စာရင်း

ကက်သလစ်ဝါဒ- ကောင်းကင်နိုင်ငံနှင့်ဆိုင်သော ကျွန်မ၏ အိပ်မက် အကောင်အထည်ဖော်ခြင်းအတွက် နောက်ဆုံးတွင် မျှော်လင့်ချက်ရှိပြီ (၂)

ရှေလာ၊ ကင်ညာနိုင်ငံ

သန့်စင်ခံရခြင်းနှင့် ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ခြင်းဆီသို့ လမ်းကြောင်း

အစ်မ လီလီက၊ “ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ ရှင် လုံးဝ မှန်ပါတယ်။ ကောင်းကင်နိုင်ငံထဲ ကျွန်မတို့ ဝင်ချင်တယ်ဆိုရင်၊ ကျွန်မတို့ရဲ့ အပြစ်နဲ့ ပြည့်ဝမှုကို ကျွန်မတို့ လုံးဝ ဖြေရှင်းရမှာဖြစ်တယ်။ ဒီတော့ အပြစ်နဲ့ ပြည့်တဲ့ သဘာဝကနေ ကျွန်မတို့ ဘယ်လို လွတ်မြောက်ပြီး သန့်စင်ခံရနိုင်သလဲ။ ဒီအတွက်၊ ကျွန်မတို့အနေနဲ့ သခင်ယေရှုရဲ့ အမှုတော်နဲ့ အဲဒီအမှုတော်ရရှိခဲ့တဲ့ ရလဒ်တွေအပြင် အပြစ်ကို အပြည့်အဝ စွန့်ပစ်ခြင်း လမ်းကြောင်းကို နားလည်ရပါမယ်။ အရင်ဆုံး ဘုရားနှုတ်ကပတ်တော်တွေရဲ့ ကျမ်းပိုဒ်အချို့ကို ဖတ်ရအောင်၊ ‘ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။’ (ကျမ်းဦးစကား)”

