စာရင်း

ဘုရားသခင်မှာ လိင်မရှိကြောင်း နောက်ဆုံးတွင် ကျွန်မနားလည်ခဲ့ရသည်

အမြန်လမ်းညွှန်
အရှေ့အရပ်မှလျှပ်ပြက်ခြင်းသည် ကျွန်မတို့၏ စိတ်ကူးစိတ်သန်းများနှင့် မကိုက်ညီသောကြောင့်၊ ကျွန်မတို့က ၎င်းကို စုံစမ်းစစ်ဆေးဖို့ မငြင်းဆန်သင့်ပါ
အမှန်မှာမူ ဘုရားသခင်သည် မိန်းမတစ်ယောက် အဖြစ်နှင့်လည်း လူ့ဇာတိခံယူနိုင်သည်
“မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်” ဆိုသည့်နှုတ်ကပတ်တော်က ဘုရားသခင်သည် ယောက်ျားဖြစ်ကြောင်း သက်သေပြနေပါသလား
လူများထံသို့ မိန်းမတစ်ယောက် အဖြစ် ဘုရားသခင် ပေါ်ထွန်းလာရခြင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း

ရှင်းရွမ် သြစတြေးလျ

ဘုရားသခင်မှာ တစ်သမတ်တည်းဖြစ်သော အမှန်တကယ် ရှိပါသလား။ သခင်ယေရှုက ယောက်ျားအဖြစ်နှင့် ဇာတိပကတိကို လာရောက်ခဲ့သည်၊ သို့သော်လည်း ဤသည်မှာ ဘုရားသခင်က ယောက်ျားဖြစ်သည်ဟု ညွှန်ပြနေပါသလား။ ဤသည်မှာ မည်သူမျှ ပြတ်သားစွာ မရှင်းပြနိုင်သည့် မေးခွန်းတစ်ခုဖြစ်သည်။ ထို့အပြင် ကျွန်မသည် ဘုရားသခင်ကို သိကျွမ်းခြင်း တစ်စုံတစ်ရာမရှိခဲ့သောကြောင့် ဘုရားသခင်၏ လိင်နှင့် ပတ်သက်ပြီး အယူအဆများအပြည့်ရှိသည်မှာ ကျွန်မသည် သခင့်ကို ကြိုဆိုရန် အခွင့်အလမ်းကိုပင် လက်လွတ်လုနီးပါးဖြစ်ခဲ့သည်။ ထို့ကြောင့် အောက်တွင် ကျွန်မ၏ အတွေ့အကြုံအကြောင်းကို လူတိုင်းကို ပြောပြမည် ဖြစ်ပြီး၊ ယင်းမှာ အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ဘုရားသခင်မှာ လိင်မရှိကြောင်

အရှေ့အရပ်မှလျှပ်ပြက်ခြင်းသည် ကျွန်မတို့၏ စိတ်ကူးစိတ်သန်းများနှင့် မကိုက်ညီသောကြောင့်၊ ကျွန်မတို့က ၎င်းကို စုံစမ်းစစ်ဆေးဖို့ မငြင်းဆန်သင့်ပါ

ကျွန်မငယ်စဉ်က အစည်းအဝေးများတက်ရောက်ရန် ဒေသခံအိမ်အသင်းတော်တစ်ခုသို့ ကျွန်မ အမေနှင့်အတူ သွားခဲ့သည်။ ကျွန်မတို့က ဘုရားသခင်၏ လိင်နှင့် ပတ်သက်သည့် သမ္မာတရားအကြောင်း ပြောသည့်အချိန်တွင်၊ ကျွန်မဦးလေး သင်းအုပ်ဆရာက ကျွန်မတို့အတွက် သမ္မာကျမ်းစာထဲမှ ဤကျမ်းချက်များကို မကြာခဏ မိတ်သဟာယပြုခဲ့သည်၊ "အိုအဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။ သားတော် သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းထင်ရှားစေတော်မူပါ။" (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁-၂) "သင်၌ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်။" (ကမ္ဘာဦးကျမ်း ၃:၁၆) "ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည် ကို၎င်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို၎င်း၊ သင်တို့ သိမှတ်စေခြင်းငှါ ငါအလိုရှိ၏။" (၁ ကော ၁၁:၃) သူက "သခင်ယေရှုက ကောင်းကင်ဘုံက ဖခမည်းတော် ဘုရားသခင်လို့ ခေါ်တော်မူတယ်။ ကောင်းကင်ဘုံက ဘုရားသခင်က သခင်ယေရှုကို သားတော်လို့ ခေါ်တယ်။ သူတို့က ခမည်းတော်နဲ့ သားတော်ဖြစ်တဲ့ အားလျော်စွာ ဒီအချက်က ဘုရားသခင်ကို ယောက်ျားအဖြစ် ညွှန်းဆိုနေတယ်။ အဲဒီ့ထက်ပိုပြီး မိန်းမက လူသားမျိုးနွယ်ရဲ့ အပြစ်ဆိုင်ရာ အရင်းအမြစ် ဖြစ်ပြီး ကျိန်စာတိုက်ခံရတယ်၊ မိန်းမရဲ့ ဦးခေါင်းက ယောက်ျားဖြစ်တယ်၊ ဒါ့ကြောင့် ဘုရားသခင်က ယောက်ျား ဖြစ်တယ်" ကျွန်မနှလုံးသားထဲတွင် ထိုအတိုင်းပင် ဘုရားသခင်က ယောက်ျားဖြစ်ကြောင်း နှင့် သူက ယောက်ျားအနေဖြင့် ပြန်ကြွလာမည် ဖြစ်ကြောင်း တို့ကို အခိုင်အမာ ယုံကြည်ခဲ့သည်။ တစ်နေ့တွင်မူ ကျွန်မက အစ်မလီနှင့် တွေ့ဆုံခဲ့ရသည်...

