စာရင်း

သခင်ပြန်လည်ကြွလာခြင်းအား ကြိုဆိုခြင်း-သုံးပါးတစ်ဆူ၏နက်နဲမှုအား နောက်ဆုံးတွင် ထုတ်ဖော်ပြခဲ့ပြီ

အယ်ဒီတာ့ အမှာစာ-“သုံးပါးတစ်ဆူ”သည် ဘုရားသခင်နှင့် ပတ်သက်ပြီး ဘာသာရေးလောက၏ ကောက်ချက်ချချက်တစ်ခု ဖြစ်သည်။ ဤသီအိုရီသည် နှစ် ၂၀ဝ၀ နီးပါးကြာသည်အထိ ခရစ်ယာန်အများစုမှ လက်ခံပြီး အသိအမှတ်ပြုခဲ့ကြသည်။ အချို့ခရစ်ယာန်များသည် ဘုရားသခင်၏ သုံးပါးတစ်ဆူ သီအိုရီ တည်ရှိမှုနှင့်ပတ်သက်ပြီး မရှင်းမလင်းရှိကြ

သော်လည်း ၎င်းမှာ ရှင်းပြရန် ခက်ခဲပြီး သုံးပါးတစ်ဆူဘုရားသည် ခရစ်ယာန်များ၏ စိတ်နှလုံးများထဲတွင် နက်နဲသောအရာတစ်ခုဖြစ်လာခဲ့သည်။ သုံးပါးတစ်ဆူသီအိုရီသည် သေချာစိစစ်၍ ရနိုင်ပါသလား။ ယေဟောဝါနှင့် ယေရှုကြားရှိ ဆက်နွယ်မှုသည် မည်သို့နည်း။ အောက်တွင်ပါရှိသည့် စာရေးသူ၏ အတွေ့အကြုံသည် သင့်အား ဤနက်နဲသောမှုကိုကူညီဖြေရှင်းပေးနိုင်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။

သုံးပါးတစ်ပါးဘုရားသခင်နှင့်ပတ်သက်ပြီး ရှုပ်ထွေးမှု

ကျွန်တော်၏ သင်းအုပ်ဆရာမှ သူ၏ တရားဒေသနာများကို ဟောကြားသည့်အချိန်တိုင်းတွင် “အဖ ဘုန်းကြီးစေသတည်း” ဓမ္မသီချင်းကို ကျွန်တော်တို့သီဆိုကြသည်။ သင်းအုပ်ဆရာက ကျွန်တော်တို့သည် သုံးပါးတစ်ဆူဘုရား၊ တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားသခင်၏ မတူညီသည့် ပုဂ္ဂိုလ်သုံးပါးတို့ဖြစ်ကြသော ခမည်းတော်ယေဟောဝါ၊ သားတော်သခင်ယေရှုနှင့် သန့်ရှင်းသောဝိညာဉ်တို့၏ တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားကို ယုံကြည်သညဟု ဆိုသည်။ ကျွန်တော်သည် ဤအရာနှင့်ပတ်သက်ပြီး အလွန်ပင် ရှုပ်ထွေးလျက်ရှိသည်။ စစ်မှန်သည့် ဘုရားသခင်သာ ရှိသောကြောင့် ယေဟောဝါနှင့် သခင်ယေရှုကြားရှိ ဆက်နွယ်မှုသည် မည်သို့နည်း။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည် ပုဂ္ဂိုလ်သုံးပါးဖြစ်လျှင် မည်သို့တစ်ပါးတည်းဖြစ်နိုင်မည်နည်း။ ထိုအရာသည့် ယုတ္တိမရှိဟု ကျွန်တော် ခံစားရသည်။ ကျွန်တော်သည် သင်းအုပ်ဆရာနှင့် အဖြေရှာရန်အတွက် သွားခဲ့သည်။ သို့သော် အချိန်တိုင်းတွင် သူသည် ဆင်ခြေများပေးသည် သို့မဟုတ် ဝတ်ပြုအစည်းအဝေးအပြီးတွင် ကျွန်တော်နှင့်စကားပြောမည် သို့မဟုတ် အဆင်မပြေသောအချိန်ဖြစ်နေသည်၊ နောက်မှမေးပါဟု ပြောသည်။ သင်းအုပ်ဆရာသည် တမင်သက်သက် ကျွန်တော့်အားရှောင်နေသည်ဆိုသည်ကို ကျွန်တော် သိ

နားလည်ခဲ့သည်။ ထို့ကြောင့် သူ့အား ထပ်ပြီး မမေးမြန်းခဲ့ပါ။ သို့သော်လည်း သုံးပါးတစ်ဆူ သီအိုရီအား ကျွန်တော် သဘောမပေါက်နိုင်ခဲ့ပါ။

သုံးပါးတစ်ဆူသည် သေချာစိစစ်၍ ရပါသလား

၂၀၁၇ခုနှစ် ဇွန်လ၏ ရက်သတ္တပါတ်တစ်ပတ်အကုန် အားလပ်ရက်တစ်ရက်တွင် ကျွန်တော်၏ အမျိုးသမီးသည် သခင်ယေရှုသည် ပြန်လာခဲ့ပြီဟု ကျွန်တော့်အားပျော်ရွှင်စွာပြောပြခဲ့ပြီး အစည်းအဝေးတစ်ခုသို့ ဖိတ်ရာ ကျွန်တော် ပျော်ရွှင်စွာ သဘောတူခဲ့သည်။

