စာရင်း

အသက်စမ်းရေထဲမှာ ကျွန်မ ပျော်မွေ့ခဲ့ပါပြီ

ကျွန်မတို့မိသားစုက သခင့်ကို ယုံကြည်လာတာ မျိုးဆက်သုံးခုအထိ ရှိပါပြီ။ ကျွန်မလည်း ကိုယ့်မိသားစုနဲ့အတူ ကလေးဘဝကတည်းက ဘုရားကျောင်း စတက်တယ်။ အသက်ကြီးလာတော့ အသင်းတော်မှာ သင်းထောက် လုပ်တယ်။ စာရင်းကိုင်လည်း လုပ်ပေးခဲ့တယ်။ ကျွန်မက သခင့်အတွက် အမြဲတမ်း တက်တက်ကြွကြွ အစေခံခဲ့တာပါ။ ဒါပေမဲ့ အချိန်တွေကြာလာတော့ အသင်းတော်က တဖြည်းဖြည်း ခြောက်ကပ်လာတာကို ကျွန်မ တွေ့တယ်။ သင်းအုပ်နဲ့ အကြီးအကဲတွေကလည်း အကြောင်းအရာဟောင်းတွေပဲ ဟောတယ်၊ အလင်းသစ်ပေးတာ မရှိဘူး။ ကျွန်မတို့ရဲ့ တကယ့် အခက်အခဲတွေ၊ ပြဿနာတွေကို သူတို့က မဖြေရှင်းပေးနိုင်ဘူး။ သခင့်အတွက် သူတို့ အလုပ်လုပ်ခဲ့တာတွေကိုပဲ အမြဲတမ်း ပြောတယ်၊ သူတို့ ဘယ်လောက် ဒုက္ခခံခဲ့တယ်၊ ဘယ်လို အဖိုးအခ ပေးခဲ့တယ်ဆိုတာတွေပဲ ထုတ်ကြွားကြတာ။ အဲဒါတွေ ကြားရတာ ကျွန်မက စိတ်ကုန်တယ်။ ပြီးတော့ တနင်္ဂနွေ ဝတ်ပြုပွဲတိုင်းမှာ ဆရာတော်တွေက ကြိုရေးထားတဲ့ စာသားတွေနဲ့ လူတွေအတွက် ဆုတောင်းပေးတာကို မြင်ရမယ်။ ကျွန်မက အဲဒါကို မစစ်မှန်ဘူးလို့ မြင်တယ်။ စစ်မှန်တဲ့ ဆုတောင်းချက်ဆိုတာ စကားလုံးနည်းနည်းပဲ ပါတာဖြစ်ဖြစ်၊ သခင့်ကို စိတ်နှလုံးနဲ့ ပြောဆိုတာမျိုးဖြစ်သင့်တယ်။ သခင်က ပြောခဲ့တယ်လေ၊ “ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၄:၂၄) သူတို့က ရေးထားပြီးသား ဆုတောင်းချက်တွေကိုပဲ ရွတ်ကြတယ်ဆိုတာ စစ်မှန်တဲ့ဆုတောင်းချက် မဟုတ်ဘူး။ သခင်ကလည်း လုံးဝ ဝမ်းမြောက်နိုင်မှာမဟုတ်ဘူး။ အသင်းတော်ခေါင်းဆောင်တွေက သင်းထောက်ရာထူးတွေ ခန့်ပြီဆိုရင်၊ အမူအကျင့်ကောင်းပြီး ယုံကြည်ရတဲ့ လောဘမကြီးတဲ့လူတွေကို မရွေးဘူး။ ကျမ်းစာမှာ ဆုံးမတဲ့အတိုင်း ထိန်းထိန်းသိမ်းသိမ်းနေတတ်တဲ့လူတွေကို မရွေးဘူး။ (တိမောသေသြဝါဒစာ ပဌမစောင် ၃:၁-၁၁ ကို ကြည့်ပါ) အဲဒီအစား အလှူအတန်း ပိုလုပ်တဲ့ တအားတက်ကြွတဲ့ လူတွေကိုပဲ သူတို့က ခန့်တယ်။ အသင်းတော်ခေါင်းဆောင်တွေရဲ့ လုပ်ပုံကိုင်ပုံတွေက နေရာတိုင်းမှာ သခင့်အဆုံးအမတွေနဲ့ ဆန့်ကျင်ဘက်ပဲ။ သူတို့က ဝတ်ပြုသူတွေကိုလည်း သူတို့ကိုယ်ပိုင်သြဝါဒအတိုင်းပဲ ဦးဆောင်ကြတာ။ အဲဒီလိုအသင်းတော်မျိုးမှာ သခင့်ဆီက လမ်းပြတာမျိုးကို ကျွန်မ လုံးဝ မမြင်ခဲ့ဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ကိုလည်း မခံစားမိဘူး၊ ကိုယ့်အသက်အတွက် အထောက်အပံ့ဆိုတာလည်း မရနိုင်ခဲ့ဘူး။ ကျန်တဲ့အသင်းဝင်တွေ အားလုံးလည်း ဝိညာဉ်ရေးမှာ အားနည်းကုန်တယ်။ သူတို့ယုံကြည်ခြင်းက လျော့ကျလာတယ်။ ဆရာတော်တွေက အသင်းတော်ကို ပြန်ပြီးအသက်ဝင်အောင် နည်းလမ်းတွေ စဉ်းစားကြတယ်။ ယုံကြည်သူတွေအတွက် နေ့ချင်းပြန်ခရီးတွေ၊ နွေရာသီစခန်းသွင်းတာတွေ စီစဉ်ပေးတာမျိုးပေါ့။ ဒါပေမဲ့ အဲဒါလည်း ခဏလောက်ပဲ ပျော်ကြတာ။ သိပ်မကြာခင် လူတိုင်းက ပြန်ပြီး စိတ်ပျက်လက်ပျက်ဖြစ်ကုန်ရော။ အသင်းတော်မှာ တကယ်ကို စိတ်ပျက်ခဲ့ရတာပါ။ အဲဒီလိုနေရာမျိုးမှာ ဘုရားကို ဝတ်ပြုနေလို့ ဘာမှမရနိုင်ဘူးဆိုတာ ကျွန်မ ခံစားမိတယ်။ ၂၀၁၃ မေလရောက်တော့ အသင်းတော်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီနောက်ပိုင်းတော့၊ သခင့်အဆုံးအမတွေနဲ့ ကိုက်ညီတဲ့၊ ကိုယ့်အသက်အတွက် ထောက်ပံ့ပေးနိုင်မယ့် အသင်းတော်တစ်ခု ရှာမယ်ဆိုပြီး၊ ပြည်တွင်းပြည်ပက နာမည်ကြီးသင်းအုပ်တွေရဲ့ တရားတွေကို အွန်လိုင်းမှာ စပြီး နားထောင်ကြည့်တယ်။ ဟိုအရင် အသင်းတော်က တရားဟောဆရာမတစ်ယောက်နဲ့လည်း ဆက်သွယ်မိတယ်။ သူက ဘာသာရေးကျောင်းကနေ ဘွဲ့ရပြီးလို့ ကိုယ်ပိုင်အသင်းတော် ထောင်ထားပြီးပြီ။ ကျွန်မလည်း အွန်လိုင်းမှာ တရားတွေ နားထောင်တယ်။ သူနဲ့လည်း စည်းဝေးတယ်ပေါ့။ ဒါပေမဲ့ ဘယ်သူ ဟောတဲ့တရားပဲဖြစ်ဖြစ် လုံးဝ အရသာမတွေ့ဘူး။ ကျွန်မအတွက် အားမဖြစ်ဘူး။ နောက်ထပ် သုံးလကြာတော့၊ အသင်းတော်နောက်တစ်ခုနဲ့ ဆက်သွယ်မိပြန်ရော။ သူတို့အဆုံးအမတွေကျတော့ ကျမ်းစာနဲ့ညီတယ်လို့ ခံစားမိတယ်။ ဒါနဲ့ သူတို့လုပ်တဲ့ ပွဲတွေတော်တော်များများကို ကျွန်မ စပြီး တက်ကြည့်တယ်။ ဒါပေမဲ့ နည်းနည်းကြာလာတော့၊ ကျွန်မ တွေ့လာပြန်ရော။ ဝတ်ပြုပွဲအစနဲ့ အဆုံးတိုင်းမှာ သူတို့က အမြဲတမ်း လျှာအမျိုးမျိုးအသံအမျိုးမျိုးနဲ့ ဆုတောင်းကြတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ကို ရတယ်၊ ကယ်တင်ခြင်းခံရတယ်ဆိုတာတွေကို အဲဒါကပဲ သက်သေပြတာတဲ့။ ဒါပေမဲ့ ကျွန်မကတော့ လုံးဝ လက်မခံဘူး။ သမ္မာကျမ်းထဲက ဂလာတိသြဝါဒစာ ၅:၂၂-၂၃ မှာ ပြောထားတယ်လေ၊ “ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။” အဲဒီကျမ်းချက်ကို ကျွန်မ နားလည်ထားတာက၊ ကိုယ့်အသက်တာမှာ သခင့်နှုတ်ကပတ်တော်တွေကို သဘောပေါက်ပြီးတော့၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အကျိုး ၉ မျိုး ဖြစ်ထွန်းတယ်ဆိုရင် စစ်မှန်တဲ့ယုံကြည်ခြင်းပဲ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ရှိတယ်ဆိုတဲ့ သက်သေပဲ။ ပြီးတော့ ဝတ်ပြုပွဲတွေမှာ သင်းအုပ်တွေက အကြောင်းအရာဟောင်းတွေကိုပဲ အမြဲတမ်း ထပ်တလဲလဲ ဟောနေကြတာ။ ဘာအလင်းသစ်မှ မပါဘူး။ ဝတ်ပြုတဲ့လူအများစုက တရားဟောနေချိန်မှာ အိပ်ငိုက်ကြတယ်။ သူတို့က လုပ်ရိုးလုပ်စဉ်တစ်ခုအနေနဲ့ တက်ကြတာလေ။ လူအများစုက အပျက်သဘောဆောင်တဲ့အခြေအနေမျိုး၊ စိတ်ပျက်နေတာမျိုးပဲ။ သခင့်ကို ဝတ်ပြုချိန်မှာရှိသင့်တဲ့ ဝမ်းမြောက်ခြင်းဆိုတာကို ကျွန်မ မြင်ကိုမမြင်မိဘူး။ အဲဒီလို လျော့ရိလျော့ရဲ လုပ်ကြတဲ့ ဝတ်ပြုပွဲတွေကို မြင်ပြီး၊ ကျွန်မဘာသာ စဉ်းစားကြည့်တယ်၊ "လူတွေ ဝတ်ကျေတမ်းကျေပဲ လုပ်နေကြတာကို ကြည့်ပြီး သခင်က ဝမ်းမြောက်မှာလား။ ဝတ်ပြုနေတဲ့အချိန်မှာ သခင်က တကယ်ကို ငါတို့နဲ့အတူရှိရဲ့လား" ပေါ့။ နောက်တော့ ဗျာဒိတ်ကျမ်းထဲက ဒီစာပိုဒ်ကို စဉ်းစားမိတယ်၊ “လောဒိကိမြို့၌ရှိသော အသင်းတော်၏ တမန် ကိုဤသို့ ရေး၍ မှာလိုက်လော့။... သင်၏အကျင့်ကိုငါသိ၏။ သင်သည် အအေးမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ အေးခြင်းဖြစ်စေ။ ပူခြင်းဖြစ်စေ၊ တစ်ခုခုကို ငါအလိုရှိ၏။ ထိုသို့ အအေးမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။” (ဗျာဒိတ်ကျမ်း ၃:၁၄-၁၆) ဒီအသင်းတော်ကလည်း လောဒိကိမြို့က အသင်းတော်နဲ့ အခြေအနေတူနေတာ မဟုတ်ဘူးလား။ ဒီအသင်းတော်က ကျွန်မရဲ့ ဝိညာဉ်ရေးလိုအပ်တာတွေကိုလည်း မဖြည့်ပေးနိုင်ဘူး။ အဓိပ္ပာယ်မဲ့သလိုလို၊ အကူအညီမဲ့သလိုလို ခံစားရတာပဲ အဖတ်တင်တယ်။ ကျွန်မ ကြုံခဲ့ရတဲ့ အသင်းတော်တိုင်းက တစ်ပုံစံတည်းတွေချည်းပဲဆိုတာကို မြင်မိတယ်။ ဝတ်ပြုပွဲတွေမှာ လူတိုင်းက စည်းမျဉ်းစည်းကမ်းတွေကို မစွန့်ဘူး၊ လုပ်ရိုးလုပ်စဉ်တွေအတိုင်း လုပ်ကြပါတယ်။ ဒါပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ဖြစ်ဖြစ်၊ လမ်းပြမှုကိုဖြစ်ဖြစ် ကျွန်မ မခံစားမိဘူး။ တကယ်ကို ဝမ်းနည်းခဲ့ရတာပါ။ အဲဒီအချိန်တုန်းက ကျွန်မ တစ်ခုပဲမျှော်လင့်မိတာက မကြာခင်မှာ သခင် ပြန်လာဖို့၊ ကျွန်မတို့ကို လမ်းပြပေးဖို့ပေါ့။ သခင့်ကိုလည်း မကြာမကြာ ဆုတောင်းတယ်၊ “သခင်...၊ သခင် ဘယ်တော့ ပြန်လာမှာလဲ” ပေါ့။

သခင် ပြန်လာဖို့ကို ကျွန်မက ပိုပြီး ထက်ထက်သန်သန် မျှော်လင့်မိသလိုတောင် ဖြစ်လာတယ်။ ကိုယ့်အသက်အတွက် အာဟာရ ပေးနိုင်မယ့် အသင်းတော်တစ်ခုလည်း ရှာဖို့ပေါ့။ ကျွန်မက အွန်လိုင်းမှာ အမြဲတမ်း ရှာကြည့်လာတယ်။ ဘုရားသခင် ပေါ်ထွန်းခြင်းကို ရည်ညွှန်းတဲ့ စကားလုံးမျိုးတွေကို ကြုံတဲ့အခါတိုင်း ရှာကြည့်တယ်။ “ဘုရား၏အသံတော်”၊ “ဘုရား၏ခြေလှမ်းများ” ဆိုတာမျိုးပေါ့။ အဲဒီလိုနဲ့ ၂၀၁၆ ဇန်နဝါရီလ ၂၇ ရက်၊ မနက်ဘက်ပေါ့၊ ကျွန်မက သခင် ပြန်လာခြင်းနဲ့ပတ်သက်တာတွေကို အွန်လိုင်းမှာ လိုက်ရှာနေရင်း၊ ဗီဒီယိုတစ်ခုကို မထင်မှတ်ဘဲ ကြည့်မိတယ်။ အဲဒီမှာ ကြားလိုက်ရတာတွေက ရင်ထဲမှာ နိုးကြားသွားတယ်။ “ငါ၏နိုင်ငံတော်သည် စကြဝဠာတစ်ခွင် အထက်တွင် ပုံသဏ္ဌာန်ပေါ်လာနေပြီ ဖြစ်ပြီး ငါ၏ ပလ္လင်သည် သန်းပေါင်းရာပေါင်းများစွာသော လူတို့၏ နှလုံးသားများထဲ၌ သြဇာ လွှမ်းမိုး၏။ ငါ၏ ကြီးမြတ်သော ပြီးမြောက်အောင်မြင်ခြင်းသည် ကောင်းကင်တမန်များ၏ အကူအညီနှင့် မကြာမီတွင် အသီးသီး လိမ့်မည် ဖြစ်သည်။ ငါ၏ သားများနှင့် ငါ၏ လူများအားလုံးတို့သည် ငါ၏ ပြန်လာခြင်း ကို အသက်ပင် ရဲရဲမရှုရဲဘဲ စောင့်မျှော်နေကြသည်၊ ၎င်းတို့နှင့် ပြန်လည်ပေါင်းစည်းရန်၊ မည်သည့်အခါမျှ နောက်တစ်ဖန် ထပ်၍ မခွဲခွာတော့ရန် ငါ့ကို တောင့်တနေကြသည်။ ငါသည် ၎င်းတို့နှင့် အတူရှိခြင်းကြောင့် ငါ့နိုင်ငံတော်၏ အသင်္ချေ များလှသော လူထုသည် ရွှင်လန်းဝမ်းမြောက်သော အောင်ပွဲခံခြင်းဖြင့် အချင်းချင်းဆီသို့ အဘယ်သို့လျှင် မပြေးကြဘဲ နေနိုင်လိမ့်မည်နည်း။ ဤပေါင်းစည်းခြင်းမှာ မည်သည့် အဖိုးအခမှ ပေးရန်မလိုအပ်သော ပြန်လည်ပေါင်းစည်းခြင်းမျိုး ဖြစ်နိုင်သလော။ လူသားအားလုံးတို့၏ မျက်လုံးများထဲတွင် ငါသည် ဂုဏ်သိက္ခာ ရှိသည်၊ အားလုံးတို့၏ စကားများတွင် ငါသည် ကြွေးကြော်ခြင်း ခံရသည်။ ငါပြန်လာသည့်အခါ ရန်သူ၏ အင်အားစု အားလုံးတို့ကို သာ၍များစွာပင် သိမ်းပိုက်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၇” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ကျွန်မလည်း အဲဒီမှာပြောထားသမျှကို နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ အခုလိုပြောတာတွေကို ကြားရတယ်လေ၊ “ငါ၏နိုင်ငံတော်သည် စကြဝဠာတစ်ခွင် အထက်တွင် ပုံသဏ္ဌာန်ပေါ်လာနေပြီ ဖြစ်ပြီး ငါ၏ ပလ္လင်သည် သန်းပေါင်းရာပေါင်းများစွာသော လူတို့၏ နှလုံးသားများထဲ၌ သြဇာ လွှမ်းမိုး၏။” “ငါပြန်လာသည့်အခါ ရန်သူ၏ အင်အားစု အားလုံးတို့ကို သာ၍များစွာပင် သိမ်းပိုက်မည်။” စကားလုံးတိုင်းက အာဏာပါတယ်၊ ပြင်းထန်တယ်လို့ တကယ် ခံစားရတယ်။ ဒါတွေက လူသားတိုင်း ပြောနိုင်တဲ့ စကားလုံးတွေ မဟုတ်ဘူးပေါ့။ ကျွန်မလည်း ချက်ချင်းပဲ သေချာထိုင်ပြီး နားထောင်တယ်။ လုံးလုံး စိတ်ဝင်စားသွားတာ။ နောက်တော့ ဗီဒီယိုထဲမှာ ဒါကို ကြားရပြန်ရော၊ “အချိန်ရောက်လာလေပြီ။ ငါ၏အလုပ်ကို ငါသည် စတင် လည်ပတ်စေမည်၊ လူသားတို့အလယ်တွင် ငါသည် ရှင်ဘုရင်အဖြစ် စိုးစံမည်။ ငါသည် ပြန်လာမည့်ဆဲဆဲ ရှိပြီး၊ ငါသည် ထွက်ခွာသွားလုဆဲဆဲ ရှိသည်။ ဤသည်မှာ လူတိုင်း မျှော်လင့်နေသော အရာဖြစ်ပြီး ဤသည်မှာ ၎င်းတို့ လိုလားသော အရာဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ငါ့နေ့ရက်၏ ဆိုက်ရောက်ခြင်းကို ငါမြင်စေမည်ဖြစ်ပြီး ၎င်းတို့အား ငါ၏နေ့ရက် ရောက်လာခြင်းကို ဝမ်းမြောက်ခြင်းနှင့် ကြိုဆိုစေမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၇” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ကျွန်မလည်း နားထောင်ကြည့်လေ ပိုပြီး ခံစားမိလေပဲ။ ဒီစကားတွေက အာဏာသံပါလွန်းတယ်၊ စိတ်ကို နိုးကြားစေတယ်လေ။ ကျွန်မ တွေးကြည့်တယ်၊ “ဒီစကားတွေက ဘယ်ကများ ပေါ်လာတာလဲ” ပေါ့။ ဗီဒီယိုလည်း ဆုံးရော၊ ဒီစာသားကို ကျွန်မ မြင်လိုက်ရတယ်၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ” ကျွန်မလည်း ခရစ်ယာန်စာအုပ်ဆိုင်နှစ်ဆိုင်ကို ချက်ချင်း ဖုန်းဆက်တယ်။ သူတို့မှာ အဲဒီစာအုပ် ရှိသလားပေါ့။ ဒါပေမဲ့ နှစ်ဆိုင်လုံးက မရှိဘူးတဲ့။ ကျွန်မ တော်တော် စိတ်ပျက်သွားရော။ ဒါပေမဲ့ ဗီဒီယိုအဆုံးမှာ ဆက်သွယ်ဖို့ဖုန်းနံပါတ်တစ်ခုကို မြင်လိုက်တော့၊ ကျွန်မ ချက်ချင်း ဖုန်းဆက်ကြည့်တယ်။ ညီမတစ်ယောက်က ဖုန်းကိုင်တယ်။ နည်းနည်းပါးပါး ပြောဆိုကြည့်တော့မှ၊ အဲဒီစာအုပ်က ပိုက်ဆံနဲ့ ဝယ်လို့မရဘူးဆိုတာ သိရတယ်။ ကျွန်မ နားထောင်လိုက်ရတဲ့ စကားတွေက တော်တော်ကို တန်ဖိုးရှိတယ်လို့ ထင်မိတယ်လေ။ ဒါနဲ့ ကျွန်မလည်း သူ့ကို ဒီစာအုပ်တော့ ဖတ်ကြည့်မှဖြစ်မယ်ဆိုပြီး ပြောလိုက်တယ်။ နောက်တော့ ကျွန်မတို့ တွေ့ကြဖို့အချိန် သတ်မှတ်တယ်။

၂၀၁၆ ဖေဖော်ဝါရီလ ၅ ရက်နေ့ပေါ့၊ အစ်မဝမ်နဲ့ ညီမကျင်ဆိုတဲ့နှစ်ယောက်က ကျွန်မအိမ်ကို ရောက်လာကြတယ်။ ကျွန်မလည်း ဒီနောက်ပိုင်းနှစ်တွေတစ်လျှောက် အသင်းတော်တွေရဲ့ အခြေအနေကို ပြောပြတယ်။ အသင်းတော်တစ်ခု ရှာနေတဲ့အကြောင်းလည်း ပြောပြတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ရှိတဲ့၊ အသက်အာဟာရလည်း ပေးနိုင်တဲ့ အသင်းတော်မျိုးပေါ့။ သူတို့က ကျွန်မကို၊ “အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဘယ်လိုထင်လဲ” လို့ မေးရော။ ကျွန်မလည်း ဖြေလိုက်တယ်၊ “နှုတ်ကပတ်တော်တွေက တကယ်ကို အာဏာပါပြီး ပြင်းထန်တယ်။ ဘယ်လူသားမှ မပြောဆိုနိုင်တာမျိုးပဲ။ ဘုရားရဲ့အသံတော်လို့ ထင်ရပါတယ်” ပေါ့။ ဒါနဲ့ အစ်မဝမ်က ပြောပြတယ်၊ “ဒီနှုတ်ကပတ်တော်တွေက ဘုရားရဲ့အသံတော်ပါပဲ။ ဒါတွေက လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာတဲ့ သခင်ယေရှုရဲ့ မိန့်ဆိုချက်တွေပါ။ အနန္တတန်ခိုးရှင်ဘုရားက နောက်ဆုံးသောကာလမှာ ဘုရားအိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုတယ်။ လူသားကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကို ဖော်ပြတယ်” တဲ့။ “ဘုရားရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ အလုံးစုံသောနက်နဲမှုတွေ၊ လူသားတွေကို ကယ်တင်တဲ့ ဘုရားအမှုတော် အဆင့်သုံးဆင့်ရဲ့ နက်နဲမှုတွေ၊ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေ၊ သမ္မာကျမ်းရဲ့ နောက်ကွယ်က အဖြစ်မှန်၊ စာတန်က လူသားတွေကို ဘယ်လိုပျက်စီးစေလဲ၊ ဘုရားက လူသားတွေကို ဘယ်လိုကယ်တင်လဲ၊ လူတွေအနေနဲ့ ဘုရားရဲ့သန့်စင်ပေးခြင်းကို