၂၀၁၈ ခုနှစ် ဧပြီလ တစ်ရက်တွင် ကျွန်မ ဖေ့ဘွတ်ခ်ပေါ်တွင် အစ်မဝမ်း နှင့် အစ်မလီ တို့ကို သိခွင့်ရခဲ့သည်။ ကျွန်မတို့သည် အွန်လိုင်းတွင် မကြာခဏ အစည်းအဝေးများ ပြုလုပ်ခဲ့သည်။ တစ်ခါက သခင်ယေရှုသည် လူ့ဇာတိခံယူထားသည့် အနန္တတန်ခိုးရှင်ဘုရားသခင် အဖြစ်နှင့် ပြန်ကြွလာပြီး ဖြစ်ကြောင်း နှင့် သူက ကျွန်မတို့ကြားတွင် အသက်ရှင်နေထိုင်နေကြောင်းတို့ကို အစ်မလီက သက်သေခံခဲ့သည်။ ဤသတင်းကို ကြားရင်း ကျွန်မက အံ့အားသင့်ပြီး ဝမ်းမြောက်ခဲ့သည်။ သခင်ပြန်ကြွလာပြီးဖြစ်သောကြောင့် ကျွန်မ ဝမ်းမြောက်ခဲ့သည်။ သခင်က ကျွန်မအနေဖြင့် သူ့ပြန်ကြွလာခြင်းကို ကြိုဆိုရန် အဆင်သင့်မဖြစ်မီ ပြန်ကြွလာပြီးဖြစ်သောကြောင့် ကျွန်မ အံ့အားသင့်ခဲ့ရသည်။ ထိုညနေတွင် အစည်းအဝေးအပြီးတွင် ကျွန်မ အိပ်ရာပေါ်တွင် လှဲနေခဲ့ပြီး၊ အိပ်ပျော်ရန် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ထို့ကြောင့် ကျွန်မက အင်တာနက်ပေါ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်း သတင်းအချက်အလက် ရှာဖွေရန် ထလာခဲ့သည်။ ရလဒ်အနေဖြင့် သူမဟောကြားသည့် အရာများသည် အရှေ့အရပ်မှလျှပ်ပြက်ခြင်း၏ သွန်သင်ချက်များ ဖြစ်ကြောင်း ကျွန်မသိခဲ့ရသည်။ ကျွန်မဦးလေးက ကျွန်မငယ်စဉ်က အရှေ့အရပ်မှလျှပ်ပြက်ခြင်းသည် သခင့်ဒုတိယအကြိမ် ကြွလာခြင်းကို မိန်းမပုံစံဖြစ်သည်ဟု သက်သေခံကြောင်း ကျွန်မကို မည်သို့ပြောခဲ့ပုံ နှင့် ယင်းအား မယုံကြည်ဖို့ တောင်းဆိုခဲ့ပုံတို့အား သတိရခဲ့သောကြောင့် ကျွန်မ ကြက်သေသေသွားခဲ့သည်။ ထိုအချိန်တွင် ကျွန်မနှလုံးသားက သူ့ဘာသာ တိုက်ပွဲတစ်ခု ဖြစ်နေခဲ့ပါသည်၊ ကျွန်မက "ပြီးခဲ့တဲ့ ဒီရက်ပိုင်းထဲမှာ အစ်မလီရဲ့ ဝိညာဉ်ရေးရာ ဝေငှမှုကို နားထောင်အပြီးမှာ ငါ့အနေနဲ့ ခရစ်တော်အစစ်အမှန်နဲ့ ခရစ်တော် အတုအယောင် တို့အကြားမှာ ခွဲခြားသိမြင်ပုံ၊ လူသားမျိုးနွယ်အနေနဲ့ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးမှုခံနေရခြင်းဆိုင်ရာ သမ္မာတရား၊ သခင့်ပြန်ကြွလာခြင်းဆိုင်ရာ ပရောဖက်ပြုခြင်းတွေ ပြည့်စုံခြင်း၊ သခင့်ပြန်ကြွာခြင်းကို ကြိုဆိုတဲ့ ပညာရှိသတို့သမီးတစ်ယောက် ဘယ်လိုဖြစ်ပုံ စတဲ့ သမ္မာတရား ငါ နားလည်သဘောပေါက်ခဲ့တယ်။ ဒီသမ္မာတရားတွေက ကျွန်မကို ဘုရားသခင့်အမှုတော်ဆိုင်ရာ အသိပညာ အသစ်ကို ရှိစေပြီးသမ္မာကျမ်းစာထဲက နက်နဲမှုများစွာကိုလည်း နားလည်သဘောပေါက် စေခဲ့တယ်။ ငါဆက်ပြီး စုံစမ်းစစ်ဆေးသင့်လား၊ ဒါမှမဟုတ် အစ်မလီနှင့် အတူ နောက်ထပ် တွေ့ဖို့ကို ငြင်းဆန်သင့်သလား" ဟု တွေးမိသည်။ ကျွန်မက ဤအရာများကို တစ်ညလုံး အထပ်ထပ်အခါခါ တွေးနေခဲ့မိသည်။

