စာရင်း

ဘုရားသခင်တွင် တိကျသောလိင် ရှိပါသလား၊ အနက်ပြန်ခြင်းအသစ်ကို ကျွန်တော် ရှာဖွေတွေ့ရှိသည် (အပိုင်း ၁)

ဘိုအဲန်း၊ ဘရာဇီးလ်နိုင်ငံ ထံမှ

အယ်ဒီတာ၏ မှတ်စု-

ဘုရားသခင်တွင် တိကျသော လိင် ရှိပါသလား” ဟူသည့်မေးခွန်းနှင့် ပတ်သက်လာသောအခါ ခရစ်ယာန်များစွာက “သခင်ယေရှု ဗတ္တိဇံခံယူနေခဲ့တဲ့အချိန်မှာ ကောင်းကင်ကနေ အသံတစ်ခုက ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။(ရှင်မဿဲခရစ်ဝင် ၃:၁၇) လို့ ပြောခဲ့တယ်ဆိုပြီး သမ္မာကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားတယ်။ ဒါ့အပြင် သခင်ယေရှု ဆုတောင်းတဲ့အခါ ကောင်းကင်ဘုံက ဘုရားသခင်ကို သူ့ရဲ့ခမည်းတော်အနေနဲ့ သူခေါ်ခဲ့ပြီး၊ ဒီ ‘ခမည်းတော်’ နဲ့ ‘သားတော်’ ဆိုတဲ့ စကားလုံးတွေက အမှန်တကယ် သူဟာ ယောက်ျားဖြစ်တယ်ဆိုတာကို သက်သေပြပါတယ်” ဟု ဆိုကြမည်ဖြစ်ကြောင်း ကျွန်တော်ယုံကြည်သည်။ ထို့ကြောင့် သခင်ယေရှုပြန်လာပြီဖြစ်ပြီး သူသည် အမျိုးသမီးပုံစံဖြင့် လူဇာတိခံယူပြီဟု တစ်စုံတစ်ယောက်က သက်သေခံနေသည်ကို ကျွန်တော်တို့ ကြားသောအခါ ညီအစ်ကိုမောင်နှမများစွာတို့က နားမလည်နိုင်ကြပါ။ သူတို့က သခင်ယေရှုသည် သိသာထင်ရှားစွာ ယောက်ျားတစ်ဦးဖြစ်ခဲ့သည်ဟု ယုံကြည်ကြသည်၊ ထို့ကြောင့် သခင်၏ ဒုတိယအကြိမ်ပြန်ကြွလာခြင်းက အမျိုးသမီးတစ်ဦးအနေဖြင့် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ဘရာဇီးလ်နိုင်ငံမှ ညီအစ်ကိုဘိုအဲန်းကလည်း ဤအမြင်ကို ဖက်တွယ်လေ့ရှိပြီး ဤကိစ္စနှင့် ပတ်သက်၍ အနက်ပြန်မှုအသစ်ကို သူရရှိနိုင်ခဲ့သည်မှာ တရားဒေသနာတစ်ခုကို သူကြားသည့်အချိန်မှသာ ဖြစ်ခဲ့သည်...။

မှောင်မိုက်က ကျွန်တော့်စိတ်နှလုံးကို ပျံ့နှံ့ဝင်ရောက်သော်လည်း အွန်လိုင်း စုဝေးပွဲများမှ အလင်းသစ်ကို ကျွန်တော်တွေ့ရှိသည်

၂၀၁၄ ခုနှစ် နွေဦးတွင် စီပွားရေးလုပ်ငန်းအတွက် ဘရာဇီးလ်နိုင်ငံကို ကျွန်တော်ရောက်လာခဲ့သည်။ ဘရာဇီးလ်တွင် မည်သူ့ကိုမျှ ကျွန်တော် လုံးဝမသိခဲ့ပါ၊ ပြီးလျှင် လမ်းပျောက်ပြီး အကူအညီမဲ့သဖွယ် ကျွန်တော်ခံစားနေသည့်အချိန်မှာပင် သခင်ယေရှု၏ ကယ်တင်ခြင်းက ကျွန်တော့်ဆီ ရောက်လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တရုတ်အသင်းတော်တစ်ခုကို ကျွန်တော်ရှာတွေ့ခဲ့ပြီး အပတ်တိုင်း ထိုနေရာ၌ စုဝေးပွဲများ စတင်တက်ရောက်ခဲ့သည်။ ဤစုဝေးပွဲများကို ခဏတာ တက်ရောက်ပြီးနောက်တွင် သင်းအုပ်ဆရာသည် အချင်းချင်းကူညီရိုင်းပင်းခြင်းနှင့် ချစ်ခြင်းနည်းလမ်းကို ဟောပြောသည့်အပြင် လှူဒါန်းမှုများပြုရန်လည်း လူတို့အား တိုက်တွန်းသည်ကို ကျွန်တော်တွေ့ခဲ့ရသည်။ ကျွန်တော့်စိတ်ဝိညာဝဉ်အတွက် ပံ့ပိုးဖြည့်ဆည်းမှု လုံးဝမရခဲ့ဘဲ ကျွန်တော့်ယုံကြည်ခြင်းသည် သိသိသာသာ အေးစက်ခဲ့သည်။ ထို့ကြောင့် ကြီးမားသော အသင်းတော်တစ်ပါးဖြစ်သော်လည်း၊ ညီအစ်ကိုမောင်နှမများ ဆယ့်နှစ်ဦး သို့မဟုတ် ထိုမျှခန့်သာ စုဝေးပွဲအသီးသီးကို တက်ရောက်တတ်သည်။