ဇွန်လ၊ နယူးယောက်မြို့တွင် နေသည် တောက်ပနေပြီး ရှုခင်းက လှပနေသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ ကလေးငယ်လေးနှင့်အတူ အစည်းအဝေးနေရာသို့ ကားဖြင့် မောင်းနှင့်သွားခဲ့ပြီး အစ်ကိုလျူ၊ အစ်မဟောင်ကျင် နှင့် အစ်မလီဆာတို့ဖြင့် တွေ့ဆုံခဲ့သည်။ ကျွန်တော်တို့ တွေ့ဆုံသည့်အချိန်တွင်ပင် မိတ်ဟောင်းဆွေဟောင်းများကဲ့သို့ ကျွန်တော်တို့ခံစားလိုက်ရပြီး အစည်းအဝေးသည် အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပင်ဖြစ်သည်။ ကျွန်တော်၏ ညီအစ်ကိုမောင်နှမများသည် ကျွန်တော် မေးသည့် မေးခွန်းနှင့်ပတ်သက်ပြီး စိတ်ရှည်စွာဖြင့် မိတ်သဟာယပြုပေးခဲ့သည်။ သူတို့၏ အဖြေများက အလွန်အထောက်အကူဖြစ်ခဲ့သည်။ ထို့ကြောင့် ပြီးနောက်တွင် ကျွန်တော်သည် ကျွန်တော့်အား အချိန်အတော်ကြာ စိတ်ရှုပ်ထွေးစေလျှက်ရှိသည့် သုံးပါးတစ်ဆူဘုရားနှင့်ပတ်သက်သည့် မေးခွန်းကို သူတို့အား မေးခဲ့သည်။

“ကျွန်တော့် သင်းအုပ်ဆရာက ဘုရားသခင်ဟာ ပုဂ္ဂိုလ်သုံးဦးဖြစ်တဲ့ တစ်ဆူတည်းသောစစ်မှန်တဲ့ဘုရားဖြစ်တယ်၊ ခမည်းတော်၊သားတော်နဲ့သန့်ရှင်းသောဝိညာဉ်တော်ဟာ တစ်ဆူတည်းသောစစ်မှန်တဲ့ ဘုရားရဲ့ ပုဂ္ဂိုလ်သုံးပါးဖြစ်တယ်လို့ ခဏခဏပြောပါတယ်။ ဘုရားသခင်က မတူညီတဲ့ ပုဂ္ဂိုလ်သုံးပါးရှိနေရင် ဘယ်လိုဖြစ်ပြီး တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကို ကျွန်တော်နားမလည်ခဲ့ဘူး။ အစ်ကိုလျူ သုံးပါးတစ်ဆူဘုရားနဲ့ ပတ်သက်ပြီး အစ်ကိုလျူရဲ့ အမြင်ကို ဆွေးနွေးပေးလို့ရမလား” ဟု ကျွန်တော် ပြောလိုက်သည်။

အစ်ကိုလျူက စိတ်လှုပ်ရှားစွာဖြင့်၊ “အစ်ကို၊ အစ်ကိုက သိပ်အရေးကြီးတဲ့ မေးခွန်းကို မေးလိုက်တာပဲ။ သုံးပါးတစ်ဆူဘုရားသီအိုရီကို ပိုပြီးသိရဖို့အတွက် သမ္မာကျမ်းစာကို ကျွန်တော်တို့ လေ့လာရမယ်။ လေ့လာကြည့်မယ်ဆိုရင် ဒီသီအိုရီက သမ္မာကျမ်းစာအထောက်အထားမရှိဘူးဆိုတာ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီစကားတွေက ဘုရားသခင်က ပြောတာမဟုတ်သလို ပရောဖက်တွေပြောခဲ့တာလည်းမဟုတ်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်က ဖော်ပြခဲ့တာလည်းမဟုတ်ပါဘူး။ ဒီသီအိုရီက သခင်ကြွလာခဲ့ပြီးနောက် နှစ် ၃၀ဝ ကြာပြီးတဲ့အခါမှာ နိုင်စီးရားမြို့ရဲ့ ပထမကောင်စီမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံတိုင်းက ဘာသာရေးခေါင်းဆောင်တွေဟာ တစ်ခုတည်းသော သို့မဟုတ် အမျိုးမျိုးသောအချက်အလက်တွေပါဝင်တဲ့ ဘုရားသခင်ရဲ့ သဘောသဘာဝနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ငြင်းခုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြတယ်။ နောက်ဆုံးမှာ လူသားရဲ့ အယူအဆတွေ၊ စိတ်ကူးထင်မြင်ချက်တွေ၊ ယုတ္တိဗေဒဆိုင်ရာ သီအိုရီတွေအရ သုံးပါးတစ်ဆူသီအိုရီကို တည်ဆောက်ခဲ့ကြပြီးနောက်မှာ သခင်ယေရှုအပြင် ကောင်းကင်ဘုံကအဖလည်း တည်ရှိတယ်ဆိုပြီး လူတွေက ယူဆခဲ့ကြတယ်။ ဒါကြောင့် သုံးပါးတစ်ဆူ သီအိုရီဟာ ဖောက်ပြန်ပျက်စီးတဲ့ လူ့သဘာဝရဲ့ ထုတ်ကုန်ဖြစ်ပြီး ဘုရားသခင်ဆီက မလာဘူးဆိုတာ ကျွန်တော်တို့ မြင်နိုင်တယ်။ အခုအချိန်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားကိုဖော်ပြပြီး ဒီနက်နဲမှုကို ထုတ်ဖော်ပြသဖို့အတွက် ကြွလာခဲ့ပါပြီ။ ဒါကြောင့် အရင်ဦးဆုံး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ကြည့်ရအောင်” ဟု ပြောသည်။

