စာရင်း

ဘုရားသခင်၏ လိင်အမျိုးအစားအား ကျွန်တော် မည်သည့်အခါမှ ကန့်သတ်မည်မဟုတ်တော့ပါ (၁)

ရှင်မင်း၊ အမေရိကန်ပြန်ထောင်စု

ဘုရားသခင်ရှေ့သို့ ကျွန်တော် ပြန်လာနိုင်ခြင်းမှာ လုံးလုံးလျားလျား သူ၏ ကျေးဇူးပြုခြင်းနှင့် သနားကြင်နာမှုကြောင့်ဖြစ်သည်။ ထူထပ်သည့် မြူတို့အား ပပျောက်စေပြီး အပြာရောင် မိုးကောင်းကင်ကို ကျွန်တော့်အား မြင်ခွင့်ပေးသည့်အရာမှာ သြဇာအာဏာနှင့် ပြည့်နေသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ပင်ဖြစ်သည်။ ကျွန်တော် လိုက်လျှောက်ခဲ့သည့် လမ်းကြောင်းကို စဉ်းစားကြည့်သည့်အခါတွင် အမှန်တကယ်ပင် အတက်အကျများလွန်းလှသည်။

၂၀၁၅ခုနှစ် စက်တင်ဘာလတွင်၊ ကျွန်တော်သည် ပညာသင်ကြားရန်အတွက် နိုင်ငံခြားသို့ထွက်ခဲ့သည်။ အံ့သြစရာကောင်းသည်မှာ နိုင်ငံခြားသို့ ကျွန်တော်ရောက်၍ တစ်လပင် မပြည့်သေးခင်တွင် အစ်မတစ်ယောက်သည် ကျွန် တော့်အား သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို ဟောကြားခဲ့ပြီး၊ အနောက်တိုင်းဘာသာရေးယဉ်ကျေးမှုအကြောင်းအား စူးစမ်းလို၍ ဘုရားကျောင်းသို့ ကျွန်တော် သွားရောက်ခဲ့သည်။ ဘုရားကျောင်းအတွင်းမှ ညီအစ်ကိုမောင်နှမများ၏ နွေးထွေးသော ကြိုဆိုမှုက သူတို့၏ နွေးထွေးမှုနှင့်ကြင်နာမှုတို့ကို ကျွန်တော့်အား ခံစားစေခဲ့သည်။ ထို့အပြင် ဘုရားသခင်အား ယုံကြည်ခြင်းသည် အလွန်ကောင်းမွန်သည့် လုပ်ရပ်ဖြစ်သည်ဟု ကျွန်တော် ခံစားခဲ့ရသည်။ ထို့ကြောင့် တနင်္ဂနွေနေ့သည် ကျွန်တော် အမျှော်ရဆုံးသောနေ့ဖြစ်လာခဲ့သည်။ သခင့်အား ကျွန်တော် စတင် ယုံကြည်ပြီးနောက်တွင် ခရစ်ယာန်ကျင့်ဝတ် အသက်တာအတိုင်း ရှင်သန်နေထိုင်ပုံအား ကျွန်တော် စတင်လေ့လာခဲ့ပြီး ကျွန်တော်၏ အတန်းဖော် သူငယ်ချင်းများနှင့် အရက်ဘားများတွင် အရက်မူးအောင်သောက်သည့် ဘဝနှင့် ဘာမှကို အလေးမထားသည့် အသက်တာကို တဖြည်းဖြည်းချင်း စွန့်ခွာလာခဲ့သည်။ တနင်္ဂနွေနေ့တိုင်းတွင် ကျွန်တော်သည် ကျွန်တော်၏အဆောင်တွင် သမ္မာကျမ်းစာကိုဖတ်ရှုပြီး ဝိညာဉ်ရေးရာဆက်ကပ်အပ်နှံခြင်းကို လုပ်ဆောင်သည်။ ပြီးလျှင် ကျွန်တော်၏ နှလုံးသားသည် ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နေခဲ့သည်။ ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် ကျွန်တော်သည် ခရစ်ယာန်တစ်ယောက်အဖြစ် နှစ်ခြင်းခံခဲ့သည်။

ကောလာဟလများအား ကျွန်တော် စတင်ကြားခဲ့ရပြီး သံသယသည် ကျွန်တော်၏ နှလုံးသားအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့သည်

