စာရင်း

သုံးပါးတစ်ဆူ၏ နက်နဲမှုကို စူးစမ်းစစ်ဆေးခြင်း၊ ကျွန်မသည် ခမည်းတော်နှင့် သားတော်တို့၏ ဆက်နွယ်မှုကို နားလည်သဘောပေါက်ခဲ့သည် (၁)

ဒန်ဒန် အမေရိကန်နိုင်ငံ

သုံးပါးတစ်ဆူ သည် ပုဂ္ဂိုလ်ရေးရာ နက်နဲမှုတစ်ခုဖြစ်လာသည်

၂၀၁၈ ခုနှစ် မေလတွင် မိတ်ဆွေတစ်ယောက်၏ အားပေးခံရခြင်းဖြင့် ကျွန်မက ခရစ်ယာန်ယုံကြည်မှုကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းထားသည့် ကောင်းကင်ဘုံ၊ မြေကြီးနှင့် အရာအားလုံးနှင့် ကျွန်မတို့ လူသားများအားလုံးတို့သည် မြေမှုန့်မှနေပြီး ဘုရားသခင် ကိုယ်တော်တိုင် ဖန်ဆင်းခြင်း ကို ခံရတော်မူသည်။ ကျွန်မတို့က အခြေခံမှ ဆင်ကဲ့ပြောင်းလဲလာခြင်း လုံးဝမဟုတ်ပါ။ ကျွန်မတို့ သည် ဘုရားသခင်၏ ကိုယ်ပိုင် ဝင်သက်ဆိုင်ရာ အထောက်အပံ့မှ လုံးလုံးလျားလျား ဆက်ပြီး အသက်ရှင်နေထိုင်နိုင်ခြင်း ဖြစ်ပါသည်။ ကျွန်မသည် အလွန်ထိတ်လန့်ပြီး ကျွန်မ နှလုံးသားသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် ကျေးဇူးတရား များတို့ဖြင့် ပြည့်နှက်နေခဲ့ပါသည်။

ထိုနေ့မှစပြီး ကျွန်မက သမ္မာကျမ်းစာကို နေ့တိုင်း ဖတ်ရှုပြီး၊ စုဝေးပွဲများကိုလည်း စိတ်အား ထက်သန်စွာ တက်ရောက်ခဲ့သော်လည်း ကျွန်မ နားမလည်ဆဲဖြစ်သည့် နှုတ်ကပတ်တော် အနည်းငယ် ရှိနေပြီး၊ အထူးသဖြင့် သင်းအုပ်ဆရာပြောသည့် ဖခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော် တို့၏ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းပင် ဖြစ်ပါသည်။ ဤသည်မှာ ကျွန်မကို အမှန်တကယ်ပင် စိတ်ရှုပ်ထွေး စေသည်။ ခမည်းတော်၊ သားတော် နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့သည် ဘုရားသခင် တစ်ပါးတည်းသာ ဖြစ်သည့်အားလျော်စွာ၊ ကျွန်မတို့က ခမည်းတော်နှင့် သားတော် နှစ်ပါးရှိသည်ဟု ဆိုကြသနည်း။ ဤအချက် ကို ကျွန်မ အမှန်တကယ် နားလည်သဘောပေါက် လိုသောကြောင့် ကျွန်မသည် သင်းအုပ်ဆရာကို သွားမေးရန် စိတ်ဓာတ်မောင်းတင် ခဲ့ပါသည်။