သူသည် ဝဘ်ဆိုဒ်တစ်ခုကို ဖွင့်လိုက်ပြီး ကျွန်တော့်အား ဖတ်ပြရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို တွေ့ခဲ့သည်- “အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ပုဂ္ဂိုလ်သုံးပါးထဲရှိ ဤဘုရားသခင်တစ်ဆူသည် မည်သည့်အရာ အတိအကျဖြစ်သည်ကို ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည့်အရာဖြစ်သနည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်သည် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အမှုကို ယေရှုကဲ့သို့ အလားတူ ဝိညာဉ်တော်က ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ဝိညာဉ်တော်များ မည်မျှရှိနိုင်သနည်း။ သင်၏ ရှင်းပြချက်အရ၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးတို့သည် တစ်ဆူဖြစ်သည်၊ သို့ဆိုပါက ဝိညာဉ်တော် သုံးပါးရှိပေသည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် တစ်ဆူမျှမရှိဟု ဆိုလိုပေသည်။ ဤသို့သော ဘုရားသခင်မျိုးသည် အဘယ်သို့ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်ဦးမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံပါက၊ သူသည် အဘယ်သို့ သားတော်တစ်ပါးနှင့် ခမည်းတော်တစ်ပါး ရှိနိုင်သနည်း။ ဤအရာအားလုံးသည် သင်၏ အယူအဆများ မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်း ရှိသည်မှာ သမ္မာကျမ်းစာထဲ၌သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။ဟူ၍ ရေးသားသကဲ့သို့ ဖြစ်ပေသည်။ သင်ပြောသည့် ခမည်းတော်နှင့်၊ သားတော် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ စင်စစ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိပြီး၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရ ဖြစ်သည်။”

ယင်းနောက် သူက၊ “ဘုရားသခင်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် ဖြစ်ကြောင်း၊ ဝိညာဉ်တော်တစ်ခုတည်းသာ ရှိကြောင်း နဲ့ သုံးပါးတစ်ဆူ ဆိုတာ မရှိကြောင်းတို့ကို အစ်ကိုအခုဖတ်လိုက်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်က တစ်ဆင့် ကျွန်တော်တို့ တွေ့မြင်နိုင်ပါတယ်။ ယေဟောဝါ (သန့်ရှင်းသော ခမည်းတော်) က ဝိညာဉ်တော်ဖြစ်ပြီး၊ သခင်ယေရှု (သန့်ရှင်းသော သားတော်) က သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် သန္ဓေတည်ခဲ့ခြင်း ဖြစ်တယ်၊ ဆိုလိုတာကတော့ ကိုယ်တော်က ဘုရားသခင့် ဝိညာဉ်တော်ရဲ့ လူ့ဇာတိခံယူခြင်းသာ ဖြစ်တယ်၊ ပြီးတော့ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်က ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဖြစ်တယ်၊ ဒါ့ကြောင့် သုံးပါးလုံးရဲ့ အနှစ်သာရဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်သာ ဖြစ်တယ်။ ဒါပေမဲ့ လူတွေက သန့်ရှင်းသောခမည်းတော်၊ သန့်ရှင်းသော သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်တို့ရဲ့ အနှစ်သာရကို နားမလည်ကြတဲ့အပြင်၊ လူသားတို့ရဲ့ အယူအဆတွေ နဲ့စိတ်ကူးတွေ ပေါ်မှာသာ မှီခိုနေတဲ့အတွက်ကြောင့်၊ သူတို့က သန့်ရှင်းသော ခမည်းတော်၊ သန့်ရှင်းသော သားတော် နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့ဟာ ထူးခြားကွဲပြားတဲ့ ပုဂ္ဂိုလ်သုံးပါး ဖြစ်တယ်လို့ ယုံကြည်ကြတယ်။ အဲဒါက ဘုရားသခင်ကို အပိုင်းသုံးပိုင်း ခွဲနေတာ မဟုတ်ဘူးလား။ ဒီလို ဘုရားတစ်ပါးဟာ ဘယ်လိုလုပ်ပြီး စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင် ဖြစ်နိုင်မှာလဲ။ ဒါ့ကြောင့် သုံးပါးပါတဲ့ ဘုရားသခင်ဆိုတဲ့ ရှုထောင့်ဟာ ဘုရားသခင်ကို ပြစ်မှားနေတာပဲ မဟုတ်ဘူးလား။ သုံးပါးတစ်ဆူ ရှုထောင့်ဟာ သေချာစိစစ်ခံနိုင်ခြင်းမရှိသလိုပဲ၊ သုံးပါးတစ်ဆူ ဘုရားသခင် ဆိုတာလည်း လုံးဝကို မတည်ရှိတာဖြစ်တယ်” ဟု မိတ်သဟာယပြုပေးခဲ့ပါသည်။

