ဒုက္ခပေးသော အကြံအစည်များကို ကျွန်မ ရိပ်စားမိခဲ့ဖို့မပြောနှင့်၊ ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို ကျွန်မ၏လိုက်စားခြင်းက မှားယွင်းကြောင်းနှင့် ဤအရာမှာ စာတန်က လူတို့ကို ဆိုးဆိုးရွားရွား အန္တရာယ်ပြုရာတွင် အသုံးပြုသည့် နည်းစနစ်တစ်ခုဖြစ်ကြောင်း ကျွန်မ လုံးဝ သိခဲ့လိမ့်မည် မဟုတ်ပါ။ ဤနောက်တွင် ညီအစ်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စာပိုဒ်အချို့ကို ဖတ်ပြခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရာတွင် စာတန်အသုံးပြုသည့် နည်းစနစ်များနှင့် နည်းလမ်းများအကြောင်း သူမ၏ မိတ်သဟာယပြုချက်မှတစ်ဆင့်၊ ဤနှစ်များတစ်လျှောက်တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို စဉ်ဆက်မပြတ် ရှာဖွေခြင်းအားဖြင့် ကျွန်မသည် နာကျင်မှု၏ ဒုက္ခပေးခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် နာမကျန်းဖြစ်ခဲ့ရသည်ကို ကျွန်မနားလည်ခဲ့ရသည်။ ဤနာကျင်မှုအားလုံးသည် ဘုရားသခင်ကို မယုံကြည်ခြင်းနှင့် သမ္မာတရားကို မသိရှိခြင်း၏ အကျိုးဆက်ဖြစ်သည်- ကျွန်မသည် စာတန်၏ အန္တရာယ်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းကို ခံခဲ့ရလေပြီ။

နောက်ပိုင်းတွင် ညီအစ်မများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ကျွန်မအား မိတ်သဟာယပြုချက် ဝေငှဖို့ မကြာခဏလာခဲ့လေသည်။ တဖြည်းဖြည်းနှင့်၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ ပိုပိုပြီး ယုံကြည်လက်ခံလာခဲ့သည်၊ လူတို့ကို စာတန်အန္တရာယ်ပေးသည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ထိုးထွင်းသိမြင်မှုအနည်းငယ်ကို ကျွန်မရရှိခဲ့ပြီး၊ အရေးကြီးဆုံးသော အရာမှာ ဘုရားသခင်ကို ယုံကြည်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့၊ သမ္မာတရားကို လိုက်စားဖို့နှင့် ဘုရားသခင်၏ အုပ်စိုးမှုနှင့် ကြိုတင်စီစဉ်မှုတို့ကို ကျိုးနွံနာခံဖို့ဖြစ်ကြောင်း ကျွန်မနားလည်ခဲ့သည်။ ဤနည်းအတိုင်း အသက်ရှင်ခြင်းအားဖြင့်သာ ဘုရားသခင်၏ ချီးကျူးခြင်းကို ကျွန်မရရှိမည်ဖြစ်ပြီး အဓိပ္ပါယ်အရှိဆုံးနှင့် အဝမ်းမြောက်ဆုံးသော အသက်တာကို တတ်အားသရွေ့ ကျွန်မ အသက်ရှင်လိမ့်မည်ပင်။ များမကြာမီတွင် ကျွန်မ၏ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများထဲမှ တစ်ဦးသည်လည်း အလုပ်ရှာပြီး ငွေရှာဖို့ သူမ၏ အမျိုးသားနှင့်အတူ ဂျပန်သို့ လာခဲ့ကြပြီး၊ သို့သော် ငွေအချို့ ရှာဖွေရရှိထားသော်လည်း သူမ၏ အမျိုးသားက ခန္ဓာကိုယ် မသက်မသာဖြစ်ခြင်းကို စတင်ကြုံတွေ့ခဲ့ပြီးနောက် ဆေးကုသမှုအတွက် အိမ်ပြန်လာရန်မှလွဲ၍ ရွေးစရာမရှိခဲ့သည်ကို