နောက်ဆုံးတွင် နံနက်ခင်းရောက်လာခဲ့သည်။ ကျွန်မနှင့်အတူ စုံစမ်းစစ်ဆေးရန် ဥရောပသို့ ရောက်ရှိနေသည့် အစ်မဝမ်ကို ကျွန်မစိတ်ရှုပ်ထွေးမှုအကြောင်း ပြောပြရန် သူမကို ချက်ခြင်းဖုန်းခေါ်လိုက်သည်။ ကျွန်မပြောသည့်အရာကို ကြားပြီးနောက်တွင်၊ သူမက "အစ်မလည်း သံသယတစ်ချို့တော့ ရှိတယ်၊ ဒါပေမဲ့ အစ်မတို့ စပြီး စုံစမ်းစစ်ဆေးနေတဲ့နောက်တော့၊ အဲဒီမေးခွန်းတွေကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ဖို့ ကြိုးစားသင့်တယ်။ အစ်မလီ မိတ်သဟာယပြုတဲ့ အရာတွေက သမ္မာတရားနဲ့ ကိုက်ညီရင် အစ်မတို့ ဆက်ပြီး စုံစမ်းစစ်ဆေးကြမယ်။ မဟုတ်ရင်တော့ စုံစမ်းစစ်ဆေးတာရပ်ဖို့ သိပ်နောက်မကျသေးပါဘူး" ဟု ပြောခဲ့သည်။ ကျွန်မက ခဏတာတွေးလိုက်ပြီး၊ သူမပြောသည်မှာ မှန်ကန်ဟု ခံစားခဲ့ရပါသည်။ ထို့ကြောင့် ကျွန်မတို့အနေဖြင့် အမှားနှင့် အမှန်ကို ခွဲခြားသိမြင်နိုင်ဖို့ ကျွန်မတို့ကို ဉာဏ်ပညာပေးပါရန် ကိုယ်တော့်ကို တောင်းလျှောက်ဖို့ ကျွန်မတို့ သခင့်ထံ အတူတကွ ဆုတောင်းခဲ့ကြသည်။

အမှန်မှာမူ ဘုရားသခင်သည် မိန်းမတစ်ယောက် အဖြစ်နှင့်လည်း လူ့ဇာတိခံယူနိုင်သည်

ညပိုင်းတွင် ကျွန်မတို့ အတူတကွ စုဝေးကြသည့်အချိန်တွင်၊ ကျွန်မက မိမိစိတ်ရှုပ်ထွေးမှုကို အစ်မလီအား “အစ်မ ကျွန်မ မနေ့ညက ‘အနန္တတန်ခိုးရှင် ဘုရားသခင်’ နာမတော်ကို အွန်လိုင်းသွားပြီး ရှာတဲ့အချိန်မှာ၊ ဘုရားသခင်က နောက်ထပ်တစ်ခါ ဇာတိပကတိ ဖြစ်လာပြီး သူက မိန်းမဖြစ်တယ်လို့ သိရတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဘုရားသခင်က သခင်ယေရှုလိုပဲ ယောက်ျားဖြစ်တယ်လို့ ယုံကြည်တယ်။ အဲဒါကို သခင်ယေရှုက ‘အိုအဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။ သားတော် သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းထင်ရှားစေတော်မူပါ။' (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁-၂) လို့မိန့်တော်မူတယ်ဆိုပြီး သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားခဲ့တယ်။ သခင်ယေရှုက ကောင်းကင်ဘုံက ဘုရားသခင်ကို ဖခမည်းတော်လို့ ခေါ်တယ်။ ကောင်းကင်ဘုံက ဘုရားသခင်က သခင်ယေရှုကို သားတော်လို့ ခေါ်တယ်။ သူတို့က ခမည်းတော်နဲ့ သားတော်တို့ ဖြစ်တယ်၊ ဒါက ဘုရားသခင်ဟာ ယောက်ျားဖြစ်တယ်လို့ ညွှန်းဆိုတာ မဟုတ်ဘူးလား။ ဒါ့ကြောင့် ကျွန်မကတော့ ဘုရားသခင်က သူပြန်ကြွလာတဲ့အချိန်မှာ ယောက်ျားဖြစ်သင့်တယ်လို့ ထင်တယ်။ သူက ဘယ်လိုလုပ်ပြီး မိန်းမဖြစ်နိုင်မှာလဲ” ဟု ဖော်ပြခဲ့သည်။