တစ်နေ့တွင် ဖေ့စ်ဘုတ်ပေါ်မှ ကျွန်တော့်မိတ်ဆွေကောင်းတစ်ဦးဖြစ်သည့် ညီအစ်မချဲန်က တရားဒေသနာတစ်ခုကို ကျွန်တော်နှင့်အတူတကွ နားထောင်ရန်စီစဉ်ခဲ့ပြီး ဤတရားဒေသနာကို တက်ရောက်ခြင်းအားဖြင့် ဂျပန်နိုင်ငံမှ ညီအစ်ကိုရှောင်ကို ကျွန်တော် တွေ့ဆုံခဲ့သည်။ ညီအစ်ကိုရှောင်မှာ သမ္မာကျမ်းစာကို ကောင်းစွာနှံ့စပ်ပြီး ယင်းနှင့်ဆိုင်သည့် ထူးကဲသော နားလည်ခြင်း ရှိလေသည်။ အသင်းတော်၏ ခြောက်ကပ်မှု ဖြစ်ရခြင်းအကြောင်းကို သူက ကျွန်တော်တို့အား ဟောပြောခဲ့ပြီး၊ ကျွန်တော်တို့၏ တံခါးများကိုခေါက်ဖို့ သခင်ပြန်ကြွလာမည့် နည်းလမ်းအကြောင်းကို ကျွန်တော်တို့အား သူ မိတ်သဟာယဖွဲ့ခဲ့သည်။ သူက “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) နှင့် “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) တို့ကဲ့သို့သော ပရောဖက်ပြုချက်များအကြောင်းကို ပြောခဲ့ပြီး သခင်က နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသည့်အခါ သူ၏ နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီး ကျွန်တော်တို့၏ နှလုံးသား တံခါးများကို ခေါက်ဖို့ သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုလိမ့်မည်ဟု မိတ်သဟာယဖွဲ့ခဲ့သည်။ အပျိုကညာဆယ်ဦး ပုံဥပမာကိုလည်း ညီအစ်ကိုရှောင်က ကျွန်တော်တို့ကို ဖတ်ပြခဲ့သည် (ရှင်မဿဲခရစ်ဝင် ၂၅:၁-၁၃ ကို ကြည့်ပါ)၊ ပြီးလျှင် သခင်ပြန်ကြွလာပြီဟူသော သတင်းကို ကျွန်တော်တို့ ကြားရသည့်အခါ၊ ဘုရားသခင်၏ အသံတော်ကို အသိအမှတ်ပြုနိုင်သော သူတို့သည် ပညာရှိအပျိုကညာများသာ ဖြစ်သည့်အတွက် ယင်းကို တက်တက်ကြွကြွ ကျွန်တော်တို့ ရှာဖွေရမည်ဟု ပြောခဲ့သည်။ ဤအရာအပြင် ညီအစ်ကိုရှောင်က နောက်ဆုံးသောကာလတွင် သခင်ယေရှု ပြန်ကြွလာသည့်အခါ အမှုတစ်ခုကို သူပြုမည်၊ ထိုသို့အားဖြင့် သူသည် လူကို နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ပြီး သန့်စင်စေလိမ့်မည်၊ ဤနည်းအတိုင်း၊ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) နှင့် “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) တို့ကဲ့သို့သော ပရောဖက်ပြုချက်များကို အတိအကျ ပြည့်စုံစေလိမ့်မည်ဟုလည်း ပြောခဲ့သည်။ ညီအစ်ကိုရှောင်ပေးခဲ့သည့် တရားဒေသနာမှာ အသစ်ဖြစ်ပြီး အလင်းပြကာ၊ ထိုမှ ကျွန်တော် နှစ်သက်ပျော်မွေ့မှုများစွာ ရရှိခဲ့သည်၊ ထို့ကြောင့် သူတရားဟောသည်ကို ငါးရက်ဆက်တိုက် ကျွန်တော်နားထောင်ခဲ့သည်။

