စာရင်း

အပြစ်မှ သန့်စင်ခံရဖို့လမ်းကို ကျွန်မ တွေ့ခဲ့ပြီ

ရာမဒီ ဖိလစ်ပိုင်

သခင့်ကို နှစ်များစွာ ယုံကြည်ခဲ့သည့် ခရစ်ယာန် တစ်ယောက် အနေဖြင့် သင်းအုပ်ဆရာများက သူတို့၏ ဒေသနာများတွင် “ကျွန်တော်တို့လို ယုံကြည်သူတွေက ကျွန်တော်တို့ အပြစ်တွေကနေ ရွေးနှုတ်ခံရပြီး၊ အပြစ် ဖြေခဲ့ပြီး ဖြစ်တယ်။ သခင်ကြွလာတဲ့အချိန်မှာ၊ ကိုယ်တော် က ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော် ထဲကို တိုက်ရိုက်ချီဆောင်လိမ့်မယ်” ဟု ပြောသည်ကို ကျွန်မ မကြာခဏ ကြားဖူးပါသည်။ သို့သော်လည်း ကျွန်မက သခင့်ကို ပြန်ကြွလာရန် နှင့် ကျွန်မတို့အား ကောင်းကင်နိုင်ငံတော်တွင်းသို့ ခေါ်ဆောင်ရန် စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့စဉ်တွင်၊ ကျွန်မအတွက် အထူးသဖြင့် နာကျင်ဖွယ်နှင့် စိတ်ရှုပ်ထွေးဖွယ် တစ်စုံ တစ်ခု ဖြစ်ပျက်ခဲ့ပါသည်။