သင်းအုပ်ဆရာက “ခမည်းတော်က ယေဟောဝါ ဘုရားသခင် ဖြစ်တယ်။ သူက အနန္တတန်ခိုးရှင် ဖြစ်ပြီး၊ အရမ်း သြဇာအာဏာ ရှိတယ်။ သားတော်က သခင်ယေရှု ဖြစ်တယ်၊ ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်က ဝိညာဉ် ရေးရာ ခန္ဓာတစ်ခု ဖြစ်တယ်။ သူတို့တွေက မတူညီတဲ့ ပုဂ္ဂိုလ်သုံးပါးဖြစ်ပြီး အတူပေါင်းလိုက်ရင် သူတို့ ဟာ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင် ရဲ့ သုံးပါးတစ်ဆူ ဖြစ်တယ်” လို့ပြောခဲ့တယ်။ ကျွန်မက သင်းအုပ်ဆရာ၏ ရှင်းပြချက်ကို ကြားပြီးနောက် တွင်လည်း ကျွန်မမှာ အနည်းငယ် စိတ်ရှုပ်ထွေးဆဲ ဖြစ်သော်လည်း တစ်ပါးတည်းသော ဘုရားသခင် သာလျှင် အတိအကျရှိကြောင်းကိုမူ ကျွန်မ သိခဲ့ပြီး ဖြစ်ပါသည်။ နောက်ပိုင်းတွင် ကျွန်မက အလုပ်သစ် ပြောင်းလိုက်ပြီး၊ ၎င်းမှာ အသင်းတော်နှင့် အလွန်ဝေး ကွာလွန်းသောကြောင့် ကျွန်မမှာ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်များကို မတက်ရောက်နိုင်ခဲ့ပါ။ ကျွန်မက သင်းအုပ်ဆရာကို ထိုအကြောင်းနှင့် ပတ်သက်ပြီး ထပ်ပြီး လုံးဝ မမေးမြန်းဖြစ်ခဲ့သော်လည်း သုံးပါးတစ်ဆူ ဖြစ်သည့် ဘုရားသခင် နှင့် ခမည်းတော်နှင့် သားတော် တို့အကြား ဆက်နွယ်မှုမှာမူ ကျွန်မအတွက် နက်နဲမှု တစ်ခုအဖြစ် ဆက်ကျန်ရှိခဲ့ပါသည်။

အွန်လိုင်းစုဝေးပွဲများ တက်ရောက်ခြင်း နှင့် သုံးပါးတစ်ဆူ၏ နက်နဲမှုကို စူးစမ်းစစ်ဆေးခြင်း

ကျွန်မသည် သခင့်နေ့ရက်များတွင် ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်များကို အမြဲတမ်း မတက်ရောက်နိုင်ခဲ့သောကြောင့် စတင်စိုးရိမ်ကြောင့်ကျလာသည့်အတွက် ကျွန်မ အသင်းတော်ဟောင်းမှ ညီမတစ်ယောက်က ကျွန်မကို အွန်လိုင်းမှ အုပ်စုငယ် စုဝေးပွဲတစ်ခုကို အကြံပြုခဲ့သည်။ ကျွန်မ အလွန်ပျော်ရွှင်ခဲ့ပါသည်။ ကျွန်မကို ထိုအုပ်စုဆီသို့ ဦးဆောင်ခဲ့သူ ညီမကီကီ သည် အလွန်ငယ်ရွယ်သော်လည်း သမ္မာကျမ်းစာအပေါ် သူမ ၏ ဆွေးနွေးချက်သည် အမှန်တကယ်ပင် အလင်း နှင့်ပြည့်ဝလှပါသည်။ ကျွန်မတို့ အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက်တွင် လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း၌ ဘုရားသခင်၏ အလိုတော်၊ သတို့သမီး ဆယ်ဦး၏ ပုံဥပမာ နှင့် သစ္စာရှိသော အစေခံနှင့် ဆိုးယုတ်သော အစေခံတို့အကြား ကွဲပြားချက်အပြင်၊ ဖာရိရှဲတို့၏ ယုံကြည်မှု၌ အရေးနိမ့်ရခြင်း အကြောင်းအရင်း ဇစ်မြစ် တို့ကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ ထို့အပြင် ညီမကီကီက ကျွန်မမေးမြန်းခဲ့သည့် မေးခွန်း တိုင်းအတွက် အမှန်တကယ် ပြတ်သားသည့် ရှင်းလင်းချက် ရှိခဲ့ပြီး၊ ကျွန်မကလည်း အမြဲတမ်း တစ်စုံတစ်ခုကို အကျိုးအမြတ် ရရှိခဲ့သောကြောင့် ကျွန်မ နှလုံးသားထဲတွင် ရှိနေခဲ့သည့် ဤစိတ်ရှုပ်ထွေးမှု အကြောင်း သူမကို မေးမြန်းခဲ့သည်။ ကျွန်မက “ညီမရေ၊ ကျွန်မကို အချိန်အတော်ကြာအောင် ဝေခွဲမရဖြစ်စေတဲ့ မေးခွန်းတစ်ခု ရှိနေတယ်။ သင်းအုပ်ဆရာက ခမည်းတော်၊ သားတော် နဲ့ သန့်ရှင်းသော ဝိညာဉ်တော် တို့က သုံးပါးတစ်ဆူ ဘုရားသခင် ဖြစ်တယ်လို့ ပြောခဲ့ တယ်။ ဒါပေမဲ့ ကျွန်မ နားမလည်ဘူး၊ ဘုရားသခင်က တစ်ပါးတည်း ရှိတဲ့ အားလျော်စွာ၊ ခမည်းတော်တစ်ပါးနဲ့ သားတော် တစ်ပါး ဘယ်လိုရှိနိုင်မှာလဲ။ ဒီအချက်ကို ကျွန်မကို ရှင်းပြပေးနိုင်မလား” ဟု ပြောခဲ့သည်။