ကျွန်မကြားသိခဲ့ရသည်။ အိမ်ပြန်လာသောအခါတွင် ဆေးစစ်ချက်က သူ၌ ကင်ဆာ အချိန်နှောင်းသောအဆင့်ရှိကြောင်း ထုတ်ဖော်ပြလေသည်။ ရောဂါစစ်တမ်းပြုပြီးနောက် သူတို့သည် ဂျပန်သို့ ငွေရှာဖို့ နောက်တစ်ဖန် မလာချင်ကြတော့ပါ။ မိသားစုတစ်ခုလုံးက ကြောက်ရွံ့မှုနှင့် ဝမ်းနည်းခြင်းဖြင့် အသက်ရှင်နေခဲ့ကြရသည်။ ကျွန်မလုပ်ဖော်ကိုင်ဖက်၏ ကံအကြောင်းမလှခြင်းက လူ့ဘဝ၏ ပျက်စီးလွယ်ခြင်းနှင့် အဖိုးထိုက်တန်မှုနှင့်ဆိုင်သည့် နက်နဲသောအသိတစ်ခု ကျွန်မကို ပေးခဲ့သည်။ ကျွန်မတို့ ဘဝဆုံးရှုံးလျှင် ငွေပိုမိုရှိခြင်းက မည်သည့် အသုံးဝင်မှု ရှိပါသနည်း။ ငွေသည် အသက်ကို ဝယ်ယူနိုင်သလော။ တစ်နေ့တွင် ကျွန်မသည်- “လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)”) ဟု ဆိုထားသည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခဲ့ရသည်။ စာတန်က လူတို့ကို ချုပ်ချယ်ရန်နှင့် အန္တရာယ်ပေးရန်၊ လူများစွာ၏ ဘဝများကို ဖျက်ဆီးရန် ငွေနှင့် ကျော်ကြားမှုတို့ကို အသုံးပြုကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို သိမြင်ခွင့်ပေးခဲ့သည်။ သို့သော် စာတန်၏ လျှို့ဝှက်အကြံအစည်များကို ကျွန်မတို့ မရိပ်စားနိုင်ခဲ့သည့်အပြင် ငွေနှင့် ကျော်ကြားမှုတို့သည် လူသားမျိုးနွယ်ကို ညှဉ်းပန်းဖို့ စာတန် အသုံးချသည့် လက်နက်များဖြစ်ကြောင်း ကျွန်မတို့ နားမလည်နိုင်ကြသောကြောင့် ဝဲဂယက်ထဲတွင် ကျွန်မတို့ မလွတ်နိုင်အောင် ဆွဲချခြင်းခံရပြီး၊ မရည်ရွယ်ဘဲလျက် စာတန်၏ လှည့်ဖြားခြင်းနှင့် အန္တရာယ်ပေးခြင်းကို ခံခဲ့ရလေသည်။ ထို့အခိုက်အတန့်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ရရှိနိုင်သည်မှာ ကျွန်မ မည်မျှ ကံကောင်းခဲ့ကြောင်း နားလည်လိုက်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ မဖတ်ခဲ့မိလျှင်မူ လူတို့ကို အန္တရာယ်ပေးဖို့ ငွေနှင့် ကျော်ကြားမှုတို့အား စာတန်အသုံးပြုခြင်း၏ အမှန်တရားကို ကျွန်မ ဘယ်သောအခါမျှ ရိပ်စားမိခဲ့လိမ့်မည်မဟုတ်သည့်အပြင် အနှေးနှင့်အမြန်ဆိုသကဲ့သို့ ကျွန်မသည်လည်း စာတန်၏ ဝါးမျိုခြင်းကို ခံရမည်ဖြစ်သည်။

ကျွန်မ နေထိုင်မကောင်းဖြစ်နေစဉ်တွင် အသင်းတော်မှ ညီအစ်မများက ကျွန်မကို မကြာခဏ ဖုန်းဆက်ခဲ့ကြသည်။ ကျွန်မ၏ နောက်ကျောကို မရွေ့နိုင်သည့်အတွက် ညီအစ်မများက ကျွန်မကို နှိပ်နယ်ခြင်းနှင့် ဆုပ်နယ်ခြင်းတို့ ပြုလုပ်ပေးခဲ့ကြသည်။ ဆေးဘက်ဆိုင်ရာ လေ့ကျင်ခဲ့သည့် ညီအစ်မတစ်ဦးက ကျွန်မ၏ အခြေအနေ သက်သာမှုရစေဖို့ ခန္ဓာကိုယ်ပေါ်တွင် နှိပ်နယ်ပေးရမည့် နေရာများကို ကျွန်မအား ပြောပြခဲ့သည်။ သူတို့သည် မိသားစုဝင်များကဲ့သို့ ကျွန်မကို ဂရုစိုက်ပေးကာ ကျွန်မ၏ အိမ်မှုဝေယျာဝစ္စများတွင်လည်း တက်ကြွစွာ ကူညီပေးခဲ့ကြသည်။ နိုင်ငံရပ်ခြားတစ်ခုက ပြည်ပြေးတစ်ဦးအနေဖြင့် ကျွန်မတွင် အနီးအပါး၌ အမှန်တကယ်အားကိုးနိုင်မည့်သူ တစ်ဦးမျှမရှိခဲ့ပါ၊ ထို့ကြောင့် ဤညီအစ်မများက ကျွန်မ၏ ဆွေမျိုးရင်းခြာများထက်ပင် ပိုမိုကောင်းမွန်စွာ ဂရုစိုက်ပေးခဲ့ကြသည်ကို ကျွန်မ အမှန်တကယ် စိတ်လှုပ်ရှားခဲ့ရသည်။ သူတို့ကို ကျွန်မ အဖန်ဖန် ကျေးဇူးတင်ခဲ့သည်။ သို့သော် ကျွန်မ၏ ညီအစ်မများက ကျွန်မကို၊ “နှစ်ထောင်ပေါင်းများစွာကတည်းက ဘုရားသခင် ကျွန်မတို့ကို ကြိုတင်ခွဲခန့်ပြီး ရွေးချယ်ခဲ့တာဖြစ်တယ်။ အခု နောက်ဆုံးသောကာလမှာ ကျွန်မတို့ မွေးဖွားလာဖို့နဲ့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မတို့ လက်ခံရရှိထားသရွေ့ ဒီလမ်းကြောင်းကို အတူတကွလျှောက်လှမ်းဖို့ သူစီစဉ်ပေးခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ အုပ်စိုးမှုဖြစ်ပါတယ်။ ကျွန်မတို့အားလုံးက ဟိုးအချိန်ကြာမြင့်စွာကတည်းက မိသားစုတွေ ဖြစ်နှင့်ပြီးပါပြီ။ ကျွန်မတို့ ခွဲခွာခဲ့ရပြီး ခုချိန်မှပဲ ကျွန်မတို့ ပြန်ပေါင်းစည်းမိတာ ဖြစ်ပါတယ်” ဟု ပြောလေသည်။ ကျွန်မ၏ ညီအစ်မများက ဤအရာကို ပြောသည်နှင့်တစ်ပြိုင်နက် ကျွန်မ၏ စိတ်ခံစားချက်များကို ကျွန်မ မထိန်းချုပ်နိုင်တော့ဘဲ သူတို့ကို ပွေ့ဖက်ကာ မျက်ရည်များက ကျွန်မ၏ မျက်နှာတွင် စီးဆင်းလာခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မပြောမပြနိုင်အောင် ညီအစ်မများနှင့် ရင်းနှီးမှုတစ်ခုကို ခံစားခဲ့သည်။ ကျွန်မ၏ နှလုံးသားက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယခင်ကထက် သာ၍ပင် ကျေးဇူးတင်ရှိခဲ့သည်။

တဖြည်းဖြည်းနှင့် မသိမသာ၊ ကျွန်မ၏ နာမကျန်းမှုက စတင် သက်သာလာခဲ့သည်။ ဤနာမကျန်းဖြစ်ခြင်း၏ ညှဉ်းပန်းမှုကို တွေ့ကြုံရပြီးနောက် စာတန်၏ ဘဝအတွေးအခေါ်နှင့်ဆိုင်သော ထိန်းချုပ်မှုအောက်တွင် ကျွန်မ မည်သို့ ရှိခဲ့ရသည်ကို ကျွန်မ ဆင်ခြင်သုံးသပ်မိခဲ့သည်။ ရှေ့ဆက်၍၊ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ပျော်ရွှင်မှုပြည့်ဝသော ဘဝတစ်ခုကို ကျွန်မ နေထိုင်နိုင်လိမ့်မည်ဖြစ်ကာ ကျွန်မအနီးအနားတွင် သူများ၏ လေးစားမှုနှင့် အားကျမှုတို့ကို ရရှိလိမ့်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်လျက် ကျွန်မ၏ သက်တူရွယ်တူများကြားတွင် ထင်ပေါ်ဖို့ ကျွန်မကြိုးစားခဲ့သည်။ သို့သော် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု အစအနပင် မရှိဘဲ နာကျင်မှုနှင့် ဝမ်းနည်းမှုတို့ကို ထို့အစား ကျွန်မရရှိလိမ့်မည်ဟု လုံးဝမထင်မိခဲ့ပါ။ ယခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မဖတ်ရှုပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်ထားသည့်အတွက် ကံကြမ္မာကို ကျွန်မ မတွန်းလှန်ချင်တော့သကဲ့သို့၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုလည်း ကျွန်မ မရှာဖွေလိုတော့ပါ။ ဤသည်မှာ ကျွန်မလိုချင်သည့် အသက်တာမဟုတ်ပါ။ ယခုတွင် အလုပ်ကို သွားခြင်းအပြင် ဝတ်ပြုအစည်းအဝေးများကို ကျွန်မ မကြာခဏ တက်ရောက်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့်အတူ ကျွန်မ၏ကိုယ်ပိုင် အတွေ့အကြုံများနှင့် သိနားလည်မှုတို့ကို ဝေမျှပါသည်။ ဓမ္မသီချင်းများ သီဆိုဖို့ရန်လည်း ကျွန်မ သင်ယူခဲ့သည်။ ပျော်ရွှင်သည့် ဘဝတစ်ခုကို ကျွန်မ နေထိုင်ပြီး ယခင်က ကျွန်မ လုံးဝမခံစားခဲ့ရသည့် စိတ်ချယုံကြည်မှုနှင့် ငြိမ်သက်ခြင်းမျိုးကို ကျွန်မ ရရှိပြီးဖြစ်သည်။

တစ်နေ့တွင် ကျွန်မ၏ ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်နေစဥ် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့ခဲ့သည်- “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည်သတိရသည့်အခါ ၎င်း၏ ခရီးလမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ၎င်း၏လမ်းကို ဦးဆောင် လမ်းပြနေခဲ့ပြီး စီမံချက်ရေးဆွဲနေခဲ့သည်ကို မြင်ရပေသည်။ ယင်းသည် ၎င်းကိုယ်တိုင်မသိဘဲလျက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ခဲ့ပေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံနိုင်ဖို့၊ ၎င်း၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ မည်မျှ ကြီးမြတ်သည့် အခွင့်အလမ်း ဖြစ်ပါသနည်း။...လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တစ်ဦးတစ်ယောက်သည် အပြု သဘောဆောင်သည့် သဘောထားရှိပါက သူ့ခရီးကို ပြန်ကြည့် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သဘောပေါက်လာသည့်အခါ၊ ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ကျိုးနွံနာခံဖို့ သာ၍ လေးလေးနက်နက် ဆန္ဒရှိလာလိမ့်မည်၊ ၎င်း၏ ကံကြမ္မာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပြုဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းအား ရပ်ဖို့၊ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှု ပိုပြီးရှိလာလိမ့်မည်။ အကြောင်းမှာ ၎င်းသည် ကံကြမ္မာကို နားလည်သဘောပေါက်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းမရှိသည့်အခါ၊ မြူများကိုဖြတ်သွားရင်း ဒယိမ်းဒယိုင်နှင့် ကိုယ့်သဘောနှင့် စမ်းတဝါးဝါးသွားသည့်အခါ ခရီးက အလွန်ခက်ခဲသည်။ အလွန် ကြေကွဲဖွယ်ကောင်းပါသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ၊ ပါးနပ်သူများက ဤအချက်ကို သိဖို့၊ လက်ခံဖို့၊ ၎င်းတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားသည့်အချိန်တွင် နာကျင်ရသည့် နေ့ရက်များကို နှုတ်ဆက်လိုက်ဖို့၊ ကံကြမ္မာကို ဆန့်ကျင်ရုန်းကန်ခြင်းနှင့် ကိုယ်ပိုင်နည်းလမ်းများဖြင့် ၎င်းတို့၏ ဘဝပန်းတိုင်ဟု ၎င်းတို့ခေါ်သည့် အရာများနောက် လိုက်စားခြင်းအား ရပ်တန့်ဖို့ ရွေးချယ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်း လင်းလင်း မသိသည့်အခါ၊ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် မည်သည့်နေရာ၌ရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ ၎င်း၏အသက်ရှင်မှုနည်းလမ်းနှင့် ၎င်း၏ ပန်းတိုင်နောက်လိုက်ခြင်းက ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးသည်၊ ယင်းမှာ မိမိ၏ အတိတ်ကို ပြန်လှည့် ကြည့်ဖို့ ခံနိုင်ရည်မရှိသည့်အရာမျိုးဖြစ်သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အနှစ်မဲ့ခြင်းဟူသမျှကို ခါချပြီး ကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)”) ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး လူတို့သည် သူ၏ အဖန်ဆင်းခံ သတ္တဝါများဖြစ်ကြသည်။ လူတိုင်း၏ ဘဝသည် ဘုရားသခင်၏ လက်တော်ထဲတွင်၊ သူ၏ စီစဉ်ညွှန်ကြားမှုနှင့် ကြိုတင်စီစဉ်မှုအောက်တွင် ရှိသည်။ ဘဝတွင် လူသားရရှိသည့် အရာအားလုံးမှာ ဘုရားသခင်၏ ထိန်းချုပ်မှုထဲတွင် တည်ရှိပြီး ဘုရားသခင်က ကြိုတင်ပြဌာန်းထားပါသည်။ လူတို့၏ ဟိုဟိုသည်သည် အပြေးအလွှားသွားခြင်းက သေချာပေါက် အဆုံးအဖြတ်ပေးသောအရာ မဟုတ်ပါ။ လူ့အပေါ် ဘုရားသခင်ပေးအပ်သမျှကိုသာ လူက ရရှိနိုင်သည်။ ဘုရားသခင် ထိုသို့သော ပေးအပ်မှုမပြုလျှင် လူက မည်မျှအလုပ်လုပ်ပါစေ၊ သူ၏ အားထုတ်မှုများက အချည်းနှီးဖြစ်လိမ့်မည်။ ထိုအရာမှာ “လူက မျိုးစေ့စိုက်သော်လည်း ကောင်းကင်ဘုံက ရိတ်သိမ်းခြင်းကို ဆုံးဖြတ်သည်” ပြီးလျှင် “လူက ကြံသည်၊ ဘုရားသခင်က နေရာချသည်” ဟူသော ဆိုရိုးစကားများကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်မတို့၏ အသက်တာများတွင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုများကို ကျွန်မတို့ ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ ဘဝတွင် ပျော်ရွှင်ခြင်းအဖို့ လျှို့ဝှက်ချက်ဖြစ်ပြီး၊ ဤသည်မှာ တကယ့်ဘဝတွင် ပဓာနကျသည့်အရာ ဖြစ်ပေသည်။ တစ်ချိန်တည်းတွင် လူတစ်ဦးက ချမ်းသာကြွယ်ဝမှု မည်မျှရှိပါစေ၊ သို့မဟုတ် မည်မျှ မြင့်မားသည့်ရာထူး ရှိပါစေ ဤအရာအားလုံးသည် လောကီပိုင်ဆိုင်မှုများမျှသာ ဖြစ်သည်ကိုလည်း ကျွန်မ နားလည်ခဲ့ရသည်။ သူမွေးဖွားသည့်အချိန်တွင် ယင်းတို့ကို သူနှင့်အတူ ယူဆောင်လာခဲ့ခြင်း မဟုတ်သကဲ့သို့၊ သူသေပြီးနောက်တွင် ယင်းတို့ကို သူနှင့်အတူ ယူသွား၍လည်း မရပါ။ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားဖို့ မိမိကိုယ်ကိုယ် ဆက်ကပ်ရာတွင် နောက်ဆုံး၌ သူရရှိသည်မှာ အနှစ်မဲ့ခြင်းနှင့် ဆင်းရဲဒုက္ခ သက်သက်သာဖြစ်ပြီး၊ နောက်ဆုံးရလဒ်မှာ စာတန်၏ ဝါးမျိုခံရခြင်း ဖြစ်သည်။ ဤနားလည်သဘောပေါက်မှုကို ကျွန်မ ရရှိပြီးသည့်နောက်တွင် ဘဝ၏ ကွဲပြားခြားနားသော လမ်းတစ်ခုကို ကျွန်မလျှောက်လှမ်းဖို့၊ အသစ်တစ်ဖန် စတင်ဖို့ ကျွန်မ သံန္နိဋ္ဌာန်ချခဲ့သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ကြိုတင်စီစဉ်မှုများကို နာခံဖို့နှင့် ကျွန်မဘဝ၏ ဒုတိယထက်ဝက်ကို ဘုရားသခင်၏ လက်တော်ထဲတွင် သူစီစဉ်ဖို့ရန် ထားလိုက်ဖို့သာ ကျွန်မဆန္ဒရှိခဲ့သည်။ အခြားသူများ၏ လေးစားမှုကို ရရှိဖို့ ချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်းတို့ကို ကျွန်မ လိုက်စားမည် မဟုတ်တော့ဘဲ၊ ယင်းအစား ဘုရားသခင်ကို နာခံသူတစ်ဦးဖြစ်ဖို့ ကျွန်မ ကြိုးစားပါမည်၊ ဘုရားသခင်အတွက် အမှန်တကယ် အသက်ရှင်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မ အသက်ရှင်ပါမည်။ ယခုတွင် နေ့တိုင်း ကျွန်မ သုံးနာရီမှ လေးနာရီထိ အလုပ်လုပ်ပါသည်။ ကျွန်မ၏ သူဌေးမှာ ဂျပန်လူမျိုးဖြစ်သည်။ ကျွန်မတို့တွင် ဘာသာစကား အခက်အခဲများရှိသော်လည်း ကျွန်မ၏သူဌေးက ကျွန်မကို ကောင်းကောင်း ဂရုစိုက်သည်။ တစ်စုံတစ်ခုလုပ်ဖို့ သူက ကျွန်မကို ပြောသည့်အခါတိုင်း ကျွန်မ နားလည်နိုင်ဖို့ ရိုးရှင်းသော စကားလုံးများကို သူအမြဲသုံးပြီး မည်သည့် ဖိအားကိုမျှ ကျွန်မကို လုံးဝမပေးပါ။ ဤသည်မှာ ကျွန်မအပေါ် ဘုရားသခင်၏ သနားကရုဏာနှင့် သူ၏ ကောင်းချီးမင်္ဂလာဖြစ်သည်ကို ကျွန်မသိသည်။ ကျွန်မ အလွန် ကျေးဇူးတင်ရှိပါသည်။ တစ်ချိန်တည်းတွင် လူ့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဥ်မှုများကို ကျိုးနွံနာခံလျှင်၊ ထိုအခါမှ သူသည် သက်သောင့်သက်သာနှင့် ဝမ်းမြောက်ဖွယ်ကောင်းသော ဘဝကို နေထိုင်နိုင်မည်ဖြစ်ကြောင်း သာ၍ပင် ကောင်းစွာ ကျွန်မနားလည်ခဲ့ပါသည်။

ကျွန်မ တစ်ကိုယ်တည်း ရှိသည့်အချိန်တိုင်းတွင် ဘုရားသခင်ရှေ့မှောက်သို့ လာရာ၌ ကျွန်မလျှောက်လှမ်းခဲ့သည့် လမ်းကြောင်းကို မကြာခဏ ပြန်စဉ်းစားသည်။ နာမကျန်းမှုကြောင့်သာ မဟုတ်ခဲ့လျှင် ငွေနှင့် ကျော်ကြားမှုတို့အား ကျွန်မ၏ လိုက်စားမှုကို ရပ်တန့်ခဲ့မည် မဟုတ်သလို၊ နောင်တရဖို့ သို့မဟုတ် ကျွန်မ၏ နည်းလမ်းများကို ပြောင်းလဲဖို့ လုံးဝမစဉ်းစားဘဲ စာတန်၏ ရက်စက်စွာ သုတ်သင်ခြင်းကို