နိုင်ငံခြားထွက်ကာ အလုပ်လုပ်စဉ်တွင် ဘုရားသခင်၏ အံ့သြဖွယ်ကယ်တင်မှုကို ရရှိခြင်း

လင်းဝူ၊ ဂျပန်နိုင်ငံ

ကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက အားနည်းပြီး၊ သူ ငယ်စဉ်ကတည်းက နာမကျန်းဖြစ် လွယ် သည်။ ကျွန်တော့်အဖေက ကျွန်တော် ၁၀နှစ်သားတွင် မတော်တဆမှု တစ်ခု၌ဒဏ်ရာရခဲ့သည်။ ထိုသို့ဒဏ်ရာရပြီးနောက် နှစ်နှစ်ကြာတွင် လုံးလုံး အကြောသေသွားခဲ့သည်။ ကျွန်တော့် မိသားစုက အစကတည်း က ဆင်းရဲပြီးသားဖြစ်ကာ၊ ကျွန်တော့်အဖေ၏ ဆေးကုသမှုအတွက် များစွာ အကြွေးတင်ရှိလေသည်။ ကျွန်တော်တို့၏ မိတ်ဆွေများနှင့် ဆွေမျိုးများက ကျွန်တော်တို့ အကြွေးလုံးဝ ပြန်မဆပ်နိုင်မည်ကို ကြောက်သောကြောင့်၊ သူတို့က ကျွန်တော်တို့ကို ငွေတစ်ပြားမျှ မချေးလိုခဲ့ကြပါ၊ ထို့ကြောင့် မည်သည့်ရွေးချယ်စရာမျှ မကျန်ဘဲ၊ အခြား နေရာတစ်ခုတွင် အလုပ်သွားရှာဖို့ ကျွန်တော့်မှာ ၁၆နှစ်တွင် ကျောင်း ထွက်ခဲ့ရပါသည်။ အရာအားလုံးဆိတ်ငြိမ်နေသည့် ညသန်းခေါင် တွင် ကျွန်တော် မကြာခဏ တွေးမိသည်။ “ငါတို့အားလုံး ငယ်ငယ်တုန်း က၊ ငါတို့နဲ့ သက်တူရွယ်တူတွေဟာ ကျောင်းပြီးတာနဲ့ ကစားဖို့ အားလပ်နေ တုန်း၊ ငါ့မှာတော့ လယ်အလုပ်လုပ်ဖို့ လယ်ကွင်းတွေထဲ သွားခဲ့ရတယ်။ အခုတော့ ငါတို့အားလုံး ကြီးပြင်းလာပြီး၊ သူတို့က သူတို့မိဘတွေရှေ့မှာ ကလေးဆိုးကြီးတွေလို ပြုမူရင်း ကျောင်းတက် နေတုန်းပဲ၊ ဒါပေမဲ့ ငါ့မှာတော့ ငါ့မိသားစုကို ထောက်ပံ့ဖို့ အရမ်းငယ်တဲ့ အရွယ်မှာ အလုပ် စလုပ်ခဲ့ရပြီး၊ အခက်အခဲအမျိုးမျိုးကို ခံရတယ်။” ထိုအချိန်တွင် ဒုက္ခခံဖို့ နှင့် အလုပ်ပင်ပင်ပန်းပန်း လုပ်ဖို့သက်သက်နဲ့ ဒီကမ္ဘာထဲကို ကျွန်တော် လာရသည့် အကြောင်းအရင်းကို စဉ်းစားလျက် ပထမတည်းက ကျွန်တော့်ကို မွေးခဲ့သည့် ကျွန်တော့် မိဘများကို အပြစ်တင်ခဲ့သည်။ သို့သော်လည်း ထိုအရာနှင့် ပတ်သက်ပြီး ကျွန်တော် လုပ်နိုင်သည့် အရာတစ်ခုမျှ မရှိဘဲ၊ ဤလက်တွေ့အရှိတရားကို လက်ခံရုံသာ လုပ်နိုင် ခဲ့သည်။ ထိုအချိန်တွင် ကျွန်တော့်၏ အကြီးမားဆုံးဆန္ဒမှာ ကျွန်တော့် မိဘများ သက်သောင့်သက်သာ အသက်ရှင်နေထိုင်ပြီး၊ တခြားလူများ၏ အနှိမ်မခံရစေဖို့ အလုပ်ကြိုးစား ပြီး၊ ငွေရှာရန်သာ ဖြစ်ပါသည်။ 