ကျွန်မ ယုံကြည်သူ တစ်ယောက် ဖြစ်လာပြီး နောက်တွင် ကျွန်မက နှုတ်ကပတ်တော်ကို ဖတ်၊ ဆုတောင်းပြီး၊ စုဝေးပွဲများကို တက်ရောက်ခဲ့သော်လည်း၊ ကျွန်မအတွက် အကျပ်ရိုက်ရသည်မှာ ကျွန်မက သခင့် သွန်သင်ချက်များကို ကျွန်မနေ့စဉ်အသက်တာတွင် ထိန်းသိမ်းကျင့်ကြံ နိုင်ခြင်းမရှိသည်ကို မိမိကိုယ်ကို မကြာခဏ တွေ့ရှိနေရခြင်း ဖြစ်ပါသည်။ကျွန်မတို့၏ အိမ်နီးချင်ကို မိမိတမျှ ချစ်ရန် နှင့် အခြားသူများကို ခုနှစ်ဆယ့်ခုနှစ်ကြိမ်တိုင်တိုင် ခွင့်လွှတ်ရန် သခင်က ကျွန်မတို့ကို ညွှန်ကြားခဲ့ကြောင်းကို ကျွန်မကောင်းစွာ သိရှိသော်လည်း၊ ကျွန်မ ခင်ပွန်းက ကျွန်မစကားကို နားမထောင်တိုင်း သို့မဟုတ် ကျွန်မနံဘေးမှ လူ တစ်ယောက်က ကျွန်မ မနှစ်သက်သည့် အရာ တစ်စုံတစ်ခုကို ပြုတိုင်း၊ ကျွန်မက စိတ်မဆိုးပဲ မနေနိုင်ပါ။ ကျွန်မက အပြစ်ရှိသည်ဟု ခံစားရပြီး၊ နောင်တရသည့်အပြင်၊ သခင့်ထံကို မကြာခဏ ဆုတောင်းပြီး၊ ဝန်ခံသော်လည်း၊ နောက်ထပ် အခြေအနေတစ်ခုကို ကျွန်မ တွေ့ကြုံရသည့်အခါတိုင်း ကျွန်မကိုယ်ကျွန်မ မထိန်းချုပ်နိုင်သေးပါ။ ထို့အပြင် ကျွန်မက စွဲဆောင်ခံရခြင်း၏ စုံစမ်းသွေးဆောင်မှုကို မအောင်မြင်နိုင်ပဲ၊ လောက ၏ ရေပန်းစားမှုများအားဖြင့် ချည်နှောင်ခံရသည်၊ ကျွန်မသည် အမြဲတမ်း လောကီ ဆိုင်ရာ ရေပန်းစားမှုများကို ရှာဖွေလိုက်စား လေ့ရှိသည်။ ကျွန်မက လှပသည့် အဝတ်အထည်များနှင့် မိတ်ကပ် တို့ကို စွဲမက်ခဲ့ပြီး၊ ပစ္စည်များ ဝယ်ယူခြင်းနှင့် မဝယ်ဘဲ လျှောက်ကြည့်ခြင်းတို့ အကြောင်းကို အဆက်မပြတ် တွေးတောနေခဲ့သည်။ ကျွန်မနှလုံးသားက ရုပ်ဝထ္ထု ပစ္စည်းကို သာယာမှုဖြင့် အပြည့်အဝ သိမ်းပိုက်ခံရပြီး၊ ကျွန်မက နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း သို့မဟုတ် နှုတ်ကပတ်တော် ဖတ်ရှုခြင်းတို့ထက် ပိုပြီး ထိုသို့သော အရေးကိစ္စများကို အချိန်ပိုအကုန်ခံခဲ့ပါသည်။ အချိန် အနည်းငယ် ကြာပြီးနောက် ကျွန်မက သမ္မာကျမ်းစာ ဖတ်ရှုလိုစိတ် နည်းသထက်နည်းလာပြီး၊ အသင်းတော် အစီအစဉ်များသို့ပင် အမှန်တကယ် မသွားလိုတော့သည့် အခြေအနေအထိပင် ရောက်ရှိလာခဲ့ပါသည်။ သခင်က ထိုသို့သော အမူအကျင့်မျိုးကို မနှစ်သက်ကြောင်း ကျွန်မသိထားသောကြောင့် အကျင့်စာရိတ္တပျက်ပြားသည့် ထိုလမ်းကြောင်းကို ဆက်မလျှောက်ဖို့ ကြိုးစားခြင်း တစ်ခုအနေဖြင့် ကျွန်မက သမ္မာကျမ်းစာ ဖတ်ရှုရန် နှင့် အွန်လိုင်းတွင် ဒေသနာများ ရှာဖွေရန် တို့အတွက် မိမိကိုယ်ကို တွန်းအားပေးခဲ့သည်။ သို့သော်လည်း ကျွန်မ အစီအစဉ်အတိုင်း တစိုက်မတ်မတ် လုပ်ဆောင်သည့်တိုင်၊ ကျွန်မနှလုံးသားတွင် ပျော်မွေ့ခြင်းမရှိပဲနှင့် ကျွန်မ အသက်တာကလည်း သခင့်နှုတ်ကပတ်တော်များထံမှ တိုး၍ဝေးကွာလာခဲ့သည်။ဤအကြောင်းနှင့် ပတ်သက်ပြီး ကျွန်မအသင်းတော် မိတ်ဆွေများထံသို့ ချဉ်းကပ်ခဲ့ သော်လည်း လူတိုင်းက ကျွန်မ ပို၍ ဆုတောင်းလေ၊ ကိုယ်တော်က ကျွန်မကို သနားကရုဏာနှင့် ချစ်ခြင်း မေတ္တာတို့ ပို၍ ပြသမည် ဖြစ်ကြောင်း၊ ကိုယ်တော်က ကျွန်မကို ခွင့်လွှတ်ပြီး၊ ကျွန်မ အပြစ်များကို လွတ်ငြိမ်းစေမည် ဖြစ်ကြောင်းကိုသာ လူတိုင်းက ပြောခဲ့ကြသည်။ သမ္မာကျမ်းစာထဲတွင် “လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄)အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။(ဟေဗြဲသြဝါဒစာ ၁၀:၂၆) ဟု ရှင်းလင်းစွာ ဖော်ပြထားသောကြောင့် သူတို့အဖြေများမှနေပြီး ကျွန်မ မည်သည့်စိတ်သက်သာရာကိုမျှ မရရှိခဲ့ပါ။ လူတိုင်းက ပြောသကဲ့သို့ပင် သခင်က ကျွန်မတို့ကို အကန့်အသတ်မရှိ ခွင့်လွှတ်မည် ဆိုပါက၊ ကျွန်မတို့ သခင့်ထံတွင် ဆုတောင်းသမျှ ကာလပတ်လုံး၊ ကျွန်မတို့အပြစ်များ လွှတ်ခံရမည်သာ ဖြစ်သောကြောင့် သမ္မာကျမ်းစာထဲတွင် ကျွန်မတို့က သမ္မာတရားဆိုင်ရာ သိကျွမ်းမှုကို လက်ခံရရှိပြီးနောက် မိမိအလိုလိုက်ပြီး အပြစ်ကျူးလွန် ပါက အပြစ်ဖြေရာယဇ် နောက်ထပ်မရှိတော့ ဟု အဘယ့်ကြောင့် ဆိုထားသနည်း။ အပြစ်ဖြေရာယဇ် မရှိပဲနှင့် ကျွန်မတို့က ကောင်းကင်နိုင်ငံသို့ မည်သို့ ဝင်ရောက်နိုင်မည်နည်း။ ကျွန်မနှလုံးသားထဲမှ ဤမေးခွန်းများကို နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့ပါ။ ကျွန်မက ဤအချက်အပေါ် မကြာခဏ စိတ်ညစ်ပြီး သခင့်ကို “အိုး သခင်၊ ကျွန်မက အပြစ်ကျူးလွန်ခြင်းပြီးနောက် အဲဒီအပြစ်တွေကို ဝန်ခံခြင်း အခြေအနေမှာ အဆက်မပြတ် အသက်ရှင် နေထိုင်နေပါတယ်၊ ကျွန်မ အရမ်းစိတ်ညစ်နေပါတယ်။ ကျွန်မ အပြစ်က ရုန်းထွက်လွတ်မြောက်ဖို့ ဘာလုပ်ရ မလဲ။ ကျွန်မ အဖြေကို ဘယ်မှာ ရှာနိုင်မလဲ။ သခင်၊ ဒီကိစ္စမှာ ကိုယ်တော့်အလိုတော်က ဘာလဲဆိုတာ ကျေးဇူး ပြုပြီး ပြောပြပါ။ အာမင်” ဟုဆုတောင်းခဲ့ပါသည်။

ထို့နောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ကျွန်မက တရုတ်ပြည်မှ အစ်မနှစ်ယောက်ကို အွန်လိုင်းတွင် တွေ့ရပြီး၊ သူတို့နှင့် စကားစမြည်ပြောဆိုခြင်းဖြင့် သူတို့ က ဘာသာရေးအလွန်ကိုင်းရှိုင်းသူများ ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ကျွန်မတို့ ယုံကြည်မှု နှင့် ပတ်သက်သည့် အကြောင်းမျိုးစုံကို ပြောခဲ့ကြပြီး၊ အပြန်အလှန် ဆက်သွယ်သည့် ကာလပြီးနောက်တွင် ကျွန်မက သူတို့နှင့် အမှန်တကယ် စတင်နီးစပ်လာသည်ဟု၊ ကျွန်မတို့ အချင်းချင်း နှလုံးသားများကို အမှန်တကယ် ဖွင့်ဟနိုင်သည်ဟု ခံစားလာခဲ့သည်။ သူတို့အသက်တာ များတွင် အမှန်တကယ် ဘာသာရေးကိုင်းရှိုင်းပြီး၊ သမ္မာကျမ်းစာထဲတွင် တမူထူးခြားသည့် နားလည် သဘောပေါက်မှု နှင့် အမြင်ရှုထောင့်တို့လည်း ရှိပါသည်။ သူတို့ ပေါင်းသင်းဆက်ဆံရေးက အမှန်တကယ် အလင်းပေးပြီး၊ ပျော်မွေ့ဖွယ်ဖြစ်သည်၊ သူတို့နှင့် နှုတ်ကပတ်တော်ကို နှိုက်နှိုက်ချွတ်ချွတ် စူးစမ်း လေ့လာ ရသည်ကို အမှန်တကယ် နှစ်သက်ပါသည်။