ခံရပြီး အပြစ်ကနေ ဘယ်လိုလွတ်မြောက်နိုင်လဲ၊ လူသားရဲ့အဆုံးသတ်က ဘယ်လိုဖြစ်မလဲ၊ လူတွေအနေနဲ့ ကယ်တင်ခံရပြီး ဘုရားရဲ့နိုင်ငံတော်ထဲ ဝင်ရောက်နိုင်အောင် ဘယ်လိုကြိုးစားသင့်လဲ၊ စသဖြင့် ထုတ်ဖော်ပြတယ်။ ဘုရားက ဒီနက်နဲမှုတွေနဲ့ သမ္မာတရားတွေအားလုံးကို ပြောပြပေးတာပါ” “ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတာ၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)” “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲမှာ ဘုရားကိုယ်တော်တိုင်က နောက်ဆုံးသောကာလမှာ ဖော်ပြထားတဲ့ မိန့်မြွက်ချက်တွေ ပါရှိပါတယ်။ အဲဒါက ဘုရားသခင်အားဖြင့် ကျွန်မတို့ကို ပေးအပ်တဲ့ အသက်ရေစင်ပါ။ ထာဝရအသက်လမ်းပါ။ ကျွန်မတို့အသက်တွေအတွက် အာဟာရကို ရဖို့ဆိုရင်၊ ကျွန်မတို့က သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက် လိုက်ပြီး၊ ဘုရား ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေကို ရရှိဖို့ပဲ လိုပါတယ်။ အဲဒီတော့မှ ခြောက်သွေ့တဲ့ ကျွန်မတို့ဝိညာဉ်တွေ ရေလောင်းခံရပြီး အားရှိနိုင်တာပါ” တဲ့။ သူ ဒီလိုပြောတာကို ကြားရတော့ ကျွန်မ အံ့သြသွားတယ်။ စိတ်ထဲမှာလည်း၊ “သခင်က တကယ်ပဲ ပြန်လာပြီလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ငါ တောင့်တနေတဲ့ သခင်ယေရှု ပြန်ကြွလာတာလား” ပေါ့။ သခင်ယေရှု ပြန်လာမယ်ဆိုတာ သိပေမဲ့၊ သူတို့သက်သေခံတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မ လုံးလုံး လက်မခံနိုင်ခဲ့ဘူး။ နောက်တော့ ဖာရိရှဲတွေအကြောင်း ကျွန်မ တွေးမိသွားတယ်။ သူတို့က မေရှိယ လာဖို့ကို အမြဲတမ်း စောင့်နေခဲ့ကြတာ။ ဒါပေမဲ့ သခင်ယေရှု အမှုတော်ပြုဖို့ ကြွလာတဲ့အချိန်မှာ၊ သူတို့က ကိုယ်တော့်ကို အသိအမှတ်မပြုခဲ့ဘူး။ သူတို့ကိုယ်ပိုင်အယူအဆတွေကို ခေါင်းမာမာနဲ့ ဖက်တွယ်ပြီး၊ သခင်ယေရှုကို ရူးရူးမိုက်မိုက် ရှုတ်ချစော်ကားကြတယ်။ နောက်ဆုံး ကိုယ်တော့်ကို ကားတိုင်မှာ သံမှိုစွဲတဲ့အထိ ဖြစ်သွားတယ်။ သူတို့က ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိတော့၊ ဘုရားရဲ့ ကျိန်ဆိုအပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရတယ်။ ကျွန်မလည်း သခင်ယေရှု ပြန်ကြွလာတဲ့အခါ ဖာရိရှဲတွေလို မဖြစ်အောင်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် သတိပေးထားတာပါ။ ရှုမောင်နဲ့ အန္နတို့လို ပရောဖက်တွေအကြောင်းလည်း စဉ်းစားမိတယ်။ ကျွန်မက သူတို့ကို အမြဲတမ်း လေးစားအားကျခဲ့တာ။ သခင်ယေရှု ပြန်လာတဲ့အခါ သူတို့လိုပဲ ကိုယ်တော့်ကို အသိအမှတ်ပြုချင်တာလေ။ အခုတော့ သခင်ယေရှု ပြန်ကြွလာတဲ့သတင်း ကြားလိုက်ရတာကို ကျွန်မက ဘာလို့ မရှာဖွေ မစူးစမ်းနိုင်ရတာလဲ။ နောက်တော့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်ကို အဲဒီညီအစ်မတွေက ပေးတယ်။ အဲဒီထဲက စကားလုံးတိုင်းက ဘုရားနှုတ်တော်ကနေ လာတယ်ဆိုတာကိုလည်း သူတို့က ပြောပြတယ်။ ကျွန်မအနေနဲ့ သေသေချာချာ ဖတ်သင့်တယ်ပေါ့။

အဲဒီနောက်ပိုင်း ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဖတ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့ အွန်လိုင်းစည်းဝေးပွဲတွေ တက်တယ်။ တစ်ရက်ကျတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်မိတယ်၊ “ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) ကျွန်မရင်ထဲမှာ “အာမင်” ဆိုပြီး ပြောမိသွားတယ်။ ကိုယ့်ယုံကြည်ခြင်းမှာ တွေ့ကြုံခဲ့တာတွေကိုလည်း ပြန်စဉ်းစားမိတယ်။ ကျွန်မက သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းဆိုတဲ့ ကျေးဇူးတော်မှာ ကျေနပ်နေခဲ့တာပဲ၊ စည်းဝေးပွဲတွေ တက်တယ်၊ ဆုတောင်းတယ်၊ ကျမ်းစာဖတ်တယ်၊ သခင့်အတွက် အလုပ်လုပ်တယ်ဆိုတာတွေက ယုံကြည်ခြင်းရှိတဲ့သဘောပဲလို့ ထင်ခဲ့တာ။ ယုံကြည်ခြင်းရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ကျွန်မ တကယ် နားမလည်ခဲ့ဘူး။ အဲဒီနှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတာ ကျွန်မအတွက် တကယ်ကို ရှင်းလင်းသွားတယ်။ ယုံကြည်ခြင်းဆိုတာ ကျွန်မတို့ရဲ့ ပျက်စီးတဲ့ စိတ်သဘောထားတွေ ပြောင်းလဲအောင် ဘုရားရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို တွေ့ကြုံခြင်းပဲ။ ဒါမှ ကျွန်မတို့က သမ္မာတရားကို ရနိုင်တယ်။ ဘုရားကို သိလာနိုင်တယ်။ ဘုရားကို ယုံကြည်ခြင်း ရှိတယ်ဆိုတာ ဒါပါပဲ။ ဒီလို ကျစ်လျစ်တဲ့ နှုတ်ကပတ်တော်နည်းနည်းလေးနဲ့တင် ယုံကြည်ခြင်းရဲ့ အဓိပ္ပာယ်အမှန်ကို ပြည့်စုံအောင် ရှင်းပြပေးတယ်။ ဘုရားကို ဘယ်လိုယုံကြည်မလဲဆိုတဲ့ လမ်းကြောင်းကိုလည်း ပြပေးတယ်။ ဒီလိုနှုတ်ကပတ်တော်တွေကို ဘုရားကသာ မိန့်ဆိုနိုင်တာပါ။ အဲဒီနောက်ပိုင်း ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ဖတ်မိတယ်။ လူသားရဲ့ပျက်စီးခြင်းသဘောနဲ့ အဖြစ်မှန်ကို ဖော်ထုတ်ပြတာတွေပါ။ ဥပမာ၊ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး အလုပ်လုပ်ကြတယ်ဆိုတာ ဘုရားကို ချစ်လို့၊ ဘုရား ကျေနပ်အောင်လို့ မဟုတ်ဘူး။ ဘုရားကို အပေးအယူလုပ်တဲ့သဘောနဲ့၊ ဘုရားနိုင်ငံတော်ရဲ့ ကောင်းချီးတွေကို ရလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ကျွန်မတို့ရဲ့ မာနထောင်လွှားမှု၊ စိတ်ကြီးဝင်မှု၊ ပြီးတော့ ဘုရားကို ကြောက်ရွံ့ခြင်းမရှိတာတွေကို ဖော်ထုတ်ပြတယ်။ ကိုယ်တော့်လုပ်ဆောင်ချက်က ကျွန်မတို့အယူအဆတွေနဲ့ မကိုက်ညီတော့ဘူးဆိုရင်၊ ကျွန်မတို့က ထင်ရာမြင်ရာ ဝေဖန်အပြစ်တင်ကြတယ်။ ဟေဗြဲသြဝါဒစာ ၄:၁၂ မှာ ပြောသလိုပေါ့၊ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေက တကယ်ကို ဘုရားရဲ့နှုတ်ကပတ်တော်တွေပဲဆိုတာ၊ ကျွန်မ ပိုပြီးတော့ ခံစားမိလာတယ်။ ဘာကြောင့်လဲဆိုတော့ လူ့စိတ်နှလုံးတွေရဲ့ နက်ရှိုင်းမှုကို ဘုရားကပဲ စိစစ်ကြည့်နိုင်တာပါ၊ ကျွန်မတို့အတွေးတွေနဲ့ စိတ်ကူးတွေ၊ ဘာတွေ စဉ်းစားနေတယ်ဆိုတာတွေကိုလည်း ဘုရားကပဲ သိနိုင်တာ။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှု အဖြစ်မှန်ကိုလည်း ဘုရားကပဲ အတိအကျ ခွဲခြားပြနိုင်တာပါ။ ဟိုအရင် ကျွန်မ လုံးဝ နားမလည်ခဲ့တဲ့ သမ္မာကျမ်းပိုဒ်တွေ တော်တော်များများရဲ့ နက်နဲမှုတွေကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဖွင့်ဟပြလိုက်တာပါ။ ဥပမာ၊ “ချီဆောင်ခံရခြင်း” ဆိုတာ တကယ်တော့ ဘာကိုဆိုလိုသလဲ၊ အသက်မြစ်ရဲ့ရေစင်ဆိုတာ ဘာလဲ၊ ယေရုရှလင်မြို့သစ်ဆိုတာ ဘာလဲ၊ ပညာရှိသတို့သမီးတွေနဲ့ မိုက်မဲတဲ့သတို့သမီးတွေဆိုတာ ဘာလဲ၊ စာစောင်ကို ဖွင့်တာ၊ တံဆိပ်ခုနစ်ချက် ခတ်နှိပ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ စသဖြင့်ပေါ့။ ကျွန်မကို တကယ် မျက်စိဖွင့်ပေးလိုက်တာပါ။ ကျွန်မ လုံးလုံး လက်ခံသွားတယ်။ သမ္မာကျမ်းရဲ့ ဒီလိုနက်နဲမှုတွေကို ဘုရားကိုယ်တော်တိုင်ကလွဲလို့ တခြားဘယ်သူမှ ဖွင့်ဟမပြနိုင်ပါဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြည့်လေလေ၊ ဝိညာဉ်ရေးအရ ပိုပြီး အားရှိလာလေပဲ။ မိုးခေါင်နေချိန်မှာ မိုးရွာချလိုက်သလိုမျိုးပဲ။ ကျွန်မရဲ့အသက်ကို အာဟာရပေးပြီး၊ ရေလောင်းပေးလိုက်တာပါ။ ဒါတွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ စကားတွေပဲ၊ ဘုရားက လူသားတွေကို မိန့်ဆိုနေတာပဲ၊ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုတာတွေကို ကျွန်မ လုံးဝ သေချာသွားတယ်။ သခင်ယေရှု ပြောခဲ့တဲ့စကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို ကျွန်မက တွေ့ကြုံလိုက်ရတာပါ၊ “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) အသက်စမ်းရေဆိုတာ တကယ်တော့ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဆီမှာပဲ ရှိတာပါ။ ဒီအသက်စမ်းရေရဲ့ ရင်းမြစ်ကို ကျွန်မလည်း နောက်ဆုံးတော့ ရှာတွေ့သွားတာပါ။

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့၊ ညီအစ်ကိုမောင်နှမတွေနဲ့လည်း မိတ်သဟာယပြုရင်းနဲ့၊ ဘာသာရေးလောကကြီး ပျက်စီးခြောက်ကပ်နေရတဲ့ အကြောင်းရင်းတွေနဲ့ အနှစ်သာရကို ကျွန်မ နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် မချီးကျူးပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များမှ ကင်းကွာသည့် အစေခံခြင်းသည် ဇာတိပကတိနှင့် အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီဖို့မှာ ယင်းအတွက် မဖြစ်နိုင်ပေ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများအလယ်တွင် အသက်ရှင်ကြပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုနှင့် သင့်တော်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ အစေခံကြသော်လည်း၊ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအလယ်တွင် အစေခံကြပြီး၊ ဘုရားသခင်၏ အလိုနှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိကြချေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့”) “ဘုရားသခင်၏ အမှု