စာရင်း

ဘုရားသခင်၏ လိင်အမျိုးအစားအား ကျွန်တော် မည်သည့်အခါမှ ကန့်သတ်မည်မဟုတ်တော့ပါ (၂)

ရှင်မင်း၊ အမေရိကန်ပြန်ထောင်စု

မြူများ လွင့်ပျောက်သွားပြီး ကောင်းကင်ပြာကို ကျွန်တော် မြင်ရသည်

ဒီဇင်ဘာ ၂ ရက်နေ့၊ နေ့လည်စာစားပြီးနောက်တွင် ညီအကိုမောင်နှမများနှင့် ကျွန်တော် ဆက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆုတောင်းပြီးနောက်တွင် မည်သည့် သမ္မာတရားရှုထောင့်အား ကျွန်တော်တို့ မိတ်သဟာယပြုချင်သည်ကို အစ်မလူက မေးသည်။ ကျွန်တော်၏ ရှုပ်ထွေးမှုများနှင့် အတွေးအမြင်တို့ကို သူမအား စိတ်အားထက်သန်စွာ- “သခင်က အမျိုးသမီးတစ်ယောက်အဖြစ် လူ့ဇာတိခံယူတယ်ဆိုတာက သမ္မာကျမ်းစာ အထောက်အထား ရှိကိုမရှိတာပါ။ သခင်ယေရှုက အမျိုးသားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင် ဒုတိယအကြိမ်ကြွလာခြင်းကလည်း သေချာပေါက် အမျိုးသားတစ်ယောက်အနေနဲ့ပဲ ထပ်ပြီးဖြစ်ရမယ်။” ဟု ကျွန်တော် ပြောခဲ့ပါသည်။ အစ်မလူက ပြောသည်။ “အရင်ဆုံး ကျမ်းစာနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တောတွေကို ကြည့်ကြည့်ရအောင်။ ‘အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ မြေကြီးသည် အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။(ကမ္ဘာဦးကျမ်း ၁:၁-၂)ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါမူ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ညီတူညီမျှပင် အရေးပါသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။’ ‘လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်သာရအားဖြင့် လိင်သတ်မှတ်ချက် မရှိပေ။ သူသည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူ့အတွက် လိင်သတ်မှတ်ချက် မရှိပေ။’”

အစ်မလူက မိတ်သဟာယဖွဲ့ခဲ့ပါသည်- “ဘုရားသခင်က ဝိညာဉ်တော်ဖြစ်တယ်ဆိုတာ ကျွန်မတို့အားလုံးသိကြတယ်။ ဝိညာဉ်တော်က အသွင်သဏ္ဍာန်မရှိဘူး။ပြီးတော့ လူတွေက မြင်လည်းမမြင်နိုင်သလို ခံစားကြည့်လို့လည်းမရဘူး။ ပြီးတော့ လိင်ကွဲပြားမှုလည်းမရှိပါဘူး။ သူဟာ သူ့ရဲ့အမှုတော်လိုအပ်ချက်တွေနဲ့အညီ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူပါတယ်။ လူ့ဇာတိခံယူတဲ့ ဘုရားသခင် ဝတ်ဆင်တဲ့ အသွေးအသားနဲ့မသက်ဆိုင်ဘဲ သူ့ရဲ့အနှစ်သာရကတော့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဖြစ်နေဆဲပါပဲ” အစ်မလူပြောသည်ကို ကြားရပြီးနောက်တွင် ကျွန်တော် စဉ်းစားမိသည်- “ဟုတ်တယ်။ ဘုရားသခင်က ဝိညာဉ်တော်ပဲ။ ဘုရားသခင်က လိင်ကွဲပြားမှုမရှိဘူး။ သူ လူ့ဇာတိခံယူတာက သူ့အမှုတော်ရဲ့လိုအပ်ချက်ကြောင့်ပဲ။”

