စာရင်း

"ယုံကြည်ခြင်းဖြင့်ဖြောင့်မတ်ရာသို့ရောက်ရှိခြင်း" ၏စစ်မှန်သည့်အဓိပ္ပါယ်ကို နားလည်သဘောပေါက်ပြီးနောက် ကျွန်ုပ်သည်သခင့်၏တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ခဲ့သည်။

ကရီးမူး အမေရိကန်နိုင်ငံ

စစ်မှန်သည့် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ကျွန်တော့် နှလုံးသားသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်ဝသည်

ကျွန်တော့်မိသားစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ဖူး သော်လည်း ၂၀၀၄ ခုနှစ်တွင် ကျွန်တော့် အဒေါ်နှင့် အတူ သခင်ယေရှုကို ယုံကြည်ရန် ပြောင်းလဲခဲ့သည်။ ထိုအချိန်က လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခံရ သူများဖြစ်ကြောင်း နှင့် ပစ္စုပ္ပန်အထိ လူသားမျိုးနွယ်၏ ရှင်သန်ခြင်းသည် သခင်ယေရှုက ကျွန်တော်တို့ကို ရွေးနှုတ်ရန် ကားတိုင်တင်ခံခြင်းကြောင့် ဖြစ်ကြောင်း တို့ကို နားလည်သဘောပေါက်ခဲ့သည့်အပြင်၊ သခင့် ချစ်ခြင်းမေတ္တာသည် အမှန်တကယ် ကြီးမြတ်ကြောင်း ကိုလည်း ခံစားခဲ့ရသည်။ အထူးသဖြင့် အမှုတော်ဆောင် များ တရားဟောပြီး သူတို့၏ ညီအစ်ကိုမောင်နှမများကို လည်ပတ်ကာ၊ ညီအစ်ကိုမောင်နှမများကို သူတို့၏ အခက်အခဲများအတွက် မည်သည့်အလျော်အစားမျှ မတောင်း ဆိုသည်ကို ကျွန်တော်တွေ့မြင် သည့်အချိန်တွင် ကျွန်တော်တို့ထိခံရပါသည်။ ထို့ကြောင့် ကျွန်တော်က ခရစ်ယာန်တစ်ယောက် အဖြစ် ဗိတ္တိဇံခံယူခဲ့သည်။ သခင့်ကို ယုံကြည်ပြီးနောက် ကျွန်တော်က သမ္မာကျမ်းစာကို ဖတ်ရှုခြင်း နှင့် ဒေသနာတော်ကို နားထောင်ခြင်းတို့ကို နှစ်သက်ခံစားခဲ့ပြီး၊ ကျွန်တော်က သမ္မာကျမ်းစာ ကျမ်းချက်များကို ဖတ်ရှုသည့်အချိန်တွင် “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမသြဝါဒစာ ၁၀:၁၀-၁၁) “ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။” (ရောမသြဝါဒစာ ၅:၁) ကျွန်တော့်ကို သခင်က ကျေးဇူးတော်များစွာ ပေးသည်ဟု ခံစားခဲ့ရသည်။ သခင်ယေရှုကို ယုံကြည်ခြင်းမျှသာလျှင် ကျွန်တော်တို့က ဖြောင့်မတ်သည်ဟု ခေါ်ဝေါ်ခြင်းခံရပြီး၊ ကျွန်တော်တို့၏ အပြစ်များကို ရွေးနှုတ်ခြင်းခံရ သည့်အပြင်၊ သခင်ကြွလာသည့်အချိန်တွင် ကောင်းကင် နိုင်ငံတော်ကို ချီဆောင်ခံရမည်ဖြစ်သည်။ ဤသည်တို့မှာ မယုံနိုင်လောက်သည့် ကောင်းကြီးမင်္ဂလာများဖြစ်သည်။ ကျွန်တော်တို့က အဆုံးသတ်အထိ ယုံကြည်မှုရှိရန် သစ္စာဝတ်ပြုထားပါသည်။ ကျွန်တော် မည်သည့် ပတ်ဝန်းကျင်မျိုးကို တွေ့ကြုံရပါစေ၊ ကျွန်တော်က ဆုတောင်းကာ၊ သမ္မာကျမ်းစာကို ဖတ်ရှုပြီး၊ ဘုရားသခင်ရှေ့တော်မှောက်တွင် အသက်ရှင်နေထိုင်မြဲ ဖြစ်သည်။ ထို့နောက်တွင် ကျွန်တော်က သမ္မာကျမ်းစာကို အလေးအနက်ထားပြီး နေ့စဉ်ဖတ်ရှုကာ၊ အစည်းအဝေး များတွင် သွက်လက်စွာ ပါဝင်သည့်အပြင်၊ ကျွန်တော် နှလုံးသားသည်လည်း ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ယုံကြည်မှုတို့ဖြင့် ပြည့် ဝလျက်ရှိပါသည်။

ကျွန်တော့် ယုံကြည်မှုအားနည်းလာသည်နှင့်မျှ ကျွန်တော်က သခင့်ပြန်ကြွလာခြင်းကို ပို၍ တောင့်တမိသည်

မည်သည့်အချိန်တွင် စတင်ခဲ့မှန်း ကျွန်တော်မသိ သော်လည်း ကျွန်တော့် သင်းအုပ်ဆရာ၏ ဒေသနာများ သည် ငြီးငွေ့ဖွယ်နှင့် ရိုးအီနေပြီဖြစ်ကြောင်းကို ကျွန်တော်စတင်သတိပြုမိခဲ့သည်။ ဝိညာဉ်ရေးရာအရ ကျွန်တော်သည် မည်သည့် ထောက်ပံ့မှုကိုမျှ မရသည့် အပြင် ကျွန်တော်သည် စတင်အားနည်းလာခဲ့ကာ၊ ကျွန်တော် သခင့်ကို စတင်ယုံကြည်ခဲ့စဉ်ကကဲ့သို့ စိတ်ပြင်းပြမှုလည်း မရှိတော့ပါ။

၂၀၀၈ ခုနှစ်တွင် ကျွန်တော်က အမေရိကန်နိုင်ငံသို့ ရောက်လာခဲ့ပြီး၊ ပို၍ ကောင်းမွန်သည့် ဒေသနာတော်များ ရှာဖွေရန် ကျွန်တော်သည် မက်သိုးဒစ် အသင်းတော်၊ ကျေးဇူးတော် အသင်းတော်နှင့် သတင်းကောင်း အသင်းတော်များသို့ သွားရောက်ခဲ့သော်လည်း၊ ထိုအသင်းတော်များမှ ကျွန်တော့် သင်းအုပ်ဆရာ တစ်ယောက်မှ ပြောရန်စကားတစ်ခုမျှ မရှိခဲ့ပါ။ အချို့သင်းအုပ်ဆရာများက ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ် များတွင် အလှူငွေများထည့်ခိုင်းပြီး၊ သူတို့က ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ရရှိလိုပါက၊ သူတို့သည် ကောင်းကင်နိုင်ငံတော်ကို ဝေမျှ ခံစားခွင့်မရမီ အလှူငွေ ပထမဆုံးထည့်ဝင်ရမည်ဟု ဆိုကြသည်။ ၎င်းမှာ ယုံကြည်သူများအား ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက် ရန် လက်မှတ်များကို ဝယ်ယူဖို့ ၎င်းတို့ငွေကြေးများကို အသုံးပြုခိုင်းသည့် သဘောရပါသည်၊ ၎င်းမှာ သခင့် သွန်သင်ချက်နှင့် မကိုက်ညီပါ။ စင်ပေါ်မှ သင်းအုပ် ဆရာများသည် သခင့်ကို နာခံရန် ယခင်က အတွေ့အကြုံများကို စိတ်အားထက်သန်စွာ ပြောဆိုကြ သည်။ သူတို့က သခင့်ကို ကောင်းစွာ ယုံကြည်ကြောင်း၊ ၎င်းတို့သည် ထူးခြားသည့် အသက်တာများကို ပိုင်ဆိုင်ကြောင်း၊ သခင်က သူတို့ကို အလွန်ချစ်ကြောင်း တို့ကို အခြားသူများက ခံစားလာသည်ဟု ယုံကြည်စေ သည်။ ၎င်းတို့သည် သူတို့ကိုယ်သူတို့ ကြားဝါပြီး၊ လူများက သူတို့ကို ကိုးကွယ်ရန် မိမိကိုယ်ကို ချီးမြှောက်ကြသည်။ သင်းအုပ်ဆရာတစ်ယောက်က ယုံကြည်သူများကို အသင်းတော်၏ အသင်းသား ဖြစ်လာရန်နှင့် အသင်းတော်အမှုတော်ဆောင်အဖြစ် အရည်အသွေးပြည့်ဝစေရန် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၆၀၀ ကို ပေးစေခဲ့သည်။