ကျွန်တော် ပုဂ္ဂလိကပိုင် အလူမီနီယမ် သတ္တုစပ် စက်ရုံတစ်ခုတွင် စတင်အလုပ်လုပ်ခဲ့သည်။ ကျွန်တော်က ကလေးအလုပ်သမား တစ်ယောက်ဖြစ်သည့်အတွက်၊ အလုပ်ရှင်က ကျွန်တော့်ကို အစား အစာနှင့် နေရာထိုင်ခင်းအတွက် အမြဲတမ်း ကောင်းမွန်စွာ တာဝန်ယူ စောင့်ရှောက်ခဲ့သည်။ တစ်နှစ်ကုန်သွားပြီးနောက်၊ ကျွန်တော့် လုပ်အားခက အလွန်နည်းပါးသည်ဟု စတင် ခံစားရသောကြောင့်၊ တခြားလူများ မလုပ်ချင်သည့် ကြွေရည်သုတ်ဆေးဖြန်းခြင်း အလုပ်ကို လုပ်လျက် ပရိဘောဂ စက်ရုံတစ်ခုတွင် ကူးပြောင်းအလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်က ကျွန်တော် ပိုက်ဆံပိုရနိုင်မည် ဆိုပါက၊ ဥပဒေမချိုးဖောက်သရွေ့ မည်သည့်အလုပ်ကိုမဆို ကျွန်တော် လုပ်မည် သာ ဖြစ်သည်။ ၎င်းမှာ ဆင်းရဲသားတစ်ယောက်ကဲ့သို့ ကျွန်တော် လုံးဝ ထပ်ပြီး အသက်မရှင်ရလေအောင်၊ ကျွန်တော့် တစ်ခုတည်းသော ရည်မှန်းချက်မှာ ချမ်းသာလာဖို့ ဖြစ်သောကြောင့်ပင်တည်း။ အချိန် တစ်ခုကြာပြီးနောက် ကျွန်တော့် ဆွေမျိုးများထဲမှ တစ်ယောက်က အလုပ်အတွက် နိုင်ငံမှထွက်ခွာဖို့ အခွင့်အလမ်းရှိသည့် ကုမ္ပဏီတစ်ခု ထဲသို့ ကျွန်တော့်ကို အလုပ်သွင်းပေးခဲ့ပြီး၊ အံ့အားသင့်ဖွယ်ရာပင် နှစ်အနည်းငယ် ကြာပြီးနောက် ကျွန်တော် အမှန်တကယ် နိုင်ငံရပ်ခြား သို့ သွားခဲ့ရလေသည်။

နိုင်ငံခြားထွက်ကာ အလုပ်လုပ်စဉ်တွင် ဘုရားသခင်၏ အံ့သြဖွယ်ကယ်တင်မှုကို ရရှိခြင်း

၂၀၁၂ ခုနှစ် နွေဦးတွင် ကျွန်တော် မျှော်လင့်ထားခဲ့သည့်အတိုင်း၊ ဂျပန်နိုင်ငံသို့ ကျွန်တော် ရောက်လာခဲ့ပြီး၊ ကျွန်တော့် ဘဝသစ်ကို စတင် ခဲ့သည်။ သင်္ဘောတည်ဆောက်မှုလုပ်ငန်းတွင် ကျွန်တော် ပါဝင်လုပ် ကိုင်ခဲ့ပြီး၊ ထိုကုမ္ပဏီနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ အလုပ် စလုပ် သည့်အချိန်က၊ ထမင်းဟင်းမချက်တတ်သောကြောင့် တစ်လကြာ အသင့်စား ခေါက်ဆွဲများသာ စားသောက်ခဲ့သည်မှာ၊ ကျွန်တော့်ကို ထမင်းဟင်းချက်တတ်ဖို့ အတင်းအကျပ် သင်ယူစေလျက် ထိုခေါက်ဆွဲ များကို စားသည့်အချိန်တိုင်း အန်ထွက်တော့မည်ဟု