အသင်းတော်၌မိတ်သဟာရဖွဲ့ခြင်း

ထို့နောက်တွင် အစ်မလူသည် အောက်ပါအချက်တို့ကို ကျွန်တော်နှင့် မိတ်သဟာယပြုခဲ့ပါသည်။ “သမ္မာကျမ်းစာမှာ၊ ‘ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်။’ (ကမ္ဘာဦးကျမ်း ၁:၂၇) လို့ ပြောထားပါတယ်။ အစအဦးမှာ ဘုရားသခင်က လူယောက်ျားနဲ့ လူမိန်းမကို သူ့ပုံသဏ္ဍာန်နဲ့အညီ ဖန်ဆင်းခဲ့တယ်။ ယောက်ျားနဲ့ မိန်းမနှစ်ယောက်လုံးက ဘုရားသခင်ရဲ့ ပုံစံရှိတယ်။ ဒါကြောင့် ဘုရားသခင်က ယောက်ျား ဖြစ်တယ်လို့ ကျွန်မတို့ သတ်မှတ်လို့မရပါဘူး။ ‘တရားဟောရာကျမ်း အခန်းကြီး ၄ အပိုဒ်ငယ် ၁၅-၁၇ တွင် ဆိုသည်မှာ- ဟောရပ်အရပ်တွင် ယေဟောဝါသည် မီးထဲက သင်တို့ကို စကားပြောသောအခါ မည့်သည့် ပုံသဏ္ဌာန်မျှ သင်တို့ မတွေ့ခဲ့ရသောကြောင့်၊ လူယောက်ျား သို့မဟုတ် လူမိန်းမသဏ္ဌာန်၊ မြေကြီးပေါ်က သားရဲသဏ္ဌာန်၊ လေထဲတွင် ပျံသန်းသော အတောင်ပံရှိသည့် ငှက်များ၏ သဏ္ဌာန်တည်းဟူသော အဆင်းသဏ္ဌာန်တစ်ခုခုကို ရုပ်တုဆင်းတုပြုလုပ်ပြီး မိမိတို့ကိုယ်ကို မပျက်စီးစေဖို့ သတိပြုလော့…’ ဘုရားသခင်က လူတွေကို သူ့ကို ပုံစံတစ်ခု ဒါမှမဟုတ် တခြားတစ်ခုအဖြစ် ကန့်သတ်ခွင့်မပြုတာကြောင့် ယေဟောဝါက ဟောရပ်တောင်ပေါ်မှာ လူတွေကို စကားပြောတဲ့အခါမှာ သူ့ပုံသဏ္ဍာန်ကို လူတွေမမြင်နိုင်ဘူးဆိုတာ ကျမ်းစာမှာ ကျွန်မတို့ မြင်တွေ့နိုင်ပါတယ်။ ပညတ်တော်ခေတ်မှာ ယေဟောဝါဟာ အာဗြဟံဆီကို အမျိုးသားတစ်ယောက်ပုံသဏ္ဍန်နဲ့ ပေါ်ခဲ့တယ်။ ပြီးတော့ မောရှေဆီကို မီးလောင်နေတဲ့ခြုံပုတ်တစ်ခုအနေနဲ့ ပေါ်ခဲ့တယ်။ ဣသရေလလူမျိုးတွေကို အဲဂုတ္တုကနေ ဦးဆောင်ခေါ်ထုတ်ဖို့အတွက် ဘုရားသခင်ဟာ တိမ်တိုက်တွေနဲ့မီးကိုလည်း အသုံးပြုခဲ့တယ် စသဖြင့်ပေါ့။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ဟာ ယုဒပြည်မှာ အမှုတော်ဆောင်ရွက်ဖို့အတွက် သခင်ယေရှုရဲ့ ပုံသဏ္ဍာန်နဲ့ လူ့ဇာတိကိုခံယူခဲ့တယ်။ သူ့ရဲ့ အမှုတော်ကာလအတွင်းမှာ သူ့ရဲ့တပည့်တော်တွေရှေ့မှာ သူ့ပုံသဏ္ဍာန်ကိုပြောင်းလဲပြီး နာဇရက်မြို့သားပုံသဏ္ဍန်မဟုတဘဲ ချစ်ချစ်တောက်ပူတဲ့ နေလုံးအဖြစ် ပေါ်ထွန်းခဲ့တယ်။ ယေရှုက ကားစင်တင်ခံရပြီးနောက် သေခြင်းမှရှင်ပြန်ထမြောက်တဲ့အခါမှာ သူ့ရဲ့ပုံသဏ္ဍာန်ကို ထပ်ပြီး ပြောင်းလဲခဲ့တယ်။ သူ့ရဲ့နောက်လိုက်မာရိရော ဧမောက်ရွာကိုသွားနေတဲ့ တပည့်တော်နှစ်ယောက်ရောကပါ သူ့ကို သတိမပြုမိခဲ့ကြဘူး။ ဒီအချက်ကနေ ဘုရားသခင်ဟာ လူတွေ သူ့ကို ကန့်သတ်တာတွေ မလုပ်ဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွန်းနိုင်တယ်ဆိုတာ ကျွန်မတို့ မြင်နိုင်ပါတယ်။ ဘုရားသခင်ဟာ အံ့သြဖွယ်ရာဖြစ်ပြီး အမျှော်အမြင်ရှိသလို လူ့ဉာဏ်နဲ့မမှီနိုင်တာကြောင့် သူ့ကို ကန့်သတ်တာဟာ သူ့ကို အာခံတာပဲ။ ဒါဟာ ဘုရားသခင်ကို စော်ကားတာပါပဲ။”