အစ်မ လီလီက ဤမိတ်သဟာယကို ဝေမျှခဲ့သည်- “ကိုယ်တော်က သူ့ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်နဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်ပေါ် အခြေခံပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အမှုပြုတယ်ဆိုတာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မတို့ မြင်နိုင်တယ်။ ပညတ်တော်ခေတ်ရဲ့ နောက်ပိုင်းအဆင့်မှာလိုပဲ၊ ကျွန်မတို့ လူသားတွေက ပိုပိုပြီး အပြစ်ပြုလုပ်နေခဲ့ကြတဲ့အခါ၊ ပညတ်တရားနဲ့ ပညတ်ချက်တွေကို ကျွန်မတို့ မစောင့်ထိန်းနိုင်သလို ပညတ်တရားအောက်မှာ သေခြင်းကို အပို့ခံရဖို့ အန္တရာယ်နဲ့ ကျွန်မတို့ ရင်ဆိုင်ခဲ့ရတဲ့အခါ အဲဒီအချိန်က လူတွေရဲ့လိုအပ်ချက်တွေနဲ့အညီ ဘုရားသခင်က သခင်ယေရှုအဖြစ် လူ့ဇာတိခံယူခဲ့တယ်လေ။ ကျွန်မတို့တွေ ပညတ်တရားရဲ့ စီရင်ခြင်းနဲ့ ကျိန်ခြင်းအမင်္ဂလာကနေ လွတ်နိုင်ဖို့ လူသားမျိုးနွယ်အတွက် သူ ကားစင်တင်ခံခဲ့ရပြီး လူသားမျိုးနွယ်ကို အပြစ်မှရွေးနုတ်ခဲ့တယ်။ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို လက်ခံခြင်းအားဖြင့်၊ ဘုရားသခင်ဆီ ကျွန်မတို့ရဲ့ အပြစ်တွေကို ဝန်ချပြီး နောင်တရသရွေ့၊ အပြစ်တွေကိုခွင့်လွတ်ခံရမှာဖြစ်ပြီး သခင့်အားဖြင့် ပေးသနားတဲ့ ကျေးဇူးတော်နဲ့ ကောင်းကြီးမင်္ဂလာတွေထဲမှာ ကျွန်မတို့ ခိုလှုံနိုင်မှာဖြစ်တယ်။ ဒါတွေက သခင်ယေရှုရဲ့ အမှုတော်အားဖြင့် ရရှိတဲ့ ရလဒ်တွေပါပဲ။ ကျွန်မတို့ရဲ့ အပြစ်တွေကနေ ကျွန်မတို့ကို သူက ရွေးနုတ်ခဲ့ပေမယ့်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားတွေ ဒါမှမဟုတ် အပြစ်နဲ့ပြည့်တဲ့ သဘာဝတွေကို သူ မလွတ်ငြိမ်းစေခဲ့ဘူး။ ကျွန်မတို့က စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခံရတဲ့အတွက်၊ ကျွန်မတို့ရဲ့ စိတ်သဘောထားက မယုံနိုင်လောက်အောင် မာနထောင်လွှားလာတယ်၊ ကောက်ကျစ်လာပြီး လှည့်ဖြားလာနိုင်တယ်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်လာတယ်၊ ဆိုးညစ်ပြီး လောဘကြီးလာတယ်၊ သမ္မာတရားနဲ့ ဖြောင့်မတ်မှုကို ချစ်မြတ်နိုးခြင်း အပေါ်မခံမရပ်နိုင်ဖြစ်လာတယ်။ ကျွန်မတို့က ဒီဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားတွေအားဖြင့် ထိန်းချုပ်ခံရပြီး မကြာခဏ အပြစ်လုပ်ပြီး ဘုရားသခင်ကို မဆန့်ကျင်ပဲ မနေနိုင်ဘူး၊ နာမည်နဲ့ အကျိုးအမြတ်အပေါ် တခြားလူတွေနဲ့ အလုအယှက် ယှဉ်ပြိုင်အားထုတ်တယ်၊ မနာလိုစိတ်ရှိပြီး သဘောထားကွဲစေတယ်၊ လိမ်ညာပြီး လှည့်စားတယ်၊ ကိုယ့်ကိုယ်ကို မြှင့်တင်ပြီး သက်သေခံတယ်၊ စသဖြင့်ပေါ့။ ဥပမာအနေနဲ့၊ ကျွန်မတို့က ကျွန်မတို့ရဲ့ တကိုယ်ကောင်းဆန်တဲ့ သဘာဝအားဖြင့် ထိန်းချုပ်ခံရပြီး အရာခပ်သိမ်းမှာ ကျွန်မတို့ ကိုယ်ပိုင် အကျိုးတွေကို ထိန်းသိမ်းကြတယ်။ တခြားတစ်ယောက်ယောက်က ကျွန်မတို့ရဲ့ အကျိုးတွေအပေါ် ထိခိုက်တဲ့အခါ ကျွန်မတို့ဟာ ပဋိပက္ခဖြစ်ပြီး ဒေါသထွက်ကြတယ်၊ ဒါမှမဟုတ် သူတို့ကို စပြီးတောင် မုန်းကြတယ်။ တခြားသူတွေအတွက် စိတ်ရှည်မှု ဒါမှမဟုတ် သည်းခံမှု နည်းနည်းလေးမှ ကျွန်မတို့ မရှိကြဘူး၊ ပြီးတော့ ကျွန်မတို့ရဲ့ အလုပ်နဲ့ စွန့်လွှတ်မှုတွေကတောင် ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာတွေနဲ့ အလှဲအလှယ်လုပ်ဖို့ပဲ ဖြစ်တယ်။ ဆုလာဘ်တွေရဖို့နဲ့ ကောင်းကင်နိုင်ငံထဲ ဝင်ဖို့ပဲ ဖြစ်ခဲ့တယ်။ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ မာနထောင်လွှားတဲ့ သဘာဝရဲ့ စိုးမိုးခြင်းကို ခံရပြီး အမြဲ ထိပ်ဆုံးမှာ ရှိချင်တယ်ဆိုရင်၊ တခြားလူတွေကို ကျွန်မတို့ ပြောတာ အမြဲလိုက်နာစေချင်မှာဖြစ်တယ်၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အမြင်တွေကို ဖက်တွယ်စေချင်မှာဖြစ်တယ်၊ တခြားလူတွေရဲ့ အကြံပြုချက်တွေကို လက်ခံဖို့ လိုလားမှာမဟုတ်ဘူး၊ ကျွန်မတို့ လုပ်တာထက် တခြားသူတွေ လုပ်တာ ပိုသာတာကို မြင်ရတဲ့အခါ မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်မယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ ကိုယ်ပိုင် အဆင့်အတန်းကို ထိန်းသိမ်းဖို့ တခြားလူတွေကို ကျွန်မတို့ နှိမ်တောင် နှိမ်မိမယ် ဒါမှမဟုတ် ပြစ်တင်မောင်းမဲမိမှာပဲ ဖြစ်ပါတယ်။ ဉာဏ်နီဉာဏ်နက်များတဲ့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်သဘာဝတွေအားဖြင့် ကျွန်မတို့ ထိန်းချုပ်ခံရရင်၊ မကြာခဏ ကျွန်မတို့ မရိုးမသားဖြစ်မယ်၊ မှားယွင်းတဲ့ ပြောဆိုမှုတွေလုပ်ပြီး ကျွန်မတို့ရဲ့ ကိုယ်ပိုင် အကျိုး၊ ဂုဏ်နဲ့ အဆင့်အတန်းတွေကို ကာကွယ်ဖို့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အမှားတွေကို ဖုံးကွယ်မိမှာပဲဖြစ်တယ်။ ဒီဆိုးယုတ်တဲ့ သဘာဝတွေက ကျွန်မတို့ကို အပြစ်နဲ့ပြည့်စေဖို့ ပို့ဆောင်တဲ့အရာရဲ့ အရင်းအမြစ်ဖြစ်တယ်ဆိုတာကို ဒီအရာကနေ ကျွန်မတို့ မြင်နိုင်တယ်၊ ပြီးတော့ အဲဒါတွေကို ကျွန်မတို့ မဖယ်ရှားဘူးဆိုရင် အပြစ်လုပ်တာနဲ့ ဘုရားသခင်ကို ဆန့်ကျင်တာတွေကို ကျွန်မတို့ ဘယ်တော့မှ ရပ်မှာမဟုတ်ပါဘူး။ ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ဖို့ ဘယ်တော့မှ ကျွန်မတို့ ထိုက်တန်မှာ မဟုတ်ဘူး။ သူ့ရဲ့ စီမံခန့်ခွဲမှု အမှုတော်ကို တိုးတက်စေရာမှာ ဘုရားသခင်ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာတွေနဲ့ ကတိတော်တွေကို ကျွန်မတို့ရဖို့အတွက် ကျွန်မတို့ကို အပြစ်နဲပြည့်ဝခြင်းကနေ လုံးလုံးလျားလျား ကယ်တင်ဖို့ဖြစ်တယ်။ ဒါက နောက်ဆုံးသောကာလရဲ့ ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကနေ ကျွန်မတို့ကို လုံးလုံးလျားလျား ပြောင်းလဲစေပြီး သန့်စင်စေဖို့ သခင်ယေရှု အမှုတော်ရဲ့ အခြေခံအုတ်မြစ်အပေါ်မှာ ဘုရားရဲ့ အိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုတော်ရဲ့ အဆင့်ကို လုပ်ဆောင်နေတာပဲဖြစ်တယ်၊ ဒါမှ ကျွန်မတို့က အပြစ်ရဲ့ ချည်နှောင်မှုတွေကို စွန့်ပစ်နိုင်ပြီး ဘုရားသခင်အားဖြင့် ရယူခံရနိုင်တယ်၊ ဒီလိုနဲ့ ကောင်းကင်နိုင်ငံတော်နှဲ့ဆိုင်တဲ့ ကျွန်မတို့ရဲ့ အိပ်မက်ကို ပြည့်စုံစေမှာဖြစ်တယ်။ တစ်ခါက သခင်ယေရှု ပရောဖက် ပြုခဲ့တဲ့အတိုင်းပါပဲ၊ ‘ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန် ၁၂:၄၈) သူက နောက်ဆုံးသောကာလမှာ သူ ပြန်ကြွလာပြီး သမ္မာတရားအများကြီးကို ဖော်ပြမယ်၊ ပြီးတော့ နှုတ်ကပတ်တော်တို့နဲ့ လူကို တရားစီရင်ခြင်း၊ သန့်စင်စေခြင်းအမှုတော်ကို ပြည့်စုံစေမယ်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားတွေကနေ ကျွန်မတို့ ကိုယ့်ကိုယ်ကို ဖယ်ရှားဖို့ လမ်းကြောင်းကို ကျွန်မတို့အတွက် သူ ညွှန်ပြမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ဒါက ကျွန်မတို့ကို လုံးဝ သန့်စင်သွားဖို့နဲ့ ဘုရားသခင်ကို အမှန်တကယ်နာခံပြီး ကြောက်ရွံ့တဲ့ လူတွေ ဖြစ်လာခွင့် ပေးလိမ့်မယ်။ ဒါကြောင့်၊ နောက်ဆုံးသောကာလထဲက ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်ကို ကျွန်မတို့ လက်ခံမှပဲ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားတွေ သန့်စင်ခံရနိုင်ပါတယ်။ ဒါဟာ ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ခြင်းအတွက် ကျွန်မတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲဖြစ်ပါတယ်။”