သမ္မာကျမ်းစာရှိ ခမည်းတော်နှင့်သားတော်ကိစ္စ

ကျွန်တော်က၊ “အစ်ကိုလျူ၊ ကျွန်တော် အစ်ကို့ရဲ့ မိတ်သဟာယဖွဲ့မှုကို တော်တော်ကို လက်ခံပါတယ်။ ယေဟောဝါအဖြစ်နဲ့ ဘုရားသခင်နဲ့ သခင်ယေရှုဟာ မတူညီတဲ့ ခေတ်ကာလတွေမှာ မတူညီတဲ့အလုပ်တွေကို လုပ်ဆောင်ခဲ့ကြတယ်။- သူတို့အလုပ်က မတူဘူး၊ သူတို့ရဲ့ အမည်နာမတွေလည်း မတူဘူး၊ ဒါပေမဲ့ အနှစ်သာရမှာတော့ သူတို့ဟာ တူညီတဲ့ ဝိညာဉ်တော်ရဲ့ အမှုတော်ကို လုပ်ဆောင်ကြတာပဲ။ ဒါကြောင့် ယေဟောဝါနဲ့ သခင်ယေရှုဟာ ဘုရားတစ်ပါးတည်းပဲဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ယေရှုဟာ ဘုရားတစ်ပါးတည်းဆိုပေမဲ့ သခင်ယေရှုက နှစ်ခြင်းခံပြီးတဲ့နောက်မှာ ကောင်းကင်ပေါ်က အသံတစ်ခုက

ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။(ရှင်မဿဲခရစ်ဝင် ၃:၁၇)

ဆိုပြီး ဘာလို့သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတာလဲ။ ဘုရားသခင်က ယေရှုကို ဘာကြောင့် သူ့ရဲ့ချစ်သားလို့ ခေါ်တာလဲ။ ဂေသရှေမန်အရပ်မှာ သခင်ယေရှုက ဘုရားသခင်ကို ကောင်းကင်ဘုံကအဖလို့ခေါ်ပြီးဆုတောင်းတာကျတော့ရော ဘယ်လိုလုပ်မလဲ။ သမ္မာကျမ်းစာမှာ ခမည်းတော်နဲ့သားတော်ဆိုပြီး အမည်တွေရှိနေတာလဲ” ဟု ပြောသည်။

အစ်ကိုလျူက ပြုံးလိုက်ပြီး၊ “အစ်ကိုက သိပ်အရေးပါတဲ့မေးခွန်းကို မေးလိုက်တာပဲ။ လူတော်တော်များများက ဒီမေးခွန်းကို ရှင်းရှင်းလင်းလင်း မမြင်တာကြောင့် သူတို့က သုံးပါးတစ်ဆူဘုရားသီအိုရီအတွက် အထောက်အထားအဖြစ် စိတ်ကူးထင်မြင်ချက်တွေ၊ သီအိုရီတွေကို အသုံးပြုကြပြီး သခင်ယေရှုမှာ ခမည်းတော်ရှိတယ်ဆိုပြီး ယုံကြည်ကြတယ်။ ဒီလိုပြောတာ မှန်သလား။ သမ္မာကျမ်းစာမှာ သခင်ယေရှုနဲ့ ဖိလိပ္ပုကြား အပြန်အလှန်စကားပြောတာကို မှတ်တမ်းတင်ထားတယ်။ ‘ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံပါမည်ဟုလျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄: ၈-၁၀) ဒီ အပြန်အလှန် ဆွေးနွေးမှုကနေ ဖိလိပ္ပုဟာ သခင်ယေရှုက ယေဟောဝါရဲ့သားတော်ဖြစ်တယ်၊ သခင်ယေရှုက ကောင်းကင်ဘုံမှာ ခမည်းတော်ရှိတယ်လို့ထင်ခဲ့ပေမဲ့ သခင်ယေရှုက ဒါကို အတည်ပြုဖို့ ငြင်းပယ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့မြင်နိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ သခင်က

‘ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။’ ‘ငါသည် ခမည်းတော်၌ ရှိသည်၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်’ လို့ပဲပြောခဲ့ပါတယ်။ ခမည်းတော်က သားတော်ဖြစ်ပြီး သားတော်က ခမည်းတော်ဖြစ်တယ် သားတော်နဲ့ခမည်းတော်ဟာ အတူတူတစ်ပါးတည်းပဲလို့ သခင်ယေရှုက ရှင်းလင်းစွာ မိန့်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒါကိုကြားပြီးနောက်မှာ ကျွန်တော်တို့က ဘာလို့နားမလည်တာလဲ။ အဓိကကတော့ လူ့ဇာတိခံယူတဲ့ဘုရားသခင်ရဲ့ အနှစ်သာရကို ကျွန်တော်တို့ မသိလို့ပါ။ နောက်ပြီး ဘုရားသခင်ရဲ့ ဝိညာဉ်တော်က လူ့ဇာတိအနေနဲ့ အမှန်တကယ်ဖြစ်လာခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားရဲ့ အချက်အလက်ကို နားမလည်တာကြောင့်ပါ။ နောက်ထပ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်ကို ဖတ်လိုက်ကြရအောင်” ဟု ဖြေသည်။