ထို့နောက်တွင်မှ သူတို့သည် ကျွန်တော့်အား အရှေ့အရပ်မှလျှပ်ပြက်ခြင်း၏ လမ်းကြောင်းအား ဟောနေခဲ့ခြင်းဖြစ်သည်ကို ကျွန်တော် သိမြင်ခဲ့ရသည်။ သို့သော် အစ်မလူ၏ မိတ်သဟာယဖွဲ့မှုသည် အလွန်ပင် အကျိုးအကြောင်းသင့်ပြီး သမ္မာကျမ်းစာနှင့် ကိုက်ညီသည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်ပြီး အမှန်တကယ်ပင် ဘုရားသခင်အား လိင်ခွဲခြားမှု ပြုလုပ်၍ မရနိုင်ပေ။ ဘုရားသခင်သည် အမျိုးသားတစ်ယောက်အနေဖြင့် လူ့ဇာတိခံယူနိုင်လျှင် သူသည် အမျိုးသမီးတစ်ယောက်အဖြစ်လည်း လူ့ဇာတိကို ခံယူနိုင်ပေသည်။ ထိုအချိန်ခဏတွင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအပေါ် ကျွန်တော်၏ အထင်အမြင်လွဲမှားမှုသည် တဖြည်းဖြည်းစတင် ပြိုကွဲလာခဲ့သည်။ သို့သော် ဘုရားသခင်မှ လူ့ဇာတိအား နှစ်ကြိမ်ခံယူရခြင်း နောက်ကွယ်ရှိ အဓိပ္ပါယ်နှင့် ဘုရားသခင်သည် သူ၏ အမှုတော်ကို ဆောင်ရွက်ရန်အတွက် အဘယ်ကြောင့် အမျိုးသမီးတစ်ယောက်၏ ပုံသဏ္ဍန်ကို ခံယူရမည်ကို ကျွန်တော် နားမလည်သေးပါ။ ထို့ကြောင့် ကျွန်တော်သည် တိတ်ဆိတ်စွာနေပြီး အစ်မ၏ အကြောင်းအရာအပေါ် မတုံ့ပြန်ခဲ့ပေ။