ကျွန်တော် လည်ပတ်ခဲ့သည့် အသင်းတော်များကို ကြည့်ရင်းဖြင့် အသင်းတော်များသည် ပြောင်းလဲခဲ့ပြီဟု ကျွန်တော်ခံစားရသည်။ သင်းအုပ်ဆရာများသည် အလှူ ငွေပေးခြင်း ယုံကြည်ခံယူချက်ကို တရားဟောသည် ဖြစ်စေ၊ သို့မဟုတ် လွန်လေခဲ့ပြီးသော အချိန်၌ ဖြစ်ပျက်ခဲ့သည့် သူတို့အတွေ့အကြုံများ အကြောင်းတရား ဟောခဲ့သည်။ သူတို့က သခင့်နှုတ်ကပတ်တော်များကို သက်သေမခံသည့်အပြင်၊ အလင်းလည်းလုံးဝ မရှိခဲ့ပါ။ တရားဟောဆရာအချို့က အိမ်ထောင်မပြုပဲ ပေါင်းသင်း သူများဖြင့် တွေ့ရှိကာ၊ အပျော်မယားထားပြီး၊ စင်ပေါ်တွင် ရှိခြင်းအတွက်သာ ရောင့်ရဲခဲ့ကြသည်။ ယုံကြည်သူများ သည် ဆိုးယုတ်သော ရေပန်းစားမှုများအကြားတွင် အသက်ရှင်နေထိုင်ခဲ့ကာ၊ သူတို့ ဝတ်သည့်အရာများနှင့် စားသည့်အရာများကို ယှဉ်ပြိုင်နေကြကာ၊ ဝိညာဉ်ရေးရာ အရေးကိစ္စများတွင် မိတ်သဟာယပြုခြင်းမရှိပဲနှင့်၊ သူတို့ခရီးသွားသည့်နေရာ၊ ညစာအတွက် စုဝေးရာ နေရာနှင့် ကုန်ပစ္စည်းများကို ဝယ်ယူရမည့် နေရာများအကြောင်းတို့ကို အမြဲတမ်း ပြောလေ့ရှိသည်။ ကျွန်တော်သည် သမ္မာကျမ်းစာကို ဖတ်ရှုသည့်အချိန်တွင် အလင်းလုံးဝ မတွေ့ရှိပဲ၊ ကျွန်တော့် ယုံကြည်မှုသည် အားနည်းလာခဲ့ကာ၊ ကျွန်တော်သည် အပြစ်တွင် အသက်ရှင်နေထိုင်ခဲ့သည်. မယားငယ် ထားသူများကို တွေ့မြင်သည့်အခါတွင် ကျွန်တော်က မနာလိုဖြစ်ကာ၊ ကျွန်တော့် နှလုံးသားသည် ဆိုးယုတ်သော အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။ အလုပ်တွင် ကျွန်တော့် ဝယ်သူများ ကျန်ခဲ့သည့် ပစ္စည်းများကို တေါ့မြင်သည့်အခါတွင်၊ ကျွန်တော့်လောဘက ကျွန်တော့်အတွက် သိမ်းထားရန် တွေးမိစေသည်။ ကျွန်တော့်အလုပ်ရှင်နှင့် လုပ်ဖော်ကိုင်ဖက်များက ကျွန်တော်မနှစ်သက်သည့် စကားများ ပြောသည့်အခါတွင်၊ ကျွန်တော်က သူတို့ကို အပြင်ပန်းတွင် သည်းခံခဲ့သော်လည်း၊ ကျွန်တော့် နှလုံးသားတွင်းတွင် နာကျည်းပြီး လက်စားချေလိုသော အကြံဉာဏ်များက ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် နေအိမ်တွင် သေးငယ်သောကိစ္စများအတွက် ကျွန်တော့် ဇနီးဖြင့် မကြာခဏ စကားများလေ့ရှိပြီး၊ ကျွန်တော့် ဒေါသကို ထုတ်ပြလေ့ရှိသည့်အပြင်၊ အချိန်ကြာလာသည် နှင့်အမျှ ကျွန်တော်က ကွာရှင်းရန် အတွက်ပင် တွေးနေခဲ့ပါသည်။ ကျွန်တော်က သခင့်ထံသို့ “သခင် ကျွန်တော့်မိန်းမနဲ့ စကားမများချင်ပါဘူး၊ ဒါပေမဲ့လည်း ကျွန်တော် မနေနိုင်ဘူး။ သခင်၊ ကျွန်တော့်အပြစ်တွေကို လွှတ်ပေးပါ။ အပြစ်ရဲ့ ချည်နှောင်မှုက ရုန်းထွက်လွတ်မြောက်နိုင်အောင် ကျွန်တော့်ကို ကူညီပါ” ဟု မကြာခဏ ဆုတောင်းခဲ့ပါသည်။ သို့သော်လည်း ကျွန်တော်က သခင့်ကို မိမိအပြစ်များအတွက် ဝန်ခံကာ၊ ဝန်ချတောင်းပန်ပြီးနောက်ပိုင်းတွင်၊ ထိုတူညီသော ပြဿနာများသည် ပြန်လည်ပေါ်ပေါက်လာပြန်ပါသည်။ ကျွန်တော်သည် နေ့စဉ် ဝန်ခံခြင်းနှင့် အပြစ်လုပ်ခြင်း အခြေအနေမှ မိမိကိုယ်ကို လွတ်မြောက်အောင် လုပ်နိုင်စွမ်းမရှိသည့်အပြင်၊ ဤသည်မှာ ကျွန်တော့်ကို အထူးသဖြင့် စိတ်မချမ်းမြေ့ဖြစ်စေစသည်။ ကျွန်တော်က “သခင်က စေတနာကောင်းပြီး၊ သနားကရုဏာ နဲ့ပြည့်စုံတဲ့အပြင်၊ အပြစ်မှလွှတ်ခြင်း ကျေးဇူးတော် ကိုလည်း ပေးအပ်နှင်းတော်ခဲ့တယ်။ ငါယုံကြည်သမျှ ကာလပတ်လုံး၊ ငါဟာ ဖြောင့်မတ်သူလို့ ခေါ်ဆိုခြင်းခံရမှာ ဖြစ်တယ်။ သခင်ပြန်ကြွလာတဲ့အခါမှာ၊ ငါဟာ ကောင်းကင်နိုင်ငံတော်ထဲကို ချီဆောင်ခံရမယ်၊ ပြီးတော့ ဒီနာကျင်မှုတွေအားလုံးကလည်း ကျော်ဖြတ်သွား မှာဖြစ်တယ်။ ဟု ပြောရင်းဖြင့်သာ ကိုယ့်ဘာသာ နှစ်သိမ့်နိုင်ခဲ့ပါသည်။”

