စာရင်း

ဒုစရိုက်မှလွတ်မြောက်ပြီး ကောင်းကင်နိုင်ငံသို့ဝင်ရောက်နိုင်မည့်လမ်းစဉ်ကို ရှာတွေ့ပြီဖြစ်သည်။ (၁)

ချန်းအိုင်း၊ တရုတ်ပြည်နယ်

ကျွန်တော် ငယ်ငယ်ကတည်းက သခင့်အပေါ် ကျွန်တော့် မိဘများ၏ ယုံကြည်မှုနောက်သို့ ကျွန်တော် လိုက်လျှောက်ခဲ့ပြီး၊ ယခု အိုမင်းမှုက ကျွန်တော့်ရှေ့တွင် သိသာထင်ရှားစွာ မြင်နေရလေသည်။ ကျွန်တော့် တစ်သက်လုံး သခင့်ကို ယုံကြည်ခဲ့သော်လည်း၊ မိမိကိုယ်ကိုယ် အပြစ်မှ ဖယ်ရှားရန် နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် နည်းလမ်းနှင့် ပတ်သက်သည့် ပြဿနာသည် ကျွန်တော့်ကို လမ်းပျောက်ပြီး နာကျင်စေ လျက် အမြဲတမ်း အံ့သြတုန်လှုပ်ခြင်း ဖြစ်စေသည့် ဖြေရှင်းမရနိုင်သော ပဟေဠိတစ်ခုဖြစ်ခဲ့သည်။ ကျွန်တော့် အချိန် ကျရောက်လာသည့်အခါ တွင် ကျွန်တော့် အသက်တာသည် စုံလင်ပြီး၊ မိမိ၏နှလုံးသားတွင် ငြိမ်သက်မှုဖြင့် သခင့်ကို နောက်ဆုံးတွင် တွေ့နိုင်သည် ဆိုသည့် အသိဖြင့် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန်၊ မိမိကိုယ်ကိုယ် အပြစ်မှ ဖယ်ရှားပြီး၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် နည်းလမ်းကို ကျွန်တော့် တစ်သက်တာအတွင်းတွင် ဖော်ထုတ်အဖြေရှာနိုင်ဖို့ များစွာ ဆန္ဒရှိခဲ့ သည်။

ဒုစရိုက်မှလွတ်မြောက်ပြီး ကောင်းကင်နိုင်ငံသို့ဝင်ရောက်နိုင်မည့်လမ်းစဉ်ကို ရှာတွေ့ပြီဖြစ်သည်။ (၂)

