စာရင်း

သုံးပါးတစ်ဆူ၏ နက်နဲမှုကို စူးစမ်းစစ်ဆေးခြင်း၊ ကျွန်မသည် ခမည်းတော်နှင့် သားတော် တို့၏ ဆက်နွယ်မှုကို နားလည်သဘောပေါက်ခဲ့သည် (၂)

ဒန်ဒန် အမေရိကန်နိုင်ငံ

ခမည်းတော်နှင့် သားတော်တို့၏ ယူဆချက် နောက်ကွယ် မှ အကြောင်းအရင်း

ထို့နောက် ကျွန်မက “ညီမရေ၊ ကျွန်မမှာ နောက်ထပ် မေးခွန်းတစ်ခုရှိတယ်။ ဘုရားသခင်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် ဆိုရင်၊ ဘာကြောင့် သခင်ယေရှုက သူတပည့်တော်တွေကို ဆုတောင်း နည်းသင်ပေးတဲ့အချိန်မှာ ဘုရားသခင်ကို ကောင်းကင်ဘုံက ခမည်းတော်လို့ ခေါ်ခဲ့တာလဲ။ ပြီးတော့ ကိုယ်တော်က ဗိတ္တိဇံခံယူချိန်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်က သခင်ယေရှုဟာ ဘုရားသခင်ရဲ့ ချစ်သောသားဖြစ်ကြောင်း ဘာဖြစ်လို့ သက်သေခံ ခဲ့တာလဲ။ အဲဒါက ဘာကို ဆိုလိုတာလဲ” ဟု သူမကို မေးခဲ့ပါသည်။