အစ်မလီလီ၏ မိတ်သဟာယကို ကြားပြီးသည့်နောက်တွင် သခင်က ရွေးနုတ်ခြင်းအမှုတော်ကို လုပ်ဆောင်ခဲ့သည်၊ ပြီးလျှင် သခင့်အပေါ် ကျွန်မတို့၏ ယုံကြည်ခြင်းကြောင့် ကျွန်မတို့၏ အပြစ်များ ဖြေရှင်းခံရပြီးဖြစ်သော်လည်း ကျွန်မတို့၏ အတွင်းပိုင်း အပြစ်နဲ့ပြည့်သော သဘာဝများက မသန့်စင်သည်ကို နောက်ဆုံးမှာ ကျွန်မ နားလည်ခဲ့ရသည်။ ဤအပြစ်ပြုခြင်း၊ ဝန်ချခြင်း နှင့် ပြန်လည် အပြစ်ပြုခြင်း တို့ဖြစ်သည့် ဆိုးဝါးလှသည့် သံသရာစက်ဝန်းထဲတွင် ကျွန်မတို့ အသက်ရှင်နေရသေးသည့် အကြောင်းရင်းဖြစ်ပါသည်။ အပြစ်မှ ကျွန်မတို့ လွတ်မြောက်ချင်လျှင် နောက်ဆုံးသော ကာလ၌ ဘုရားသခင်အားဖြင့် ပြုပြီးသော တရားစီရင်ခြင်း နှင့် သန့်စင်စေခြင်း အမှုတော်ကို ကျွန်မတို့ လက်ခံရမည်ဖြစ်သည်။ ဤသည်မှာ ကျွန်မတို့၏ ဖောက်ပြန်ပျက်ဆီးသော သဘာဝ သန့်စင်ခံရနိုင်ဖို့နှင့် ကျွန်မတို့ ဘုရားသခင်ကို အမှန်တကယ် နာခံပြီး ချစ်သော လူများ ဖြစ်လာနိုင်ဖို့၊ ပြီးလျှင် ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ဖို့ ကျွန်မတို့ အရည်အချင်း ပြည့်မှီဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြရန် နှင့် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် ကြွလာလိမ့်မည်ဆိုသည်ကို ကြားရခြင်းအတွက် ကျွန်မ စိတ်လှုပ်ရှားမိပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က အပြစ်၏ အချုပ်အနှောင်များမှ အဘယ်သို့ လွတ်မြောက်မည်ကို ကျွန်မတို့အား ပြောလိမ့်မည်ဖြစ်သောကြောင့်၊ ပြီးလျှင် ယင်းက ကျွန်မကို ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ခြင်းအတွက် မျှော်လင့်ခြင်းကို ပေးလိမ့်မည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ အချိန်က နောက်ကျနေပြီဖြစ်သည်။ ထို့ကြောင့် မိတ်သဟာယကို ကျွန်မ မဆက်တော့ပဲ နောက်တစ်နေ့တွင် သူတို့နှင့် တစ်ဖန် မိတ်သဟာယပြုဖို့ အချိန် သတ်မှတ်လိုက်သည်။