ဤအကျပ်အတည်းကို ဖြေရှင်းဖို့ အားထုတ်ကြိုးပမ်းရာတွင်၊ ကျွန်တော် သမ္မာကျမ်းစာကို အထပ်အထပ်အခါခါ ဖတ်ရှုလျက်၊ ဓမ္မဟောင်းကျမ်းမှ ဓမ္မသစ်ကျမ်းသို့၊ ပြီးလျှင် ဓမ္မသစ်ကျမ်းမှ ပြန်၍ ဓမ္မဟောင်းကျမ်းသို့ ဖတ်ကာ၊ သမ္မာကျမ်းစာမှ စိတ်အားထက်သန်စွာ အကြံဉာဏ်ရယူခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင်၊ မည်သည့် မှန်ကန်သည့် အဖြေကိုမျှ ကျွန်တော် ရှာမတွေ့ခဲ့ပါ။ ရွေးချယ်စရာ ကုန်လျက်၊ ကျွန်တော်သည်- ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏။(ရှင်မဿဲခရစ်ဝင် ၁၁:၁၂) ဟု သခင်က ပြောခဲ့သောကြောင့် သခင့်သွန်သင်ချက်များ အတိုင်း တတ်နိုင်သမျှ ကောင်းမွန်စွာ ပြုမူကျင့်ကြံဖို့ အကောင်းဆုံး ကြိုးစားရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် လက်တွေ့ဘဝတွင် ကျွန်တော် မည်မျှ ခက်ခက်ခဲခဲ ကြိုးစားပါစေ၊ သခင်က ကျွန်တော့်ထံမှ လိုအပ်သည့် အရာအတိုင်း အသက်မရှင်နိုင်သေးသည်ကို ကျွန်တော် ရှာဖွေတွေ့ရှိ ခဲ့သည်။ သခင်ယေရှု ပြောခဲ့သည့်အတိုင်း- “သင်၏ဘုရားသခင် ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ် သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယက ပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၉) ကျွန်တော်တို့က ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချစ်ပြီး၊ ညီအစ်ကိုမောင်နှမများ အချင်းချင်း ချစ်ဖို့ကို သခင်က လိုအပ်လေသည်။ သို့သော် ကျွန်တော် မည်သည့်အရာကို လုပ်ပါစေ၊ ကျွန်တော့် မိသားစုအတွက် ကျွန်တော့်၏ ချစ်ခြင်းမေတ္တာသည် သခင့် အတွက် ကျွန်တော့် ချစ်ခြင်းမေတ္တာထက် ပိုကြီးမားပြီး၊ အသင်းတော်မှ ကျွန်တော့် ညီအစ်ကိုမောင်နှမများကို ကိုယ်နှင့်အမျှ အမှန်တကယ် မချစ်နိုင်သောကြောင့်၊ ဤချစ်ခြင်းမေတ္တာ မျိုးကို ကျွန်တော် မရရှိနိုင်ခဲ့ပါ။ ဆန့်ကျင်ဘက်အားဖြင့် ကျွန်တော်၏ ကိုယ်ပိုင်အကျိုးစီးပွားများ ပါဝင် ပတ်သက်နေသည့်အချိန်တွင် ကျွန်တော်က အခြားသူများနှင့် ပတ်သက်၍ မကြာခဏ သဘောထားသေးသိမ်ပြီး၊ ချင့်တွက်လွန်းလှသည်မှာ ကျွန်တော့် အတွင်း၌ မကျေမချမ်းမှုများ နိုးကြွလာခဲ့သည်။ ကျွန်တော့် ကဲ့သို့ လူတစ်ယောက်က မည်သို့ ကယ်တင်ခံရပြီး၊ ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်နည်း။ သခင်ယေရှုက- ငါအမှန်ဆို သည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင် နိုင်ငံတော် သို့ မရောက်ရကြ။(ရှင်မဿဲခရစ်ဝင် ၁၈:၃)သင်တို့ ကျင့်သောအကျင့် သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့် ထက် မလွန်မ သာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရ ကြဟု ငါအမှန်ဆို၏။(ရှင်မဿဲခရစ်ဝင် ၅: ၂၀) တို့ကဲ့သို့သော ကောင်းကင်နိုင်ငံတော် ထဲသို့ ဝင်ရောက်ခြင်း အကြောင်းအရာများစွာ ကိုလည်း ဟောပြောခဲ့သည်။ ကျွန်တော်က သခင်၏ဤသတ်မှတ်ချက် တစ်ခုတစ်လေကိုမျှ လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါ။ ကျွန်တော် မကြာခဏ မုသားပြောပြီး၊ ကျွန်တော့်စိတ်ကြိုက်မတွေ့သည့် တစ်စုံ တစ်ရာကို ကြုံတွေ့ရတိုင်း သခင့်ကို အပြစ်တင်လေသည်။ အကြိမ်ကြိမ် အဖန်ဖန် အပြစ်ကျူးလွန်လိုက်၊ ပြီးလျှင် နောင်တရလိုက်၊ နောင်တရ လိုက်၊ ပြီးလျှင် အပြစ်ကျူးလွန်လိုက်ဖြစ်လျက် ကျွန်တော့် အတွေးများက လှည့်ဖြားမှု နှင့် မရိုးသားမှုများ ပါဝင်ပြီး၊ အပြစ်တွင် အမြဲမပြတ် ဆင်းရဲ ဒုက္ခခံနေရသည်။ သခင်က သန့်ရှင်းပြီး၊ သမ္မာကျမ်းစာတွင်- “သန့်ရှင်းခြင်း ပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲ သြဝါဒစာ ၁၂:၁၄) ဟု ဖော်ပြထားလေသည်။ ကျွန်တော်ကဲ့သို့ လုံးလုံး ညစ်ညမ်းနေသည့် သူတစ်ယောက်က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မည်သို့ သင့်တော်နိုင်မည်နည်း။ ဤသည်မှာ ကျွန်တော့် အတွက် အလွန် ဦးနှောက်ခြောက်စရာကောင်းသည်။ သို့သော်လည်း ယုံကြည်မှုရှိခြင်း နှင့် ဗတ္တိဇံခံယူခြင်းဆိုသည်မှာ ဧကန်မုချ ကယ်တင်ခံ ရခြင်း ဖြစ်ကြောင်း၊ သခင့်ကို ကျွန်တော်တို့ မိမိစိတ်နှလုံးတွင် ယုံကြည်ပြီး၊ ကျွန်တော်တို့၏ နှုတ်မှ လက်ခံပါက၊ ကျွန်တော်တို့က ယုံကြည်မှုအားဖြင့် ၊ဖြောင့်မတ်ပြီးဖြစ်ကာ ထာဝရ ကယ်တင်ခံရကြောင်း၊ သခင် တစ်ဖန်ပြန် ကြွလာသည့်အချိန်တွင် ကျွန်တော်တို့ကို တကယ့်ကို ကောင်းကင် နိုင်ငံတော်သို့ ချီမမည် ဖြစ်ကြောင်း ရောမသြဝါဒစာ၊ ဂလာတိသြဝါဒစာ နှင့် ဧဖက်သြဝါဒစာ တို့တွင် ပေါလု ထောက်ခံခဲ့သည်အတိုင်း ယုံကြည်မှု ဖြင့် ဖြောင့်မတ်ခြင်း၏ နည်းလမ်းကို ကျွန်တော် ဖတ်ရသည့် အခါတိုင်း- ကျွန်တော်သည် ဝမ်းမြောက်ခြင်းဖြင့် လွှမ်းခြုံခဲ့ရသည်။ ကျွန်တော် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ခြင်းတွက် စိတ်ပူရန် မလိုဟု ခံစားခဲ့ရသည်။ သို့သော်လည်း ထို့နောက်တွင် လူများသည် သူတို့၏ ကိုယ်ပိုင်အားထုတ်ကြိုးပမ်းမှုမှ တစ်ဆင့်သာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည့်အကြောင်း သခင်ပြောခဲ့သည့် အရာကို ကျွန်တော် သတိရပြီး စိတ်ပူမိသည်။ ယုံကြည်မှုဖြင့် ဖြောင့်မတ်ပြီးနောက်၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန်မှာ ထိုမျှ အမှန်တကယ် ရိုးရှင်း ပါသလား။ အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းသော ယုံကြည်သူ သက်ကြီးသူများက ၎င်းတို့၏ အသက်တာ အဆုံးသတ် နားသို့ ရောက်နေသည့်အချိန်တွင် ဂနာမငြိမ်ဖြစ်ပြီး၊ စိတ်ပူပန်လွန်းလှသည်မှာ သူတို့က များစွာ ငိုကြွေးပြီး၊ သူတို့ထဲက တစ်ယောက်မျှ သွားဖို့ကို ပျော်ပုံမပေါက် သည်ကိုလည်း ကျွန်တော် တွေ့ခဲ့ရသည်။ ကျွန်တော် ဤသို့ မတွေးဘဲ မနေနိုင်ခဲ့ပါ။ ယုံကြည်မှုတစ်ခုတည်းအားဖြင့် ဖြောင့်မတ်ခြင်း မှ တစ်ဆင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်ဟု သူတို့က ဆိုပါက၊ သူတို့ သေအံ့မူးမူးအချိန်များတွင် အဘယ့်ကြောင့် အလွန် ကြောက်လန့်သည့်ပုံ ပေါက်နေကြသနည်း။ သူတို့က ကယ်တင်ခံရခြင်းရှိ မရှိကိုလည်းကောင်း၊ သေဆုံးပြီးနောက် သူတို့မည်သည့်နေရာသို့ သွားမည်ကိုလည်းကောင်း မသိကြသည့် ပုံစံပေါက်နေသည်။ ကျွန်တော်က သခင်ယေရှု၏ နှုတ်ကပတ်တော်များကို အကြိမ်ကြိမ် အဖန်ဖန် တစ်စိမ့်စိမ့် ချင့်ချိန်ပြီး၊ ပေါလု၏ စကားများကိုလည်း ချင့်ချိန် စဉ်းစားခဲ့ကာ၊ ကောင်းကင်နိုင်ငံတော်သို့ မည်သူဝင်ရောက်နိုင်ကြောင်း အရေးကိစ္စနှင့် ပတ်သက်ပါက သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် ပေါလု၏ စကားများသည် အလွန် ကွဲပြားနေသည်ကို ရှာဖွေတွေ့ရှိခဲ့ရသည်။ ပေါလုအရ လူတစ်ယောက်က သခင့်ကို ယုံကြည်ခြင်း သက်သက် အားဖြင့် ယုံကြည်မှုဖြင့် ဖြောင့်မတ်သည် ဟု ဖြစ်သည်။ ၎င်းမှာ မှန်ကန်ပါက၊ လူတိုင်း ကယ်တင်ခံရမည် ဖြစ်သည်။ သို့ပါက သခင်ယေရှုက- ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသောပိုက် ကွန်နှင့်တူ၏။ ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ထိုင်လျက်၊ ကောင်းသောငါးကို ခြင်းထဲသို့ ရွေးချယ် ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။ (ရှင်မဿဲ ခရစ်ဝင် ၁၃: ၄၇-၄၈) ဟု အဘယ်ကြောင့် မိန့်တော်မူခဲ့သနည်း။ နောက်ဆုံးသော ကာလ်၌ သခင်ပြန်ကြွလာသည့်အချိန်တွင် သူက ဂျုံစပါးများကို တောပင်များမှ၊ သိုးများကို ဆိတ်များမှ၊ ပြီးလျှင် ကောင်းမြတ်သော အစေခံများကို ဆိုးယုတ်သော အစေခံများမှ အဘယ့်ကြောင့် ခွဲထုတ်ဖို့ လိုအပ်သနည်း။ သခင်ယေရှု ပြောခဲ့သည့် ဤနှုတ်ကပတ်တော်များမှ သခင့်ကို ယုံကြည်သူတိုင်း ကောင်းကင် နိုင်ငံတော်သို့ မဝင်ရောက်နိုင်သည်မှာ ရှင်းလင်းပါသည်။ ထို့ကြောင့် ကျွန်တော် စဉ်းစားမိသည်။ ကျွန်တော် ကယ်တင်ခံရပါသလား။ ပြီးလျှင် ကျွန်တော် သေဆုံးသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက် နိုင်မလား။ ဤမေးခွန်းများက ကျွန်တော့် စိတ်ထဲတွင် ပဟေဠိများကဲ့သို့ စွဲကျန်နေပြီး၊ ကျွန်တော်က ၎င်းတို့ကို မည်သို့ဖြေဆိုရမှန်း မသိခဲ့ပါ။