အစ်မလူက မိတ်သဟာယဖွဲ့ခဲ့ပါသည်- “ဘုရားသခင်က ယောက်ျားအဖြစ် ဒါမှမဟုတ် မိန်းမအဖြစ် လူ့ဇာတိခံယူသည်ဖြစ်စေ မခံယူသည်ဖြစ်စေ၊ အားလုံးက လူသားရဲ့ ကယ်တင်ခြင်းအတွက်၊ သူ့ရဲ့အမှုတော်အတွက်ပါပဲ။ ပြီးတော့ ဒါဟာ အဓိပ္ပါယ်ရှိပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောထားတယ်။ ‘ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့ဖွယ်ဖြစ်ခြင်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူ၏ အမှုအတွက်မူ၊ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့်အတွက်၊ ယင်းသည် ရှေ့သို့ ဦးတည်ချက်တစ်ခုဖြင့် အစဉ်အမြဲ တိုးတက်နေသည်၊ အစဉ်အမြဲ ပိုမို နက်ရှိုင်းနေပေသည်။...ဘုရားသခင်သည် ယောက်ျားတစ်ဦး အဖြစ်သာ လူ့ဇာတိ ခံယူလာခဲ့ပါက၊ လူများသည် သူ့ကို ယောက်ျားအဖြစ်၊ လူယောက်ျားများ၏ ဘုရားသခင်အဖြစ်၊ သတ်မှတ်လိုက်ကြမည် ဖြစ်ပြီး၊ သူ့ကို မိန်းမများ၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။ ထိုအခါ ယောက်ျားများက ဘုရားသခင်ကို ယောက်ျားများကဲ့သို့ တူညီသော လိင်ရှိသည်၊ ဘုရားသခင်သည် ယောက်ျားများ၏ ခေါင်းဆောင်ဖြစ်သည်ဟု ယူဆကြပေမည်- သို့သော် မိန်းမများနှင့်သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ယင်းသည် မမျှတပေ။ ယင်းသည် ဦးစားပေးဆက်ဆံမှု ဖြစ်သည် မဟုတ်လော။ ဤကိစ္စရပ်သည် မှန်ကန်ပါက၊ ဘုရားသခင် ကယ်တင်သော သူအားလုံးတို့သည် သူကဲ့သို့ ယောက်ျားများသာ ဖြစ်မည်ဖြစ်ပြီး၊ မိန်းမတစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် အာဒံကို ဖန်ဆင်းခဲ့ပြီး ဧဝကို ဖန်ဆင်းခဲ့သည်။ သူသည် အာဒံ တစ်ဦးတည်းကိုသာ မဖန်ဆင်းခဲ့ဘဲ၊ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးကို သူ၏ သဏ္ဌာန်အတိုင်း ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်သာ မဟုတ်...မိန်းမများ၏ ဘုရားသခင်လည်း ဖြစ်သည်။

“ဘုရားသခင်ဟာ ပထမဦးဆုံး အာဒံနဲ့ဧဝကို ဖန်ဆင်းတယ်၊ ယောက်ျားနဲ့ မိန်းမနှစ်ယောက်လုံးဟာ ဘုရားသခင် ကိုယ်တော်တိုင်ရဲ့ ပုံသဏ္ဍာန်အတိုင်းပြုလုပ်တယ်လို့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ တို့ သိရပါတယ်။ သူတို့ဟာ အစတုန်းက ညီတူညီမျှဖြစ်ပါတယ်။ ဒါဆိုရင် သူ့ရဲ့ဒုတိယအကြိမ်ကြွလာခြင်းက ဘာကြောင့် မိန်းမပုံသဏ္ဍာန်မဖြစ်နိုင်ရမှာလဲ။ သခင်ယေရှုက အမှုတော်ကို လာပြီးလုပ်ဆောင်တဲ့အခါမှာ သူဟာ ယောက်ျားဖြစ်တယ်။ ပြီးတော့ နောက်ဆုံးသောကာလမှာ သူဟာ မိန်းမဖြစ်တယ်။ ဒါတွေအားလုံးက သူ့ရဲ့အမှုတော်အတွက်ဖြစ်ပါတယ်။ ဘုရားသခင်က ယောက်ျား ဒါမှမဟုတ်မိန်းမအဖြစ် လူ့ဇာတိခံယူသည်ဖြစ်စေ၊ သူဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ရဲ့ လူ့ဇာတိခံ ဇာတိပကတိဖြစ်နေသရွေ့ သူဟာ ဘုရားသခင် ကိုယ်တော်တိုင်ပဲ။ ဘုရားသခင်က သူ ပြန်ကြွလာတဲ့အခါမှာ ယောက်ျားဆိုရင် ကျွန်မတို့ဟာ ယောက်ျားတွေရဲ့ ဘုရားသခင်ဆိုပြီး ဘုရားသခင်ကို ယောက်ျားအဖြစ် သတ်မှတ်ကြမယ်။ ပြီးရင် သူ့ကို မိန်းမတွေရဲ့ ဘုရားအဖြစ် လုံးဝ ယုံကြည်မှာမဟုတ်ဘူး။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ မိန်းမရဲ့ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန်နဲ့ အလုပ်လုပ်တယ်။ ဒါက ကျွန်မတို့ အယူအဆတွေကို ဆန့်ကျင်လိုက်ပြီး ကျွန်မတို့ နှလုံးသားထဲမှာရှိနေတဲ့ ဘုရားသခင်နဲ့ပတ်သက်တဲ့ အယူအဆအမှားတွေကို ဖြေရှင်းပေးတယ်။ ဒါက ဘုရားသခင်ဟာ လူသားမျိုးနွယ်အားလုံးရဲ့ ဘုရားဖြစ်တယ်၊ ဘုရားသခင်ဟာ လူသားမျိုးနွယ်အားလုံးရဲ့ ဘုရားဖြစ်တယ်၊ ယောက်ျားတွေရဲ့ ဘုရားသာ မဟုတ်ဘူး၊ မိန်းမတွေရဲ့ ဘုရားလည်းဖြစ်တယ်၊ နောက်ပြီး ယောက်ျားတွေကိုသာ ကယ်တင်တာမဟုတ်ဘဲ မိန်းမတွေကိုလည်း ကယ်တင်တယ်ဆိုပြီးတော့လည်း ကျွန်မတို့ကို သိမြင်စေပါတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က မိန်းမတစ်ယောက်အဖြစ် လူ့ဇာတိခံယူခြင်းက အလွန်ကို အဓိပ္ပါယ်ရှိတယ်ဆိုတာ သိမြင်နိုင်ပါတယ်။ ဘုရားသခင်ဟာ သူ လူ့ဇာတိခံယူတဲ့ နှစ်ကြိမ်မှာ မတူညီတဲ့ လိင်အမျိုးအစားနဲ့ ပုံဖော်ဖို့အတွက် ရွေးချယ်ပါတယ်။ ဒါက ဘုရားသခင် လူ့ဇာတိခံယူခြင်း အဓိပ္ပါယ်ကို ပြည့်စုံစေတယ်။”