အစ်မတစ်ယောက်ဖြစ်သည့် ဆူဇန်က ကျွန်မကို အလွန်လေးနက်စွာဖြင့် "သခင်က ပြန်ကြွလာပြီးပြီ၊ သူက နောက်ဆုံးကာလက အမှုတော်ဖြစ်တဲ့ တရား စီရင်ခြင်း၊ သန့်စင်ခြင်း နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်ကို ပြုနေတာပါ" ဟု ပြောခဲ့သည်။

ဤအချက်ကို ကြားရာသည်မှာ ထိတ်လန့်အံ့သြပြီး ကျွန်မက “သခင်ယေရှုက ကားတိုင်တင်ခံရပြီးတော့၊ ကျွန်မတို့ အပြစ်တွေကနေ ရွေးနှုတ်ခဲ့ပြီးတဲ့အပြင်၊ ကိုယ်တော့်အမှုတော်ကို စုံလင်စေခဲ့ပြီ။ သခင်ကပြန်ကြွ လာတဲ့အချိန်မှာ သူက ကျွန်မတို့ကို ကောင်းကင် နိုင်ငံတော်ထဲကို တိုက်ရိုက်ယူဆောင်မသွားသင့်ဘူးလား။ သူက ဘာဖြစ်လို့ တရားစီရင်ခြင်းအမှုတော်ကိုလည်း ပြုဖို့လိုရတာလဲ။ ကိုယ်တော့်အမှုတော်က မစုံလင်သေးလို့ မဟုတ်နိုင်ဘူးလား” ဟု ပြောခဲ့သည်။

ပြန်ဖြေရာတွင် အစ်မလူစီက ကျွန်မနှင့် ဤဆွေးနွေးချက်ကို ဝေငှခဲ့သည်၊ “သခင်ယေရှုက ကားတိုင်ပေါ်မှာ သံမှိုစွဲခံရတဲ့ အမှုတော် စုံလင်ခဲ့ပြီး၊ ကျွန်မတို့ အပြစ်တွေက ရွေးနှုတ်ခံရပြီး၊ ကျွန်မတို့ ဟာလည်း အပြစ်ဖြေပြီးဖြစ်တယ် ဆိုတာတွေက အတိအကျ ကို မှန်ကန်ပါတယ်။ ဒါပေမဲ့လည်း ရွေးနှုတ် ကယ်တင်ခြင်းဆိုတာ ကျွန်မတို့က ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား။ ဘုရားသခင့်နှုတ်ကပတ်တော်ရဲ့ ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြရအောင်၊ ပြီးတော့ ကျွန်မတို့ နားလည်လာလိမ့်မယ်၊ ‘လူသည် သူ၏အနာရောဂါမှ ကုသပျောက်ကင်းခဲ့ပြီး သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ၎င်းအတွင်းရှိ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားများကို မည်သို့ ဖယ်ရှားရမည်ဆိုသည်အတွက်မူ၊ ဤအမှုကို လုပ်ဆောင်ဖို့ ရှိသေး၏။ လူသည် သူ၏ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝသည် ပပျောက်စေခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းအတွင်းရှိ ကျန်ရှိနေဆဲ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ဤအရာက လူသည် သူ၏အတွင်း၌ အပြစ်မရှိတော့ဟု မဆိုလိုပေ။ လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။’”

ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို သူမ ဖတ်ပြပြီးနောက်တွင် အစ်မဆူဇန်က “သခင်ယေရှုပြု ခဲ့တဲ့ အရာက ရွေးနှုတ်ခြင်းအမှုတော် ဖြစ်တယ်ဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မတို့ တွေ့မြင်နိုင်ပါတယ်။ ကိုယ်တော်က ကျွန်မတို့အပြစ် တွေကို ဖြေခဲ့ပြီး၊ ကျွန်မတို့ကို အပြစ်ကနေ ကယ်တင် ခဲ့တယ်။ ကျွန်မတို့က ပညတ်တော်ကို ထိန်းသိမ်းနိုင်ခြင်း မရှိတဲ့အပြင်၊ သခင့်ကယ်တင်ခြင်းရဲ့ ကျေးဇူးတော်ကို လည်း လက်ခံနိုင်ခြင်းမရှိလို့ ကယ်တင်ခံရတယ်ဆိုတာက စီရင်ခံရခြင်းမဟုတ်ဘူးလို့သာ ညွှန်းဆိုတာ ဖြစ်တယ်။ အဲဒါက သခင့်ရှေ့တော်မှောက်ကို လာရောက်ဖို၊ ဆုတောင်းဖို၊ ဝန်ခံဖို့နဲ့ နောင်တရဖို့အပြင်၊ ကျွန်မတို့ အပေါ်ကို သခင်ပေးအပ်နှင်းတဲ့ ကျေးဇူးတော်နဲ့ ကောင်းကြီးမင်္ဂလာတွေကို ပျော်မွေ့နိုင်ဖို့ တို့အတွက် အရည်အသွေး ပြည့်ဝလာပြီဖြစ်တာကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ အပြစ်ရှိတဲ့ သဘာဝတွေက မပယ်ရှားကြသေးဘူး။ ကျွန်မတို့က အပြစ်လုပ်ခြင်းနဲ့ ဝန်ခံခြင်း အခြေအနေတစ်ခုမှာ အသက်ရှင်နေထိုင်နေကြဆဲ ဖြစ်တယ်။ ဥပမာအားဖြင့် ကျွန်မတို့နေ့စဉ်အသက်တာတွေမှာ တခြားသူတွေနဲ့ ကျွန်မတို့ အပြန်အလှန်ဆက်သွယ်မှုတွေမှာ ကျွန်မတို့က မာနထောင်လွှားတဲ့ စိတ်သဘောထားတစ်ခုကို မကြာခဏ ထုတ်ဖော်တဲ့အပြင်၊ တခြားလူတွေက ကျွန်မ တို့ကို နားထောင်ဖို့နဲ့ ဆက်ကပ်အပ်နှံဖို့တို့ကို အမြဲတမ်း လိုချင်ကြတယ်။ သခင်ကို ကျွန်မတို့ယုံကြည်ပေမဲ့လည်း၊ ကိုယ်တော်က ကျွန်မတို့ နှလုံးသားတွေမှာ တကယ်နေရာ တစ်ခု မရထားဘူး။ အမြဲတမ်းလိုပဲ ကျွန်မတို့က လောကရဲ့ အရာတွေကို လိုချင်တက်မက်ပြီး၊ လောကီ ဆိုင်ရာ ရေးပန်းစားမှုတွေ နောက်ကို လိုက်နေကြတယ်။ တစ်ချို့လူတွေက လောကီဆိုင်ရာ ဘုန်းတန်ခိုးတွေ နဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့ ဇာတိပကတိရဲ့ ပျော်မွေ့မှုတွေကို ရှာဖွေတဲ့နေရာမှာ ဘုရားသခင်ကို လုံးလုံးလျားလျား တောင် စွန့်ပစ်ထားခဲ့ကြတယ်။ ကျွန်မတို့လို အပြစ်မှာ အသက်ရှင်နေထိုင်နေတဲ့ လူမျိုးတွေက ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော် ဝင်ရောက်ခြင်းကို ဘယ်လို ထိုက်တန်ကြမှာလဲ။ သခင်ယေရှုက ‘ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲ နေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) လို့ မိန့်တော်မူခဲ့တယ်။ သခင့်နှုတ်ကပတ်တော်တွေက အရမ်းကိုရှင်းလင်း ပါတယ်။ အပြစ်ရဲ့ ဘယ်ကျေးကျွန်ကမှ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲမှာ မရှိနိုင်တာကြောင့် ကျွန်မတို့ကလည်း မကြာခဏ အပြစ်ကျူးလွန်နေသေးတဲ့အားလျော်စွာ၊ ကျွန်မတို့က ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ အရည်အသွေး မပြည့်ပါဘူး။ ဒါ့ကြောင့် ကျွန်မတို့က အပြစ်ကနေသန့်စင်ခံရနိုင်ပြီး၊ ဘုရားသခင်နဲ့ သဟဇာတ ဖြစ်လာနိုင်ဖို့ အတွက် ကျွန်မတို့က ဘုရားသခင့် ကယ်တင်ခြင်းအမှုတော် နောက်ထပ် အဆင့်တစ်ခုကို လိုအပ်နေတဲ ဖြစ်တယ်။ မဟုတ်ဘူးဆိုရင်တော့ ကျွန်မတို့က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ဘုရားသခင်ရဲ့ အတည်ပြုချက်ကို မရရှိနိုင်ဘူး”ဟု ဆွေးနွေးခဲ့သည်။

ဘုရားသခင့်နှုတ်ကပတ်တော်တွေ ရဲ့ နှုတ်ကပတ်တော် တစ်လုံးချင်းစီနဲ့ ဒီအစ်မရဲ့ ဆွေးနွေးချက် က ကျွန်မဆီမှာ နက်ရှိုင်းစွာ အကျိုး သက်ရောက်စေခဲ့သည်။ ထို့ကြောင့် သခင်ယေရှု၏ အမှုတော်က ရွေးနှုတ်ခြင်း အမှုတော်သာ အမှန်တကယ် ဖြစ်ခဲ့ပါသည်၊ သခင်က ကျွန်မတို့အပြစ်များကို ဖြေပေးဖို့အတွက် ဖြစ်သည်၊ ယင်းမှာ ကျွန်မတို့ကို အပြစ်သားတွေ အဖြစ် မမြင်တော့ဖို့ ကျွန်မတို့အတွက် သခင့် သနားကရုဏာတော်သာ ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ကျွန်မတို့သည် အပြစ်ကင်းမဲ့ပြီဟု အပြစ်မစွန်းမထင်းသော သူများဖြစ်သည်ဟု မဆိုလိုပါ။ ကျွန်မတို့က အပြစ်ရှိသော သဘာဝများ ပိုင်ဆိုင်ဆဲဖြစ် သောကြောင့် ကျွန်မတို့အတွင်း၌ မကြာခဏ အပြစ် ကျူးလွန်ဆဲဖြစ်သည်။ ကျွန်မခင်ပွန်းနှင့် မည်သို့ ဆက်ဆံခဲ့ပုံကို ကျွန်မတွေးမိသည်၊ ကျွန်မက သူ့အား ကျွန်မစကားကို အရာအားလုံးတွင် နားထောင်စေလိုခဲ့ပြီး သူနားမထောင်ပါက၊ ကျွန်မဒေါသထွက်ခဲ့သည်။ ကျွန်မ က လောကီဆိုင်ရာ ရေပန်းစားမှုများအတိုင်း သွားလေ့ရှိ ပြီး၊ ကျွန်မနှလုံးသားသည် အရာဝထ္ထုပစ္စည်းများဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ကျွန်မက စုဝေးပွဲများ တက်ရောက်ခြင်း သို့မဟုတ် နှုတ်ကပတ်တော် ဖတ်ရှုခြင်း တို့ပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခဲ့ပါ။ ကျွန်မက သခင့်ထံသို့ အကြိမ်ပေါင်းများစွာ ဆုတောင်းပြီး ဝန်ခံသည့်တိုင်အောင်၊ ကျွန်မသည် အဆက်မပြတ် အပြစ်ကျူးလွန်၍သာ နေမိခဲ့ပါသည်။ ယင်းတို့ အားလုံးမှာ ကျွန်မ၏ ဆိုးယုတ်သော သဘာဝ၏ ထိန်းချုပ်မှုအောက်တွင် ကျွန်မ ရောက်ရှိနေခဲ့ သောကြောင့် ဖြစ်သည်။ ရှင်ပေါလုက “ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့် တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။” (ရောမသြဝါဒစာ ၇:၁၈) ဟု ဤအချက်ကို ပြောခဲ့သည်မှာ အံ့အားသင့်ဖွယ် မဟုတ်တော့ပါ။ ကျွန်မတို့၏ အပြစ်ရှိသည့် သဘာဝများသည် ကျွန်မတို့ထဲတွင် နက်ရှိုင်းစွာ ခိုင်မာစွာ အမြစ်တွယ်နေဆဲ ဖြစ်ပြီး၊ ကျွန်မတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ် စေလို သည့်တိုင်အောင်၊ ကျွန်မတို့သည် အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို မခုခံပဲ မနေနိုင်ကြပါ။ ကျွန်မတို့သည် အညစ်အကြေးများဖြင့် ပြည့်နှက်နေကာ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အမှန်တကယ် မထိုက်တန်ပါ။ ဤအချက်ကို ကျွန်မ နားလည်သဘောပေါက်သည့် အချိန်တွင် ကျွန်မက “သခင်ယေရှုက ရွေးနှုတ်ခြင်း အမှုတော်ကို ပြုခဲ့ပြီး၊ နောက်ဆုံးသောကာလမှာ သခင်ပြန်ကြွာလာတဲ့အချိန်မှာ၊ ကိုယ်တော်ဟာ ကျွန်မတို့ အပြစ်တွေကို ဖယ်ရှားပေးမဲ့ အမှုတော်အဆင့်ကို ပြုလိမ့်မယ်လို့ အစ်မက ပြောတယ်နော်၊ ဒါ့ကြောင့် ဒီအမှုတော်ကို ကိုယ်တော်က ဘယ်လိုပြုမှာလဲ” ဟု အလျင်စလို မေးလိုက်သည်။