ဘုရားသခင် ပြန်ကြွလာခဲ့သည်မှာ ကြာပြီ

နောက်နေ့ ကျွန်မတို့၏ မိတ်သဟာယတွင်၊ အစ်မ လီလီက အသံသွင်းထားသည့် ရွတ်ဖတ်ပြခြင်းတစ်ခုကို ကျွန်မအတွက် ဖွင့်ပေးခဲ့သည်။ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်” ဤအရာကို ကြားရခြင်းက ကျွန်မအတွက် အလွန်ပင်စိတ်တို့ထဖွယ်ရာဖြစ်ခဲ့သည်။ ဤစကားများက သြဇာအာဏာ အမှန်တကယ် ရှိကြသည်ဟု ခံစားခဲ့ရသည်။ ဤစကားများက ဘုရားသခင်သည် မိုးတိမ်ပေါ်မှ မည်သို့ ပြန်ကြွလာမည်ကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီး မိုးတိမ်စီးလျက် ကောင်းကင်မှ သူ ဆင်းကြွလာခြင်းကို ကျွန်မတို မျှော်လင့်ခြင်းမှာ ကျွန်မတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများမှ လုံးဝလာခြင်းဖြစ်ကြောင်းကို ပြောပြသည်။ ဘုရားသခင်ပြောသည့် ဖြူသော မိုးတိမ်မှာ ကောင်းကင်တွင် ကျွန်မတို့ မြင်နိုင်သည့် ရုပ်ဝတ္ထု တိမ်တစ်ခု မဟုတ်ပဲ ယင်းက နောက်ဆုံးသော ကာလတွင် သူ ပြန်ကြွလာသည့်အခါ သခင်ယေရှုအားဖြင့် မိန့်မြွက်သည့် စကားများကို ရည်ညွှန်းလေသည်။ ထို့နောက်၊ အစ်မ လီလီက ကျွန်မကို စိတ်လှုပ်ရှားစွာဖြင့်၊ “ရှေလာ၊ အမှန်က ကျွန်မတို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ကြတဲ့ သခင်ယေရှုက ပြီးခဲ့တဲ့ တစ်ချိန်တုန်းက ပြန်ကြွလာပြီးပါပြီ။ သူဟာ လူ့ဇာတိမှာရှိတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တယ်။ သူဟာ သမ္မာတရားများစွာကို ဖော်ပြပြီးပြီဖြစ်ပြီး ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်းကို လုပ်ဆောင်နေတယ်။ မနေ့က စုဝေးပွဲမှာ ရှင့်အတွက် ကျွန်မ ဖတ်ခဲ့တဲ့ နှုတ်ကပတ်တော်တွေနဲ့ ဒီနေ့ ရှင်ကြားရတဲ့ ဖတ်ရွတ်ခြင်းတွေအားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ခဲ့တဲ့ နှုတ်ကပတ်တော်တွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကြွလာပြီး စာစောင်ကို ဖွင့်ပြီး ကျွန်မတို့ ဒီမျိုးဆက်အားလုံး လုံးဝ နားမလည်ခဲ့ကြတဲ့ နက်နဲမှုတွေအားလုံးကို ဖွင့်ပြရင်းနဲ့ တံဆိပ်ခုနှစ်ခုကို ဖွင့်ဖောက်လိုက်ပြီဖြစ်တယ်။ ကျွန်မတို့ ကယ်တင်ခြင်းရရှိဖို့နဲ့ သန့်စင်ခံရဖို့အတွက် သမ္မာရားအားလုံးကိုလည်း ကျွန်မတို့အပေါ် အပ်နှင်းပြီးပါပြီ။ ဒါက အသင်းတော်အားလုံးဆီ သန့်ရှင်းသော ဝိညာဉ်တော်က ပြောခဲ့တဲ့အရာဖြစ်တယ်။ အခု၊ နောက်ဆုံးသော ကာလနဲ့ဆိုင်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်က ကမ္ဘာလောကတစ်ခွင်လုံး ပျံ့နှံ့ခဲ့ပြီဖြစ်ပြီး သူ့နှုတ်ကပတ်တော်တွေက ဘာသာစကား ၂၀ ထက်ပိုပြီး ဘာသာပြန်ထားပြီးဖြစ်သလို ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို ဆာငတ်စွာ ရှာဖွေကြတဲ့ ကမ္ဘာတစ်ဝှမ်းက လူတွေ ဒါတွေကို လေ့လာဆန်းစစ်နိုင်ဖို့ အွန်လိုင်းမှာ ထုတ်ဝေထားပြီးဖြစ်တယ်။ ဂိုဏ်ဂဏအားလုံးဆီက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို ဆာငတ်တဲ့ သူများစွာဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရာကနေ ဘုရားရဲ့ အသံတော်ကို သတိပြုမိပြီး သူ့ပလ္လင်တော်ရှေ့ကို ပြန်သွားကြရင်း၊ ဘုရားရဲ့ ခြေလှမ်းတွေနောက် လိုက်ကြရင်းနဲ့ နောက်ဆုံးသော ကာလ သူ့ရဲ့ အမှုတော်ကို အစုလိုက်အပြုံလိုက် လက်ခံကြပြီဖြစ်တယ်။ ဒီနေ့ ကျွန်မတို့ ဘုရားရဲ့ အသံတော်ကို ကြားနိုင်တာဟာ လုံးဝ သူ့ရဲ့ ဦးဆောင်လမ်းပြမှုပဲ ဖြစ်ပါတယ်- ကျွန်မတို့အားလုံး အရမ်း ကောင်းကြီးခံစားရတာပဲ” ဟု ပြောလေသည်။

သခင် ပြန်ကြွလာပြီဆိုသည့် သတင်းကို ကြားရခြင်းဖြင့် ကျွန်မ ကြည်နူးပီတိဖြစ်မိပြီး အလွန့်အလွန် စိတ်လှုပ်ရှားခဲ့သည်။ သူမ ယခုပင် ဖွင့်ပြခဲ့သည့် ရွတ်ဖတ်ခြင်းနှင့် ယမန်နေ့က ကျွန်မတို့ ဖတ်ခဲ့ကြသည့် နှုတ်ကပတ်တော်များသည် အားလုံး ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်နေပေသည်- ထိုအရာများ အလွန် သြဇာအာဏာရှိသည်မှာ အံ့သြစရာ မရှိပါ။ ကျွန်မအနေဖြင့် သခင့်၏ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်လိမ့်မည်ဟု စိတ်မကူးခဲ့မိပါ။ ကျွန်မ အလွန် ပျော်ခဲ့ပါသည်။