အစ်မ၏ မိတ်သဟာယဖွဲ့မှုကို ကြားရသည့်အခါ ကျွန်တော့် စိတ်နှလုံးက အတည်ပြုလက်ခံခဲ့ပြီး ဤသို့စဉ်းစားမိခဲ့ပါတယ်- ဟုတ်တယ်။ ဘုရားသခင် လူ့ဇာတိကို နှစ်ကြိမ်ခံယူခြင်းက သူ့ရဲ့ ဉာဏ်ပညာကို တကယ် ပြသတယ်။ အရင်တုန်းက သင်းအုပ်ဆရာတွေ ငါ့အပေါ်မှာသွတ်သွင်းထားတဲ့ အယူအဆတွေက တော်တော်သက်ရောက်နေတယ်။ ဒါကြောင့် အဲဒီအယူအဆတွေကို ငါ စွဲကိုင်ထားပြီး သခင်ယေရှုဟာ ယောက်ျားဖြစ်တာကြောင့် ဘုရားသခင် ဒုတိယအကြိမ်ကြွလာခြင်းက မိန်းမမဖြစ်နိုင်ဘူးလို့ ယုံကြည်ခဲ့ပြီး ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို လေ့လာဖို့အတွက် အာရုံကိုမစိုက်ခဲ့တာပဲ။ အဲဒီလိုလုပ်ရမယ့်အစား ငါ့အယူအဆတွေ၊ စိတ်ကူးထင်မြင်မှုတွေကို အားကိုးပြီး ဘုရားသခင်ကို ဘောင်ခတ်ခဲ့တယ်။ ငါ တကယ်ကို မာနထောင်လွှားခဲ့တာပဲ။ အဲဒါက ငါ့ကို ဖာရိရှဲတွေလုပ်ခဲ့တဲ့အမှားကိုပဲ ကျူးလွန်မိမှာမျိုး မဖြစ်စေခဲ့ဘူးလား။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး ငါတို့က ဖန်ဆင်းခံတွေပဲ။ ဘုရားသခင်က သူလုပ်ချင်တဲ့အလုပ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိတာပဲ။ ပြီးတော့ ငါက ဘုရားသခင်ရဲ့ အမှုတော်ကို ဘောင်ခတ်ဖို့အတွက် ဘယ်လိုများ အရည်အချင်းပြည့်မီမှာလဲ။ ထို့နောက်တွင် ကျွန်တော်သည် ရှာဖွေပြီး နာခံသင့်သည်ကို သိခဲ့ရသည်။