တစ်ညနေတွင် ကျွန်တော်၏ အသင်းတော်မှ သင်းထောက်တစ်ဦးသည် ကျွန်တော်တို့၏ WeChat အဖွဲ့တွင် အသိပေးချက်တစ်ခုတင်ထားသည်ကို တွေ့ရသည်။ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လူတိုင်း သတိပြုရပါမယ်။ သံသယရှိစရာ တစ်ယောက်ယောက်နဲ့ ကြုံရင် အသင်းတော်ကို သတင်းပို့ရပါမယ်” ကျွန်တော်က၊ “ငါ သခင့်ကိုယုံကြည်တာကနေ သွေဖည်သွားရင် အတော်ဒုက္ခရောက်မှာပဲ။ ငါ သတိထားရမယ်။ ဒါပေမဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ဘယ်လိုအသင်းတော်မျိုးလဲ” ဟု ကိုယ့်ဖာသာ စဉ်းစားလိုက်သည်။ စူးစမ်းလိုစိတ်ဖြစ်ပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအား အွန်လိုင်းပေါ်တွင် ရှာဖွေခဲ့ပြီး မတူညီသည့် ဂိုဏ်းခွဲများမှ သင်းအုပ်ဆရာများ၏ အမြင်တွေကို ဖတ်ရှုခဲ့ရသည်။ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သခင်ယေရှု ပြန်ကြွလာပြီ၊ သူဟာ အမျိုးသမီးတစ်ယောက်အနေနဲ့ လူ့ဇာတိခံယူခဲ့တယ်လို့ သက်သေခံတယ်။ ဒါ မဖြစ်နိုင်ဘူး” ဟု သူတို့က ပြောသည်။ ကျွန်တော် ကိုယ့်ဖာသာ စဉ်းစားလိုက်သည်။ “အနန္တတန်ခိုးရှင်ဘုရားသခင်က ဘယ်လိုလုပ်ပြီး သခင်ယေရှု ဒုတိယအကြိမ်ကြွလာခြင်းဖြစ်နိုင်မှာလဲ။ သခင်ယေရှုက ယောက်ျားတစ်ယောက်အနေနဲ့ လူ့ဇာတိခံယူခဲ့တယ်လို့ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားပြီး သူက အခု ပြန်ကြွလာပြီဆိုရင် ယောက်ျားတစ်ယောက်ပဲဖြစ်ရမှာပေါ့။ လူ့ဇာတိခံယူတဲ့ ခရစ်တော်က အမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ သူတို့က သက်သေခံတယ်။ ဒါ မမှန်နိုင်ဘူး။ ဒီတော့ ငါ သေချာကို ဂရုစိုက်ပြီး သူတို့ကို သတိနဲ့ တားဆီးကာကွယ်ရမယ်” နောက်ပိုင်းတွင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအား သတိကြီးစွာထားပြီး ဆက်ဆံရန်၊ သူတို့နှင့် လုံးဝ အဆက်အသွယ်မပြုလုပ်ရန် ကိုယ့်ကိုယ်ကိုယ် မကြာခဏ သတိပေးခဲ့သည်။ အသင်းတော် အစည်းအဝေးပွဲများသို့လည်း ကျွန်တော် ပို၍ သွားရမည်၊ သင်းအုပ်ဆရာများနှင့် တရားဟောဆရာများအားလုံးသည် အဆင့်အတန်းရှိသည့် ကျမ်းစာကျောင်းများမှဖြစ်သောကြောင့် သမ္မာကျမ်းစာကို သူတို့ ကောင်းမွန်စွာ သိသည်၊ အတွေ့အကြုံများစွာရှိသည၊ သူတို့သည် ရင့်ကျကသော ဝိညာဉ်အသက်တာများလည်းရှိသည်ဟု ကျွန်တော် တွေးမိသည်။ သင်းအုပ်ဆရာများနှင့် တရားဟောဆရာများပြောသည်တို့ကို အလေးထားခြင်းက ပို၍ စိတ်ချရလိမ့်မည်ဟု ကျွန်တော် တွေးမိခဲ့သည်။ ထို့နောက်တွင် ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြင်ဆင်ရန်အတွက် အွန်လိုင်းပေါ်သို့တက်ပြီး ဂုဏ်သတင်းကြီးသော သင်းအုပ်ဆရာများထံမှ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်း သတင်းအချက်အလက်နှင့် ဗီဒီယိုများစွာကို တွေ့ရှိခဲ့သည်။