ဤပြဿနာကို ဖြေရှင်းဖို့ အားထုတ်ကြိုးပမ်းရာတွင်၊ ခေတ်တစ်လျှောက် လူသိများသည့် ဝိညာဉ်ရေးရာ အကျော်အမော် ပုဂ္ဂိုလ်များ ရေးသားသည့် လက်ရာများမှ အကြံဉာဏ်ရယူခဲ့ သော်လည်း ကျွန်တော် ဖတ်သမျှ အများစုမှာ ရောမ၊ ဂလာတိ နှင့် ဧဖက်တို့တွင် ဖော်ပြထားသည့် ယုံကြည်မှုအားဖြင့်ဖြောင့်မတ်ခြင်း၏ အဓိပ္ပါယ် ကောက်ယူချက်များ ဖြစ်ပြီး ထိုစာအုပ်များထဲမှ တစ်အုပ်မှ ကျွန်တော်၏ ရှုပ်ထွေးမှုကို မပပျောက်စေနိုင်ပါ။ ထို့နောက် သခင်၌ လူသိများသည့် အကြီးအကဲများ အားလုံးထံသို့ သွားလည်ကာ၊ ကွဲပြားသည့် ဂိုဏ်းဂဏများစွာ၏ ဝတ်ပြုစုဝေးပွဲများသို့ တက်ရောက်ခဲ့သော်လည်း၊ သူတို့အားလုံးက အတူတူနီးပါး အရာများကိုသာ ပြောကြကာ၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နည်း၏ နက်နဲမှုကို မည်သူမျှ ကျွန်တော့်ကို သိသာထင်ရှားစွာ ရှင်းမပြနိုင်ခဲ့ပါ။ နောက်ပိုင်းတွင် ကျွန်တော်သည် နိုင်ငံခြား တက်သစ်စ ဂိုဏ်းဂဏ တစ်ခုကို ရှာတွေ့ခဲ့ပြီး၊ ဤကဲ့သို့ အသင်းတော်မျိုးသည် သိမြင်နားလည်မှုအချို့ ပေးနိုင်ကောင်း ပေးနိုင်မည်ဟု မိမိဘာသာ တွေးခဲ့သည်။ ထို့ကြောင့် ရွှင်လန်း တက်ကြွသောစိတ်ဖြင့် သူတို့၏ ဝတ်ပြုစုဝေးပွဲများထဲမှ တစ်ခုကို ကျွန်တော် သွားတက်ရောက်ခဲ့သည်။ သူတို့ဒေသနာ၏ အစတွင် အတော်အတန် သိနားလည်စေသည်ဟု သိခဲ့ရသော်လည်း နောက်ဆုံးတွင် သူတို့သည်လည်း ယုံကြည်မှုအားဖြင့် ဖြောင့်မတ်ခြင်းနှင့် ပတ်သက်သည့် နည်းလမ်းကိုသာ ဟောကြားနေသည်ကို တွေ့ခဲ့ရပြီး၊ စိတ်ပျက်ခြင်းဖြင့် အလွန်စိတ်ကသိကအောက် ဖြစ်ခဲ့ရသည်။ ဝတ်ပြုစုဝေးပွဲ ပြီးနောက် ကျွန်တော်က သင်းအုပ်ခေါင်းဆောင်အား ရှာဖွေပြီး “ဆရာ၊ စိတ်မရှိပါနဲ့၊ ဆရာက ‘တစ်ကြိမ်ကယ်တင်ခံရဖူးလျှင် အမြဲကယ်တင်ခံရ’ လို့ပြောတဲ့ အချိန်မှာ ကျွန်တော် နားမလည်ခဲ့ဘူး။ ဒီအကြောင်းကို ကျွန်တော်နဲ့ ပိုပြီး မိတ်သဟာယ ဝေမျှလို့ရမလားခင်ဗျာ။” ဟု မေးခဲ့သည်။ သင်းအုပ်ဆရာ က “ဒါက နားလည်ဖို့ အရမ်းလွယ်ကူတဲ့အရာပါ။ ရောမသြဝါဒစာမှာ “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင် ပေတည်း။ အပြစ်စီရင်သောသူကား အဘယ်သူနည်း။” (ရောမ ၈:၃၃-၃၄) လို့ပြောထားတယ်။ သခင်ယေရှုက ကားတိုင်ပေါ် တင်ခံရခြင်း အားဖြင့် ကျွန်တော်တို့ အပြစ်တွေအားလုံးကို ဖြေပေးခဲ့ပြီးပြီ။ အဲဒါဟာ အတိတ်က ကျွန်တော်တို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေပဲဖြစ်ဖြစ်၊ ဒီနေ့လက်ရှိ ကျွန်တော်တို့ ကျူးလွန်တဲ့ အပြစ်တွေပဲဖြစ်ဖြစ် ဒါမှမဟုတ် အနာဂတ်မှာ ကျွန်တော်တို့ ကျူးလွန်နိုင်သေးတဲ့ အပြစ်တွေပဲဖြစ်ဖြစ် အပြစ်တွေ အားလုံးကို ခွင့်လွှတ်ပေးပြီးဖြစ်တယ်လို့ ဆိုလိုတာဖြစ်တယ်။ ကျွန်တော် တို့က ခရစ်တော်အပေါ် ယုံကြည်ခြင်းနဲ့ ထာဝရ ဖြောင့်မတ်ရာ ရောက်ပြီး၊ သခင်က ကျွန်တော်တို့ အပြစ်တွေအတွက် ကျွန်တော်တို့ကို စီရင်ခြင်းမရှိဘူးဆိုရင်၊ ကျွန်တော်တို့ကို ဘယ်သူက စွပ်စွဲနိုင်မှာလဲ။ ဒါကြောင့် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ယုံကြည်မှုကို ဆုံးရှုံးလို့ မဖြစ်ဘူး။” ဟု ပြောလေသည်။ သင်းအုပ်ဆရာ၏ အဖြေက ကျွန်တော့်ကို ပို၍ပင် စိတ်ရှုပ်ထွေးစေ သောကြောင့် ကျွန်တော်က- “ဟေဗြဲမှာ ‘အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသာယဇ်ကို ပူဇော်ရာအခွင့် မရှိ။’ (ဟေဗြဲသြဝါဒစာ ၁၀:၂၆) လို့ ရေးထားတဲ့အရာကို ဆရာ ဘယ်လိုဖြေရှင်းမလဲ” ဟု ဆက်ပြီးမေးခဲ့သည်။ သင်းအုပ်ဆရာ၏ မျက်နှာက ရဲတက်သွားပြီး၊ သူက မည်သည့်အရာမျှ ထပ်မပြောတော့ဘဲ၊ ကျွန်တော့် မေးခွန်းမှာ အဖြေမရဘဲ ကျန်ရစ်ခဲ့သည်။ ဤဝတ်ပြုစုဝေးပွဲက ကျွန်တော့် စိတ်ရှုပ်ထွေးခြင်းကို မဖြေရှင်းနိုင်ရုံ သာမက၊ ထိုအစား ကျွန်တော့် စိတ်အနှောင့်အယှက်ဖြစ်ခြင်းကို တိုးလာစေခဲ့သည်။ ကျွန်တော်က “သခင့်ကို ငါယုံကြည်ခဲ့တာ ဆယ်စုနှစ်တွေကြာခဲ့ပြီ၊ ဒါပေမဲ့လည်း ငါသေတဲ့အချိန်မှာ၊ ငါ့စိတ်ဝိညာဉ် ဟာ သခင့်ဆီကို သွားမသွားတောင် ငါမရှင်းသေးဘူးဆိုရင် ဒါဟာ ငါ့တစ်ဘဝလုံး အမှတ်မှားတဲ့ ယုံကြည်မှု အမျိုးအစား တစ်ခု ရှိတယ်လို့ မဆိုလိုနေ ဘူးလား။” ဟု မိမိဘာသာတွေးမိခဲ့သည်။ ထို့နောက် ကျွန်တော့် ပြဿနာ အတွက် အဖြေကို လုံးဝ နေရာအနှံ့ ရှာဖွေခြင်း လမ်းကြောင်းကို စတင်ခဲ့ပါသည်။