သခင်ပြန်ကြွလာပြီကို ကျွန်တော်ကြားရသော်လည်း သဘောထားခံယူချက်များ၏ ပိတ်ဆို့ခြင်းကိုခံရပြီး ကျွန်တော့်စိတ်ဝိညာဉ် မှောင်မိုက်လေသည်

ကျွန်တော်တို့၏ အွန်လိုင်း စုဝေးပွဲ ခြောက်ရက်မြောက်နေ့တွင် အစ်ကိုရှောင်က ကျွန်တော်တို့ကို “ညီအစ်ကိုမောင်နှမတို့၊ ကျွန်တော်တို့ အချိန်အကြာကြီး တောင့်တခဲ့ကြတဲ့ သခင်ယေရှုက လူ့ဇာတိခံ အနန္တတန်ခိုးရှင်အဖြစ် ပြန်ကြွလာပါပြီ။ ဘုရားသခင်က သူ့အမှုကို ထပ်ခါထပ်ခါမလုပ်ပါဘူး။ ပထမဆုံး လူ့ဇာတိခံယူခြင်းက ယောက်ျားတစ်ဦးအနေနဲ့ ဖြစ်ခဲ့ပြီး အခု ဘုရားသခင်က အမျိုးသမီးတစ်ဦးအနေနဲ့ လူ့ဇာတိခံယူခဲ့ပါပြီ၊ ဒါပေမယ့် ဘုရားသခင်က ယောက်ျားတစ်ဦးအနေနဲ့ လူ့ဇာတိခံသည်ဖြစ်စေ၊ သို့မဟုတ် မိန်းမတစ်ဦးအနေနဲ့ဖြစ်စေ သူ့ရဲ့ အနှစ်သာရက အမြဲတစေ ဘုရားကိုယ်တော်တိုင်ဖြစ်ပြီး သူပြုတဲ့ အမှုက အမြဲတစေ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ အမှုဖြစ်တယ်...” ဟု ပြောခဲ့သည်။ ဘုရားသခင်က ယခု မိန်းမတစ်ဦးအဖြစ်လူ့ဇာတိခံယူခဲ့ပြီဟု ကျွန်တော်ကြားသည့်အခိုက်တွင်၊ “အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သခင်ယေရှု ယောဒန်မြစ်မှာ နှစ်ခြင်းမင်္ဂလာခံယူတဲ့အချိန်မှာ ကောင်းကင်ဖွင့်လှစ်ပြီး ကောင်းကင်မှ အသံတော်တစ်ခုက၊ ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။(ရှင်မဿဲခရစ်ဝင် ၃:၁၇) လို့ ပြောခဲ့တာကို ကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း ရေးမှတ်ထားပါတယ်။ ဒါ့အပြင် သခင်ယေရှု ဆုတောင်းတဲ့အခါ ကောင်းကင်ဘုံက ဘုရားသခင်ကို ခမည်းတော်လို့ သူခေါ်ခဲ့တယ်။ ‘ဖခမည်းတော်’ နဲ့ ‘သားတော်’ ဆိုတဲ့ ဒီစကားလုံးတွေက ဘုရားသခင်ကို ယောက်ျားအဖြစ် တကယ့်ကို ဖော်ညွှန်းတာပဲ၊ ဒီတော့ အစ်ကိုရှောင်က သခင်ဟာ မိန်းမဇာတိခံယူခြင်းနဲ့ ပြန်ကြွလာပြီလို့ ဘယ်လိုဖြစ်ပြီး ပြောနိုင်ရတာလဲ။ ဒါ့အပြင် ကျမ်းစာထဲမှာ အဲဒီလို ပရောဖက်ပြုချက်မျိုး မရှိပါဘူး” ဟု ကျွန်တော်တွေးမိခဲ့သည်။ ဤအရာကို ကျွန်တော်တွေးသည့်အခါ ကျွန်တော့်စိတ်နှလုံးတွင် သဘောထားကွဲလွဲမှုနှင့်ပြည့်နေခဲ့ပြီး ကျွန်တော် နောက်ထပ်မကြားချင်ခဲ့တော့ပါ။ နောက်နေ့ညနေတွင်၊ ညီအစ်မချဲန်က ကျွန်တော့်ကို နောက်ထပ် အွန်လိုင်းစည်းဝေးပွဲတစ်ခု တက်ခိုင်းခဲ့သော်လည်း ကျွန်တော် သူမကို ငြင်းဖို့ အကြောင်းပြချက်ရခဲ့ပြီး အွန်လိုင်း စုဝေးပွဲများကို ကျွန်တော် နောက်ထပ်မတက်ခဲ့တော့ပါ။