လအနည်းငယ်ကြာပြီးနောက် တစ်မနက်တွင် ကျွန်တော်၏ ဆဲလ်ဖုန်းကို ဖွင့်ပြီး ကျွန်တော်၏ အသင်းတော်မှ အစ်မတစ်ယောက်က “ဘုရားသခင်ရဲ့အောင်မြင်မှုကိုချီးမွမ်းပါ” ဟု ခေါ်သည့် အဆိုအက ဗီဒီယိုတစ်ခုကို ကျွန်တော်တို့ WeChat အဖွဲ့သို့ ပို့ထားသည်ကို ကျွန်တော် တွေ့ရသည်။ တရားဟောဆရာတစ်ယောက်ထံမှ အသိပေးချက်တစ်ခု ထပ်ဖြည့်ထားပြီး “ဒီအကြောင်းအရာက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆီက ဖြစ်ပါတယ်။ မကြည့်ပါနဲ့။ သူများတွေကို လက်ဆင့်မကမ်းပါနဲ့” ဟု ပြောထားသည်။ ထိုအသိပေးချက်ကို ကျွန်တော် ဖတ်ပြီးသည့်အချိန်တွင် ဗီဒီယိုကို ဖွင့်ပြီးဖြစ်ပြီး ကခုန်နေသည့် လူတို့သည် ပျော်ရွှင် ဝမ်းမြောက်သည့် အမူအရာတို့ရှိသည်ကို တွေ့မြင်ခဲ့ရသည်။ သို့သော် ဤဗီဒီယိုသည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းမှဖြစ်သည်ကို သိရှိရသည့်အခါတွင် ကျွန်တော် မကြည့်တော့ပေ။ နောက်ထပ် ထပ်၍ မကြည့်မိစေရန်အတွက် ချက်ချင်းဖျက်ပစ်လိုက်သည်။ ထိုအချိန်မှစ၍ YouTube တွင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဗီဒီယိုတိုင်းအား ကျွန်တော် တွေ့ရသည့်အခါတိုင်းတွင် ချက်ချင်းပဲ ပယ်ဖျက်သည့်စာရင်းတွင် ထည့်ထားလိုက်သည်။

ကျွန်တော်၏ အသင်းတော်သည် ခြောက်ကပ်လာသောကြောင့် သခင်၏ ဦးဆောင်လမ်းပြမှုကို ကျွန်တော် ရှာဖွေခဲ့သည်

နောက်ပိုင်းတွင် ကျွန်တော်၏ အသင်းတော်မှ သင်းအုပ်ဆရာများ၏ တရားဒေသနာများသည် ကျွန်တော်၏ အတွင်းပိုင်း အသက်တာ လိုက်လျှောက်မှုအား တကယ် ဖြည့်ဆည်းနိုင်ခြင်းပင်မရှိသည်ကို ကျွန်တော် တွေ့ရှိရပြီး သခင့်အား မည်မည်ရရ သိမြင်ခြင်းမရှိသည်ကို ကျွန်တော် တွေ့ရှိခဲ့ရသည်။ လူတော်တော်များများသည် သူတို့၏ ကိုယ်ပိုင်တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များအတွက် အသင်းတော်တစ်ခုကို ပါဝင်ကြသည်။ အချို့မှာ သူတို့၏ ထုတ်ကုန်များအား ရောင်းချရန်အတွက် အုပ်စုများ ဖွဲ့ကြပြီး တချို့မှာ စီးပွာရေးလုပ်ဖောက်ကိုင်ဖက်တွေ ရှာဖွေကြသည်။ အချို့မှာ ခင်ပွန်း သို့မဟုတ် ဇနီးရှာဖွေရန်အတွက် ပါဝင်ကြသည်။ အစ်ကိုတစ်ယောက်မှာ အစည်းအဝေးတစ်ခုတွင် သူ့မိသားစု၏ ကုန်ပစ္စည်းအား ကျွန်တော့်ကို ရောင်းချရန် အမှန်တကယ်ပင် ကြိုးစားခဲ့သည်။ ကိုးကွယ်ဝတ်ပြုရန်အတွက် အသင်းတော်သို့ ခရစ်ယာန်များ ပြန်လာဖို့ ဆွဲဆောင်ရန်အတွက် အချို့သင်းအုပ်ဆရာများသည် “စားသောက်ဆိုင် မိတ်သဟာယဖွဲ့မှု” ဟု အမည်ပေးထားသည့် ပွဲတစ်ခုကဲ့သို့ ပွဲအမျိုးမျိုးကို စီစဉ်ပြုလုပ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအား ဝေမျှရန်အတွက်ဟု သူတို့ပြောကြသည်။ သို့သော်လည်း အမှန်တကယ်တွင် လူတိုင်းက စားကြ၊သောက်ကြ၊ ပျော်ပါးကြခြင်းသာဖြစ်သည်။ တရားဟောဆရာများသည် လက်တွဲဖော်မရှိသူများ တွေ့ဆုံပွဲကိုလည်း စီစဉ်သည်။ ယင်းမှာ အဓိကအားဖြင့် အချင်းချင်းမသိသည့်သူများ ချိန်းတွေ့သည့် ပွဲပင်ဖြစ်သည်။ ကျွန်တော် ပို၍ပင် မယုံနိုင်လောက်အောင် သိရှိရသည်မှာ လူငယ်ယုံကြည်သူများ အစည်းအဝေးတက်ရောက်ဖို့ တိုက်တွန်းအားပေးရန်အတွက် အစည်းအဝေးများသို့ နှစ်ကုန်အထိ ဇွဲရှိရှိဖြင့် တက်ရောက်သူတစ်ဦးချင်းစီအား အသင်းတော်မှ အိုင်ဖုန်းတစ်လုံးစီပေးမည်ဟု ကတိပြုခဲ့သည်။ ကျွန်တော်၏ အသင်းတော်တွင် ဤကဲ့သို့သောအခြေအနေကိုကို မြင်ရသည့်အခါတွင် ကျွန်တော် မည်သို့ခံစားရသည်ကို မဖော်ပြနိုင်ပါ။ ဤအရာတို့ကို ပြုလုပ်ခြင်းအားဖြင့် သင်းအုပ်ဆရာများနှင့် တရားဟောဆရာများသည် အသင်းတော်အား လူ့အဖွဲ့အစည်းကဲ့သို့ပင် ပြုလုပ်နေခြင်း မဟုတ်ပါလား။ အသင်းတော်ထဲသို့ လူများအား ဆွဲဆောင်ရန်အတွက် အသင်းတော်သည် ရုပ်ပိုင်းဆိုင်ရာသာယာမှု ပုံစံမျိုးစုံကို အသုံးပြုခြင်းအားဖြင့် သခင့်အား ကိုးကွယ်ဝတ်ပြုနေခြင်းဖြစ်ပါသလား။ ယင်းမှာ သမ္မာကျမ်းစာထဲက သူခိုးများ၏ သီးသန့်နေရာဖြစ်သွားခဲ့သည့် ဗိမာန်တော်ကဲ့သို့ပင်ဖြစ်ပြီး ကျွန်တော်သည် အလွန်ပင် နာကျင်ဝမ်းနည်းလျှက် စိတ်ရှုပ်ထွေးနေခဲ့ရသည်။