ခံစားရသည့်အချိန် အထိပင် ဖြစ်သည်။ မကျက်တကျက်ထမင်းများကို ကျွန်တော် ရက်ပေါင်းမည်မျှ စားခဲ့ရသည်ကို မသိပါ။ ကျွန်တော်တို့က ဂျပန် နိုင်ငံတွင် နိုင်ငံခြားသားများ ဖြစ်သောကြောင့်၊ နယ်ခံအလုပ်ရှင်များက ကျွန်တော်တို့ကို အတော်အတန် မမျှမတ ဆက်ဆံသည်ကို မလွဲမရှောင် သာ ခံရလေသည်။ သူတို့က ညစ်ပတ်ကာ၊ ပင်ပန်းနွမ်းနယ်ပြီး အန္တရာယ် များသော အလုပ်တာဝန်များစွာကို ကျွန်တော်တို့အား လုပ်စေခဲ့သည်။ အထူးသဖြင့် ကျွန်တော် ကြွေရည်သုတ်ဆေး ဖြန်းနေသည့်အချိန်တွင်၊ ဓာတ်ငွေ့က မည်သည့် မီးဖြင့်မဆို ထိတွေ့မိပါက၊ မီးထတောက် မည်ဖြစ်သည့်အပြင်၊ ကျွန်တော့် တစ်ခဏလောက် အာရုံပျံ့သွားပါက၊ ကျွန်တော့် အသက်အန္တရာယ် ရှိနိုင်သောကြောင့် ကျွန်တော် မကြာခဏ ဆိုသကဲ့သို့ တော်တော်ကြောက်ခဲ့ရသည်။ သို့သော် ကျွန်တော့် မိသားစု ကို ငွေပို့ပေးဖို့ ငွေပိုရှာခြင်း၊ အခြားလူများကို ဆရာလုပ်နိုင်ဖို့နှင့်၊ အခြား သူများ၏ အထင်သေး ခံရကာ၊ ဆင်းရဲသော ဘဝတစ်ခုတွင် နောက်ထပ် အသက်ရှင်စရာ မလိုတော့သလို၊ တရုတ်ပြည်ပြန်ရောက်ပြီးနောက် ကားတစ်စီးနှင့် အိမ်တစ်လုံး ဝယ်နိုင်မည့် အကြောင်းတို့ကို တွေးလိုက် သည့်အချိန်တိုင်း၊ ကျွန်တော့် ဘဝထဲက ဆင်းရဲဒုက္ခဖြစ်စေ၊ ကျွန်တော့် အလုပ်ထဲက အန္တရာယ်ဖြစ်စေ၊ ထိုအချိန်က ကျွန်တော့်၏ဒုက္ခခံ ရခြင်းသည် အမှန်တော့ သိပ်မဆိုးလှဟု ခံစားခဲ့ရသည်။ ကျွန်တော့် ဘဝ၏ သုံးနှစ်တာသည် ထိုနေရာတွင် အလုပ်လုပ်ရင်း မျက်တောင် တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့သည်။ ကျွန်တော့် ဗီဇာသက်တမ်း ကုန်ဆုံးခါနီးတွင်၊ ထိုကုမ္ပဏီက စာချုပ်အသစ်ချုပ်ခြင်းနှင့် ပတ်သက် သည့် မူဝါဒတစ်ခုရှိသည်ကို ကျွန်တော်သိခဲ့ရသည်။ ငွေပိုရှာရန် အတွက်၊ ကျွန်တော်က ရှေ့ဆက် စာချူပ်သစ်ချုပ်ဆိုပြီး ဂျပန်နိုင်ငံတွင် အလုပ် ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ကျွန်တော့် စာချုပ်ကို အသစ် ချုပ်ဆို ပြီးနောက်မကြာမီပင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိ ကျွန်တော့်ဆီ ရောက်လာသည်မှာ ကျွန်တော် မမျှော်လင့်ဘဲ ဝမ်းမြောက်ခဲ့ရသည့် အရာပင် ဖြစ်သည်။ 

၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ကျွန်တော် ဂျပန်နိုင်ငံတွင် ဆုံတွေ့ခဲ့သည့် မိတ်ဆွေတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင် ၏ နောက်ဆုံးသောကာလ အမှုတော်အကြောင်း ကျွန်တော့်ကို ပြောခဲ့ သည်။ ယုံကြည်မှုနှင့်ပတ်သက်သည့် အရာများအကြောင်း သူမက ကျွန်တော့်အား စပြောခဲ့သည့်အချိန်တွင် ယင်းမှာ ယုံကြည်မှု အမျိုးအစားတစ်ခုခု ဖြစ်သည်ဟု ကျွန်တော် တွေးလျက် တစ်စက်မျှ စိတ်မဝင်စားခဲ့ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းက ကျွန်တော့် ကံကြမ္မာကို ပြောင်းလဲပေးမည်မဟုတ်ဟု ကျွန်တော် ခံစားခဲ့ရသည်။ ထိုနောက် မကြာမီတွင် ကျွန်တော့် အမြင်ရှုထောင့်ကို ကျွန်တော့် မိတ်ဆွေထံ ဝေငှပြီး၊ သူမအား “ဘုရားသခင်ကို ယုံကြည်ခြင်းက ကျွန်တော့် ကံကြမ္မာကို ပြောင်းလဲနိုင်လို့လား။ ကျွန်တော်က ကံမကောင်းတဲ့ လူတစ်ယောက်ပါပဲ၊ ကျွန်တော် ငယ်ငယ်လေးတည်းက အများကြီး ဒုက္ခခံခဲ့ရပြီးပြီ။ ကျွန်တော့်မှာ ပိုက်ဆံသာရှိခဲ့ရင်၊ ကျွန်တော် နောက်ထပ် ဒုက္ခခံရမှာမဟုတ်ဘူး။ အခု ကျွန်တော့်အတွက် လက်တွေ့ အကျဆုံးက ငွေပိုရှာဖို့ပဲလို့ ကျွန်တော် ထင်တယ်။ ကျွန်တော့် သဘောအရဆိုရင်တော့ ဘုရားသခင်ကို ယုံကြည်တာဟာ အလှမ်းဝေး တဲ့ အရာတစ်ခုပဲ” ဟု မေးခဲ့သည်။ ကျွန်တော့် သူငယ်ချင်းက ပြန်ဖြေ ရာတွင် ဘုရား နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုကို ကျွန်တော့်ကို ဖတ်ပြခဲ့သည်။ “သင်နေ့တိုင်း ဘယ်ကိုသွားမည်၊ ဘာလုပ်မည်၊ ဘယ်သူ သို့မဟုတ် မည်သည်ကို သင်ကြုံတွေ့မည်၊ သင် ဘာပြောမည်၊ သင့်ဆီမှာ ဘာတွေဖြစ်မည်၊ ဤ အရာအားလုံးကို ကြိုတင်ခန့်မှန်း နိုင်ပါသလော။ လူတွေက ဤ အဖြစ်အပျက်အားလုံးကို ကြိုမမြင်နိုင်ပါ။ ဒါတွေ မည်သို့ ဖြစ်သည်ဆိုတာကို ထိန်းချုပ်ဖို့ ပိုပြီး မဖြစ်နိုင်ပါ။ ဘဝမှာ ဤ ကြိုမမြင် နိုင်သည့် အဖြစ်အပျက်တွေက အချိန်ပြည့်ဖြစ်ပေါ်နေပြီး နေ့စဉ်ဖြစ် ပေါ်သည့် အရာတစ်ခုပါ။ ဤနေ့စဉ်လောကဓံတရားများနှင့် သူတို့ဖြစ်ပေါ် သည့် နည်းလမ်း သို့မဟုတ် ဖြစ်ပေါ်သည့် ပုံစံတို့သည် မည်သည့်အရာမျှ ဖြစ်ချင်သလိုမဖြစ်ကြောင်း၊ ဤအရာများ၏ ကြီးထွားရင့်သန်သည့် လမ်းစဉ် နှင့်၊ ရှောင်လွှဲမရခြင်းတို့သည် လူသား၏ စိတ်အလိုနှင့် မရွှေ့ပြောင်းနိုင်ကြောင်းတို့ကို လူသားမျိုးနွယ်အား အစဉ်တစိုက် သတိပေးနေသည်။ အဖြစ်အပျက်တိုင်းက လူသား မျိုးနွယ် ကို ဖန်ဆင်းရှင်၏ အသိပေးချက်တစ်ခု ပါဝင် ဆက်သွယ်နေပြီး လူသား မျိုးနွယ်သည် သူတို့၏ ကိုယ်ပိုင်ကံကြမ္မာကို မထိန်းချုပ်နိုင် ဆိုသည့် အချက်ကို ဤအရာက အသိပေးနေပါသည်။ တစ်ချိန်တည်းမှာပဲ အဖြစ် အပျက်တိုင်းက လူသားမျိုးနွယ်၏ ကြမ်းတမ်းသည့် အချည်းနှီး ဖြစ်သည့် ရည်ရွယ်ချက်နှင့် ကံကြမ္မာကို ကိုယ်တိုင်ရယူလိုချင်သည့် ဆန္ဒအတွက် ပြန်လည် ချေပချက်တွေပဲ ဖြစ်သည်။…ဤနေ့စဉ် လောကဓံတရားမှ လူသားတို့ဘဝတစ်ခုလုံး၏ ကံကြမ္မာတွေအထိ ဖန်ဆင်းရှင်၏ အစီအစဉ် နှင့် သူ့၏ အချုပ်အခြာအာဏာကို ဖွင့်မပြသည့်အရာ တစ်ခုမှမရှိပါ။ ‘ဖန်ဆင်းရှင်၏ အခွင့်အာဏာသည် သာလွန်ကြီးမြတ်သည်’ ဆိုသည့် ထာဝရအမှန်တရားကို မပြသည့် ‘ဖန်ဆင်းရှင်၏ အခွင့်အာဏာကို မကျော်လွန်နိုင်’ ဆိုသည့် အချက်ကို မပြသည့် အရာတစ်ခုမှ မရှိပါ။” (အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဤနှုတ်ကပတ်တော်များက ကျွန်တော့်အတွက် အလွန်အဓိပ္ပါယ်ရှိပြီး၊ ကျွန်တော့်စာချုပ် အသစ်ချုပ် နိုင်ခြင်းက ဘုရားသခင်က စီစဉ်ပေးသည့် အရာတစ်ခု ဖြစ်ပုံရသည်ဟု ကျွန်တော် မတွေးဘဲမနေနိုင်ပါ။ ကျွန်တော် မွေးဖွားလာခဲ့သည့် မိသားစု၊ ကျွန်တော့် မိသားစုနှင့် ကျွန်တော့် ဘဝအကြောင်း၊ ပြီးလျှင် ကျွန်တော့် အနီးအနားတွင် ဖြစ်ပျက်ခဲ့သည့် အရာမှန်သမျှအကြောင်းကိုလည်း ကျွန်တော်တွေးခဲ့သည်- ၎င်းတို့အားလုံးက ကျွန်တော့် ထိန်းချုပ်မှု အောက်တွင်မရှိသည့်၊ ကျွန်တော် ကြိုမမြင်နိုင်သည့် အရာများ ဖြစ်လေ သည်။ အပြင် တစ်နေရာရာတွင် ထိန်းချုပ်ထားသည့် အချုပ်အခြာ အာဏာပိုင် အုပ်စိုးသူ တစ်ယောက်က ထိန်းချုပ်ထားသည်မှာ မှန်နိုင် သည်ဟု ကျွန်​တော် တွေးမိလေသည်။