ထို့နောက် အစ်မ လီလီက နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်က နှုတ်ကပတ်တော်များကို မည်သို့ အသုံးပြုကြောင်း ကျွန်မနှင့်အတူ မိတ်သဟာယ ပိုမိုဝေမျှခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်၊ “လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆက်လက် အကောင်အထည်ဖော်ရင်း၊ သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးသည်၊ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။” (ကျမ်းဦးစကား) “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ အစ်မလီလီက ဤမိတ်သဟာယကို ဝေမျှခဲ့ပါသည်၊ “ဘုရားရဲ့ နှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်က နှုတ်ကပတ်တော်တွေနဲ့ လူကို တရားစီရင်ခြင်း နဲ့ သန့်စင်ခြင်း အမှုတော်ကို လုပ်ဆောင်တယ်။ လူသားမျိုးနွယ် အပြည့်အဝ ကယ်တင်ခံရဖို့အတွက် လူ့ဇာတိ မှာရှိတဲ့ ဘုရားသခင်က သမ္မာတရားအားလုံးကို ဖော်ပြပြီးပြီ- ဒီသမ္မာတရားတွေက အလျှံပယ်ဖြစ်ပြီး ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေအပြင် ကျွန်မတို့ရဲ့ သဘာဝနဲ့ ဘုရားကို ဆန့်ကျင်တတ်တဲ့ အနှစ်သာရတွေကို ဖော်ထုတ်ရင်းနဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့၊ ဘုန်းအာနုဘော်တော်ဖြစ်ပြီး ချိုးဖောက်လို့မရနိုင်တဲ့ စိတ်သဘောထားကို ကျွန်မတို့ကို ထုတ်ဖော်ပြတယ်။ ဒီသမ္မာတရားတွေက ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မတို့ရဲ့ မမှန်ကန်တဲ့ အမြင်တွေအပြင် ဘုရားသခင်နဲ့ပတ်သက်တဲ့ ကျွန်မတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးထင်မြင်ချက်တွေကို ထုတ်ဖော်ပြတယ်။ ကျွန်မတို့ ဘယ်လို ရိုးသားတဲ့လူတွေဖြစ်ရမယ်၊ ဘယ်လို အစေခံမှုမျိုးက ဘုရားရဲ့ အလိုတော်နဲ့ ကိုက်ညီတယ်ဆိုတာနဲ့ ဘုရားသခင်ကို ဘယ်လို နာခံပြီး ပတ်ဝန်ကျင်မျိုးစုံမှာ ဘယ်လို ချစ်ရမယ်ဆိုတာကိုလည်း ဒီသမ္မာတရားတွေက ပြောပြတယ်။ ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့မှု ဘယ်လိုရမယ်၊ မကောင်းမှုကို ဘယ်လို ရှောင်ကြဉ်ရမယ်ဆိုတာနဲ့ ခရစ်တော်နဲ့ ဘယ်လို သဟဇတဖြစ်ရမယ်ဆိုတာတွေကို ပြောပြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခြင်းနဲ့ သူ့အမှုတော်ကို ကြုံရခြင်းအားဖြင့်၊ ပြီးတော့ လက်တွေ့အရှိတရားနဲ့ ကျွန်မတို့ ကြုံဆုံမှုတွေမှာ ထုတ်ဖော်ပြထားတဲ့ အရာကနေတဆင့်၊ မာနထောင်လွှားခြင်း၊ တကိုယ်ကောင်းဆန်ခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ ကောက်ကျစ်ခြင်း နဲ့ လှည့်စားခြင်းနဲ့ဆိုင်တဲ့ ကျွန်မတို့ရဲ့ ဆိုးယုတ်၊ ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားတွေက အရမ်းကို နက်နက်ရှိုင်းရှိုင်း အခိုင်အမာ အမြစ်တွယ်နေပြီး ကျွန်မတို့ ဘာပဲလုပ်လုပ် ကျွန်မတို့ ကိုယ်ပိုင် စေ့ဆော်မှုနဲ့ ရည်မှန်းချက်တွေ ရှိကြတာကို ကျွန်မတို့ တွေ့ရတယ်။ ကျွန်မတို့ရဲ့ အလုပ်နဲ့ တရားဒေသနာတွေမှာတောင်၊ ကျွန်မတို့ရဲ့ နာမည်နဲ့ အဆင့်အတန်းအတွက်ပဲဖြစ်တယ်။ လူတွေ ကျွန်မတို့ကို အထင်ကြီးဖို့အတွက် အခြားသူတွေရှေ့မှာ အမြဲ ကြွားဝါနေကြတယ်။ ဒါက ဘုရားသခင်ကို ချီးမြှောက်ဖို့ ဒါမှမဟုတ် သက်သေခံဖို့ လုံးဝမဟုတ်ဘူး။ ဘုရားအမှုတော်က ကျွန်မတို့ရဲ့ အယူအဆတွေနဲ့ မကိုက်တဲ့အခါ၊ သူ့ကို ကျွန်မတို့ ဘောင်ခတ်ပြီးဝေဖန်အကဲဖြတ်ကြတယ်။ ကျွန်မတို့က ဘုရားသခင်အပေါ် စစ်မှန်တဲ့ နာခံမှု လုံးဝ ကင်းမဲ့ကြတာပဲ။ ကျွန်မတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်ရာမှာ အသွေးအသားရဲ့ သက်တောင့်သက်သာဖြစ်ခြင်းကို တောင့်တကြတယ်၊ မကြာခဏပဲ ဖြစ်သလို ကြည့်လုပ်ကြပြီး ဘုရားသခင်ကို လှည့်စားကြတယ်။ ကျွန်မတို့က လုံးဝ ဘုရားသခင်ကို ဆက်ကပ်အပ်နှံခြင်း ကင်းမဲ့ကြတာပဲ။ အဲဒီနောက်မှပဲ ကျွန်မတို့ကို စာတန်က ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်ဆီးစေခဲ့ပြီလဲဆိုတာ၊ ကျွန်မတို့က လုံးဝ အသိစိတ်၊ အသိတရား၊ အကျင့်စရိုက်နဲ့ ဂုဏ်သိက္ခာကင်းမဲ့ကြတာ၊ ပြီးတော့ လူသားလို့ အခေါ်ခံရဖို့ ကျွန်မတို့ မထိုက်တန်တာတွေကို ကျွန်မတို့ မြင်တယ်။ အဲဒီနောက် ကျွန်မတို့ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားတွေကိုလည်း စတင်မုန်းတီးကြပြီး ဇာတိပကတိကို စွန့်လွတ်ဖို့နဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ဖို့ လိုလားလာကြတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို ကြုံရခြင်းအားဖြင့်၊ ဘုရားသခင်က ရိုးသားတဲ့လူတွေနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့သူတွေကို နှစ်သက်ပေမယ့် လှည့်ဖြားတတ်တဲ့ လူတွေနဲ့ သမ္မာတရားကို ကောင်းကောင်း သိပေမယ့် သူတို့ရဲ့ ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားတွေအပေါ် မှီခိုပြီး ဘုရားသခင်ကို ဆက်လက် ပုန်ကန်ပြီး ဆန့်ကျင်တဲ့သူတွေကို စက်ဆုပ်ပြီး မုန်းတီးတယ်ဆိုတာ ကျွန်မတို့ သိလာကြတယ်။ ကျွန်မတို့ ဘုရားသခင်ရဲ့ အလိုတော်နဲ့ သတ်မှတ်ချက်တွေကို နားလည်လာကြပြီး သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ဆိုင်တဲ့ စစ်မှန်တဲ့ သိနားလည်မှုကို ရကြတယ်။ ဘုရားသခင်အပေါ် ကျွန်မတို့ရဲ့ ကြောက်ရွံ့ကြည်ညိုမှုက တဖြည်းဖြည်းတိုးပွားပြီး ကျွန်မတို့ကို သူ့ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေက သူ့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းဖြစ်တယ်ဆိုတာ မြင်ရတယ်။ ဒီလို ဆက်လက်တွေ့ကြုံခြင်းအားဖြင့်၊ ဇာတိပကတိကို ကျွန်မတို့ စွန့်လွတ်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတို့ ပိုပိုပြီး လက်တွေ့လုပ်ဆောင်ကြတယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားတွေက တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားကြတယ်။ ရိုးသားတဲ့ လူတစ်ဦးရဲ့ ပုံသဏ္ဍာန်အတိုင်း ကျွန်မတို့ စတင် အသက်ရှင်နေထိုင်ကြတယ်။ ဒီအရာတွေအားလုံးက ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ရဲ့ အသီးအပွင့်တွေပဲဖြစ်ပါတယ်။”