ကျွန်တော်က ဖတ်ပါသည်။ “ဘုရားသခင်က ယေရှုကို သူ၏ချစ်သောသားဟု ပွင့်လင်းစွာ ဖော်ပြခဲ့သည် မဟုတ်လော။” ဟု ဆိုကြသော သူအချို့ ရှိကြသေးသည်။ ယေရှုသည် ဘုရားသခင်၏ နှစ်သက်မြတ်နိုးရာ ချစ်သား ဖြစ်သည်- ဤအရာကို ဘုရားသခင် ကိုယ်တော်တိုင် သေချာပေါက် ပြောခဲ့ပေသည်။ ယင်းမှာ ဘုရားသခင်သည် မိမိကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်း ဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်း ဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ သူ၏ သားတော်မဟုတ်ပေ။ သင်နားလည်ပါ၏လော။ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊ဟူသော ယေရှု၏ စကားများသည် ၎င်းတို့မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်သည်ကို ညွှန်းပြသည် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ခွဲခွာနေရခြင်း ဖြစ်သည် မဟုတ်လော။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်က မိမိကိုယ်ကိုယ် သက်သေခံခြင်း သက်သက် ဖြစ်သည်။ ခေတ်များထဲက အပြောင်းအလဲ၊ အမှု၏ သတ်မှတ်ချက်များနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ကွဲပြားခြားနားသော အဆင့်များကြောင့်၊ သူ့ကို လူကခေါ်ဆိုသော နာမတော်သည်လည်း ကွဲပြားခြားနားပေသည်။ အမှု၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ယေဟောဝါ၊ ဣသရေလလူမျိုးများ၏ သိုးထိန်းဟူ၍သာ ခေါ်၍ရနိုင်ခဲ့သည်။ ဒုတိယအဆင့်တွင်၊ လူ့ဇာတိခံ ဘုရားသခင်ကို သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို၍ရနိုင်ခဲ့သည်။ သို့သော် ထိုအချိန်တွင်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူသည် ဘုရားသခင်၏ ချစ်မြတ်နိုးသောသား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသော သူ၏ဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပေ။ ဤသည်မှာ တကယ်ကို မဖြစ်ပျက်ခဲ့ပေ။ အဘယ်သို့ ဘုရားသခင်သည် ကလေးတစ်ဦးတည်းသာ ရှိနိုင်မည်နည်း။ သို့ဆိုလျှင် ဘုရားသခင်သည် လူသား ဖြစ်လာပြီးဖြစ်မည် မဟုတ်လော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သောကြောင့်၊ သူ့ကို ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခဲ့ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားက ဆက်နွှယ်မှု ဖြစ်လာပေသည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့် သက်သက် ဖြစ်သည်။ ယေရှုသည် လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သည်။ သူသည် ထိုသို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားခဲ့ပြီးဖြစ်သည့် အတွက်၊ငါ၏ အပြင်ပန်းအကာသည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အရာသာ ဖြစ်သည်။ ငါသည် ဤကမ္ဘာမြေသို့ ကြွလာရန် လူ့ဇာတိအား ယူတင်ဝတ်ဆင်သည့်အတွက်၊ ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့်အလွန် ဝေးကွာလျက်ရှိ၏။ဟုသူပြောခဲ့သည်မှာ လူ့ဇာတိ၏ ရှုထောင့်မှ ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှသာ ဆုတောင်းနိုင်ခဲ့သည်။ ဤသည်မှာ သူ၏တာဝန် ဖြစ်ခဲ့ပြီး၊ ယင်းမှာ လူ့ဇာတိခံ ဘုရားသခင်၏ ဝိညာဉ်တော်က ဖြည့်ဆည်းထားသင့်သည့် အရာ ဖြစ်သည်။ သူသည် ခမည်းတော်အား လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သောကြောင့်သာ၊ သူသည် ဘုရားသခင် မဟုတ်ဟု ပြော၍မရနိုင်ပေ။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်နေဆဲ ဖြစ်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံခဲ့ရသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်ခဲ့သည်။”