သခင့်အားဖြင့် အစ်မတစ်ယောက်ကို တွေ့ခြင်းနှင့် များစွာ ရရှိခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ကျွန်တော်သည် တခြားပြည်နယ်တစ်ခုမှ နယူးယောက်သို့ လာရောက်ခဲ့ သည်။ ကျွန်တော် စူပါမားကတ်တစ်ခုတွင် စျေးဝယ် နေချိန်တွင် သခင့်ကို ယုံကြည်သည့် အစ်မချိုင်း ကို တွေ့ခဲ့သည်။ ကျွန်တော်က အသင်းတော်များ၏ စစ်မှန်သည့် အနေအထားကို ပြောပြသည့်အချိန်တွင်၊ ဤအစ်မက သာမာန် ယုံကြည်သူမှ ကွဲပြားသည်ကို တွေ့ရှိခဲ့သည်။သူမက အသင်းတော်များ၏ အခြေအနေ အကြောင်း အမြင်ရှုထောင့်အနည်းငယ်ရှိခဲ့ပြီး၊ ဖြောင့်မတ်မှု အသိစိတ်လည်း ရှိခဲ့သည်။ သူမက “အသင်းတော်က ကမောက်ကမ ဖြစ်ပြီး၊ ယိုယွင်းပျက်စီးနေပေမဲ့လည်း၊ ကျွန်မတို့က ဒီအချက်နဲ့ ကိုယ့်ကိုကိုယ် စိတ်ရှုပ်ထွေးခွင့် မပေးသင့်ပါဘူး။ ကျွန်မတို့က ပညာရှိတဲ့ သတို့သမီးတွေဖြစ်ရမယ်၊ လေးနက်စွာ စောင့်ဆိုင်းပြီး၊ သခင့်အသံတော်ကို နားထောင်ရပါမယ်” ဟု ပြောခဲ့သည်။ ရှည်ကြာစွာနှင့် များစွာ စကားပြောခဲ့သည်။ နောက်ပိုင်းတွင် ဘုရားသခင်၌ ယုံကြည်မျုအကြောင်း အခြားသော ညီအစ်ကိုမောင်နှမ တစ်ချို့ဖြင့် ဆွေးနွေးဖို့ရာ အစ်မချိုင်းက ကျွန်တော့်ကို သူ့အိမ်သို့ ဖိတ်ခေါ်ခဲ့သည်။ ထိုသည်မှာ ကျွန်တော်စကား ပြောဆိုနိုင်သည့် ညီအစ်ကိုမောင်နှမများဖြင့် တွေ့ဆုံရန် ရှားပါးသည့် အခွင့်အရေးဖြစ်သည်ဟု တွေးခဲ့သောကြောင့် ပျော်ရွှင်စွာ သဘောတူခဲ့ပါသည်။

အစ်မချိုင်း၏ နေအိမ်တွင် ကျွန်တော်က အစ်မဝူကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ ၎င်းမှာ သူစိမ်း တစ်ယောက်နှင့် တွေ့ရသည်ဟု လုံးဝမခံစားရပဲနှင့် နှစ်ပေါင်းများစွာ ကြာမြင့်အောင် သိကျွမ်းခဲ့သည့် မိတ်ဆွေတစ်ယောက်ကို ကို တွေ့ရသကဲ့သို့ပင် ဖြစ်သည်။ ကျွန်တော်တို့ သုံးယောက်က အတူတကွ မိတ်သဟာယ ပြုပြီး၊ ကျွန်တော်က အထူးသဖြင့် စိတ်အေးချမ်းသည်ဟု ခံစားခဲ့ရပါသည်။ အစ်မဝူက လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်အကြောင်း၊ လူသားမျိုးနွယ် ကျရှုံးခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းခံ၊ ဘုရားသခင်က ကယ်တင်ခြင်း အမှုတော်ကို မည်သို့ပြုခဲ့ကြောင်း အပြင်၊ နောဧ၏ နေ့ရက်များမှ လူသားမျိုးနွယ်သည် မည်သို့ အကျင့်ပျက်ကြောင်း၊ ပြောင်းလဲရန် ၎င်းတို့၏ ခေါင်းမာစွာငြင်းဆန်ခြင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်က ၎င်းတို့အား ရေကြီးမှုဖြင့် မည်သို့ဖျက်ဆီးခဲ့ပုံ စသည်တို့အကြောင်း ပြောရန် ကမ္ဘာဦးကျမ်းကို အသုံးပြုခဲ့ပါသည်။ နောက်ပိုင်းတွင် ဘုရားသခင်၏ နှလုံးသားနာကျင်တော်မူခဲ့သောကြောင့် ဘုရားသခင်သည် နောဧနှင့် ပဋိညာဉ်တစ်ခုပြုလုပ်ရန် သက်တန့်တစ်ခုကို အသုံးပြုခဲ့ပြီး၊ သူက ကမ္ဘာကြီးကို ရေကြီးခြင်းဖြင့် လုံးဝမဖျက်ဆီးတော့မည့်အကြောင်း ကျိန်ဆိုတော်မူခဲ့သည်။ ကျွန်တော်က “ဒီအစ်မက အလင်းတွေအများကြီးကို ပြောဖို့၊ ငါမကြားဖူးတဲ့ အရာတွေအများကြီးကို ပြောဖို သမ္မာကျမ်းစာကို အသုံးပြုတယ်။ ငါဒီနေ့လာတာ တကယ်ကို အကျိုးမမဲ့ခဲ့ဘူး” ဟု မိမိဘာသာတွေးခဲ့သည်။ ကျွန်တော်က “အစ်မ ဒီလိုမိတ်သဟာယပြုခြင်းက ကျွန်တော့်ကို ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို ခံစားရစေတယ်။ အရင်က သက်တန့်က ရေကြီးခြင်း နောက်ပိုင်း လူသားမျိုးနွယ်နဲ့ ဘုရားသခင်ရဲ့ ပဋိညာဉ် ဆိုင်ရာ နိမိတ်လက္ခဏာတစ်ခု ဖြစ်တယ်လို့သာ သိခဲ့ရတယ်။ ရေကြီးခြင်းနောက်ပိုင်းမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ဆုံးရှုံးခြင်းမှာ ဝမ်းနည်းကြောင်း ပြတော်မူခဲ့တာကို မသိခဲ့ရဘူး။ ဒါကို သင်ယူရတာ ကျွန်တော်အတွက် အတော်ကို နှစ်သိမ့်မှုရစေတယ်” ဟု ပြောခဲ့သည်။ အစ်မဝူက ပြုံးပြီး၊ ခေါင်းညိတ်နေရင်းဖြင့် သူမမျက်လုံးများမှာလည်း မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့ပါသည်။

ကျွန်တော်တို့ ယုံကြည်သောကြောင့် ကျွန်တော်တို့က ဖြောင့်မတ်သူများဟု ခေါ်ဝေါ်ခြင်းခံရပါက၊ ကျွန်တော် တို့က ကောင်းကင်နိုင်ငံတော်သို့ ချီမခြင်းကို ခံရပါ မည်လော