ညီမကီကီက ကျွန်မကို “ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအားလုံးဟာ သမ္မာတရား ဖြစ်ကြောင်း နဲ့ ကျွန်မတို့ အလွယ်တကူ နားလည် သဘောပေါက်နိုင်မှာ မဟုတ်ကြောင်းတို့ကို ကျွန်မတို့ သိပြီးသားပါနော်။ သမ္မာကျမ်းစာထဲမှာ ခမည်းတော်နဲ့ သားတော် အဖြစ် ညွှန်းဆိုတဲ့အရာကတော့ သခင်ယေရှု က ဇာတိပကတိမှာ အလုပ်လုပ်နေတဲ့ အချိန်သာ ဖြစ်တယ်ဆိုတာကို ကျွန်မတို့ ပထမဆုံး နားလည်သဘောပေါက်ထားရပါမယ်။သခင်ယေရှုအနေနဲ့ ဘုရားသခင်က ဇာတိပကတိဖြစ်လာတယ်။ အကြောင်း ကတော့ ရွေးနှုတ်ခြင်းအမှုတော်အားဖြင့် အဲဒါကို လိုအပ် ရခြင်းသာလျှင် အဲဒီရှုထောင့် တည်ရှိရတဲ့ အကြောင်းအရင်းလည်း ဖြစ်တယ်။ဘုရားသခင် ဇာတိပကတိ မဖြစ်လာခင်က ခမည်းတော်နဲ့ သားတော်ဆိုပြီးတော့ ဓမ္မဟောင်းကျမ်းထဲမှာ ပြောပြထားခဲ့တာမျိုး မရှိပါဘူး။ဒါ့ကြောင့် ဘုရားသခင်ရဲ့ ဝိညာဉ်တော်က သူ့ ဇာတိခန္ဓာ တည်ရှိမှုကို ချစ်သောသားလို့ ဘာဖြစ်လို့ခေါ်ခဲ့ရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ သခင်ယေရှုက လူသားတွေကြားမှာ လျှောက်သွားဖို့ လူ့ဇာတိခံယူတဲ့ ပထမဆုံး ဘုရားသခင် ဖြစ်ခဲ့လို့ပါ။ ဘယ်လူသားကမှ ဘုရားသခင်ကို မသိခဲ့တဲ့ အပြင်၊ သူတို့မှာ လူ့ဇာတိခံယူခြင်းဆိုင်ရာ ရှုထောင့်ဆိုလို့ တကယ်ကို လုံးဝ မရှိပါဘူး။ သခင်ယေရှုက သူဟာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်တယ်လို့ ပြောခဲ့ရင်၊ အဲဒီအချိန်က လူတွေဟာ အဲဒါကို ဧကန်မုချကို လက်ခံနိုင်စွမ်း မရှိခဲ့တဲ့အပြင်၊ သူတို့က ကိုယ်တော့်ကို အရူးအမူးကို ခုခံပြီး၊ ပြစ်တင်ရှုတ်ချကြမှာသာ ဖြစ်ပါတယ်။ သခင်ယေရှုက ရွေးနှုတ်ခြင်းအမှုတော်ကို ပြုနေတဲ့ အားလျော်စွာ လူတွေက ကိုယ်တော့်ကို ယုံကြည်ဖို့ နဲ့ လိုက်လျှောက်ဖို့အတွက်အပြင်၊ ကိုယ်တော့်ကို သူတို့ရဲ့ ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံဖို့ လုံလောက်ပြီ ဖြစ်တယ်။ လူတွေက ဘုရားသခင်ကို ပိုပြီးမြင့်မြတ်တဲ့ နားလည်သဘောပေါက်မှု ရှိဖို့ မလိုအပ်ခဲ့ဘူး။ ဒါ့ကြောင့် ဘုရားသခင်က လူတွေရဲ့ တကယ့် ဝိညာဉ်အသက်တာ အတိုင်း အလုပ်လုပ်ခဲ့ပြီး၊ သခင်ယေရှုကိုလည်း ဝိညာဉ်တော်ရဲ့ အနေအထားကနေပြီးတော့ ဘုရားသခင် ရဲ့ ချစ်သောသား အနေနဲ့ သက်သေခံခဲ့ ရခြင်းသာ ဖြစ်ပါတယ်၊ အဲဒီနည်းနဲ့ လူတွေက နားလည် သဘောပေါက်နိုင်ကြတယ်။ သခင်ယေရှုက ကောင်းကင်ဘုံ ခမည်းတော်မှာ ဝိညာဉ်တော်ကို ခေါ်တဲ့အခါမှာ ကိုယ့်ကိုကိုယ် နှိမ့်ချမှုနဲ့ ဘုရားသခင်ကို ဆက်ကပ်အပ်နှံမှုတို့ကို ပြဖို့ဖြစ်ပါတယ်။ သခင်ယေရှုက ကားစင်အတင်မခံရခင်မှာ သာမာန်ဇာတိပကတိမှာ ကိုယ်တော်ဟာ မှီတင်းအခြေချခဲ့တယ်၊ ဘုန်းတော်နဲ့ ပြည့်ဝတဲ့ ခန္ဓာ နဲ့ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း သူဟာ ဖန်ဆင်းခံသတ္တဝါတစ်ယောက်ရဲ့ အနေအထားမှာ ရပ်တည်ပြီးတော့ ကောင်းကင်ဘုံက ဘုရားသခင်ကို သူ့ခမည်းတော်လို့ ခေါ်ခဲ့တာ ဖြစ်တယ်”ဟု ပြောကာ ပို၍ များပြားသော ဆွေးနွေးချက်များဖြင့် ဝေငှခဲ့သည်။