ဤအချက်ကို ကြားပြီးနောက် အစ်မလီက ကျွန်မကို “ညီမရေ၊ သခင်ယေရှု မိန့်မြွက်တော်မူခဲ့တဲ့ ဒီစာကြောင်းကို အစ်မတို့ ဘယ်လိုအတိအကျ နားလည်သဘောပေါက်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ‘ယေရှုသည် သူဆုတောင်းသည့်အခါ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ခေါ်ဆိုခဲ့ချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သာမန်နှင့် ရိုးရိုးဇာတိခန္ဓာကို ယူတင်ဝတ်ဆင် ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ၊ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ဤအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ၏အတွင်း၌ ရှိသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့လျှင်ပင်၊ သူ၏အပြင်ပန်း သွင်ပြင်သည် ပုံမှန်လူသား တစ်ဦး၏ သွင်ပြင်ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသောလူသားဖြစ်လာခဲ့ပြီးဖြစ်သည်။ သူ့ကို လူသားဟု ခေါ်ဆိုသည်ကို ထောက်ဆလျှင်၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ၊ မည်သည့် အခြေအနေတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အကာနှင့်ဖြစ်သည်) ဖြစ်သည်။ ထို့ကြောင့် ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းနှင့် တူပေသည်။ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ထိုသို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။' လို့မိန့်တော်မူတယ်။ ဒီနှုတ်ကပတ်တော်တွေကနေပြီး သခင်ယေရှုက ဆုတောင်းစဉ်မှာ ကောင်းကင်ဘုံက ဘုရားသခင်ကို ခမည်းတော်လို့ ခေါ်တဲ့အချိန်မှာ သခင်က ဖန်ဆင်းခံသတ္တဝါတစ်ယောက်ရဲ့ ရှုထောင့်ကနေ ခေါ်ခဲ့တာ ဖြစ်တယ်ဆိုတာကို ကျွန်မတို့ တွေ့မြင်နိုင်တယ်။ အဲဒါက ကျွန်မတို့တွေက သခင့်ပဌနာတော်ကို ရွတ်ဆိုစဉ်မှာ ကောင်းကင်ဘုံက ဘုရားသခင်ကို ခမည်းတော်လို့ ခေါ်တာနဲ့ အတူတူပါပဲ။ ဒါက သခင်ယေရှုရဲ့ နှိမ့်ချခြင်းနဲ့ နာခံခြင်းတို့ကို ထုတ်ဖော်နေတယ်၊ ဒါပေမဲ့ အဲဒါက ဘုရားသခင်ဟာ ယောက်ျားဖြစ်တယ်လို့ မဆိုလိုပါဘူး။ ကမ္ဘာဦးကျမ်း ၁:၂၇ ကို ပြန် တွေးကြည့်ရအောင် ‘ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်။’ လို့ ပြောထားတယ်။ ဒါကနေပြီးတော့ ဘုရားသခင်ဟာ ယောက်ျားနဲ့ မိန်းမတို့ကို သူ့ ပုံသဏ္ဍာန်နဲ့အညီ ဖန်ဆင်းတော်မူခဲ့တယ်ဆိုတာ ကျွန်မတို့ သိရတယ်။ ကျွန်မတို့က ကိုယ့် နားလည်မှုလွဲခြင်းကို ဆုပ်ကိုင်ထားပြီး ဘုရားသခင်က ယောက်ျားအနေနဲ့ပဲ လူ့ဇာတိခံယူရမယ်လို့ တွေးတယ်ဆိုရင်၊ ဘုရားသခင်က မိန်းမကို သူ့ပုံသဏ္ဍာန်နဲ့အညီ ဖန်ဆင်းတယ်ဆိုတာကိုရော ကျွန်မတို့ ဘယ်လိုရှင်းပြမလဲ။ တကယ်တော့ ဘုရားသခင်က ယောက်ျားမှမဟုတ်ဘူး၊ မိန်းမကိုလည်း သူ့ပုံသဏ္ဍန်နဲ့အညီ ဖန်ဆင်းတော်မူနိုင်တယ်။ ဒါ့ကြောင့် ဘုရားသခင်က ယောက်ျား အဖြစ် ဒါမှမဟုတ် မိန်းမအဖြစ်နဲ့ လူ့ဇာတိရောက်လာနိုင်တယ်။ ဒါ့ကြောင့် ကျွန်မတို့က ဘုရားသခင်က ယောက်ျားဖြစ်တယ် ဆိုတဲ့ ပြတ်သားတဲ့ သုံးသပ်ချက်ကို ချလို့မရဘူး" ဟု ပြောခဲ့သည်။