ဖာရိရှဲတို့၏ အတွင်းစရိုက်လက္ခဏာအား ထိုးဖောက် ကြည့်ရှုခြင်း

ကျွန်တော်သည် သခင့်ကို ကြိုဆိုနိုင်လိမ့်မည်ဟူ၍ မည်သည့်အခါမှ စိတ်မကူးခဲ့မိပါ။ သို့သော် သင်းအုပ်ဆရာနှင့် တရားဟောဆရာများက ကျွန်တော်တို့အား လွဲမှားသည့်အယူများမှ မည်သို့ကာကွယ်ရမည်ကို ပြောခဲ့ပုံအား တွေးမိပြီး ကျွန်တော်သည် နောက်တဖန် သံသယများ စတင်ရှိလာခဲ့သည်။ ကျွန်တော်က၊ “သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေအားလုံးက ဘာလို့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင် ရှုတ်ချကြတာလဲ။ သူတို့အားလုံးက သမ္မာကျမ်းစာကို ကောင်းကောင်းသိပြီး အားလုံးက သခင့်အတွက် အမှုတော်ဆောင်ကြတယ်။ ဒါဆိုရင် သင်းအုပ်ဆရာတွေရဲ့ စကားတွေကို အလေးထားတာက ပိုစိတ်ချရတာပေါ့။ ငါက ငါ့ယုံကြည်မှုကနေ လမ်းလွဲသွားရင် သခင့်ကို သစ္စာဖောက်သလိုဖြစ်မနေဘူးလား” ဟု ကိုယ့်ဖာသာတွေးမိခဲ့သည်။ သို့သော်လည်း၊ “သခင်က တကယ်ပဲ ပြန်ကြွလာပြီး ငါက သူ့ကို လက်မခံရင် ကောင်းကင်ဘုံကို ချီဆောင်ခံရမယ့်အခွင့်အရေး ဆုံးရှုံးရမှာပဲ” ဟု ကျွန်တော် တွေးမိပြန်သည်။ ထို့နောက်တွင် ကျွန်တော်သည် သခင့်အား ဆုတောင်းခဲ့သည်- “အို သခင် ဝိညာဉ်တော်ပုံစံအားလုံးကြားတွင် ခွဲခြားနိုင်စွမ်းကို ကျေးဇူးပြု၍ ပေးတော်မူပါ။ ကိုယ်တော်ဆီမှလာသည်ဆိုလျှင် ကျွန်တော့်အား မြင်ရသည့်အခွင့်ကိုပေးဖို့၊ ကိုယ်တော်ထံမှလာသည့် ငြိမ်းအေးမှုကို ခံစားရဖို့အတွက် ကျွန်တော် တောင်းဆိုပါသည်။ ကျေးဇူးပြု၍ ဤပြဿနာကြောင့် ကျွန်တော်သည် လဲကျခြင်း မရှိပါစေနှင့်။”

ထို့နောက်တွင် ကျွန်တော်သည် YouTube သို့သွား၍ နာမည်ကျော်ကြားသည့် သင်းအုပ်ဆရာများ၏ တရားဒေသနာဗီဒီယိုအများအပြားကြည့်ရှုခဲ့ပြီး သူတို့ဟောကြားသည့်အရာအားလုံးသည် ဓမ္မပညာဆိုင်ရာ သီအိုရီများဖြစ်ကာ သူတို့သည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအား အခြေအမြစ်မရှိ စွဲချက်တင်ကြပြီး အသေရေဖျက်ကြသည်ကို တွေ့ရှိခဲ့ရသည်။ ကျွန်တော်သည် အလွန်ပင် လမ်းပျောက်နေသလို ခံစားရသည်။ ထို့နောက်တွင် ကျွန်တော်သည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ ညီအစ်ကိုမောင်နှမများမှ ကျွန်တော့်အား ဖတ်ရှုရန်ပေးသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စဉ်းစားမိပြီး ထိုနှုတ်ကပတ်တော်များသည် သမ္မာတရားပါဝင်သည်ဟု ခံစားရမိသည်။ ထို့နောက်တွင် ကျွန်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ယူဆောင်ပြီး စတင်ဖတ်ရှုခဲ့သည်။ ကျွန်တော် ဖတ်လေလေ၊ နှုတ်ကပတ်တော်တို့သည် သြဇာအာဏာနှင့် ဘုန်းအာဏာနုဘော်ရှိပြီး သာမန်လူတစ်ယောက်မှ ပြောဆိုနိုင်သည့် စကားများမဟုတ်သည်ကို ခံစားရလေလေဖြစ်သည်။ ကျွန်တော်၏ နှလုံးသားတွင် ဤနှုတ်ကပတ်တော်တို့သည် အမှန်တကယ်ပင် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များဖြစ်သည်ဟု အတည်ပြုခဲ့သည်။ ထို့အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာကျမ်းစာအတွင်းရှိ နက်နဲမှုတို့ကို ဖွင့်ပြရုံတင်မကဘဲ ကျွန်တော်၏ ရှုပ်ထွေးမှုများစွာကိုလည်း ပပျောက်စေခဲ့သည်။ ဘုရားသခင်၏ အသက်ရေအားဖြင့် ပံ့ပိုးခြင်း၊ ရေလောင်းပေးခြင်းတို့အား ကျွန်တော် နှစ်သက်ပျော်မွေ့ခဲ့ရပြီး လွတ်မြောက်ကာ လွတ်လပ်သလို ကျွန်တော် ခံစားရသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှု ဒုတိယအကြိမ်ကြွလာခြင်းဖြစ်ပြီး ဘုရားသခင်သည် အမှန်တကယ်ပင် လူ့ဇာတိခံယူပြီး ပြန်ကြွလာခဲ့ပြီဆိုသည်ကို ကျွန်တော် သေချာသွားခဲ့သည်။