နောက်တွင် ကျွန်တော်တို့က အသင်းတော်၏ ယိုယွင်းပျက်စီးသည့် အခြေအနေအကြောင်း ပြောခဲ့သည်။ အစ်မဝူက ဆက်ပြီး “ဒီနေ့ သင်းအုပ်ဆရာတွေ ဟောကြားတဲ့ ဒေသနာတွေက ဘာအလင်းတစ်ခုမှ မထောက်ပံ့ဘူး၊ သူတို့က အသင်းတော်မှာ အာဏာနဲ့ အဆင့်အတန်းတို့အတွက် အချင်းချင်း တိုက်ခိုက်နေတာဖြစ်ပြီး၊ ယုံကြည်သူတွေက အပြစ်နဲ့ အသက်ရှင်နေထိုင်ကြတယ်၊ ဆိုးယုတ်တဲ့ လောကဆိုင်ရာရေပန်းစားမှုတွေကို လိုက်နာကြတဲ့အပြင်၊ ဘုရားသခင်ရဲ့ စည်းကမ်းပေးခြင်းလည်း ချို့တဲ့ကြတယ်။ အသင်းတော်တွေဟာ ယိုယွင်းပျက်စီးလာခဲ့တယ်၊ အစ်ကို၊ အသင်းတော်မှာ ဒီယိုယွင်းပျက်စီးမှုတွေက ဘာပြဿနာကို သက်သေပြနေတယ်လို့ထင်လဲ” ဟု ပြောခဲ့သည်။ ကျွန်တော်က ခေါင်းခါပြီး၊ အစ်မဝူ၏ အကြံဉာဏ်ကို ကျွန်တော်တို့အား ပြောပြပါရန် ဖိတ်ခေါ်လိုက်ပါသည်။ သူမက “တကယ်တော့ ဘုရားသခင်က ခေတ်အသစ်ရဲ့ အမှုတော်ကို စတင်ခဲ့ပြီဖြစ်တယ်လို့ ဒါကပြနေတာပဲ၊ ဖာရိရှဲတွေက ဘုရားသခင်ရဲ့ ပညတ်တော်တွေနဲ့ တရားတော်တွေကို မနာခံပဲနဲ့၊ ဗိမာန်တော်ကို နွား၊ သိုး၊ ခိုတွေ ရောင်းတဲ့ စျေးတစ်ခုလို သတ်မှတ်တာတွေကြောင့် ဖြစ်တဲ့အပြင်၊ သခင်ယေရှုကလည်း အမှုတော်အသစ်ကို စတင်ခဲ့တာကြောင့် ယေရုရှလင်မှာ ဘုရားသခင်ရဲ့ ဗိမာန်တော် ယိုယွင်းပျက်စီးလာတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သခင့်လမ်းကြောင်းကနေ သွေခွာပြီး၊ ယုံကြည်သူတွေက လောကီဆိုင်ရာလမ်းမပေါ်ကို ဦးဆောင်တဲ့အပြင်၊ သန့်ရှင်းသောဝိညာဉ်တော် ကိုလည်း သူ့အလုပ်ကို ရပ်စေတာကြောင့်ဖြစ်တဲ့အပြင်၊ သခင်ယေရှုကလည်း တရားစီရင်ခြင်းအမှုတော် အသစ်ကိုပြုဖို့ ပြန်ကြွလာခဲ့ပြီး ဖြစ်တာကြောင့် ဒီနေ့ခေတ်အသင်းတော်တွေက ယိုယွင်းပျက်စီးနေတာ ဖြစ်တယ်။ ၁ ရှင်ပေတရု ၄:၁၇ ကို ဖတ်ကြရအောင် ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။' နဲ့ ဗျာဒိတ်ကျမ်း ၁၄:၆-၇ ‘မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ...ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။' ဘုရားသခင်က နောက်ဆုံးသောကာလမှာ အမှုတော် အဆင့်အသစ်ဖြစ်တဲ့ တရားစီရင်ခြင်းအမှုတော်ကို ပြုမှာဖြစ်ကြောင်း ဒီသမ္မာကျမ်းစာ ကျမ်းချက်တွေထဲမှာ ပရောဖက်ပြုခြင်းတွေကနေပြီးတော့ ကျွန်မတို့မြင်တွေ့နိုင်ပါတယ်။ ကျွန်မတို့ အပြစ်တွေက ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်ကို တွေ့ကြုံခံစားရမှာဖြစ်ပြီး၊ ကောင်းကင်နိုင်ငံတော်ကို မဝင်ရောက်မီမှာ ကျွန်မတို့က သန့်စင်ခံရပါမယ်” ဟု ပြောခဲ့သည်။

ကျွန်တော်က စိတ်ရှုပ်ထွေးခြင်းဖြင့် “အမှုတော်အသစ်က ဘယ်လိုရှိနိုင်မှာလဲ။ သမ္မာကျမ်းစာမှာ ‘ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။' (ရောမသြဝါဒစာ ၁၀:၁၀-၁၁) လို့ပြောထားတယ်လေ။ ကျွန်တော်တို့ နှလုံးသားတွေမှာ ယုံကြည်ပြီး၊ ကျွန်တော်တို့ နှုတ်က ဝန်ခံတာကြောင့် ကျွန်တော်တို့က ဘုရားသခင်ကို ယုံကြည်လို့ ဖြောင့်မတ်သူလို့ ခေါ်ခံရတယ်။ သခင်ပြန်ကြွလာတဲ့အချိန်မှာ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ကို ချီမခံရမှာဖြစ်တယ်။ ကျွန်တော်တို့က အပြစ်ရှိသည့်တိုင်အောင် သမ္မာကျမ်းစာထဲမှာ ‘အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင်သခင်ယေရှု၏ နာမတော်အားဖြင့်၎င်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ် တော်အားဖြင့်၎င်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာ သို့ ရောက်ကြပြီ။' (ကောရိန္သု သြဝါဒစာပဌမစောင် ၆:၁၁) လို့ပြောထားတယ်။ ကျွန်တော်တို့က ယုံကြည်တဲ့အတွက်ကြောင့် ဖြောင့်မတ်သူတွေလို့ ခေါ်ခံရပြီး ဖြစ်တဲ့အလျောက်၊ ကျွန်တော်တို့ အပြစ်တွေကလည်း ဆေးကြောခံရခဲ့ပြီးဖြစ်တဲ့အပြင်၊ ကျွန်တော်တို့ ဝိညာဉ်တွေက သန့်စင်ခံရတယ်။ ဒါက ကျွန်တော်တို့တွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ ဘုရားသခင်က တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်ကို ပြုဖို့ ဘာကြောင့် လိုနေသေးတာလဲ။ ဘုရားသခင်က ထပ်ပြီး အလုပ်လုပ်ဖို့ ပြန်လာတာ မဖြစ်နိုင်ပါဘူး” ဟု ပြောခဲ့သည်။

အစ်မဝူက ပြုံးပြီး “အစ်ကို၊ ကျွန်မတို့ ယုံကြည်လို့ ကျွန်မတို့က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီလို့ သခင်ယေရှုက ပြောခဲ့ဖူးပါသလား” ဟု ပြောခဲ့သည်။ ကျွန်တော့်ခေါင်းခါလိုက်ပြီး သူမ၏ မိတ်သဟာယပြု ခြင်းကို အာရုံစူးစိုက်စွာဖြင့် နားထောင်ခဲ့သည်။