၂၀၀၀ခုနှစ် မတ်လတွင်၊ နိုင်ငံခြားသားများ ဟောကြားသည့် ဒေသနာများသည် ပိုသာလွန်ပြီး၊ သူတို့က ကျွန်တော်၏ ရှုပ်ထွေးခြင်း ကို ဧကန်မုချ ဖြေရှင်းမည်ဟု ယုံကြည်စိတ်ချမှုရှိလျက်၊ နိုင်ငံခြားသား များ ဖွင့်သည့် ဓမ္မသင်တန်းကျောင်းတစ်ခုတွင် သွားရောက် လေ့လာ ခဲ့သည်။ သို့သော် အံ့အားသင့်စွာပင်၊ ထိုနေရာတွင် ကျွန်တော်သည် ယုံကြည်မှုဖြင့် ပြည့်လျှံလျက်ရှိသည့် အချိန်အတောအတွင်း နှစ်လကြာ သင်ယူလေ့လာ ပြီးနောက်တွင်၊ သင်းအုပ်ဆရာများအားလုံးသည် တူညီသည့်အရာ အဟောင်းများကိုသာ ဟောကြားကြပြီး၊ သူတို့၏ ဒေသနာများတွင် သိမြင်မှုအသစ် လုံးဝ မရှိသည်ကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာတွင်ရှိစဉ် အသက်ပေးသည့် ဒေသနာတစ်ခုမျှ မကြားခဲ့ရသကဲ့သို့၊ ဝိညာဉ်ရေးရာ စာတမ်းတိုတစ်ခုပင် မဖတ်ခဲ့ရပါ။ ကျွန်တော်၏ ရှုပ်ထွေးခြင်းက မပပျောက်သွားရုံမျှမက၊ ထိုအစား ထိုနေရာတွင် ကျွန်တော်နေသည့်အချိန်များက ကျွန်တော့်ကို ပို၍ပင် ပျာယာခတ် စေခဲ့သည်။ ကျွန်တော်က စိတ်မရှုပ်ဘဲမနေနိုင်ကာ၊ “ ငါဒီမှာရောက်နေ တာ နှစ်လကျော်ခဲ့ပေမဲ့ ငါဘာများ ဆည်းပူးမိလဲ။ ဒီမှာ ထောက်ပံ့မှု မရနိုင်ဘူးဆိုရင်တော့၊ ဒီလေ့လာမှုတွေကို ဆက်လုပ်နေတာ ဘာအကျိုး ရှိလဲ။”