ညီမကီကီက “ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါတယ်။ အစ်မ၊ အစ်မက တကယ်ကောင်းတဲ့ မေးခွန်းတစ်ခုကို မေးလိုက်တာပဲ။ သုံးပါးတစ်ဆူ ဘုရားသခင်ကို နားလည်သဘောပေါက် ဖို့ဆိုတာက၊ အစ်မအနေနဲ့ အဲဒီ ဖော်ပြချက်ရဲ့ ဇစ်မြစ်ကို ပထမဆုံး သိရမယ်။ အေဒီ ၃၀၀ခုနှစ်တွေတုန်းက နိုင်ဆီယာ ကောင်စီမှာ နိုင်ငံတော်တော်များများက ဘာသာရေး ခေါင်းဆောင်တွေက ဘုရားသခင်ရဲ့ အတုမရှိခြင်းနဲ့ မျိုးစုံလင်မှု တို့အပေါ် စပြီး စကားရည်လုခဲ့ကြတယ်။ နောက်ဆုံးမှာ သူတို့တွေက ဘုရားသခင်က သုံးပါးတစ်ဆူ ဖြစ်ကြောင်း ကမ်းလှမ်းတင်ပြခဲ့ကြတယ်၊ ဒါဟာ လူသားတွေရဲ့ အယူအဆတွေ၊ စိတ်ကူးတွေ နဲ့ ဆင်ခြင်တွေးခေါ်မှုစနစ် တို့ပေါ်မှာ အခြေခံထားတာ ဖြစ်တယ်။ အဲဒီအချိန်ကစပြီး ဘုရားသခင်က ခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော် ဆိုတဲ့ ပုဂ္ဂိုလ်သုံးပါး ပါဝင်တယ်လို့ လူတွေက ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ အမှန်ကတော့ သုံးပါး တစ်ဆူဆိုတဲ့ ယူဆချက်မှာ သမ္မာကျမ်းစာထဲမှာ မပေါ်ပေါက်ခဲ့ပါဘူး။ ဘုရားသခင်က အဲဒါကို လုံးဝ မပြောခဲ့သလို ပရောဖက်တွေ ဒါမှမဟုတ် တပည့်တော် တွေကလည်း မပြောခဲ့တဲ့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း အဲဒါကို သက်သေမခံခဲ့ပါဘူး။ အဲဒါကြောင့် သုံးပါးတစ်ဆူ ယူဆချက်က လူလုပ်တာ ဖြစ်ပြီးတော့၊ အဲဒါက လူတွေ သူတို့ ခေါင်းထဲမှာ ကြံကြံဖန်ဖန် စိတ်ကူးခဲ့တဲ့ ဟာ ဖြစ်တယ်ဆိုတာ ကျွန်မတို့ သေချာနိုင်ပါတယ်။

လက်တွေ့မှာ တစ်ပါးတည်းဖြစ်ပြီး စစ်မှန်တဲ့ ဘုရားသခင် ဖန်ဆင်းရှင် ဆိုတဲ့ ဘုရားသခင် တစ်ပါးတည်းသာ ရှိတာပါ။ ဘုရားသခင်ရဲ့ သီးခြား ပုဂ္ဂိုလ် ဆိုတာ မရှိပါဘူး။ အစမှာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်က ရေပေါ်မှာ ဝဲနေတယ်လို့ ကမ္ဘာဦးကျမ်း ၁:၂ မှာပြောထားတယ်။ ဘုရားသခင်က နဂိုမူလက ဝိညာဉ်တော် ဖြစ်ပြီး၊ သူ့ကို သန့်ရှင်းသောဝိညာဉ်တော်၊ ဝိညာဉ်တော် ပြီးတော့ ပုံစံ ဒါမှမဟုတ် အကောင်အထည် မရှိပဲ နဲ့ အရာအားလုံး အကျုံးဝင်တဲ့အပြင်၊ စကြာဝဠာ နဲ့ ကမ္ဘာတို့ ပြည့်နှက်နေတဲ့ ဝိညာဉ်တော်ခုနှစ်ပါး လို့လည်း ခေါ်ကြတယ်၊ကောင်းကင်ဘုံမှာ ဘုရားသခင်က ပုံစံ သို့မဟုတ် အကောင်အထည် မရှိတဲ့ ဝိညာဉ်တော် တစ်ခုဖြစ်ပေမဲ့ ကိုယ်တော်ဟာ ကျွန်မတို့ကြားမှာ အသက်ရှင်နေထိုင်ဖို့အတွက် ပုံစံနဲ့ အကောင်အထည် ရှိတဲ့ လူသားဖြစ်လာဖို့ ဇာတိပကတိ ဖြစ်လာနိုင်တယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ နေရာတိုင်းမှာ ရှိပြီး၊ ကိုယ်တော်မလုပ်နိုင်တာ ဘာမှမရှိဘူး။ဒါကို အရမ်း ပြတ်ပြတ်သားသား ရှင်းပြထားတဲ့ နှုတ်ကပတ်တော် တွေရဲ့ ကျမ်းပိုဒ်တစ်ခုရှိတယ်။ အစ်မကို ကျွန်မပို့ပေး လိုက်မယ်"ဟု ပြန်ပြောခဲ့သည်။

ကျွန်မက “ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်း ရှိသည်မှာ သမ္မာကျမ်းစာထဲ၌ ‘သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။’ ဟူ၍ ရေးသားသကဲ့သို့ ဖြစ်ပေသည်။ သင်ပြောသည့် ခမည်းတော်နှင့်၊ သားတော် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ စင်စစ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိပြီး၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်ပြီး လူတို့အလယ် နေထိုင်နိုင်သည့်အပြင် အရာအားလုံး၏ အထက်၌ ရှိနေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ အပါအဝင်ဖြစ်ပြီး နေရာတိုင်းတွင် ရှိသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာအထက်တွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးက ဘုရားသခင်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ဟု ပြောကြသည့်အတွက်၊ မည်သူမျှ စိတ်ထင်တိုင်း ခွဲ၍မရသည့် ဘုရားသခင်တစ်ဆူတည်း ရှိပေသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ တစ်ပါးတည်းသော ပုဂ္ဂိုလ် ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။(သုံးပါးတစ်ဆူ တည်ရှိပါသလော) ကို ဖတ်ရှုပြီးနောက်တွင် “ဒါ့ကြောင့် သုံးပါးတစ်ဆူဆိုတဲ့ ယူဆချက်မှာ ဘုရားသခင်ဆီက လာတာမဟုတ်ဘူး။ ဘုရားသခင်က ဝိညာဉ်တော်ဖြစ်ပြီးတော့၊ ပုဂ္ဂိုလ် တစ်ပါးတည်းသာ ဖြစ်တယ်။ ဒါ့ကြောင့် သင်းအုပ် ဆရာက သုံးပါးရှိတယ်လို့ ဘာဖြစ်လို့ပြောရတာလဲ” ဟု ကျွန်မတွေးမိသည်။