သူမက သမ္မာကျမ်းစာကို လှန်လှောရင်းဖြင့် ကျမ်းချက်တစ်ခုကိုတွေ့ပြီး ကျွန်တော့်ကို လှမ်းပေးလိုက် ကာ၊ သူမက “လူသားတွေရဲ့ စကားကို အခြေခံပြီး ဘယ်လိုလူက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင် တယ် ဆိုတာကို ကျွန်မတို့ အကဲဖြတ်လို့ မရနိုင်ဘူးလေ၊ ကျွန်မတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အခြေခံပြီး အကဲဖြတ်ရဖို့ လိုပါတယ်။ သခင်ယေရှုက ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။' (ရှင်မဿဲခရစ်ဝင် ၇:၂၁) ‘ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။' (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၁၆) ဘုရားသခင်ရဲ့ အလိုတော်ကို ပြုပြီး၊ သန့်စင်ခံရသူတွေသာလျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ် ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မတို့ သေချာနိုင်ပါတယ်။ ကျွန်မတို့ရဲ့ အပြစ်တွေက လွှတ်ခံရပြီးဖြစ်ပေမဲ့ သခင်ယေရှုက ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝတွေကို မရွေးနှုတ်ရသေးပါဘူး။ ကျွန်မတို့ အပြစ်ရှိတဲ့ သဘာဝတွေရဲ့ ထိန်းချုပ်မှုကြောင့် ကျွန်မတို့က သခင့်နှုတ်ကပတ်တော်​တွေကို မကြာခဏ သစ္စာဖောက် ကြတယ်။ ကျွန်မတို့က ဘုရားသခင်ရဲ့ အမှုတော်ကို ပြုသူတွေ လုံးဝမဟုတ်ပါဘူး။ သခင်က သန့်ရှင်းတယ်၊ ဒါပေမဲ့လည်း ကျွန်မကတို့က အပြစ်လုပ်ခြင်းနဲ့ ဝန်ခံခြင်း သံသရာစက်ဝန်းထဲမှ ပိတ်မိပြီး အသက်ရှင်နေထိုင်နေ ကြတယ်။ ဒီလိုပုံစံနဲ့ ကျွန်မတို့ ဘယ်လိုများ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မှာလဲ” ဟု ပြောခဲ့သည်။

ကျွန်တော်က ခေါင်းညိတ်ပြီးချင့်ချိန်စဉ်းစားနေစဉ်၊ အစ်မဝူက ခဏရပ်တန့်သွားခဲ့သည်။ သူမက ပြုံးပြီး “ကျမ်းပိုဒ်နှစ်ခုထပ်ပြီး ဖတ်ကြည့်ရအောင်၊ အစ်ကို ပိုရှင်းရှင်းလင်းလင်း နားလည် လာလိမ့်မယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ‘ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။' ‘လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။' လို့ မိန့်တော်မူထားတယ်” ဟု ပြောခဲ့သည်။

အစ်မဝူက “ကျွန်မတို့က သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းကို ခံခဲ့ရပြီး၊ ကျွန်မတို့ အပြစ်တွေက ခွင့်လွှတ်ခြင်း ခံရပေမဲ့ ဘုရားသခင်က ကျွန်မတို့ရဲ့ ပြစ်မှားခြင်းတွေကိုသာ ခွင့်လွှတ်ပြီး၊ ကျွန်မတို့ အတိတ်က ပြစ်မှားခြင်းတွေအတိုင်း ကျွန်မတို့ကို ဆက်ဆံတာ မဟုတ်ဘူးဆိုတာကို ဒီကျမ်းပိုဒ်နှစ်ခုကနေပြီး ကျွန်မတို့ တွေ့မြင်နိုင်တယ်။ ဒါပေမဲ့ ကျွန်မတို့က ဇာတိခန္ဓာနဲ့ အသက်ရှင်နေထိုင်တာဖြစ်ပြီး၊ ကျွန်မတို့ရဲ့ အပြစ်ရှိခြင်း တွေက ရုန်းထွက်မလွတ်မြောက်သေးဘူး၊ ဆိုလိုတာက ကျွန်မတို့က ဆက်အပြစ်လုပ်နိုင်ပြီး၊ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို မကြာခဏ ဖော်ထုတ်နိုင်တယ်၊ အဲဒါက ကျွန်မတို့ရဲ့ အဆက်မပြတ် အပြစ်လုပ်ခြင်းနဲ့ အပြစ်မှလွှတ်ခြင်းကို ရှာဖွေခြင်း အကြောင်းအရင်းပဲဖြစ်တယ်။ကျွန်မတို့ အပြစ်တွေကို ရွေးနှုတ်ကယ်တင်ခြင်းအတွက် အပြစ်ဖြေခြင်းက ထာဝရ ထိရောက်မှုရှိမယ်ဆိုရင်တောင်၊ အဲဒါက ကျွန်မတို့ကို အပြစ်က ကယ်တင်ခြင်း မပေးနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိနေသေးလို့ ဖြစ်ပါတယ်။ ကျွန်မတို့ကို သခင်ယေရှုက အပြစ်က ရွေးနှုတ်ဖို့အတွက် ကားတိုင်တင်ခံခဲ့တာကြောင့် ကျွန်မတို့ အပြစ်တွေက လွှတ်ခံရကြောင်းကို ဒီအချက်ကနေ ကျွန်မတို့ မြင်တွေ့နိုင်တဲ့အပြင်၊ သခင်က ကျွန်မတို့ကို အပြစ်သား တွေလို့မမြင်တာကြောင့် ကျွန်မတို့က ဖြောင့်မတ်သူတွေကို ခေါ်ဝေါ်ခံရနိုင်ပေမဲ့လည်း၊ အပြစ်ရဲ့ ဆိုးယုတ်တဲ့ ဇစ်မြစ်က ကျွန်မတို့ ဝိညာဉ်တွေမှာ နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့ပြီဖြစ်တယ်။ ကျွန်မတို့တွေ သခင့်ကို နှစ်ပေါင်းဘယ်လောက်ကြာအောင် ယုံကြည်ပါစေ၊ ကျွန်မတို့က သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေ ဒါမှမဟုတ် သာမာန် ညီအစ်ကိုမောင်နှမတွေ ဘယ်လိုပဲ ဖြစ်ပါစေ၊ ကျွန်မတို့က အပြစ်လုပ်ခြင်းနဲ့ ဝန်ခံခြင်း စက်ဝန်းထဲမှာ ပိတ်မိနေပြီးတော့ ကျွန်မတို့ထဲကနေ ဖော်ထုတ်နေဆဲဖြစ်တဲ့ အရာတွေက မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လှည့်စားခြင်း၊ လောဘ၊ မကောင်းသောအကျင့်နဲ့ တခြား ဆိုးယုတ်တဲ့ စာတန်ရဲ့ စိတ်သဘောထားတွေလိုမျိုး အရာတွေ သာ ဖြစ်ပါတယ်။ သင်းအုပ်ဆရာတွေ နဲ့ အကြီးအကဲတွေအများကြီးက နေ့စဉ်နေ့တိုင်း ယုံကြည်သူတွေအတွက် သမ္မာကျမ်းစာကို အဓိပ္ပါယ်ကောက်ပေးနေကြပေမဲ့၊ သူတို့က သခင့် နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသေးတဲ့အပြင်၊ မကြာခဏ ဆိုသလို ကြွားပြီး၊ သူများ အထင်ကြီးအားကျလာအောင်ကြိုးစားတာတယ်၊ ပြီးတော့ သူတို့က အသင်းတော်မှာ အာဏာနဲ့ အကျိုးစီးပွားအတွက် တိုက်ခိုက်ကြတယ်၊ အသင်းတော်ရဲ့ ဉစ္စာကိုလည်း သူတို့အတွက် ယူကြတယ်။ လောကီဆိုင်ရာတွေကို မယုံကြည်သူတွေလိုပဲ ငမ်းငမ်းတက်ဖြစ်နေသူတွေ အများကြီးရှိပါတယ်၊ သူတို့က လက်မထပ်ပဲ ပေါင်းသင်းတဲ့အဖော်တွေ ရှာ၊ အပျော်မယားထားပြီး၊ လောင်းကစား တောင် လုပ်လိုက်သေးတယ်။ ကောင်းမွန်ပြုကျင့်တဲ့ ညီအစ်ကိုမောင်နှမတွေက အပြင်ပန်းမှာ ကောင်းမှုတေါ ပြုနေတယ်လို့ အသွင်ပေါက်ပြီး၊ လူတွေကို မရိုက်မနှက် ဒါမှမဟုတ် မဆူမပူရင်သာနေမယ်၊ ဒါပေမဲ့ တခြားလူတွေက သူတို့အကျိုးစီးပွားတွေကို ထိခိုက်လာရင်၊ သူတို့တွေဟာ လူတွေကို မုန်းနိုင်ပြီးတော့ ဘေးဒုက္ခတွေ သူတို့ဆီမှာ ဖြစ်လာတဲ့အခါမှာ ဘုရားသခင်ကို အပြစ်တင်ခြင်းနဲ့ သစ္စာဖောက်ခြင်း လုပ်နိုင်စွမ်း ရှိဆဲသာ ဖြစ်ပါတယ်။ ဒီထင်ရှားပြမှုတွေက အတိုင်းအတာအမျိုးမျိုးအထိ ကျွန်မတို့ဆီမှာ တည်ရှိတယ်။ ဘုရားသခင်က ကျွန်မတို့လိုမျိုး ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေတဲ့ လူတွေကို ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ခွင့်ပြုမယ်လို့များ ထင်နေသလား။ မဖြစ်နိုင်တာ။ နောက်ဆုံးသော ကာလမှာ ကျွန်မတို့ကို တရားစီရင်ဖို့နဲ့ သန့်စင်ဖို့ သမ္မာတရားကို ဖော်ပြဖို့အတွက် ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေ ကို အခြေခံပြီး ဘုရားသခင်က လူ့ဇာတိခံယူပြီး တစ်ဖန်ကြွလာခဲ့တာကြောင့် ကျွန်မတို့က အပြစ်ရဲ့ ချည်နှောင်မှုက ရုန်းထွက်လွတ်မြောက်ဖို့နဲ့ သန့်စင်ဖို့ ခွင့်ပေးခဲ့တယ်။ ကျွန်မတို့က သခင်ယေရှုကိုသာ ယုံကြည်တယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်ကို လက်မခံဘူးဆိုရင်တော့၊ ကျွန်မတို့က ကိုယ့်အပြစ်တွေကို ဝန်ခံပြီး၊ နောင်တရရင်တောင်မှ၊ ကျွန်မတို့ အပြစ်တွေကို ရွေးနှုတ်ဖို့ အပြစ်ဖြေခြင်းက အမြဲတမ်းထိရောက်တယ် ဆိုရင်တောင်မှ၊ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေက မဖြေရှင်းသေးဘဲ ရှိနေပြီးတော့၊ ကျွန်မတို့ကလည်း နှစ်တစ်ထောင် လောက်သာ ယုံကြည်လာမယ် ဘယ်တော့မှ သန့်စင်ခံရမှာ မဟုတ်ဘူး” ဟု မိတ်သဟာယပြုခဲ့သည်။