အစ်မ ဆူဇန်က ပြုံးပြီး “အစ်မရယ်၊ အစ်မက အရမ်းအရေးကြီးတဲ့ မေးခွန်းတစ်ခုကို မေးလိုက်တာပဲ။ အမှန်ကတော့ ‘ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာ သည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့ သောငှါငါလာ၏။ ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူ အားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ် စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂလိတရားစကားကို နားမ ထောင်သောသူတို့၏ အမှုသည် အဘယ်သို့ပြီး လိမ့်မည်နည်း။(ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) လိုမျိုး ဒီအကြောင်းအရာအတွက် ပရောဖက်ပြုခြင်းတွေကို သမ္မာကျမ်းစာထဲမှာ တွေ့နိုင်ပါတယ်။ နောက်ဆုံးသော ကာလမှာ ကိုယ်တော်ကြွလာတဲ့အချိန်မှာ ကျွန်မတို့က နားလည် သဘောပေါက်ပြီး သမ္မာတရားထဲကို ဝင်ရောက်နိုင်ဖို့ အတွက် သခင်က သမ္မာတရား အားလုံးကို ဖော်ပြမှာ ဖြစ်တယ်၊ ဒါက သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုတော် ဆက်လက်ခြင်း တစ်ခုဖြစ်တဲ့ လူသားကို သန့်စင်ဖို့နဲ့ စုံလင်စေဖို့ တရားစီရင်ခြင်း အမှုတော် အဆင့်ဟာ ဘုရားသခင်အိမ်တော်ကနေ စတင်မှာ ဖြစ်ကြောင်းကို ဒီကျမ်းချက်တွေကနေ ကျွန်မတို့ တွေ့မြင်နိုင်တယ်။ ဒါက အနန္တတန်ခိုးရှင်ဘုရားသခင့် နှုတ်ကပတ်တော်တွေရဲ့ ကျမ်းပိုဒ်နှစ်ခုကို ဖတ်ရှုအပြီးမှာ ရှင်းလင်းလာလိမ့်မယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ‘ဤခေတ်အတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် လူ့သဘာဝ၏ အနှစ်သာရကို ဖော်ထုတ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ၊ မတော်မတရား ရှေးဆန်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်နှင့် လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ဤအရာများအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် သန့်စင်စေရမည် ဖြစ်သည်။’ ‘နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။’ လို့မိန့်တော်မူတယ်” ဟု ပြောလိုက်သည်။