ကျွန်တော်သည် လမ်းလွဲသွားပြီး လှည့်စားခံရမည်ကို စိုးရိမ်သောကြောင့် အွန်လိုင်းပေါ်သို့တက်ပြီး ဂုဏ်သတင်းကြီးသော သင်းအုပ်ဆရာများ၏ တရားဒေသနာအချို့ကို ရှာဖွေကာ ဝိညာဉ်ရေးရာစာအုပ်များစွာကို ဝယ်ယူခဲ့သည်။ သို့သော်လည်း ဤ တရားဒေသနာများအား ကြည့်ရှုပြီး ဤစာအုပ်များအား ဖတ်ပြီးသည့်နောက်တွင်ပင်လျှင် ကျွန်တော်၏ ဝိညာဉ်သည် ညှိုးနွမ်းခြောက်သွေ့နေဆဲဖြစ်သည်။ ဘုရားသခင်ဆီမှလာသည့် ဝမ်းမြောက်ချိုမြိန်မှုအား ကျွန်တော် မခံစားနိုင်ခဲ့ပါ။ ထို့အပြင် ကျွန်တော်၏ ရှေ့တွင် ချထားသည့် ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို မည်သို့လိုက်လျှောက်ရမည်ကို ကျွန်တော် မသိခဲ့ပေ။ ထို့ကြောင့် ကျွန်တော်သည် ဘုရားသခင်၏ ဦးဆောင်လမ်းပြမှုကိုရရှိပြီး သခင်၏ မျက်နှာအား မြင်ဖို့အတွက် ရှာဖွေအားထုတ်ရန် အစာရှောင်ဖို့ ရွေးချယ်ခဲ့သည်။ ကျွန်တော်သည် အစာရှောင်ပြီး ဆုတောင်းစဉ်တွင် ရေကိုသာ သောက်ခဲ့ပြီး အားနည်းလာသည်ဟု ခံစားရသည့်အခါတွင် ရေကို အာဟာရဖြည့်အမှုန့်တချို့ ရောခဲ့သည်။

ဘုရားသခင်ထံဆုတောင်းပဌနာပြုခြင်း

ကျွန်တော်သည် အကူအညီမဲ့ပြီး နာကျင်ခံစားနေရသည့်အချိန်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ကျွန်တော့်ထံသို့ ရောက်ရှိလာခဲ့သည်