ကျွန်တော့်အစ်မ၏ စကားများနှင့် မိတ်သဟာယ ပြုခြင်းတို့ကို နားထောင်ပြီးနောက်၊ ကျွန်တော်က နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားခဲ့သည်၊ “သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။” ထိုနှုတ်ကပတ်တော်များသည် အလွန်မှန်ကန်ပါသည်။ သခင်၌ ယုံကြည်သူများသည် ဝန်ခံခြင်းနှင့် အပြစ်လုပ်ခြင်း စက်ဝန်းတွင် ပိတ်မိနေကာ၊ ကျွန်တော်တို့က အပြစ်မလုပ်လိုသည့်တိုင်၊ သတိမမူမိဘဲ နှင့် အပြစ်လုပ်နေကြသည်။ ကျွန်တော်က ဤနှုတ်ကပတ်တော်များကို မိမိကိုယ်တိုင် လက်တွေ့ကျင့်သုံး ခဲ့သည်။ သခင်က အပျော်ကြူးခြင်းကို ရွံမုန်းကြောင်း ကျွန်တော်သိသော်လည်း၊ အခြားလူများက တောင်တက်ခရီးသွားရာတွင်ဖြစ်စေ၊ ကမ်းခြေတွင် အပေါင်းပါများနှင့် ဆူဆူညံညံ အရက်သောက်ရာတွါင် ဖြစ်စေ သူတို့ ရည်းစားများကို သူတို့၏ လက်များဖြင့် ဖက်ထားကြသည်ကို မြင်သည့်အချိန်တွင်၊ ကျွန်တော့်နှလုံးသားတွင် မနာလိုမှု နှင့် အားကျခြင်းများ ခံစားခဲ့ရသည်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များနှင့် ပဋိပက္ခဖြစ်ချိန်တွင်၊ ကျွန်တော့်နှလုံးသားသည် အမုန်းတရားဖြင့် ပြည့်နှက်နေခဲ့သည်။ နေအိမ်တွင် ကျွန်တော်က အရာအားလုံးကို ဆုံးဖြတ်လိုသည့်အပြင်၊ ကျွန်တော့် ဇနီးနှင့်လည်း မတည့်ပါ။ ကျွန်တော့် အပြစ်ရှိသည့် သဘာဝကို မဖြေရှင်းရသေးကြောင်းနှင့် ကျွန်တော်သည် အပြစ်၏ ချည်နှောင်ခြင်းမှ ရုန်းထွက်မလွတ်မြောက် နိုင်သေးကြောင်းတို့ကို တွေ့ခဲ့သောကြောင့် ကျွန်တော်က “အစ်မ၊ အစ်မပြောတာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်က သခင်ယေရှုကို ယုံကြည်ရင်၊ ကျွန်တော့်အပြစ်တွေကလွှတ်ခံရပြီး၊ ကျွန်တော်က ဖြောင့်မတ်သူလို့ ခေါ်ခံရတဲ့အပြင်၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်လို့ တွေးခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုတော့ အဲဒါက ကျွန်တော့် ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေပေါ်မှာသာ အခြေခံတာဖြစ်ကြောင်း၊ အချက်အလက်တွေနဲ့ မကိုက်ညီကြောင်းကို သိလာရတယ်။သခင်ယေရှုက ကျွန်တော်တို့ အပြစ်တွေကို ခွင့်လွှတ်ခဲ့ပေမဲ့လည်း၊ ကျွန်တော့် အပြစ်ရှိတဲ့ သဘာဝက ကျွန်တော့်ထဲမှာ ရှိနေဆဲဖြစ်တဲ့အပြင်၊ ကျွန်တော်က နေ့တိုင်း အပြစ်လုပ်ခြင်းနဲ့ ဝန်ခံခြင်း အခြေအနေတစ်ခုမှာ အသက်ရှင်နေထိုင်ဆဲ ဖြစ်တယ်။ ကျွန်တော်တို့တွေက ပြန်ကြွလာတဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်ကို ကြုံဖို့ အမှန်တကယ် လိုအပ်ပါတယ်။ ဒါကနေမှတစ်ဆင့် ကျွန်တော်တို့တွေက သန့်စင်ခံရပြီး၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မှာ ဖြစ်တယ်။ အစ်မ ဘုရားသခင်က နောက်ဆုံးသော ကာလမှာ လူတွေကို ဘယ်လို တရားစီရင်ပြီး၊ သန့်စင်လဲ။ ဒီအကြောင်းအရာကို ပိုပြီး မိတ်သဟာယပြုပေးလို့ ရမလား” ဟု ပြောခဲ့သည်။

ဘုရားသခင်က လူသားမျိုးနွယ်ကို တရားစီရင်ပုံနှင့် သန့်စင်ပုံ

အစ်မဝူက ခေါင်းညိတ်ပြီး၊ ပျော်ရွှင်စွာဖြင့် ဖြေခဲ့သည်၊ “ဘုရားသခင်ကို ကျေးဇူးတင်တယ်။ အစ်ကို၊ အစ်ကိုက ပြီးပြည့်စုံလင်အောင် နားလည်တာပဲ။ ဘုရားသခင်က လူတွေကို တရားစီရင်ပုံနဲ့ သန့်စင်ပုံ အတွက်ကတော့ သခင်ယေရှုက ‘ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။' (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) လို့ မိန့်တော်မူခဲ့တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က သမ္မာတရားကို ဖော်ပြခြင်းနဲ့ လူတွေကို တရားစီရင်မယ်လို့ သခင်ယေရှုက မိန့်တော်မူတယ်။ နောက်ထပ်ကျမ်းပိုဒ်တစ်ခုက အရမ်း ပြတ်ပြတ်သားသားကို ရှင်းပြထားတယ်၊ ‘နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။’”