အစ်မဆူဇန်က သူမဆွေးနွေးချက်ကို ဆက်ပြီးဝေငှခဲ့တယ်။ “နောက်ဆုံးသောကာလမှာ ကိုယ်တော်က တရားစီရခြင်းအမှုတော်ကို ပြုဖို့ နှုတ်ကပတ်တော်တွေကို အသုံးပြုကြောင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ပြနေတယ်။ ဘုရားသခင် ဖော်ပြတော်မူခဲ့တဲ့ နှုတ်ကပတ်တော်တွေ အားလုံးက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား ပါဝင်တဲ့အပြင်၊ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းတို့က ဘာလဲ၊ ကိုယ်တော့် စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုတွေအပြင်၊ လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းမှာ ဘုရားသခင်ရဲ့ ရည်မှန်းချက် နဲ့ အလိုတော်တို့ပါ ပါဝင်တယ်။ အဲဒီအပြင် အဲဒါတွေက လူတွေရဲ့ အပြစ်ရှိခြင်းနဲ့ ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ လူသားရဲ့ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ သမ္မာတရားအပြင်၊ လူသားမျိုးနွယ်ရဲ့ အဆုံးသတ် ဘဝပန်းတိုင် နဲ့ အဆုံးသတ် တို့ရဲ့ ဇစ်မြစ်ကို ဖော်ပြတယ်၊ အဲဒီထဲမှာ သမ္မာတရားရဲ့ ဒီရှုထောင့်အားလုံး ပါဝင်ပါတယ်။ ဒီနှုတ်ကပတ်တော်တွေ အားလုံးက ကျွန်မတို့ အသက်တာတွေအတွက် အထောက်အပံ့ပေးမဲ့ နှုတ်ကပတ်တော်တွေသာ ဖြစ်တယ်။ နောက်ဆုံးသာကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်နဲ့ ပြစ်တင်ဆုံးမခြင်း အမှုတော်တို့ကို တွေ့ကြုံခံစားခဲ့တဲ့ လူအားလုံးက ကျွန်မတို့ နှလုံးသားတွေ ရဲ့ လျှို့ဝှက်တဲ့ အတွင်းကျကျနေရာတွေကို ဘုရားသခင်ရဲ့ စေ့စေ့စပ်စပ် စစ်ဆေးတာကိုလည်း တွေကြုံရမှာ ဖြစ်တယ်။ ကိုယ်တော့် နှုတ်ကပတ်တော်တွေက ထက်မြက်တဲ့ ဓါးတစ်ချောင်းလိုပဲ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ သဘာဝရဲ့ သစ္စာဖောက်မှုတွေနဲ့ ကျွန်မတို့ နှလုံးသားတွေထဲမှာ တေးထားတဲ့ စက်ဆုပ်ရွံရှာဖွယ်ရာ လှုံ့ဆော်ချက်တွေကို ထိုးဖောက်ပြီး ထုတ်ဖော်ပြတယ်။ တခြားလူတွေ မသိတဲ့ ကျွန်မတို့နှလုံးသား အနက်ရှိုင်းဆုံး တစ်နေရာမှာ ဖုံးကွယ်နေတဲ့ ဆိုးယုတ်တဲ့ အတွေးတွေကို တောင် ဖော်ပြတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ အသက်တာတွေမှာ ကိုယ့်အမူအကျင့်နဲ့ တခြားသူတွေကို ဆက်ဆံပုံလိုမျိုး သေးငယ်တဲ့ နည်းလမ်းတွေ နဲ့ ကြီးမားတဲ့ နည်းလမ်းတွေ ဖြစ်တဲ့ ယုံကြည်မှုအပေါ် ကျွန်မတို့ရဲ့ ရှုထောင့်တွေ နဲ့ ကျွန်မတို့ ရွေးချယ်တဲ့ လမ်းကြောင်းတွေက စာတန်ရဲ့ လောကီဆိုင်ရာ ဒဿနတွေ နဲ့ ရှင်သန်ဖို့ နိယာမတွေကို လုံးလုံးလျားလျား မှီခိုနေတယ်ဆိုတဲ့ အချက်တွေက စာတန်ကြောင့် ဘယ်လောက် ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးခဲ့ရတယ် ဆိုတာ ဒီအချက်က ကျွန်မတို့ကို ပြနေပါတယ်။ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မတို့ဟာ မာန ထောင်လွှားပြီး၊ ကလိမ်ကကျစ်ကျတယ်၊ လှည့်စားတယ်၊ လောဘကြီးတယ်၊ ဆိုးယုတ်တယ်၊ တစ်ကိုယ်ကောင်း ဆန်ပြီး သဘာဝအားဖြင့် စက်ဆုပ်ရွံရှာဖွယ် ကောင်းတယ်၊ ဘုရားသခင်ကို ယုံကြည်တဲ့ သူတွေက တောင် ကောင်းကြီးမင်္ဂလာနဲ့၊ ဆုလဒ်ရရှိခံစား ရဖို့အတွက် ယုံကြည်တာဖြစ်တယ် ဆိုတာကို ကျွန်မတို့ မြင်နိုင်ပါတယ်။ သမ္မာတရားကို ရှာဖွေခြင်း၊ အသက်တာရရှိခြင်း ဒါမှမဟုတ် လူသားပုံသဏ္ဌာန် အတိုင်း အသက်ရှင်နေထိုင်ခြင်းတို့ လုံးဝမဟုတ်ကြောင်း နဲ့ ကျွန်မတို့က ဘုရားသခင် ရှေ့တော်မှောက်မှာ အသက်ရှင်နေထိုင်ဖို့ အမှန်တကယ်ကို မထိုက်တန်သူတွေ ဖြစ်ကြောင်း ကျွန်မတို့ နားလည်သဘောပေါက် ခဲ့ရပါတယ်။ အဲဒီနောက်မှာ ကျွန်မတို့က စပြီး နောင်တရဲ့အပြင် ကျွန်မတို့ နှလုံးသားထဲကနေ ကိုယ့်ကိုကိုယ် မုန်းတီးလာကြပါတယ်။ တစ်ချိန်တည်း မှာပဲ ကျွန်မတို့က ဘုရားသခင့်နှုတ်ကပတ်တော်ရဲ့ သြဇာအာဏာနဲ့ တန်ခိုးတော်တို့အပြင်၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်၊ သန့်ရှင်း၊ စော်ကားလို့မရနိုင်တဲ့ စိတ်သဘောထားတို့ကို အရမ်း နက်ရှိုင်းတဲ့ အတွေ့အကြုံ တစ်ခု ရရှိခဲ့တယ်၊ ကျွန်မတို့က ဘုရားသခင် ရှေ့တော်မှောက်မှာ ကိုယ့်ကိုကိုယ် ပြပ်ဝပ်ပြီး၊ ဘုရားသခင်ဆီမှာ ဝန်ချတောင်းပန်တဲ့အပြင်၊ ကိုယ့်နည်းလမ်းတွေကို ပြင်ဖို့နဲ့ ကိုယ့်ဆိုးယုတ်တဲ့ သဘာဝတွေကို မုန်းတီးဖို့တို့ မပြုပဲ မနေနိုင်တော့ပါ။ ဒါ့ကြောင့် ကျွန်မတို့က ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တို့ကို ပျော်ရွှင်စွာ လက်ခံပြီးတော့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင် တဲ့အပြင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေအောင် လူသစ်တွေ ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ပါတယ်။”