ကျွန်တော် အွန်လိုင်း စုဝေးပွဲများ နောက်ထပ်မတက်တော့သည်ကို တွေ့သောအခါ ကျွန်တော့်ညီအစ်ကို မောင်နှမများက အလွန်စိုးရိမ်လာခဲ့ကြပြီး၊ သူတို့အားလုံးက ကျွန်တော့်ထံ ဘာဖြစ်သွားလဲ၊ ကျွန်တော်အခက်အခဲတစ်ခုခု ကြုံခဲ့ရသလားဟု မေးမြန်းသည့်စာတိုများ ပေးပို့ခဲ့ကြသော်လည်း မည်သူ့ကိုမျှ ကျွန်တော် မတုန့်ပြန်ခဲ့ပါ။ ကျွန်တော့်ညီအစ်ကိုမောင်နှမများနှင့် အဆက်အသွယ်အားလုံးကို ကျွန်တော်ရပ်တန့်လိုက်ပြီးနောက် တစ်လကျော်အကြာတွင် ကျွန်တော့်ဆုတောင်းချက်များတွင် ကျွန်တော်တို့ထိခြင်းမခံရသလို ကျွန်တော့်စိတ်နှလုံးထဲတွင် အမှောင်ထုနှင့် နာကျင်မှုကို ခံစားခဲ့ရသည်။ ကျွန်တော်၏ အကူအညီမဲ့အခြေအနေတွင် သခင့်ထံ ကျွန်တော် ဆုတောင်းခဲ့ပါသည်- “အို သခင်၊ ကိုယ်တော် တကယ်ပဲ ပြန်ကြွလာပြီလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ကိုယ်တော့်ရဲ့ ဒုတိယအကြိမ်ကြွလာခြင်းလား။ အို သခင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ကိုယ်တော့်ရဲ့ ဒုတိယအကြိမ်ကြွလာခြင်း အမှန်တကယ် ဟုတ်တယ်ဆိုရင် ကိုယ်တော် ကျွန်တော့်ကို လမ်းပြပြီး ဉာဏ်ပွင့်စေဖို့နဲ့၊ ကျွန်တော့်ကို မိတ်သဟာယဖွဲ့ပေးဖို့ရန်အတွက် ညီအစ်ကိုမောင်နှမတွေ ပြန်လာဖို့ တို့ထိတော်မူပါလို့ တောင်းလျှောက်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ကိုယ်တော် မဟုတ်ရင်၊ ကိုယ်တော် ကျွန်တော့်ကို လမ်းပြမှုပေးပါလို့ တောင်းလျှောက်ပါတယ်...။”

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်တော့်ကို လမ်းပြပြီး လေ့လာဆန်းစစ်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်