ဖတ်ရှုပြီးနောက်တွင် အစ်မဝူက “နောက်ဆုံးသော ကာလက ခရစ်တော်က လူသားမျိုးနွယ်ကို သူတို့လိုအပ်ချက်တွေအတိုင်း အပြည့်အဝ ကယ်တင်ဖို့ အတွက် လိုအပ်တဲ့ သမ္မာတရားဆိုင်ရာ ရှုထောင့် အားလုံးကို ဖော်ပြတော်မူတယ်။ ဒီနှုတ်ကပတ်တော်တွေမှာ ကျွန်မတို့က ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရဆိုင်ရာ ထုတ်ဖော်မှုတွေ၊ ဘုရားသခင်ရဲ့ အသိဉာဏ် နဲ့ ကောင်းကင်နိုင်ငံတော်ရဲ့ နက်နဲမှုနဲ့ သက်ဆိုင်တဲ့ ထုတ်ဖော်ခြင်းတွေကို ရှာဖွေတွေ့ရှိနိုင်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေပြီး ဘုရားသခင်ရဲ့ အလိုတော်ကို လုပ်ဆောင်ခြင်းဆိုတာ ဘာလဲ၊ ဘုရားသခင် ကယ်တင်တော်မူတဲ့ လူအမျိုးအစား က ဘယ်သူတွေလဲ၊ သုတ်သင်ဖယ်ရှင်း ခံရတဲ့ လူအမျိုးအစားက ဘယ်သူတွေလဲ၊ လူသားမျိုးနွယ်ရဲ့ အနာဂတ် ကံကြမ္မာက ဘာတွေလဲ၊ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေက ဘယ်လို ရုန်းထွက်လွတ်မြောက်ပြီး အပြည့်အဝ ကယ်တင်ခံရဖို့ တို့နဲ့ သက်ဆိုင်တဲ့ သမ္မာတရားဆိုင်ရာ ရှုထောင်တွေကို နားလည်သဘောပေါက်ရပါတယ်။ အဲဒီအပြင်၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော် တွေမှာ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးမှု အနှစ်သာရကို ထုတ်ဖော်ပြတော်မူတယ်၊ ဘုရားသခင်က လူတွေရဲ့ နှလုံးသားအတိမ်အနက်ကို စောင့်ကြည့်လေ့လာ တော်မူပြီး၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့၊ ညစ်ပတ်ပေရေ နေတဲ့ အတွေးတွေနဲ့ အယူအဆတွေကို အပြည့်အဝ ဖော်ပြပါတယ်။ အဲဒါမှသာ ကျွန်မတို့တွေက စာတန်ကြောင့် အရမ်းနက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီး နေတာ နဲ့ ကျွန်မတိုရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထား တွေဖြစ်တဲ့ မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန် ခြင်း နဲ့ လှည့်စားခြင်းတို့ကို နေရာမရွေး အချိန်မရွေးမှာ ကျွန်မတို့ ထုတ်ဖော်နိုင်စွမ်း ရှိလာမှာဖြစ်ကြောင်းတို့ကို တွေ့မြင်လာမှာဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ၊ တရားစီရင်ခြင်း ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော် တွေမှာ ထုတ်ဖော်ခြင်းတွေထဲမှာ ဘုရားသခင်က လူတွေရဲ့ ဒုစရိုက်အမှုမျိုးစုံတွေအားလုံးကို ရွံမုန်းကြောင်း၊ သူတို့ကို ပြစ်တင်ရှုတ်ချပြီး၊ ကျိန်ဆိုကြောင်း တို့ကို ကျွန်မတို့တွေ့မြင်တဲ့အပြင်၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဘယ်လိုစော်ကားမှုကိုမှ သည်းမခံဘူး ဆိုတာကိုလည်း နားလည် သဘောပေါက်လာတယ်။ ဒါက ကျွန်မတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းတွေကို ပြန်လည်သုံးသပ်ဖို့၊ သိရှိလာဖို့ တို့ကို တွန်းအားပေးပြီး၊ စစ်မှန်တဲ့ နောင်တရခြင်းကို ဖြစ်စေတဲ့အတွက်ကြောင့် ကျွန်မတို့ကို ဘုရားသခင့်နှုတ်ကပတ်တော်တွေဆိုင်ရာ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံဖို့ လိုလားလာစေပြီး၊ ဘုရားသခင်ရဲ့ သတ်မှတ်ချက် တွေအတိုင်း အသက်ရှင်နေထိုင်ဖို့ ဆုံးဖြတ်စေတဲ့အပြင်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတွေကို ကြိုးစားဖို့ ဆုံးဖြတ်စေတယ်။ အဲဒီအပြင် ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေပေါ် အခြေခံပြီး ဘုရားသခင်က ကျွန်မတို့ကို စည်းကမ်းပေးဖို့၊ ပြစ်တင်ဆုံးမဖို့၊ ပြုပြင်ဖို့၊ ရိုက်နှက်ဆုံးမဖို့၊ စစ်ကြောဖို့၊ နဲ့ စစ်ဆေးဖို့ ပတ်ဝန်းကျင်အမျိုးအစားအားလုံးကို စီစဉ်တော်မူတယ်၊ အဲဒါက ကျွန်မတို့ကို ကျွန်မတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရနဲ့ ဘုရားသခင်ကို ပိုပြီး သတိပြုမိစေလာတယ်။ ကျွန်မတို့က သမ္မာတရားကို နားလည်လာတာနဲ့၊ ကျွန်မတို့ သတိမမူမိပဲနဲ့ ကျွန်မတို့ရဲ့ အပြစ်က ရုန်းထွက်လွတ်မြောက်နိုင်ပြီး၊ သန့်စင်ခံရနိုင်ဖို့ ဘုရားသခင်ကို ကျွန်မတို့ရဲ့ နားလည်သဘောပေါက်မှုက တဖြည်းဖြည်းချင်း နက်ရှိုင်းလာတဲ့အပြင်၊ ကျွန်မတို့ရဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာနဲ့ ဘုရားသခင်ကို နာခံတာတို့က ကြီးထွားလာတယ်။ ဒီထိရောက်မှုက နောက်ဆုံးသော ကာလက ဘုရားသခင်ရဲ့ အမှုတော်ကို လက်မခံတဲ့ သူတွေက ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားပြီးမှသာလျှင်၊ ကျွန်မတို့က ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဘာစော်ကားမှုကို သည်းခံမှာ မဟုတ်တဲ့အကြောင်းကို သိနိုင်ပြီး၊ အဲဒီအခါမှသာလျှင် နှလုံးသားကတစ်ဆင့် ကျွန်မတို့က ဘုရားသခင်ကို ကြောက်နိုင်ပြီး၊ မကောင်းတဲ့အကျင့်ကို ရှောင်တဲ့အပြင်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အသက်ရှင်နေထိုင်မှာဖြစ်ပါတယ်” ဟု မိတ်သဟာယပြုခဲ့ပါသည်။