သူမ၏ မိတ်သဟာယပြုခြင်းကို ကျွန်မကြားပြီးနောက် ကျွန်မနှလုံးသားကို ချည်နှောင် ထားသည့် အချုပ်အနှောင်တစ်ချို့ ပြေလျော့သွားခဲ့သည်။ သခင်ယေရှုက သူဆုတောင်းစဉ်မှာ ကောင်းကင်ဘုံက ဘုရားသခင်ကို ခမည်းတော်ဟု ခေါ်ပြီး၊ ဖန်ဆင်းခံသတ္တဝါတစ်ယောက်၏ ရှုထောင့်မှ ပြုတော်မူခဲ့ခြင်း ဖြစ်ကြောင်းကို ကျွန်မနားလည်သဘောပေါက်ခဲ့သည်။ သို့သော်လည်း ဤသည်မှာ ဘုရားသခင်က ယောက်ျားဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထို့အပြင် ဘုရားသခင်က ယောက်ျားနှင့် မိန်းမတို့ကို သူ့ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းတော်မူခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က ယောက်ျားအဖြစ် သို့မဟုတ် မိန်းမအဖြစ် လူ့ဇာတိရောက်နိုင်သည်။

"မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်" ဆိုသည့်နှုတ်ကပတ်တော်က ဘုရားသခင်သည် ယောက်ျားဖြစ်ကြောင်း သက်သေပြနေပါသလား

မအိပ်မီ ကျွန်မ အိပ်ရာထဲလှဲပြီး အစ်မလီ မိတ်သဟာယပြုခဲ့သည့်အရာကို ပြန်လည်တွေးတောခဲ့သည်။ ယင်းက အခြေအမြစ်ရှိသည်ဟု ကျွန်မ ခံစားခဲ့ရသော်လည်း၊ သမ္မာကျမ်းစာထဲမှ ကျမ်းချက်များအကြောင်း တွေးမိသည့်အချိန်တွင် ထပ်မံပြီး သံသယများ ရှိလာခဲ့ပြန်သည်။ "သင်၌ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်" (ကမ္ဘာဦးကျမ်း ၃:၁၆) "ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည် ကို၎င်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို၎င်း၊ သင်တို့ သိမှတ်စေခြင်းငှါ ငါအလိုရှိ၏။" (၁ ကော ၁၁:၃) ကျွန်မက "ဒီကျမ်းချက်တွေမှာ မိန်းမက ကျိန်စာသင့်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်က မိန်းမဖြစ်ရင် ဘုရားသခင်မှာ သြဇာအာဏာ ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ။ ဒီထက်ပိုတာက အရင်က သခင့် တပည့်တော်အများစုက ယောက်ျားတွေဖြစ်တယ်၊ အခြေခံအားဖြင့် သင်းအုပ်ဆရာတွေနဲ့ တရားဟောဆရာတွေ အားလုံးကလည်း ယောက်ျားတွေချည်းပဲ။ ဒါဆို ဘုရားသခင်ရဲ့ ဒုတိယအကြိမ်ပြန်ကြွခြင်းက ဘယ်လိုလုပ်ပြီး မိန်းမပုံစံမှာ ဖြစ်နိုင်မှာလဲ" ဟု တွေးမိသည်။ ကျွန်မသည် နောက်ထပ်တစ်ခါ ဤမေးခွန်းများကို အထပ်ထပ်အခါခါ စ၍ ချင့်ချိန်စဉ်းစားခဲ့ပြန်သည်၊ ပြီးလျှင် ထိုညမှာလဲ ကျွန်မ အိပ်မပျော်ခဲ့ပါ။