ထို့နောက် ကျွန်တော့် သူငယ်ချင်းက “အတုမရှိ ဘုရားသခင် ကိုယ်တော် တိုင် (၃)” ထဲကဘုရားနှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်တစ်ခုကို ကျွန်တော့်အား ဖတ်ခိုင်းခဲ့သည်၊ ယင်းက ဘဝတွင် လူတစ်ယောက် ဖြတ်သန်းရမည့် အဆင့် ခြောက်ခုကို ဖော်ပြထားသည်။ ပထမအဆင့်က မွေးဖွားခြင်း ဖြစ်သည်။ ဒုတိယအဆင့်က ကြီးပြင်းခြင်း ဖြစ်သည်။ တတိယအဆင့်က အမှီအခိုကင်းခြင်း ဖြစ်သည်။ စတုတ္ထမြောက် အဆင့်က အိမ်ထောင်ပြုခြင်း ဖြစ်သည်။ ပဉ္စမအဆင့်မှာ သားသမီး မွေးဖွားခြင်းဖြစ်သည်။ ဆဌမအဆင့်မှာ သေခြင်းတရား ဖြစ်သည်။ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင် ကျွန်တော် အံ့အားသင့်ခဲ့ရသည်။ ဘုရားသခင်က လူတစ်ယောက်၏ ဘဝတစ်လျှောက်လုံး သူ့ကံကြမ္မာအကြောင်းကို အလွန် သိသာ ထင်ရှားစွာ ပြောခဲ့ပြီးဖြစ်သည်ကို ကျွန်တော် တစ်ခါမျှ စိတ်မကူးခဲ့ ဘူးပါ။ သို့သော်လည်း အချက်အလက်များက သူဖော်ပြသည့်အတိုင်း အမှန်တကယ် ဖြစ်နေသည်။ လူတစ်ယောက်က သူမွေးဖွားလာသည့် မိသားစုကို ရွေးချယ်ခွင့်မရှိသလို၊ သူတို့က မည်သည့်မိဘမျိုးရမည် ကိုလည်း မရွေးချယ်နိုင်ပါ။ သူတို့ကြီးပြင်းပြီးနောက်၊ သူတို့ ရရှိသည့် အိမ်ထောင်ဖက်မျိုးကလည်း သူတို့ပေါ်တွင် မမူတည်ပါ။ ၎င်းတို့ကို ကျွန်တော် ပို၍ တွေးဆလေ၊ ဤနှုတ်ကပတ်တော်များသည် အလွန် လက်တွေ့ကျသည်ဟု ကျွန်တော် ပိုခံစားရလေဖြစ်သည်၊ ပြီးနောက် ကံကြမ္မာဆိုသည်မှာ သင့်ဘာသာ သင် ပြောင်းလဲနိုင်သည့် အရာတစ်ခု မဟုတ်ကြောင်း အနန္တတန်ခိုးရှင် ဘုရားသခင် ပြောခဲ့သည့်အရာကို ကျွန်တော် စိတ်နှလုံးအတွင်း စတင်ယုံကြည်လာခဲ့သည်။ ထို့နောက်တွင် ကျွန်တော်က ယုံကြည်မှုကို ပိုပို၍ စိတ်ဝင်စားလာခဲ့သည်။ ဘုရားသခင် တည်ရှိကြောင်း၊ လူတစ်ယောက်၏ကံကြမ္မာက သူ့ ထိန်းချုပ်မှုအောက် တွင် မရှိကြောင်းတို့ကို ကျွန်တော် ယုံကြည်လာသည်။ သို့သော် ကျွန်တော်က ဘုရားသခင်အကြောင်း သိပ်မသိသောကြောင့်၊ ဘုရား သခင်က ကျွန်တော်နှင့် အလွန်အလှမ်းကွာဝေးသည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ထို့နောက် မကြာမီ အတွေ့အကြုံတစ်ခုမှတစ်ဆင့်၊ ဘုရားသခင်က ကျွန်တော့်ကို စောင့်ကြည့်ပြီး ကွယ်ကာလျက် ကျွန်တော့် နံဘေးတွင်ရှိနေသည်ဟု အမှန်ပင် ခံစားခဲ့ရသည်။