အစ်မဝူ၏ မိတ်သဟာယကို ကြားပြီးနောက်တွင်၊ ကျွန်တော်သည် တရားစီရင်ခြင်းဆိုင်ရာ ဘုရားသခင်၏ အမှုတော်ကို နားလည်သဘောပေါက်ခြင်းအချို့ကို ရရှိခဲ့ပါပြီး ကျွန်တော်က “ဒါ့ကြောင့် ဘုရားသခင်က ကျွန်တော်တို့ကို တရားစီရင်ဖို့နဲ့ သန့်စင်ဖို့၊ ကျွန်တော်တို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ထုတ်ဖော်ချက်တွေကနေ ကျွန်တော်တို့ရဲ့ အပြစ်တွေနဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားတွေကို သိစေဖို့ သမ္မာတရားရဲ့ ဖော်ပြချက်ကို အသုံးပြုတော်မူတာပေါ့၊ ကျွန်တော်တို့က ကိုယ့်ကိုကိုယ်မုန်းတီးပြီး၊ ကျွန်တော်တို့နှလုံးသားတွေမှာ ဘုရားသခင်ကို ကြောက်တဲ့စိတ် ကျွန်တော်တို့ နှလုံးသား ဖြစ်ပေါ်ပြီးမှာသာလျှင်၊ ကျွန်တော်တို့က စစ်မှန်တဲ့ နောင်တရခြင်းနဲ့ ပြောင်းလဲခြင်းကို အောင်မြင်ရရှိခွင့်ပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်က ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို တစ်ခါမျှ တွေ့ကြုံခံစားခဲ့ဖူးတာမျိုး မရှိပေမဲ့၊ ဘုရားသခင်က တရားစီရင်ခြင်းအမှုတော်ကို ထပ်လုပ်ဖို့ လာဦးမယ်ဆိုတာကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုခြင်းတွေရှိတယ်၊ ပြီးတော့ သခင်ယေရှုရဲ့ ပရောဖက်ပြုခြင်းတွေကလည်း အတိအကျကိုပြည့်စုံမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်” ဟု ပြောခဲ့ပါသည်။ ကျွန်တော်ထိုသို့ပြောသည်ကို သူမ ကြားသည့်အချိန်တွင်၊ သူမက နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်ပါသည်။

သခင်နှင့် ပြန်လည်ဆုံစည်းပြီး၊ ကျွန်တော့်ရှာဖွေခြင်း နေ့ရက်များကို နှုတ်ဆက်ခြင်း

ကျွန်တော် သတိမပြုမိသည့်အချိန်တွင်ပင်၊ ကျွန်တော်တို့က စကားပြောနေခဲ့သည်မှာ နာရီပေါင်းများစွာ ကြာခဲ့ပြီး၊ မိုးလည်း ချုပ်ခဲ့ပြီ ဖြစ်သည်။ ကျွန်တော်က အစ်မဝူကို သိလိုစိတ်ဖြင့် “ကျွန်တော်တို့ ဒီနေ့ဖတ်တဲ့ဟာတွေအားလုံးကို ဘယ်သူက ရေးတာလဲ။ အဲဒါတွေက အရမ်းနှစ်လိုဖွယ်ကောင်းပြီး၊ အလင်းအပြည့်နဲ့၊ ပြီးတော့ ကျွန်တော်လည်း တစ်ခါမျှ မကြားခဲ့ဖူးဘူး။ ဒါတွေက လူသာမာန်တစ်ယောက် ပြောနိုင်တဲ့ အရာတွေလို့တော့ ကျွန်တော်မထင်ပါဘူး” ဟု မေးခဲ့သည်။

အစ်မဝူက ပျော်ရွှင်စွာဖြင့် “ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ အစ်ကို့ကို ဖတ်ပြတဲ့ နှုတ်ကပတ်တော်တွေက သာမာန်လူတစ်ယောက် ပြောခဲ့တဲ့ စကား ဧကန်မုချကို မဟုတ်ရပါဘူး။ ဒါတွေက ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေပါ။ ဘုရားသခင်က သူ့အမှုတော်တွေကို ပြုဖို့အတွက် လူတွေဆီကို ပေါ်ထွန်းခဲ့ပြီးဖြစ်တဲ့အပြင်၊ သူ့အသံတော်ကို ကြားနိုင်၊ နားလည်နိုင်တဲ့သူတွေက ကောင်းကြီးမင်္ဂလာခံစား ရတာပဲ” ဟုဖြေကြားခဲ့လေသည်။ ကျွန်တော်က ၎င်းတို့မှာ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေဖြစ်ကြောင်း ကြားသည့်အချိန်တွင် မယုံနိုင်စွာပင် ပျော်ရွှင်ပြီး၊ စိတ်လှုပ်ရှားခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့မြင်ဖို့ အခွင့်ထူးရလိမ့်မည် ဟု တစ်ခါမျှ စိတ်မကူးခဲ့ပါ။ ကျွန်တော်သည် အလွန်ပင် ကံကောင်းထောက်မပါသည်။ ကျွန်တော်က ပို၍ ကြားလိုသော်လည်း၊ အချိန်နှောင်းနေခဲ့ပြီ ဖြစ်သောကြောင့် ကျွန်တော်တို့ မိတ်သဟာယပြုခြင်းကို ဆက်ရန် နောက်နေ့တွေ့ဆုံဖို့ သဘောတူခဲ့သည်။

နောက်နေ့များတွင် အစ်မဝူ၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုခြင်းမှတစ်ဆင့် ကျွန်တော်သည် လူ့ဇာတိခံယူခြင်း၊ လူ့အလုပ်နှင့် ဘုရားသခင်၏ အလုပ်တို့အကြား ကွာခြားချက်၊ မှန်သည့် လမ်းခရီးနှင့် မှားသည့် လမ်းခရီးများကို မည်သို့ခွဲခြားသိမြင်ပုံ၊ ဘုရားသခင်၏ နာမတော်ဆိုင်ရာ သမ္မာတရားများ နှင့် စသည်တို့အကြောင်း သမ္မာတရားဆိုင်ရာ ရှုထောင့်များကို ကျွန်တော်နားလည် လာခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤသမ္မာတရားများကို အလွန်ပြတ်သားစွာ ရှင်းပြတော်မူပြီး ဖြစ်သောကြောင့် အစ်မဝူ၏ မိတ်သဟာယတွင် အလင်းရှိကြောင်းကို ကျွန်တော်မအံ့သြပဲ မနေနိုင်ခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အသက်တာ၏ အသက်ရေနှင့် ဝိညာဉ်ရေးဆိုင်ရာတို့ကို ထောက်ပံ့သည့် စမ်းချောင်း ဖြစ်ပြီး၊ ကျွန်တော်က အလွန်အထောက်အပံ့ ရသည်ဟု ခံစားခဲ့ရပါသည်။

ထို့နောက်တွင် ကျွန်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ် ဖတ်ရှုပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်တွင် ကျွန်တော့် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်အသက်တာ၌ မကြာခဏ ပါဝင်ခဲ့ပါသည်။ စုံစမ်းစစ်ဆေးခြင်း ကာလပြီးနောက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း ကျွန်တော် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ပါဝင်ပူးပေါင်းခဲ့သည်။ ယနေ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်တွင် ကျွန်တော့်အသက်တာသည် ကြီးမားသည့် ချစ်ခင်ဖွယ် မိသားစုတစ်ခု၏ တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။ ကျွန်တော်သည် ကျွန်တော့်ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် မကြာခဏ မိတ်သဟာယပြုပြီး၊ ဘုရားသခင်၏ ပိုလျှံသော ထောက်ပံ့မှုဆိုင်ရာ မဆုံးနိုင်သည့် ပံ့ပိုးမှုကို နှစ်သက်ခံစားပြီး၊ ကျွန်တော့် ရှာဖွေခြင်းနေ့ရက်များ အဆုံးသတ်ခဲ့ပါသည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ခပ်သိမ်းသော အမှုကိစ္စတွင် အနန္တတန်ခိုးရှင် ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။

အမှာစကား ချန်ခဲ့မည်