နောက်ပိုင်းတွင် ကျွန်တော်သည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ ရုပ်ရှင်များ၊ အဆိုအက ဗီဒီယိုများစွာ ကြည့်ရှုခဲ့သည်။ သူတို့အားလုံးသည် ဘုရားသခင်၏ အမှုတော်အား ဖြန့်ဝေပြီး သက်သေခံကြသည်။ ပိုပို၍များလာသော ဘုရားသခင် ယုံကြည်သူများသည် ဘုရားသခင်၏ အသံတော်ကို ကြားပြီး တစ်ယောက်ပြီးတစ်ယောက် ဘုရားသခင်ဆီသို့ ပြန်လှည့်လာကြသည်။ ဘုရားသခင်ဆီမှ လာသည့်အရာများသည် ကြွယ်ဝမှုရှိရမည်ကို ကျွန်တော် သိမြင်ခဲ့ရသည်။ တစ်နေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်စာပိုဒ်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ရှုသည်။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ကောင်းမွန်သည့် ဖွဲ့စည်းမှု ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။

ဤအပိုဒ်ကို အစ်မတစ်ယောက်နှင့် ကျွန်တော် ဝေမျှသည့်အခါတွင် သူမသည် ကျွန်တော်နှင့် မိတ်သဟာယဖွဲ့ခဲ့သည်။ "သခင်ယေရှု အမှုတော်ဆောင်ရွက်ပြီး တရားဟောဖို့အတွက် ကြွလာတဲ့အချိန်ကို ပြန်စဉ်းစားကြည့်ရအောင်။ သူက မုန့်ငါးလုံး၊ ငါးနှစ်ကောင်နဲ့ လူငါးထောင်ကို ကျွေးခဲ့တယ်။ မသန်မစွမ်းဖြစ်သူတွေကို လမ်းလျှောက်စေနိုင်ခဲ့ပြီး မျက်စိကန်းသူတွေကို မြင်စေခဲ့တယ်။ လူသေကို ထမြောက်စေခဲ့တယ် စသဖြင်ပေါ့။ ဒီအခြင်းအရာက ဂျုးနယ်မြေမှာ အုတ်အော်သောင်းတင်းဖြစ်ခဲ့ပြီး သခင်ယေရှုနောက်ကိုလိုက်တဲ့လူအရေအတွက်က ပိုပိုပြီးများလာတယ်။ ယဇ်ပရောဟိတ်အကြီးအကဲတွေ၊ ကျမ်းပြုဆရာတွေ နဲ့ ဖာရိရှဲတွေက ဘုရားသခင်ကို အစေခံတဲ့လူတွေဖြစ်ပြီး သခင်ယေရှု အမှုတော်ဆောင်ရွက်တဲ့အချိန်ကာလအတွင်းမှာ သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တို့ဟာ သြဇာအာဏာနဲ့ တန်ခိုးရှိတယ်ဆိုပြီး ဝန်ခံခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဂုဏ်အဆင့်အတန်းနဲ့ စားဝတ်နေရေးကို ကာကွယ်ဖို့အတွက် သခင်ယေရှုကို ရှုတ်ချဖို့၊ ကောလာဟလတွေ လုပ်ကြံဖန်တီးပြီး အမှုဆင်ဖို့အတွက် သူတို့တတ်နိုင်သလောက် လုပ်ခဲ့ကြပြီး အဆုံးမှာ သခင်ယေရှုကို လက်ဝါးကပ်တိုင်မှာတောင် သံနဲ့ ရိုက်ခဲ့ကြတယ်။ အခုခေတ် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အတူတူပဲဖြစ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားဖြစ်တယ်၊ သြဇာအာဏာနဲ့ တန်ခိုးရှိတယ်ဆိုတာကို သူတို့ သိကြတယ်။ သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ရဲ႕ပေါ်ထွန်းခြင်းကို မျှော်လင့်တောင့်တသူတွေအားလုံးဟာ ဘုရားသခင်ရဲ့ အသံတော်ကို ကြားတာနဲ့ သခင်ယေရှုဟာ ပြန်လာနှင့်ပြီးဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုကြတယ်။ ဒါကြောင့် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ယုံကြည်သူတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီး သူ့နောက်ကိုလိုက်ကြရင် သူတို့ရဲ့ ရာထူးတွေ၊ အလုပ်အကိုင်တွေ ဆုံးရှုံးမှာကို ကြောက်ကြတယ်။ ဒါကြောင်သူတို့ဟာ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို မုန်းတီးကြတာပါ။ ဒီတော့ သူတို့ဟာ ပရမ်းပတာ ကောလဟလတွေ လုပ်ကြံဖန်တီးတယ်။ ကိုယ်တော်ကို ဆန့်ကျင် ရှုတ်ချတယ်။ စစ်မှန်တဲ့လမ်းကို ရှာဖွေရာကနေ ယုံကြည်သူတွေကို နှောင့်ယှက်ပြီး ဟန့်တားတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေဟာ ဂျူးလူမျိုးဖာရိရှဲတွေ သခင်ယေရှုကို ဆန့်ကျင်ခဲ့တဲ့အကြောင်းရင်းအတိုင်းပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချကြတယ်ဆိုတာ မြင်နိုင်ပါတယ်။ သူတို့အားလုံးက သမ္မာတရားကို စိတ်ကုန်နေကြတဲ့၊ မုန်းတီးနေကြတဲ့၊ ဘုရားသခင်ကို ဆန့်ကျင်ကြတဲ့ သူတွေပဲဖြစ်တယ်။ သူတို့အားလုံးဟာ သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေ၊ အန္တိခရစ်တွေဖြစ်ပါတယ်။"

ကျွန်တော်သည် အသင်းတော်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်ကိုကြားရပြီး သခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုရသည့်အခွင့်အလမ်းကို ရရှိသည့်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီမွမ်းပါသည်။ ဤအရာအားလုံးတို့သည် ဘုရားသခင်ထံမှ အလွန်ထူးခြားသည့် ကောင်းကြီးတစ်ခုပင်ဖြစ်သည်။ ဘုရားသခင်၏ ကရုဏာတော်ကြောင့်သာ မဟုတ်လျှင် ကျွန်တော်သည် သင်းအုပ်ဆရာများအား မျက်စိစုံမှိတ် ကိုးကွယ်ဆဲရှိမှာဖြစ်ပြီး ဘုရားသခင်အား ဘောင်ခတ်ရန်အတွက် ကျွန်တော်၏ မာနထောင်လွှားနေသည့် စိတ်သဘောထားအား မှီခိုနေမိဦးမည်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်အား ကျွန်တော် ငြင်းပယ်မိမည်ဖြစ်ပြီး အဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းအား သေချာပေါက် ဆုံးရှုံးရမည်ဖြစ်သည်။ အနာဂတ်တွင် ကျွန်တော်သည် သမ္မာတရားကို ကြိုးစားလိုက်လျှောက်လိုပါသည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ကျွန်တော်၏ တာဝန်တို့ကို ပြီးမြောက်စေပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းလိုပါသည်။ ဘုန်းတန်ခိုးနှင့် ချီးမွမ်းခြင်းအလုံးစုံ အနန္တတန်ခိုးရှင်ဘုရားသခင်၌ ရှိပါစေသတည်း။ အာမင်။

အပိုင်း ၁- 

အမှာစကား ချန်ခဲ့မည်