ညီမကီကီရဲ့ ဆွေးနွေးချက်က ကျွန်မကို အတော်အတန် တို့ထိခဲ့ပါသည်။ ကျွန်မက “ညီမရေ၊ အခုတော့ ကျွန်မ သဘောပေါက်ပါပြီ။ ဘုရားသခင်က ကျွန်မတို့ကို ရွေးနှုတ်ကယ်တင်ဖို့အတွက် လူ တစ်ယောက်ဖြစ်လာအောင် သူ့ကိုယ်သူ နှိမ့်ချတော်မူ ခဲ့ပြီး၊ သခင်ယေရှုကလည်း အမှန်တကယ်ကို ဘုရား သခင် ဖြစ်တယ်။ ကိုယ်တော်ဟာ သူ့ကိုယ်ပိုင် လက္ခဏာ ကို လုံးဝ ထုတ်ဖော်တာ မရှိပေမဲ့လည်း၊ လူသားမျိုးနွယ် အတွက် ရွေးနှုတ်ကယ်တင်ခြင်းအမှုတော်ကို တိတ်တဆိတ် ပြုတော်မူခဲ့တယ်။ ဘုရားသခင်ဟာ ဝိညာဉ်တော် မှာ ဖြစ်စေ၊ ဇာတိပကတိမှာဖြစ်စေ၊ ကိုယ်တော့်ကို ခမည်းတော်လို့ ခေါ်ပါစေ၊ သားတော်လို့ ခေါ်ပါစေ၊ ကိုယ်တော်ဟာ တကယ်တော့ တစ်ခုတည်း သော ဝိညာဉ်တော်၊ တစ်ပါးတည်းသော ဘုရားသခင်သာ ဖြစ်တယ်”ပြောလိုက်သည်။

ညီမကီကီက လက်မထောင်ပြသည့် အမှတ်အသားလေးကို သဘောကျစွာဖြင့် ပေးပို့ကာ “အဲဒါ အမှန်ပဲ။ ဘုရားသခင်က လူသားပုံစံနဲ့ ဇာတိပကတိ ဖြစ်လာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကျွန်မတို့ လူသားတွေအနေနဲ့ ကျွန်မတို့အတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လူသားတွေအနေနဲ့ လိုအပ်နေလို့ပဲ၊ ဒါပေမဲ့ အနှစ်သာရ အရဆိုရင်တော့ ကိုယ်တော်ဟာ တစ်ချိန်လုံး ဘုရားသခင် ကိုယ်တော်တိုင် သာ ဖြစ်တယ်။” ဟု ပြောခဲ့သည်။

ကျွန်မက သုံးပါးတစ်ဆူ ၏ သမ္မာတရားကို နားလည်သဘောပေါက်ပြီးနောက်တွင် ဘုရားသခင်ကို တစ်ပိုင်းတစ်စီ အနေဖြင့် လုံးဝ တစ်ဖန် မတွေးတော့ပါ