နောက်ပိုင်းတွင် ညီအစ်ကိုမောင်နှများက ကျွန်တော့်ထံ စာတိုများစွာ ဆက်လက်ပေးပို့ခဲ့ကြပြီး အရာခပ်သိမ်းတွင် ဘုရားသခင်အပေါ် မီခိုရန်နှင့် ဘုရားသခင်ကို ရှာဖွေရန်၊ ပြီးလျှင် ကျွန်တော်အခက်အခဲတစ်ခုခုရှိလျှင် ဘုရားသခင်ကို လေးလေးနက်နက် ဆုတောင်းရန် မေတ္တာရပ်ခံခဲ့ကြသည်။ ဘုရားသခင်ထံမှလာသည့် ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်တော် တို့ထိခံရပြီးနောက် ကျွန်တော်သည်- “ငါတို့အားလုံးက ဘုရားသခင်ကို ယုံကြည်ကြလို့သာ ငါ ဒီညီအစ်ကို မောင်နှမတွေနဲ့ အချင်းချင်းသိရတာပါ။ သူတို့ကို ငါ တမင်သက်သက် လျစ်လျူရှုနေခဲ့ပေမယ့် သူတို့က အရမ်းချစ်ခင် နေကြတုန်းပဲ၊ ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်မပါဘဲ ဘယ်သူက ဒီလိုဖြစ်နိုင်မှာလဲ။ ဒါ့အပြင် အနန္တတန်ခိုးရှင်ဘုရားသခင်သာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ရင်တော့၊ သူ့ကို ငါဆက်လက်ငြင်းပယ်ပြီး မရှာဖွေရင် ဘုရားသခင် စွန့်ပစ်တာကို ငါခံရမယ်မဟုတ်လား” ဟု တွေးမိခဲ့သည်။ ကျွန်တော့် ညီအစ်ကိုမောင်နှမများနှင့် ကျွန်တော် အဆက်အသွယ်ရှိခဲ့သည့် အချိန်ကို ကျွန်တော်စဉ်းစားမိခဲ့သည်။ သူတို့ ပေးခဲ့သည့် ဒေသနာများအားလုံးက သခင့်နှုတ်ကပတ်တော်များနှင့် ကိုက်ညီခဲ့သည်၊ သူတို့အားလုံးက အလင်းပြနေခဲ့ကြပြီး ကျွန်တော့် အသက်တာကို လွန်စွာအကျိုးပြုခဲ့ကြသည်၊ ပြီးလျှင် သူတို့နှင့်အတူ စည်းဝေးပွဲများ ကျွန်တော်တက်သည့်အခါတိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ သခင်ယေရှုက- “စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၃) နှင့် “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) ဟု ကျွန်တော်တို့ကို သွန်သင်ပါသည်။ ထိုသို့ပြုသောလူတို့သည်သာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ဦးဆောင်လမ်းပြမှုတို့ကို ရရှိနိုင်ပြီး ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံစားရနိုင်သည့်အတွက် သခင်ယေရှုက ကျွန်တော်တို့ကို စိတ်နှလုံးများ ဖွင့်ထားလျက် ရှာဖွေရန် စေခိုင်းပါသည်။ သို့တိုင် ဘုရားသခင်၏ လိင်အမျိုးအစားနှင့်ဆိုင်သော ဤကိစ္စရပ်တစ်ခုကို ကျွန်တော် နားမလည်နိုင်သောကြောင့်သာ ကျွန်တော့် ညီအစ်ကိုမောင်နှမများကို ကျွန်တော်ရှောင်ခဲ့သည်မှာ ကျွန်တော် အလွန် ခေါင်းမာသည်မဟုတ်ပါလား။ ဤအရာများကို ကျွန်တော် စဉ်းစားဆင်ခြင်မိခဲ့သောအခါ နောင်တရခြင်းနှင့် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းတို့ကို ခံစားရပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ဆက်လက်ရှာဖွေပြီး လေ့လာစုံစမ်းရန် ကျွန်တော်ဆုံးဖြတ်ခဲ့တော့သည်။

ဘုရားသခင်သည် အရာခပ်သိမ်းတို့၏ အချုပ်အခြာဖြစ်သည်၊ ထို့ကြောင့် သူ၏အမှုသည် ပရောဖက်ပြုချက်အပေါ် အခြေခံရမည်မှာ ဖြစ်နိုင်မည်လား