အဆင့်အသီးသီးတွင်၊ လူသားနှင့်ဆိုင်သော လိုက်လျောညီထွေသည့် သတ်မှတ်ချက်များလည်း ရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ပိုင်ဆိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူများသည် စာတန်၏ ကွပ်ကဲမှုအောက်တွင်ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် လုပ်ဆောင်မှုမျှမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း၌ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံသူများ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်တွင် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည်။...အမှုသစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ- ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့သည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ အသက်ရှင်ကြသည်၊ ၎င်းတို့၏ စိတ်အတွင်း၌ အသက်ရှင်ကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှအားလုံးသည် ၎င်းတို့ကိုယ်ပိုင် ဦးနှောက်များ၏ စိစစ်မှုနှင့် သုတေသနပြုခြင်းမှ ထွက်ပေါ်သည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသစ်က တောင်းဆိုသည့်အရာပင် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု”) ဒါကို ဖတ်ပြီးတော့ ကျွန်မလည်း သဘောပေါက်ခဲ့တာပါ။ ကျွန်မရဲ့အသင်းတော်ဟောင်းရော၊ ကျွန်မ သွားခဲ့တဲ့ ဂိုဏ်းခွဲတွေအမျိုးမျိုးရော၊ သူတို့တွေက ဘုရားရဲ့အမှုတော်သစ်ကို မီအောင် မလိုက်နိုင်ကြတော့၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ထဲမှာ မပါကြတော့ဘူး။ ဘာသာရေးပွဲသက်သက် လုပ်တဲ့နေရာတွေ ဖြစ်ကုန်ကြတယ်။ ဘုရားရဲ့အသင်းတော်တွေ မဟုတ်ကြတော့ဘူး။ ဆရာတော်တွေကလည်း ကျမ်းစာအသိနဲ့ သြဝါဒကိုပဲ အသေးစိတ်ရှင်းပြတယ်။ အမြဲတမ်း သူတို့ကိုယ်သူတို့ သက်သေခံပြီး ဂုဏ်တင်နေကြတာ။ သူတို့ ဘယ်လောက် ဒုက္ခခံပြီး ပေးဆပ်ခဲ့တယ်ဆိုတာတွေပဲ ကြွားနေကြတာ။ ဘုရားကို ချီးမြှောက်တာ၊ သက်သေခံတာ လုံးဝ မရှိကြဘူး။ သခင့်နှုတ်ကပတ်တော်တွေကို တခြားသူတွေ လက်တွေ့လုပ်ဆောင်ကြအောင်လည်း မဦးဆောင်ကြဘူး။ တချို့ဆိုရင် အသင်းတော်ရာထူးနေရာတွေကို ဘက်လိုက်ပြီး ရွေးကြတယ်။ အသံမျိုးစုံ လျှာမျိုးစုံနဲ့ ရွတ်ဆိုတယ်ဆိုတာ သန့်ရှင်းသောဝိညာဉ်တော် ရှိနေခြင်းပဲ၊ ဘုရားရဲ့ကယ်တင်ခြင်းကို ခံရတယ်ဆိုတဲ့ သက်သေပဲဆိုပြီး ပြောကြတယ်။ သူတို့က သူတို့ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ် အခြေခံပြီး ဒါတွေကို လုပ်ကြံဖန်တီးခဲ့ကြတာပါ။ ဘာသာရေးခေါင်းဆောင်တွေက အသင်းတော်တွေကို ဒီပုံစံနဲ့ ဦးဆောင်တယ်ဆိုတာ၊ သခင့်အဆုံးအမတွေကို သွေဖည်တာပဲ။ သခင့်အလိုတော်ကို ဆန့်ကျင်တာပဲ။ သူတို့ကိုယ်သူတို့ ယုံကြည်သူတွေလို့ ပြောပေမဲ့၊ သခင့်လမ်းခရီးကို မလိုက်ဘူး၊ ပညတ်တွေကိုလည်း မစောင့်ထိန်းဘူး။ သူတို့လမ်းကြောင်းက သခင်နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ သခင်က အဲဒါကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ။ အဲဒီနေရာတွေက အသင်းတော်တွေလို့တောင် ယူဆလို့မရတော့ဘူး။ ဂိုဏ်းဂဏတွေ၊ ဘာသာရေးအဖွဲ့တွေရဲ့ နေရာတွေလို ဖြစ်နေကြပြီ။ ကျွန်မက အဲဒီနေရာတွေမှာ ကိုယ့်ယုံကြည်ခြင်းကို အားထုတ်ကြည့်တော့၊ ဘုရားရဲ့လမ်းပြမှု မရနိုင်ခဲ့ဘူးဆိုတာ အဲဒါကြောင့်ပဲ။ ဝိညာဉ်ရေးအရ ခြောက်ကပ်ပြီး၊ အာဟာရ မရခဲ့တာပဲ အဖတ်တင်တယ်။

အဲဒီနောက်ပိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တွေကို ကျွန်မတို့ ထပ်ဖတ်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် ဤအချက်အား ပြီးမြောက်စေမည် ဖြစ်သည်- သူသည် စကြဝဠာ တစ်လျှောက်လုံးရှိ လူအားလုံးကို သူ့ရှေ့မှောက်သို့ လာစေကာ ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေလိမ့်မည်ဖြစ်ပြီး၊ အခြားနေရာများရှိ သူ၏ အမှုသည် ရပ်စဲလိမ့်မည်ဖြစ်ကာ လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ယင်းသည် ယောသပ်ကဲ့သို့ ဖြစ်လိမ့်မည်- သူထံ၌ စားစရာများ ရှိသည့်အတွက်၊ အယောက်တိုင်းသည် အစားအစာအတွက် သူ့ထံလာကြပြီး သူ့ရှေ့၌ ဦးညွှတ်ကြသည်။ ငတ်မွတ်ခေါင်းပါးခြင်းကို ရှောင်ရှားဖို့ရန်အလို့ငှာ၊ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင် တစ်ပါးတည်းသာ အသက်စမ်းရေတွင်း ဖြစ်သည်၊ လူ၏ မွေ့လျော်မှုအတွက် ထောက်ပံ့သည့် အစဉ်စီးဆင်းသော စမ်းရေတွင်းကို ပိုင်ဆိုင်ကာ လူများသည် သူ့ထံလာပြီး မှီခိုကြလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ”) “ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထို့နောက် ဣသရေလလူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်စည်းလုံး၍ ပေါင်းသင်းကာ၊ ယင်းကို ရှာဖွေခြင်း မပြုရတော့ရန်အလို့ငှာ၊ ငါသည် ၎င်းတို့ကို အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းကို တစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါ၌ရှိခဲ့သော ဘုန်းတော်ကို မြင်စေမည်။ ရှေးလွန်လေပြီးသော ကာလက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်၊ မရေတွက်နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို သူတို့အား မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏ အရှင်၊ လူတို့တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များ၏ ညှဉ်းပန်းခြင်းခံခဲ့ရသည့်ငါ၏ ရုပ်သွင်အပြည့်အဝကို ကြည့်စေမည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတော်နှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ထုတ်ဖော်ပြလျက်၊ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုပြုပြီး ကြီးစွာသော အမှုကို ဆောင်ရွက်မည်။ ယုဒပြည်တွင် ငါ၏ဘုန်းတော် မရှိစေတော့ရန် ငါသည် ငါ၏ဘုန်းတော်ကို ရှေးကာလက ယူလိုက်ပြီး အရှေ့အရပ်သို့ ယူဆောင်ခဲ့ပြီးဖြစ်ကြောင်း အားလုံး သိစေခြင်းအလို့ငှာ၊ ငါ့ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကို နှိပ်စက်ညှဉ်းပန်းသည့် လူသားမျိုးနွယ် တစ်ခုလုံးအား ဘုန်းကြီးသော ငါ၏မျက်နှာ အပြည့်အဝ ပြမည်။ အကြောင်းမှာ နောက်ဆုံးသောကာလသည် ရောက်နှင့်ပြီး ဖြစ်သောကြောင့်ပင်တည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်”) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရင်း၊ ညီအစ်ကိုမောင်နှမတွေနဲ့လည်း စည်းဝေးရင်းနဲ့ ကျွန်မ နားလည်လာတယ်။ သခင်ယေရှုက နောက်ဆုံးသောကာလမှာ အမှုတော်သစ်ကို ပြုဖို့အတွက်၊ လူ့ဇာတိခံပြီး ပြန်ကြွလာပါပြီ။ ကိုယ်တော်က ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး၊ နိုင်ငံတော်ခေတ်ကို စတင်လိုက်ပြီ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ကလည်း ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ဆီကို အလားတူ ကူးပြောင်းသွားပြီ။ ဘာသာရေးလောကမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် လုံးဝ မရှိတော့တာပါ။ ဘာသာရေးအသိုင်းအဝိုင်းထဲ ပိတ်မိနေတဲ့လူတွေက ပျက်စီးခြောက်ကပ်ခြင်းဆိုတဲ့ အမှောင်ထုထဲကို ပြုတ်ကျကုန်ကြပြီ။ ပညတ်တော်ခေတ်ရဲ့ အဆုံးသတ်အချိန်မှာ လူ့ဇာတိခံ သခင်ယေရှုက ပိုပြီးမြင့်မားတဲ့ အမှုတော်သစ်ကို ဗိမာန်တော်ပြင်ပမှာ လုပ်ဆောင်ခဲ့တာပါ။ ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး၊ ကျေးဇူးတော်ခေတ်ကို စတင်ပေးခဲ့တာ။ ဘုရားရဲ့လုပ်ဆောင်ချက်က အဲဒီခေတ်ရဲ့ ရွေးနုတ်ခြင်းအမှုဆီ ကူးပြောင်းသွားတာ။ နောက်တော့ ဗိမာန်တော်လည်း ခြောက်ကပ်လာတာပဲ။ ယေဟောဝါဘုရားသခင်ရဲ့အမှုတော်ကို ဖက်တွယ်ပြီး၊ သခင်ယေရှုရဲ့ အမှုတော်ကို လက်မခံခဲ့တဲ့သူတွေအားလုံး အမှောင်ထုထဲ ပြုတ်ကျပြီး၊ လမ်းပျောက်ခဲ့ကြတာပါ။ ကျွန်မလည်း အာမုတ်အနာဂတ္တိကျမ်း အခန်း ၈ အပိုဒ် ၁၁ ကို သွားစဉ်းစားမိတယ်၊ “ယေဟောဝါ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့၊ မြေပေါ်သို့ ငတ်မွတ်ခြင်းဘေးကြီး ငါစေလွှတ်မည့်ကာလ ရောက်လာပြီ၊ အစာငတ်မွတ်ခြင်းဘေး မဟုတ်သကဲ့သို့ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ သို့သော် ယေဟာဝါ၏ နှုတ်ကပတ်တော်များ ကြားရခြင်းကို ငတ်မွတ်သော ဘေးဖြစ်လိမ့်မည်။” အဲဒီတော့မှ ကျွန်မ နောက်ဆုံး နားလည်သွားတယ်။ ကျွန်မက အသင်းတော်တွေဆီ သွားပြီး၊ နာမည်ကြီးသင်းအုပ်တွေအများကြီးရဲ့ တရားတွေကို နားထောင်တယ်။ ဒါပေမဲ့ အသက်အထောက်အပံ့ဆိုတာ လုံးဝ ရှာမတွေ့ခဲ့ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားရတော့မှ၊ ကျွန်မရဲ့ဆာလောင်နေတဲ့ ဝိညာဉ်က ဝလင်သွားတာပါ။ ဒါဟာ ဘုရားက အမှုတော်သစ်ကို လုပ်ဆောင်နေလို့ပဲ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ပြောင်းလဲသွားလို့ပဲဆိုပြီး ကျွန်မ နားလည်ခဲ့တာပါ။ အခုချိန်မှာ သန့်ရှင်းသောဝိညာဉ်တော်က အနန္တတန်ခိုးရှင်ဘုရားသခင် နာမတော်နဲ့ လုပ်ဆောင်တဲ့ အမှုတော်ကိုပဲ ထောက်ပံ့ပေးပါတယ်။ လူတွေက သခင်ယေရှုရဲ့အမှုတော်ကို ဘယ်လိုပဲ ကောင်းကောင်းမွန်မွန် လက်ခံတယ်ဆိုဆို၊ ဘုရားက ထောက်ခံခြင်း မရှိတော့ဘူး။