ညီမကီကီက ကျွန်မဖတ်ရန် နောက်ထပ် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ခုကို ပေးပို့လိုက်သည်။ ကျွန်မက အလွန်စိတ်အားထက်သန်စွာဖြင့် ဖတ်ရှုခဲ့ပါသည်။ “အဘယ်ကြောင့်ဆိုသော် ခေတ်ကာလများသည် မတူကြသကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အမှုသည်လည်း ကွဲပြားသောကြောင့်၊ သူသည် သူ၏ အမှုကို မတူကွဲပြားသော နယ်ပယ်များအတွင်းတွင် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ဤနည်းဖြင့်၊ သူကိုယ်စားပြုသော ပင်ကိုလက္ခဏာသည်လည်း ကွဲပြားသွားသည်။ လူက ယေဟောဝါသည် ယေရှု၏ ခမည်းတော်ဖြစ်သည်ဟု ယုံကြည်သည်၊ သို့သော် ‘ငါတို့သည် ဘယ်သောအခါမျှ ခမည်းတော်နှင့် သားတော်ဟူ၍ ခွဲခြားမနေ။ ငါနှင့် ကောင်းကင်ဘုံရှိ ခမည်းတော်သည် တစ်ဦးတည်း ဖြစ်၏။ ခမည်းတော်သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏၊ သားတော်ကို မြင်သောသူသည်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်ကို မြင်၏။’ ဟုပြောဆိုခဲ့သည့် ယေရှုက ဤအရာကို အသိအမှတ်မပြုခဲ့ပေ။ အနှစ်ချုပ်အားဖြင့်၊ ခမည်းတော်ဖြစ်စေ၊ သားတော်ဖြစ်စေ၊ ၎င်းတို့သည် သီးခြား ပုဂ္ဂိုလ်များအဖြစ်သို့ ခွဲခြားမခံရဘဲ၊ ဝိညာဉ်တော် တစ်ပါးတည်းဖြစ်သည်။ လူက ရှင်းပြရန် ကြိုးစားသည်နှင့်တစ်ပြိုင်နက်၊ ကိစ္စရပ်များသည် ကွဲပြားသော ပုဂ္ဂိုလ်များနှင့်ဆိုင်သည့် ထင်မြင်ယူဆချက်အပြင် ခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော်တို့ အကြားရှိ ဆက်နွှယ်မှု တို့ဖြင့် ရှုပ်ထွေးသွား၏။ လူသည် သီးခြား ပုဂ္ဂိုလ်များနှင့်သက်ဆိုင်၍ ပြောသောအခါတွင်၊ ဤသည်မှာ ဘုရားသခင်အား ရုပ်ဝါဒသဘောသို့ သွင်းလိုက်သည် မဟုတ်လော။ လူသည် ပုဂ္ဂိုလ်များအား ပထမ၊ ဒုတိယနှင့် တတိယဟူ၍ပင် သတ်မှတ်ကြသည်။ ဤအရာ အားလုံးသည် လူ၏ စိတ်ကူးစိတ်သန်းများသာ ဖြစ်ကြပြီး၊ ရည်ညွှန်းခြင်းငှာ မထိုက်တန်သကဲ့သို့ လုံးဝ လက်တွေ့မကျပေ။...ယေဟောဝါသည် ဝိညာဉ်တော်ဖြစ်သည်၊ ထို့ကြောင့် ယေရှု၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည်။ ယခုနောက်ဆုံးသော ကာလတွင်၊ အမှုပြုနေသေးသည်မှာ ဝိညာဉ်တော် ဖြစ်သည်ကို ပြောစရာပင်မလိုပေ၊ ၎င်းတို့သည် အဘယ်သို့ မတူကွဲပြားသော ပုဂ္ဂိုလ်များ ဖြစ်နိုင်မည်နည်း။ ကွဲပြားခြားနားသော ရှုထောင့်များမှ ဝိညာဉ်တော်၏ အလုပ်အား ဆောင်ရွက်နေသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် သက်သက် ဖြစ်သည် မဟုတ်လော။ ထိုသို့ဖြင့် ပုဂ္ဂိုလ်များကြားတွင် ကွဲပြားချက် မရှိပေ။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့သည်၊ မလွဲဧကန် သူ၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အတိအကျ ဖြစ်ပေသည်။ ယေဟောဝါက ဆောင်ရွက်ခဲ့သည့် အမှု၏ ပထမအဆင့်တွင်၊ သူသည် လူ့ဇာတိ မခံယူခဲ့သကဲ့သို့၊ လူ့ထံသို့လည်း မပေါ်ထွန်းခဲ့ပေ။ ထို့ကြောင့် လူသည် သူ၏ မည်သည့်အသွင်ပြင်ကို လုံးဝ မမြင်ခဲ့ရပေ။ သူသည် မည်မျှ ကြီးမြတ်ကာ မည်မျှမြင့်မားခဲ့သည်ဖြစ်စေ၊ သူသည် ဝိညာဉ်တော်၊ လူအား ဦးစွာ ဖန်ဆင်းခဲ့သည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့သည်။