ကျွန်တော်၏ ဆုတောင်းသံကို ကြားသည့်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ အစာရှောင်သည့် တတိယမြောက်နေ့တွင် အစ်မအချို့နှင့် ကျွန်တော် ခင်မင်သိကျွမ်းခဲ့သည်။ ကျွန်တော်တို့ စကားပြောကြစဉ်တွင်၊ ကျွန်တော် အသင်းတော်နှင့် ကျွန်တော်၏ လက်ရှိအခြေအနေတို့အား သူတို့ကို ပြောပြခဲ့ပြီး အစ်မလူက၊ “မင်းပြောတဲ့ ဒီဖြစ်ရပ်တွေက အသင်းတော်တွေမှာ ပျံ့နှံ့နေတဲ့ ပြဿနာတွေပဲ။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ။ ဗိမာန်တော်မှာ ယေဟောဝါရဲ့ ဘုန်းကျက်သရေရှိခဲ့တဲ့ ပညတ်တော်ခေတ်ကို တွေးကြည့်ပါ။ အဲဒီအချိန်တုန်းက ဘယ်သူမဆို အပြစ်တစ်ခု ကျူးလွန်ရင် သူတို့ဟာ ဆုံးမခံရတယ် ဒါမှမဟုတ် အပြစ်ပေးခံရတယ်။ ဥပမာ သြဇိက ယဇ်ပုလ္လင်မှာ အမွှေးနံ့သာတွေကို မီးရှို့ဖို့ ဗိမာန်တော်ထဲကို သွားတဲ့အခါမှာ ယဇ်ပရောဟိတ်က သူ့ကို ထွက်သွားဖို့ပြောခဲ့တယ်။ ဒါပေမဲ့ သြဇိက ယဇ်ပရောဟိတ်ကို စိတ်ဆိုးပြီး ချက်ချင်း သူ့နဖူးမှာ နူနာပေါက်တယ်။ ပညတ်တော်ခေတ် အဆုံးကိုရောက်တဲ့အချိန်မှာ ဗိမာန်တော်က မွေးမြူရေးတိရိစ္ဆာန်တွေ၊ ခိုတွေ ရောင်းဝယ်တဲ့နေရာဖြစ်လာပြီး ဘယ်သူမှ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဆုံးမခြင်းကို မခံရဘဲ ငွေလဲတဲ့နေရာ သူခိုးတွေရဲ့အသိုက်အမြုံ ဖြစ်လာတယ်။ အရေးကြီးတဲ့အချက်က သခင်ယေရှုက သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကို အစပြုပြီးတဲ့နောက်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုက ပြောင်းလဲသွားပြီး သန့်ရှင်းသောဝိညာဉ်တော်ဟာ သခင်ယေရှုရဲ့ အမှုတော်ကို စတင်ထိန်းသိမ်းခဲ့တယ်။ အခုအချိန်မှာ အသင်းတော်တွေမှာ ခြောက်ကပ်မႈက ပျံ့နှံ့လာတာဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုက နောက်တစ်ခါ ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ အိမ်တော်ကနေစတဲ့ သူ့ရဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့၊ လူသားကို ကယ်တင်ပြီး ပြောင်းလဲဖို့အတွက် သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြဖို့ ပြန်ကြွလာခဲ့ပြီး လူ့ဇာတိအနေနဲ့ နောက်တစ်ခါ ကြွလာခဲ့ပါတယ်” ဟု ပြောလေသည်။ သခင််ပြန်လည်ကြွလာပြီးဖြစ်သည်ဟု ကျွန်တော် ကြားရသည့်အခါတွင် မှင်သက်သွားပြီး အံ့သြခဲ့ရသည်။ ပြီးနောက်တွင် ကျွန်တော်သည် အွန်လိုင်းပေါ်သို့တက်ပြီး ဆက်စပ်သည့် သတင်းအချက်အလက်များစွာကို ရှာဖွေကြည့်ရှုခဲ့သည်။ အစ်မလူ၏ မိတ်သဟာယဖွဲ့မှုသည် အချက်အလက်များနှင့် ကိုက်ညီပြီး သမ္မာကျမ်းစာတွင် အခြေခံထားသည်ဟု ကျွန်တော် ခံစားခဲ့ရပါသည်။