ထိုနေ့က မိုးရွာနေခဲ့ပြီး၊ ကျွန်တော်က ပုံမှန်အတိုင်း အလုပ်သို့ အချိန်မှန်ရောက်ခဲ့သည်။ မနက် ၁၀ နာရီအကျော်လေးတွင် ကျွန်တော် အလုပ်ဆိုဒ်ထဲတွင် အလုပ်လုပ်နေချိန် ဝုန်းခနဲအသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ မည်သည့်အရာမှန်း ကျွန်တော် မသိ သည့် အရာတစ်စုံတစ်ခုက မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြိုလဲသွားပြီး၊ ကျွန်တော့်ကို ကျောချမ်းသွားစေခဲ့သည်။ ကျွန်တော် ကြည့်ဖို့ ခေါင်းလှည့်လိုက်ချိန်တွင် မြင်လိုက်ရသည့်အရာက ကျွန်တော့်ကို မှင်သက်သွားစေခဲ့သည်- ၎င်းမှာ လုံးပတ် စင်တီမီတာ ၄၀ နှင့် အရှည် ၄ မီတာ၊ အလေးချိန် တန်ဝက်ခန့်ရှိသည့် သံပိုက်ချောင်း ရှည်တစ်ချောင်း ဖြစ်သည်။ ၎င်းက ကရိန်းဆီက ကျလာခဲ့ခြင်း ဖြစ်သည်။ ထိုသံချောင်း က ကျွန်တော် မတ်တပ်ရပ်နေသည့်နေရာမှ မီတာဝက် မရှိတရှိလောက် ကျွန်တော့်နောက်က မြေကြီးပေါ်သို့ ကျခဲ့လေသည်။ ထိုအခိုက် အတန့်တွင် ကျွန်တော်က အလွန်ကြောက်လန့်သည်မှာ လုံးလုံးဆွံ့အ သွားခဲ့ပြီး၊ ထိတ်လန့်မှုမှ ပြန်လည်ဟန်ကိုယ့်ဖို့ အချိန်အနည်းငယ် ကြာခဲ့ လေသည်။ ကျွန်တော့် စိတ်နှလုံးထဲတွင် ကျွန်တော် မရပ်မနား ငိုယို အော်ဟစ်နေခဲ့သည်။ “ဘုရားသခင် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်၊ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ကိုယ်တော် ကျွန်တော့်ကို စောင့်ကြည့်ပြီး၊ ကွယ်ကာခြင်း မရှိရင်၊ အဲဒီသံချောင်းက ကျွန်တော့်ပေါ် တည့်တည့်ကျလာမှာပဲ၊ ပြီးတော့ ကျွန်တော့်ရဲ့ အရေးမပါတဲ့ ဘဝလေးကလည်း ပြီးဆုံးသွားခဲ့မှာပဲ။”

Pages: 1 2

ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။

ယခုတွင် ကပ်ဘေးများသည် မကြာခဏဖြစ်ပွားနေသည်ဖြစ်၍ ကပ်ဘေးကြီး မကျရောက်ခင် သခင့်ကို ဘယ်လိုကြိုဆိုရမှာလဲ? ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းကို ဘယ်လိုရရှိနိုင်မှာလဲ? အောင်ပါဖော်ပြထားသည့် နည်းလမ်းများဖြင့် ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါတယ်၊ လမ်းစဉ်ကို အတူတကွ ရှာဖွေကြရအောင်။

Leave a Reply