ထို့ကြောင့်၊ အွန်လိုင်းတရားဒေသနာများကို ကျွန်တော် ဆက်လက်နားထောင်ခဲ့ပြီး ကျွန်တော့်ကို ရှုပ်ထွေးနေစေခဲ့သည့်အရာအကြောင်း ကျွန်တော်ပြောဆိုခဲ့သည်။ “အစ်ကိုရေ၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ပြီး အမျိုးသမီးတစ်ဦးအဖြစ် သူ လူ့ဇာတိခံယူပြီလို့ ခင်ဗျား သက်သေခံတယ်။ ဒီအတွက် သမ္မာကျမ်းအခြေပြုချက်တစ်ခု ရှိပါသလား။” ညီအစ်ကိုရှောင်က “ညီလေး၊ ဘုရားသခင်ရဲ့ အမှုတော်က ကျမ်းစာအခြေပြုချက်တစ်ခုခု လိုအပ်လို့လား။ ကျမ်းစာအခြေပြုချက်တစ်ခုမပါဘဲ ဘုရားသခင် အမှုမပြုနိုင်ဘူးလား။ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်၊ ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းနဲ့ သောဒုံမြို့ကို မီးနဲ့ စသဖြင့် သူဖျက်ဆီးခဲ့တယ်၊ ဒါပေမယ့် ဒီအမှုတွေအားလုံးက ပရောဖက်ပြုချက်အပေါ် အခြေပြုခဲ့လို့လား။ အခြေမပြုခဲ့ဘူးဆိုတာ ငါတို့အားလုံးက ကောင်းကောင်းကြီးသိကြတာပဲလေ။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းကို သူ့အကြံအစည်အတိုင်းနဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အဖြစ် ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေအတိုင်း စီမံဖို့ သူ လုပ်ဆောင်တယ်။ သူဟာ သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်အားဖြင့် ကန့်သတ်ခံရဖို့ နေနေသာသာ၊ အနည်းဆုံး ဘယ်လူပုဂ္ဂိုလ်၊ ဘယ်အဖြစ်အပျက်၊ ဒါမှမဟုတ် ဘယ်အမှုအရာနဲ့မှ ကန့်သတ်ချုပ်ချယ်မခံရပါဘူး။ ကျမ်းစာထဲမှာ အဲဒီအကြောင်း ပရောဖက်ပြုချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်က သူ့အမှုကို ဆောင်ရွက်ပါတယ်။ ဥပမာအနေနဲ့ ပညတ်တော်ခေတ်မှာ ဘုရားသခင်က ဣသရေလူတွေကို အဲဂုတ္ထုပြည်ကနေ ထုတ်ဆောင်သွားဖို့ မောရှေကို လှုံ့ဆော်ခဲ့ပြီး သူ့ ပညတ်တရားနဲ့ ပညတ်ချက်တွေကို ထုတ်ပြန်ဖို့ စသဖြင့် မောရှေကို အသုံးပြုခဲ့တယ်၊ ဒါပေမယ့် ဒီအမှုတွေကို ဘုရားသခင်က ကြိုတင်ပရောဖက်မပြုခဲ့ပါဘူး။ ကျေးဇူးတော်ခေတ်မှာ ‘နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇) ဆိုတဲ့ လမ်းခရီးကို သခင်ယေရှုက ဖော်ပြခဲ့တယ်။ သူဟာ နမိတ်လက္ခဏာတွေကို ပြုလုပ်ခဲ့တယ်၊ သူဟာ နာမကျန်းဖြစ်သူတွေကို ပျောက်ကင်းစေခဲ့ပြီး နတ်ဆိုးတွေကို နှင်ထုတ်ခဲ့တယ်၊ ဒါပေမယ့် ကျမ်းစာထဲမှာ ဒီအမှုတွေနဲ့ ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေလည်း မရှိဘူးလေ။ ဒီတော့ နောက်ဆုံးသောကာလမှာ ဘုရားသခင်အနေနဲ့ မိန်းမတစ်ဦးအဖြစ် လူ့ဇာတိခံယူမယ်ဆိုတာကို ကြိုတင် ပရောဖက်ပြုထားဖို့ဆိုတာလည်း မလိုအပ်ပါဘူး။ ဘုရားသခင်က ဖန်ဆင်းရှင်ပဲလေ၊ သူက အရာခပ်သိမ်းရဲ့ အချုပ်အခြာဖြစ်တဲ့အတွက် သူ့အမှုကို ပြုလုပ်ဖို့ ကျမ်းစာကို ကျော်လွန်ပိုင်ခွင့် သူ့မှာ အပြည့်အဝရှိတယ်။ ဒီကိစ္စနဲ့စပ်လျဉ်းပြီး ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရအောင်၊ ပြီးရင် ငါတို့အားလုံး ပိုပြီး နားလည်သွားကြမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောတယ်- ‘ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းလျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)”)