မြင်တွေ့ခြင်းသည် ယုံကြည်ခြင်းဖြစ်သည်

တစ်နေ့လည်ခင်းအချိန်တွင် အစ်မလင်းလင်းသည် ကျွန် တော့်ထံသို့ “လမ်းတစ်လျှောက် ကိုယ်တော် အဖော်ပြု” ဟု ခေါ်သည့် ဓမ္မတေးသီချင်း ဗွီဒီယိုတစ်ခုကို ပို့ခဲ့ပြီး နားထောင်ကြည့်ဖို့ ကျွန်တော့်အား တိုက်တွန်းသည်။ ကျွန်တော်သည် နှစ်မိနစ်မျှပင် နားမထောင်ခဲ့ဘဲ ပိတ်လိုက်ရသည်။ ပြီးနောက် “မဟုတ်သေးဘူး။ ဒါ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဗီဒီယိုတစ်ခုဖြစ်ပုံရတယ်” ဟု တွေးမိသည်။ ကျွန်တော်သည် ရုတ်တရက် ဘာလုပ်ရမည်မသိဖြစ်ပြီး ကျွန်တော်၏ နှလုံးသည် လျင်မြန်စွာ ခုန်နေသည်။ ထို့နောက်တွင် ကျွန်တော်သည် အစ်မ လင်းလင်းအား၊ “အစ်မ ဒါ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆီက ဓမ္မတေးသီချင်း ထင်တယ်။ ကျွန်တော်ပြောတာဟုတ်လား။ အားလုံးက သူတို့ဟာနဲ့တူတယ်” ဟု ပြောလိုက်သည်။ အစ်မ လင်းလင်းက၊ “အဲဒါက အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ဓမ္မတေးသီချင်း ဟုတ်မဟုတ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ဓမ္မတေးသီချင်းရဲ့စာသားတွေက ငါတို့ကို ဘုရားသခင်ကို နားလည်ဖို့ ကူညီနိုင်ခြင်းရှိ မရှိ၊ သူတို့က ဘုရားသခင်ကို သက်သေခံခြင်းရှိ မရှိဆိုတာပါ။ စာသားတွေက သမ္မာတရားနဲ့ ကိုက်ညီသရွေ့ ငါတို့ အဲဒါတွေကို လက်ခံသင့်တယ်။ ဒီလိုမှသာ သမ္မာတရားကို နာခံခြင်းဖြစ်တယ်။ ငါတို့ အတူတူကြည့်ကြတာပေါ့” ဟု ပြောပါသည်။ အင်တင်တင်ဖြင့် ကျွန်တော်သည် သဘောတူခဲ့သော်လည်း သတိထားလျက် စိတ်ကို လွတ်မထားရဲခဲ့ပါ။

ဓမ္မတေးသီချင်းဗွီဒီယိုအား အချိန်အနည်းငယ်မျှ ကြည့်ပြီးသည့်နောက်တွင် ဗွီဒီယိုရှိ အကြောင်းအရာအားလုံးက ဘုရားသခင်အား သက်သေခံခြင်းဖြစ်ကြောင်းကို ကျွန်တော်တွေ့မြင်ခဲ့ပြီး ကျွန်တော်၏ စိုးရိမ်ပူပန်နေသည့်ခံစားချက်များ အနည်းငယ် သက်သာသွားသည်။ ၎င်းကို ကျွန်တော် ထပ်ကြည့်သည့်အခါတွင် ဓမ္မတေးသီချင်းတွင် ပါဝင်သည့်အကြောင်းအရာသည် အလွန်ကောင်းမွန်ပြီး အတွင်းတွင် နွေးထွေးသည့် ခံစားချက်ကို ပေးသည်ဟု ခံစားရသည်။ ထိုအချိန်ခဏတွင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအပေါ် ကျွန်တော်၏ ထင်မြင်ချက်အချို့ကို လွတ်ချခဲ့ပြီး သခင့်အား ဆုတောင်းလိုက်သည်- “အို သခင် ဝိညာဉ်မျိုးစုံအား ခွဲခြားသိမြင်ဖို့ ဉာဏ်ပညာကို ကျွန်တော့်အား ပေးတော်မူပါ။ ကိုယ်တော်ဆီမှလာခြင်းဖြစ်တယ်ဆိုရင် ကျွန်တော်၏ စိတ်နှလုံးအား ငြိမ်းချမ်းခြင်းနှင့် ပြည့်စေပြီး ကိုယ်တော်ဆီမှ လာခြင်းမဟုတ်ရင် မတူညီမှုကို ပြောဆိုနိုင်ဖို့ ဉာဏ်ပညာအား ကျေးဇူးပြုပြီး ကျွန်တော့် ကို ပေးတော်မူပါ။” ဆုတောင်းပြီးနောက်တွင် ကျွန်တော်သည် အလွန်ပင် ငြိမ်းချမ်းသွားပြီး အစ်မများနှင့် ဆက်လက်၍ မိတ်သဟာယပြုရန် ဆုံးဖြတ်ခဲ့သည်။