ညီမကီကီက ဆက်ပြီး“ဘုရားသခင် တစ်ပါးတည်း သာ ရှိကြောင်း၊ ပုဂ္ဂိုလ်တစ်ပါးတည်းသာ ရှိကြောင်း၊ အဲဒါဟာ ဝိညာဉ်တော်ဖြစ်ကြောင်းကို ဒီနှုတ်ကပတ်တော် တွေကနေ ကျွန်မတို့ သင်ယူနိုင်ပါတယ်။ ကိုယ်တော်ဟာ ကောင်းကင်ဘုံမှာ ရှိနိုင်တယ်၊ လူသားမျိုးနွယ်ကိုလည်း လျှပ်စီးလက်ခြင်း၊ မိုးကြိုး၊ နှင့် မီး စတဲ့ ပုံစံမျိုးတွေနဲ့ ပေါ်ထွန်းနိုင်တယ်။ ကိုယ်တော်က ကမ္ဘာမြေကြီး ပေါ်မှာလည်း လူ့ဇာတိခံယူနိုင်ပြီး၊ သာမာန်လူသား တစ်ယောက် ဖြစ်လာနိုင်တယ်၊ သခင်ယေရှုပြု တော်မူခဲ့တဲ့ အတိုင်းပါပဲ။ ကိုယ်တော်ဟာ ကျွန်မတို့နဲ့ တစ်ပုံစံတည်း တူသည့်တိုင်အောင်၊ အပြင်ပန်းမှာ သာမာန်လူတစ်ယောက် လိုဖြစ်နေသည့် တိုင်အောင်၊ ကိုယ်တော်ဟာ ဘုရားသခင် ဝိညာဉ်တော်က လူ့ဇာတိ ခံယူခဲ့တာ ဖြစ်တာကြောင့် လူသားမျိုးနွယ်ကို ရွေးနှုတ်တဲ့ အမှုတော်ကို ပြုတော်မူနိုင်ခဲ့တယ်၊ ဒါ့ကြောင့် အနှစ်သာရ အရဆိုရင် အဲဒါဟာ ဘုရားသခင် အလုပ်လုပ်နေဆဲသာ ဖြစ်တယ်။ သခင်ယေရှုက ဖိလိပ္ပုကို ‘ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၁) လို့ မိန့်တော်မူခဲ့သလိုပဲ ဖြစ်ပါတယ်။ သခင်က အလွန်ရှင်းလင်းစွာပဲ ‘ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။’ ‘ငါသည် ခမည်းတော်၌ ရှိသည်၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်’ လို့ မိန့်တော်မူခဲ့တယ်။ ပြီးတော့ ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၀ မှာ သခင်က ‘ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်’ လို့ မိန့်တော်မူခဲ့ပါတယ်။ ယေဟောဝါ ဘုရားသခင် နဲ့ လူ့ဇာတိခံယူတဲ့ သခင်ယေရှုတို့ဟာ အထူးသဖြင့် တစ်ပါးတည်းဖြစ်ကြောင်း ဤကျမ်းပိုဒ်ကနေ ကျွန်မတို့ မြင်တွေ့နိုင်ပါတယ်၊ ဘုရားသခင်က ဝိညာဉ်တော် ဒါမှမဟုတ် ဇာတိပကတိကတစ်ဆင့် အလုပ်လုပ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အနှစ်သာရအရဆိုရင် ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ သူ့ကိုယ်ပိုင်အမှုကို ပြုနေတယ်။ ဘာသာရေးလောကက ဘုရားသခင်ကို သီးသန့်ပုဂ္ဂိုလ် သုံးပါးအဖြစ်နဲ့ ခွဲခြားခဲ့ရခြင်း အကြောင်း ကတော့ သူတို့က သခင်ယေရှုက ကောင်းကင်ဘုံက ခမည်းတော်ရဲ့ ချစ်ရသော သားဖြစ်ကြောင်း ယုံကြည်လို့ ဖြစ်တယ်၊ ဒါက သူတို့က လူ့ဇာတိခံယူခြင်းကို နားမလည်ကြလို့သာ ဖြစ်တယ်။ ဒီသမ္မာတရားရဲ့ ရှုထောင့်ကိုသာ ကျွန်မတို့က နားလည်သဘောပေါက်ပြီး၊ လူ့ဇာတိခံယူခြင်းဆိုတာ ဘာမှန်းသာ ကျွန်မတို့ သိကြမယ် ဆိုရင်၊ ကျွန်မတို့တွေက ခမည်းတော်နဲ့ သားတော်တို့ကြားက ဆက်နွယ်မှုကိုလည်း နားလည် သဘောက်ပေါက်နိုင်မှဦ ဖြစ်ပါတယ်။ ကျမ်းပိုဒ် အနည်းငယ်ကို ထပ်ပြီး ဖတ်ကြ ပါစို့”ဟု ဆွေးနွေးခဲ့ပါသည်။

သခင်ယေရှုသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ကြောင်း နားလည်သဘောပေါက်ခြင်း