ညစာစားပြီး တစ်ညနေတွင်၊ ကျွန်တော်က သင်းအုပ်ဆရာ တစ်ယောက်ကို “ဆရာ၊ ဓမ္မပညာ ကျောင်းသားတွေ အနေနဲ့၊ ကျွန်တော် တို့ လေ့လာတာ ဒါအကုန်ပဲလား။ အသက်တာရဲ့ လမ်းခရီး အကြောင်း ကျွန်တော်တို့ ပြောလို့မရဘူးလား။” ဟု မေးခဲ့သည်။ သင်းအုပ်ဆရာက အလွန် တည်ကြည်စွာဖြင့် “ဆရာတို့ ဓမ္မပညာဆိုင်ရာ လေ့လာမှုတွေမှာ ဒီအကြောင်းအရာတွေကို မဆွေးနွေးဘူးဆိုရင်၊ ဆရာတို့ ဘာအကြောင်း ပြောသင့်လဲ။ စိတ်အေးအေးထားပြီးတော့၊ ဆက်လေ့လာပါ။ ဆရာတို့က ကမ္ဘာမှာ အကြီးဆုံး ဘာသာရေး အဖွဲ့အစည်း တစ်ခုဖြစ်တယ်၊ ပြီးတော့ ဆရာတို့က နိင်ငံတကာက အသိအမှတ်ပြုခံထားရတာပါ။ ဆရာတို့က မင်းကို ဒီမှာ သုံးနှစ် လေ့ကျင့်ပေးပြီး၊ အဲဒီနောက်မှာ မင်းက သင်းအုပ်ဆရာတစ်ယောက် အဖြစ် နိုင်ငံတကာအဆင့် သတ်မှတ် အရည်အချင်းပြည့်မီလိမ့်မယ်။ အဲဒီအချိန်ရောက်လာရင်၊ ဧဝံဂေလိ ဟောကြားဖို့ နဲ့ အသင်းတော်တွေ တည်ထောင်ဖို့ အဲဒီအောင်လက်မှတ်ကို ကမ္ဘာ နေရာအနှံ့ကို မင်း ယူသွားလို့ရတယ်လေ။” ဟု ပြန်ဖြေခဲ့သည်။ သင်းအုပ်ဆရာ၏ အဖြေက ကျွန်တော့်အတွက် အမှန်တကယ် စိတ်ပျက် ဖွယ်ကောင်းလေသည်။ ကျွန်တော် သင်းအုပ်ဆရာတစ်ယောက် မဖြစ်ချင် ပါ၊ ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် နည်းလမ်းကိုသာ ကျွန်တော် သိချင်ပါသည်။ ထို့ကြောင့် ကျွန်တော်က “ဆရာ၊ သင်းအုပ်ဆရာ တစ်ယောက်ရဲ့ အောင်လက်မှတ်ရှိတာဟာ အထူးအခွင့်အလမ်း များစွာကို ရရှိစေတဲ့အတွက်ကြောင့်၊ ကျွန်တော်က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အဲဒါကို အသုံးပြုနိုင်မလား။” ဟု သူ့ကို မေးလိုက်သည်။ ဤအရာကို ကြားရာတွင်၊ သင်းအုပ်ဆရာက တိတ်ဆိတ် သွားလေသည်။ ကျွန်တော်က ဆက်ပြောခဲ့သည်။ “ဆရာ၊ ဆရာငယ်ငယ်တည်းက သခင့်ကို ယုံကြည်ခဲ့တယ်လို့ ကျွန်တော် ကြားရတယ်။ အဲဒါက အခုဆိုရင် ဆယ်စုနှစ်များစွာ ဖြစ်နေပြီဆိုတော့ ကျွန်တော် စဉ်းစားမိတယ်၊ ဆရာ ကယ်တင်ခံရပြီးပြီလား။” သူက “ဟုတ်တယ်၊ ဆရာ ကယ်တင်ခံရပြီးပြီ။” ဟု ပြန်ဖြေခဲ့သည်။ ကျွန်တော်က “ဒါဆို ဆရာက ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်မလား” ဟု မေးခဲ့သည်။ မိမိကိုယ်မိမိ ယုံကြည် စွာဖြင့် သူက “ဟုတ်တာပေါ့ ဆရာဝင်နိုင်မှာပေါ့” ဟု ပြောခဲ့သည်။ ထို့နောက် ကျွန်တော်က “ဒါဆို ကျွန်တော် မေးပါရစေ၊ ကောင်းကင် နိုင်ငံတော်ကို ဆရာဝင်ရောက်နိုင်တယ်လို့ ပြောတာရဲ့ အခြေခံ အကြောင်းအရင်းက ဘာလဲ။ ဆရာက ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေ ထက် ပိုဖြောင့်မတ်တဲ့ လူတစ်ယောက်လား။ ဆရာ ကိုယ့်ကိုယ်ကိုယ် ချစ်သလောက် ကိုယ်နဲ့ သက်ဆိုင်သူတွေကို ချစ်လား။ ဆရာက သန့်ရှင်းလား။ အဲဒီ အကြောင်းလေး တွေးကြည့်ပါ။ ကျွန်တော်တို့က တစ်ချိန်လုံး အပြစ်လုပ်ပြီး၊ သခင့်သွန်သင်ချက်တွေကို မဆန့်ကျင်ဘဲ မနေနိုင်သေးဘူး၊ ပြီးတော့ ကျွန်တော်တို့က နေ့မှာ အပြစ်ကျူးလွန်ပြီး၊ ညမှာ ဝန်ခံတဲ့ အခြေအနေနဲ့ နေ့တိုင်း အသက်ရှင်နေကြတယ်။ ဘုရားသခင်က သန့်ရှင်းတယ်လေ၊ ဒါ့ကြောင့် ကျွန်တော်တို့က အပြစ်တွေအများကြီးနဲ့ ပြည့်နေတဲ့အချိန်မှာ ကောင်းကင်နိုင်ငံတော်ကို ကျွန်တော်တို့ ဝင်ရောက် နိုင်မယ်လို့ ဆရာ တကယ် ထင်လား။” သင်းအုပ်ဆရာက အကြံအိုက်ပြီး၊ သူ့မျက်နှာက ရဲတွတ်သွားကာ၊ အချိန်အတန်ကြာသည့်တိုင်အောင် သူနောက်ထပ် စကားတစ်လုံးမျှ မဆိုတော့ပါ။ သူ့တုံ့ပြန်မှုကို ကျွန်တော် အလွန်စိတ်ပျက်ပြီး၊ ကျွန်တော် ထိုနေရာတွင် ကျွန်တော့် လေ့လာမှု များကို ဆက်လက်ပြုလုပ်ပါက၊ အသက်ကို ရရှိရန်နှင့် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် နည်းလမ်းနှင့် ပတ်သက်သည့် နက်နဲမှုကို ကျွန်တော် နားလည် သဘောပေါက်နိုင်မည် မဟုတ်ဟု ခံစားရသည်။ ထို့ကြောင့် ကျွန်တော်က ဓမ္မကျောင်း၌ ကျွန်တော့် လေ့လာမှုများကို ချန်ထားခဲ့ပြီး၊ ကျွန်တော့် ဇာတိမြို့သို့ ပြန်လာခဲ့သည်။