အမှန်တရားနှင့် ကောလာဟာလ- ကျွန်တော် ရှာဖွေရန် ရွေးချယ်ခဲ့သည်

ထို့နောက်တွင် အစ်မလူသည် သခင်ပြန်လည်ကြွလာသည့်နည်းလမ်း နှင့် ပတ်သက်၍ ကျွန်တော်တို့နှင့် မိတ်သဟာယဖွဲ့ခဲ့သည်- “ပညတ်တော်ခေတ်မှာ ဘုရားသခင်က လူ့အသက်တာကို ဦးဆောင်လမ်းပြဖို့အတွက် သူ့ရဲ့ ဝိညာဉ်တော်ကို အသုံးပြုခဲ့ပြီး ကျေးဇူးတော်ခေတ်မှာ သူဟာ လူသားမျိုးနွယ်ကို ရွေးနှုတ်ကယ်တင်ဖို့ သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ဖို့အတွက် လူ့ဇာတိကိုခံယူခဲ့တယ်။ ဘုရားသခင်က ဝိညာဉ်တော်နဲ့ အလုပ်လုပ်သည်ဖြစ်စေ၊ လူ့ဇာတိနဲ့အလုပ်လုပ်သည်ဖြစ်စေ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့ ဘုရားသခင်ရဲ့အမှုတော် လိုအပ်ချက်တွေအပေါ်မှာ အမြဲတမ်း အခြေခံပါတယ်။ နောက်ပြီး ဘုရားသခင်က သူ့ရဲ့အမှုတော်အဆင့် တစ်ခုစီတိုင်းမှာ မတူညီတဲ့ ပုံစံနဲ့ အလုပ်လုပ်ပြီး နောက်ဆုံးသောကာလမှာ သူ့ရဲ့ပုံစံကို ပိုပြီးတော့တောင် ပြောင်းလဲတယ်။” ကျွန်တော်က၊ “ဘုရားသခင် ကြွလာခြင်းက ပိုပြီးတော့တောင် မတူညီတဲ့ ပုံစံနဲ့ဖြစ်နေမှာလား။ လူ့ဇာတိခံယူတဲ့ ခရစ်တော်ဟာ သူတို့ သက်သေခံသလို အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား” ဟု ကိုယ့်ဖာသာ စဉ်းစားလိုက်သည်။ ကျွန်တော် အနည်းငယ် စိုး ရိမ်ပူပန်သော်လည်း ကျွန်တော်၏ ခေါင်းထဲတွင် အားလုံး ရှင်းသွားချင်သေးသည်။ အစည်းအဝေးပြီးသည်နှင့်တပြိုင်နက် အစ်မလူအား ကျွန်တော်က၊ “ဘုရားသခင်က အခု ပြန်ကြွလာတော့ ဘယ်လိုပုံစံကို သူယူထားတာလဲ” ဟု မေးလိုက်သည်။ သူမက ကျွန်တော့်ကို၊ “ဘုရားသခင်က သူ့အမှုတော်ကို လုပ်ဆောင်ဖို့ ဘယ်လိုပုံစံပဲ ယူပါစေ ကျွန်မတို့အားလုံးက နှိမ့်ချတဲ့နှလုံးသားနဲ့ ရှာဖွေရမယ်။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အယူအဆနဲ့ မကိုက်ရင်တောင် သမ္မာတရားကို ရှာဖွေရဦးမယ်။ ကျွန်မတို့က ကျွန်မတို့ရဲ့ ကိုယ်ပိုင်အယူအဆတွေနဲ့ စိတ်ကူးထင်မြင်မှုတွေကို အမှီပြုပြီး ဘုရားသခင်ကို ဘောင်မခတ်ရဘူး။ ပြီးတော့ ဖာရိရှဲတွေလုပ်ခဲ့တာတွေကို ထပ်လုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခြင်းလမ်းကြောင်းကို လိုက်လျှောက်တာမျိုး မလုပ်ရဘူး” ဟု ပြောသည်။ ထို့နောက်တွင် ကျွန်တော်က “သိပ်မှန်တယ်။ သခင်ကြွလာတာကို ကြိုဆိုခြင်းက ကြီးမားတဲ့အရာတစ်ခုဖြစ်ပြီး ငါတို့ရဲ့ ကိုယ်ပိုင်အယူအဆတွေ ဒါမှမဟုတ် စိတ်ကူးထင်မြင်ချက်တွေကို အမှီမပြုရဘူး။ ဒါပေမဲ့ အမြင်ကျယ်ကျယ်ထားပြီး သမ္မာတရားကို ရှာဖွေရမယ်” ဟု စဉ်းစားမိသည်။