သူမပြောသည်ကို ကြားပြီးနောက် ကျွန်မက “လူ့ဇာတိခံယခြင်းက ကျွန်မအတွက် နောက်ထပ် စကားလုံး အသစ်တစ်ခုဖြစ်တယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲ” ဟု မိမိဘာသာ တွေးမိသည်။ ကျွန်မဖုန်းထဲတွင် ကြည့်ကာ သူမ ပို့လိုက်သည့် စာတိုကို တွေ့ရှိပြီးနောက်၊ ဤကျမ်းပိုဒ်ကို ကျွန်မက စိတ်ပါလက်ပါ ဖတ်ရှုခဲ့ပါသည်။ “‘လူ့ဇာတိခံယူခြင်း’ သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။” “သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို အကောင်အထည်ဖော်သော ဇာတိပကတိဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ ‘အကောင်အထည်ဖော်ခံရခြင်း’ ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိပကတိထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ အကောင်အထည်ဖော်ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။

ညီမ ကီကီက ဤဆွေးနွေးချက်ကို ဝေငှခဲ့သည်။ "ဒီကျမ်းပိုဒ်တွေက လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုကို ရှင်းပြထားတယ်။ အဲဒါဟာ ဘုရားသခင်က ပေါ်ထွန်းဖို့နဲ့ အလုပ်လုပ်ဖို့ သာမာန်လူတစ်ယောက်၏ ဇာတိပကတိကို ယူတင်ဝတ်ဆင်ခဲ့တာဖြစ်တယ်။ ရိုးရိုးရှင်းရှင်း ပြောရ မယ် ဆိုရင်တော့ အဲဒါဟာ ဘုရားသခင်က လူသားဖြစ် လာတာ၊ ဝိညာဉ်တော်က ဇာတိပကတိ ဖြစ်လာတာ ဖြစ်တယ်။ အပြင်ပန်းက ကြည့်ရင် ဇာတိခန္ဓာဟာ ပုံမှန်လူသားတစ်ယောက် နဲ့ မကွာခြားပါဘူး။ သူက လုံးဝပုံမှန်အတိုင်းကို စားသောက်တယ်၊ ဝတ်ဆင်တယ်၊ အသက်ရှင်နေထိုင်တယ်၊ ပြီးတော့ လမ်းလျှောက် တဲ့အပြင် စိတ်ခံစားချက်တွေ အစအဆုံးအကုန်လုံး ရှိပေမဲ့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ သူ့အထဲမှာ ရှိနေတယ်။ ကိုယ်တော်ဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် စိတ်သဘောထားကို ဖော်ပြပြီး၊ ဘုရားသခင်ရဲ့ ကိုယ်ပိုင်အမှုကို ပြုတော်မူတယ်။ သခင်ယေရှုကို ဥပမာအနေနဲ့ ယူပါ။ အပြင်ပန်းမှာ ကိုယ်တော်ဟာ သာမာန် လူပုဂ္ဂိုလ် တစ်ယောက် အသွင်ပေါက်နေပေမဲ့ သူက သမ္မာတရားများစွာကို ထုတ်ဖော်ခဲ့ပြီး၊ လူသားမျိုးနွယ်ကို နောင်တရဖို့ နည်းလမ်းနဲ့ ထောက်ပံ့ တော်မူခဲ့တယ်၊ သူဟာ လူသားမျိုးနွယ်ရဲ့ အပြစ်တွေကို ဖြေလွှတ်ပေးခဲ့တဲ့အပြင်၊ ချစ်ခြင်းမေတ္တာနဲ့ သနား ကရုဏာ စိတ်သဘောထား တစ်ခုကိုလည်း ဖော်ပြခဲ့ ပါတယ်။ ကိုယ်တော်ဟာ မုန်တိုင်းကို ငြိမ်သက်စေခြင်း၊ လူငါးထောင်ကို ပေါင်မုန့်နှစ်လုံးနဲ့ ငါးနှစ်ကောင်တို့နဲ့ ကျွေးမွေးခြင်း၊ သေရာမှ ရှင်ပြန်လာခြင်း စတဲ့ အံ့ဖွယ်အမှုများစွာကိုလည်း သရုပ်ဖော်ပြတော်မူခဲ့တယ်။ ကိုယ်တော်ဟာ ဘုရားသခင်ရဲ့ သြဇာအာဏာ နဲ့ တန်ခိုးတို့ကို အပြည့်အဝ ထုတ်ဖော်ပြခဲ့တဲ့ အပြင်၊ နောက်ဆုံးမှာ လူသားတွေအတွက် ကားစင်မှာ သံမှိုစွဲခံခဲ့ ရတယ်။ ဒါက ရွေးနှုတ်ခြင်းအမှုတော်ကို စုံလင်စေခဲ့ တယ်။ အဲဒါတွေအားလုံးကနေပြီးတော့ သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တို့ဟာ ဘုရားသခင် ကိုယ်တော်တိုင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ ဖြစ်ကြောင်းနဲ့ သခင်ယေရှုက ဘုရားသခင် ကိုယ်တော် တိုင် လူ့ဇာတိခံယူခဲ့တာ ဖြစ်ကြောင်းတို့ကို ကျွန်မတို့ တွေ့မြင်နိုင်ပါတယ်။ ကိုယ်တော်ဟာ ယေဟောဝါ ဘုရားသခင် နဲ့ တစ်လုံးတစ်ဝတည်း ဖြစ်တော်မူတယ်"