နောက်တစ်နေ့ညနေတွင် အစ်မလီက ကျွန်မကို ဖုန်းခေါ်ခဲ့သောကြောင့် ကျွန်မက သူမကို မိမိသံသယများအား ပြောပြခဲ့သည်။ ၎င်းတို့အကြောင်း ကြားပြီးနောက် သူမက ဤအချက်ကို မိတ်သဟာယပြုခဲ့သည်၊ "အမှန်ကတော့ ဧဝက ကောင်းမကောင်းကို သိကျွမ်းရာအပင်က အသီးကို စားပြီးနောက်မှာမှ ယေဟောဝါ ဘုရားသခင်က သူ့ကို ‘ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်' လို့မိန့်တော်မူခဲ့တာဖြစ်တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က လူသားမျိုးနွယ်ကို သဟာဇာတဖြစ်ခြင်းမှာ အသက်ရှင်နေထိုင်စေဖို့ ဖြစ်တယ်။ ဒါက ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်တဲ့ ဖန်ဆင်းခံ လူသားမျိုးနွယ်အားလုံးနဲ့ ပတ်သက်တဲ့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်ဖြစ်တာကြောင့် ကျွန်မတို့ လိုက်နာစောင့်ထိန်းသင့်တဲ့ အရာတစ်ခုဖြစ်တယ်၊ ဒါပေမဲ့ အဲဒါက လူ့ဇာတိခံယူတဲ့ ဘုရားသခင်နဲ့ လုံးလုံး ဆက်စပ်မှုမရှိပါဘူး။ ယေဟောဝါဘုရားသခင်က လူသားမျိုးနွယ်ကို ဉပုသ်စောင့်ဖို့ သတ်မှတ်တော်မူခဲ့အချိန် ပညတ်တော်ခေတ်အတွင်းမှာလိုပဲ။ ဒါတွေက လူသားမျိုးနွယ်က လိုက်နာစောင့်ထိန်းရမဲ့ အရာတွေဖြစ်တယ်၊ ဘုရားသခင်က လိုက်နာစောင့်ထိန်းရမှာ မဟုတ်ဘူး။ ဒါ့ကြောင့် သခင်ယေရှုကို အဲဒါတွေကို နာခံဖို့ ကျွန်မတို့ တောင်းဆိုလို့မရဘူး။ ရှင်မာကု ၂:၂၇-၂၈ မှာ သခင်ယေရှု က ‘ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ ဖြစ်သည်မဟုတ်။ သို့ဖြစ်၍ လူသားသည်ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။' မိန့်တော်မူခဲ့သလိုပဲ ဖြစ်ပါတယ်။ ထိုနည်းတူပဲ 'မိန်းမ၏ခေါင်းက ယောက်ျားဖြစ်သည်' ဆိုတဲ့ နှုတ်ကပတ်တော်တွေက အပြစ်ကျူးလွန်တဲ့ လူသားမျိုးနွယ်ကို ညွှန်ကြားခဲ့တာ ဖြစ်တယ်။ ဒါ့ကြောင့် ကျွန်မတို့က ဒီကျမ်းချက်ကို သုံးပြီးတော့ ဘုရားသခင်က မိန်းမအဖြစ်နဲ့ လူ့ဇာတိမခံယူနိုင်ဘူးလို့ ဆုံးဖြတ်လို့ မရပါဘူး။"

လူများထံသို့ မိန်းမတစ်ယောက် အဖြစ် ဘုရားသခင် ပေါ်ထွန်းလာရခြင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း

သူမ၏ မိတ်သဟာယပြုခြင်းကို နားထောင်ပြီးနောက် ဤနှုတ်ကပတ်တော်များသည် ကျွန်မတို့ လူသားများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း နှင့် ကျွန်မက ဤကျမ်းချက်များကို အသုံးပြုပြီး ဘုရားသခင့် လူ့ဇာတိခံယူခြင်းဆိုင်ရာ လိင်ကို မကန့်သတ်သင့်ကြောင်း နားလည်သဘောပေါက်ခဲ့ပါသည်။ သို့သော်လည်း ဘုရားသခင်သည် ယခုအခါ ကျွန်မတို့ထံသို့ မိန်းမတစ်ယောက် အဖြစ် ပေါ်ထွန်းရသည့် အကြောင်းအရင်းကို မူ နားမလည်ဆဲပင် ဖြစ်သည်။ ဘုရားသခင်က ယောက်ျားတစ်ယောက် အဖြစ် ပေါ်ထွန်းပါက၊ ကျွန်မတို့ လက်ခံရန် ပို၍လွယ်ကူမည် မဟုတ်ပါလား။ ပြီးလျှင် ဘုရားသခင်၏ အမှုတော်သည်လည်း ဆက်လက် ဆောင်ရွက်ရန် ပို၍လွယ်ကူမည် မဟုတ်ပါလား။ ထို့ကြောင့် ကျွန်မက မိမိမေးခွန်းများကို ထုတ်မေးလိုက်သည်။ ထို့နောက် အစ်မလီက အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်ဆိုင်ရာ ကျမ်းပိုဒ်နှစ်ပိုဒ်ကို ကျွန်မကို ဖတ်ပြခဲ့သည်၊ "ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါမူ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ညီတူညီမျှပင် အရေးပါသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။" "ဘုရားသခင်သည် ယောက်ျားတစ်ဦး အဖြစ်သာ လူ့ဇာတိ ခံယူလာခဲ့ပါက၊ လူများသည် သူ့ကို ယောက်ျားအဖြစ်၊ လူယောက်ျားများ၏ ဘုရားသခင်အဖြစ်၊ သတ်မှတ်လိုက်ကြမည် ဖြစ်ပြီး၊ သူ့ကို မိန်းမများ၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။ ထိုအခါ ယောက်ျားများက ဘုရားသခင်ကို ယောက်ျားများကဲ့သို့ တူညီသော လိင်ရှိသည်၊ ဘုရားသခင်သည် ယောက်ျားများ၏ ခေါင်းဆောင်ဖြစ်သည်ဟု ယူဆကြပေမည်- သို့သော် မိန်းမများနှင့်သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ယင်းသည် မမျှတပေ။ ယင်းသည် ဦးစားပေးဆက်ဆံမှု ဖြစ်သည် မဟုတ်လော။ ဤကိစ္စရပ်သည် မှန်ကန်ပါက၊ ဘုရားသခင် ကယ်တင်သော သူအားလုံးတို့သည် သူကဲ့သို့ ယောက်ျားများသာ ဖြစ်မည်ဖြစ်ပြီး၊ မိန်းမတစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် အာဒံကို ဖန်ဆင်းခဲ့ပြီး ဧဝကို ဖန်ဆင်းခဲ့သည်။ သူသည် အာဒံ တစ်ဦးတည်းကိုသာ မဖန်ဆင်းခဲ့ဘဲ၊ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးကို သူ၏ သဏ္ဌာန်အတိုင်း ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်သာ မဟုတ်...မိန်းမများ၏ ဘုရားသခင်လည်း ဖြစ်သည်။"