“ဘုရားသခင်ဟာ ဥပုသ်နေ့ရဲ့ အရှင်သခင်၊ ကျမ်းစာရဲ့ အရှင်သခင်ဖြစ်ပြီး ဖန်ဆင်းခံအရာအားလုံးရဲ့ အရှင်သခင် ဖြစ်တဲ့အတွက် သူ့ရဲ့ အမှုမှာ စည်းမျဉ်းတစ်ခုတစ်လေကိုမှ ဒါမှမဟုတ် ကန့်သတ်ချက်တစ်ခုတစ်လေကိုမှ သူမလိုက်နာဘူးဆိုတာနဲ့၊ သူဆောင်ရွက်မယ့် အမှုတစ်ခုခုအကြောင်းကို ကြိုတင်ပြီး ပရောဖက်ပြုချက်တွေပေးဖို့ ဘုရားသခင်ကို ငါတို့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အနေနဲ့ တောင်းဆိုဖို့ အရည်အချင်းမပြည့်မီဘူးဆိုတာကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ငါတို့သိနိုင်တယ်။ တကယ်တော့ ဘုရားရဲ့ အမှုဟာ ပရောဖက်ပြုချက်အားဖြင့် ရှေ့ပြေးပဏာမ လုပ်တဲ့အခါမှာတောင် ငါတို့ရဲ့ ကိုယ်ပိုင်သဘောထားခံယူချက်တွေကို မလွတ်တမ်းဖက်တွယ်ထားရင်၊ ငါတို့မှာ သမ္မာတရားအတွက် ဆာငတ်ပြီး ရှာဖွေတတ်တဲ့ နှလုံးသားမရှိရင်၊ ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ငါတို့ မလေ့လာမဆန်းစစ်ရင်တော့ ဘုရားသခင်ကို ငါတို့ လုံးဝသိမှာမဟုတ်ဘူး။ ဥပမာ၊ ယေရှုရဲ့ အချိန်ကာလက ဖာရိရှဲတွေကို ကြည့်ပါ။ ‘ငါတို့အား သားကိုသနားတော်မူ၏။(ဟေရှာယအနာဂတ္တိကျမ်း ၉:၆) ဆိုတဲ့ ပရောဖက်ပြုချက်တစ်ခု ရှိခဲ့တယ်ဆိုတာ သူတို့ ကောင်းကောင်းကြီး သိခဲ့ကြတယ်၊ ဒါဆို သူတို့က သခင်ယေရှုကို ဘာကြောင့် ကားတိုင်မှာ အဆုံးစီရင်ခဲ့ကြသေးလဲ။ အကြောင်းရင်းက ဖာရိရှဲတွေဟာ အလွန်မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကို ဖြောင့်မတ်တယ်လို့ ခံယူကြတယ်၊ သူတို့ရဲ့ သဘာဝဗီဇက သမ္မာတရားကို မုန်းတီးပြီး ငြီးငွေ့တဲ့ သဘာဝတစ်ခု ဖြစ်ပြီးတော့ သူတို့မှာ ဘုရားကိုကြောက်ရွံ့တဲ့စိတ်နှလုံး ဘာဆိုဘာမှ မရှိလို့ပဲ။ ဖာရိရှဲတွေက ပရောဖက်ပြုချက်ရဲ့ လုံးချင်းအဓိပ္ပါယ်အပေါ် သူတို့ရဲ့ သိနားလည်မှုအားဖြင့် သွားခဲ့ကြပြီး သူတို့ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကို တင်းတင်းဖက်တွယ်ခဲ့ကြတယ်။ သူတို့က သခင်ယေရှုဟာ မေရှိယမဟုတ်ဘူး၊ ပြီးတော့ သူက နန်းတော်ထဲမှာ မြင့်မြတ်တဲ့ မိသားစုကနေ မမွေးဖွားခဲ့တာကြောင့်၊ သူက အရပ်မြင့်မြင့်နဲ့ သန်မာအားကောင်းတဲ့ပုံ မပေါ်တာတွေကြောင့် ဘုရားကိုယ်တော်တိုင် မဖြစ်နိုင်ဘူး၊ ဒါကြောင့် သူတို့က သခင်ယေရှုကို ကသုတ်ကရက်နဲ့ အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြတာဖြစ်တယ်လို့ ယုံကြည်ကြတယ်။ နောက်ဆုံးမှာ သူတို့က သခင်ယေရှုကို ကားတိုင်ထက်မှာ အဆုံးစီရင်ခဲ့ကြတယ်၊ ဒီလိုနဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ဘုရားသခင်ရဲ့ ပြစ်ဒဏ်ပေးခြင်းနဲ့ ကျိန်ဆဲခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် ဖာရိရှဲတွေက သူတို့ရဲ့ ကိုယ်ပိုင်အယူအဆတွေနဲ့ စိတ်ကူးတွေအားဖြင့် ပျက်စီးခြင်းကို ရောက်ခဲ့ကြတာမဟုတ်လား။ ဒါပေမယ့် သခင်ယေရှုနောက်ကို လိုက်ခဲ့ကြတဲ့ အဲဒီတပည့်တော်တွေက ဓမ္မဟောင်းကျမ်းရဲ့ ပရောဖက်ပြုချက်ဆိုင်ရာ နှုတ်ကပတ်တော်တွေကို ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေနဲ့ နှိုင်းယှဉ်မကြည့်ခဲ့ကြဘူး၊ အဲဒီအစား သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားနာဖို့ အာရုံစိုက်ခဲ့ကြပြီး ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေထဲမှာ သူဟာ အမှန်ပဲ ကြိုတင်ဟောကိန်းထုတ်ခံခဲ့ရတဲ့ ယေရှိယဖြစ်တယ်ဆိုတာကို သူတို့သတိပြုမိခဲ့ကြတယ်၊ ဒီလိုနဲ့ပဲ သခင့်နောက်ကို သူတို့လိုက်ခဲ့ကြတယ်လေ။ ဒါကြောင့် ဘုရားသခင်ကို ငါတို့သိပြီး သူ့ရဲ့ အမှုတော်သစ်ကို လက်ခံလိုရင် ဘုရားသခင်ရဲ့ အမှုတော်က ကျမ်းစာအခြေပြုချက်ရှိမရှိ ဆိုတာကို ငါတို့ စဉ်းစားရမှာမဟုတ်ဘူး၊ အဲဒီအစား အဓိကအချက်က ဖွင့်ထားတဲ့နှလုံးသားတစ်ခုနဲ့ သမ္မာတရားကို ငါတို့ရှာပြီး ဘုရားသခင်ရဲ့အသံတော်ကိုကြားခြင်းအပေါ် အာရုံစိုက်နိုင် မစိုက်နိုင် ဆိုတာပဲ၊ ဒီလို နှလုံးသားတစ်ခုနဲ့ ငါတို့ ရှာဖွေနိုင်ပြီး လေ့လာဆန်းစစ်နိုင်ရင် သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ ငါတို့ကို ဘုရားသခင်က ဉာဏ်အလင်းပေးပြီး ဦးဆောင်လမ်းပြမှာ ဖြစ်တဲ့အတွက်ပါ” ဟု ပြောခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိုညီအစ်ကို၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင် ကျွန်တော့်နှလုံးသား လှုပ်ရှားလာသည်ကို ခံစားခဲ့ရပြီး ကျွန်တော်သည်- “ဟုတ်တယ်၊ ဘုရားသခင်ရဲ့ အမှုတော်ဟာ ဘယ်လိုလုပ်ပြီး ပရောဖက်ပြုချက်တွေရဲ့ ကန့်သတ်ခြင်းခံရမှာလဲ။ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်၊ ပညတ်ချက်တွေနဲ့ ပညတ်တရားကို ကြေငြာဖို့ မောရှေကို သူအသုံးပြုခဲ့တယ်၊ ပြီးတော့ သခင်ယေရှုက နမိတ်လက္ခဏာတွေကို ပြုလုပ်ခဲ့တယ်၊ နာမကျန်းဖြစ်သူတွေကို ပျောက်ကင်းစေပြီး နတ်ဆိုးတွေကို နှင်ထုတ်ခဲ့တယ်၊ ဒါပေမယ့် ဒီအရာထဲမှာ ဘာကိုမှ ပရောဖက်ပြုမထားခဲ့ပါဘူး။ ဒီအရာတွေနဲ့ပတ်သက်ပြီး ကျမ်းစာထဲမှာ ပရောဖက်ပြုချက်တွေ ရှိခဲ့ရင်တောင်၊ သမ္မာတရားကို မရှာဖွေတော့ဖို့ အဲဒါက ငါတို့အတွက် လုံလောက်မှာမဟုတ်ဘူး။ ဥပမာ၊ မေရှိယလာမယ်လို့ ဓမ္မဟောင်းကျမ်းက ပရောဖက်ပြုခဲ့ပေမယ့် ဖာရိရှဲတွေက ပရောဖက်ပြုချက်စာကိုပဲ စောင့်ထိန်းခဲ့ကြတယ်၊ သူတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကို ဖက်တွယ်ခဲ့ကြပြီး သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို လက်မခံခဲ့ကြဘူး။ နောက်ဆုံးမှာ သူတို့က သခင်ယေရှုကို ကားတိုင်ပေါ်မှာ အဆုံးစီရင်ခဲ့ကြပြီး၊ ဒီလိုနဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လုံးဝဆုံးရှုံးခဲ့ရတယ်။ ကြည့်ရတာ သခင့်ကို ကြိုဆိုဖို့ ငါတို့ရဲ့အရည်အချင်းက သူ့ရဲ့ကြွလာခြင်းအတွက် ကျမ်းစာအခြေပြုချက် ရှိမရှိဆိုတဲ့အပေါ် မတည်မှီဘဲ သမ္မာတရားကို ရှာဖွေတဲ့နှလုံးသား ငါတို့မှာ ရှိမရှိဆိုတဲ့အပေါ် တည်မှီနေတဲ့သဘောပါပဲ” ဟု တွေးမိခဲ့တော့သည်။

အမှာစကား ချန်ခဲ့မည်