ထို့နောက်တွင် အစ်ကိုလျူက၊ “သခင်ယေရှုဟာ ကောင်းကင်ဘုံက ဘုရားသခင်ရဲ့ ဝိညာဉ်တော်ရဲ့ လူ့ဇာတိပကတိဖြစ်တယ်ဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်တော်တို့ကို ရှင်းလင်းစွာ ပြောထားပါတယ်။ ကောင်းကင်ဘုံက ဘုရားသခင်က သခင်ယေရှုကို သူ့ရဲ့ချစ်သားလို့ ခေါ်လိုက်တဲ့အခါမှာ ဒါဟာ ဘုရားသခင်က သူကိုယ်တိုင်ရဲ့ လူ့ဇာတိပကတိကို ဝိညာဉ်ဆိုင်ရာ ရှုထောင့်ကနေ သက်သေခံနေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကောင်းကင်ဘုံမှာ ဘုရားသခင် တစ်ပါးတည်းနဲ့ ဝိညာဉ်တော်တစ်ပါးတည်းပဲ ရှိတာကြောင့်ပါ။ ပိုပြီး တိတိကျကျ ပြောရရင် လူ့ဇာတိခံယူတဲ့ဘုရားသခင်ဟာ ယေဟောဝါရဲ့ လူ့ဇာတိပကတိ ပေါ်ထွန်းခြင်းဖြစ်ပါတယ်။ ဆိုလိုတာကတော့ ယေဟောဝါရဲ့ ဝိညာဉ်တော်ဟာ မိမိကိုယ်ကို နှိမ့်ချပြီး ထိတွေ့လို့ရတဲ့ လူ့ဇာတိကိုယ်ခန္ဓာအတွင်းမှာ ပုန်းနေပြီး သာမန်လူသားတစ်ဦးရဲ့ ပုံစံကို ယူခဲ့တာပါ။ သခင်ယေရှုက ဆုတောင်းပြီး ကောင်းကင်ဘုံက ခမည်းတော်အကြောင်းပြောတဲ့အခါမှာ သူဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို ဖန်ဆင်းခံတစ်ဦးရဲ့၊ ဆိုလိုတာကတော့ လူသားတစ်ဦးရဲ့ ရှုထောင့်ဘက်ကနေ အမည်ပေးခြင်းသာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက သခင်ယေရှုဟာ တကယ်ပဲ ကောင်းကင်ဘုံက ဘုရားသခင့်ဝိညာဉ်တော်ရဲ့ သားတော်ဖြစ်တယ်လို့ သက်သေမပြပါဘူး။ သခင်ယေရှုက လက်ဝါးကပ်တိုင်မှာ မတင်ခံရခင်မှာ သူဟာ လူသားဖြစ်တယ်။ ခရစ်တော်ဖြစ်တယ်။ ဘုန်းအသရေ ရဲ့ ပြယုဂ်မဟုတ်ဘူး။ ဒါကြောင့် သခင်ယေရှုက ကောင်းကင်ဘုံက ဘုရားသခင်ကို ဖန်ဆင်းခံတစ်ဦးရဲ့ ရှုထောင့်ကနေ ခမည်းတော်လို့ ခေါ်တဲ့အခါမှာ ဒါက သခင်ယေရှုရဲ့ နှိမ့်ချခြင်းနဲ့နာခံခြင်းကို ထုတ်ဖော်ပြသပါတယ်။ ဒါပေမဲ့ သခင်ယေရှုဟာ ခရစ်တော်ဖြစ်တယ်ဆိုပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အလင်းပြခံရတဲ့ ပေတရုကလွဲပြီး သခင်ယေရှုနောက်ကိုလိုက်ခဲ့တဲ့ တမန်တော်တွေအားလုံးထဲမှာ၊ သခင်ယေရှုဟာ လူ့ဇာတိခံယူတဲ့ဘုရားသခင်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ သူ့ရဲ့ဝိညာဉ်တော်ဆိုင်ရာ ရှုထောင့်ကနေ သူ့ရဲ့ လူ့ဇာတိပကတိကိုယ်ခန္ဓာကို သက်သေခံပြီး လူ့ဇာတိဖြစ်တဲ့ သားတော်အနေနဲ့ ဘုရားသခင်ကို ခေါ်ဝေါ်ခဲ့စဉ်မှာ လူ့ဇာတိခံယူတဲ့ဘုရားသခင်ကတော့ လူ့ဇာတိကပတိ ရှုထောင့်ကနေ ကောင်းကင်ဘုံက ဝိညာဉ်တော်ကို သူ့ရဲ့ ခမည်းတော်ဆိုပြီး ခေါ်ခဲ့ပါတယ်။ ဒါဟာ ခမည်းတော်နဲ့သားတော်ဆိုတဲ့စကားစုရဲ့ မူလအစ ပါပဲ။ ဒါပေမဲ့ ဒီအသုံးအနှုန်းတွေဟာ သခင်ယေရှု လူ့ဇာတိခံယူခဲ့တဲ့ အမှု အချိန်ကာလအတွက်ပဲ သင့်တော်ပါတယ်။ ကိုယ်တော်ထွက်ခွာသွားပြီးနောက်မှာ ခမည်းတော်၊ သားတော်ဆိုတာမရှိတော့ဘူး။ ဒါကြောင့် ခမည်းတော်၊သားတော်ဆိုတဲ့ စကားတွေ ရှိလို့ဆိုပြီး သုံးပါးတစ်ဆူဘုရားကို ကျွန်တော်တို့ ယုံကြည်လို့မရတာပါ။ သီအိုရီက မခိုင်မာပါဘူး” ဟု မိတ်သဟာယဖွဲ့ခဲ့သည်။

အစ်ကိုလျူ၏ မိတ်သဟာယဖွဲ့မှုအား ကြားပြီးနောက်တွင် ကျွန်တော်၏ နှလုံးသားသည် ပေါ့ပါးသွားခြင်းကို ခံစားရသည်။ ကျွန်တော်က ပြောလိုက်သည်။ “အာမင်၊ မိတ်သဟာယဖွဲ့မှုအတွက် ကျေးဇူးတင်ပါတယ် အစ်ကို။ သခင်ယေရှုက ဖန်ဆင်းခံရဲ့ ရှုထောင့်ဘက်ကနေ စကားပြောတာကြောင့် ကောင်းကင်ဘုံက ဘုရားသခင်ကို ခမည်းတော်လို့ခေါ်ခဲ့ပြီး ဒါက ဘုရားသခင်ရဲ့ နှိမ့်ချမှုနဲ့ ကွယ်ဝှက်ထားတဲ့ သဘောသဘာဝကို ဖော်ပြတယ်။ တကယ်တမ်းကတော့ ဘုရားသခင်က ဝိညာဉ်တော်ဖြစ်တယ်။ ကောင်းကင်ဘုံမှာ ကိုယ်တော်ကို ယေဟောဝါလို့ခေါ်ပြီး လူ့ဇာတိခံယူတဲ့အခါမှာ ယေရှုလို့ခေါ်တယ်။ ဒါပေမဲ့ ကိုယ်တော်ရဲ့ အနှစ်သာရကတော့ ဝိညာဉ်တော် ဖြစ်နေဆဲပါပဲ။ ဒါကြောင့် သခင်ယေရှုက ဖိလိပ္ပုကို‘ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။’”လို့ပြောခဲ့တာပါ။