အိမ်သို့အပြန်ခရီးတွင်၊ ကျွန်တော် ခံစားဖူးသမျှထဲတွင် အားအလျော့ဆုံးကို ခံစားခဲ့ရသည်။ ကျွန်တော့် နောက်ဆုံး မျှော်လင့်ချက် ခြေမှုန်းခံရသည့်အလား ခံစားခဲ့ရသည်။ ကျွန်တော်က “နိုင်ငံခြားသား သင်းအုပ်ဆရာတွေ ဖွင့်တဲ့ ဓမ္မကျောင်းမှာတောင် ငါ့ရှာဖွေမှုက ကိုယ့်ကိုယ်ကိုယ် အပြစ်က ဖယ်ရှားဖို့နဲ့ ကောင်းကင် နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ လမ်းကြောင်းကို မရနိုင်သေးဘူး။ ဒီလမ်းကြောင်းကို ငါ တခြားဘယ်မှာသွားပြီး ရှာဖွေနိုင်မလဲ။” ကျွန်တော်သည် လမ်းဆုံးရောက် နေသည်ဟု ခံစားခဲ့ရသည်။ ထိုအခိုက်အတန့်တွင်ပင်၊ သေခါနီးသည့် အချိန်တွင် ကျွန်တော်၏ အိုမင်းနေသောအဖေနှင့် သင်းအုပ်ဆရာ တစ်ယောက်တို့ ငိုကြွေးကြသည့် ပုံရိပ်များက ကျွန်တော့် မျက်လုံးများ ရှေ့တွင် တစ်ဖန် လျှပ်တပြက် ပေါ်ပေါက် လာခဲ့သည်။ ယုံကြည်မှုအားဖြင့် မှန်ကန်ကြောင်းခြင်းနှင့် ပတ်သက်သည့် နည်းလမ်းအကြောင်း၊ လူများက သေပြီး နောက်ပိုင်းတွင် ကောင်းကင်နိုင်ငံတော် ထဲသို့ ဝင်ရောက်နိုင် ကြောင်း သူတို့တစ်ဘဝလုံးကုန်အောင် ဟောကြားခဲ့ သော်လည်း အဆုံးသတ်တွင် သူတို့သည် နောင်တများဖြင့် ပြည့်ကာ ကွယ်လွန် သွားပုံကို ကျွန်တော်တွေးမိသည်။ ကျွန်တော့် တစ်ဘဝလုံး သခင့်ကို ယုံကြည်ခဲ့ပြီး၊ လူများ သေဆုံးသည့်အချိန်တွင် သူတို့ ကောင်းကင် နိုင်ငံတော်ထဲသို့ ဝင်ရောက်မည်ဖြစ်ကြောင်းကို နေ့စဉ်နေ့တိုင်း ကျွန်တော် လူများကို ပြောနေခဲ့သည်၊ သို့သော် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် ဝင်ရောက်ဖို့ နည်းလမ်းကိုမူ ကျွန်တော့်မှာ မည်သည့်အခါမျှ စစ်မှန်သော ရှင်းလင်းပြတ်သားမှု မရှိသေးပါ- ကျွန်တော် အဖေနှင့် သင်းအုပ်ဆရာတို့ကဲ့သို့ပင် ကျွန်တော်လည်း ဤဘဝမှ နောင်တ အပြည့်ဖြင့် ထွက်ခွာရမည်လား။ ကျွန်တော်၏ ပူဆွေးမှု အလယ်တွင်၊ သခင့်ထံမှ ဤနှုတ်ကပတ်တော်များက ကျွန်တော့် စိတ်ထဲကို ရုတ်တရက် ရောက်လာခဲ့သည်။ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ (ရှင်မဿဲခရစ်ဝင် ၇:၇) “အဲဒါမှန်တယ်” ဟု ကျွန်တော်တွေးမိသည်။ “သခင်က သစ္စာစောင့် သိတယ်၊ ပြီးတော့ ငါက စစ်မှန်တဲ့ နှလုံးသား တစ်ခုနဲ့ ရှာဖွေသမျှ ကာလပတ်လုံး သခင်က ငါ့ကို လမ်းပြမှာ သေချာ ပေါက်ပဲ။ ငါလက်လျှော့လို့မရဘူး။ ငါ့ခန္ဓာကိုယ်ထဲမှာ ထွက်သက် တစ်ခုကျန်နေသမျှ ကာလပတ်လုံး၊ ကောင်းကင်နိုင်ငံတော်ဆီ သွားရာ လမ်းကြောင်း အတွက် ငါဆက်ပြီးရှာနေဦးမှာပဲ။” ထို့နောက် ဆုတောင်းဖို့ အတွက် သခင့်ရှေ့တော်မှောက်သို့ ကျွန်တော် ရောက်လာခဲ့သည်။ “ချစ်လှစွာသော သခင်၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အပြစ်ကနေ ဖယ်ရှားဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ နည်းလမ်း အတွက် နေရာတိုင်းမှာ ရှာဖွေခဲ့ပါတယ်၊ ဒါပေမဲ့လည်း ဘယ်သူကမှ ကျွန်တော့် ပြဿနာကို ဖြေရှင်းနိုင်စွမ်း မရှိပါဘူး။ ချစ်လှစွာသော သခင်၊ ကျွန်တော် ဘာလုပ်သင့်သလဲ။ သင်းအုပ်ဆရာတစ်ယောက် အနေနဲ့ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေကို အဆုံးအထိ လုံ့လဝီရိယရှိတဲ့ ရှာဖွေသူတွေ ဖြစ်သင့်ပြီး၊ စိတ်ရှည်သင့်ပြီးတော့၊ ကိုယ်တော်က ကျွန်တော်တို့ သေပြီးနောက်မှာ ကောင်းကင်နိုင်ငံတော်ထဲကို ခေါ်ဖို့ လာလိမ့်မယ်လို့ ကျွန်တော် သူတို့ကို နေ့တိုင်း ပြောခဲ့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ၊ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်ကနေ ဖယ်ရှားဖို့နဲ့၊ ကောင်းကင် နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့နည်းလမ်းကို တကယ့်ကို မသိပါဘူး။ ကျွန်တော်က ကျွန်တော့် ညီအစ်ကိုမောင်နှမတွေကို တွင်းတစ်ခုထဲကို ဦးဆောင်နေရင်း မျက်မမြင်တွေကို ဦးဆောင်နေတဲ့ မျက်မမြင် တစ်ယောက် မဖြစ်နေဘူးလား။ ချစ်လှစွာသော သခင်၊ ကောင်းကင် နိုင်ငံတော်ထဲ ဝင်တဲ့ လမ်းကြောင်းကို ရှာဖွေဖို့ ကျွန်တော် ဘယ်ကို သွားသင့်ပါသလဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြတော် မူပါ။”