အစည်းအဝေးပြီးသွားသည့်နောက်တွင် ကျွန်တော်နှင့် အစ်မလူ မိတ်သဟာယပြုခဲ့သည့်အချက်အလက်ွေကိုယူကာ အွန်လိုင်းပေါ်တွင် ရှာဖွေခဲ့ပြီး အဆုံးတွင် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်၏ ဝဘ်ဆိုဒ်ဖြစ်သည့် နိုင်ငံတော်ဆင်းသက်ခြင်း ဧဝံဂေလိတရားကို နှိပ်ကြည့်ခဲ့သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုသည့် စာအုပ်ကို ကျွန်တော် တွေ့ရသည်။ အစ်မလူက တကယ်ကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်သူတစ်ယောက်ဖြစ်နိုင်မည်လား။ သူတို့မိတ်သဟာယဖွဲ့သည့်အရာအားလုံးက အလွန်ကောင်းမွန်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းပါဝင်သော်လည်း ဘုရားသခင်သည် အမျိုးသမီးတစ်ယောက်အဖြစ် လူ့ဇာတိခံယူသည်ဟု သူတို့ သက်သေခံလျှင် ကျွန်တော် လက်ခံမည်မဟုတပါ။ သခင်ယေရှုခရစ်တော်သည် အမျိုးသားတစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် သခင်ဒုတိယအကြိမ်ပြန်ကြွလာခြင်းက အမျိုးသမီးတစ်ယောက် မဖြစ်နိုင်ပေ။ ထိုအချိန်တွင် အစ်မလူက ကျွန်တော်နှင့် မိတ်သဟာယပြုခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို စဉ်းစားမိခဲ့သည်။ “ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။” မှန်ပါသည်။ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပြီး သမ္မာတရားကို ဖော်ပြနိုင်သည်။ သခင်ယေရှုသည် အမှုတော်ကို လုပ်ဆောင်ရန်အတွက် ကြွလာတုန်းကကဲ့သို့ပင် သူသည် ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေသည်။ လူတို့ကို ကိုယ့်ကိုယ်ကိုယ်ချစ်သကဲ့သို့ သူတစ်ပါးအားချစ်ရန်၊ သခင့်အား စိတ်နှလုံး၊ ဝိညာဉ်ရှိသမျှဖြင့် ချစ်ရန်သင်ကြားခဲ့ပြီး လက်တွေ့လုပ်ဆောင်ရန်နည်းလမ်းကို သူတို့အား ပြသခဲ့သည်။ ထို့ကြောင့် ဤပုဂ္ဂိုလ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင် ဟုတ်မဟုတ် ခွဲခြားသတ်မှတ်ရန်အတွက် သူသည် သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြနိုင်ခြင်းရှိမရှိ၊ လူတို့၏ အသက်တာများအတွက် ပံ့ပိုးပြီး လက်တွေ့လုပ်ဆောင်ရန်နည်းလမ်းကို လူတို့အား ပြနိုင်ခြင်းရှိမရှိ ကြည့်ရပါမည်။ ကျွန်တော်သည် သတိထားကာကွယ်ခြင်းအပေါ်မှာသာ အာရုံစိုက်ပြီး ရှာဖွေ စူးစမ်းလေ့လာရန်အတွက် လျစ်လျူရှုနေခြင်း မပြုလုပ်သင့်ပေ။ သခင်ပြန်ကြွလာခြင်းကို ကြိုဆိုရန် အခွင့်အလမ်းအား ကျွန်တော် လွဲချော်ခဲ့လျှင် ကျွန်တော်သည် မိုက်မဲသည့် အပျိုကညာများကဲ့သို့ ပယ်ရှင်းခံရမည်ဖြစ်သည်။ ထိုအချိန်တွင် ကျွန်တော်သည် သခင့်အား မကြာခဏဆုတောင်းပြီး ကျွန်တော့်အား လမ်းညွှန်ပြပြီး ဦးဆောင်ရန် တောင်းဆိုခဲ့သည်။ အချိန်အနည်းငယ်မျှ ရှာဖွေပြီး ဆင်ခြင်တွေးတောပြီးနောက်တွင် အစည်းအဝေးများသို့ ဆက်သွားရန် ကျွန်တော် ဆုံးဖြတ်ခဲ့သည်။

ဆက်ရန် …

အပိုင်း ၂-

အမှာစကား ချန်ခဲ့မည်