ကျွန်မလည်း ဒီလိုနားလည်မိတာကို စည်းဝေးပွဲတစ်ခုမှာ ပြောပြတော့၊ အစ်မဝမ်က ဒီမိတ်သဟာယကို ပေးတယ်၊ “တကယ်တော့ ဘာသာရေးလောကရဲ့ ငတ်မွတ်ခြင်းဘေး နောက်ကွယ်မှာ ဘုရားရဲ့အလိုတော် ရှိပါတယ်။ ဘာသာရေးငတ်မွတ်ခြင်းဘေးကြောင့် ဘုရားကို အမှန်တကယ် ယုံကြည်တဲ့၊ သမ္မာတရားကို ချစ်တဲ့လူတွေက ဘာသာရေးဆိုတာကို စွန့်ခွာပြီး၊ အသင်းတော်တွေဆီ သန့်ရှင်းသောဝိညာဉ်တော် မိန့်ဆိုတာတွေကို ရှာဖွေမိကြတယ်။ ဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကိုလည်း ရှာဖွေမိကြတယ်။ ဘုရားရဲ့အသံကို ကြားပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လက်ခံနာခံတဲ့လူတွေ အားလုံးက ပညာရှိသတို့သမီးတွေပဲ။ ဘုရားရဲ့ပလ္လင်တော်ရှေ့ကို ချီမခံကြရလိမ့်မယ်” “သူတို့တွေက အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှု၊ သန့်စင်ပေးမှုနဲ့ စုံလင်စေမှုတွေကို ခံရတယ်။ စာတန်ကြောင့် သူတို့ ဘယ်လောက်ပျက်စီးနေပြီဆိုတဲ့ အဖြစ်မှန်ကို မြင်ကြတယ်။ မာနထောင်လွှားတတ်တဲ့၊ မရိုးမသားနဲ့ ကောက်ကျစ်တတ်တဲ့၊ သူတို့ရဲ့ မကောင်းတဲ့ စိတ်သဘောထားတွေက တဖြည်းဖြည်း သန့်စင်ခံရပြီး ပြောင်းလဲကုန်တယ်။ ဘုရားကို ပိုပိုပြီးတော့ သိလာကြတယ်။ သူတို့အသက်တွေထဲမှာ တဖြည်းဖြည်း ရင့်သန်လာတယ်။ သူတို့က ဘုရားကို နာခံမှု၊ သစ္စာရှိမှုနဲ့ဆိုင်တဲ့ သက်သေခံချက်တွေမျိုးစုံကို ပေးကြတယ်” “သူတို့တွေက ကပ်ဘေးတွေမတိုင်ခင် ဘုရားသခင် ပြုလုပ်တဲ့ အောင်မြင်သူတွေပဲ။ အဦးဆုံးအသီးတွေပဲ။ ဒါက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကို ပြည့်စုံစေတာပါ၊ ‘ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။’ (ဗျာဒိတ်ကျမ်း ၁၄:၄)" “ဒီအောင်မြင်သူတွေအုပ်စုကို ဘုရားက ပြုလုပ်ပြီးပြီဆိုတာနဲ့၊ ဘုရားအိမ်တော်ကနေ စတင်တဲ့ လူ့ဇာတိခံဘုရားရဲ့ တရားစီရင်ခြင်းအမှုက အဆုံးသတ်လိမ့်မယ်။ အဲဒီနောက်မှာ ကိုယ်တော်က ကပ်ဘေးတွေကို ကျရောက်စေလိမ့်မယ်။ ကောင်းသူကို ဆုပေးပြီး မကောင်းသူကို အပြစ်ဒဏ်ပေးလိမ့်မယ်။ ဘုရားရဲ့ တရားစီရင်ခြင်းအမှုကို လက်မခံဘဲ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချခဲ့ကြတဲ့ လူတွေအားလုံးက အဲဒီအချိန်မှာ ကပ်ဘေးတွေကြောင့် အံကြိတ်ငိုကြွေးရင်း သေဆုံးကြရလိမ့်မယ်။ ဘုရားရဲ့သန့်စင်ပေးခြင်း ခံထားရသူတွေကသာ ဘုရားရဲ့ကာကွယ်ခြင်းကို ရကြလိမ့်မယ်။ နောက်ဆုံးအချိန်မှာ ဘုရားရဲ့နိုင်ငံတော်ထဲ ခေါ်ဆောင်ခံရတဲ့အထိ ရှင်ကျန်ကြလိမ့်မယ်” တဲ့။

ဘုရားရဲ့အမှုတော်နဲ့ အလိုတော်ကို အဲဒီအစ်မရဲ့ မိတ်သဟာယကနေ ကျွန်မ နားလည်သွားတယ်။ ဘုရားရဲ့ချစ်ခြင်းမေတ္တာက ဘယ်လောက် စစ်မှန်တယ်ဆိုတာလည်း ခံစားမိတယ်။ ဘုရားက ကျွန်မကို မပစ်ပယ်ခဲ့ပါဘူး၊ ကျွန်မ အသက်ရှင်နေချိန်အတွင်းမှာ သခင်ယေရှုရဲ့ ပြန်လာခြင်းကို ကြိုဆိုခွင့်ပေးခဲ့တယ်။ ကျွန်မကို ဒီလိုနှုတ်ကပတ်တော်တွေနဲ့ ထောက်ပံ့ပေးခဲ့တယ်။ ကျွန်မရဲ့ ခြောက်ကပ်နေတဲ့ဝိညာဉ်ကို အာဟာရပေးရင်း၊ ကျွန်မကို သမ္မာတရားတွေအများကြီး ပေးအပ်ခဲ့တာပါ။ အဲဒါကို စဉ်းစားကြည့်လေ၊ ကောင်းချီးပေးခံရတယ်လို့ ခံစားရလေပဲ။ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကိုလည်း ကျွန်မ ဖတ်မိသေးတယ်၊ “အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ ရယူနိုင်သောအရာ တစ်ခုလည်း မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်ကိုယ်တိုင်သာ အသက်၏ လမ်းခရီး ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်ပြီး၊ အစဉ်စီးဆင်းနေသော ရှင်သန်သည့် အသက်စမ်းရေဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ခပ်သိမ်းသောအရာတွေရဲ့ အသက်ရင်းမြစ်ပါပဲ။ ကိုယ်တော့်နှုတ်ကပတ်တော်တွေက သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ပဲ။ အဲဒါတွေက ကျွန်မတို့ကို မဆုံးနိုင်တော့လောက်အောင် ရေလောင်းပေးတယ်၊ အာဟာရပေးပါတယ်။ အခုဆို ကျွန်မက အနန္တတန်ခိုးရှင်ဘုရား နှုတ်ကပတ်တော်တွေရဲ့ ရေလောင်း၊ လမ်းပြပေးမှုကို ရလိုက်ပါပြီ။ ပလ္လင်တော်ကနေ စီးဆင်းတဲ့ အသက်စမ်းရေထဲမှာ ပျော်မွေ့နေပါပြီ။ ကျွန်မက သိုးသငယ်ရဲ့ မင်္ဂလာစားပွဲကို အမှန်တကယ် တက်ရောက်နေရတာပါ။ ကျွန်မကို ကယ်တင်တဲ့အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတင်လွန်းပါတယ်။

အမှာစကား ချန်ခဲ့မည်