သူမ၏ မိတ်သဟာယကို ကြားပြီးနောက်တွင်၊ နောက်ဆုံးသောကာလနှင့်ဆိုင်သည့် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်မှာ အမှန်တကယ်ပင် အလွန့်အလွန် လက်တွေ့ကျသည်ဟု ကျွန်မ ခံစားခဲ့ရသည်၊ ထိုအရာက လူတို့ကို ပြောင်းလဲစေနိုင်ပြီး သန့်စင်နိုင်သည်၊ ပြီးလျှင် နောက်ဆုံးတွင် ကောင်းကင်နိုင်ငံနှင့်ဆိုင်သော ကျွန်မ၏ အိပ်မက်မှာ အမှန်တကယ်ဖြစ်လာဖို့ မျှော်လင့်ချက်ရှိပါသည်။ လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် ဘုရားသခင်၏ လေးနက်သော ရည်ရွယ်ချက်များနှင့်ဆိုင်သည့် အသိတစ်ခုကိုလည်း ကျွန်မ ရခဲ့သည်- ကျွန်မ အလွန် တို့ထိခံခဲ့ရသည်။ ကျွန်မအနေဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမို ဖတ်ရှုပြီး ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို နားလည်လာဖို့ မျှော်လင့်စောင့်စားနေခဲ့ပါသည်။