အစ်ကိုလျူက ပြုံးပြီး ကျွန်တော့်ကို၊ “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ အဲဒါ လုံးဝ မှန်ပါတယ်။ ကျွန်တော်တို့က ဘုရားသခင်ကို ပုဂ္ဂိုလ်သုံးပါးအဖြစ် ခွဲကြတာက ဘုရားသခင် လူ့ဇာတိခံယူခြင်းရဲ့ သမ္မာတရားကို ကျွန်တော်တို့ နားမလည်လို့ပါ။”

ကျွန်တော့် အမျိုးသမီးက၊ “ဟုတ်တယ်။ ဘုရားသခင်က ကျွန်မတို့ကို သူကိုယ်တိုင်ပြောမပြရင် ကျွန်မတို့ ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။”ဟု ပြောသည်။

အစ်ကိုလျူက၊ “ဟုတ်တယ်။ ဒါက ‘သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။’ (ရှင်မဿဲခရစ်ဝင် ၆:၉) ဆိုတဲ့ ကျွန်တော်တို့ နေ့စဉ်ရွတ်ဆိုနေတဲ့ ဆုတောင်းပဌနာလိုပါပဲ။ သခင်ယေရှုက ကျွန်တော်တို့ကို သူ့ရဲ့ဝိညာဉ်တော်ဆီကို ဆုတောင်းဖို့ သင်ကြားပေးနေတာပါ။ ကျွန်တော်တို့က ဗဟုသုတတွေ၊ အတွေ့အကြုံတွေရှိနေတဲ့ လူကြီးတွေလို့ ကိုယ့်ကိုယ်ကိုယ်မြင်နိုင်ပေမဲ့ ဘုရားသခင်ရဲ့ အမြင်မှာ ကျွန်တော်တို့ဟာ ဘာမှနားမလည်တဲ့ ကလေးတွေဖြစ်နေဆဲပါပဲ။ နောက်ထပ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ် နည်းနည်းလောက်ဖတ်ကြည်ရအောင်။ ဂျင်မီ ဖတ်လိုက်ပါ။” ဟု ပြောသည်။

ကျွန်တော် လေးနက်စွာ ဖတ်လိုက်ပါသည်- “ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်ပြီး လူတို့အလယ် နေထိုင်နိုင်သည့်အပြင် အရာအားလုံး၏ အထက်၌ ရှိနေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ အပါအဝင်ဖြစ်ပြီး နေရာတိုင်းတွင် ရှိသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာအထက်တွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးက ဘုရားသခင်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ဟု ပြောကြသည့်အတွက်၊ မည်သူမျှ စိတ်ထင်တိုင်း ခွဲ၍မရသည့် ဘုရားသခင်တစ်ဆူတည်း ရှိပေသည်။ “ယေရှုအတွင်းရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်နှင့် အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်ဆို၍ရနိုင်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာလောကကို ဖန်ဆင်းနိုင်ပြီး၊ ယင်းကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နိုင်သည့်အပြင်၊ လူသားမျိုးနွယ် အားလုံးကိုလည်း သိမ်းပိုက်ကာ ဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က ဆောင်ရွက်ပြီး သူ၏ကိုယ်စား ဘုရားသခင်၏ အခြားမည်သည့်ပုဂ္ဂိုလ်ကမျှ လုပ်ဆောင်ရပြီး မဖြစ်နိုင်ပေ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်နာမဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်။ သူသည် စကြဝဠာများအထက်နှင့် လူထုများအလယ်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်သည်။”

အစ်ကိုလျူက၊ “ဘုရားသခင်ဟာ ဝိညာဉ်တော်တစ်ပါးတည်းသာဖြစ်တယ်၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ နေရာတိုင်းမှာရှိပြီး အရာရာကိုတတ်စွမ်းတယ်ဆိုတာ ဘုရားသခင်ရဲ့နှုတ်ကပတော််က ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်းပြောပြထားပါတယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ လူ့ဇာတိအဖြစ်ခံယူပြီး လူသားတွေကြားမှာနေထိုင် နိုင် တယ်။ စကြဝဠာမှာရှိတဲ့ အရာရာတိုင်းကို ထိန်းချုပ်နိုင်ပါတယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ အမှုတွေ အများကြီးပြုနိုင်တယ်။ လူတွေကို ဖန်ဆင်းနိုင်တယ်။ လမ်းညွှန်ပြနိုင်တယ်။ လူတွေကို ကယ်တင်နိုင်တယ်။ ဒါပေမဲ့ လူတွေကို အုပ်စိုးခြင်း၊ စုံလင်စေခြင်းနဲ့ ဖျက်ဆီးခြင်းတို့ကိုလည်း ပြုလုပ်နိုင်တယ်။ ဘုရားသခင်က ကောင်းကင်ဘုံ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်မှာ အလုပ်လုပ်ပါစေ၊ ဘုရားသခင်ဟာ ဝိညာဉ်တော် သို့မဟုတ် ခရစ်တော်ဖြစ်ပါလေ့စေ ကိုယ်တော်ဟာ ဖန်ဆင်းရှင် ဘုရားသခင်ဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ဟာ လူ့ဇာတိခံယူတဲ့ဘုရားသခင်ရဲ့ အနှစ်သာရအကြောင်းကို မသိမြင်တာကြောင့် ဘာသာရေးလောကနောက်ကိုပဲလိုက်နိုင်ခဲ့ ပြီး ဘုရားသခင်ကို ခွဲခြားခြင်းပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ ဘာသာရေးလောက က ဘုရားသခင်ကို ခွဲခြားခြင်းအပေါ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ စိစစ်မှုမှာ ဒါဟာ အဓိပ္ပါယ်မရှိဆုံး သီအိုရီတွေဖြစ်ပါတယ်။ အခုအချိန်မှာ ဘုရားသခင်ဟာ တစ်ပါးတည်းသာဖြစ်တယ်၊ ကျွန်တော်တို့ ဘယ်လိုပဲ ဆုတောင်းပါစေ၊ ဘုရားသခင်ကို ဘယ်လို အမည်နာမပဲ ပေးပါစေ၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော်နဲ့ ဘုရားသခင်ရဲ့ လူ့ဇာတိကပတိဟာ တစ်ပါးတည်းသောဘုရားသခင်၊ တစ်ပါးတည်းသော ဝိညာဉ်တော်ဖြစ်ပြီး ဝိညာဉ်တော်သုံးပါး သို့မဟုတ် ပုဂ္ဂိုလ်သုံးပါးမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ နားလည်ကြပါတယ်။ ဒါဟာ မှန်ကန်တဲ့အချက်အလက်ဖြစ်ပြီး ဘယ်သူကမှ သံသယမရှိနိုင်ပါဘူး” ဟု ပြောသည်။