ညီမကီကီရဲ့ ဆွေးနွေးချက်က ကျွန်မကို ဉာဏ်အလင်း အမှန်တကယ် ပေးခဲ့ပါသည်။ သခင်ယေရှု သည် ယေဟောဝါ ဘုရားသခင်၏ ဝိညာဉ်တော်မှ လူ့ဇာတိခံယူခဲ့ခြင်းဖြစ်ကြောင်းနှင့် အနှစ်သာရ အရဆို လျှင် ဘုရားသခင်၏ ဝိညာဉ်တော်သာ ဖြစ်ဆဲဖြစ် ကြောင်း၊ တူညီသော ဘုရားသခင်သာ ဖြစ်ကြောင်းတို့ကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်မက ပျော်ရွှင်စွာဖြင့် “ညီမကီကီရေ၊ ကျွန်မတော့ နောက်ဆုံး မှာ နားလည်ခဲ့ပါပြီ။ ဘုရားသခင်ရဲ့ အနှစ်သာရဟာ ဝိညာဉ်တော် ဖြစ်ပြီးတော့ ကိုယ်တော်ဟာ လူ့ဇာတိခံ ယူချိန်မှာ သူဟာ လူသားရဲ့ ဇာတိပကတိထဲမှာ ဖုံးကွယ် နေတဲ့ သူ့ဝိညာဉ်တော်နဲ့ ပုဂ္ဂိုလ်တစ်ပါး ဖြစ်လာပါတယ်။ သခင်ယေရှုက အပြင်ပန်းမှာ လူပုဂ္ဂိုလ် တစ်ယောက် နဲ့ တူပေမဲ့လည်း ကိုယ်တော်ဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်က ဘုရားသခင်ရဲ့ အနှစ်သာရနဲ့ ဇာတိပကတိမှာ ယူတင်ဝတ်ဆောင်သလိုပဲ ဖြစ်ပြီးတော့ သူဟာ ဘုရားသခင်ရဲ့ အမှုတော်ကို ပြုနိုင်ခဲ့တယ်။ ဇာတိပကတိထဲက ဘုရားသခင်က တကယ်တော့ အဲဒီ ဝိညာဉ်တော်သာ ဖြစ်ပြီး၊ သူက လူသားမျိုးနွယ်ကို ကွဲပြားတဲ့ နည်းလမ်းနဲ့ ပေါ်ထွန်းခဲ့တာသာ ဖြစ်ပါတယ်။”

ညီမကီကီက “ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းတယ်။ ဒါကတော့ အရမ်းကို နက်နဲသိမ်မွေ့တဲ့ သမ္မာတရားရဲ့ ရှုထောင့်တစ်ခုပဲ။ အစ်မ နားလည်နိုင်စွမ်း က ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုသာ ဧကန်မုချ ဖြစ်ပါတယ်” ဟု ပျော်ရွှင်စွာ တုံ့ပြန်ခဲ့သည်။

ဆက်ရန် …

အပိုင်း ၂-

အမှာစကား ချန်ခဲ့မည်