သူမက ဆက်လက်ပြီး “ကျွန်မတို့လို့ ယုံကြည်သူတွေက ကျွန်မတို့ စိတ်ကူးတွေနဲ့ ထင်မြင်ချက်တွေပေါ်မှာ အခြေခံပြီး ဘုရားသခင်ကို သုံးပိုင်းခွဲခဲ့ကြတယ်၊ ပြီးတော့ ဘုရားသခင်က ခမည်းတော်၊ သားတော်၊နဲ့ သန့်ရှင်းသောဝိညာဉ်တော် ဆိုပြီး သုံးပါးရှိကြောင်း ကျွန်မတို့က မမှန်ကန်စွာ သတ်မှတ်ကြတယ်။ အဲဒီအပြင်ကို အဲဒါကပဲ သမ္မာတရားဖြစ်တဲ့ အနေနဲ့ ဒီအတွေးမှားခြင်းကို ကျွန်မတို့က ဆုပ်ကိုင်ထားကြတယ်၊ အဲဒါက ကျွန်မတို့ ယုံကြည်မှုမှာ ဘုရားသခင်ရဲ့ အမှုတော် ကို လုံးဝ နားလည်သဘောပေါက်ခြင်း မရှိကြောင်း နဲ့ ကျွန်မတို့ဟာ အမှန်တကယ် မာနထောင်လွှားပြီး၊ ဆင်ခြင်တုံတရားကင်းမဲ့ကြောင်း တို့ကို ပြနေတာပဲ။ အခုတော့ ဒီနေ့ ဆွေးနွေးချက်ကနေပြီး ဘုရားသခင်က တစ်ပါးတည်းရှိပေမဲ့ ဘုရားသခင်ရဲ့ အမှုတော်ဟာ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲကြောင်းအပြင်၊ သူ့အမှုတော်ရဲ့ သဘာဝ မှာ အပြောင်းအလဲ ရှိရင်ရှိသလိုမျိုး၊ အဲဒီလိုပဲ ကျွန်မတို့ ဖောက်ပြန် ပျက်စီးတဲ့ လူသားမျိုးနွယ်က လိုအပ်ရင် လိုအပ်သလိုမျိုး ‘ဇာတိပကတိနဲ့ဖြစ်စေ၊ ဝိညာဉ်တော်နဲ့ ဖြစ်စေ’ ပြောင်းလဲဖို့ သူဟာ နည်းလမ်းအမျိုးမျိုးနဲ့ အလုပ်လုပ် ဖို့ကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ အစ်မရေ၊ အစ်မဘာပြောမလဲ။ သခင်ယေရှုက ဒီနေ့ပြန်ကြွလာခဲ့ပြီး၊ ကွဲပြားတဲ့ အသွင်အပြင်နဲ့ နောက်တစ်ခါ ဇာတိပကတိကို ယူတင်ဝတ်ဆင်လာခဲ့မယ်ဆိုင်ရ ကိုယ်တော်ရယ်၊ ယေဟောဝါဘုရားသခင်ရယ်၊ သခင်ယေရှုရယ် ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်ရယ် တို့ကြားက ဆက်နွယ်မှု ဟာ ဘာဖြစ်မယ်လို့ အစ်မထင်သလဲ”ဟု ဆွေးနွေး ခဲ့သည်။

ကျွန်မက အနည်းငယ်တွေးလိုက်ပြီး၊ ညီမကီကီ ကျွန်မကို ပို့လိုက်သည့် စာတိုကို ဖတ်ရှုခဲ့ပါသည်၊ “ယေဟောဝါသည် ဝိညာဉ်တော်ဖြစ်သည်၊ ထို့ကြောင့် ယေရှု၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည်။ ယခုနောက်ဆုံးသော ကာလတွင်၊ အမှုပြုနေသေးသည်မှာ ဝိညာဉ်တော် ဖြစ်သည်ကို ပြောစရာပင်မလိုပေ၊ ၎င်းတို့သည် အဘယ်သို့ မတူကွဲပြားသော ပုဂ္ဂိုလ်များ ဖြစ်နိုင်မည်နည်း။ ကွဲပြားခြားနားသော ရှုထောင့်များမှ ဝိညာဉ်တော်၏ အလုပ်အား ဆောင်ရွက်နေသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် သက်သက် ဖြစ်သည် မဟုတ်လော။ ထိုသို့ဖြင့် ပုဂ္ဂိုလ်များကြားတွင် ကွဲပြားချက် မရှိပေ။” ထို့နောက် ကျွန်မက သေချာစွာဖြင့် “ကိုယ်တော်ဟာ တစ်ပါးတည်းသော ဘုရားသခင်သာ ဖြစ်နေဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က ဇာတိပကတိကို ယူတဲ့အချိန်မှာ အဲဒါက ဘယ်လို ခန္ဓာမျိုးဖြစ်ပါစေ၊ ဘုရားသခင်က လူ့ဇာတိခံယူတဲ့နောက်တော့ အဲဒါဟာ ဘုရားသခင်ပဲ ဖြစ်ပါတယ်၊ အဲဒါမမှန်ဘူးလား” ဟု ပြောခဲ့သည်။ ညီမကီကီက ပျော်ရွှင်စွာဖြင့် “ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။ အဲဒါ အမှန်ပါပဲရှင်” ဟု ပြောခဲ့ပါသည်။ ကျွန်မက “ညီမကီကီ ရေ သုံးပါးတစ်ဆူနဲ့ပတ်သက်ပြီး သင်းအုပ်ဆရာက ကျွန်မက ရိုးစင်းတဲ့ အဖြေ မပေးနိုင်ခဲ့ပေမဲ့ ဒီနေ့ ညီမနဲ့ ဒီဆွေးနွေးချက်တစ်ခုနဲ့တင် ကျွန်မ နားလည်ခဲ့ရပြီ။ ကျွန်မ ဒီအတွက် ဘုရားသခင် ကျေးဇူးတော်ကို တကယ်ကို ချီးမွမ်းပါတယ်။ ဘုရားသခင်အကြောင်းကို ညီမက စာတွေအများကြီးဖတ်ခဲ့တာကို ကျွန်မ တွေ့ရပါတယ်။ ညီမ က အစ်မကို ပို့ပေးသမျှကလည်း အရမ်းရှင်းလင်းပါတယ်၊ သမ္မာကျမ်းစာထက်တောင် ပိုလွယ်ကူလှပါတယ်” ဟု တုံ့ပြန်ခဲ့ပါသည်။