ပြီးနောက်တွင် အစ်ကိုလျူသည် လူ့ဇာတိခံယူသည့် ဘုရားသခင်နှင့် လူသားမျိုးနွယ်အား ကယ်တင်ရန်အတွက် ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့် နှင့်ပတ်သက်သည် သမ္မာတရား၏ အချက်အလက်များအား ဆက်၍ မိတ်သဟာယပြုခဲ့သည်။ ဤအချိန်တွင် ကျွန်တော်၏ အမျိုးသမီးသည် အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှုပေါ်ထွန်းခြင်းဖြစ်သည်ဆိုသည်ကို ကျွန်တော်သေချာခြင်းရှိမရှိမေးသည်။ ကျွန်တော် သေချာစွာဖြင့်၊ “ငါ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီစကားတွေအားလုံးဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တောတွေဖြစ်

တယ်လို့ ငါယုံကြည်လို့ပဲ။ ဒီနှုတ်ကပတ်တော်တွေမှာ ငါ့ရဲ့ မေးခွန်းတွေအားလုံးရဲ့ အဖြေတွေကို ငါ တွေ့တယ်။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှုပေါ်ထွန်းခြင်းဖြစ်တယ်လို့ ငါ ယုံကြည်ပါတယ်” ဟု ဖြေခဲ့သည်။ကျွန်တော်၏ ညီအစ်ကိုမောင်နှမတို့သည် ကျွန်တော် ဤသို့ပြောသည်ကို ကြားရသည့်အခါတွင် အလွန်ပင်ပျော်ရွှင်ခဲ့ကြသည်။ ကျွန်တော်၏ အစ်ကိုက၊ “ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ဘုရားသခင်ရဲ့ သိုးတွေအားလုံးက ကိုယ်တော်ရဲ့ အသံတော်ကို ကြားနိုင်ကြတယ်” ဟု ပြောသည်။

သိုးသူငယ်၏ ထိမ်းမြားခြင်းမင်္ဂလာစားပွဲတွင် ညစာစားသောက်ခြင်း

လေတို့၊ နှင်းတို့၊ မိုးစက်တို့သည် နွေဦးနှင့်ဆောင်းဦးရာသီတို့နှင့်အတူ ရောက်ရှိလာပြီး ထွက်ခွာသွားခဲ့ကြသည်။ မျက်စိတမှိတ် လျှပ်တပြက်တွင် ကျွန်တော် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်အသစ်ကို လက်ခံခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ထိုနှစ်နှင့် နောက်နှစ်များတွင် ကျွန်တော်၏ ညီအစ်ကိုမောင်နှမများနှင့် အစည်းအဝေးများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ ဧဝံဂေလိရုပ်ရှင်များ ကြည့်ခြင်း၊ ကျွန်တော်၏ ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံနှင့် သက်သေခံခြင်း ဗီဒီယိုများအား ကြည့်ခြင်းမှတစ်ဆင့် ကျွန်တော်သည် သမ္မာတရားအချို့ကို နားလည်လာခဲ့သည်။ ယခုအခါတွင် ကျွန်တော်သည် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ကျွန်တော်၏တာဝန်များကို ထမ်းဆောင်ဖြည့်ဆည်းရန်အတွက် အသင်းတော်တွင် ကျွန်တော်တတ်နိုင်သမျှလုပ်ဆောင်ပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်တော့်ထံသို့ရောက်ရှိသည့်အတွက်၊ ကံကောင်းစွာဖြင့် ဘုရားသခင်၏ ခြေလှမ်းတော်နောက်သို့ လိုက်လျှောက်ရပြီး သိုးသူငယ်၏ စားပွဲတွင် ညစာစားသောက်ရသည့်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ ဘုန်းကြီးခြင်းအားလုံးကို အနန္တတန်ခိုးရှင်ဘုရားသခင် ပိုင်ဆိုင်ပါစေ။

အမှာစကား ချန်ခဲ့မည်