ခံရသည်အထိပင် ကမ္ဘာလောကထဲက ငွေလုပ်စက်တစ်ခု လုံးလုံးလျားလျား ဖြစ်ခဲ့လိမ့်ဦးမည်ဖြစ်သည်။ စာတန်သည် ကျွန်မကို နာမကျန်းဖြစ်စေလျက် အန္တရာယ်ပေးဖို့ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို အသုံးပြုခဲ့သော်လည်း လူတို့ကို ဖောက်ပြန်ပျက်းစီးစေရာတွင် စာတန်က အဓိကတရားခံဖြစ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့နှင့် လူကို ဖောက်ပြန်ပျက်စီးစေရန်နှင့် လူကို ဝါးမျိုရန် ငွေနှင့် ကျော်ကြားမှုတို့ကို အသုံးပြုသည့် စာတန်၏ လျှို့ဝှက်ကြံစည်ခြင်း၏ တကယ့်သဘာဝကို ကျွန်မအား သတိပြုမိနိုင်စေကာ၊ ငြီးငွေ့ဖွယ်ကောင်းသော လောက၏ ရှုထောင့်တစ်ချို့ကို ထွင်းဖောက်တွေ့မြင်ဖို့ ကျွန်မကို ဦးဆောင်ရင်းဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ရှေ့မှောက်သို့ ကျွန်မကိုခေါ်ဆောင်ဖို့ ကျွန်မ၏ နာမကျန်းဖြစ်ခြင်းကို အသုံးပြုခဲ့သည်။ လူသည် မည်သည့်အရပ်မှ လာခဲ့ကြောင်းနှင့် မည်သည့်အရပ်သို့ သွားနေကြောင်းကို ကျွန်မသိခဲ့ရသည်၊ လူ၏ အပြစ်ပြုခြင်းနှင့် အကျင့်ပျက်ပြားခြင်းတို့၏ အရင်းအမြစ်ကိုလည်း ကျွန်မသိခဲ့ပြီးလျှင်၊ လူသည် အဓိပ္ပါယ်ရှိသော အသက်တာကို မည်သို့ နေထိုင်သင့်ကြောင်း ကျွန်မနားလည်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက၊ “အချို့သော လူတို့သည် နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်ကို စတင်ယုံကြည် လာကြသည်။ ဤနာမကျန်းဖြစ်ခြင်းမှာ သင့်အတွက် ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ ထိုအရာမရှိဘဲ သင်သည် ဘုရားသခင်ကို ယုံကြည်လာမည် မဟုတ်ပေ၊ ထို့ပြင် သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါက၊ ဤအထိ ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤကျေးဇူးတော်ပင်လျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှန်တကယ် လက်တွေ့ကျပါသည်။ ဘေးဒုက္ခအားဖြင့်သာ ကောင်းချီးမင်္ဂလာများကို ကျွန်မ ရရှိပေပြီ။ ယခုအခါတွင် ဘုရားနှုတ်ကပတ်တော်များ၏ အထောက်အပံ့နှင့် လမ်းပြမှုအောက်တွင် ကျွန်မသည် စာတန်၏ ချည်နှောင်မှုများကို ဖယ်ရှားပစ်ပြီဖြစ်ပြီး ဘဝအပေါ် မှန်ကန်သော အမြင်တစ်ခု ရှိပြီဖြစ်သည်။ ကျွန်မသည် ဘဝ၏ မှန်ကန်သော လမ်းကြောင်းအပေါ် လျှောက်လှမ်းပြီဖြစ်သလို ကျွန်မ၏ စိတ်ဝိညာဉ်က အင်မတန် လွတ်မြောက်ပြီဖြစ်သည်။ ဘုရားသခင်သည် အမှန်တကယ် အလွန်ပင် အမြော်အမြင်ရှိသည်၊ အလွန်ပင် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်တကား။ ကျွန်မကို ချစ်ခြင်းနှင့် ကျွန်မကို ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါသည်။

အမှာစကား ချန်ခဲ့မည်