ကျေနပ်အားရစွာဖြင့် ညီမကီကီက “ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျွန်မက ယုံကြည်သူဖြစ်တာ နှစ်အနည်းငယ်သာ ရှိပါသေးတယ်။ ကျွန်မက ဒီ ‘သိုးသငယ်ဖွင့်သည့် စာစောင်’စာအုပ်ကို မဖတ်သေးခင်အထိ ယုံကြည်မှုဆိုင်ရာ နက်နဲမှုတွေအများကြီးကို နားမလည်ခဲ့ပါဘူး။”

“‘သိုးသငယ်ဖွင့်သည့် စာစောင်’ တဲ့လား။ ကျွန်မကို ညီမပို့ပေးလို့ရမလားဟင်။ ကျွန်မ ယုံကြည်မှု မှာ တကယ်ကို ပိုပြီးနားလည် သဘောပေါက် ချင်ပါတယ်”

ညီမကီကီက “စိတ်ချလိုက်၊ အစ်မကို မိထ္ထူတစ်စုံ ပို့လိုက်မယ်” ဟု ပြောခဲ့သည်။

သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်းနှင့် ကယ်တင်ခြင်း လမ်းကြောင်း ပေါ်သို့ ခြေလှမ်းလှမ်းခြင်း

နောက်ပိုင်းတွင် ညီမကီကီက ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့်၊ ကိုယ်တော့်နာမတော်၏ နက်နဲမှုများနှင့် စစ်မှန်သောခရစ်တော်နှင့် ခရစ်တော် အတုအယောင်တို့အကြား ထိုးထွင်းသိမြင်ခြင်း စသည့် သမ္မာတရားဆိုင်ရာ ရှုထောင့်များကို ကျွန်မနှင့် ဆွေးနွေးခဲ့သည်။ နောက်ဆုံးတွင် သခင်ယေရှုက ပြန်ကြွလာပြီးပြီ ဖြစ်ကြောင်းနှင့် ကိုယ်တော်သည် ဇာတိပကတိဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ် ကြောင်း ပြောခဲ့ပါသည်။ ကျွန်မတို့ စုဝေးပွဲတွင် ကျွန်မတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း ဆွေးနွေးခဲ့ပြီး၊ ဖတ်ရှုခဲ့ပါသည်။ ကျွန်မက သခင်ယေရှု ပြန်ကြွလာပြီဟု ကြားရသည်ကို ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ ယုံကြည်သူ ဖြစ်လာသည်မှာ သုံးလမျှပင် မရှိသေးသည့် နောက်ပိုင်း တွင် ထိုကဲ့သို့ အံ့သြဖွယ်ကောင်းသည့် အရာသည် ကျွန်မအတွက် ဖြစ်လာလိမ့်မည်ဟု ကျွန်မ မယုံကြည်ရဲခဲ့ပါ။ နောက်ပိုင်းတွင် ကျွန်မက သမ္မာ ကျမ်းစာထဲမှ သခင်ယေရှု၏ နှုတ်ကပတ်တော်ကို အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် များဖြင့် နှိုင်းယှဉ်ကာ၊ ညီမကီကီကို နေ့စဉ်နေ့တိုင်း မေးခွန်းများ မေးမြန်းခဲ့ပါသည်။ ကျွန်မ အံ့သြရသည်မှာ ကျွန်မ၏ မေးခွန်းများအားလုံးတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဖြေရှင်းပြီး ဖြစ်ရခြင်းပင် ဖြစ်ပါသည်။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ဖန်တီးသည့် အွန်လိုင်းမှ ဗီဒီယိုများ၊ ပြဇတ်တိုများ၊ ထက်မြက်သော ခွန်းတုံ့လှယ်မှု၊ ဓမ္မသီချင်းများ နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို ရွတ်ဆိုခြင်းများ စသည် တို့ကိုလည်း ကြည့်ရှုခဲ့ပါသည်။ ကျွန်မက “သူတို့တွေက ဒီနှစ်အနည်းငယ်ထဲမှာ ဒါတွေအားလုံးကို လုပ်ခဲ့ကြတာ။ အဲဒါဟာ ဘုရားသခင်၏ တန်ခိုး မဟုတ်ဘူးလား။ ဘုရားသခင်ဆီက လာတဲ့အရာသာလျှင် တက်ကြွ အားမာန်အပြည့်ရှိနိုင်မှာ ဖြစ်တယ်။ သခင်ယေရှုက တစ်ချိန်က ‘ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၈) လို့ မိန့်တော်မူခဲ့တယ်။ သခင်က အစစ်အမှန်ကို ပြန်ကြွ ခဲ့ပြီးဖြစ်တယ်ဆိုတာ ငါရုတ်တရက်ကြီး ရှင်းရှင်း လင်းလင်း သိလာရတယ်”ဟု မိမိဘာသာ တွေးမိ ပါသည်။

ကျွန်မက အပြင်းအထန် စုံစမ်းစစ်ဆေးခြင်း ကာလတစ်ခုအပြီးနောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်ကြောင်းကို သံသယကင်းကင်းဖြင့် သေချာလာခဲ့ ပါသည်။ သခင်က လူ့ဇာတိကို တစ်ဖန်ခံယူခဲ့ပြန်သည်၊ ကိုယ်တော်က ပေါ်ထွန်းခဲ့ပြီးဖြစ်သည့်အပြင်၊ အလုပ်လုပ် နေသည်။ ဤဘုရားသခင့်နှုတ်ကပတ်တော်များ၏ ဓမ္မ သီချင်းများ ကို တေးညဉ်းရင်းဖြင့်၊ ကျွန်မနှလုံးသားတွင် ပြောမပြနိုင်လောက်အောင် ဝမ်းမြောက်ခြင်းတစ်ခုကို ခံစားခဲ့ရပါသည်။ “သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များကို နာခံနိုင်သောသူအားလုံးသည် မင်္ဂလာရှိကြ၏။...သင်တို့သည် ဘုရားသခင်၏ အသံကို တိုက်ရိုက် ကြားရပြီး ဘုရားသခင် ပေါ်ထွန်းခြင်းကို မြင်ကြရသည်၊ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးနှင့် ခေတ်ကာလများတစ်လျှောက်လုံးတွင် ဤလူစုဖြစ်သည့်‌ သင်တို့ထက် မည်သူမျှ ကောင်းချီးမခံစားကြရလေပြီ။

အပိုင်း ၁-

အမှာစကား ချန်ခဲ့မည်