ဆုတောင်း

ကျွန်တော် ဇာတိမြို့ကို ပြန်ရောက်ပြီးနောက်၊ ကျွန်တော်တို့ အသင်းတော်မှ သိုးကောင်းနှင့် ခေါင်းဆောင်သိုး များစွာတို့ကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ခိုးယူသွားသည်ဟု ကြားရသည်။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း၏ နည်းစဉ်သည် အသစ်သော နားလည် သဘောပေါက်မှု နှင့် အသစ်သော သိမြင်မှုတို့ကို ထောက်ပံ့ပေး သည်ဟု လူများစွာတို့က ပြောနေကြပြီး၊ အတွေ့အကြုံရှိသည့် သင်းအုပ်ဆရာများ ပင် သူတို့၏ ဒေသနာများအပေါ် လေးစားကြည်ညိုမှုရှိကြသည်။ ဤအရာများကို ကျွန်တော် ကြားသည့်အချိန်တိုင်း ကျွန်တော်က “အရှေ့အရပ်က လျှပ်ပြက်ခြင်းက ပေးတဲ့ ဒေသနာတွေက တကယ့်ကို မြင့်မြတ်ပုံ ရတယ်။ အရှေ့အရပ်က လျှပ်ပြက်ခြင်းကလူတစ်ယောက်နဲ့မှ ငါမကြုံဘူးတာ ဝမ်းနည်းစရာပဲ။ သူတို့နဲ့ တစ်ရက်မှာ ငါတွေ့လို့ရခဲ့ရင် အရမ်းကောင်းမှာပဲ။ အဲဒီနေ့သာ ရောက်လာရင်၊ သူတို့ ဒေသနာတွေဟာ ဘာဖြစ်လို့ တကယ်ကို ကောင်းနေရတာလဲဆိုတာရယ်၊ ငါ နှစ်ပေါင်း များစွာ သယ်ဆောင်လာတဲ့ ဒီရှုပ်ထွေးမှုတွေကို သူတို့က ပပျောက်စေ နိုင်လား၊ မပပျောက်စေ နိုင်ဘူးလားဆိုတာရယ် တွေ့ဖို့ ငါ အသေအချာကို နားထောင်ပြီး၊ အရမ်း လေးလေးနက်နက်ကို ရှာဖွေမှာပဲ။”