အစ်မလူစီက စိတ်ခံစားချက်ဖြင့် “အဲဒါမှန်တယ်။ ဘုရားသခင့်နှုတ်ကပတ်တော် တွေရဲ့ ထုတ်ဖော်ခြင်းတွေ နဲ့ တရားစီရင်ခြင်းတွေကြောင့် မဟုတ်ဘူးဆိုရင်၊ ကျွန်မတို့က ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ၊ သဘာဝတွေ နဲ့ အနှစ်သာရတွေကို လုံးဝ အမှန်တကယ် သိကြမှာကို မဟုတ်ပါဘူး။ ကျွန်မတို့က ရှင်းရှင်းလင်းလင်းကို ဖောက်ပြန်ပျက်စီး နေပေမဲ့လည်း၊ ကျွန်မတို့က လေးစားထိုက်သူတွေလို့ ခံစားရဆဲဖြစ်ပြီး၊ ကျွန်မတို့ကို သခင်က ကောင်းကင် နိုင်ငံတော်ထဲကို ချီဆောင်တာခံရဖို့ အရည်အသွေးပြည့်ဝ တယ်လို့ ထင်ကြတယ်။ ကျွန်မတို့က အမြဲတမ်း ကိုယ့်ကိုကိုယ် နွေးထွေးပြီး၊ နူးညံ့သိမ်မွေ့တဲ့ လူတစ်ယောက်လို့ ထင်ခဲ့တယ်။ ကျွန်မ ဘယ်သူနဲ့မှ စကားမများဖူးဘူး။ ပြီးတော့ ကျွန်မ ယုံကြည်သူ တစ်ယောက် ဖြစ်လာပြီးတော့လည်း၊ ကျွန်မက အမှန်တကယ်ကို ကောင်းကောင်း ပြုမူကျင့်ကြံပြီး၊ ကောင်းတဲ့ အရာတွေ ​တော်တော်များများ လုပ်ခဲ့တာကြောင့် ကျွန်မဟာ လူကောင်းတစ်ယောက် ဖြစ်တယ်လို့ တွေးခဲ့ပြီး၊ သခင်ကြွလာတဲ့အချိန်မှာ ကျွန်မက ကောင်းကင်နိုင်ငံတော်ထဲသို့ တိုက်ရိုက် ခေါ်ဆောင်တာခံရမယ်လို့ တွေးထားခဲ့တယ်။ ဒါပေမဲ့ လည်း နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီးနောက်မှာတော့ ဘုရားသခင့် နှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်တဲ့ အရာတွေကတစ်ဆင့်သာလျှင် ကျွန်မ ကောင်းပြနေ တာဖြစ်ပြီး၊ အမှန်တကယ် ကောင်း မကောင်းကို ဂဃနဏ တွေ့မြင်ခဲ့ရတယ်။ ကျွန်မ အဲဒါတွေကို လုပ်ရတဲ့ အကြောင်းအရင်းကတော့ တခြားသူတွေရဲ့ ချီးမွမ်းခြင်းကို ရရှိဖို့၊ လူတွေက ကျွန်မကို အထင်ကြီးလာ စေဖို့အတွက် ဖြစ်တယ်။ ကျွန်မကိုယ်ကျွန်မ ပြုမူကျင့်ကြံပုံက တခြားလူတွေ မျက်လုံးထဲမှာ စုံလင်တဲ့ပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေဖို့ပါ။ အဲဒီအပြင် ကျွန်မက သခင့်သွန်သင်ချက်တွေကို ချိုးဖောက်ပြီး၊ ပုန်ကန်ခဲ့တဲ့အပြင်၊ ဘုရားသခင်ကိုလည်း အချိန်ပြည့် နာကျင်စေခဲ့သလို၊ မာနထောင်လွှားပြီး ဘယ်သူ့ကိုမှ လည်း နားထောင်လိုစိတ် မရှိပါဘူး။ ကျွန်မက ကိုယ့်အကျိုးစီးပွားအတွက် လိမ်ညာပြီး၊ မရိုးသားသည့် အရာများကိုလည်း ပြုခဲ့သည်။ ကျွန်မက ကိုယ့်ကိုကိုယ့် မကြာခဏ ချီးမြှောက်ပြီး၊ သက်သေခံနေခဲ့သည်၊ လူတွေရဲ့ နှလုံးသားတွေမှာ နေရာတစ်ခု အတွက် ဘုရားသခင်နဲ့ အပြိုင် ရုန်းကန်နေခဲ့တယ်။ ကျွန်မက ကောင်းကင်တမန်မင်းရဲ့ လမ်းကြောင်းကို လျှောက်နေ တာ ဖြစ်တယ်။ ဒီအကြောင်းကို တွေးမိတဲ့အချိန်မှာ ကျွန်မ အမှန်တကယ်ကို အရှက်ရပြီး၊ အပြစ်ရှိတယ်လို့ ခံစားရပါတယ်၊ ကိုယ့်ကိုကိုယ် ရွံရှာ မုန်းတီးပါတယ်။ ကျွန်မ ဘယ်လောက် တော်ကြောင်းကောင်းကြောင်းကို ဘယ်တော့မှ ဝါကြားနေတော့မှာ မဟုတ်သလို၊ ကိုယ့်ကိုကိုယ် ကောင်းကင်နိုင်ငံတော် ဝင်ရောက်ဖို့ အရည်အသွေးပြည့်ဝသူ အဖြစ် မတွေးတော့ပါဘူး။ အဲဒီအစား ဘုရားသခင့်နှုတ်ကပတ်တော်တွေရဲ့ တရား စီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို အမှန်တကယ် ရိုးရိုးသားသား လက်ခံလိုစိတ် နဲ့ ကိုယ့်ဖောက်ပြန် ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားလိုစိတ် တို့ ရှိလာပြီ ဖြစ်တယ်။ ကျွန်မ အယူအဆတွေ နဲ့ စိတ်ကူးတွေက နိုးထစေပြီး၊ ကျွန်မ အခြေအနေအမှန်ကို သတိပြုမိစေတဲ့အပြင်၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် စိတ်သဘောထား ပြောင်းလဲခြင်း လမ်းကြောင်းထဲသို့ ခြေလှမ်းမိစေတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေသာ ဖြစ်ပါတယ်။ ဒါတွေအားလုံးက နောက်ဆုံးသော ကာလက ဘုရားသခင့်အမှုတော်ရဲ့ အသီးသာ ဖြစ်ခဲ့ပါတယ်။”ဟု ပြောခဲ့သည်။