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် သူမက ကျွန်မနှင့် ဤအချက်ကို မိတ်သဟာယပြုခဲ့သည်၊ "ဘုရားသခင်က အနှစ်သာရအားဖြင့် ဝိညာဉ်တော် ဖြစ်ပြီး လိင်မရှိဘူး။ ကိုယ်တော်က ဇာတိပကတိကို ရောက်လာပြီး ကျွန်မတို့ဆီမှာ ယောက်ျားတစ်ယောက် ဒါမှမဟုတ် မိန်းမတစ်ယောက် အဖြစ်နဲ့ ပေါ်ထွန်းလာတာက အမှုတော်ရဲ့ လိုအပ်ချက်တွေကြောင့်သာ ဖြစ်တယ်။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့ အမှုတော် ပြီးဆုံးတဲ့အချိန်မှာ ဘုရားသခင်က ဝိညာဉ်ရေးရာ လောကကို ပြန်သွားလိမ့်မယ်။ အဲဒီအချိန်မှာ လိင်ရဲ့ ခြားနားခြင်းဆိုတာ ရှိမှာမဟုတ်ဘူး။ အဲဒါကြောင့် ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းက ယောက်ျား ဖြစ်စေ၊ ဒါမှမဟုတ် မိန်းမဖြစ်စေ သူက လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းအမှုတော်ကို ပြုနိုင်ဆဲ ဖြစ်တယ်။ နောက်ဆုံးသောကာလအတွင်းမှာ ဘုရားသခင်က မိန်းမတစ်ယောက် အဖြစ်နဲ့ အမှုပြုဖို့ ကြွလာခြင်းမှာ လက်တွေ့ကျတဲ့ အဓိပ္ပါယ်တစ်ခု ရှိတယ်။ သခင်ယေရှုက အဲဒီအချိန်က ယောက်ျားတစ်ယောက် အနေနဲ့ သူ့အမှုကို ပြုဖို့ ကြွတော်မူခဲ့လို့၊ လူတွေအားလုံးက ဘုရားသခင်က ယောက်ျားဖြစ်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဘုရားသခင်ကသာ ဒီအချိန်မှာ သူ့အမှုတော်ကို ပြုဖို့ မိန်းမတစ်ယောက် အနေနဲ့ မကြွလာခဲ့ဘူးဆိုရင် လူတွေက ဘုရားသခင်ဟာ ယောက်ျားဖြစ်တယ်လို့ အမြဲတွေးနေကြတော့မယ်၊ ပြီးတော့ ကျွန်မတို့ကလည်း ဘုရားသခင်က ယောက်ျားတွေရဲ့ ဘုရားသခင်ဖြစ်ပြီး၊ ယောက်ျားတွေက မိန်းမတွေထက် အမြဲထာဝရ ပိုပြီးမြင့်မားတယ်လို့ တွေးလိမ့်မယ်။ ဘုရားသခင်က ကျွန်မတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေကို ဆန့်ကျင်တုံ့ပြန်ဖို့၊ ဘုရားသခင်က ယောက်ျားတစ်ယောက် အနေနဲ့သာ လူ့ဇာတိခံယူနိုင်တယ်ဆိုတဲ့ မှားယွင်းတဲ့ ရှုထောင့်ကို ပြောင်းပြန်လှန်ပေးဖို့၊ ပြီးတော့ ဘုရားသခင်က လူသားမျိုးနွယ် တစ်ခုလုံးရဲ့ ဘုရားသခင်ဖြစ်ကြောင်း နဲ့ သူက ယောက်ျား ဒါမှမဟုတ် မိန်းမ အနေနဲ့ လူ့ဇာတိခံယူနိုင်ကြောင်း ကျွန်မတို့မြင်စေဖို့ နောက်ဆုံးသောကာလမှာ မိန်းမတစ်ယောက် အနေနဲ့ လူ့ဇာတိခံယူခဲ့တာဖြစ်တယ်။"

ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိုအစ်မ၏ မိတ်သဟာယပြုခြင်းတို့ကို ကြားပြီးနောက် ကျွန်မက အတော်အတန် ဉာဏ်အလင်းရသည်ဟု ခံစားခဲ့ရသည်။ အမှန်မှာမူ ဘုရားသခင်မှာ လိင်မရှိပါ။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ယောက်ျားပဲဖြစ်ပါစေ၊ မိန်းမပဲဖြစ်ပါစေ၊ သူက ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် အသွင်ဆောင်သမျှ ကာလပတ်လုံး၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်နှင့် ပတ်သက်သည့် ကျွန်မတို့၏ နားလည်မှုလွဲခြင်းများကို ပြောင်းပြန်လှန်ရန်၊ ပြီးလျှင် ဘုရားသခင်သည် တရားမျှတပြီး ဖြောင့်မတ်ကြောင်း၊ ယောက်ျားနှင့် မိန်းမများတို့သည် သူ့ရှေ့တော်မှောက်တွင် တန်းတူဖြစ်ကြောင်း နှင့် သူက ယောက်ျားကိုသာ ကယ်တင်ခြင်းမဟုတ်ပဲ မိန်းမကိုလည်း ကယ်တင်ကြောင်းတို့ကို ကျွန်မတို့ကို တွေ့မြင်စေရန် ဘုရားသခင်က ပေါ်ထွန်းခဲ့ပြီး မိန်းမတစ်ယောက် အဖြစ် အလုပ်လုပ်နေသည်။ ဘုရားသခင်က ထိုကဲ့သို့သာ မပြုခဲ့ပါက၊ ကျွန်မတို့သည် သူ့ကို စစ်မှန်သည့် သိကျွမ်းခြင်း ရှိမည် မဟုတ်ပါ။ ဘုရားသခင် ပြုတော်မူသည့်အရာသည် အလွန် အဓိပ္ပါယ်ရှိသည်။ ကျွန်မသည် မိမိအတွေးအမြင်များနှင့် စိတ်ကူးများအားဖြင့် အမြဲတမ်း မည်သို့ အသက်ရှင်နေထိုင်ခဲ့ပုံနှင့် ဘုရားသခင်ကို ယောက်ျားအဖြစ်နှင့် ကန့်သတ်ခဲ့ပုံတို့ကို ကျွန်မ အမှတ်ရခဲ့သည်။ ဘုရားသခင်သည် မိန်းမတစ်ယောက် အနေဖြင့် သူ့အမှုတော်ကို ပြုဖို့ ပေါ်ထွန်းလာကြောင်း ကြားသည့်အချိန်တွင်၊ ကျွန်မသည် သံသယအပြည့်ရှိခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ ၏ စိတ်ရှုပ်ထွေးမှုကို နည်းနည်းချင်း မဖြေရှင်းသွားခဲ့ပါက၊ ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို ဧကန်မုချ ငြင်းပယ်မည် ဖြစ်သည့်အပြင်၊ သခင့်ကို ကြိုဆိုရန် အခွင့်ကိုလည်း လက်လွတ်ရမည်။ ကျွန်မက ဤအချက်ကို တွေးမိသည့်အချိန်တွင် ကျွန်မတရှုတ်ရှုတ်ဖြင့် မျက်ရည်များပြည့်လျှံလာသည်ကို မထိန်းနိုင်ခဲ့ပါ။ ကျွန်မသည် ဘုရားသခင်ကို သူ့ကျေးဇူးတော်နှင့် ကယ်တင်ခြင်းအတွက် ရိုးသားစွာ ကျေးဇူးတင်ခဲ့မိပါသည်။

ခင်မင်လေးစားရသော ညီအစ်ကိုမောင်နှမများ၊ ကျွန်မအတွေ့အကြုံကို ဝေငှ၍ပြီးပါပြီ။ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို စုံစမ်းစစ်ဆေးခြင်းကာလကို တွေးမိသည့်အချိန်တိုင်း ကျွန်မ ပြင်းပြင်းထန်ထန် တို့ထိခံရပါသည်။ ကျွန်မက ဘုရားသခင်ကို လုံးဝ သိကျွမ်းခြင်း မရှိသောကြောင့် သခင့်ကို ကြိုဆိုရန် အခွင့်အလမ်းကို လက်လွတ်ရလုနီးပါးဖြစ်ခဲ့ရပါသည်။ သို့သော်လည်း ဘုရားသခင်က ကျွန်မအပေါ်တွင် သနားကရုဏာထားရှိသည်၊ ကျွန်မအနေဖြင့် ဘုရားသခင်၏ လိင်အကြောင်း သမ္မာတရားကို နားလည်သဘောပေါက်နိုင်ရန် နှင့် သူ့ရှေ့တော်မှောက်သို့ ပြန်လာနိုင်ရန် သူက ကျွန်မနှင့် မိတ်သဟာယပြုဖို့၊ ကျွန်မကို သူ့နှုတ်ကပတ်တော်များဖြင့် ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ထိုအစ်မကို စီစဉ်ပေးခဲ့သည်။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။

အမှာစကား ချန်ခဲ့မည်