တစ်နေ့မှာ အသင်းတော် ခေါင်းဆောင်က “ဟိုအသင်းတော် ကတော့ သူ့သိုးကောင်းတော်တော်များများကို အရှေ့အရပ်က လျှပ်ပြက်ခြင်းရဲ့ အခိုးခံရတယ်။ ဂိုဏ်းဂဏအားလုံးက သူတို့ အသင်းတော်တွေကို အခု ထိန်းချုပ်ကန့်သတ်ထားပြီး၊ ကျွန်မတို့ ညီအစ်ကိုမောင်နှမတွေကို အရှေ့ အရပ်က လျှပ်ပြက်ခြင်းက တစ်ယောက်နဲ့မှ လုံးလုံး မပတ်သက်ဖို့ ၊ ပြီးတော့ အထူးသဖြင့် သူတို့ ဒေသနာတွေကို နားမထောင်ဖို့ တိုက်တွန်းရ မယ်။ ကျွန်မတို့ရဲ့ သစ္စာစောင့်သိသူတွေအားလုံး က အရှေ့အရပ်က လျှပ်ပြက်ခြင်းကို စပြီးယုံကြည်လာရင်၊ ကျွန်မတို့က ဘယ်သူ့ကို တရားဟောရတော့မှာလဲ။” ဟု ကျွန်တော့်ကို ပြောခဲ့သည်။ အသင်းတော် ခေါင်းဆောင် ဤသို့ ပြောသည်ကို ကြားရသည်မှာ ကျွန်တော့်ကို ရွံရှာစေပြီး၊ ကျွန်တော်က “ငါတို့အသင်းတော်က လူတိုင်းကို လက်ခံတယ် ဆိုရင် ဘာဖြစ်လို့ ငါတို့က အသင်းတော်ကို ထိန်းချုပ်ကန့်သတ်ရတာလဲ။ အဝေးတစ်နေရာက သူစိမ်းတစ်ယောက်ကို ခင်ဗျားက ဘာဖြစ်လို့ မကြိုဆိုမှာလဲ။ သမ္မာကျမ်းစာထဲမှာ ဧည့်သည် ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။ ၂အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။’ (ဟေဗြဲသြဝါဒစာ ၁၃:၁-၃) လို့ ပြောထားတယ်။ အာဗြဟံက သူစိမ်းတွေကို လက်ခံကြိုဆို တဲ့အတွက် ဘုရားသခင်ရဲ့ ကောင်းကြီး မင်္ဂလာပေးခြင်းကို ခံခဲ့ရပြီး၊ သူက အသက်တစ်ရာမှာ သားတစ်ယောက်ရခဲ့တယ်။ လောတက ကောင်းကင် တမန် နှစ်ပါးကို လက်ခံကြိုဆိုခဲ့လို့ သောဒုံရဲ့ ပျက်ဆီးခြင်းကနေ ကယ်တင်ခံရတယ်။ ပြည့်တန်ဆာရာခပ်က ဣသရေလက သူလျှိုတွေကို ဝင်ခွင့်ပြုပြီး၊ သူ့ရဲ့ မိသားစုတစ်စုလုံးက ကယ်တင်ခံရတယ်။ ဆင်းရဲတဲ့ မုဆိုးမ တစ်ယောက်က ပရောဖက်ဧလိယကို လက်ခံခဲ့လို့ ငတ်မွတ်ခြင်းက သုံးနှစ်ခွဲကြာ ရှောင်လွှဲနိုင်ခဲ့တယ်။ ဝေးရာကလာတဲ့ သူစိမ်းတွေကို လက်ခံ ကြိုဆိုလို့ လူတော်တော်များများထဲက တစ်ယောက်မှ မထိခိုက်ခဲ့ ဘဲ ဆန့်ကျင်ဘက်အနေနဲ့ သူတို့အားလုံးက ဘုရားသခင်ရဲ့ ကောင်းကြီး မင်္ဂလာကို ခံစားခဲ့ရတယ်။ ဒါ့ကြောင့် သူစိမ်းတွေကို လက်ခံကြိုဆိုခြင်းက သခင့်အလိုတော်နဲ့ ကိုက်ညီ တယ်ဆိုတာ ရှင်းလင်းလှပါတယ်။ ဒါဆိုရင် အစ်မက ဘာဖြစ်လို့ သခင့်အလိုတော်နဲ့ ဆန့်ကျင်ပြီးတော့၊ အကြောင်းမဲ့ သက်သက် အသင်းတော်ကို ထိန်းချုပ် ကန့်သတ်ပြီး၊ ဘယ်သူစိမ်း တစ်ယောက်ကိုမျှ ဝင်ခွင်မပြုခဲ့တာလဲ။” ဟု မိမိဘာသာ တွေးမိသည်။ ဤသို့ ကျွန်တော်တွေးလျက် ကျွန်တော့်ခေါင်းကို ခါပြီး၊ သူမကို “ဒါကို လုပ်တာဟာ သခင့်အလိုတော်နဲ့ ဆန့်ကျင်နေတယ်။ ကျွန်တော်တို့ အသင်းတော်က ဘုရားသခင်နဲ့ သက်ဆိုင်ပြီး၊ အားလုံးကို ကြိုဆိုတယ်။ သူတို့ မိတ်သဟာယပြုခြင်းက သခင့်ကို ယုံကြည်ခြင်း အကြောင်း ဖြစ်သမျှ ကာလပတ်လုံး၊ ကျွန်တော်တို့က ဘယ်သူ့ကိုမဆို ကြိုဆိုသင့်ပြီး၊ သူတို့ဘယ်သူတွေပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့က သဘောထားကြီးကြီးနဲ့ ရှာဖွေသင့်ပြီး၊ အကြံဉာဏ်တွေကို အတူတကွ စူးစမ်းစစ်ဆေးသင့်တယ်။ ဒါကို လုပ်မှသာလျှင် ကျွန်တော်တို့က သခင့် သွန်သင်ချက်တွေနဲ့ ကိုက်ညီမှာဖြစ်တယ်။” ဟူ၍ ပြောလိုက်သည်။

ဆက်ရန်…

အပိုင်း နှစ်-

အမှာစကား ချန်ခဲ့မည်