ကျွန်မက ထိုအစ်မ၏ ဆွေးနွေးချက်ကြောင့် တို့ထိခံခဲ့ရပြီး၊ ကျွန်မက ကိုယ်ပိုင် အယူအဆတွေ နဲ့ စိတ်ကူးတွေကိုသာ ဖက်တွယ်ထားခဲ့ကြောင်းကို ပြနေပါ သည်၊ ထို့အပြင် သိသာထင်ရှားစွာကို တစ်ချိန်လုံး အပြစ်ကျူးလွန်နေခဲ့ပေမဲ့ သခင့်ပြန်ကြွလာဖို့ နှင့် ကောင်းကင်နိုင်ငံတော်ထဲကို ချီဆောင်ခံရဖို့ စောင့်ဆိုင်း နေဆဲသာ ဖြစ်သည်။ ယင်းမှာ အမှန်တကယ် လက်တွေ့မကျခြင်းသာ ဖြစ်သည်။ ထိုအစ်မများ၏ သက်သေခံချက်ဖြစ်သည့် ဘုရားသခင်၏ တရားစီရင် ခြင်းအမှုတော် နှင့် သူတို့၏ ကိုယ်ပိုင် အတွေ့အကြုံ တို့မှတစ်ဆင့် အပြစ်ကို ဖယ်ရှားရန် လက်တွေ့ကျသည့် လမ်းကြောင်းတစ်ခုကို ပြခဲ့ခြင်းကြောင့် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတော်ချီးမွမ်းပါသည်။ ကျွန်မက အပြစ်မှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိသောကြောင့် ဆင်းရဲ ဒုက္ခခံစားရခြင်း နှင့် ကူညီရာမဲ့ခြင်းတို့ကို လုံးဝခံစား ရဖို့ မလိုတော့ပါ။ ကျွန်မ ဘုရားသခင်၏ တရားစီရင် ခြင်းအမှုတော်ကို လက်ခံပြီး တွေ့ကြုံခံစားသမျှ ကာလပတ်လုံး အပြစ်ရှိခြင်းမှ လွတ်မြောက်နိုင်ပြီး၊ ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခွင့်ရမည်ဟု ကျွန်မ ယုံကြည်ပါသည်။

ကျွန်မက “သခင့်ကို ကျေးဇူးတော် ချီးမွမ်းပါတယ်။ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော် ကို တွေ့ကြုံခံစားခြင်း မရှိသေးပေမဲ့လည်း၊ အစ်မတို့ရဲ့ အတွေ့အကြုံတွေကနေပြီးတော့ ကျွန်မတို့ အတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်း တို့ကို အမှန်တကယ် ခံစားနိုင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့ အစ်မတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ သက်သေခံချက်တွေကို ကျွန်မ ပိုနားလည်နိုင်ဖို့အတွက် အခုချိန်ကစပြီးတော့ ကျွန်မ အစ်မတို့နှစ်ယောက်နဲ့ ပိုပြီးတော့ စကားပြောဆိုချင် ပါတယ်။” ဟု ပျော်ရွှင်စွာ ပြောခဲ့သည်။ သူတို့က ဤသည်ကို ကြားရ၍ စိတ်လှုပ်ရှားခဲ့ကြပါသည်။

ထိုအစ်မများနှင့် ရှာဖွေခြင်း၊ စုံစမ်းစစ်ဆေးခြင်း နှင့် စုဝေးခြင်း ကာလတစ်ခုအပြီးတွင် ကျွန်မက သမ္မာတရား ကို ပို၍ပို၍ နားလည်လာခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု အမှန်တကယ် ဖြစ်ကြောင်းကို ကျွန်မက အပြီးသတ် စိတ်ပိုင်းဖြတ် ခဲ့သောကြောင့် နောက်ဆုံးသော ကာလမှ ကိုယ်တော်၏အမှုတော်ကို ကျွန်မ အလွန်ပျော်ရွှင်စွာ လက်ခံခဲ့သည်၊ ကျွန်မနှလုံးသားထဲတွင် အလွန်နွေးထွေး ပြီး၊ ဘုရားသခင်က ကျွန်မနှင့် ပတ်သက်လျှင် အလွန် ကျေးဇူးတော်ကြီးမားသည်ဟု ယုံကြည်သည်။ ကိုယ်တော် က ကျွန်မ ဆုတောင်းချက်များကို ဖြေဆိုရုံတင်မကပဲနှင့် ကိုယ်တော်၏ အသံတော်ကို ကြားရန်နှင့် ပညာရှိ သတို့သမီးများထဲမှ တစ်ယောက် ဖြစ်လာစေရန်ကိုလည်း ဦးဆောင်တော်မူခဲ့သည်။ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါသည်။ ခပ်သိမ်းသောအမှုကိစ္စတွင် အနန္တတန်ခိုးရှင် ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။ အာမင်

အမှာစကား ချန်ခဲ့မည်