နောက်ပိုင်း မိတ်သဟာယ တစ်ခုတွင်၊ အစ်မလီလီက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းများနှင့်ဆိုင်သော နက်နဲမှုများ၊ လူသားမျိုးနွယ်ကို စာတန် ဖောက်ပြန်ပျက်ဆီးစေပုံ၊ လူသားမျိုးနွယ်ကို ဘုရားသခင်က တစ်ဆင့်ချင်းဆီ ကယ်တင်ပုံ၊ သမ္မာကျမ်းစာ၏ အတွင်းပိုင်း ဇာတ်ကြောင်း နှင့် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်နှင့် အဆုံးသတ်ရလဒ်တို့ကဲ့သို့သော သမ္မာတရားများအပေါ် ကျွန်မနှင့်အတူ ပိုမို မိတ်သဟာယ ဝေမျှခဲ့သည်။ ဤအရာများအားလုံးသည် ယခင်က ကျွန်မ ယုံကြည်လာခဲ့သည့် ဆယ်စုနှစ်နှစ်ခုကျော်တွင် ကျွန်မ လုံးဝ မကြားဖူးသည့် သမ္မာတရားများဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ပိုမို ဖတ်ရှုလေလေ၊ ဤသည်မှာ ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်း ကျွန်မ နှလုံးသားထဲတွင် ပိုမို သေချာလေလေဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်သာလျှင် ဤသို့သော သြဇာအာဏာ နှင့် တန်ခိုးတို့ဖြင့် နှုတ်ကပတ်တော်များကို ဖော်ပြနိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်မှလွဲ၍ စာတန်အားဖြင့် ကျွန်မတို့၏ ဖောက်ပြန်ပျက်ဆီးခြင်းနှင့်ဆိုင်သော သမ္မာတရားကို မည်သူ ထုတ်ဖော်ပြနိုင်မည်နည်း။ အဘယ်သူသည် ကျွန်မတို့ ယုံကြည်ခြင်းထဲက အမှားများကို ထောက်ပြနိုင်ပြီး ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သည့် လမ်းကြောင်းထဲသို့ ကျွန်မတို့ကို လမ်းညွှန်နိုင်မည်နည်း။ ပြီးလျှင်၊ အဘယ်သူသည် ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် နက်နဲမှုများကို ထုတ်ဖော်ပြနိုင်ပြီး ကျွန်မတို့၏ အနာဂတ် ခရီးပန်းတိုင်နှင့် အဆုံးသတ်တို့ မည်သည့်အရာဖြစ်သည်ကို ပြောနိုင်မည်နည်း။ ဘုရားသခင်သာလျှင် အပြစ်၏ ချည်နှောင်ခြင်းများမှ ကျွန်မတို့ လွတ်မြောက်နိုင်ဖို့ စာတန်၏ အင်အားစုများမှ ကယ်တင်နိုင်ပြီး သန့်စင်ခံရခြင်း နှင့် ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိခြင်းနှင့်ဆိုင်သည့် လမ်းကြောင်းဆီသို့ ကျွန်မတို့ကို ပြညွှန်နိုင်သည်။ သူသာလျှင် ကျွန်မတို့ကို လှပသည့် နောက်ဆုံးခရီးပန်းတိုင်ဆီ ခေါ်ဆောင်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် ခရစ်တော်ဖြစ်သည်၊ သူသည် နောက်ဆုံးသောကာလတွင် ခရစ်တော်၏ ပေါ်ထွန်းမှုဖြစ်သည်ကို ကျွန်မ နှလုံးသားမှ အတည်ပြုမိပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ အလွန်ပျော်ရွှင်စွာ လက်ခံခဲ့ပါသည်။

ကျွန်မကို ရွေးချယ်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရဖို့၊ သူ၏ တရားစီရင်ခြင်းကို လက်ခံရဖို့ နှင့် ကောင်းကင်ဘုံနှင့်ဆိုင်သော ကျွန်မ၏ အိပ်မက် တကယ်ဖြစ်လာဖို့အတွက် အခွင့်အရေးရခဲ့သည်မှာ ကျွန်မ အလွန်ကံကောင်းပါသည်။ သမ္မာတရား နှင့် စိတ်သဘောထား ပြောင်းလဲမှုကို ကျွန်မ အလေးအနက် ရှာဖွေရမည်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်နိုင်ရန် သူ၏ အလိုတော်ကို လက်တွေ့လုပ်ဆောင်သည့်သူတစ်ယောက်ဖြစ်လာရပါမည်။

အပိုင်း တစ်-

အမှာစကား ချန်ခဲ့မည်